အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
(328)အရိုးစုတပ်မှူး၏ဒေါသပေါက်ကွဲခြင်း
ဂျိတ်နဲ့အရိုးစုတပ်မှူး၏တိုက်ပွဲက ပြင်းထန်လှပေ၏။အချိန်တိုင်း နေရာ တိုင်း၌ သူတို့နှစ်ယောက်က ပေါ်ပေါ်လာပြီး ပေါ်လာတိုင်းလည်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြစမြဲသာဖြစ်၏။ "ဝုန်း...ဝုန်း...ဝုန်း" လေထုပေါက်ကွဲသံများကား အဆက်မပြတ်ဖြစ်ပေါ်နေလေ၏။ "လူမဟုတ်တော့တာသေချာတယ်" စတေ့ဘုရင်သည် မြန်ဆန်သောအရှိန်ဖြင့် ကြီးမားသောတူကြီးကို ပေါ့ပါးစွာ ကိုင်ဆောင်ရင်း တိုက်ခိုက်နေသော ဂျိတ်ကို ကြည့်ကာ ရေရွတ်မိ၏။ "အသင်လူသားက.....မာရည်ကျောရည်ရှိလှပါတကား" အရိုးစုတပ်မှူးသည် အံသြစွာ ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်၏။ "ဒါပေါ့ မီးတောက်အရိုးစုရဲ့လက်ထောက်ရဲ့" ထိုစကားကို ကြားတော့ အရိုးစုတပ်မှူး၏မျက်လုံးချိုင့်ထဲရှိ မီးတောက်များက ပိုမိုတောက်ပလာပြီး "ငါ့သခင်ကို မစော်ကားနဲ့ကွ" ဂျိတ်အား သူ၏ဓားဖြင့် ဆက်တိုက်ဆိုသလိုတိုက်ခိုက်ပစ်လိုက်၏။ဂျိတ်က လည်း သူ၏တူကို လှည့်ပြီးစက်ဝိုင်းပုံစံဖန်တီးကာ ဓားချက်များကို ကာကွယ် လိုက်လေ၏။ "ဂီး....." ဂျိတ်နဲ့အရိုးစုတပ်မှူးတိုက်ခိုက်နေချိန်၌ ဂရိတ်တိုင်းပြည်မြို့ရိုးကို အရိုးဘီလူး သည် တိုက်ခိုက်နေပြန်ပြီဖြစ်၏။ "ဒီလှံတွေသုံးကြစမ်း" ရာထူးမြင့်သော စစ်သည်တော်မှ အမိန့်ပေးလိုက်၏။ထိုအခါ အသင့်ပြင်ဆင် ထားသော လှံများကို ကိုင်ဆောင်လိုက်ကြ၏။ထို့နောက် တစ်ယောက်မှ ဦးစွာ ပစ်လွှတ်လိုက်၏။ "ဝီး" လှံသည် လေထဲရောက်သည်နဲ့ အားဖြင့်ပစ်လိုက်သော အရှိန်၏သုံးဆနှုန်းဖြ င့် မြန်ဆန်သွားကာ အရိုးဘီလူးကို ထိမှန်လိုက်သည်။ထိမှန်လိုက်သည်နဲ့ အရိုး ဘီလူးကိုယ်မှ မဲညစ်ညစ်ရောင်မြူခိုးများ ထွက်ပေါ်လွင့်စင်လာလေ၏။ "ဂါးးးးးးး" အရိုးဘီလူးနာကျင်စွာအော်ဟစ်လိုက်ရလေ၏။ထိုမဲညစ်ညစ်မြူခိုးများသည် အရိုးဘီလူးအတွက်တော့ အသက်ဓာတ်ပမာဖြစ်၏။ထိုမြူခိုးများထွက်သွား သောအခါ သူ၏စွမ်းရည်လည်း လျော့ကျလာရလေ၏။ "နောက်ထပ်ပစ်ကြစမ်း" လှံတံများသည် လေထဲသို့ ဝဲပျံပြီး အရိုးစုဘီလူးအား တိုက်ခိုက်လိုက် လေ၏။ထိုလှံတံများသည် မြင့်မြတ်သောသံအပိုင်းစဖြင့်သွန်းလုပ်ထားပြီး ဂါထာမန်းမှုတ်သော အရာများဖြစ်၏။ထို့ကြောင့် အရိုးဘီလူးကို ကောင်းစွာ ဒုက္ခပေးနိုင်စွမ်းရှိသည်လည်းဖြစ်၏။ လှံတံငါးချောင်း၏လက်ချက်ကြောင့် အရိုးဘီလူးသည် ငါးဆယ်ရာခိုင်နှုန်း သော စွမ်းရည်ကို ဆုံးရှူံးလိုက်ရလေ၏။ "ရှောင်ကြ" အရိုးဘီလူးသည် မမျှော်လင့်သော တိုက်ခိုက်မှုတစ်ရပ်ကို လုပ်ဆောင် လိုက်၏။ဤသည်မှာ အရိုးဆူးချွန်များကို ပစ်လွှတ်လိုက်ခြင်းပင်ဖြစ်လေ၏။ အခြေနေကို မြန်ဆန်စွာ ရိပ်မိသောစတေ့ဘုရင်က သူ၏လျှို့ဝှက်ကျမ်းကို မြန်ဆန်စွာနှိုးဆွလိုက်၏။ ထိုအခါ သူ၏ချာက္က ရာများသည် မြန်မြန်ဆန်ဆန်ဖြင့် များစွာတိုးပွားလာလေ တော့၏။ ထိုသို့တိုးပွားလာလေသည်နဲ့ သူ၏ခုခံသောအကွက်ကိုထုတ်သုံးလိုက်၏။ "မဟာလိပ်ခုံးအကာကွယ်" မြို့ရိုးဘက်သို့ အရိုးဆူးချွန်များဝင်ရောက်ပြီး စစ်သည်များကို အသက်နှုတ်ခါ နီးချိန်၌ ကြီးမားပြီး အဝါရောင်ရှိသော မဟာလိပ်ခုံးအခွံကြီးက ပေါ်ပေါက် လာပြီးလျှင် ခုခံတားဆီးလိုက်၏။ "ထန်...ထန်.....ထန်..." ပေါ်ပေါက်လာသော မဟာလိပ်ခုံးအကာကွယ်ကြောင့် စစ်သည်တော် များသည် အသက်ရှင်ရာ ရရှိသွားကြလေ၏။ "ကျေးဇူးပါ စတေ့ဘုရင်" စစ်သည်တော်များက ကျေးဇူးတင်လိုက်ကြ၏။ထိုသူသည် မိမိတို့၏အသက် ကို ကယ်တင်လိုက်သည်မဟုတ်ပါလား။ စတေ့ဘုရင်ကလည်း သူ့အလုပ်သူရှုပ်နေသောကြောင့် ထိုကျေးဇူးတင်သည် များအား မကြားမိပေ။ ("ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲဟ") စတေ့ဘုရင်သည် အရိုးဆူးချွန်များ၏အစွမ်းကို လျော့ထွက်မိခဲ့၏။ သူ၏မဟာလိပ်ခုံးအကာကွယ်ထုတ်သုံးပြီး ဆူးချွန်ဖြင့် ရင်ဆိုင်သောအခါ ဆူးချွန်၏ကြောက်မက်ဖွယ်ရာ အားကို ခံစားမိလိုက်ရလေ၏။ ဒါတောင် အရိုးဘီလူး၏ငါးဆယ်သောအားကို လျော့ချထား၍တော်သေး၏။ သို့မဟုတ်ပါက အားအင်အပြည့်ဖြစ်န်နေချိန် အရိုးဘီလူးသည် အရိုးဆူးချွန် အကွက်ကို ထုတ်သုံးပါက သူ၏အကာကွယ်သည် လုံးဝတစ်စစီဖြစ်ပြီး ပျက်စီးသွားမည်ဖြစ်ကြောင်း သိလိုက်ရလေ၏။ "ပြန်ပစ်ကြ" စစ်သည်တော်တိုင်း သူတို့၏လှံများကို ပစ်ခတ်လိုက်ကြလေ၏။ဒီတစ်ခါ တော့ အရိုးဘီလူးသည် ရှောင်တိမ်းမှုပြု၏။မရှောင်တိမ်းနိုင်သောအခါ သူ၏လက်တစ်ဖက်ကို ကြီးမားသော အရိုးဒိုင်းကာကြီးအဖြစ်သို့ ပြောင်းလဲ ဖန်တီးလိုက်ကာ ကာကွယ်လိုက်လေ၏။ "ဝုန်း....ဝုန်း........ဝုန်း" အရိုးဒိုင်းကာနဲ့ လှံများထိတွေ့သောအခါလည်း မဲညစ်ညစ်ရောင်မြူများက ထွက်နေဆဲပင်။သို့သော်လည်း ကွာခြားမှုတော့ရှိသွား၏။ လှံတံများ၏တိုက်ရိုက်သက်ရောက်မှုခံရသောအခါ အရိုးဘီလူးသည် သူ၏ဆယ်ရာခိုင်နှုန်းသော အားကို ဆုံးရှုံးရသည်ဖြစ်ပြီး အရိုးဒိုင်းကာဖြင့် ကာကွယ်သောအခါ တစ် ရာခိုင်နှုန်း၏တစ်ဝက်ဖြစ်သော 0.5ရာခိုင်နှုန်းသာ ဆုံးရှုံးရတော့မည်ဖြစ်၏။ အရိုးဘီလူးတစ်ကောင်တည်းမဟုတ်ပဲ အရိုးခြောက်စစ်သည်များကလည်း ရှိသေးသောကြောင့် မည်သည့်စစ်သည်မှ အားနေခြင်းမရှိပေ။ လှံတံဖြင့်ပစ်ခတ်သောသူက ပစ်ခတ်ကြသလို ရေစင်ဆွတ်ထားသော မြှားဖြင့် ပစ်သူကပစ်၊သစ်သားချွန်ဖြင့် ပစ်သူကပစ်နဲ့အင်းစာရွက် ကပ်သူကပ်ဖြင့် အလုပ်ကိုယ်စီရှုပ်ထွေးနေကြလေ၏။ "အရိုးနံရိုးများထိုးဖောက်ခြင်း" အရိုးစုတပ်မှူးမှ ထိုသို့ပြောလိုက်သည်နဲ့ မြေကြီးထဲမှ ချွန်ထွက်မာကျောလှ သော အရိုးများက ဆက်တိုက်ဆိုသလိုထွက်ပေါ်လာလေ၏။ ထိုအရိုးများ၏ခံနိုင်ရည်သာ ဒိုင်းမွန်းအဆင့်ရှိစစ်သည်တော်ကိုပင် အသာ လေးကာကွယ်နိုင်သလို သတ်နိုင်စွမ်းလည်းရှိ၏။ ထို့ပြင် ထိုအရိုးတိုက်ကွက်သုံးသောအခါ အရိုးများသည် မြေကြီးထဲမှ နေရာ အတည်တကျမရှိပဲ ကြုံသလိုထွက်သောအတွက်ကြောင့်လည်း များစွာမှ ကြောက်မက်ဖွယ်ကောင်း၏။တစ်ချက်မှားမိပါက သေဆုံးသွားနိုင်သော ကြောင့်ဖြစ်၏။ "ဝုန်း..ဝုန်း...ဝုန်း" ထိုအတွက်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ကိုယ်ခန္ဓာကို အမြင့် ဆုံးထိရောက်ရှိပြီးထားသော ဂျိတ်အတွက် များစွာကြောက်မက်ဖွယ်မ ကောင်းသလို စိုးရိမ်စရာမရှိပေ။ ("ဒါကြောင့် ကြောက်စရာကောင်းတာကိုး") ဂျိတ်သည် အရိုးစုတပ်မှူးသုံးလိုက်သော တိုက်ကွက်၏အကြောင်းရင်းကို ခေတ္တ အတွင်း၌ မြန်ဆန်စွာ သဘောပေါက်သွားလေ၏။ ထိုသိုင်းကွက်က အရိုးများကို ကြုံသလို ထုတ်စေခြင်းမဟုတ်ပဲ ပစ်မှတ်ထား ခြင်းခံရသော သူ၏အသက်စွမ်းအင်၏တည်နေရာကို လိုက်ပြီး အရိုးများ ထွက်ပေါ်လာခြင်းဖြစ်၏။ ထို့ပြင် အရိုးများသည် အသက်စွမ်းအင်၏နောက်တစ်လှမ်းဆုတ်မည့်နေရာ နဲ့ရှေ့တစ်လှမ်းကြိုသွားမည့်နေရာအထိပါထွက်ပေါ်နိုင်စွမ်းရှိလေ၏။ထို့ ကြောင့် ထိုတိုက်ကွက်သည် အလွန့်လွန့်ကြောက်မက်ဖွယ်နေသည်လည်းဖြစ် ပေ၏။ ဂျိတ်ကလည်း အသာယာပင်ရှောင်တိမ်းပြီး ထွက်လာသောအရိုးတိုင်းကို သူ၏အနီရောင်တောက်ပနေသော လျှပ်စီးတူဖြင့် ရိုက်ချပေး၏။ထိုအခါ အရိုးတိုင်းသည် တူရိုက်ချက်ကြောင့် ချက်ချင်းပင် အမှုန့်ဘဝသို့ရောက်ရှိ သွားလေတော့၏။ "ငါ့အလှည့်ပဲ" ဂျိတ်မှ သူ၏တူကို အားဖြင့် အရိုးစုတပ်မှူးထံ ပစ်လိုက်၏။ "လျှပ်စီးတူပေါက်ကွဲမှု" အနီရောင်သန်းနေသော လျှပ်စီးများတောက်ပနေသော တူကြီးသည် အရိုးစု တပ်မှူးထံ ရောက်ရှိသွားလေ၏။ထိုအခါ အရိုးစုတပ်မှူးသည် သူ၏ဓားဖြင့် တူအား ခုခံကာကွယ်လိုက်၏။ "ဟင်.... မကောင်း..ဘူး" ကာကွယ်လိုက်မှ ကြောက်မက်ဖွယ်အော်ရာတစ်ခုထွက်ပေါ်လာကြောင်း အရိုး စုတပ်မှူးသတိထားမိသွား၏။ရှောင်တိမ်းရန် လုပ်ဆောင်လိုက်သော်လည်း အချိန်မရတော့ပေ။ အနီရောင်လျှပ်စီးတူသည် ဓား၏ခုခံမှုကြောင့် တူတွင်ရှိသော လျှပ်စီး များ၏ပေါက်ကွဲမှုအားက ရုတ်တရက်ဆိုသလို ထောင်းခနဲထိုးတက်သွား လေ၏။ထိုသို့ရုတ်ခြည်းထွက်လာသော လျှပ်စီးပြင်းအားက အနီးနားရှိအရာ တိုင်းကို ဖျက်စီးပစ်၏။ အနီးနား၌ အရိုးစုတပ်မှူးပါရှိနေရာ ထိုတိုက်ခိုက်မှုဒဏ်ကိုပါ ခံစားလိုက်ရ လေ၏။ "အား" အနီရောင်လျှပ်စီးများကြောင့် အရိုးစုတပ်မှူး၏ကိုယ်မှာ စုတ်ပျက်သတ် သွားရလေတော့၏။ အနီရောင်လျှပ်စီးများက မာကြောသည်ဆိုပါသော အရိုးစုတပ်မှူး၏အရိုး များကို တိုက်ခိုက်ဖျက်စီးပစ်လိုက်လေ၏။ထို့ကြောင့် အရိုးစုတပ်မှူးသည် ကြီးမားသော ထိခိုက်မှုကိုပါ ခံစားသွားရလေတော့၏။ "မင်း...သေရမယ်" ဒီတစ်ခေါက်တော့ အရိုးစုတပ်မှူးသည် လုံးဝဒေါသထွက်သွားရပြီဖြစ်၏။သူ သည် အစွမ်းထက်သော်လည်း လူသားဘုရင်၏တိုက်ကွက်တစ်ခုတည်း ကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်သွားရသောအခါ ပို၍ပင်ဆိုးရွားသွားလေ တော့၏။ "လာစမ်းပါ" ဂျိတ်မှ သူ၏တူကို ပြန်လည်ဆွဲယူလိုက်ပြီး သွေးတိုးစမ်းလိုက်ပြန်၏။ "ဝုန်း" အရိုးစုတပ်မှူးမှ ကြောက်မက်ဖွယ် ကောင်းသောအော်ရာသည် လန့်စရာ ကောင်းအောင် ပေါက်ကွဲလာခဲ့လေတော့၏။
(329)နောက်ဆုံးသောအကွက်
အရိုးစုတပ်မှူး၏အော်ရာပေါက်ကွဲထွက်သွားသည်နဲ့ သူ၏ကိုယ်ခန္ဓာသည် အကောင်းပကတိအတိုင်း ပြန်လည်တည်ဆောက်ခြင်းစတင်လာလေ၏။ "ထင်သလိုပဲ တပ်မှူးအဆင့်က ထင်သလောက်မလွယ်ဘူးပဲ" တပ်မှူး၏သိုဝှက်သွားသော စွမ်းအားများက ပွင့်ထွက်လာခြင်းဖြစ်၏။ ထိုအခါ ထိခိုက်ဒဏ်ရာရထားသော အရိုးစုတပ်မှူး၏ကိုယ်ခန္ဓာသည် အကောင်းပကတိအတိုင်း ပြန်လည် ဖြစ်တည်လာလေ၏။ သူ၏စွမ်းရည်သည်လည်း မာစတာအဆင့်၏နောက်ဆုံးအဆင့်ထိရောက်ရှိ သွားကြောင်း ဂျိတ်သိလိုက်ရလေ၏။ထိုအဆင့်ထိရောက်ရှိသွားသော်လည်း သူ၏စွမ်းရည်သည် တည်ငြိမ်ခြင်းမရှိသေးကြောင်းကိုပါ ရိပ်စားမိလေ၏။ "ဂါး" .အရိုးစုတပ်မှူးမှ သူ၏လက်ညှိုးကို အရိုးခြောက်စစ်သည်များဘက်သို့ ညွှန်ပြ လိုက်လေ၏။ထိုအခါ အရိုးခြောက်စစ်သည်များ၏အရိုးခေါင်းမှ မဲညစ်ညစ် မြူခိုးများစွာထွက်ပေါ်လာပြီး အရိုးစုတပ်မှုူး၏လက်ညှိုးထဲသို့ ဝင် ရောက်လာလေ၏။ အရိုးခြောက်စစ်သည်တစ်သန်းမျှ၏မဲညစ်ညစ်မြူခိုးများက အရိုးစုတပ်မှူး ကိုယ်ထဲသို့ ဝင်ရောက်လိုက်သောအခါ အရိုးစုတပ်မှူး၏အော်ရာသည် တည် ငြိမ်မှုရှိသွားလေ၏။ ထိုအခါ အရိုးစုတပ်မှူး၏အရိုးကိုယ်သည် ပြော င်းလဲသွားပြီး သူ၏အရိုး များ၌ ထူးဆန်းသော အက္ခရာများပေါ်ပေါက်လာလေ၏။သူ၏ကိုယ်သာ ပြောင်းလဲ ခြင်းမဟုတ်ပဲ သူ၏ဓားပါပြောင်းလဲသွားခြင်းဖြစ်၏။ သာမန်လိုရှည်လျားသော ဓားမှ ယခုအခါ အရိုးခေါင်းပါရှိသော ဓားတစ် ချောင်းအသွင်သို့ပြောင်းလဲသွားပြီလည်းဖြစ်၏။ "ဟား...ဟား....ဟားးး" အရိုးစုတပ်မှူးမှ ကြောက်မက်ဖွယ်အော်သံကြီးဖြင့် ရယ်မောလိုက်၏။ "မာစတာအဆင့်ရဲ့နောက်ဆုံးအထွတ်ထိပ်ပေါ့လေ" ဂျိတ်မှ ရေရွတ်လိုက်၏။ "သေပေတော့" အရိုးစုတပ်မှူးသည် ချက်ချင်းပင် တိုက်ခိုက်လေ၏။ "မြန်တယ်" ချက်ချင်းပင် ဂျိတ်မှ သူ၏တူဖြင့် ညာဖက်ဘေးသို့ ကာကွယ်ဟန်ပြုလိုက်၏။ ထိိုသို့ကာကွယ်လိုက်သည်နဲ့ ထိုနေရာသို့ အရိုးခေါင်းဓားက ရောက်ရှိလာကာ အချင်းချင်းထိခိုက်ကုန်၏။ "ထန်....." ယခင်ကထက် ပို မိုပြင်းထန်သော အသံထွက်ပေါ်လာလေ၏။ "တော်တော်တိုးတက်လာတာပဲ" ဂျိတ်မှ သူ၏တူကို လျှပ်စီးများ စီးဆင်းစေလိုက်ပြန်၏။ထိုအခါ တူ၌ ကပ် နေသော အရိုးအငွေ့သက်များသည် ကွာကျပျက်စီးသွားလေ၏။ သာမန်တူဆိုပါက ထိုဓားဖြင့်ထိပါက ဓား၌ပါရှိသော အရိုးငွေ့သက်က ထိုဓား ကိုဖျက်စီးဝါးမြို့သွားမည်ဖြစ်၏။ဂျိတ်ကိုင်ဆိုင်ထားသော တူသည် မိုးကြိုးတူ အမျိုးစားဖြစ်နေရာ အသာယာပင် ချေပျက်ပစ်လိုက်ခြင်းပင်ဖြစ်လေ၏။ အော်ရာထိုးတက်သွားသော အရိုးစုတပ်မှူး၏တိုက်စစ်များသည် ဆက်တိုက် ဆိုသလို ကျရောက်လာလေ၏။တစ်မိနစ်အတွင်း၌ ထောင်ချီသော ဓားချက် များက ဂျိတ်အပေါ်ကျရောက်လာလေတော့၏။ "ဝုန်း..ဝုန်း..ဝုန်း" ဂျိတ်လည်း သူ၏တူဖြင့် ပြန်လည်ခုခံခြင်းပြု၏။ဓားချက်များစွာကို ခုခံနိုင် လိုက်သော်လည်း အရိုးစုတပ်မှူး၏ဆွတ်ဆွတ်ဖြူသောအရိုးခြေထောက်၏ ကန်ချက်ကိုတော့ ရှောင်တိမ်းနိုင်ခြင်းမရှိပေ။ "ဖြောင်း" ကန်ချက်သည် ပြင်းထန်သည်ဖြစ်ရာ ဂျိတ်သည် လွင့်စင်ထွက်သွားရလေ၏။ "အရှင်" ဂျိတ်ကန်ခံလိုက်ရသောကြောင့် စစ်သည်တော်များသည် စိုးရိမ်သွားကြ လေ၏။ ဂျိတ်သည် ထိုကန်ချက်ကြောင့် မြေကြီးထဲသို့ရောက်ရှိသွားလေ၏။ မြေကြီး၏အောက်ထဲအနက် ဆယ်မီတာအထိ နစ်ဝင်သွားသည်လည်း ဖြစ်၏။ "ဝုန်း" မြေကြီးထဲမှ ချက်ချင်းပင် ဂျိတ်သည် ပြန်လည်ခုန်ထွက်လိုက်လေ၏။ ထို့နောက် ကိုယ်ပေါ်၌ ပေကပ်သော မြေကြီးမှုန့်များ လက်ဖြင့် ဖယ်ရှားလိုက် လေ၏။ "မစိုးရိမ်နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ" ဂျိတ်၏အသံက ဟိန်းထွက်လာလေ၏။ထိုအခါမှ စစ်သည်တော်များလည်း စိတ်သက်သာရာရသွားပြီး မိမိတို့ဆက်လုပ်စရာရှိသည်များကို လုပ်ဆောင် လိုက်ကြလေ၏။ "မာကျောလှပါလား" အရိုးစုတပ်မှူးမှ အနည်းငယ် ရေရွတ်လိုက်၏။သူမြင်နေရသောအတိုင်းဆိုပါ က ဂျိတ်၏အဆင့်သည် မာစတာအဆင့်၌ မရှိသည်မှာ လုံးဝသေချာပေ၏။ မာစတာအဆင့်ရှိသူပင် သူ၏ကန်ချက်ကြောင့် တစ်ကိုယ်လုံးပေါက်ကွဲပြီး သေနိုင်စေ၏။သို့သော်လည်း ဂျိတ်မှ မြေကြီးမှုန့်ကပ်ညှိနေရုံမှတစ်ပါး တစ် ခြားသော ထိခိုက်မှုပင်မဖြစ်နေခဲ့ပေ။ "ငါတော်တော် စိတ်ကြီးဝင်မိတာပဲ`" ဂျိတ်မှ မိမိကိုယ်ပေါ်၌ ကပ်နေသော မြေကြီးမှုန့်များဖယ်ရှားပြီးလျှင် အရိုးစု တပ်မှူးအား ကြည့်လိုက်၏။ထို့နောက် "ဒီတစ်ခါတော့ ငါအလှည့်ပဲ..မညာတော့ဘူး" ဂျိတ်မှ ရေရွတ်ပြီး သူ၏တူကို မြေကြီးပေါ်သို့ ချလိုက်၏။ "ဂျိန်း" တူသည် မြေကြီးပေါ်ကျသည်နဲ့ ကြောက်မယ်ဖွယ်အသံထွက်ပေါ်လာလေ၏။ "ဟ...မဖြစ်နိုင်တာ" စတေ့ဘုရင် မျက်လုံးပြူးသွား၏။သူသည် လက်နက်များကိုချစ်မြတ်နိုးသူ တစ်လျောက်ဖြစ်သည့်အလျောက် လက်နက်များအကြောင်းကို ကောင်းစွာ နားလည်၏။ ဂျိတ်၏တူသည် မြေပေါ်သို့ကျသည်မှာ ထွက်ပေါ်လာသောအသံအရ ထို တူသည် ဒိုင်းမွန်းအဆင့်ရှိလူအယောက်တစ်ထောင်၏ခွန်အားမျှအထိ လေးလံကြောင်း သိလိုက်ရလေ၏။ ("ဒီလောက်လေးလံတဲ့တူကြီးနဲ့သူ") ဂျိတ်၏အစောပိုင်း၌ တိုက်ခိုက်မှုများကို ပြန်လည်မြင်ယောင်မိလာလေ၏။ ထိုမျှလေးလံသော တူဖြင့် တိုက်ခိုက်သည်ကို ပြန်တွေးမိသောအခါ ကြ က် သီးမွှေးညင်းများပင် ထလာလေ၏။ မိမိသာဆိုပါက ထိုသို့တိုက်ခိုက်ရန်မပြောနဲ့ ရွေ့နိုင်အောင် မနည်း ကြိုးစားပမ်းစား မှ ရမည်ဖြစ်၏။ "တစ်လက်တည်းမရရင် နှစ်လက်ပေါ့ကွာ" ဂျိတ်မှ နောက်ထပ်သော တူတစ်ချောင်းထုတ်လိုက်၏။ထို့နောက် တူနှစ် ချောင်းကို ဘယ်ညာကိုင်ဆောင်လိုက်၏။ထို့နောက် တူကို အနည်းငယ်ကြီး ထွားစေလိုက်၏။ တူနှစ်ချောင်းလုံးသည် ယခင်ပုံစံမှ ပိုမိုကြီးလာပြီး တူရိုးသည်လည်း အနည်းငယ်ရှည်လျားလေ၏။ထို့ပြင် တူ၌ ဝန်းရံနေသော အနီရောင်လျှပ်စီး များမှ ငွေရောင်များသန်းလာလေ၏။ထိုငွေရောင်များကိုသာ သေချာကြည့် မည်ဆိုပါက ငွေရောင်နဂါးငယ်လေးများ သွားလာလှုပ်ရှားနေသည်ကို တွေ့ရ မည်ဖြစ်၏။ စတေ့ဘုရင်အဖို့တော့ လက်ရှိနေ့က ဘဝ၌ ထူးဆန်းဖွယ်ရာများ မြင်ပြီးရင်း မြင်တွေ့ရသောနေ့ဟုလည်းဆိုနိုင်လေ၏။ "ဒါတွေက ပျောက်ကွယ်နေတဲ့ ဒဏ္ဏာရီလက်နက်များလား" ပျောက်ကွယ်သွားသောလက်နက်များသည် သာမတ်လက်နက်များထက် အစွမ်းကြီးမားကြောင်း သိပြီးသားဖြစ်၏။သူ၏အထူးခြားဆုံးအချက်မှာ ပိုင်ရှင်၏အလိုကိုလိုက်ပြီး အရွယ်အစားနဲ့ပုံစံအသွင်ကို ပြောင်းလဲပစ်နိုင် ခြင်းပင်ဖြစ်၏။ပြောင်းလဲသောအသွင်နဲ့အရွယ်စားလိုက်ပြီးလည်း အစွမ်း ကတိုးပွားလာမည်လည်းဖြစ်၏။ "ဒီအရွယ်စားနဲ့ဆိုရင် ပိုမိုလေးလံမှာပဲ ဒါကို သူကနှစ်လက်ကိုင်ပြီးတော့..." စတေ့ဘုရင်သည် သူ၏ကုန်ဆုံးသွားသော ချာက္က ရာများကို ဖြည့်တင်းနေရင်း ဂျိတ်၏တိုက်ပွဲကို မျက်ခြေမပြတ်ကြည့်ရှူနေလေ၏။ ဂျိတ်နဲ့အရိုးစုတပ်မှူး၏တိုက်ပွဲက သူ့အားအမြင်သစ်နဲ့တိုက်ပွဲအတွေ့ကြုံပေး နိုင်ကြောင်း သူသိထား၏။ထို့ကြောင့် အလွတ်မခံနိုင်ပေ။ အရွယ်စားပြောင်းနိုင်သောကြောင့် ဂျိတ်၏လက်နက်များကို ပျောက်ကွယ်နေ သော ဒဏ္ဏာရီလက်နက်များဟု အထင်ရောက်သွားခြင်းလည်းဖြစ်၏။ထို လက်နက်များသည် သိုင်းဝိညာဥ်လက်နက်များဖြစ်သည်ကိုတော့ သူ မသိနိုင် ပေ။ ထိုအခိုက်၌ ဂျိတ်၏တန်ပြန်တိုက်စစ် စဆင်နေသည်လည်းဖြစ်၏။ဂျိတ်သည် ငွေရောင်လျှပ်စီးတောက်နေသော တူနှစ်လက်ကို ကိုင်ဆောင်ကာ ခုန် လိုက်၏။ ခုန်လိုက်သည်နဲ့အရိုးစုတပ်မှူးအနီးသို့ ချက်ချင်းရောက်ရှိသွားလေ၏။ ရောက်သွားသည်နဲ့ တူနှစ်ချောင်းဖြင့် "ရော့...စားစမ်း" ငွေရောင်တောက်ပနေသော တူနှစ်ချောင်းက အရိုးစုတပ်မှူးထံ ကျ ရောက်လာလေ၏။ ထိုတူနှစ်ချောင်းကို အရိုးစုတပ်မှူးမှ ဓားဖြင့်ခုခံကာကွယ်၏။ "မိုးမေလင်း" အရိုးစုတပ်မှူး ဆဲရေးမိသွား၏။တူနှစ်လက်၏အားက သူ၏ဓားမှတစ်ဆင့် နေ၍သူ၏ကိုယ်ပေါ်သို့ ကျရောက်လာသောကြောင့်ဖြစ်၏။ထိုအားသည် လွန်စွာပြင်းထန်သည်ဖြစ်ရာ သူ၏တစ်ဖန်ပြန်လည်ဖန်တီးထားသော ကိုယ်ခန္ဓာကြီးပင် အက်ကြောင်းများထလာလေ၏။ ထိုကြားထဲ တူမှဆင်းလာသော ငွေရောင်လျှပ်စီးများက သူ၏အစွမ်းများကို ကောင်းစွာနှောင့်ယှက်ခြင်းပြုလေတော့၏။ "ကဲလာလေရော့ တူနှစ်လက်တိုက်ကွက်" ဂျိတ်၏တိုက်ကွက်များက စတင်တိုက်ခိုက်လာလေတော့၏။တူနှစ်လက်ဖြင့် အရိုးစုတပ်မှူးအား ဆက်တိုက်ဆိုသလို တိုက်ခိုက်လေ၏။ "ချီးပဲ" အရိုးစုတပ်မှူး ဆဲပြန်၏။ဂျိတ်၏လှုပ်ရှားမှုများနဲ့တိုက်ခိုက်မှုစွမ်းအားများက သူ၏စစ်သည်တော်အဆင့်နဲ့လားလားမျှ မဆိုင်သလိုဖြစ်နေသောကြောင့် ဖြစ်၏။ အဆက်မပြတ် တိုက်ခိုက်သောတိုက်စစ်သည် အလုံခြုံဆုံးသော ခံစစ် ဖြစ်သည်ပုံစံတိုက်ခိုက်မှုအကွက်ကြောင့် အရိုးစုတပ်မှူးပြာယာခတ်သွား လေ၏။ "ဝုန်း....ဝုန်း" လက်ရှိ၌ ဂျိတ်၏ပုံစံသည် တူနှစ်လက်ကိုင်ထားပြီး လေပွေသဖွယ် အဆက်မပြတ်တိုက်ခိုက်နေသည်ဖြစ်ရာ အရိုးစုတပ်မှူးမှ တန်ပြန်တိုက်ခိုက် ရန် အခွင့်မသာသည့်အပြင် ခုခံပြီးရင်းခုခံနေရတော့၏။ထိုသို့ဖြစ်သည်မှာ ငါးမိနစ်ပင်ကြာ၏။ ထိုအခိုက်၌ အရိုးစုတပ်မှူး၏လွတ်ဟာနေသော အားနည်းချက်ပေါ်ပေါက်လာ သည်နဲ့ ဂျိတ်လည်း ချက်ချင်းတိုက်ခိုက်ပစ်၏။ ငွေရောင်လျှပ်စီးတောက်ပနေသော တူနှစ်လက်က အရှိန်ပြင်းစွာဖြင့် အရိုးစု တပ်မှူး၏ကိုယ်ပေါ် ကျရောက်သွားတော့၏။ ထိုကျရောက်မှု၏အရှိန်ကြောင့် သန်မာပါသည်ဟူသော အရိုးစု တပ်မှူး၏ကိုယ်ခန္ဓာသည် တစ်စစီပြုတ်ထွက်သွားလေတော့၏။ "အားးးး" အရိုးစုတပ်မှူး ဒေါသထွက်သွားလေ၏။ဂျိတ်၏တိုက်ချက်က သူ၏ကိုယ် အားတစ်စစီဖြစ်ပျက်စေခဲ့ပြီ မဟုတ်ပါလား။ "နောက်ဆုံးတိုက်ကွက်" အရိုးစုတပ်မှူးသည် အော်ဟစ်လိုက်၏။ "နောက်ဆုံးတော့ သူသုံးပြီပေါ့လေ" ဂျိတ်မှ ပြုံးကာပြောလိုက်၏။သူသည် အရိုးစုတပ်မှူးမှ ထိုအကွက်သုံးစေရန် တမင်ဖိအားပေးခဲ့သည်ဆိုပါကလည်း မမှားပေ။ အရိုးစုတပ်မှူး၏နောက်ဆုံးအကွက်ထုတ်သုံးသောအခါ ကြောက်မက်ဖွယ်ရာ အော်သံများ ဖြစ်ပေါ်လာလေတော့၏။
(330)မရဏအငွေ့သက်
နောက်ဆုံးအကွက်သုံးသည်နဲ့ ကြောက်မက်ဖွယ်အသံကို လူတိုင်းကြားလိုက်ရ လေ၏။လွန်စွာပင် သွေးပျက်ခြောက်ခြားဖွယ်ကောင်းလွန်လှသော အသံမျိုး ပင်။ မြူခိုးအလယ်၌ ရှိနေသော အရိုးခေါင်းခွက်ကြီးသည် အရိုးစုတပ်မှူးထံသို့ ပျံသန်းလာလေ၏။အရိုးစုတပ်မှူးကလည်း ထိုအရိုးခေါင်းခွက်ကို သူ၏လက်ဖြင့် ကိုင်လိုက်၏။ထိုအခါ ကြီးမားသောအရိုးခေါင်းခွက် သည် ဖြေးဖြေးသေးငယ်လာပြီး လက်သီးဆုပ်ထက်သေးငယ်သော ကျောက်ခဲ အရွယ်စားသာသာ ပင်ဖြစ်သွားလေ၏။ ထို့နောက် သေးငယ်သွားသောအရိုးခေါင်းခွက်ကို သူ၏အရိုးကိုယ်ခန္ဓာထဲသို့ ထည့်သွင်းလိုက်လေ၏။ထိုသို့ ထည့်သွင်းလိုက်သည်နဲ့ကောင်းကင်ယံမှ ကြောက်ခြားဖွယ် အော်ဟစ်မည်ကြွေးသံကြီးထွက်ပေါ်လာလေ၏။ "ဒါက အရိုးစုတပ်မှူးရဲ့နောက်ဆုံးတိုက်ကွက်လား" စတေ့ဘုရင်မှ ရေရွတ်မိ၏။ထိုမျှအထိဖြစ်လာမည်ကိုတော့ သူလည်းမ ထင်မှတ်မိပေ။အရိုးဘီလူးအား တိုက်ခိုက်နေကြသောသူများပင် ထိုဖြစ် ပေါက်လာသောအခြင်းရာကြောင့် ခေတ္တ ဆွံအမိသွားကြလေ၏။ ထိုအချိန်၌ အရိုးစုတပ်မှူး၏ကိုယ်ခန္ဓာသည် ကြီးမားလာပြီး မီတာတစ်ဆယ် ထိကြီးထွားလာလေ၏။ထို့နောက် တဖြေးဖြေးဖြင့် ဆက်လက်ကြီးထွားလာ ပြီး နောက်ဆုံး၌ ခြောက်ဆယ့်ခြောက်မီတာဟူသော ပမာဏသို့ရောက်ရှိသွား သောအခါမှ သူ၏ကြီးထွားခြင်းသည် ရပ်တန့်သွားလေ၏။ ထိုပမာဏထိကြီးထွားသွားသောအခါ အရိုးစုတပ်မှူး၏ပုံစံသည်လည်း ပြောင်းလဲသွားလေ၏။ သူ၏ကိုင်ဆောင်ထားသောဓားနဲ့လက်က တစ်သားတည်းဖြစ်သွားပြီး အရိုး လက်မှ အရိုးဓားအသွင်ပြောင်းလဲသွားလေ၏။ကျန်လက်တစ်ဖက်သည် လည်း ချွန်ထက်နေသော အရိုးလက်သည်းများကို ပိုင်ဆိုင်ထားလေ၏။ အရိုးခေါင်းမှာလည်း ကြီးမားသော အရိုးဂျိုနှစ်ချောင်းက ပေါက်လာ လေ၏။သွားများကလည်း ထက်မြလာလေ၏။လူအရိုးဦးခေါင်းမှ သားရဲအ ရိုးဦးခေါင်းအသွင်သို့ ပြော င်းလဲသွား၏။ ကြီးမားသော အရိုးကိုယ်ခန္ဓာကြီးကို ဟန်ချက်ညီစေရန်အတွက်လည်း တင်ပါးဆုံရိုးမှနေ၍ အမြှီးကြီးတစ်ချောင်းလည်းပေါက်လာလေ၏။ထိုအမြှီး တစ်ခုလုံးသည်လည်း အရိုးချည်းဖြင့်သာ ဖွဲ့စည်းထားသည်လည်းဖြစ်၏။ နောက်ဆုံးအသိသာဆုံးသောအရာကား ထိုအရိုးကိုယ်ခန္ဓာကြီးတစ်ခုလုံး သည် နီရဲလာခြင်းပင်ဖြစ်၏။အဝေးကကြည့်ပါက သွေးရောင်သန်းနေသော ဧရာမအရိုးသားရဲကောင်ကြီးပုံစံကို မြင်တွေ့ရမည်ဖြစ်၏။ ပြောင်းလဲပြီးသည်နဲ့ အရိုးဟုတပ်မှူးဘီလူးကြီးသည် ဂျိတ်အား ဓားလက်ဖြင့် ထိုးချလိုက်၏။ ဒီတစ်ခါတွင်တော့ ခုခံခြင်းမပြုပဲ ဂျိတ်မှ ရှောင်တိမ်းလိုက်လေ၏။ထိုအခါ သူ နေခဲ့သောနေရာ၌ ဧရာမဓားရာကြီးက ကျန်ရှိနေလေ၏။ အရိုးစုတပ်မှူးဘီလူးကြီးသည် ကြီးမားသော်လည်း မြန်ဆန်မှုက အရွယ်နဲ့မ လိုက်အောင် မြန်ဆန်ပေ၏။ "သေစမ်း" ထိုပုံစံရောက်ရှိသွားသော အရိုးစုတပ်မှူးဘီလူးကြီးကို ဂျိတ်မှ ဒီအတိုင်းမ ထားနိုင်ပေ။ "ခုနှစ်ကွင်းမြောက်သိုင်းဝိညာဥ်အစွမ်း.." ချက်ချင်းပင် တူသိုင်းဝိညာဥ်၏ခုနှစ်ကွင်းမြောက်အစွမ်းကို သုံးချလိုက်၏။ အနီရောင် အကွင်းက တောက်ပလာပြီး ဂျိတ်၏နောက်မှ ဂျိတ်နဲ့ပုံစံတူ လူသားပုံရိပ်ထွက်ပေါ်လာလေ၏။ ထိုလူသားပုံရိပ်သည်လည်း ကြီးမားသောတူနှစ်လက်ကိုစွဲကိုင်ထားပြီး မြန်ဆန်စွာကြီးထွားလာလေ၏။မီတာငါးဆယ်သို့ရောက်သောအခါ ရပ်တန့် သွားလေ၏။ ဂျိတ်၏လူသားပုံရိပ်သည် လက်ရှိ၌တော့ ငွေရောင်သန်းနေသော လျှပ်စီး များဖြင့် ရစ်ပတ်ထားလေ၏။ "စတားပလက်တီနမ်နဲ့တိုင်းပြည်ကံကြမ္မာပါ ထပ်ပြီး ပေါင်းစပ်စမ်း" "ဝိုးရား" ဂျိတ်၏စတန်းဖြစ်သော စတားပလက်တီနမ်ကိုပါ ခုနှစ်ကွင်းအစွမ်းသိုင်းဝိ ညာဥ်နဲ့တွဲစပ်အသုံးပြုလိုက်လေ၏။ထို့ပြင် တိုင်းပြည်ကံကြမ္မာကိုပါ ပူးပေါင်း စေလိုက်ဝေး၏။ ထိုအခါ ဝိုးရားဟူသောအသံကြီးနဲ့အတူ ဂျိတ်၏တူကိုင်ထားသောလူသားပုံ ရိပ်မှ ပြောင်းလဲမှုဖြစ်ပေါ်လာလေ၏။ လူသားပုံရိပ်၌ ချပ်ဝတ်တန်ဆာများဆင်ယင်လာသလို နောက်ထပ်သော လက်နှစ်ဖက်ထွက်ပေါ်လာလေ၏။ထိုလက်နှစ်ဖက်သည် ကြောက်မက်ဖွယ် ကောင်းသော အစွမ်းများပြည့်ဝနေလေ၏။ဤသည်မှာ တိုင်းပြည် ကံကြမ္မာ၏အစွမ်းပကားတည်း။ တိုင်းပြည်ကံကြမ္မာက ဂျိတ်၏လူသားပုံရိပ်၏အစွမ်းကို အဆဖြင့်မြင့်တင် ပေးလိုက်ခြင်းဖြစ်လေ၏။ "ဘုရား....ဘုရား.....ငါဘာတွေမြင်လိုက်ရတာလဲ" စစ်သည်တိုင်း ကြောင်တောင်တောင်ဖြစ်ကုန်ကြလေ၏။ "ဒါက ဂရိတ်ဘုရင်ဟုတ်သေးရဲ့လား" ငယ်ရွယ်ပြီးသန်မာသည့် ဂရိတ်ဘုရင်ကို စိတ်ဝိညာဥ်ထဲအထိ လေးစားသော စိတ်ဖြင့် စတေ့ဘုရင်ကြည့်ရှူမိ၏။လက်ရှိ၌ မီတာခြောက်ဆယ့်ခြောက်မီတာ အထိကြီးမားသော အရိုးစုတပ်မှူးဘီလူးကို လက်လေးဖက်ပါပြီး ခမ်းနား ထည်ဝါလှသောငါးဆယ်မီတာမျှ ကြီးမားသော ဂျိတ်မှ တိုက်ခိုက်ရန် လုပ် နေသည် အတိုင်းသားမြင်တွေ့နေရလေ၏။ လက်ရှိတိုက်ပွဲသည် သာမန်အသိအမြင်တို့ထက် ကျော်လွန်သွားပြီလည်း ဖြစ်၏။ဘယ်လိုမှ လိုက်၍မရနိုင်သော အစွမ်းလွန်တိုက်ပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်လည်းဖြစ်၏။ နတ်ဘုရားတို့တိုက်ခိုက်နေသည့်ပုံစံသို့ ပြောင်းလဲသွားသည်ဆိုပါကလည်း မ မှားနိုင်ပေ။ တစ်ဖက်က ဆိုးယုတ်သောအော်ရာများပြည့်ဝနေသော အရိုးစုတပ်မှူး ဘီလူးကြီးနဲ့ တစ်ဖက်၌ မြင့်မြတ်ပြီးအစွမ်းထက်သော အော်ရာကိန်းဝပ်နေ သည့် မီတာငါးဆယ်အရွယ်ရှိဂရိတ်ဘုရင် ဖြစ်၏။ တိုက်ခိုက်မှုသည် ပြန်လည်စတင်လိုက်လေ၏။ နှစ်ဖက်လုံး တစ်ချိန်တည်းတစ်ပြိုင်တည်း၌ စလိုက်လေ၏။ ငွေရောင်လျှပ်စီးတူများနဲ့အရိုးဓားလက်၊အရိုးလက်သည်းနဲ့လက်သီးချက် များက ထိပ်တိုက်တွေ့ဆုံလိုက်လေ၏။ ထိုအခါ ကြီးမားသော ပဲ့တင်သံများထွက်ပေါ်လာလေပြန်၏။ဒီတစ်ခါတွင် ကား ထိုသို့တိုက်ခိုက်မိရာမှ နေ၍ ကြီးမားသောလေပြင်းမုန်တိုင်းများဖြစ်ပေါ် စေသည်အထိ အားကောင်းလှပေ၏။ "ဟင်" သေချာကြည့်ပါက နှစ်ဖက်လုံး၏အားမှ အလွန်တရာမြင့်နေသော အဆင့်ထိ ရောက်ရှိနေသည်ဖြစ်ရာ လေဟာနယ်များဖြစ်ပေါ်လာစေရန် သဲ့သဲ့လေးသာ ကျန်ရှိတော့သည်လည်းဖြစ်၏။ "လျှပ်စီးရိုက်ခတ်ချက်" ဂျိတ်မှ တူနှစ်လက်ကို ပူးကာရိုက်ခတ်လိုက်၏။ထိုအခါ သူ၏နောက်မှ လူသားပုံရိပ်ကြီးသည်လည်း တူနှစ်လက်ကို အချင်းချင်းရိုက်ခတ်လိုက်၏။ ထိုသို့ ရိုက်ခတ်လိုက်သည်နဲ့ ငွေရောင်လျှပ်စီးနဂါးတစ်ကောင်ကို ဖန်တီး သလိုဖြစ်ပျက်စေခဲ့၏။ "ဝေါင်း" ငွေရောင်လျှပ်စီးနဂါးမှ အော်ဟစ်ပြီး အရိုးစုတပ်မှူးဘီလူးထံပြေးဝင်သွား လေ၏။အရိုးစုတပ်မှူးဘီလူးသည်လည်း သူ၏အရိုးပါးစပ်ကြီးဟပြီး မှုတ် ထုတ်လိုက်လေ၏။ "သေခြင်းအငွေ့" ဆိုးယုတ်သော အော်ရာများဖြင့် ပြည့်နှက်နေသော မြူလုံးကြီးများထွက် ပေါ်လာလေ၏။ထိုမြူလုံးများသည်လည်း အပြင်သို့ရောက်သည်နဲ့ နဂါး အသွင်ပြောင်းလဲသွားပြီး ငွေရောင်လျှပ်စီးနဂါးဆီပြေးသွားလေ၏။ ငွေရောင်လျှပ်စီးနဂါးနဲ့ သေခြင်းအငွေ့နဂါးတို့သည် တိုက်ခိုက်လိုက်ကြ ပြန်၏။ ထိုအချိန်၌ အရိုးစုတပ်မှူးဘီလူးနဲ့ဂျိတ်၏ပုံရိပ်တို့သည် ဆက်လက်တိုက်ခိုက် လိုက်ကြပြန်၏။ "အရိုးဓားလက်တိုက်ခိုက်ခြင်း" "ငွေရောင်လျှပ်စီးကွန်ရက်" "အရိုးလက်အဆိပ်ငွေ့" "ငွေရောင်လျှပ်စီးပြန့်ကားခြင်း" စသည်ဖြင့် တစ်ဖက်နဲ့တစ်ဖက် သိုင်းကွက်များအပြိုင်ဆိုင်သုံးကာ တိုက်ခိုက် လိုက်ပြန်၏။နှစ်ဖက်လုံးသည် အင်အားထိချန်ခြင်းမရှိပဲ ဆက်တိုက်သုံးသည် ဖြစ်ရာ တိုက်ခိုက်ရာနေရာသည် ရစရာကျန်ခြင်းမရှိတော့သည်အထိပင်ဖြစ် သွားရလေ၏။ "ဂါး" အရိုးစုတပ်မှူးဘီလူးသည် အခွင့်ကောင်းတစ်ခုကိုမြင်သည်နဲ့ ချက်ချင်း အသုံးချလိုက်၏။ထိုအခွင့်ကောင်းသည် ဂျိတ်၏ပုံရိပ်မှတူနှစ်လက်သည် တိုက်ခိုက်မှုလွန်သွားချိန်၌ဖြစ်၏။ ထိုအခိုက်၌ အရိုးစုတပ်မှူးဘီလူး၏အရိုးဓားနဲ့အရိုးလက်သည်းချွန်နှစ်ခုလုံး က ဂျိတ်၏လူသားပုံရိပ်၏ရင်ဝဆီသို့ ဦးတည်လာလေ၏။ တိုက်ခိုက်လိုက်သော တိုက်ချက်နှစ်ခုလုံးက ရင်ဝသို့တစ်ခါတည်းစိမ့်ဝင်သွား လေ၏။ "မဖြစ်နိုင်ဘူး..." ထိုအခြင်းရာကို မြင်လိုက်သောစစ်သည်တိုင်း လန့်သွားကြလေ၏။မိမိ တို့၏ဘုရင်သည် ရှုံးနိမ့်သွားပြီးလည်းဟူသော ခံစားချက်မျိုးပါ ရရှိလိုက် လေ၏။ "ဟားဟား.." အရိုးစုတပ်မှူးမှ ရယ်မောကာ ဂျိတ်၏လူသားပုံရိပ်၏ရင်ဝထဲဝင်သွားသော သူ၏အရိုးဓားလက်နဲ့ အရိုးလက်သည်းများကို ပြန်နှုတ်ပြီး အသေ သတ်ရန် ကြံရွယ်လိုက်၏။ "ဟင်." အရိုးစုတပ်မှူးဘီလူး မကောင်းသောအငွေ့သက်ရလိုက်၏။အကြောင်းမှာ သူ၏အရိုးဓားလက်နဲ့အရိုးလက်သည်းများသည် ပြန်လည်နှုတ်၍မရသော ကြောင့်ဖြစ်၏။ "စပရိုက်" ဂျိတ်မှ ပြုံးလိုက်၏။စင်စစ်သည် အရိုးစုတပ်မှူးဘီလူး၏အရိုးဓားနဲ့အရိုး လက်သည်းများသည် ရင်ဝသို့စိုက်နှစ်ဝင်သွားခြင်းမဟုတ်ပဲ ဂျိတ်၏ကျန် လက်နှစ်ဖက်ထဲသို့ ထိုးဖောက်သွားရုံသာဖြစ်၏။ ဂျိတ်၏အမြင်ထွေပြားအောင်လုပ်ထားသောအကွက် ကြောင့် ရင်ဝထဲဝင်ရောက်သွားပြီဟုထင်သွားခြင်းလည်းဖြစ်၏။ "ထိုးပြီးမှ မပြန်နဲ့လေကွာ" အထိုးခံထားရသော ဂျိတ်၏လက်နှစ်ဖက်သည် လုံးဝလွတ်ပေးခြင်းမရှိပဲ အနာခံကာ ဆက်လက်ဖမ်းဆုပ်ထားလေ၏။ထို့ကြောင့် အရိုးစုတပ်မှူး ဘီလူး၏လက်နှစ်ဖက်လုံးသည် သုံးမရသောအခြေနေသို့ရောက်ရှိနေ၏။ "မဟာငွေရောင်လျှပ်စီးတူနောက်ဆုံးရိုက်ချက်" ဂျိတ်မှ ရင်ခေါင်းသံဖြင့် မာန်ပါပါအော်ဟစ်လိုက်၏။ ထိုအခါ တူကြီးနှစ်လက်မှာ ငွေရောင်အလွန်တောင်ပလာပြီး လျှပ်စီးနဂါး အော်ဟစ်သံများဆူညံ၍လာလေ၏။ ထိုသို့ဖြစ်ပေါ်လာသည်နဲ့ အရိုးစုတပ်မှူးဘီလူး၏ခြေထောက်များနဲ့အမြှီးက လည်း တစ်စုံတစ်ခု၏ချုပ်ကိုင်မှုခံထားရသလိုဖြစ်ကာ လှုပ်ရှားနိုင်ခြင်းမရှိ တော့ပေ။ ဂျိတ်၏ လက်လေးဖက်ရှိသည်ဖြစ်ရာ ကျန်ရှိနေသော လက်နှစ်ဖက်သည် တူ ကိုစွဲကိုင်ထား၏။ ထိုတူကိုင်ထားသောလက်နှစ်ဖက်သည် ငွေရောင်မတရားတောက်ပနေသော တူကြီးနှစ်ခုကို အစွမ်းအားသုံးပြီး အားယူကာ အရိုးစုတပ်မှူး ဘီလူး၏ငယ်ထိပ်သို့ဦးတည်ရိုက်ချလိုက်လေ၏။ ချုပ်လျက်ဖြစ်နေသောကြောင့် အရိုးစုတပ်မှူးဘီလူးသည် လွတ်မြောက်နိုင် ခြင်းမရှိတော့ပေ။ထိုအခိုက်၌ သူသည် မရဏအငွေ့သက်ကို ခံစားမိလိုက် လေ၏။ "ဝရော......." ကြီးမားသော ထုရိုက်သံကြီးက မိုင်တစ်ထောင်ထက်မက ပိုမိုကျယ်လောင် အသံဖြစ်ပေါ်ကာ ပတ်ဝန်းကျင်သို့ ပြန့်ကားသွားလေတော့၏။