အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
Book 23 (331-345)
(331)ဂျိတ်၏အစီစဥ်
"ဝုန်း" ကြီးမားကျယ်လောင်လှသောအသံကြီးထွက်ပေါ်လာသောကြောင့် ဂရိတ် တိုင်းပြည်ရှိပြည်သူပြည်သားများပါ တုန်လှုပ်သွားကြလေ၏။အဘယ်ကြော င့် ထိုမျှကြောက်မက်ဖွယ်ကောင်းသော အသံထွက်ပေါ်လာကြောင်းကိုလည်း သူတို့သိရှိလိုနေကြ၏။ "ဘယ်လိုဖြစ်သွားပြီလဲ" လျှပ်စီးများနဲ့ အနက်ရောင်မြူခိုးများက ထောင်းထောင်းထသွားသောကြော င့် လူတိုင်းသည် အဖြစ်ပျက်ကိုကောင်းစွာ မမြင်ရပေ။ထိုသို့ဖြစ်သွားသည်မှာ စက္က န့်ပိုင်းမျှသာဆိုသော်လည်း ထိုအဖြစ်ပျက်ကို စောင့်ကြည့်နေသူအတွက် ကတော့ တစ်သက်တာမျှပင် ကြာညောင်းလှသည်ဟု ခံစားရလေ၏။ လျှပ်စီးကြောင်းများက တောက်ပစွာထွက်ပေါ်လာပြီး အမြူရောင်မြူခိုးများ က ကင်းစင်သွားပြီဖြစ်၏။ "ဟေး......နိုင်ပြီကွ" ဂရိတ်တိုင်းပြည်စစ်သည်များ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြလေ၏။အဖြေ ရှင်းလင်းသွားပြီဖြစ်၏။မိမိတို့ဘုရင်သည် အနိုင်ရရှိပြီး မသေမျိုးအရိုး ခြောက်များရှုံးနိမ့်သွားပြီဖြစ်၏။ ဂျိတ်သည် တူနှစ်လက်ကို စွဲကိုင်ပြီး မာန်ပါပါအနေထားဖြင့်ရှိနေ၏။ သူ၏လက်ထဲသည် တူနှစ်လက်သည်လည်း လျှပ်စီးများတောက်ပနေဆဲ ဖြစ်သည်။အရိုးစုတပ်မှူးမှာကား အရိုးမှုန့်များဘဝသို့ တစ်ခါတည်းကျရောက် သွားပြီဖြစ်၏။ ဤသည်မှာ ဂျိတ်၏ကြောက်မက်ဖွယ်ရာကောင်းလှသော တိုက်ခိုက်မှုကြောင့် ဆိုလျှင်လည်း မမှားပေ။အဖျက်အားပြင်းထန်သော တူရိုက်ချက်ကြီးက အရိုးစုတပ်မှူးကို တစ်ခါတည်း အမှုန့်ဘဝသို့ပြောင်းလဲပစ်စေခဲ့သည် ဖြစ်သည်။ အဖြူရောင်ဆွတ်ဆွတ်ဖြူနေသော အမှုန့်တောင်ကုန်းကြီးက အရိုးစုတပ်မှူးရှိ ခဲ့ကြောင်း သက်သေလည်းဖြစ်၏။အရိုးစုတပ်မှူးသေဆုံးသည်နဲ့ ကျန်သော အရပ်မျက်နှာ၌ ရှိနေကုန်သော အရိုးခေါင်းသုံးခွက်သည် မြန်ဆန်စွာပင် ပြန်လည်ဆုတ်ခွာသွားကြလေ၏။ အရိုးခေါင်းခွက်များ ဆုတ်ခွာသည်နဲ့ အရိုးခြောက်စစ်သည်တော်များလည်း ဆက်လက်တိုက်ခိုက်ခြင်းမပြုပဲ တပ်ပြန်ခေါက်ကြလေ၏။ "ဒီလိုရမလား" ဂျိတ်သည် တူနှစ်လက်ကို ကောင်းကင်ပေါ်သို့ပစ်လွတ်လိုက်လေ၏။ထိုတူနှစ် လက်သည် ကောင်းကင်ပေါ် ရှိ တိမ်ထုများကြားသို့ဝင်ရောက်သွား၏။ထိုသို့ ဝင်ရောက်သွားသည်နဲ့ "ရှစ်ကွင်းမြောက်စွမ်းရည် တိမ်မိုးကြိုး" ဂျိတ်၏ကိုယ်ပေါ်တွင် အနီရောင်ဆန်သော ရှစ်ကွင်းမြောက် ဝိညာဥ်ကွင်း ပေါ်ပေါက်လာလေ၏။ထိုအကွင်းသည် အနီရောင်ဆန်သော်လည်း သေချာ ကြည့်ပါက ရွှေရောင်သန်းနေကြောင်းလည်း တွေ့ရမည်ဖြစ်၏။ ထိုသို့ရှစ်ကွင်းမြောက်စွမ်းရည် သုံးလိုက်သည်နဲ့ တူနှစ်လက်ဝင်သွားသော တိမ်ထုကြီးသည် ရုတ်ခြည်းဆိုသလို ကြီးမားလာလေ၏။ကြီးမားရုံ သက်သက်တင်မဟုတ်မကတော့ပဲ ရှည်လျားလေ၏။ တစ်မိုင်...တစ်ရာမိုင်...မိုင်တစ်ထောင်...စသည်ဖြင့်ရှည်လျားသွားလေ၏။ ထိုသို့ တိမ်ထုကြီးက ကြီးမားရှည်လျားသွားသောအခါ ထိုအဖြစ်ပျက်ကို မြင် လိုက်ရသော စစ်သည်တော်တိုင်းနဲ့လူတိုင်း အံသြမြင်သက်သွားကြလေ၏။ လူများကတော့ အံသြရုံသာဖြစ်ပြီး စစ်သည်တော်များအတွက်ကတော့ ထို ထက်ပို၏။ထိုသို့ဖြစ်စဥ်သည် သူတို့၏ဘုရင်မင်းမြတ်မှ လုပ်ဆောင်လိုက် သည်ကို သူတို့လက်တွေ့မြင်လိုက်ရသည်မဟုတ်ပါလား။ ထိုတိမ်ထုကြီးသည် အချိန်ခေတ္တ အတွင်း၌ အလွန်တရာမြန်ဆန်လှသော အရှိန်ဖြင့် ကြီးထွားပြီး ဂရိတ်တိုင်းပြည်တစ်ခုလုံးကို စက်ဝိုင်းပုံစံ လွှမ်းခြုံ ပစ်လိုက်လေ၏။ ထိုသို့လွှမ်းခြုံပြီးသည်နဲ့ တိမ်ထုကြီးသည် ချက်ချင်းပင် ငွေရောင်လျှပ်စီးများ ဆက်တိုက်ဆိုသလို ပစ်ချလေ၏။ထိုလျှပ်စီးများကျဆင်းရာနေရာသည် အရိုးခြောက်စစ်သည်တော်များဖြစ်လေ၏။ ဂျုန်း.....ဂျုန်း....ဂျုန်း....... မိုးကြိုးများက တစ်မိနစ်အတွင်း၌ ထောင်သောင်းချီသောနှုန်းဖြင့် ပစ်ခတ် လိုက်ကြလေ၏။ထိုပစ်ခတ်မှုများကြောင့် အရိုးခြောက်စစ်သည်များ သည် တစ်ခါတည်း အရိုးမှုန့်ဘဝသို့ကူးပြောင်းသွားလေ၏။ ဂျိတ်သည် မိမိတိုင်းပြည်အားတိုက်ခိုက်သော အရိုးခြောက်များတစ်ကောင် တစ်လေမှ ပြန်သွားနိုင်စေခြင်းမရှိစေရန် လုပ်လိုက်ခြင်းလည်းဖြစ်လေ၏။ တိမ်များမှ မိုးကြိုးများဆင်းသက်မှုကြောင့် လွတ်မြောက်သွားသော အရိုး ခြောက်စစ်သည်များဟူ၍မရှိလိုက်ပေ။စောစီးစွာ ပြေးထွက်သွားသော အရိုး ခေါင်းခွက်သုံးခုသာ လွတ်မြောက်ခွင့်ရရှိလိုက်ကြလေ၏။ အရိုးခြောက်စစ်သည်များ သေဆုံးပြီး အရိုးမှုန့်ဘဝသို့ ရောက်ရှိချိန်၌ ဂျိတ် သည် အစီရင်တစ်ခုပြုလုပ်နေ၏။ထိုအစီရင်ကိုလက်ကွက်ဖြင့် ပုံဖော်ဖန်တီး ထားခြင်းဖြစ်၏။ ထို့ကြောင့် ဂျိတ်၏လက်ချောင်းများသည် ငြိမ်နေခြင်းမရှိပဲ ဆက်တိုက်ဆို သလို စက်ရုပ်လိုပင် ရွေ့လျားနေလေ၏။သူ၏လက်ကွက်များသည် ကြီးမားသောအစီရင်ကို ဖန်တီးရန်ဖြစ်သောကြောင့် များစွာသောလက်ကွက် ထောင်သောင်းချီကို မြန်ဆန်စွာလုပ်ဆောင်နေခြင်းဖြစ်၏။ "ထပ်" နောက်ဆုံး၌ ဂျိတ်၏လက်ကွက်များသည် လက်ည်ိုးနှစ်ချောင်းပူးသွားသည် နဲ့ အဆုံးသတ်သွား၏။ "မကောင်းဝါးဆိုးတားဆီးအစီရင်အကာကွယ်" ထောင်သောင်းချီသော အစီရင်လုပ်သော လက်ကွက်များပြီးဆုံးပြီး ထိုသို့ ရွတ်ဆိုလိုက်သည်နဲ့ ဂျိတ်၏ဘေးဘီဝဲယာများ၌ ထူးခြားပြီးဆန်းကြယ်လှ သော အက္ခရာများစွာပေါ်ပေါက်လာလေ၏။ထိုအက္ခရာများသည် လေထဲ၌ ဝဲပျံနေကြလေ၏။ ထိုအက္ခရာများသည် မကောင်းဆိုးဝါးတားဆီးအစီရင်အကာကွယ်ဖြစ်ပေါ်ရန် အတွက် ဖန်တီးပေးမည့် အဓိကအသက်ပင်ဖြစ်လေ၏။ ထိုအက္ခရာများသည် ထင်ရှားစွာရှိသော်လည်း အရောင်အနည်းငယ်မှိန်နေ သေး၏။ဤသည်မှာ အစီရင်အသက်ဝင်ရန်အတွက် နောက်ဆုံးအကူပစ္စည်း တစ်ခုလိုအပ်နေသေးကြောင်း ပြသနေလေ၏။ ဂျိတ်သည် သူ၏လက်ချောင်းကို သွားဖြင့်ကိုက်လိုက်၏။ထိုအခါ လက်ချောင်းမှ သွေးတစ်စက်သည် ထွက်လာလေ၏။ထိုထွက်လာသော သွေးတစ်စက်ကို ဂျိတ်သည် ဘေး၌ဝဲနေသော အက္ခရာများထံသို့ လွင့် ပစ်လိုက်လေ၏။ ထိုသွေးတစ်စက်သည် လေထဲ၌ ဝဲပျံနေသော အက္ခရာများထံရောက်သည်နဲ့ မှိန်မှေးနေသော အက္ခရာများသည် တစ်ခါတည်း အရောင်တောက်ပလာလေ ကြ၏။ တောက်ပလာရုံတင်ကမကပဲ လေထဲ၌ဝဲပျံနေသော အက္ခရာများသည် ရွှေရောင်အက္ခရာများအသွင်ပြောင်းလဲသွားပြီး လေထဲသို့ ပျံတက်သွားပြီး လောကနဲ့တစ်သားတည်းစိမ့်ဝင်ပျောက်ကွယ်သွားလေ၏။ ထိုသို့စိမ့်ဝင်ပျောက်ကွယ်သွားသည်နဲ့ မိုးကြိုးများကြောင့် ဘဝပြောင်းလဲသွား သော အရိုးမှုန့်များသည် နေရာအတည်တကျမရှိပဲ လွင့်စင်နေရာမှာ အသက်ဝင်လာပြီး စုဝေးလာကြလေ၏။ ထိုအရိုးမှုန့်များသည် အသက်ဝင်လာပြီး ပုံစံတစ်ခုအသွင်စတင်ဖန်တီးလာ ကြလေ၏။ထိုပုံစံဖန်တီးမှုသည် နောက်ဆုံး၌ တိကျသေချာသော အသွင်ပြင် ဖြစ်ပေါ်လာကြလေ၏။ ထိုပုံစံသည် ထူးခြားဆန်းကြယ်ခြင်းမျိုးမဟုတ်ပဲ ဂရိတ်တိုင်းပြည်ကို စက်ဝိုင်းသဖွယ်ဝိုင်းပတ်သွားသည် ဖြစ်၏။ထိုသို့ဝိုင်းပတ်သွားရာ၌ အစီရင် ကြောင့် အသက်ဝင်လာသော အရိုးမှုန့်များက စုစည်းလုပ်ဆောင်သွားခြင်း ဖြစ်၏။ အရိုးမှုန့်များသည် ထိုအစီရင်ပြုလုပ်ရာ၌ အဓိကအခြေ ခံကျသော ပါဝင် ပစ္စည်းလည်းဖြစ်လေ၏။ထိုအရိုးမှုန့်များသည် ဂရိတ်တိုင်းပြည်တစ်ခုလုံး အား စက်ဝိုင်းပုံစံ ဝိုင်းပတ်လိုက်ကြ၏။ထိုအရိုးမှုန့်များသည် အရိုးခြောက် စစ်သည်များ၏အရိုးများသာမဟုတ်ပဲ အရိုးစုတပ်မှူး၏တောင်ကုန်းအရိုးမှုန့် များလည်း ပါဝင်လေ၏။ ဂရိတ်တိုင်းပြည်တစ်ခုလုံးအား ဝိုင်းပတ်ပြီးသည်နဲ့ အဖြူရောင်အလင်းတန်း များ ထွက်ပေါ်ပြီး ပြန်လည်မှိန်ကျသွားလေတော့၏။ ထိုသို့ဖြစ်ပေါ်သွားခြင်းသည် အစီရင်အသက်ဝင်ပြီး အောင်မြင်သွားကြောင်း လည်းဖြစ်လေ၏။ ထိုအခါ ဂျိတ်လည်း မြို့ရိုးပေါ်သို့ ပြန်သွားလိုက်ပြီး မိမိတို့ဆက်လက်လုပ်စရာ ရှိသည်များကို အမိန့်ပေးရင်း ပြန်သွားလေတော့၏။ဂရိတ်စစ်သည်များ ကတော့ ဂျိတ်၏အမိန့်ကို လိုက်နာပြီး လေးစားစွာဖြင့်လုပ်ဆောင်ကြလေ၏။ ပါးစပ်ကြီးဟပြီး ငေးမောနေသော တစ်ယောက်တည်းသောသူကတော့ စ တေ့ဘုရင်သာဖြစ်ပေ၏။သူသည် ပြန်သွားသော ဂျိတ်၏နောက်ကို ကြည့် ရင်းအတွေးများဖြင့် တွေးနေဆဲဖြစ်လေ၏။ လက်ရှိဂျိတ်၏လုပ်ပြသွားသော စွမ်းရည်များသည် လူသားတစ်ယောက်နဲ့မျှ လားလားမျှပင် မတူပဲ အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။သူ၏သုံးသွား သော တိုက်ကွက်များနဲ့စွမ်းရည်များသည် ကောင်းကင်မှ ကျဆင်းလာသော နတ်ဘုရားသဖွယ်ပင်ဖြစ်လေ၏။ စတေ့ဘုရင်သည် မိမိ၏ရွေးချယ်မှုသည် မှန်ကန်သွားကြောင်း ခံစားမိလိုက် ရလေ၏။လက်ရှိပြသသွားသော စွမ်းရည်များနဲ့ဂျိတ်၏အပြုမှုများကို ဆက်စပ်ပြီး စွန်ရဲအင်ပါယာသည် ဂရိတ်တိုင်းပြည်အတွက်တော့ ခြိမ်းခြောက် မှုမဟုတ်ကြောင်းပါ တစ်ဆက်တည်းတွေးမိလာ၏။ ဂျိတ်၏ရန်မလုပ်ချင်သော စိတ်ကြောင့်သာ စွန်ရဲအင်ပါယာသည် လက်ရှိ အချိန်ထိ အခြေနေကောင်းနေကြောင်းနဲ့ ဂျိတ်သာဒေါသထွက်ပါက စွန်ရဲအင် ပါယာသည် ပြားပြားဝပ်သွားနိုင်ကြောင်းလည်း သိလိုက်ရလေ၏။ ဂရိတ်တိုင်းပြည်၏နန်းတော်ထဲ၌ "သမီးလေး လာပါဦး" ဂျိတ်သည် မိမိထံပြေးဝင်လာသော အယ်မလီလေးကို ပွေ့ချီလိုက်လေ၏။ သမီးလေးကို မြင်လိုက်ရသည်နဲ့ ဂျိတ်သည် မိမိခံစားနေရသော အရှုပ်ထုပ် များသည် အဝေးသို့လွင့်စင်သွားသလို ခံစားလိုက်ရလေ၏။ ထိုအဖြစ်ပျက်ကို ကြည့်နေသူကတော့ အတိုင်ပင်ခံဖယ်ဖြစ်လေ၏။သူသည် ထိုအဖြစ်ပျက်ကိုကြည့်ကာ ပြုံး၍နေလေ၏။ မိမိ၏ဘုရင်သည် အင်မတန်မှ အေးဆေးတည်ငြိမ်သော်လည်း သမီးလေး ရှေ့ရောက်ပါက မာန်မာနများလုံးဝကင်းစင်သွားကာ အပြစ်ကင်းသော လူငယ်ဖခင်တစ်ယောက်အသွင်ပြောင်းလဲသွားတတ်၏။ ဂျိတ်သည် သမီးလေးနဲ့အတူအချိန်ပေးကစားပေး၏။ညစာစားချိန် ရောက်လာနီးပါကလည်း ဇနီးဖြစ်သူနဲ့အတူ ချက်ပြုတ်ပေး၏။ဘယ်တော့ အခါမှ လည်း ညီးညူးပေးခြင်းမရှိပေ။ချစ်သောသူများနဲ့ အတူနေပြီး အချိန်ဖြုန်းပေးခြင်းသည် ချစ်ခြင်းမေတ္တာတရားကို တိုးပွားစေသောကြောင့် ဖြစ်၏။ထို့ပြင် မိမိချစ်သောသူများကို ချစ်ကြောင်းပြသရန်ကလည်း တကယ့်တန်ဖိုးကြီးသောအရာများပေးမှမဟုတ်ပဲ အတူနေရန်အချိန်ပေးပြီး ဂရုစိုက်ခြင်းသာဖြစ်ကြောင်း ဂျိတ်မှ ခံယူထားသည်လည်းဖြစ်ပေ၏။ ညစာစားသောအချိန်၌ အတိုင်ပင်ခံဖယ်ပါ ရှိနေသောကြောင့် ညစာစားပွဲသို့ ဖယ်ကိုပါ ဖိတ်ခေါ်ပြီး အတူစားသောက်လိုက်ကြ၏။ဖယ်ပင် ဂျိတ် တို့၏မိသားစု နဲ့အတူညစာစားသောက်ရင်း နွေးထွေးသောမေတ္တာများကို ခံစားရရှိလာမိလေ၏။ ထိုမျှမေတ္တာဓာတ်များပြည့်နှက်နေသော မိသားစု၏အုပ်ချုပ်မှုအောက်၌ ရှိ သော ဂရိတ်တိုင်းပြည်သည် အလွန်ပင်ကံကောင်းလာသည်ဟုပင် တွေးမိ ပြန်၏။ ညစာစားသောက်ပြီးသည်နဲ့ အယ်မလီလေးသည် ရေခဲမှန့်စား၏။အယ်လီနာ ကတော့ သူမစိတ်ဝင်စားရာ စာအုပ်များ ဖတ်ရှု၏။ဂျိတ်ကတော့ အတိုင်ပင်ခံ ဖယ်နဲ့အတူ နန်းတော်တွင်း လမ်းလျှောက်ထွက်ရင်းစကားစမြည်ပြော၏။ "အခြေနေဘယ်လိုလဲ" ဂျိတ်သည် ဖယ်အားမေးလိုက်၏။ "မှန်လှပါ....ဂရိတ်တိုင်းပြည်ရဲ့မြို့ရိုးတွေ အနည်းကျဥ်းပျက်စီးရုံကလွဲရင် ဘာ မှမဖြစ်သွားပါဘူး" "ဒါဆိုရင် မြို့ရိုးကို သေချာခိုင်ခံအောင်လုပ်ကြတာပေါ့" ဂျိတ်၏စိတ်ဓာတ်ကိုမလေးစားပဲ မနေနိုင်ပေ။တခြားသူများသာဆိုပါက မြို့ရိုး သာပျက်သွား၍တော်သေးသည်ဟုဆိုမည်ဖြစ်သော်လည်း ဂျိတ်အတွက် မြို့ရိုးအနည်းကျဥ်းပျက်စီးသွားခြင်းသည် မဖြစ်သင့်သောအရာဖြစ် ပြီး နောက်တစ်ကြိမ်၌မဖြစ်စေရန်လုပ်ဆောင်မည်ဆိုသော ပုံစံဖြစ်လေသည်။ "ကဲ မနက်ဖြန်ကစပြီး..လက်အောက်ခံတိုင်းပြည်ထားမဲ့အစီစဥ်စတော့" "အရှင်မင်းကြီး မစောလွန်းဘူးလား" ဂျိတ်၏စကားကြောင့် ဖယ်မေးလိုက်၏။ယနေ့မှ အရိုးခြောက်စစ်သည် များ၏ကပ်ရန်ပြီးသွားသော်လည်း မနက်ဖြန်၌ စတင်လှုပ်ရှားခိုင်းနေပြီ ဖြစ်၏။ "မစောဘူး...မနက်ဖြန်ကပဲစတော့ ငါတို့ဂရိတ်တိုင်းပြည်ကနေ အင်ပါယာ ဖြစ်လာရေးက ဒါကပထမဆုံးလှမ်းတဲ့ခြေလှမ်းအစပဲ" ထိုစကားကြောင့် ဖယ်တစ်ကိုယ်လုံး ကြ က်သီးမွှေးညင်းများပင် ထလာ လေ၏။အင်ပါယာဖြစ်လာသည်က သူ၏ခြေလှမ်းအစဆိုပါလား။ဂျိ တ်၏ရည်မှန်းချက်သည် မသေးငယ်ပဲ အလွန်တရာပင် ကြီးမားကြောင်း ချက်ချင်းပင်သိလိုက်ရလေ၏။
(332)ပြောင်းလဲသွားသောအခြေနေ
"လီးလိုပဲဟေ့" လူတစ်ယောက်သည် သူ၏စားပွဲအား ဆဲရေးပြီး ထုလိုက်သည်။ သူ၏ပြင်းထန်လှသော အားကြောင့် စားပွဲမှာ တောင့်ခံနိုင်ခြင်းမရှိပဲ ပြာ အဖြစ်သို့ချက်ချင်းပြောင်းလဲသွားလေ၏။ "ဘယ်လိုလုပ်ပြီး" ပြောလက်စ စကားကို ရပ်တန့်လိုက်သည်။သူသည် တခြားသူမဟုတ် စွန်ရဲ အင်ပါယာ၏စစ်သူကြီးဖြစ်လေ၏။လက်ရှိ၌ ဖြစ်ပေါ်နေသော ပြသနာက သူ့ အားအတော့်ကို ခေါင်းစားစေသောကြောင့် ဖြစ်၏။ ထိုစစ်သူကြီးသည် ဂရိတ်တိုင်းပြည်ကိုတိုက်ခိုက်ရာ၌ ကျရှုံးခဲ့သော စစ်သူကြီးလည်းဖြစ်၏။သူသည် ဂရိတ်တိုင်းပြည်မှ ပြန်ရောက်လာသည်နဲ့ သူ၏အဆင့်တက်နိုင်ရန်အပြင်းထန်ကြိုးစားတော့၏။ထို့ကြောင့် သူ၏အဆင်သည် ဒိုင်းမွန်းနောက်ဆုံးအဆင့်၌ရောက်ရှိနေပြီဖြစ်၏။ အရိုးခြောက်စစ်သည်တော်များသည် နေရာအနှံ၌ပေါ်လာပြီး တိုက်ခိုက်ကြ သည်က သူ့အား ကြီးစွာသော ပြသနာဖြစ်စေသည်ဖြစ်၏။ထိုတိုက်ခိုက်မှုများ ကြောင့် ကြီးကျယ်ခမ်းနားပါသော အင်ပါယာအတွက်ပင် ခေါင်းကိုက်စရာလို ဖြစ်လာလေ၏။ ထိုအရိုးခြောက်များသည် ဘာနဲ့တိုက်ခိုက်ခိုက် မတိုးသည်က အတော်ပင် အကြပ်ရိုက်စရာကောင်းသော ပြသနာတစ်ရပ်ပင်ဖြစ်၏။ ထိုအရိုးခြောက်စစ်သည်များသည် မိမိတို့အင်ပါယာလက်အောက်၌ ရှိသော လက်အောက်ခံနယ်မြေများကို တိုက်ခိုက်ကြသောအဖြစ်ကပို၍ပင် ဆိုးဝါး နေ၏။ ထိုလက်အောက်ခံနယ်မြေများမှ ထိုသို့တိုက်ခိုက်မှုများကြောင့် ထွက်ပြေးရ သူကထွက်ပြေးကြရသလို အကူညီတောင်းသူကတောင်း၏။ အကူညီတောင်းသောနေရာအား အကူညီပေးချင်ပါသော်လည်း ထိုအရိုး ခြောက်စစ်သည်များသည် မိမိတို့စွန်ရဲအင်ပါယာကိုလည်း တိုက်ခိုက်လာ ပြန်၏။ ထိုအခါ အကူညီပေးနိုင်ခြင်းမရှိတော့ပဲ မိမိတို့ကိုတိုက်ခိုက်လာသော အရိုး ခြောက်စစ်သည်များကိုသာ ပြန်လည်ခုခံနေရင်း ဒုက္ခများနေသည်ဖြစ်၏။ အရိုးခြောက်စစ်သည်များသည် မသေမျိုးအမျိုးနွယ်ဝင်ဖြစ်ရာ ပို၍ပင် ခေါင်းခဲရလေ၏။ဘယ်လိုသတ်သတ်မသေသောကြောင့် လက်ရှိသူလုပ် နိုင်သည်ကတော့ ခုခံရုံသာဖြစ်လေ၏။ ကံကောင်းထောက်မှစွာပင် ထိုအရိုးခြောက်စစ်သည်များသည် မီး ကြောက်သည်ကိုတွေ့ရှိသောကြောင့် မီးများအသုံးပြု၍ ခုခံနေနိုင်ခြင်းပင် ဖြစ်လေ၏။ထိုသို့မဟုတ်ပါက ခုခံ၍ပင်ရမည်မဟုတ်ပေ။ "စစ်သူကြီး အခြေနေမကောင်းတော့ဘူး" . စွန်ရဲအင်ပါယာ၏ပရောဟိတ်တစ်ယောက်မှ ပြေးလာပြီး ပြော၏။ "ဘာတွေဖြစ်နေလို့တုန်း" "ဒီကိုကြည့်ပါ" ပရောဟိတ်သည် စစ်သူကြီး၏နံရံ၌ ကပ်ထားသော စွန်ရဲအင်ပါယာ၏နယ်န မိတ်ပြသထားသော မြေပုံကို ကြည့်လိုက်၏။ထို့နောက် ဂါထာအနည်းငယ်ဆို လိုက်၏။ထိုအခါ ထိုအင်ပါယာနယ်နမိတ်ပြထားသော မြေပုံသည် ထူးခြားမှု ဖြစ်ပေါ်လာလေ၏။ စွန်ရဲအင်ပါယာ၏နယ်နမိတ်မြေပုံသည် ပထမဆုံး၌ အားလုံးစိမ်းနေ၏။အစိမ်းရောင်ဟူသည် စွန်ရဲအင်ပါယာ၏ပိုင်စိုးသော နယ်ပယ်ကို ဖော်ပြလေ၏။စက္က န့်ပိုင်းအတွင်း၌ နယ်ပယ်တစ်ခုသည် အနီ ရောင်အသွင်ပြောင်းလဲသွားပြီး လက်သီးပုံကြီးပေါ်လာလေ၏။ ထိုသို့သောလက်သီးပုံသည် ထိုမြေပုံ၌သေးငယ်လှသော်လည်း ရဲရဲတောက်ပ နေသည်။ "တောက်" စွန်ရဲအင်ပါယာစစ်သူကြီးတောက်ခေါက်မိ၏။ထိုလက်သီးပုံနေရာသည် မိမိ တို့အား ပုန်ကန်သွားသော ဂရိတ်တိုင်းပြည်ဖြစ်ကြောင်း သိနေသောကြောင့် ဖြစ်၏။ထိုကြောင့် အစိမ်းရောင်သန်းနေသော နယ်မြေ၌အနီရောင်လက်သီး ပုံ ပေါ်လာခြင်းက ခံစားရခက်စေ၏။ "ကျနော် ပြချင်တာ အဲ့တာမဟုတ်ဘူး" ပရောဟိတ်မှ ပြောသည်။သူဆိုလိုရင်းသည် ဒီထက်ကြီးသောပြသနာကိုပြသ လိုသည်ဖြစ်၏။သူ၏အစွမ်းဖြင့် စွန်ရဲနယ်မြေကို ပြသနေခြင်းလည်းဖြစ်၏။ "ဟင်" ပုရောဟိတ်ပြောသလိုပင် အစိမ်းရောင်သန်းနေသော နယ်မြေသည် လုံးဝ ပြောင်းလဲသွားလေတော့၏။အစိမ်းရောင်သန်းနေသော နယ်မြေများသည် ချက်ချင်းဆိုသလို မြူခိုးများဖုံးလွှမ်းလာပြီး မြေပုံပေါ်၌ အရိုးခြောက်ပုံစံ များသည် နေရာအနှံပေါ်ပေါက်လာလေ၏။ ထိုမြူခိုးများနဲ့အရိုးခြောက်ပုံစံများသည် နေရာတိုင်း၌ပေါ်ပေါက်လာရာ အစိမ်းရောင်သန်းသောနေရာဟူ၍ စွန်ရဲအင်ပါယာနယ်မြေသာ ကျန်ရှိ တော့၏။ "ဟင်...မဖြစ်နိုင်တာ" မြူခိုးများနဲ့အမဲရောင်သန်းနေသော နယ်မြေများသည် ချက်ချင်းဆိုသလို အစိမ်းရောင်သန်းရာမှ ပျောက်ကွယ်သွားပြီး လုံးဝအမဲရောင်အသွင်သို့ ပြောင်းလဲသွား၏။ အမဲရောင်သန်းပြီးသွားသောနယ်မြေများက များစွာဖြစ်ပေါ်လာသလို အစိမ်း ရောင်ပျောက်ကွယ်ပြီး အညိုရောင်သန်းနေသော နယ်မြေများလည်း ဆက်တိုက်ပေါ်ပေါက်လာလေ၏။ ထိုသို့ဖြစ်ပေါ်ခြင်းသည် ကောင်းသောအကြောင်းရာမဟုတ်ကြောင်း စစ်သူကြီးသိလိုက်၏။ "အဲ့ဒါဘာဖြစ်လို့အဲ့လိုဖြစ်တာလဲ" သူသည် အညိုရောင်နဲ့အမဲရောင်၏အဓိပ္ပါယ်ကို မသိသောကြောင့် ပုရောဟိတ်အားမေး၏။ "အမဲရောင်ဆိုတာ အဲ့တိုင်းပြည်လုံးဝဖျက်စီးခံလိုက်ရတာကိုပြောတာ ပါ...အညိုရောင်ဆိုတာက တစ်တိုင်းပြည်လုံး ရှောင်တိမ်းထွက်ပြေးကြရတာ ကို ပြောတာပါ" ထိုစကားကြောင့် စစ်သူကြီး တုန်လှုပ်သွား၏။မကောင်းသောအဖြစ်ဆိုးများ ဆက်တိုက်ဖြစ်ပေါ်နေပြီမဟုတ်ပါလား။ "အဲ့လိုဖြစ်လာလို့ စစ်သူကြီးကိုလာပြောတာပါ...ကျနော်တို့ဘယ်လိုဆက်လုပ် ကြမလဲ" ပုရောဟိတ်လည်း ခေါင်းစားနေလေ၏။မြေပုံက်ိုကြည့်တိုင်း အစိမ်းရောင် သန်းသောနယ်မြေဟူ၍ စွန်ရဲအင်ပါယာနယ်မြေသာကျန်၏။ထိုအစိမ်းရောင် ပင် အနည်းငယ်ဖျော့တော့နေပြီဖြစ်၏။ထိုသို့ဖြစ်ရခြင်းက သူ၏လက်အောက်ခံနယ်မြေများကို ဆုံးရှုံးလိုက်ရသောကြောင့်လည်း ဖြစ်၏။ လက်အောက်ခံနယ်မြေများနေရာတွင်လည်း အမဲရောင်များနဲ့အညိုရောင် များသာ ပေါလေ၏။နောက်ထပ်ပေါသောအရာဟူ၍ မြူခိုးများနဲ့အရိုးခေါင်း ပုံစံအမှတ်သားများသာဖြစ်ပေ၏။ "ဟင်...ဘယ်လိုဖြစ်ပြီး" "ဘာဖြစ်လို့လဲ ပရောဟိတ်ရဲ့" စစ်သူကြီးသည် ခေါင်းခဲနေရာမှ ပုရောဟိတ်၏အသံကြောင့် မေးမြန်း လိုက်၏။ပုရောဟိတ်၏အမူရာက မြေပုံကိုသာ ကြည့်နေသောကြောင့် သူ လည်းကြည့်လိုက်လေ၏။ ကြည့်လိုက်သောအခါ အညိုရောင်သန်းနေသော နယ်မြေတစ်ခုသည် ပြန်လည်တောက်ပလာသည်ကိုမြင်လိုက်ရလေ၏။ထိုသို့တောက်ပလာသော သဘောက ထိုနယ်မြေပြန်လည်ရှင်သန်လာသည်ဟူသော အဓိပ္ပါယ်ဖြစ် လေ၏။ထိုနယ်မြေပြန်လည်ရှင်သန်လာသည်နဲ့ ထိုနယ်မြေနား၌ ရှိနေသော မြူခိုးများနဲ့အရိုးခေါင်းအမှတ်သားများလည်း ပျောက်ကွယ်သွားကြောင်းပါ တွေ့ရလေ၏။ထိုနယ်မြေသည် အဆင့်ငါးဖြစ်သော စတေ့တိုင်းပြည်မှန်းသိ လိုက်၏။ "ကောင်းတယ်....." စစ်သူကြီးသည် ပြန်လည်ရှင်သန်လာသောအဆင့်ငါးနယ်မြေတစ်ခုကြောင့် အားအင်များတက်လာလေ၏။သို့သော် ထိုနယ်မြေ၏အဆုံးသတ်အရောင် ကြောင့် ကြောင်တောင်တောင်ဖြစ်သွားရလေ၏။ ထိုစတေ့နယ်မြေသည် အညိုရောင်မှ တောက်ပလာပြီး နောက်ဆုံး၌ အနီ ရောင်သန်းနေသောလက်သီးတစ်လုံးအသွင်သို့ပြောင်းလဲသွားသောကြောင့် ဖြစ်၏။ဆိုလိုချက်သည် ထိုတိုင်းပြည်သည် ဂရိတ်တိုင်းပြည်လက်အောက်ကျ ရောက်သွားသည် ဟူသောအဓိပ္ပါယ်ဖြစ်သည်။ "ဘယ်လိုဖြစ်ကုန်တာလဲ" နောက်ထပ်သော စကားပင်မဆုံးသေးပေ။ထူးဆန်းသော အဖြစ်ပျက်များ ထပ်မံဖြစ်ပေါ်လာလေ၏။ဂရိတ်တိုင်းပြည်အနီး၌ ရှိကုန်သော မြူခိုးများနဲ့ အရိုးခေါင်းပုံစံအမှတ်သားများသည် ချက်ချင်းပင်ပျောက်ကွယ်သွားကြ လေ၏။ ထိုပျောက်ကွယ်သွားသော နေရာတိုင်းတွင်လည်း အနီရောင်များက သန်းလာ လေ၏။ထိုသို့သော အဓိပ္ပါယ်သည် ဂရိတ်တိုင်းပြည်မှ စတင်ပြီး နယ်ပယ် ချဲ့ထွင်နေကြောင်း ဖြစ်သည်။ဂရိတ်တိုင်းပြည်မှ ထိုသို့ရုတ်ခြည်းလုပ်ဆောင် မှုကြောင့် စစ်သူကြီး ကြောင်အသွားရပြန်၏။ ထိုတိုင်းပြည်သည် ဂျိတ်လက်ထက်မှစတင်၍ တစ်ခုခုပြီးတစ်ခုဆန်းကြယ်မှု များပြုလုပ်နေသောကြောင့်ဖြစ်သည်။ထို့ကြောင့်...စစ်သူကြီးသည် ပရောဟိတ်ဘက်လှည့်ကာ "သွား...မင်းကြီးကို အခုကိစ္စအဖြစ်ပျက်တွေကို အကျိုးကြောင်းသွားလျောက်ထားချေတော့" ပြောကြားပြီး သူကိုယ်တိုင်ကတော့ မြို့ရိုးနားရောက်ရှိလာသော အရိုးခြောက် စစ်သည်များကို ခုခံရာ၌ သွားရောက်ပါဝင်တိုက်ခိုက်တော့မည်ဖြစ်၏။ "စစ်သူကြီး အရှင်မင်းကြီးက ပြောလာတယ်...သူ့သမီးတော်ပျောက်သွားလို့ တဲ့" "ဘာ" ထိုစကားကြောင့် အရိုးခြောက်စစ်သည်များအားတိုက်ခိုက်ရန်သွားသော စစ်သူကြီး မျက်လုံးပြူးကာထိတ်လန့်သွား၏။ထိုသမီးတော်သည် သူ၏သမီး တစ်ယောက်လိုချစ်ခင်ရသည်မဟုတ်ပါလား။ထိုသမီးတော် ပျောက်ဆုံးသွား ခြင်းက သူရင်အား ပြင်းစွာသောဝေဒနာကို ဖြစ်ပေါ်စေလေ၏။ "ချက်ချင်းအမိန့်ပေးတယ်....မင်းသမီးကိုရှာကြစမ်း" ........... ကောင်းကင်ယံ၌ ကြီးမားသော စွန်ရဲကြီးတစ်ကောင်သည် ဝဲပျံနေလေသည်။ ထိုစွန်ရဲကြီးပေါ်၌တော့ လူတစ်ယောက်သည် ထိုင်လျက်ရှိလေ၏။ထိုသို့ထိုင် နေသောလူသည် ထူးဆန်းသည်မှာ ယောကျ်ားလေးမဟုတ်ပဲ မိန်းကလေး ဖြစ်နေသောကြောင့်ဖြစ်၏။ ထိုမိန်းကလေး၏မျက်လုံးများ၌ တစ်စုံတစ်ခုကို အလိုအမင်းရှာဖွေလိုစိတ် ပြင်းပြနေဟန်ပေါ်ပေါက်လေ၏။ထိုမိန်းကလေးသည် တစ်ခြားသူမဟုတ်ပဲ စွန်ရဲအင်ပါယာမှမင်းသမီးပင်ဖြစ်လေ၏။ မင်းသမီးလေးသည် အကြောင်းရင်းတစ်ခုကြောင့် အရဲစွန့်ပြီး မိမိ၏အင်ပါ ယာနယ်မြေမှထွက်ပြေးလာခဲ့ခြင်းဖြစ်လေ၏။သူ၏လိုအပ်သော ရိက္ခာအစုံ လင်ထည့်လာပြီး ထွက်သွားကြောင်း စာရေးကာ ထွက်ပြေးလာသည်လည်း ဖြစ်လေသည်။ သူသည် လက်ရှိစွန်ရဲအင်ပါယာမှ ကြီးမားသောစွန်ရဲကြီးကိုစီးပြီး အရပ်တစ် ခုသို့ သွားနေခြင်းဖြစ်၏။သူမ သွားနေသောအရပ်၌ ရှိနေသောတိုင်းပြည် သည်ကား ဂရိတ်တိုင်းပြည်ပင်ဖြစ်လေ၏။
(333)စတင်လွှမ်းမိုးပြီ
"အား......ကယ်ကြပါဦး" ငရဲတမျှသွေးပျက်ခြောက်ခြားဖွယ်ရာ အသံများကထွက်ပေါ်လာလေ၏။ ကမ္ဘာပျက်သည့်နှယ်ပင် ခြောက်ခြားဖွယ်ရာအသံများနဲ့ကြောက်လန့်ငိုယို အော်ဟစ်သံများသာ နေရာတိုင်း၌ပြည့်နှက်နေ၏။ "ပြေးကြဟေ့..ပြေးကြ" လူအုပ်ကြီးက ကြောက်လန့်စွာဖြင့် ပြေးလွှားနေကြလေ၏။သူတို့ပြေးလွှား နေသောနောက်၌ အရိုးခြောက်စစ်သည်များသည် တစ်လှမ်းခြင်းလှမ်းလာ နေ၏။ထိုအရိုးခြောက်စစ်သည်များသည် သောင်းဂဏန်းအရေတွက်မျှရှိ၏။ သူတို့နဲ့ထိမိသောလူတိုင်းသည် အရိုးခြောက်စစ်သည်ဘဝသို့ ရောက်ရှိသွား သောကြောင့် လူတိုင်း မိမိတို့လွတ်မြောက်နိုင်စေရန်သာကြိုးစားနေကြ၏။ "အမေရေ သမီးကိုကယ်ပါဦး" ကလေးမလေးတစ်ယောက်သည် သူ၏ရင်ခွင်ထဲ၌ အရုပ်လေးတစ်ရုပ်ကို ပွေ့ဖက်သွားပြီး လမ်းပေါ်၌ငိုယိုအော်ဟစ်နေ၏။ထိုကလေးမလေးအား ဂရုစိုက်မည့်သူမရှိကြပေ။လူတိုင်း ထိုကလေးမလေးအား ရှောင်ကွင်း ပြေးလွှားသွားကြလေသည်။ "သမီးလေး...မငိုနဲ့အမေလာပြီ" ထိုကလေးမလေး၏မိခင်ဖြစ်ဟန်တူသည့် အသက်လတ်ပိုင်းအရွယ်မိန်းမ သည် သူမ၏ကလေးငယ်နားရောက်သွားရန် ကြိုးစားနေ၏။သူမသည် ကလေးငယ်လေးအနားရောက်ရန် အားထုတ်ပါသော်လည်း မရောက်နိုင်ပေ။ သူမ၏ကလေးငယ်အနားရောက်လိုပါက သူမသည်လူအုပ်ကြီး၏ပြေးလွှား ရာနဲ့ ဆန့်ကျင်ဖက်လားရာသို့ သွားရသည်ဖြစ်၏။ထိုသို့သွားပြီး သူမ၏ကလေးငယ်အနားရောက်အောင် ကြိုးပမ်းသော်လည်း ပြေးလွှားနေ သော လူအုပ်ကြီး၏ထုထည်ကို ထိုးဖောက်နိုင်ခြင်းမရှ်ိပေ။ထို့ကြောင့် ကလေးငယ်အနားမရောက်နိုင်ပဲ ရှိနေ၏။ "ကျမရဲ့ကလေးကို ကယ်ပေးကြပါဦး" စိုးရိမ်ဗျာပါဒများနေသော မိခင်သည် ကလေးငယ်နားမရောက်နိုင်သော ကြောင့် မည်သို့ဆက်လက်လုပ်ကိုင်ရမည်မသိတော့ပဲ ထိုင်ချကာ ငိုကြွေးနေ လေ၏။ သူမ၏ကလေးငယ်အနားသို့လည်း အရိုးခြောက်စစ်သည်များသည် တ ဖြေးဖြေးဖြင့်နီးကပ်လာပြီဖြစ်၏။ "ငါ့သမီးလေး..." အရိုးခြောက်စစ်သည်နဲ့မည်မျှမှ မဝေးတော့သော သမီးငယ်လေးကိုကြည့်ပြီး တုန်လှုပ်ခြောက်ခြားနေမိ၏။ "အမေ....ရေ..." ကလေးမလေးကလည်း အရုပ်လေးကိုဖက်ထားပြီး ငိုကြွေးနေလေ၏။ထိုစ ဥ် အရိုးခြောက်စစ်သည်များသည် ကလေးမလေးအနားရောက်လာပြီး ဓားဖြ င့်ခုတ်မည်အပြု လူတစ်ယောက်သည် ကလေးမရှေ့သို့ရောက်လာပြီး အရိုးခြောက်စစ်သည် များဖက်သို့ တူဖြင့်ရိုက်ချလိုက်လေ၏။ "ဂျိန်းး.................." မိုးကြိုးလျှပ်စီးများကျရောက်လာပြီး ရှိနေသော အရိုးခြောက်စစ်သည်များကို ပြာမှုန့်ဘဝသို့ ပြောင်းလဲပေးလိုက်၏။ "ဟင်...ဟာ....." ပြေးလွှားနေသောလူတိုင်း ကြောက်လန့်တုန်လှုပ်သွားကြလေ၏။ရုတ်ခြည်း ထွက်လာသော လူတစ်ယောက်နဲ့ မိုးကြိုးလျှပ်စီးများက သူတို့အား ကြောက် လန့်စေရန် လုံလောက်နေပြီဖြစ်၏။မိုးကြိုးလျှပ်စီးများကင်းစင်သွားသော အခါ လူတိုင်းသည် ဘေးဘီဝဲယာကို ပြန်လည်ကြည့်ရှုလိုက်ကြလေ၏။ "ဟင်" လူတိုင်း အံသြကြ၏။သူတို့နောက်အားလိုက်လာသော အရိုးခြောက်စစ်သည် များသည် လက်ရှိအချိန်၌ လုံးဝပျောက်ကွယ်သွားသောကြောင့် ဖြစ်၏။ "ကလေး အဆင်ပြေလား" တူကိုင်ထားသော လူမှ ငိုကြွေးနေသော ကလေးငယ်လေး၏ပါးပြင်မှ မျက်ရည်များကို သူ၏လက်ဖြင့်သုတ်ပေး၏။ထိုအခါမှ ငိုကြွေးနေသော ကလေးမလေးသည် မိမိမျက်ရည်သုတ်ပေးသော လူကိုကြည့်လိုက်၏။ ကြည့်လိုက်သော ဥပတိရုပ်တည်ကြည်ခန့်ငြားသောလူသည် တူကိုင်ထားပြီး မိမိအား စိုးရိမ်နေကြောင်းတွေ့ရလေ၏။ "ဟုတ်...အဆင်ပြေပါတယ်..ဦးဦး" "လိမ္မာလိုက်တာ...ရော့....ချိုချဥ်စား" တူကိုင်ထားသောလူမှ ယုန်ပုံစံချိုချဥ်လေးအား ကလေးမလေးကို ကြွေး၏။ ကလေးမလေးသည်လည်း လှပသောယုန်ပုံစံရှိသော ချိုချဥ်ကြောင့် ငို နေသည်ပင် မော့လျော့သွားကာ ချိုချဥ်ကိုသာ စိုက်ကြည့်နေ၏။ "တော်သေးတယ် မေမေ့ကလေးလေး....." ကလေးအမေဖြစ်သူရောက်ရှိလာပြီး ထိုကလေးမလေးအား အားပါးတရ ပွေ့ဖက်လိုက်ပြီး ငိုကြွေးလေ၏။ "ကျေးဇူးပါ.....အသက်သခင်ကျေးဇူးရှင်ကြီး" ကလေးအမေသည် တူကိုင်ထားသောလူအား ကျေးဇူးတင်ပြီးလျှင် သူမ၏ကလေးငယ်ကို ပွေ့ဖက်ထား၏။သူမသည် ထိုလူသာ မကယ်ပါက သူမ၏ကလေးငယ်ကို ထာဝရလက်လွတ်ဆုံးရှုံးလိုက်ရတော့မည်ဖြစ်၏။ "အားလုံးပဲ... နားထောင်ပေးကြပါ" တူကိုင်ထားသောလူသည် လူအုပ်ကြီးတစ်ခုလုံး ကြားနိုင်လောက်သောအသံ ဖြင့်ဦးစွာ အော်ဟစ်လိုက်၏။ "ကျုပ်က ဂရိတ်တိုင်းပြည်ရဲ့ဘုရင်မင်းမြတ်ပဲ...ကျုပ်အခုလိုကယ်တင်ရတာ က လူအုပ်ကြီးကို အခွင့်ရေးတစ်ခုပေးချင်လို့ပဲ.....အဲ့အခွင့်ရေးက ခင်ဗျာတို့ ကျုပ်ရဲ့တိုင်းပြည်လက်အောက်ခံ အဖြစ်နေပေးဖို့ပါပဲ...အဲ့လိုနေမယ်ဆိုရင် အခုလိုအဖြစ်ဆိုးကနေ ကာကွယ်ပေးမယ်.ပြီးရင် လူတိုင်းလူတန်းစေ့ တန်းတူစားသောက်နေထိုင်ခွင့်အခွင့်ရေးရရှိမယ်.." "မနေဘူးဆိုရင်ကော" လူအုပ်ကြီးထဲမှ တစ်ယောက်မေးလာ၏။ "ဒါဆိုရင်တော့ နောက်ထပ်အရိုးစုစစ်သည်တွေလာရင်တော့ ခင်ဗျားကံပေါ့" ဂျိတ်၏ပြတ်သားလှသော အသံကြောင့် လူအုပ်ကြီးငြိမ်ကြသွားလေ၏။မိမိ တို့သည် ဂရိတ်တိုင်းပြည်၏လက်အောက်ခံအဖြစ်မနေလိုကြပေ။အကြောင်း မှာ ဂရိတ်တိုင်းပြည်သည် မိမိတို့ကြားသည့်အတိုင်းဆိုပါက နာမည်ဆိုးဖြင့် ကျော်ကြားသောတိုင်းပြည်ဖြစ်သောကြောင့်ဖြစ်၏။ ခက်သည်က ဂရိတ်တိုင်းပြည်ကဲ့သို့လာရောက်ကယ်တင်ပေးမည့်သူမရှိသည့် အပြင် ထိုသို့ရဲရဲတောက်စကားပြောမည့်သူက မရှိသည်ဖြစ်၏။ "လက်အောက်ခံအဖြစ်နေမယ်ဆိုရင် တကယ် ကာကွယ်ပေးမှာလား" ကလေးအမေမှအရင်ဆုံးပြောကြား၏။သူသည် ဂျိတ်အား ကြည့်ပြီးပြော ခြင်းဖြစ်၏။ "စိတ်ချပါ..ကျုပ်တိုင်းပြည်လက်အောက်ခံဖြစ်လာရင် ဘေးအန္တရာယ်တွေ မဲ့ တစ်ပေါက်တောင်မစွန်းစေရဘူး" "ကောင်းပြီ...ဒါဆိုကျမတို့မိသားစုဝင်မယ်" ကလေးအမေမှ ပြောကြားလိုက်၏။ထိုအခါ ဂျိတ်မှခေါင်းညိတ်ပြီး "ကြိုဆိုပါတယ်...." ကြိုဆိုလိုက်၏။ကလေးအမေဖြစ်သူမှ ဝင်ရောက်သွားသောအခါ ကျန်သော လူများလည်း တွေဝေကုန်ကြလေ၏။ဝင်ရမည်လား မဝင်ရမလားဟူသော အတွေးဖြင့်များစွာပင်။ "ဝင်မယ်ကွာ....အနည်းဆုံးတော့...ငါတို့အရိုးခြောက်ဘေးရန်ကနေ အသက်ထွက်မတတ်မပြေးရတော့ဘူးပေါ့ကွာ" လူတစ်ချို့မှ စိတ်ပါလာပြီး ဝင်ရောက်ရန်ဆုံးဖြတ်လိုက်ကြလေ၏။ "ဝင်နေ..တော်ကြာ...စွန်ရဲအင်ပါယာကသိပြီး အပြစ်ပေးမှာမကြောက်ဘူး လား" တစ်ချို့သောလူများကလည်း ဝင်ရောက်လိုသောလူများအား ဟန့်တားကြ၏။ "ဟ..ရယ်ရတယ်...စွန်ရဲအင်ပါယာအပြစ်ပေးမှာကြောက်ရမှာလား...သူအပြစ် မပေးခင်...ငါတို့အရင်သေ သွားမှာဟ...ငါတော့အသက်ရှင်ချင်သေး တယ်..သူတို့အပြစ်ပေးတာကနောက်မှ" "အေးလေ...စွန်ရဲအင်ပါယာက ငါတို့ကိုလာပြီးမကယ်တာကို မင်းက မျှော်လ င့်နေသေးတယ်" "ပြီးတော့ စဥ်းစားနော်..အစောက မိုးကြိုးလျှပ်စီးတွေက " ထိုအခါမှ လူအုပ်ကြီးသည် အစောပိုင်း၌ တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်လည်မြင်တွေ့လာကြလေ၏။ထိုအခါလူအုပ်ကြီးသည်လည်း နောက်ဆုံး၌ ဂရိတ်တိုင်းပြည်လက်အောက်ခံအဖြစ်နေရန်သာ ရွေးချယ်လိုက်ကြလေ၏။ ဒါမှလည်း မိမိတို့အသက်ရှင်သန်ခွင့်ရကြမည်ဖြစ်သောကြောင့်ဖြစ်၏။ ဂျိတ်ကလည်း ရွေးချယ်စရာတစ်နည်းသာပေးထား၏။မိမိလက်အောက်ခံ ဖြစ်ပါက ကာကွယ်ပေးမည် မဟုတ်ပါက ကိုယ်ထိုက်နဲ့ကိုယ့်ကံသာဖြစ်၏။ ဟူသော ရွေးချယ်စရာသာ။အရိုးခြောက်စစ်သည်များရှိသော ကပ်ဆိုး၌ ထိုသို့သောရွေးချယ်မှုက တကယ့်ကိုနံဘေးကပ်ကြပ်ခက်ခဲစေ၏။ ဂျိတ်လည်း ထိုလူအုပ်ကြီးကိုကြည့်ပြီး... "ကြိုဆိုပါတယ်..ပြည်သူအပေါင်းတို့" ဤသည်ကား ဂျိတ်၏လက်အောက်ခံနယ်မြေချဲ့ထွင်ပုံဖြစ်၏။ခက်ခဲနေသော အချိန်၌အခွင့်ရေးတစ်ခုသာပေးခြင်းဖြင့်မိမိ၏အုပ်ချုပ်မှုနယ်မြေကို မြန်ဆန်စွာချဲ့ထွင်ခြင်းလည်းဖြစ်၏။ စွန်ရဲအင်ပါယာလည်း ကပ်ဆိုးကြောင့် ခက်ခဲနေချိန်၌ ထိုအချိန်ကိုအခွင့် ကောင်းယူကာ မိမိ၏နယ်မြေကိုလည်း ချဲ့ထွင်ခြင်းလည်းဖြစ်၏။ ထိုသို့လှုပ်ရှားသည်မှာ ဂျိတ်တစ်ယောက်တည်းမဟုတ်ပဲ ဂရိတ်တိုင်းပြည် တပ်စုတစ်ခုလုံး လှုပ်ရှားနေကြခြင်းဖြစ်၏။ အရိုးခြောက်ကပ်ဆိုးဆိုက်ရောက်သောနေရာတိုင်းသို့ ဂရိတ်တိုင်းပြည် စစ်သည်တော်များရောက်ရှိလာပြီး တိုက်ခိုက်ကယ်တင်ကြ၏။ထို့နောက် ဂျိ တ်ကဲ့သို့ပင် အခွင့်ရေးတစ်ခု ပေး၏။ မိမိတိုင်းပြည်လက်အောက်ခံဝင်သူများအား ကယ်တင်ပေးသလို မဝင်သော သူများအားလည်း အတင်းကြပ်ဝင်စေခြင်းမပြုပေ။မဝင်သောသူများကို တော့ ကာကွယ်ခြင်းမပြုပေးရုံသာဖြစ်၏။ထိုသို့လုပ်ဆောင်ခြင်းက အလွန် ပင်ထိရောက်ကြောင်းကို တွေ့ရှိလိုက်ရလေ၏။နယ်မြေဆယ်ခုရှိပါက ထိုသို့ သော နည်းသုံးသောအခါ နယ်မြေရှစ်ခုသည် ဂရိတ်တိုင်းပြည်လက်အောက် သို့ခိုလှုံကြလေ၏။ ဤသို့ဖြင့် ဂရိတ်တိုင်းပြည်သည် မြန်ဆန်စွာပင် စတင်အင်အားကြီးမားလာ လေတော့၏။