အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
(334)ခြောက်ခြားဖွယ်ရာ ကပ်ဆိုးကောင်
"အရှင်မင်းကြီး ဖြစ်ရပ်ကတော့ အခုလိုပါပဲ" ပုရောဟိတ်ကြီးသည် သူ၏လျှောက်စရာရှိသောအကြောင်းရာစုံအောင် လျှောက်ပြီးလျှင် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏ရှေ့၌ရှိနေသောသူသည် စွန်ရဲအင်ပါယာ၏ပြည့်ရှင်မင်းမြတ်ဖြစ် လေ၏။ထူးခြားသည်ကတော့ သူ၏အော်ရာသည် ပြောင်းလဲထူးခြားနေ လေ၏။ယခင်က ဂျိတ်နဲ့တိုက်ခိုက်ခဲ့စဥ်က အော်ရာနဲ့လုံးဝတူညီမှုမရှိပဲ ပိုမို အစွမ်းထက်ပြီး ပို၍ပင်ပြင်းထန်လေ၏။ လက်ရှိ၌ စွန်ရဲအင်ပါယာပြည့်ရှင်၏အာရုံသည် သူ၏ရှေ့၌ရှိသော မြေပုံပေါ် သို့ ကျရောက်နေလေ၏။ထိုမြေပုံသည် သာမန်မြေပုံလိုမဟုတ်ပဲ ပုရောဟိတ် ကြီးမှ စစ်သူကြီးအား ပြသစဥ်ကလိုပင် အရောင်များစွာဖြင့် ပုံဖော်ထားသည် လည်းဖြစ်၏။ ထိုသို့ပြသပေးသော မြေပုံကို နယ်မြေကြည့်ရှူရေးမြေပုံအဖြစ်လည်း သတ်မှတ်၍ ရနိုင်ပေသည်။ထိုမြေပုံတွင် ယခင်ကထက် များစွာပြောင်းလဲ သွားသည်ကို တွေ့မြင်ရမည်ဖြစ်၏။ "အရှင်မင်းကြီး....ကျနော်တို့ရဲ့နယ်စပ်က မြို့နှစ်မြို့ဆုတ်ခွာလိုက်ရပါပြီ" သတင်းပို့ဆတ်သားမှ စွန်ရဲအင်ပါယာပြည့်ရှင်၏ရှေ့တော်မှောက်သို့ ရောက် ရှိပြီး သတင်းတင်ပြ၏။ "ကောင်းပြီ ငါသိတယ်..." စွန်ရဲပြည့်ရှင်မှ ထိုဆတ်သားအား ပြန်လည်စေလွတ်လိုက်ပြီးလျှင် သူ၏အာရုံကို မြေပုံပေါ်သို့ ပြန်ထားလိုက်၏။ "ဟူး....နှစ်မြို့မဟုတ်ဘူး....သုံးမြို့ပဲ" သူသည် မြေပုံကိုကြည့်ပြီး ပြောလိုက်သည်။မြေပုံ၌ သူ၏နယ်နမိတ်မှ မဲ မှောင်သွားသော မြို့နှစ်မြို့အပြင် နောက်ထပ်မဲမှောင်လုနီးဖြစ်နေသော မြို့တစ် မြို့ကိုပါ မြင်နေရသောကြောင့်ဖြစ်၏။ထိုကျရှုံးသွားသော မြို့သုံးမြို့၌ အရိုး ခြောက်စစ်သည်များ၏ပုံစံများကပေါ်နေ၏။ထို့ကြောင့် ကပ်ဆိုးများကြောင့် ကျရှုံးခြင်းဖြစ်ကြောင်း သိစေသည်။ ပုရောဟိတ်၏အစွမ်းကြောင့်သာ ယခုလိုမြန်ဆန်စွာသိရှိနေခြင်းဖြစ်ကြောင်း ပြည့်ရှင်မင်းမြတ်သိ၏။နောက်တစ်မြို့ပါ ကျရှုံးကြောင်းကို သတင်းပို့ ဆတ်သားသည် နောက်တစ်နာရီကြာမှသာ သတင်းပို့နိုင်မည်ဖြစ်၏။ လက်ရှိတွင် စွန်ရဲအင်ပါယာပြည့်ရှင်သည် အလိုမကျဖြစ်ပျက်နေ၏။ သူ၏အင်ပါယာနယ်မြေမှ မြို့သုံးမြို့ကျရှုံးသွားခြင်းကြောင့်တော့ မဟုတ်ပဲ တစ်ခြားသောအကြောင်းရာကြောင့် ဖြစ်၏။ "ဒီတစ်သက်တော့ အဆင်ပြေမယ်မထင်ဘူး...ဂရိတ်တိုင်းပြည်" ဟုတ်ပေသည်။သူအလိုမကျသည်ကတော့ ဂရိတ်တိုင်းပြည်ကိုပင်ဖြစ်သည်။ ဂရိတ်တိုင်းပြည်သည် သူပိုင်စားရသောနယ်မြေများစွာဖြင့် နှိုင်းယှဥ်ပါက အလွန်ပင်သေးငယ်လှ၏။ထိုသေးငယ်သော တိုင်းပြည်လေးက လက်ရှိ၌သူ၏မျက်တောင်မွှေးပေါ်၌ လမ်းလျှောက်နေသည်ဟုခံစားရ လေ၏။ လက်ရှိမြေပုံတွင်ပေါ်လာသော ဂရိတ်တိုင်းပြည်၏အနီရောင်လက်သီးအမှတ် သားသည် တဖြေးဖြေးဖြင့် ကြီးထွားလာလေ၏။လက်ရှိ၌ မည်မျှအထိ ကြီး ထွားလာသနည်းဆိုပါက စွန်ရဲအင်ပါယာ၏နှစ်ဆယ့်ခြောက်ပုံလျှင်တစ်ပုံပင်မ ရှ်ိသော ဂရိတ်တိုင်းပြည်၏နယ်မြေသည် လက်ရှိ၌ ရှစ်ပုံလျှင်တစ်ပုံအထိကြီး ထွားလာခဲ့ပြီဖြစ်၏။ ထိုမျှကြီးထွားနှုန်းသည် တစ်လဟူသောကာလတာအတွင်း ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ဆက်လက်ကြီးထွားမည့်ပုံလည်းရှိနေသေး၏။ထို့ကြောင့် စွန်ရဲအင်ပါ ယာပြည့်ရှင်သည် အလိုမကျဖြစ်နေခြင်းဖြစ်၏။ "ကပ်ဆိုးကို တားဆီးမဲ့နည်းလမ်းတွေဆက်လက်ရှာဖွေပါ..ဂရိတ်တိုင်းပြည် ကိစ္စကတော့ ဒါပြီးမှ ကိုင်တွယ်မယ်" စွန်ရဲပြည့်ရှင်မှ လုပ်ဆောင်ရမည့်အစီစဥ်များကို ညွှန်ကြား၏။အရင်ဆုံး ကပ် ဆိုးဘေးကို ကိုင်တွယ်ပြီးမှသာ ဂရိတ်တိုင်းပြည်၏အာဏာစက်ကျယ်ပြန့်လာ မှုကို အပြစ်ပေး လုပ်ဆောင်မည်ဖြစ်၏။ "အော်.... ငါ့သမီး..အရွယ်ရောက်တာနဲ့..အတောင်ဖြန့်ပြီး လျှောက်သွားချင် သပေါ့လေ" စွန်ရဲပြည့်ရှင်သည် နန်းတော်မှထွက်ပြေးသွားသော သမီးတော် အကြောင်းပြန်တွေးပြီး.... "သားတော်တွေကို ပြောလိုက်....သမီးတော်လေးကို ရှာတွေ့ပြီး ပြန်ခေါ်လာ နိုင်ရင်...ထီးနန်းကိစ္စဆက်လက်စဥ်းစားပေးမယ်လို့" "မှန်လှပါအရှင်မင်းကြီး" .............. အရိုးခြောက်စစ်သည်များနဲ့တိုက်ခိုက်ရာ စစ်မြေပြင်တစ်ခု၌...... တစ်ဖက်က သိန်းဂဏန်းမျှရှိသော အရိုးခြောက်စစ်သည်များနဲ့ တစ်ဖက်က လူငါးသောင်းမျှသာရှိသော ဂရိတ်တိုင်းပြည်စစ်တပ် နှစ်ဖက်လုံးက ဆုတ်ခွာခြင်းမရှိ ရင်ဆိုင်တိုက်ခိုက်ကြလေ၏။ "ရဲဘော်တို့ အရိုးခြောက်စစ်သည်များကို နှိမ်နင်းကြဟေ့" "ဟုတ်" ဂရိတ်စစ်သည်များသည် ပြိုင်တူအော်ဟစ်ပြီး ကပ်ဆိုးဖြစ်သော အရိုးခြောက် စစ်သည်များကို သတ်ဖြတ်ကြလေ၏။တပ်စုတစ်စုစီတိုင်းကို ဘာသာရေး အသင်းဝင်များက ဦးဆောင်ကြလေ၏။ သူတို့သည် အလင်းနတ်ဘုရား၏သံတမန်ချပ်ဝတ်တန်ဆာများဆင်ယင်ထား ကြပြီး တပ်စုတိုင်းစီကို အုပ်ချုပ်၍တိုက်ခိုက်ကြလေ၏။သူတို့ကိုယ်ပေါ်၌ မြင့် မြတ်ရေစင်ပုလင်း၊မြင့်မြတ်သော ကျမ်းများ လည်းပါရှိ၏။ သူတို့အုပ်ချုပ်သော စစ်သည်များသည်လည်း ရေစင်တော်များပါရှိပြီး ကိုယ်၌ဆွဲချိတ်ထားကြသလို၊သူတို့၏ဓားများ၊ပုဆိန်များသည်လည်း ဘုရားသခင်၏ကောင်းချီပေးခြင်းခံရပြီး သိဒ္ဓိတင်ထားပြီးသော လက်နက် များဖြစ်ကြသည်။ ထိုသို့လုပ်ဆောင်ထားသောကြောင့် ကြမ်းပေ့ရမ်းပေ့အရိုးခြောက်စစ်သည် များသည် ကြောင်ရှေ့ရောက်သော ကြွက်ငယ်လေးပမာဖြစ်ကုန်ကြလေ၏။ ထိုလက်နက်များကြောင့် အရိုးခြောက်စစ်သည်များသည်သာ များစွာ သေကျေကြလေသည်။ "ဝီး....ဝီး.... ရေစင်များဖြန်းထားသောမြှားချောင်းများစွာသည်လည်း အရိုးခြောက် စစ်သည်များအပေါ်ကျရောက်ကာ လောင်ကျွမ်းပြာချပစ်သည်။ သို့သော်လည်း အရေတွက်များပြားနေသည်ဖြစ်ရာ ဂရိတ်စစ်တပ်ဖက်မှ အရေးမသာလှပေ။ တပ်စုတိုင်းကို အုပ်စိုးရသော ဘာသာရေးအသင်းဝင်လူများဖြစ်သော တပ်မှူးတိုင်းက သူတို့နဲ့အတူပါရှိသော ကျမ်းစာအုပ်ကို ကိုင်ကာဖတ်လိုက်ကြ လေ၏။ "ဘုန်းတော်အလွန်ကြီးကျယ်ခမ်းနားလှပါသော အဖအလင်းနတ် ဘုရား......အဖ၏လက်အောက်ခံဖြစ်သော သားတော်သည် ကပ်ဆိုးကို နှိမ်နင်းနေသည်ဖြစ်၏။ထို့ကြောင့် ရန်သူကို အနိုင်ပိုင်းပြီး လောကသားတို့ အတွက် ငြိမ်းချမ်းရေးယူဆောင်ပေးနိုင်ရန်...အဖဘုရား၏ခွန်အားစွမ်းအား များပေးသနားတော်မှုပါ" ပြိုင်တူရွတ်ဆိုလိုက်ကြလေ၏။ထိုသို့ရွတ်ဆိုလိုက်သည်နဲ့ ကျမ်းစာအုပ်နဲ့ သူတို့ဝတ်ဆင်ထားသော သံတမန်ချပ်ဝတ်တန်ဆာများသည် အလင်းရောင် ပြိုးပြိုးပြက်ပြက်ဖြင့် တောက်ပလာကြသည်။ ထို့နောက် ထိုအလင်းရောင်များသည် ကောင်းကင်သို့တက်ပြီး အလင်းမှုန့် လေးများအဖြစ်ပြန့်ကျဲသွားလေသည်။အလင်းမှုန့်များပြန့်ကျဲရာနေရာသည် ဂရိတ်စစ်သည်များအပေါ်သို့ ဖြစ်၏။ ထိုအလင်းမှုန့်များကျရောက်ခြင်းခံရသော ဂရိတ်တိုင်းပြည်စစ်သည် တိုင်း၏ကိုယ်ရောင်များလည်း တောက်ပလာလေ၏။တောက်ပလာသော စစ်သည်တော်တိုင်းသည် အလင်းနတ်ဘုရား၏ကောင်းချီးကို ရရှိလိုက်ကြ သည်ဖြစ်၏။ "အဖဘုရားက သင်တို့အားကောင်းချီးပေးခဲ့ပြီ...ဆိုးယုတ်လှသော မကောင်းဆိုးဝါးအနွယ်များကို အဖဘုရားဘုန်းတော်အတွက် တိုက်ခိုက် အနိုင်ယူကြပါလော့" တပ်မှူးတိုင်းက သူတို့၏ကျမ်းစာပုဒ်များရေးထိုးသော အလင်းဓားများကို အရိုးခြောက်စစ်သည်တော်များထံ ညွှန်လိုက်သည်နဲ့ "တိုက်ကြ" ကိုယ်ရောင်တောက်ပနေသော စစ်သည်အားလုံး အရိုးခြောက်စစ်သည်များ ကို အနီးကပ်တိုက်ခိုက်လိုက်ကြလေ၏။ကောင်းချီးရရှိပြီးနောက် တိုက်ခိုက် ရသည်က ဂရိတ်စစ်သည်များအတွက် ပိုမိုလွယ်ကူလာလေ၏။ ထိုကောင်းချီးပေးခြင်းခံရသောကြောင့် အရိုးခြောက်စစ်သည်များသည် ဂရိတ်စစ်သည်များနဲ့တိုက်ခိုက်ပါကမိမိတို့၏တိုက်ခိုက်အား50%ထိသာ သုံး နိုင်ခွင့်ရှိသလို ခုခံနိုင်စွမ်းသည်လည်း တစ်ဝက်တိတိအထိ ကျဆင်းသွားရ လေ၏။ထို့ကြောင့် အရိုးခြောက်စစ်သည်များသည် မြန်ဆန်စွာပင် သေကြေ လာကြသည်ဖြစ်သည်။အလင်းနတ်ဘုရား၏ကောင်းချီးက သူတို့အတွက် တော့ ကြောက်ခြားစရာတစ်ခုပင် မဟုတ်ပါလား။ တိုက်ပွဲမှ တစ်ဖက်သတ် သတ်ဖြတ်သောပွဲတစ်ခု အသွင်သို့ပြောင်းလဲသွား လေတော့၏။အရိုးခြောက်စစ်သည်များစွာက အတုံးရှုံးများစွာ ဆက်တိုက် ကျရှုံးပြီး သူတို့လွှမ်းမိုး ချုပ်ချယ်ထားသော နယ်မြေများစွာ လက်လွတ် ဆုံးရှုံးသွားကြသည်။အရိုးခြောက်စစ်သည်များ ဆုံးရှုံးမှုနဲ့အတူ ဂရိတ် တိုင်းပြည်၏အာဏာစက်ပြန့်နှံရာသည်လည်း တဖြေးဖြေးနဲ့ ပိုမိုကျယ်ပြန့် လာလေတော့၏။ ရက်များအတော်တန်ကြာလာတော့ ဂရိတ်တိုင်းပြည်နဲ့ထိစပ်နီးကပ်နေသော နယ်မြေတိုင်း၌ အရိုးခြောက်စစ်သည်များသည် လုံးဝပျောက်ကွယ်သွားလေ တော့သည်။ထိုသို့ ပျောက်ကွယ်သွားလေ နယ်မြေတိုင်းနီးပါးသည် ဂရိတ် တိုင်းပြည်၏အစွမ်းစကို ပိုမိုယုံကြည်လာပြီး လက်အောက်အဖြစ်သို့ ဝင် ရောက်ခိုလှုံလာကြလေဖြစ်သည်။ .......... "ဂီး.....ဂါးးးးးးးးးး" ခြောက်ခြားဖွယ်ရာ အသံများကား ဆက်တိုက်ဆိုသလိုပြန့်နေ၏။ထိုပြန့်နေ သောနေရာ၌ ခြောက်ခြားဖွယ်ရာများစွာက စုဝေးနေကြလေ၏။ဂျိတ်သာ မြင်မည်ဆိုပါက ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။အဘယ်ကြောင့် အရိုး ခေါင်းခွက်များစွာ စုဝေးနေကြသနည်းဟု မေးမိမည်ဖြစ်၏။ စုဝေးနေသော အရိုးခေါင်းခွက်များစွာသည် မီးတောက်အရိုးစုများအစီရင် လုပ်ပြီးစတေးခဲ့ရာနေရာဖြစ်သော သေမင်းတောအုပ်၌စုဝေးနေကြသည် ဖြစ်သည်။ ထိုစုဝေးနေသော ကပ်ဆိုးကောင်များကို သေချာကြည့်မည်ဆိုပါက အရိုး ခြောက်စစ်သည်များနဲ့တခြားခြားသော အကောင်များတွေ့မြင်ရမည် မဟုတ် ပဲ အရိုးခေါင်းခွက်ချည်းသီးသန့်သာ တွေ့မြင်ရမည်ဖြစ်သည်။ အရိုးခေါင်းခွက်များ စုဝေးရခြင်း၏အဓိကအလယ်ဗဟိုနေရာ၌ တွင်းပေါက် တစ်ခုရှိနေပြီး ထိုတွင်းပေါက်မှ မြူခိုးများထွက်နေသည်ကို တွေ့ရမည် ဖြစ်၏။ ထိုတွင်းပေါက်မှ ထွက်လာသောမြူခိုးများသည် အရိုးစုစစ်သည်များကို ဖန်တီးပေးသော မြူခိုးများဖြစ်သလို ကပ်ဆိုးများဖန်တီးပေးသောအရာ၏ အဓိကအကြောင်းရာလည်းဖြစ်သည်။ "ဟီးးးးးးးး" ခြောက်ခြားဖွယ်ရာအသံကြီးသည် ထိုမြူခိုးများထွက်ရာ တွင်းပေါက်မှထွက် ပေါ်လာလေတော့သည်။ထိုသို့ထွက်ပေါ်လာသည်နဲ့ အရိုးခေါင်းခွက်များ စွာသည် နာကျင်စွာအော်ဟစ်လိုက်ကြ၏။ နာကျင်စွာအော်ဟစ်ပြီးသည်နဲ့ သူတို့၏တစ်ကိုယ်လုံးသည် နီရဲရဲတောက်ပနေ သော သွေးရောင်လုံးအသွင်သို့ ပြောင်းလဲသွားလေ၏။ ထိုသို့ပြောင်းလဲသွားသော သွေးရောင်လုံးများသည် မြူခိုးများထွက်ပေါ်လာ ရာ တွင်းပေါက်ထဲသို့ ဆက်တိုက်ဆိုသလို ဝင်ရောက်သွားကြလေ၏။ သွေးရောင်လုံးများအားလုံးဝင်ရောက်ပြီးသည်နဲ့ တွင်းနက်ကြီးမှ ခြောက် ခြားဖွယ်ရာ အော်သံများ ထပ်မံထွက်ပေါ်လာလာလေတော့၏။ "ဟီးးးဟီးးးးဟီး.....နောက်ဆုံးတော့ ငါနောက်ထပ်တစ်ဖန် လူ့လောကထဲပြန် ရောက်လာနိုင်တော့မယ်ကွ" အရိုးခေါင်းခွက်များစွာ၏နောက်ဆုံးခြောက်ခြားဖွယ်အရာအကြံအစည် အစီရင်သည် ထိုရယ်မောနေသော ကပ်ဆိုးကောင်ကို လွတ်ပေးရန်ဖြစ်၏။ ထိုသို့သော ကပ်ဆိုးကောင်ကို လက်ရှိ၌ လွတ်ပေးနိုင်ခဲ့သည်လည်းဖြစ်ရာ လူ့လောကကြီးသည် နောက်ထပ်တစ်ဖန် ကပ်ဆိုးဆိုက်ရောက်ပြန်ပြီလည်း ဖြစ်သည်။
(335)အလည်ရောက်လာသူလေး
"ဟင် ဒါက ဂရိတ်တိုင်းပြည်လား" သူမ အံသြတုန်လှုပ်နေ၏။သူမသည် လက်ရှိတွေ့မြင်နေရသော အဖြစ်ပျက် များစွာကို လက်ခံနိုင်ရန်ခဲယဥ်းနေ၏။လက်ရှိတွေ့မြင်နေရသော အဖြစ်ပျက် များသည် သူမ တွေ့မြင်ဖူးသည်များနဲ့လားလားမျှမဆိုင်နေသောကြောင့် ဖြစ်၏။ "ကလေးမလေး ဒီမှာ ရပ်မနေနဲ့တိုက်မိကုန်မယ်" ထိုအသံကြားမှ သူမလည်း ကြောင်တောင်တောင်ဖြစ်နေရာမှ အသိပြန်ဝင်ပြီး "ဟုတ်ကဲ့...တောင်းပန်ပါတယ် " ဆယ်လီနာ တစ်ယောက် ရင်သပ်ရှုမောဖွယ်ရာအကြည့်များပြီး မိမိကိုယ်ကိုယ် လမ်းမပေါ်ရောက်သွားမှန်းမသိလိုက်ပေ။သူများသတိပေးသံကြားမှ တောင်းပန်ပြီး လူသွားလမ်းပေါ်သို့ ပြန်လည်တက်ပြီး ရပ်နေလိုက်၏။ လက်ရှိသူမရောက်နေသောနေရာသည် ရေကာမြို့၌ ဖြစ်၏။သူမသည် လက်ရှိ မြင်တွေ့နေရသောအသစ်ဆန်းများကြောင့် အံသြတုန်လှုပ်နေကြ၏။မ တုန်လှုပ်ပဲနေနိုင်ရိုးလား။ သူမ စွန်ရဲအင်ပါယာ၌ နေ စဥ်ကမြင်းများ မြင်းလှည်းအသုံးပြုသည်က များ၏။ထိုမြင်းများသည်လည်း အဆင့်မြင့်မျိုးရိုးမြင့်သောမြင်းများဖြစ် ကြ၏။ လက်ရှိရောက်နေသောနေရာ၌ကား မြင်းများအစား ထူးဆန်းသောအရာများ ဖြင့်သွားလာကြောင်းတွေ့ရလေ၏။ထိုအရာများကို ကားများ၊ရထားများဟု ခေါ်ဝေါ်ကြလေ၏။ ဆယ်လီနာသည် ထိုအရာများအား သိလိုစိတ်ဖြင့် စူးစမ်းကြည့်ရုံတင်မက လက်တွေ့လည်း စီးနင်းကြည့်၏။စီးနင်းသောအခါမှ မြင်းစီးသည်ထက် အဆများစွာသာသည့်အပြင် ခရီးသွားရာ၌လည်း ပင်ပန်းခြင်းမရှိ အလွန်ပင် သက်တောင့်သက်သာရှိလှကြောင်းတွေ့ရှိရလေ၏။ထို့ကြောင့် ဆယ်လီ နာသည် မြို့ပတ်ရထားနှင့်ကားများစီးကြည့်၏။အလွန်ပင်စီး၍ကောင်းရာ သဘောတွေ့လေ၏။ ထို့နောက် မြို့ထဲမှ ရှိသမျှသောဆိုင်များ၌ ဝင်ရောက်စူးစမ်းကြည့်၏။လှပ သော အဝတ်စားများ ခေတ်မှီဆန်းပြားလှသောအဝတ်စားများ မြင် သောအခါ ဆယ်လီနာမဝယ်ပဲ မနေနိုင်ပေ။တစ်မျိုးတစ်စုံရအောင်ဝယ်၏။ အင်ပါယာထဲမှထွက်ပြေးလာသည်ဖြစ်သောကြောင့် သူ၏နန်းတွင်းအဝတ် စားများက လူကြား၌သိသာထင်ရှားလွန်းလှ၏။လက်ရှိ၌ အဝတ်ရုံကြီးတစ်ခု ခြုံပြီး မျက်နှာသာဖော်ထားခြင်းဖြစ်၏။ ထို့ကြောင့် အဝတ်စားဆင်ယင်ရန် ဝယ်ယူသည်လည်းဖြစ်၏။လှပသော အဝတ်စားများသာမက ရေမွှေးများနဲ့တခြားသောအမျိုးသမီးအသုံးဆောင် များကိုလည်း ပျော်ပျော်ကြီးဝယ်ယူပစ်၏။ ထို့ပြင် ထိုဝယ်ယူထားသောအဝတ်စားများထဲမှ မိမိကြိုက်သောအဝတ်စား များဝတ်ဆင်ကာ မြို့ထဲပတ်ပြီး အစားသောက်များလည်း တစ်ခုခုပြီးတစ်ခု မြည်းစားကြည့်၏။ ထိုအစားသောက်များသည်လည်း သူ့အားအကြိုက်တွေ့စေသည်။ထို့ကြောင့် ဂရိတ်တိုင်းပြည်ကို သဘောကျစပြုလာလေ၏။ တစ်နေကုန်လျှောက်လည်ပြီးသောအခါ ညရောက်လာလေ၏။ထိုအခါ မြို့၏ညအလှကိုလည်း အံသြဖွယ်ကောင်းအောင်ပင် မြင်တွေ့ရလေပြန်သည်။ ညအချိန်၌ အိမ်တိုင်းလိုလိုသာမက လမ်းတိုင်းကိုလည်း မီးရောင်များဖြင့် လွှမ်းခြုံထားကြောင်းတွေ့ရလေသည်။လျှပ်စစ်မီးဟူသောအလင်းရောင် ကြောင့် အင်မတန်မှလှပကြောင်း ဆယ်လီနာ ခံစားမိလေ၏။ ညအချိန်၌ လျှပ်စစ်မီးနဲ့တခြားသောညအလင်းဆင်ပစ္စည်းများကြောင့် သာမန်လူများနဲ့သူဌေးများနေထိုင်ရာအဆောက်ဦးသည်ပင် မိမိနေထိုင်ခဲ့ သောနန်းတော်ထက်ပင် စည်ကားကြောင်း တွေ့ရလေပိုမို အံသြလေဖြစ်၏။ ညအချိန်၌လည်း ဆယ်လီနာသည် ပျော်ရွှင်စွာပင်လည်ပတ်လိုက်သေး၏။ ဖော်ရွှေပျူငှာလှသော တိုင်းပြည်သားများနဲ့ မိမိမမြင်ဖူးသော အထူးဆန်း အစားသောက်များကြောင့် ထိုနေ့တစ်ရက်လုံး ဆယ်လီနာအနေဖြင့် ပျော်ရွှင် ခဲ့လေသည်။ထိုနေ့သည် သူမ၏ဘဝ၌ အပျော်ဆုံးရက်ဖြစ်ခဲ့သည်။ ဆယ်လီနာအနေဖြင့် တစ်နေကုန်တစ်ညလုံးလည်သည်အထိတော့ အဆင်ပြေသေး၏။ညနက်၌ အနားယူရန်အတွက် လုပ်သောအခါမှ အခက်ခဲ စတင်ကြုံလာရတော့၏။ ထိုအခက်ခဲကား သူမ၌မှတ်ပုံတင်မရှိခြင်းပင်ဖြစ်၏။တည်းခိုလိုပါက မှတ်ပုံတင်လိုကြောင်း သူမ ယခုမှသိလိုက်သည်ဖြစ်၏။ "တောင်းပန်ပါတယ်...ဒိီအတိုင်း ဒါနဲ့တည်းလို့မရဘူးလား" ဆယ်လီနာသည် ရွှေတုံးများကို တည်းခိုခန်းဝန်ထမ်းအား ပေးလိုက်သည်။ "တောင်းပန်ပါတယ်ဗျ....ဘယ်လောက်ပဲပေးပေး မှတ်ပုံတင်မပါရင် တည်း လို့မရပါဘူးဗျ တောင်းပန်ပါတယ်..." တည်ခိုခန်းဝန်ထမ်းသည် ဆယ်လီနာပေးသော ရွှေတုံးများကို ဆယ်လီနာ ထံသို့ပြန်လည်ပေးလိုက်လေသည်။ဆယ်လီနာအံသြ သွား၏။ထိုမျှအထိ တည်းခိုခန်းဝန်ထမ်းသည် စည်းကမ်းလိုက်နာမည်ဟု သူမ မထင်ထားသော ကြောင့်ဖြစ်၏။ သူမပေးသောရွှေတုံးများ၏တန်ဖိုးအရဆိုလျှင် တစ်နှစ်မျှအသာလေး နေထိုင်စားသောက်၍ ရနိုင်လေသည်။ထိုမျှပမာဏကို သာမန်ဝန်ထမ်းလေးမှ ငြင်းဆန်လိုက်သောကြောင့် ဆယ်လီနာအံသြ သွားလေသည်။ "ဒီလိုစည်းမျဥ်းဘယ်သူထုတ်ထားတာလဲ" "ကြည့်ရတာ ကလေးမက ဒီတိုင်းပြည်က မဟုတ်ဘူးထင်တယ်..ဒီတိုင်းပြည် ရဲ့ကျေးဇူးရှင်ဘုရင်ကြီးထုတ်ထားတာလေ" ဝန်ထမ်းသည် ရင်ထဲမှပင်လှိုက်လှိုက်လဲလဲချီးကျူးရင်း ဘုရင်ပုံကိုပြသလိုက် သည်။ထိုအခါမှ ဆယ်လီနာသည် တည်ခိုခန်း၌ ချိတ်ထားသော ဘုရင်ပုံကို ယခုမှမြင်လိုက်ရလေသည်။ "အို" မြင်လိုက်သည်နဲ့ သူမ၏ခံစားချက်များ ထိန်းသိမ်း၍မရနိုင်တော့ပေ။သူမ မြင်လိုက်ရသောလူသည် တခြားမဟုတ်ပါစ။ မြင်းစီးစဥ်တုန်းက သူ၏ရင်ခွင် ထဲရောက်ခဲ့သေးသည် မဟုတ်ပါလား။ ထိုလူသည် ဂရိတ်တိုင်းပြည်မှပြိုင်ပွဲလာပြိုင်ရာ၌ခေါင်းဆောင်သောလူဖြစ်ပြီး စစ်သူကြီးနဲ့ပင် ယှဥ်ချနိုင်ကြောင်း သူမ တွေ့မြင်ရသောအခါ သူမ ရင်ခုန် တတ်လာသည်။ခန့်ညားတည်ကြည်ပြီး ယောကျာ်းပီသသောသူကို ဘယ် မိန်းမကလေးများမကြိုက်ပဲနေနိုင်မည်နည်း။သူမသည်လည်း မိန်းမသားများ မှ မိန်းကလေးတစ်ယောက်သာပင်။ နောက်ပိုင်း ပြိုင်ပွဲပြီးနောက် ထိုလူသည် ဂျိတ်ဟုခေါ်ပြီး ဂရိတ်တိုင်းပြည် နေထိုင်ကြောင်း သူမကြားသိလာခဲ့ရလေသည်။ယခုလို သူသည်ဘုရင် ဖြစ်ကြောင်းတော့ သူမ မသိရိုးအမှန်ပင်။စစ်သူကြီးဟုသာထင်ခဲ့သည် ဖြစ်သည်။ ထိုအချိန်ကတည်းကစ၍ သူမ၏ရင်ထဲ အတွေးများထဲ၌ ထိုလူကသာ လွမ်း မိုးချုပ်ကိုင်လာလေ၏။အစပိုင်း၌ သာမန်ဟုထင်ပြီး နေခဲ့သေး၏။ သို့သော်လည်း သူ၏ပုံရိပ်များက နေ့စဥ်မပြတ် မိမိ၏အတွေးထဲ၌ ရှိနေ သောအခါမှ မိမိသည် မိမိမသိလိုက်ခင်မှာပင် ချစ်မိသွားကြောင်းသိလိုက်ရ လေသည်။ နောက်ပိုင်း ပါးစပ်ပုံပြင်ပြောသူများနဲ့ ပန်းချီကားများတွင် ဂျိတ်သည် လူဆိုး ဖြစ်ကြောင်း သရုပ်ဖော်သောအခါ သူမ ဒေါသဖြစ်လိုက်ရသည့်ဖြစ်ခြင်း။ထို နေ့တစ်နေ့လုံး သူမ မသောင်းကျန်းစဖူးသောင်းကျန်းမိသည်။ သူမ၏အကိုတော်များပင် အံသြတုန်လှုပ်ကြသေးသည်။အလွန်ယဥ်ကျေး သိမ်မွှေ့လှသော သူတို့၏ညီမတော်က ယခုလိုသောင်းကျန်းကြောင်း သိလိုက် သောအခါ ဘာပြောကြရမှန်းမသိပေ။ စွန်ရဲအင်ပါယာပြည့်ရှင်ကတော့ ရိပ်စားမိဟန်တူ၏။ထို့ကြောင့် မင်းသမီး လေးအား နန်းတွင်းထဲ၌သာ နေထိုင်စေပြီး စတင်ချုပ်ထားခဲ့သည်။ထိုအချိန် မှစ၍ ဆယ်လီနာသည် အပြင်လောကနဲ့အဆက်သွယ်ပြတ်တောက်ခဲ့ရလေသည်။ ထို့ကြောင့် သတင်းရအောင် သူမကြိုးစားရလေသည်။သူမ၏ကြိုးစားမှုသည် အရာထင်ခဲ့သည်ဟုဆိုရပေမည်။ သူမ၏ဖခမည်းတော်သည် ဂရိတ် တိုင်းပြည်နဲ့တိုက်ခိုက်ခဲ့ရုံမက ဂိုဏ်းများကိုပါ တိုက်ခိုက်ခွင့်ပြုခဲ့ကြောင်း စ သောသတင်းများဆက်တိုက်ဆိုသလိုကြားခဲ့လေသည်။ထိုသို့ကြားလိုက်ရ သောအခါ သူမ၏ရင်ထဲသောက ဗျာပါဒမီးတောက်ခဲ့တော့သည်။ ဂရိတ်တိုင်းပြည်အခြေနေဆိုးကြောင်း ကြားသောအခါ သူမ သိသည်တစ်ခု ကတော့ သူမစိတ်ထဲရှိသည့်တစ်ခုတည်းအရာကတော့ ဂျိတ်နဲ့တွေ့ချင်သည် သာဖြစ်သည်။ ထို့ကြောင့် ဆယ်လီနာသည် လိုအပ်သည်ထင်သောမှန်သမျှသောအရာများကို ယူဆောင်ပြီး သူမ၏အချစ်ရဆုံးသော စွန်ရဲငှက်ကြီးကိုယူပြီး ဂရိတ် တိုင်းပြည်ရှိရာအရပ်သို့ ထွက်ပြေးခဲ့လေသည်။ ဂရိတ်တိုင်းပြည်၏ရေကာမြို့၌ တိတ်တဆိတ်ဆင်းသက်ပြီး ဂျိတ်အားရှာရန် ကြံစဥ် လှပသောမြို့၏အလှပများကြောင့် ခေတ္တ မေ့လျောသွားခဲ့ရာမှ ယခုမှ ပြန်လည်သတိရလာသည်လည်းဖြစ်သည်။ လက်ရှိ သူမမြင်နေရသော ပုံ၌ ဂျိတ်သည် ဘုရင်ချပ်ဝတ်တန်ဆာဖြင့် တွေ့ရ သောအခါ ပိုမိုသဘောကျမိလာလေသည်။ "ကလေးမလေး ကျေးဇူးပြုပြီး ကျနော်တို့နဲ့လိုက်ခဲ့ပေးပါ" ထိုအသံကြားမှ ဆယ်လီနာသည် အတွေးများမြောနေရာမှ သတိပြန်ဝင်လာ လေသည်။သူမ ကြည့်မိမှ မိမိအား ထူးဆန်းသောဝတ်စုံအပြည့်ဆင်ယင်ထား သော စစ်သည်တော်သုံးယောက်ကို မြင်လိုက်ရလေသည်။သူတို့သုံး ယောက်လုံးသည် ရွှေအဆင့်၌ရှိကြောင်းလည်း ဆယ်လီနာသတိထားမိသည်။ "ဟုတ်" ဆယ်လီနာလည်း အသာတကြည်ပင် သူတို့သုံးယောက်နဲ့လိုက်သွားလိုက်လေ သည်။အမှန်ကတော့ ဆယ်လီနာ မြို့ထဲသို့ သူ၏ငှက်ဖြင့် ရောက်လာကြောင်း ကိုတာဝန်ကျစစ်သည်တော်တိုင်းသိကြလေသည်။ သို့သော်လည်း သူမသည် မြို့အားရောက်ရှိလာသော ဂိုဏ်းမှစစ်သည်တော် များနဲ့မတူပဲ အလည်ပတ်လျှောက်သွားပြီး ပျော်ရွှင်နေသောကြောင့် ခေတ္တ လွတ်ပေးထားခြင်းဖြစ်၏။သူမ အလည်ပတ်သွားပြီး အနားယူသောအခါမှ သာ စစ်ဆေးမေးမြန်းရန် ရောက်ရှိလာခြင်းဖြစ်သည်။ ဆယ်လီနာလည်း အသာတကြည်ပင် သူတို့နဲ့လိုက်လာခဲ့သော စစ်သည်တော် များလည်း ဂရုတစိုက်ဖြင့် ရဲဌာနသို့ခေါ်ဆောင်ကာ မေးခွန်းအနည်းငယ် မေးမြန်းလေသည်။ ဆယ်လီနာလည်း အစ၍လိမ်လည်ရန်ကြံစည်မိသော်လည်း စစ်သည်တော် များသည် မိမိငှက်ဖြင့် ရောက်ရှိလာကတည်းကသိကြောင်း ပြောပြသောအခါ အမှန်တိုင်း ပြောပြရန်သာဆုံးဖြတ်လိုက်လေသည်။ "ဘာ" ရဲဌာနတစ်ခုလုံး ဝရုန်းသုံးကားဖြစ်သွားကြလေသည်။သူတို့ ခေါ်ဆောင်လာ သော ကလေးမလေးသည် စွန်ရဲအင်ပါယာပြည့်ရှင်၏မင်းသမီးလေး ဖြစ်ကြောင်း သိလိုက်ရသောကြောင့်.ဖြစ်သည်။ "ကိစ္စကမသေးဘူး..သွား...အထက်ကိုဆက်လက်တင်ပြချေ" ရဲဌာနတစ်ခုလုံး လှုပ်ရှားကြရလေသည်။မင်းသမီးလေး ကောင်းစွာအနားယူ နိုင်ရန်အတွက်လည်း အကောင်းဆုံးပြင်ဆင်ပေးလိုက်ကြလေသည်။ ရေကာမြို့၏အကောင်းဆုံးသောတည်းခိုခန်း၏အကောင်းဆုံးတည်ခိုခန်းကို ရွေးချယ်ပြီး အနားယူစေပြီး ကောင်းမွန်စွာဝန်ဆောင်မှုပေးကြလေသည်။ စွန်ရဲအင်ပါယာ၏မင်းသမီးဟူသော ဂုဏ်သည် အလွန်မြင့်မားသောကြောင့် ဖြစ်သည်။ထို့ကြောင့် အကောင်းဆုံးတတ်နိုင်သမျှ ဧည်ခံပေးကြရလေသည်။ "ဝါး...ကောင်းလိုက်တာ...." ဆယ်လီနာသည် အကောင်းခန်းသောတည်းခိုခန်း၌ နားနေခွင့်ရှိသောကြောင့် စိတ်ပျော်ရွှင်နေသည်။ဂရိတ်တိုင်းပြည်သည် မိမိ၏နန်းတော်ထက်ပင် အပြတ်သတ်သာကြောင်း သူမဝန်ခံရမည်ဖြစ်သည်။ "ဒိီနေ့တော့ ကောင်းစွာအိပ်စက်အနားယူပါ မင်းသမီးလေး..မနက်ဖြန်ကျ ရင်..ဘုရင်ကြီး လာပါလိမ့်မယ်" ထိုစကားကြောင့် ဆယ်လီနာသည် ပျော်သည်ထက်ပင် နှစ်ဆပိုမိုပျော်ရွှင်သွား လေသည်။မနက်ဖြန်၌ တွေ့ရမည်အဖြစ်ကို တွေးကာ စိတ်လှုပ်ရှားစွာဖြင့် အိပ်ရာထဲ၌ အနားလိုက်တော့သည်ဖြစ်သည်။
(336)မင်းသမီး၏ရင်တွင်းစကား
"ဘယ်အချိန်သူလာမှာလဲ...." "စောပါသေးတယ် မင်းသမီးလေး...နောက်ထပ်တစ်နာရီလောက်မှသာ ရောက်ရှိပါမယ်" တာဝန်ကျအစေခံမလေးခမျာ ထိုသို့ဖြေနေရသည်မှာ အခွန်းလေးဆယ်မက တော့ပေ။တစ်ခြားသူသာဆိုပါက ဒေါသတကြီးပြန်လည်အော်ဟစ်မိမည်ဖြစ် သော်လည်း သူ၏ရှေ့ဤမေးနေသောသူသည် စွန်ရဲအင်ပါယာ၏မင်းသမီး လေးဖြစ်နေသည်။ထို့ကြောင့် စိတ်ကိုရှည်ရှည်ထားကာ မေးသမျှကို ကောင်းမွန်ယဥ်ကျေးစွာ ဖြေရုံမှတစ်ပါး တစ်ခြားလုပ်စရာမရှိနေပေ။ "ဟုတ်လား" ဆယ်လီနာ ခမျာ ဧည်ခန်းထဲ၌ထိုင်ပြီး ဂနာမငြိမ်ဖြစ်နေသည်။ဘုရင်မင်း မြတ်ကြွလာမည့်ချိန်သည် ကိုးနာရီဖြစ်သော်လည်း သူမသည် တက်ကြွစွာဖြင့် ခုနှစ်နာရီကတည်းက ရောက်နေပြီး စောင့်ဆိုင်းကာ တတွတ်တွတ်ပြောနေ ခြင်းဖြစ်သည်။ ဂျိတ်အားတွေ့လိုဇောအားကြီးသဖြင့် ညကစောစောအိပ်ပါသော်လည်း အိပ်မ ရပေ။အိပ်ပျော်သွားပြန်တော့လည်း အိမ်မက်ထဲ၌ မတွေ့ရပြန်ဘူးဟူသော အိမ်မက် မက်သောကြောင့် ညတစ်ညလုံးမအိပ်ဖြစ်တော့ပဲ ဟိုလိမ့်ဒီလိမ့်ဖြင့် မနက်ခင်းအချိန်ထိဖြတ်သန်းခဲ့လေသည်။မနက်ခြောက်နာရီရောက်သည်နဲ့ သူမသည် ရေမိုးချိုးသန့်စင်ပြီး လှပအောင်ပြင်ဆင်သည် ။ထို့နောက် ဧည့် ခန်းထဲ၌ လာရောက်ပြီးထိုင်နေခြင်းဖြစ်သည်။ "သူကို မနက်စာနဲ့တခြားခြားသော ဖျော်ဖြေရေးအစီစဥ်တွေနဲ့ အချိန်ဆွဲထား ပေးပါ" စီစဥ်သူမှ ဧည့်ခန်း၌ထိုင်ပြီး ဘာလုပ်ရကိုင်ရမှန်းမသိသောအမူရာကိုကြည့် ပြီး စီစဥ်ညွန်ကြားလေသည်။ "မင်းသမီးလေး ဘုရင်ကြီးမလာခင်...မနက်စာသုံးဆောင်ပါဦး" ဧည့်ခန်းထဲသို့ မွှေးကြိုင်လှသောအနံများဖြင့် ပြည့်နှက်နေသော အစား သောက်ပါသော တွန်းလှည်း ဝင်လာသောကြောင့် ဆယ်လီနာ မျက်လုံးများဝင်းပသွားသည်။ မင်းသမီးရှေ့သို့ ပထမဆုံးသောအစားသောက် ပန်းကန်ကို ချလိုက်သည်။ "ဝိုး......စားချင်စရာလေး" မြင်လိုက်သည်နဲ့ ချက်ချင်းပင် စားချင်စိတ်ပေါက်သွားလေသည်။ထိုသို့ဖြစ် ရအောင်ရလည်း ထိုသို့သောအစားစာမျိုးကို သူမ၏နန်းတော်၌မမြင်ဖူးသော ကြောင့်ဖြစ်သည်။ စားပွဲပေါ်၌ အငွေ့တထောင်းထောင်းထနေသော ပန်းကန်တစ်လုံးရှိသည်။ထို ပန်းကန်ထဲ၌ ကြ က်ဥ၊ငါးဖယ်နဲ့တခြားခြားသော အရာများစွာပါဝင်လေ သည်။ အရင်ဆုံး သူမ ဇွန်းကိုင်ပြီး အစားသောက်ကို စတင်မြည်းကြည့်လိုက်သည်။ တစ်ဇွန်းမျှစားသောက်ကြည့်သည်နဲ့ အလွန်ပင်သဘောတွေ့သွားလေသည်။ "ဒါကို ဘာလို့ခေါ်လဲ" "ဒါကို မုန့်ဟင်းခါးလို့ခေါ်ပါတယ်" "ဟင်..မုန့်ဟင်းခါးဟုတ်လား...မကြားဖူးဘူး...ဒါကဒီကဒေသထွက်အစား သောက်လား" မင်းသမီးအနေဖြင့် ထိုမျှထူးဆန်းသောနာမည်ဖြင့် အစားသောက်မျိုးကိုမ ကြားဖူးသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ မင်းသမီးလေး၏အမေးကြောင့် စားဖိုမှူးတစ်ယောက်မှဝင်လာပြီးလျှင်.... "မဟုတ်ပါဘူး...မင်းသမီးလေး..ဒီအစားသောက်က ဒီကမဟုတ်ပါဘူး...ကျ နော်မျိုးတို့ရဲ့ကျေးဇူးရှင်ဘုရင်မင်းမြတ်ယူဆောင်လာပေးခဲ့တဲ့ အရသာအရှိ ဆုံးတော်ဝင်အစားသောက်တွေထဲကတစ်ခုပါ" "အော်...ကြိုက်တယ်" ဆယ်လီနာလည်း ဂျိတ်ယူဆောင်ခဲ့သောအစားသောက်များမှ တစ်ခုဆိုသော ကြောင့် ပို၍ပင်သဘောကျသွားလေသည်။နဂိုကတည်းက အရသာရှိနေရာ ဟိတ်ဟန်ပင်မလုပ်နိုင်တော့ပဲ အားရပါးရသုံးဆောင်လေသည်။ "ဒီအစားသောက်ကို အရှင်မင်းကြီးပြောတာကတော့....ကမ္ဘာမြေဆိုတဲ့ လောကမှာရှိတဲ့ မြန်မာလို့ခေါ်တဲ့မျိုးနွယ်စုရဲ့ အစားသောက်လို့ဆိုပါတယ်..... ဒီအစားသောက်ကို မုန့်ဖတ်.၊ငှက်ပျောအူ.၊ကုလားပဲ၊ ငါးဖယ်ဆိုတဲ့ငါးနဲ့ကြ က်ဥ၊ငါးဆုပ်စတဲ့အရာတွေနဲ့အရသာမှုန့်မျိုးစုံပေါင်းစပ် ရောနှောထားတာဖြစ်ပါတယ်...ဟင်းရည်ကို ငါးတစ်ကောင်လုံးပြုတ်ထည့် ထားပြီး...ငါးအရသာမထွက်ပဲ ပဲအရသာနဲ့စားဖွယ်ကောင်းအောင်ဖြစ်စေတာ က ဒီဟင်းရဲ့ထူးခြားမှုတစ်ခုပါပဲ....." စားဖိုမှူးမှ ဆယ်လီနားဘေးမှ အသေချာရှင်းလင်းတိကျစွာပြောကြားသည်။ ဆယ်လီနာကလည်း စားသောက်နေရင်း မုန့်ဟင်းခါး၏ပါဝင်ဖွဲ့စည်းပုံနဲ့ သူ၏လားရာဒေသကိုပါ သိရှိလိုက်ရလေသည်။ထို့ကြောင့် ဂျိတ်သည် နေရာ အနှံ့သွားသူဖြစ်သည့်အပြင် အသိပညာဗဟုသုတပါကြွယ်ဝကြောင်း သိသွား သည်။ ဆယ်လီနာလည်း ပန်းကန်တစ်ခုလုံးကုန်စင်အောင်အထိ စားသောက်လိုက် သည်။စားသောက်ပြီးသွားသောအခါ အစေခံများမှ မင်းသမီးအတွက် အချိုပွဲများ ဧည့်ခံကြွေးမွေးပြန်သည်။ အချိူပွဲများသည် ရေခဲမုန့်များနဲ့အရသာရှိလှသော အချိုသရေစာများဖြစ်ရာ ဆယ်လီနာသဘောကျလေသည်။ "ဒါကကောဘာလဲ" ဆယ်လီနာသည် အချိုပွဲလည်း စားပြီးသွားသောကြောင့် သူမ၏အနီးနား၌ရှိ နေသော အရာတစ်ခုအားလက်ညှိုးထိုးပြသည်။ "မင်းသမီး...ဒါကတော့.... သီချင်းနားထောင်လို့ရပါတယ်" "တကယ်ကြီးလား" သူမအနေဖြင့် သီချင်းနားဆင်လိုပါက နန်းတော်၌အကအဖွဲ့ခေါ်ရင် မခေါ်ပါ က အသံဖမ်းကျောက်တုံးဖြင့်နားဆင်ရမည်ဖြစ်သည်။လက်ရှိသူမ မြင်နေရ သောအရာသည်ကား တစ်မျိုးတစ်မည်ထူးဆန်းနေသည်။ "တကယ်ပါ ကျနော်မျိုးဖွင့်ပြပါမယ်" စီစဥ်သူမှ ထိုအရာနားသွားပြီး ခလုတ်နှိပ်လိုက်လေသည်။ထိုအခါ ထိုအရာမှ သာယာညိမ့်ညောင်းသောတေးသံများထွက်ပေါ်လာလေသည်။ ထိုတေးသံ များသည် သာယာနာပျော်ဖွယ်ကောင်းပြီး အလွန်ပင် အေးချမ်းလှလေသည်။ ဆယ်လီနာပင် ထိုတေးသံ၏နောက်တွင် မြောလွင့်လိုက်ပါခံစားသည်။ (ထိုတေးသံသည် river flows in youဟူသော သီချင်းဖြစ်သည်။နားဆင် လိုပါက youtubeတွင်ရှာဖွေနားဆင်နိုင်ပါသည်။) ဆယ်လီနာအနေဖြင့် အားလပ်နေသည်ဖြစ်ရာ မိမိမျက်စိထဲ၌ မြင်သမျှသော ထူးဆန်းသောအရာများစွာကို လက်ညှိုးထိုးပေးသည်။စီစဥ်သူကလည်း သူမ သိလိုသမျှကို ပြန်လည်ဖြေကြားပေသည်။ သူမ မေးလည်းမေးချင်စရာပင် ဂရိတ်တိုင်းပြည်၌ရှိသော ပစ္စည်းများသည် အလွန်ပင်ထူးခြားသောကြောင့်ဖြစ်သည်။တစ်ချို့သော ပစ္စည်းများဆိုလျှင် လက်ရှိလောက၏ပညာများသာမက သိပ္ပံနည်းပညာများနဲ့ တခြားခြားသော မှော်ပညာရပ်များဖြင့်ပါ ပေါင်းစပ်ထားသောအရာများဖြစ်ပေသည်။ "ဘုရင်ကြီးကြွချီလာပြီ" အစေခံတစ်ယောက်၏ပြောသံကြောင့် စီစဥ်သူလည်း မိမိနေရမည့်နေရာသို့ ပြန်လည်ကာရပ်နေလိုက်သည်။မင်းသမီးလေးသည်လည်း မိမိဝတ်ဆင်ထား သောအဝတ်စားနဲ့ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ပြင်ဆင်ကာ စောင့်ဆိုင်းနေလိုက်သည်။စိတ်ကိုတည်ငြိမ်အောင် ထားပါသော်လည်း စိတ် လှုပ်ရှားနေသော သူမ၏အသွင်ပြင်က အတိုင်းသားပေါ်လွင်နေသည်။ ဟောရောက်လာပါပြီ။ဂျိတ်သည် ပုံမှန်အတိုင်းပင် ဧည့်ခန်းထဲသို့ဝင် ရောက်လာပြီး မိမိထိုင်ရမည့်နေရာတွင်ထိုင်လိုက်သည်။ထို့နောက် မင်းသမီး အားကြည့်လိုက်သည်။ "အော် မင်းကိုး " ဂျိတ်မှ ချက်ချင်းပင် မင်းသမီးအားကြည့်အားပြောသည်။ ("ဟင် သူမှတ်မိနေတယ်") ဆယ်လီနာ ရှက်သွေးဖြာသွားသည်။ထိုနေ့တုန်းက သူမသည် ဂျိတ်၏ရင်ခွင် ထဲရောက်ခဲ့သည်မဟုတ်ပါလား။ "မင်းက စွန်ရဲအင်ပါယာရဲ့မင်းသမီးလို့တော့ မထင်မိခဲ့တာအမှန်ပဲ...ဒါနဲ့ဘာ လို့ဒီတိုင်းပြည်ကို ရောက်လာရတာလဲ...မင်းရဲ့ခမည်းတော်စိတ်ဆိုးမှာ မ ကြောက်ပေဘူးလား" ဂျိတ်၏စကားကြောင့် ဆယ်လီနာ မည်သို့ပြောဆိုရမှန်းမသိဖြစ်သွားလေ သည်။သူမသည် ဂျိတ်အားတွေ့ချင်သောကြောင့်လာခြင်းဖြစ်သော်လည်း ထိုသို့ပြောရန်သင့်မသင့်စဥ်းစားရခက်နေသည်။ "အမှန်တိုင်းဆိုရင်......ဒီတိုင်းပြည်က စွန်ရဲအင်ပါယာလက်အောက်ကနေမရှိ တော့တဲ့တိုင်းပြည်တစ်ခုပါပဲ....ပြီးတော့ဆိုးဆိုးဝါးဝါးကြီးလည်း စစ်ရန်ဖက် တိုင်းပြည်လည်းဖြစ်သေးတယ်ကို ရောက်လာသေးတယ်နော်" ဆက်ပြောလာသောစကားကြောင့် ဆယ်လီနာ အနည်းငယ်ဆွံအသွားရလေ သည်။သူပြောသည်မှာလည်း ဟုတ်နေသည်ပင်။ "ကျမလာတာက ရှင့်ကိုတွေ့ချင်လို့ပါ...." ဆယ်လီနာ၏ရင်တွင်းသံစကားပေါက်ကွဲထွက်လာလေသည်။ ထိုစကားကြောင့် ဘေးနား၌ရှိနေသော အစေခံနဲ့ကျန်သောသူများ မျက်လုံးပြူးကုန်လေသည်။ရန်သူအင်ပါယာမှ မင်းသမီးလေးက ထိုသို့ဆိုခဲ့ လေသလား။ တစ်ယောက်မှ တုံးအနေသူမပါလေရာ မင်းသမီးသည် မိမိတို့၏ဘုရင်ကြီးကို ကြိုက်နေမှန်း ရိပ်စားမိကြလေသည်။ "တယ်ခက်တဲ့ကလေးမပါလား....ငါကိုတွေ့ဖို့နဲ့...ဒီအထိလာတွေ့တယ် နော်....နောက်ဆက်တွဲကိစ္စတွေအများကြီးဖြစ်လာနိုင်တာကော မသိဘူးလား" ဂျိတ်ကတော့ တည်ငြိမ်နေဆဲသာ။အံသြ ခြင်းမရှိသလို လန့်သွားခြင်းလည်းမ ရှိပေ။ ဂျိတ်၏စကားကြောင့် ဆယ်လီနာသည် မည်သို့မျှ ပြောနိုင်ခြင်းမရှိ ခေါင်း ငိုက်စိုက်၍သာနေလေသည်။သူမအနေဖြင့် တုံပြန်နိုင်ရန် စကားလုံးများ ရှာမ ရနိုင်တော့သောကြောင့်ဖြစ်သည်။ "ဒါဆိုရင် ဒီမြို့မှာ ဒီနေ့တစ်ရက်နေပြီးရင် စွန်ရဲအင်ပါယာကို ပြန်ပါ....လမ်းမှာ လည်းလုံခြုံအောင် အစောင့်ရှောက်တွေနဲ့ပို့ပေးပါမယ်....မင်းသမီးလေးသာ ဒီမှာနေသာကြာရင် မင်းခမည်းတော်နဲ့ထပ်ပြီး စစ်မက်ဖြစ်ပွားနေရလိမ့်မယ်" ဂျိတ်သည် မင်းသမီးလေးအား နေရပ်သို့ပြန်လည်ပို့ဆောင်ရန်အတွက် စီစဥ် လိုက်သည်။ထိုအခါ မင်းသမီးလေး၏လက်များသည် သူမ၏အဝတ်စားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး "ကျမကတော့ ရှင့်က်ုတွေ့ချင်လို့ အခက်ခဲတွေကြားကနေလာလိုက်ရတာ..ရှင် ကတော့ ပြန်ပို့ချင်တယ်ပေါ့လေ..ရှင်တော်တော်ရက်စက်တာပဲ...ရှင်ကိုဘာ ကြောင့်ကျမ ကြိုက်မိခဲ့ရတာလဲမိသတော့ဘူး... .ပြီးတော့နောက်ဆက်တွဲဟုတ်လား.....ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျမသိတာ ပေါ့.....ဒါပေမဲ့ ကျမအမှန်တိုင်းဝန်ခံရရင် ကျမ ရှင့်ကို ချစ်မိနေတယ်ရှင့်..ကျ မအတွေးထဲမှာ ရှင်စိုးမိုးနေပြီ.ထုတ်လို့မရတော့ဘူး....မတွေ့ရရင်မနေနိုင်လို့ ကို အရဲစွန့်ပြီးလာတွေ့တာ...ရန်သူတိုင်းပြည်ရောက်ရင် သုံပန်းဖြစ်ရင်ဖြစ်ပ လေ့စေဆိုပြီးတော့ကိုလာတွေ့တာ.....ပြီးတော့ ဖခမည်းတော်နဲ့ဆက်ပြီး တိုက်ခိုက်တာရပ်ပေးပါလား....ကျမရှင်အနားမှာ အ မြဲခစားပါမယ်.." ဆယ်လီနာ၏ရင်တွင်းပေါက်ကွဲသံများကား ဆက်တိုက်ဆိုသလို ကျဆင်း ထွက်ပေါ်လာလေသည်။ထိုစကားကြောင့် တည်ငြိမ်နေသော ဂျိတ်၏စိတ်ပင် အနည်းငယ်အံအားသင့်ရတော့၏။ သူ့အနေဖြင့် ထိုကလေးမနဲ့တွေ့သည်မှာ တစ်ကြိမ်သာဖြစ်ပြီး သူ့ဖက်မှ သတိ ပင်မထားမိသော်လည်း ကလေးမလေးမှ မိမိအားတမ်းတမ်းစွဲကြိုက်နေ ကြောင်း ကောင်းကောင်းကြီး ရိပ်စားမိသည်။ သို့ရာတွင် ထိုမျှအထိပွင့်ပွင့်လင်းလင်းကြီးဖြစ်လိမ့်မယ်ဟု မထင်ထားပေ။ ဆယ်လီနာသည် ခံစားရသမျှရင်တွင်းစကားများကို ဂျိတ်အား အားမနာ တည်း ပြောချလိုက်သည်။ပြောပြီးသောအခါမှသာ ရှက်သွားပြီး သူမ နားနေ သော အိပ်ခန်းသို့ပြန်ပြေးဝင်သွားလေသည်။ ("တို့ဘုရင်ကြီးက တယ်စွံလှပါတကား....ရန်သူအင်ပါယာမင်းသမီးတောင် တို့ဘုရင်ကြီးကို တွေ့ ချင်လို့အရဲစွန့်လို့လာတွေ့ရတယ်....") ထိုအဖြစ်ပျက်ကို မြင်လိုက်သောသူတိုင်း အတွေးများပြားသွားကြလေသည်။ ဂျိတ်ကတော့ တည်ငြိမ်နေဆဲသာ။သူရှေ့မှ ကော်ဖီခွက်ကို သောက်ပြီးမှသာ "အစေခံတို့ သူ့ကို စိတ်တည်ငြိမ်တဲ့လွတ်ထားပေးလိုက်ကြပါ...သူမ လုပ်ချင် တာလုပ်ပါစေ...ငါခွင့်ပြုတယ်....လောဆယ် လုပ်စရာရှိသေးလို့သွားဦးမယ်" "မှန်လှပါ အရှင်မင်းကြီး" အစေခံများအား ညွှန်ကြားပြီး ဂျိတ်သည် ဧည့်ခန်းမှပြန်လည်ထွက်ခွာသွား လေသည်။ဂျိတ်ထွက်ခွာသွားသည်နဲ့ "ဟင့်....အရူးကြီး...စိတ်ဆိုးရင်လာချော့ရမယ်ဆိုတာမသိဘူးလား..အခုတော့ သူကဒီအတိုင်းထွက်သွားတယ်...တော်တော်သွေးအေးတဲ့လူစားပဲ" ဆယ်လီနာသည် ပေါက်ကွဲပြီး အခန်းထဲ၌ရှိသော အရုပ်လေးအား အားရပါးရရန်ရှာလေတော့သည်။အရုပ်ခမျာ အလကားနေရင်း ဆယ်လီ နာ၏ပစ်မှတ်ဖြစ်ခဲ့ရတော့သည်။