အခန်း (၃၃၇-၃၃၉)
Vol. 23 Ch. 337-339
(337)ကပ်ဆိုးကလေးငယ်
ကပ်ဆိုးကြီးသည် တဖြေးဖြေးဖြင့် ပျောက်ကွယ်စပြုလာလေသည်။ထိုသို့ ဖြစ်ရခြင်းမှာ အရိုးခြောက်စစ်သည်များအား ထုတ်လွှတ်ထိန်းချုပ်သော အရိုးခေါင်းခွက်များ မရှိတော့သောကြောင့်ဖြစ်သည်။ သူတို့မရှိသောကြောင့် ဂရိတ်တိုင်းပြည်၏နယ်ပယ်ချဲ့ထွင်မှုသည် ပိုမိုကျယ် ပြန့်လာလေသည်။စွန်ရဲအင်ပါယာနဲ့ကျန်သောနယ်မြေများအတွက်တော့ အသက်ရှုချောင်ရုံဖြစ်လာသည်ဟုသာ ဆိုနိုင်လေသည်။ ခက်ခက်ခဲခဲတိုက်ခိုက်ခုခံနေရာမှ အနည်းငယ်အသက်ရှုချောင်လာသည်ကို တော့ သူတို့လက်ခံရမည်ဖြစ်သည်။ကပ်ဆိုးတို့၏ဆင့်ခေါ်ခြင်းအစီရင် ပြီးမြောက်သွားသောကြောင့် အနက်ရောင် မဲညစ်ညစ်မြူခိုးများသည်လည်း နည်းပါးသည်ထက်နည်းပါးလာကာ နောက်ဆုံး၌ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ စွန်ရဲအင်ပါယာမင်းသမီးလေး ဆယ်လီနာ ဂရိတ်တိုင်းပြည်သို့ရောက်ပြီး ဆယ်ရက်မြောက်သောနေ့ သို့မဟုတ် ကပ်ဆိုးကြီးဖြစ်ပေါ်ပြီးသုံးလမြောက် သောနေ့ ။ စွန်ရဲအင်ပါယာ ဘုရင်ကြီး ခေါင်းစားနေလေသည်။အရိုးခြောက်စစ်သည် များကြောင့် သူ၏အင်ပါယာမှ ဆယ်မြို့အထိကျရှုံးသွားခဲ့သည်မဟုတ်ပါလား။ ထိူ့ပြင် သူ၏သမီးတော်လေးလည်း အင်ပါယာမှထွက်ပြေးသွားသည်မှာ ဆယ်ရက်မကတော့ပေ။အဆိုးထဲမှ အကောင်းဟုဆိုရမည်လား မသိ။အရိုး ခြောက်စစ်သည်များ၏တိုက်ခိုက်မှုသည် ရုတ်တရက်ဆိုသလို အားပျော့ကာ သူတို့၏အင်အားနည်းပါးလာသည်။ ထိုအခွင့်ရေးကိုအသုံးချပြီး တန်ပြန်တိုက်စစ်ဆင်နွှဲနိုင်ခဲ့လေသည်။မိမိအင်ပါ ယာထဲ၌နေထိုင်သော အလင်းနတ်ဘုရားအားကိုးကွယ်သူတစ်ဦးမှ အရိုးခြောက်စစ်သည်များအား ရေစင်ဖြင့်နှိမ်နင်းနိုင်ကြောင်း တွေ့ရှိခဲ့ရာ ထိုရေစင်ကို အသုံးပြု၍ အောင်ပွဲ များ ရရှိခဲ့လေသည်။ "အရှင်မင်းကြီး....မင်းသမီးလေး ဘယ်မှာရှိလဲဆိုတာ သတင်းရလာပါပြီ" ထိုအခါ ဘုရင်ကြီးသည် ထိုင်နေရာမှ ထလာပြီး "ဘယ်မှာတဲ့လဲ...သူအဆင်ပြေရဲ့လား" "အဲ....." သတင်းလာပို့သော အမတ်ပင် အနည်းငယ်တွေးတောလေလေသည်။ "ငါကိုယ်တော် စိတ်မရှည်ဘူး....မြန်မြန်ပြောစမ်း" "ဟုတ်....အရှင်မင်းကြီး....မင်းသမီးလေးက ဂရိတ်တိုင်းပြည်ကို ရောက်ရှိနေပါတယ်လို့...သတင်းရပါတယ်" "ဘာကွ" ထိုသတင်းကြောင့် စွန်ရဲအင်ပါယာဘုရင်၏ကိုယ်မှ ထိန်းချုပ်ထားသော အော် ရာများ ပေါက်ထွက်ကုန်သည်။ "စိတ်လျှော့တော်မူပါ" အမတ်မှ ခက်ခက်ခဲခဲလျှောက်တင်သည်။ဘုရင်၏အော်ရာကပင် သူ့ အားကောင်းစွာသတ်ဖြတ်နိုင်သောကြောင့်ဖြစ်၏။ "ဒီသတင်းကို ဂရိတ်တိုင်းပြည်ကပဲ ပေးတာပါ....မင်းသမီးကို သူတို့ကောင်း စွာပြုစုစောင့်ရှောက်ထားပါတယ်လို့ အထောက်ထားနဲ့တင်ပြလာပါတယ်" ဆိုကာ အမတ်မှ ဘုရင်အား တင်ပြသည်။ဘုရင်သည်လည်း သူ၏အော်ရာကို ပြန်လည်ရုတ်သိမ်းကာ အမတ်ပေးလာသော အရာများကို ကြည့်လိုက်သည်။ ထိုအရာများသည် ဓာတ်ပုံများဖြစ် သည်။ထိုပုံများ၌ ဂရိတ်တိုင်းပြည်ထဲ၌ မင်းသမီးလေး ပျော်ရွှင်စွာဖြင့် စျေး ဝယ်ခြမ်းနေပုံ၊စားသောက်နေပုံများ ပါရှိလေသည်။ ထိုပုံများကိုကြည့်ပြီး စွန်ရဲဘုရင်ကြီးပင် ပြုံးသွားလေသည်။သူ၏ထွက်လာ သော ဒေါသများပင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ "ပြီးတော့ ဂရိတ်ဘုရင်ကပြောပါတယ်....မင်းသမီးလေးစိတ်ချမ်းသာအောင် ထားမည့်အကြောင်းနဲ့မင်းသမီးလေး အိမ်ပြန်လိုပါက ဘေးကင်းစွာရောက်ရှိ နိုင်ရန်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းပြောပါတယ်...တိုင်းပြည်နှစ်ခုဖြစ်တာနဲ့ ပတ်သက်ပြီး မင်းသမီးအပေါ် သက်ရောက်မှုရှိစေမှာမဟုတ်ကြောင်း ပါ ပြောထားပါတယ်" ထိုစကားကြောင့် စွန်ရဲအင်ပါယာဘုရင်သည် ဂျိတ်အပေါ် အကောင်းမြင်လာ လေသည်။သူသည် အနည်းဆုံးတော့ စိတ်ထားကောင်းသေးသည်ဟု ထင်မြင်မိလာသည်။ "ကောင်းပြီ ဒါဆိုရင်လဲ အဲ့ကိစ္စကထားလိုက်...ကပ်ဆိုးအပေါ်ပြန်အာရုံစိုက် ကြမယ်" ထိုစကားကြောင့် အမတ်ပင် အံအားသင့်သွားလေသည်။ဘုရင်ကြီးသည် သူ ကိုယ်တိုင်မဟုတ်ပါက သူ၏သမီးကို စိတ်ချလေ့မရှိသောကြောင့်ဖြစ်သည်။ လက်ရှိ၌ စိတ်ချနေသောကြောင့် အထူးဆန်းဖြစ်နေခြင်းလည်းဖြစ်သည်။ ဆယ်လီနာကတော့ ဂရိတ်တိုင်းပြည်အနှံ့ပတ်လည်ပြီး အချိန်ကုန်ဆုံး နေသည်။အဘယ်ကြောင့်ဆိုသော် ဂျိတ်၌ အင်မတန်ချောမောလှပသော မိန်းကလေးရှိသည့်အပြင် အင်မတန်ချစ်စရာကောင်းသော သမီးလေးပါရှိ သည်ဟူသောသတင်းကို ကြားပြီးသောကြောင့်ဖြစ်သည်။ ထိုသတင်းကြောင့် သူမကိုယ်တိုင်လက်ခံနိုင်ရန် နှစ်ရက်မျှကြိုးစားခဲ့ရလေ သည်။ထို့နောက် မိမိကိုယ်ကို ပျော်ရွှင်နိုင်ရန် ဂရိတ်တိုင်းပြည်အနှံခရီးထွက် ကာ လည်ပတ်လေတော့သည်။တကယ်တမ်း ခရီးထွက်သောအခါ သူမ၏ဝမ်းနည်းမှုဆွေးမှုများလည်း ပျောက်ကုန်သည်။ဂရိတ်တိုင်းပြည် အနှံ၌ ရှိနေသော အရာရာတိုင်းသည် သူမအတွက် အမြဲတစေ ထူးဆန်းအံသြ ဖွယ်ကောင်းမွန်ပြီး လှပနေသောကြောင့်ဖြစ်သည်။ ဂျိတ်၏ခွင့်ပြုပေးမှုအမိန့်ကြောင့် သူမအနေဖြင့် ဂရိတ်တိုင်းပြည်အတွင်း၌ စိတ်ကြိုက်အလကားသုံးဖြုံးခွင့်ရှိနေသည်ဖြစ်သည်။ဆယ်လီနာကလည်း ထို အခွင့်ရေးကို အသုံးကာ ဆယ်လီနာသည် ကောင်းကောင်းကြီးပျော် တော့သည်။ဂျိတ်အား တမင်အရွှဲ့တိုက်ပြီး လုပ်သည်ကလည်းပါသည်။ မင်းသမီးလေး စိတ်ကြိုက်သွားလာနိုင်ရန်အတွက် ဘေး၌အမှုထမ်းတစ်ဦးခ န့်ထားပေးသည်။ထို့နောက် လုံခြုံရေးအတွက် တိတ်တဆိတ်စောင့်ရှောက်ပေး သော ကိုယ်ရံတော်များလည်း ထားရှိထားသည်။ မင်းသမီးလေးကတော့စားသောက်ဆိုင်တွေ့ပါက ဝင်စားလိုက်၊လှပသော အဝတ်ဆိုင်တွေ့ပါက ဝင်ဝယ်လိုက်ဖြင့် သဘောခွေ့နေသည်။ရထားလုံးများ၊ ကားများကိုလည်း စီးနင်းရုံတင်မကပဲ ကိုယ်တိုင်ကိုယ်ကျ မောင်းနိုင်ကြည့် သည်။ "မင်းသမီးလေး.....ဒါကဆိုင်ကယ်လို့ခေါ်ပါတယ်..သွားလာမောင်းနှင်ရာ မှာ...ဂီယာသုံးချက်ပါပါတယ်...ပြီးတော့...ဘရိတ်က.." "ကျမတတ်ပြီးသား ပြောပြစရာမလိုဘူး" ဆယ်လီနာသည် ချက်ချင်းပင်စက်နှိုးပြီး မောင်းစီးပစ်သည်။ "မင်းသမီးလေး...ဘရိတ်နင်းလေ..ဘရိတ်နင်း....ဟာ ရှေ့မှာ ဆိုင်ကယ်ကြီးနဲ့ ခြံစည်းရိုး ကြီး" ရလာဒ်ကတော့ မင်းသမီးလေးသည် ခြံစည်းရိုးကို ဆိုင်ကယ်ဖြင့်ပစ်ကြုံး လိုက်ခြင်းသာဖြစ်သည်။သူမသည် ထိုသို့ဖြစ်သွားသောကြောင့် အနည်းငယ် ရှက်ရွံသွားသည်။တတ်ပြီးသားဆိုကာမောင်းမှ ဘရိတ်မသိသောကြောင့် ခြံစည်းရိုးကို တိုက်ပစ်လိုက်သည်ဖြစ်သည်။ထို့ကြောင့် နောက်ထပ်သောကား များနှင့်တခြားခြားသော မောင်းနှင်ယာဥ်များတွင်တော့ အသေချာနားထောင် ပြီး မောင်းနှင်ကြည့်လေသည်။ထိုအခါမှ သူမ၏မောင်းနှင်မှုသည် အထိခိုက် မရှိပဲ အဆင်ပြေသွားလေတော့သည်။ ထိုအထိတော့ မင်းသမီးလေးစိတ်သဘောကျသေး၏။နောက်နေ့ရောက် တော့ ပြသနာစတင်ဖြစ်ပေါ်လာလေသည်။ "ကျမ..ဒါမောင်းနှင်ချင်တယ်" "မရဘူး...မင်းသမီးလေး..." "ဘာလို့မရရမှာလဲ....ဘုရင်ကြီးကခွင့်ပြုထားတာကို" "တကယ်မရလို့ပါမင်းသမီးလေး....." မင်းသမီးလေးနဲ့မင်းသမီးလေးနား စီစဥ်ဆောင်ရွက်ပေးသော အမှုထမ်းတို့ စကားများကြလေသည်။သူတို့အချင်းများမှုကြောင့် တပ်မှူးတစ်ယောက်ပင် သူတို့အနားသို့ရောက်ရှိလာပြီး "ဘာဖြစ်နေတာလဲ..." "တပ်မှူးလေး လုပ်ပါဦး...ဒီမှာမင်းသမီးလေးက ပြသနာရှာနေတယ်" "ဘယ်လိုပြသနာလဲ" တပ်မှူးအမေးကြောင့် မင်းသမီး ဆယ်လီနာမှာ "ဒီမှာ သူက ကျမ ကားလေးမောင်းချင်တာကိုခွင့်မပြုဘူးဖြစ်နေတယ်" "ကားမောင်းချင်ရင်ခွင့်ပြုလိုက်လေ...ဘာလို့စကားများနေကြတာလဲ" တပ်မှူးလေး၏အပြောကြောင့် အမှုထမ်းမှ မဲ့ယွဲ့သွားပြီး "တပ်မှူးလေး သူမောင်းချင်တာ ဒါကြီးဗျ" အမှုထမ်းလေးမှ လက်ညှိုးထိုးပြလိုက်သည်။သူပြသောအရာကား နျူ လက်နက်များတပ်ဆင်ထားသော ဒုံးခွင်းကားကြီးဖြစ်လေသည်။ "ဟ" တပ်မှူးလေးပါ ခေါင်းစားသွားလေသည်။မင်းသမီးလေးစီးချင်သော ကားသည်အလွန်အရေးကြီးသောကြောင့် ဂျိတ်ထံတိုက်ရိုက်တင်ပြရ တော့သည်။ဂျိတ်မှ စစ်တပ်သုံးများနဲ့လွှဲလျှင် ခွင့်ပြုပေးသည်ဆိုသောအမိန့် ထွက်လာလေသည်။ထိုအခါမှ မင်းသမီးဆယ်လီနာမှ ငြိမ်သွားလေသည်။ ထိုအခါမှ တပ်မှူးလေးနဲ့အမှုထမ်းတို့သည်လည်း သက်ပြင်းချနိုင်တော့လေ သည်။ ................ ရွာတစ်ရွာ၌ လူသူများသည် လက်ရှိယနေ့ကျမှ သွားလာမှုမရှိ တိတ်ဆိတ်ငြိမ် သက်နေလေသည်။ထိုသို့ငြိမ်သက်သွားရခြင်းသည် အကြောင်းရင်းတစ်ခု ကြောင့်ဖြစ်လေသည်။ဤသည်မှာ ရွာထဲ၌လျှောက်သွားနေသော ကလေး တစ်ယောက်ကြောင့် ဖြစ်သည်။ ထိုကလေးငယ်၏ပုံစံသည် အပြစ်ကင်းစင်သောပုံစံရှိပြီး အရပ်မှာလေးပေ ခြောက်လက်မမြင့်၏။သူ၏အသက်မှာ ဆယ့်နှစ်နှစ်သားကဲ့သို့ထင်ရ၏။ ထိုသို့ ထိုကလေးသည် လူမဟုတ်သောအချက်ကထူးဆန်းလေ၏။ ထိုအချက်ကပင် သူရောက်ရှိသော ရွာ၌လူများသွားလာမှုတိတ်ဆိတ်ငြိမ်သက် သွားရသည့်အကြောင်းရင်းတစ်ခုဖြစ်ရလေတော့သည်။ "ဟီး....ဟီး....ဟီး...." ထိုကလေးသည် ရွာထဲလျှောက်သွားရင် ဟားတိုက်ရယ်မောသည်။ရယ်မော ပြီးသည်နဲ့ "ငါ....လက်စားပြန်ချေမယ်ကွ...လက်စားပြန်ချေမယ်" သူ၏ကြိမ်းဝါးသံကား ဟိန်းထွက်နေတော့သည်။
(338)ကမ္ဘာမြေသို့အလည်တစ်ခေါက်
ရက်သတ္တ ပတ်အနည်းငယ်ကြာတော့ စွန်ရဲအင်ပါယာ၏အခြေနေသည် ပြောင်းလဲသွားတော့သည်။ယခင်ကဆုံးရှုံးခဲ့ရသောမြို့များကို ပြန်လည် ရရှိ သွားနိုင်သလို အရိုးခြောက်စစ်သည်များကိုလည်း အမြစ်ဖြုတ်ချေမှုန်းနိုင်ခဲ့ သည်ဖြစ်သည်။ထိုသို့ဆိုရခြင်းမှာ အရိုးခြောက်စစ်သည်များသည် နောက်ထပ်မပေါ်လာတော့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် စွန်ရဲအင်ပါယာမှစစ်သည်များသည် အောင်ပွဲခံကြလေသည်။ထို ကိစ္စကို ခိုးလုလုဖြစ်သူကတော့ စွန်ရဲအင်ပါယာစစ်သူကြီးသာ။အဘယ်ကြော င့် အရိုးခြောက်စစ်သည်များသည် ရုတ်ခြည်းဆိုသလို အရေတွက်နည်းပါးပြီး နောက်ဆုံး၌ပျောက်ကွယ်သွားရသည်ကိုပင်ဖြစ်သည်။ ပေါ်လာချိန်၌ သူ တို့၏အင်အားသည် ကြောက်ခမန်းလိလိပင်ဖြစ်သော်လည်း လက်ရှိ၌ လုံးဝ ပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။ ထိုကိစ္စကို ရက်အနည်းငယ်ကြာတော့ မေ့လျော့လိုက်လေသည်။ဖြစ်ပြီးခဲ့ သောကိစ္စ၏အဖြေမှာ ရှာရခက်သောကြောင့်ဖြစ်၏။ကပ်ဆိုးကြီးကိစ္စပြီးဆုံး သွားသောအခါ သူတွင် တစ်ခုတည်းသောပြသနာကျန်ရှိနေသေး၏။ထိုကိစ္စ ကား တခြားမဟုတ်။ဂရိတ်တိုင်းပြည်နဲ့ပတ်သက်သည်ဖြစ်သည်။ လက်ရှိ၌ စွန်ရဲအင်ပါယာ၏နယ်မြေသည် သိသိသာသာပင် လျော့နည်း သွား၏။ထိုလျော့နည်းသွားရခြင်းမှာ ဂရိတ်တိုင်းပြည်၏အောက်သို့ ရောက် ရှိသွားသောကြောင့်ဖြစ်သည်။ထို့ကြောင့် ဂရိတ်တိုင်းပြည်အား စစ်ပွဲဆင်နွှဲ ရန်လုပ်ဆောင်ရမည်ဖြစ်သော်လည်း မလုပ်ဆောင်သေးပေ။ယခင်က ဂျိတ်နဲ့ တိုက်ခိုက်စဥ်က ဂျိတ်၏ပြသသောတိုက်ပွဲဝင်အင်အားသည် မရိုးရှင်းသော ကြောင့်ဟု ခံစားရနေသေးသောကြောင့်ဖြစ်၏။ နောက်တစ်ချက်ကတော့ ဂရိတ်တိုင်းပြည်သည် မည်သို့သောဖုံးကွယ်ထား သေးသော စွမ်းအားရှိသည်ကိုမသိသေးသောကြောင့်ဖြစ်သည်။ထိုစွမ်းအား ဖြင့် ကပ်ဆိုးပေါ်လာချိန်၌ ဂရိတ်တိုင်းပြည်သည် ရှင်သန်နေနိုင်သည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။ထို့ကြောင့် သူသည် စစ်ပွဲဆင်နွှဲပါက အကျဆုံးများစွာရှိနိုင်သည်ဟု ယုံကြည်ထားသည်။ထို့ပြင် ကပ်ဆိုးများမရှိ သောကြောင့် ဂိုဏ်းများကလည်း ဂရိတ်တိုင်းပြည်ကို ပြင်းထန်သော သက်ရောက်မှုများ ပေးလာမည်ကလည်း သေချာသောကြောင့် စစ်သူကြီးချ င့်ချိန်စဥ်းစားနေရသည်ဖြစ်သည်။ "ပြသနာတက်ပြီ စစ်သူကြီး" စစ်သည်တစ်ယောက်မှ ပြေးဝင်လာလေသည်။ "ဘာဖြစ်တာလဲ" "မြွေဟောက် အင်ပါယာကနေ နယ်နမိတ်မြို့တွေကို ထိပါးနေပါတယ်" "ဘာကွ" စွန်ရဲစစ်သူကြီး ဒေါသထွက်လာသည်။မြွေဟောက်အင်ပါယာမှ ရန်စ ကျူးကျော်လာသည်မဟုတ်ပါလား။ မြွေဟောက်အင်ပါယာဆိုပါက သမိုင်းကြောင်းကို ရှင်းပြရန်လိုအပ်လာ ပြန်သည်။လက်ရှိစစ်သည်များပေါ်ထွန်းရာနေရာကို စစ်သည်တော်ကုန်းမြေ ဟုခေါ်၏။စစ်သည်တော်ကုန်းမြေသည် အပိုင်းသုံးပိုင်းဖြင့်ဖွဲ့စည်း ထားသည်။ထိုသုံးပိုင်းတွင် တစ်ပိုင်းစီ၌ ကြီးမားအစွမ်းထက်သော သူများ နေထိုင်ကြလေသည်။ ပထမအပိုင်းကို အင်ပါယာများကတည်ရှိကြသည်။ဒုတိယအပိုင်းသည် ဂိုဏ်း လေးဂိုဏ်း၏နယ်မြေဖြစ်ပြီး နောက်ဆုံးအပိုင်းသည် မှောင်မဲတောနယ်မြေ ဖြစ်သည်။ ပထမပိုင်း၌ အင်ပါယာကြီးနှစ်ခုက ထင်ရှားပေသည်။ထိုအင်ပါယာနှစ်ခုသည် စွန်ရဲအင်ပါယာနဲ့မြွေဟောက်အင်ပါယာတို့ဖြစ်သည်။ထိုနယ်မြေများသည် တစ်ချိန်က စိန့်ဧကရာဇ်၏နယ်မြေဖြစ်သော်လည်း လက်ရှိ၌ အင်ပါယာနှစ်ခု အဖြစ် ကွဲပြားတည်ရှိနေသည်ဖြစ်သည်။နောက်ပြီး စိတ်ဝင်စားဖွယ်ကောင်း သည်ကတော့ မှောင်မဲတောနယ်မြေဖြစ်သည်။ထိုနယ်မြေသည် အလွန်ပင် ကြီးမားပြီး ကြောက်မက်ဖွယ်ရာတည်ရှိမှုများရှိသည်ဟုဆိုကြသည်။ထို နယ်မြေအား မရဏနယ်မြေဟုလည်း ဆိုကြလေသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာနှစ်ခုလုံးသည် ထိုမှောင်မဲတောနယ်မြေ၌ စစ်သည်များစွာအသက်ပေးခဲ့ရသောကြောင့်ဖြစ်သည်။ထို့ကြောင့်လည်း ထို နယ်မြေကို ရှောင်ဖယ်ထားကြသည်လည်းဖြစ်သည်။နောက်ပြီး သူတို့ ယုံကြည်ထားကြသည်က ထိုနယ်မြေကို ယခင်ကအစွမ်းထက်သော ခွန်အား သန်မာသောမျိုးနွယ်စုက လက်ရှိအချိန်ထိ လွှမ်းမိုးချုပ်ကိုင်ထားသည်ဟု သော အချက်ကိုဖြစ်သည်။ မှောင်မဲတောနယ်မြေကလည်း တစ်သီးတစ်ခြားတည်းနေထိုင်သည်ဖြစ်ရာ နှစ်များစွာကြာတော့ လူတိုင်းမေ့လျော့ကြလေသည်။လက်ရှိ၌အထင်ရှားဆုံး က အင်ပါယာနှစ်ခုဖြစ်သော စွန်ရဲအင်ပါယာနဲ့မြွေဟောက်အင်ပါယာဖြစ်ပြီး ဂိုဏ်းကြီးလေးဂိုဏ်းသာဖြစ်သည်။ စွန်ရဲအင်ပါယာနဲ့မြွေဟောက်အင်ပါယာတို့သည် အမြဲတစေ တိုက်ခိုက်တတ် ကြပြီး စစ်ပြေငြိမ်းလိုက်ကြသည်နဲ့ နှစ်တစ်ရာမျှကြာညောင်းခဲ့သည် ဖြစ်သည်။လက်ရှိ၌ မြွေဟောက်အင်ပါယာမှ စွန်ရဲအင်ပါယာ၏ရှုပ်ထွေးနေ သောအခြေနေကို အခွင့်ကောင်းယူကာ နယ်နမိတ်များကို စတင်ထိပါး ကျူးကျော်လာခဲ့ပြီဖြစ်သည်။ "စစ်ချီခရာမှုတ်ပြီး ချီတက်ကြမယ်ဟေ့" စွန်ရဲအင်ပါယာတစ်ခုလုံး လှုပ်ရှားကြလေသည်။မြွေဟောက်အင်ပါယာကို ရှေးကတည်းက ရန်ဖက်အဖြစ်သတ်မှတ်ထားပြီးဖြစ်ရာ လက်ရှိ၌ပြန်လည် တိုက်ခိုက်ရမည်ဖြစ်သောကြောင့် စစ်သည်တော်တိုင်းသွေးဆူပြီးတိုက်ခိုက် လိုက်ကြသည်။ထို့ကြောင့် မကြာမီအချိန်တွင်း၌ များစွာသော တပ်ပေါင်းစု ကြီးဖြစ်ပေါ်လာပြီး ကျူးကျော်လာသောမြွေဟောက်အင်ပါယာကို တိုက်ခိုက် ရန် လှုပ်ရှားချီတက်ကြလေသည်။ ဂရိတ်တိုင်းပြည်ကတော့...ငြိမ်သက်နေပြီးပိုမိုတိုးတက်လာသောအခြေနေ၌ရှိ သည်။လက်ရှိအခြေနေ၌ ဂရိတ်တိုင်းပြည် သည် အသစ်ရရှိလာသော လက်အောက်ခံနယ်မြေများကို ဆောင်ရွက်ရန်အစီစဥ်များဖြင့်လုပ်ကိုင် ဆောင်ရွက်နေလေသည်။ အရင်ဆုံး လိုအပ်သော စစ်သည်များကို လက်အောက်ခံတိုင်းပြည်တိုင်းသို့ စေလွတ်ပြီး ကာကွယ်စောင့်ရှောက်စေသည်။လက်အောက်ခံနယ်မြေသည် အလွန်ကြီးများသောကြောင့် ဂရိတ်တိုင်းပြည်မှ စစ်သည်များပို့လွတ်ရာ၌ အ ကန့်သတ်ရှိသည်။သို့သော်လည်း ခေတ်မှီပြီးမြန်ဆန်သော လေယာဥ်များနဲ့ တခြားသောသယ်ယူပို့ဆောင်ရေးယာဥ်များကြောင့် ထိုအခက်ခဲကို ဖြေရှင်း နိုင်ခဲ့လေသည်။ လမ်းဖောက်ရာတွင်လည်း လူအင်အားအစား...ထူးခြားဆန်းပြားသော စက် များကိုအသုံးပြုကြလေသည်။ ဥပမာအားဖြင့် အသုံးပြုသောအိမ်တစ်လုံးစာမျှကြီးမားသော စက်ကြီးသည် လမ်းဖောက်လုပ်ရာ၌ ထိုစက်ကြီးတစ်လုံးတည်းဖြင့် လမ်းဖောက်လုပ်ခြင်း တွင်မြေပြင်ညှိခြင်းမှလမ်းခင်းခြင်းအထိကို တစ်စက်တည်းဖြင့် အားလုံး လုပ်ဆောင်သွား၏။ထို့ပြင် ထိုစက်၏တစ်ရက်လမ်းဖောက်နိုင်နှုန်းသည် မိုင် နှစ်ရာမျှအထိသွားနိုင်၏။ဤမျှအစွမ်းထက်လှသောစက်ကြီးများက ရာချီ အသုံးပြုထားရာ အချိန်ခေတ္တ အတွင်း၌ ဂရိတ်တိုင်းပြည်မှ လက်အောက်ခံ နယ်မြေများကို အချိန်တိုတွင်း မြန်ဆန်စွာသွားလာနိုင်သည်ဖြစ်သည်။ အစောပိုင်းကာလ၌ ကပ်ဆိုးကြောင့် လက်အောက်ခံအဖြစ်ဝင်ရောက်ထား သော တိုင်းပြည်များသည် ကပ်ဆိုးမရှိတော့ကြောင်း သိလိုက်သောအခါ ဂရိတ်တိုင်းပြည်ကို ပုန်ကန်ပြီး စွန်ရဲအင်ပါယာလက်အောက်ခိုဝင်ရန်ကြံစည် ကြလေသည်။သူတို့၏အကြံစည်သည်လည်း ဂရိတ် တိုင်းပြည်၏ကြီးမားသောလေယာဥ်များနဲ့ ကြောက်မက်ဖွယ်သောစစ်သည် များ၏လက်နက်ဆန်းများမြင်လိုက်ရသောအခါ သူတို့၏အကြံစည်ကို ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး စိတ်တူကိုယ်ပါလိုလိုလားလား လက်အောက်ခံအဖြစ်ဆက်လက်နေထိုင်ကြလေသည်။ ကြောက်၍ဆက်လက်လက်အောက်ခံအဖြစ်နေကြသည်ကို ဂျိတ်လည်းသိပြီး သားဖြစ်၏။ထို့ကြောင့် လက်အောက်ခံတိုင်းပြည်များသို့ အရင်ဆုံး လမ်းပန်းဆက်သွယ်ရေးဖြင့် အရင်ဆုံးဆက်သွယ်လိုက်၏။ထို့နောက် အနုနည်းဖြင့် အစားသောက်များနဲ့ကုန်ပစ္စည်းများကို ပေးသုံးစေသည်။ ဤသို့ဖြင့် လက်အောက်ခံနယ်မြေများသည် ဂျိတ်၏စီစဥ်မှုအောက်တွင် ညှိ တွယ်ပြီးရင်း ရုန်းထွက်မနိုင်တော့ကြတော့ပေ။ "စွန်ရဲအင်ပါယာကို မြွေဟောက်အင်ပါယာက ကျူးကျော်လို့ ပြန်လည် တိုက်စစ်ဆင်နေတယ်လို့ကြားပါတယ်" ဂျိတ်အား စစ်သည်တော်တစ်ယောက်မှ သတင်းပေးသည်။ထိုစစ်သည် တော်သည် သတင်းထောက်လှမ်းရေးမှစစ်သည်ဖြစ်ပြီး သတင်းများစွာကိုအ ချိန်နဲ့တပြေးညီထောက်လှမ်းနေသူလည်းဖြစ်သည်။ စွန်ရဲအင်ပါယာနဲ့များစွာ ကွာဝေးသော်လည်း ထိုသတင်းသည် သူ၏နားသို့ရောက်ရန်တစ်နာရီသာ အချိန်ယူပြီး ဂျိတ်အားပြန်လည်တင်ပြနိုင်ခဲ့လေသည်။ထိုအခြင်းရာကို ကြည့် ခြင်းအားဖြင့် ဂရိတ်တိုင်းပြည်သည် အချိန်တိုတိုအတွင်း၌ အဘက်ဘက်မှ မြန်ဆန်စွာတိုးတက်ပြောင်းလဲလာသည်ကို သိရှိနိုင်သည်။ "ကောင်းပြီဆက်ကြိုးစားပါ" ဂျိတ်မှ ထိုစစ်သည်အားအမိန့်ပေးပြီးသည်နဲ့ သမီးဖြစ်သူကို ပွေ့ချီလိုက် သည်။ထို့နောက် ဂရိတ်နန်းတော်မှ ထွက်ကာ မြို့တွင်း၌ လမ်းလျှောက်အတူ ထွက်လေသည်။အယ်လီနာကတော့ သူ၏ချိတ်ပိတ်ထားသောအရာကို ချိုးဖျက်လိုသည်ဟုဆိုထားသောကြောင့် မခေါ်တော့ပဲ သမီးနဲ့အတူ နှစ် ယောက်တည်း အချိန်ဖြန်းကာ သမီးအားပျော်ရွှင်စေလေသည်။ သမီးဖြစ်သူနဲ့ ညနေစောင်းသည်အထိ အတူလည်ပတ်ပြီးသောအခါ ညစာကို ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးလေသည်။အယ်မလီနဲ့သမီးလေးတို့ကလည်း ဂျိတ်၏လက်ရာဟင်းကောင်းများကို စားသောက်ပြီးသည်နဲ့ အိပ်စက် အနားယူကြလေသည်။သမီးဖြစ်သူကတော့ တစ်နေကုန်လည်ပတ်ရသည့် အတွက်ကြောင့်ထင် စားသောက်ပြီးသည်နဲ့ အိပ်ပျော်သွားလေတော့သည်။ အယ်လီနာသည်လည်း ချိတ်ပိတ်သည်ကို ချိုးဖျက်ရသည့်အတွက်ကြောင့် ပင်ပန်းပြီးစောစီးစွာ အနားယူအိပ်စက်သွားသည်ဖြစ်သည်။ ဂျိတ်လည်း တိုင်းပြည်၏တိုးတက်နှုန်းကို ကြည့်ရှုကာ အားမရသေး၍ စနစ်မှ လိုအပ်သောလူအင်အားနဲ့ကျန်သောအရာများထုတ်ယူပြီး တိုးတက်အောင် ဆောင်ရွက်စေသည်။ထို့နောက် လက်အောက်ခံနယ်မြေများအပေါ် အာဏာ သက်ရောက်မှုတည်တံစေရန် လိုအပ်သော အစီစဥ်များကိုလည်း အတိုင်ပင်ခံ ဖယ်အား ဆက်လက်လုပ်ဆောင်စေသည်။ "အိမ်း အချိန်ကျပြီ...." ဂျိတ်သည် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ထိုသို့ဝှေ့ယမ်းလိုက်သည်နဲ့ ရှေ့၌ ဒိုင်မေးရှင်းတံခါးတစ် ချပ်ပေါ်လာတော့သည်။ထိုတံခါးထဲသို့ ဂျိတ်သည် ဝင်ရောက်သွားလိုက်လေ သည်။ တံခါးကို ဖြတ်သန်းသွားပြီးသည်နဲ့ ဂျိတ်သည် မြေပြင်တစ်ခု၌ရောက်ရှိနေ လေသည်။ထိုနေရာသည် တစ်ခြားသောနေရာမဟုတ် နဂါးငွေ့တန်းဂ လက်ဆီ၌ရှိနေသော ဂျက်သို့မဟုတ် ဂျိတ်နေထိုင်ရှင်သန်ခဲ့ဖူးသော ကမ္ဘာမြေ ဟူသောနေရာပင် ဖြစ်သည်။ "စိတ်ခံစားချက်ကောင်းလိုက်တာ" အတိတ်ဘဝ၌ဖြစ်ပျက်ခဲ့သော ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိလာသော ကြောင့် ဂျိတ်သည်အနည်းငယ်ခံစားချက်ကောင်းမွန်နေသည်။ရုတ်ခြည်းဆို သလို ကမ္ဘာပေါ်သို့သွားချင်စိတ်ပေါ်ပေါက်လာသောကြောင့် ဒိုင်မေးရှင်း တံခါးသုံးပြီး ရောက်ရှိလာသည်လည်းဖြစ်သည်။ကမ္ဘာမြေကတော့ သူနေခဲ့ သလိုပင် သာယာမြဲ စိမ်းလန်းနေမြဲပင်ဖြစ်သည်။ "ဟင်... ဘာလားဟ" ကောင်းကင်ယံ၌ အလင်းတန်းတစ်ခုက မြန်ဆန်စွာသွားလာနေသည်ကို ဂျိတ် တွေ့လိုက်ရသည်။သာမန်လူများအနေဖြင့် ထိုအရာသည် ကြယ်ကြွေသည်ဟု ထင်ကောင်းထင်လိမ့်မည်။သို့သော် ဂျိတ်ကတော့ အကြောင်းရင်းကို သိ နေသည်။အဘယ်ကြောင့်ဆိုသော် ကောင်းစွာမြင်နေရသောကြောင့် ဖြစ်သည်။ ထိုအလင်းတန်းသည် ကြယ်ကြွေသည်မဟုတ်ပဲ တခြားအရာတစ်ခုကြောင့် ဖြစ်၏။ဆံပင်ရှည်ပြီး ကြည့်ကောင်းသောလူငယ်တစ်ယောက်သည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ဓားမော့ကြီးကိုမြန်ဆန်စွာစီးနင်းသောကြောင့် ဖြစ်သည်။ထူးခြားသည်က ဓားမော့၌လက်ရန်းပါရှိပြီး ထိုလက်ရန်းကိုကိုင် ကာ စီးနင်းနေသော မြင်ကွင်းက ဂျိတ််အတွက် အထူးဆန်းဖြစ်သည်။ နောက်ထပ်သော ကြယ်ကြွေ မြင်ကွင်းများလည်း ပေါ်လာပြန်သေး၏။ထို မြင်ကွင်းကတော့ ပို၍ပင်ထူးဆန်းသေး၏။ဓားပျံပေါ်၌ ကြိုးဖြင့်တင်းကျပ်စွာ ချည်ခံရပြီး အော်ဟစ်ပျံသန်းနေသူနဲ့ ဓားပေါ်၌ အော်ဟစ်နေသော မိန်းမပျို လေးအပြင် မြန်ဆန်စွာသွားနေသော ထော်လာဂျီပျံကြီးကို ပျော်ရွှင်စွာဖြင့် စီးနင်းနေသောသူကိုလည်း တွေ့ရသေးသည်။ထိုလူ၏ထူးခြားချက်သည် အလွန်ပင်ခန့်ညားချောမောလှပပြီးအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်ရီသီးများ အားပါးတရဝါးစားလိုက် အစေ့များထွေးထုတ်လိုက်ဖြင့် လုပ် နေသည်ဖြစ်သည်။ "ကြည့်ရတာ ကမ္ဘာပေါ်က ကျင့်ကြံသူတွေက ပြောင်းလဲကုန်ကြပြီထင်ပါရဲ့." ကမ္ဘာပေါ်ရောက်ရောက်ခြင်း ဂျိတ်ကြုံတွေ့လိုက်ရသော မြင်ကွင်းတစ်ခုဖြစ် လေသည်။
(339)ဆိုင်ကယ်ပြိုင်ပွဲစတင်ခြင်း
ထိုကျင့်ကြံသူများကိုတစ်ချက်မှ ကြည့်ပြီး ဂျိတ်သည် မိမ်ိရောက်နေသော နေရာကို ကြည့်လိုက်သည်။လက်ရှိရောက်နေသောနေရာသည် ထင်ရှား ကျော်ကြားသောမြို့ကြီးလည်းမဟုတ်သလို မြို့ငယ်လေးလည်းမဟုတ်ပေ။ အထူးသဖြင့်လက်ရှိရောက်နေသောနေရာသည် ဆိုင်ကယ်မြို့တော်ဟု ကျော်ကြားကြောင်းသိရှိလိုက်လေသည်။အကြောင်းမှာ ထိုမြို့လေးသည် မကြာခဏဆိုသလိုပင် ဆိုင်ကယ်ချစ်သူများက ပြိုင်ပွဲကျင်းပလေ့ရှိသော ကြောင့်ဖြစ်သည်။ ထိုဆိုင်ကယ်ပြိုင်သူများသည် အစကအပျော်သဘောဖြင့်လုပ်ခြင်းဖြစ် သော်လည်း နောက်ပိုင်းတွင်လူစုံလာလေသည်။လူစုံလာသည်နဲ့အမျှအပျော် ပျက်သဘောမှ ငွေကြေးအသွင်သို့ပြောင်းလဲလာလေသည်။နောက်တော့ ငွေကြေးကြီးကြီးမားမားလောင်းသောပြိုင်ပွဲတစ်ခုသို့ပါပြောင်းလဲသွားလေ သည်။ ထိုသို့ပြောင်းလဲသွားသည်နဲ့ အရပ်တကာမှ ငွေကြေးမရှားသော ဆိုင်ကယ် ဝါသနာရှင်များစွာက ထိုမြို့လေး၌ ညစဥ်လိုလိုစုဝေးလာကြပြီး ထိုမြို့သည် စည်ကားလာခဲ့လေသည်။ "ဝှန်းးးး....." ဆိုင်ကယ်များ၏လီဗာဖြဲသံများကား နေရာအနှံ၌ကြားရလေသည်။ထိုလီဗာ သံများသည် နားညီးဖွယ်ကောင်းသော်လည်း ဆိုင်ကယ်မြတ်နိုးသူများနား၌ ထိုအသံသည် အင်မတန်မှ ညိမ့်ညောင်းသောအသံတစ်ခုသာဖြစ်ပေသည်။ "အို....တော်တော်လေးစည်ကားတာပဲ" ဂျိတ်သည်လည်း သူ၏အဝတ်စားအသွင်ပြင်ကိုပြောင်းလဲပြီး လှည့်ပတ်ကြ ည့်ရှုနေလိုက်သည်။မြို့ထဲ၌ ဘားများကလပ်များစွာကလည်း စည်ကားနေ သလို လမ်းများပေါ်၌လည်း ဆိုင်ကယ်များစွာက တည်ရှ်ိနေသည်။ထိုဆိုင် ကယ်များအားလုံးသည် တန်ဖိုးကြီးသောဆိုင်ကယ်များဖြစ်ပြီး အစွမ်းထက် ကြောက်မက်ဖွယ်ကောင်းသောအင်ဂျင်များတပ်ဆင်ထားသောဆိုင်ကယ်များ ဖြစ်လေသည်။တစ်ချို့သော ဆိုင်ကယ်များကတော့ မော်ဒီဖိုင်း(ပြန်လည် ပြင်ဆင်)ထားသော ဆိုင်ကယ်များဖြစ်ပြီး အလွန်ပင်သားနားလှလေသည်။ "ဟိုင်း...လူချောလေး....တို့နဲ့အတူဆိုင်ကယ်စီးမလား...တို့ဆိုင်ကယ်က ဘရိတ်ကောင်းတယ်နော်" ချောမောလှပသောကောင်မလေးများက သူတို့၏ဆိုင်ကယ်ထက်မှထိုင်ရင်း ဂျိတ်အား ပရောပရီလုပ်ကြသည်။ဂျိတ်သည် အဝတ်စားသာပြောင်းလဲခြင်း ဖြစ်ပြီး သူ၏ရုပ်ရည်ကိုပြောင်းလဲခြင်းမရှိသောကြောင့် ခန့်ညားနေသည်။ သူ၏ရုပ်ရည်က လူကြားထဲ၌ တောက်ပသောကြယ်ပမာ လိုထင်ရှားနေသော ကြောင့် မိန်းမပျိုလေးများ၏အာရုံစိုက်မှုကို ရရှိသွားခြင်းလည်းဖြစ်သည်။ ဂျိတ်ကတော့ ဝတ္တ ရားအရ ပြန်လည်ပြုံးပြပြီးငြင်းပယ်လိုက်သည်။ "ဟယ်.....သူ့အပြုံးလေးကမိုက်တယ်တော့" ဂျိတ်၏အပြုံးဖြင့်ငြင်းဆန်မှုကြောင့် မိန်းမလေးများက စိတ်မဆိုးကြပဲ ကျေနပ်ကြလေသည်။ "ဟေ့ကောင် မင်းကဘာလာလုပ်တာလဲ" ဂျိတ်သည် မိမိဘာသာလျှောက်ပတ်ကြည့်နေရင်းမှ တစ်စုံတစ်ယောက်၏လမ်းပိတ်ရပ်ပြီး ဟန့်တားခြင်းကိုခံလိုက်ရလေသည်။ မိမိအား ဟန့်တားသူအားကြည့်လိုက်ရာ သားနားစွာဝတ်ဆင်ထားသော လူ တစ်ယောက်နဲ့၎င်း၏နောက်တွင်လည်း သက်တော်စောင့်များပါရှိကြောင်း တွေ့ရလေသည်။ "မိုက်ကယ်..သွားသူ့ကိုသွားမနှောင့်ယှက်နဲ့" မိန်းမပျိုလေးများက ထိုမိုက်ကယ်ဆိုသောသူအား ပြောဆိုကြလေသည်။ ထိုသို့ပြောဆိုလေ မိုက်ကယ်အဖို့ ဒေါသထွက်ရလေဖြစ်သည်။အကြောင်း ကား မိုက်ကယ်သည် သူ့ထက်သာလွန်သောသူအား မနာလိုသောကြောင့် ဖြစ်သည်။ သူသည် ကြွယ်ဝချမ်းသာမိသားစုမှဆင်းသက်လာသော သူဌေးသားဖြစ်ပြီး ဆိုင်ကယ်ဝါသနာပါသောကြောင့် ဒီမြို့အား ညတိုင်းလိုလိုလာရောက်လေ့ရှိ သည်။သူ၏သက်တော်စောင့်များနဲ့ သူ၏ဆိုင်ကယ်ကြောင့် သူသည် ထိုမြို့၌ထင်ရှားကျော်ကြားသော ဆိုင်ကယ်သမားတစ်ယောက်ဖြစ်လာလေ သည်။ ထိုသို့လူများက သတ်မှတ်မှုအပေါ်သူအလွန်ပျော်ရွှင်လေသည်။သို့သော် ယနေ့ည၌ ခန့်ညားလှသော လူတစ်ယောက်ပေါ်ပေါက်လာမည်ဟု သူမထင်မိ ခဲ့ပေ။ထိုလူချောသည် မိန်းမပျိုလေးများ၏အာရုံစိုက်မှုကို ရရှိလာသောအခါ သူမနာလိုဖြစ်လာကာ ဂျိတ်အား သွားရောက်ကြိမ်းမောင်းနေခြင်းဖြစ်သည်။ "ဘာလာလုပ်တာလဲဆိုတော့ ဆိုင်ကယ်တွေလာကြည့်တာပေါ့" ဂျိတ်လည်း ဒဲ့သာပြော၏။ "ကောင်းပြီ...ဒါဆို မင်းငါနဲ့ဆိုင်ကယ်ပြိုင်ရဲလား..လူကြောက်လေး" မိုက်ကယ်မှ ဂျိတ်အား ရန်စသည်။ဂျိတ်ကလည်း မိုက်ကယ်သွေးတိုးစမ်း သည်ကို စိတ်ထဲ၌ကြိတ်ရယ်ကာ "ကောင်းပြီ ပြိုင်ကြတာပေါ့...အရင်ဆုံးငါဆိုင်ကယ် ရှာပါရစေ" ဂျိတ်၏စကားကြောင့် မိုက်ကယ်ဆွံအသွားလေသည်။မိမိနဲ့ဆိုင်ကယ်ပြိုင်မည့် သူက ဆိုင်ကယ်ကိုယခုမှ ရှာမည်ဟုပြောနေသောကြောင့်ဖြစ်သည်။ "အချိန်ငါးမိနစ်ပဲပေး" ဂျိတ်ကလည်း ခပ်တည်တည်ပင် ဆိုင်ကယ်ဟောင်းများထားရာ ဆိုင်ကယ်သချိုင်းထဲဝင်ရောက်သွားလေသည်။ထို့နောက် ဆိုင်ကယ်ရှာဖွေလေသည်။ "ဟောတွေ့ပါပြီ" ဂျိတ်၏မျက်လုံးများတောက်ပသွားသည်။ R7,R6တို့လိုဆိုင်ကယ်များကြား၌ အခြေနေကောင်းသောဆိုင်ကယ်တစ်စီးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဆိုင်ကယ်သင်းချိုင်းထဲတွင် ထိုတစ်စီးသာအကောင်းဆုံးဖြစ်သောကြောင့် ဂျိ တ်လည်း မတွေဝေပဲယူလာခဲ့လေသည်။ ထို့ကြောင့် ထိုဆိုင်ကယ်ကိုဂျိတ်မှ တွန်းကာ ဆီဖြည့်ပြီး မိုက်ကယ်ထံထွက်လာ လိုက်လေသည်။ မိုက်ကယ်သည်လည်း ဆိုင်ကယ်ပြိုင်ရန်အတွက် သူ၏စီးတော်ယာဥ်ကို အမြန် လမ်းပေါ်တွင် ရပ်တန့်ကာစောင့်ဆိုင်းနေလိုက်သည်။ မိုက်ကယ်မှ လူချောလေးတစ်ယောက်နဲ့ဆိုင်ကယ်ပြိုင်မည်ဖြစ်ကြောင်း သတင်းသည်ချက်ချင်းဆိုသလို ပြန့်သွားသောကြောင့် လာရောက်ကြည့်ရှု သူများပြားလှပေသည်။ "ဝိုး..သူ့ရဲ့ဆိုင်ကယ်ပြန်မြင်ရပြီ" မိုက်ကယ်စီးသော ဆိုင်ကယ်သည် kawasaki Ninja h2အမျိုးစားမျိုး ဖြစ်သည်။ထိုဆိုင်ကယ်သည် ထင်ရှားကျော်ကြားသောဆိုင်ကယ်များထဲမှ တစ်စီးဖြစ်သည်။သူ၏အကြမ်းခံသော ကိုယ်ထည်နဲ့ဘီးများ အချိန်တိုတွင်း၌ မြန်ဆန်အောင်တွန်းအားပေးနိုင်သော မြင်းကောင်ရေ326ရှိသော အင်ဂျင်ကို တပ်ဆင်ထားသည်။ထိုအင်ဂျင်သည်998cc DOHC4-value iလေးလုံးထိုး ဖြစ်သည်။ တစ်နာရီလျှင် ကီလိုမီတာလေးရာအထိ မြန်ဆန်လှသည်။ဆိုင်ကယ်တွင်ပါရှိ သော ခေတ်မှီဘရိတ်ကြိုးစနစ်များနဲ့ လေခွင်းနိုင်ရန်အထူးပြုပြင်ထားသော သံမဏိများဖြင့်လုပ်ဆောင်ထားသော ဆိုင်ကယ်ကိုယ်ထည်က အမြန်ပြိုင်ရာ၌ ဆရာတစ်ဆူဖြစ်အောင် ဖန်တီးပေးသည်ဖြစ်သည်။ထို့ပြင် နောက်ထပ် အကုန်ချခံကာ ပြုပြင်ထားသောကြောင့် ကြောက်မက်ဖွယ်သော ဆိုင်ကယ် တစ်စီးဖြစ်လာခဲ့လေသည မိုက်ကယ်သည် သူ၏ဆိုင်ကယ်စီးဝတ်စုံနဲ့အတူ ဆိုင်ကယ်ပေါ်၌ သားနားစီး ထိုင်နေသည်ဖြစ်သည်။သူသည် ဂျိတ်အလာကို စောင့်ဆိုင်းနေသည် ဖြစ်သည်။ဂျိတ်၏မောင်းနှင်လာသော ဆိုင်ကယ်ကို မြင်သောအခါ ဒေါသ ထွက်သွားသည်။ "ဟေ့ကောင် လာနောက်နေတာလား" သူ၏အပြောနဲ့အတူ ဂျိတ်၏အပေါ်သို့ လူတိုင်း၏အာရုံကျရောက်လာလေ သည်။ "ဟယ် လူချောလေးတော့....ဒါနဲ့ဘာလို့သူက အဲ့ဆိုင်ကယ်လေးစီးလာတာလဲ" "ဒါနဲ့ပြိုင်မယ်တော့မဟုတ်ပါဘူးနော်" ဂျိတ်စီးလာသောဆိုင်ကယ်သည် တစ်ခြားမဟုတ် ဂျပန်မှထုတ်လုပ်ပြီး သာမန် သွားလာမောင်းနှင်ရာ၌အသုံးပြုသော ဆိုင်ကယ်တစ်စီးဖြစ်သည့် စူပါကပ်ကို စီးနှင်းလာခြင်းဖြစ်သည်။ လက်ရှိသူစီးလာသောဆိုင်ကယ်သည် ကာဗာအဖုံးများပင်မရှိတော့သလို အတွင်းပိုင်းများပင် ကောင်းစွာမြင်သာနေရပြီဖြစ်သည်။ "တော်သေးတယ် မင်းနဲ့ပြိုင်ဖို့ တော်တော်ရွေးလိုက်ရတယ်" ထိုစကားကြောင့် မိုက်ကယ်ဒေါသထွက်သွားလေသည်။ထိုစကားက မိမိသည် ထိုဆိုင်ကယ်ဖြင့်သာ တန်သည်ဟုပြောနေသလိုဖြစ်သောကြောင့်ဖြစ်သည်။ "ကောင်းပြီ ဒါဆိုလဲ မင်းကဒီဆိုင်ကယ်နဲ့ပဲ ပြိုင်ပေါ့ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဥ်း သိပါတယ်နော်" မိုက်ကယ်မှ ဂျိတ်အား ပြောလိုက်သည်။ "သိသာပေါ့ ရော့...." ဂျိတ်မှ ငွေသားလဲလှယ်နိုင်သောဘဏ်ကတ်ကို ပြိုင်ပွဲစီစဥ်ပေးမည့်သူထံ ပေးလိုက်သည်။ "ငွေသားဒေါ်လာငါးသိန်းလက်ခံရရှိပါတယ်...ပြိုင်လို့ရပါပြီ" ပြိုင်ပွဲစည်းမျဥ်းအရ ယှဥ်ပြိုင်လိုသော သူများသည် ဒေါ်လာငါးသိန်းပေး ဆောင်ရမည်ဖြစ်သည်။ထိုငွေသားသွင်းပြီးမှ ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိ သူက ပြိုင်သူများအားလုံး၏ပြိုင်ထားသောငွေသား 97%ကိုရရှိမည်ဖြစ်သည်။ကျန်3%ကို ပြိုင်ပွဲဖန်တီးပေးရသူမှ ရရှိမည် ဖြစ်သည်။ မိုက်ကယ်လည်း ဂျိတ်သည် ငွေကြေးမချို့တဲ့ကြောင်းသိလိုက်ရလေသည်။ သူ၏ငွေပေးပုံကိုကြည့်ကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ("ဒါပေမဲ့ မင်းရှုံးမှာပါ") သူ၏ဆိုင်ကယ်သည် ဘယ်လိုကြည့်ကြည့် ဂျိတ်၏ဆိုင်ကယ်ထက် အပုံကြီး သာနေသောကြောင့် မိုက်ကယ်တစ်ယောက်ယုံကြည်မှုအပြည့်ရှိသည်။ လက်ရှိပြိုင်ပွဲသည် အတော်စည်ကားသည်ပြော၍ရသည်။ ဆိုင်ကယ်ပြိုင်သး အယောက်သုံးဆယ်အထိရှိပြီး ဂျိတ်၏ဆိုင်ကယ်တစ်ခုတည်းသာ သေးငယ် စုတ်ချာနေသည်ဖြစ်သည်။သို့သော်လည်း သူသည် ဒေါ်လာငါးသိန်းပေးချေ ထားရာ ပြိုင်ခွင့်ရှိလေသည်။ပြိုင်ပွဲဝင်မည့်ဆိုင်ကယ်များကို မည်သည့်အမျိုး စားမှ ပြိုင်ရမည်ဟု သတ်မှတ်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။ ပြိုင်သောဆိုင်ကယ်များကား စုံလင်လှပေသည်။ SUZUKI HAYABUS၊BMW M1000RR၊YAMAHA R1M 2023စသည်ဖြ င့် စုံလင်လှပေသည်။ ပြိုင်ပွဲစမှတ်ကိုသတ်မှတ်ပေးမည့်မိန်းကလေးက အလံကိုင်ကာ "ကဲ စမယ်...သုံး..နှစ်..." ထိုအချိန်၌ ဂျိတ်သည်သူ၏ဆိုင်ကယ်အား တစ်ချက်ပုတ်လိုက်သည်။ထိုသို့ ပုတ်လိုက်ခြင်းက ဆိုင်ကယ်အား ပြောင်းလဲစေခဲ့ကြောင်း မိုက်ကယ်မသိခဲ့ပါ ချေ။ "တစ်" ဟူပြီးအလံယမ်းလိုက်သည်နဲ့ "ဝွန်း........" ထိုအသံနဲ့အတူ ဆိုင်ကယ်မောင်းထွက်သံများထွက်ပေါ်လာလေသည်။ ဆိုင်ကယ်ပြိုင်ပွဲသည် စတင်ခဲ့ပြီလည်းဖြစ်သည်။