← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

(340)မြင်ရသောအထူးဆန်း

"ဝွန်း.....ဝွန်း......." အင်ဂျင်အားကောင်းလှသောဆိုင်ကယ်များကြောင့် တာထွက်၌ အသံများ ဆူညံပွက်လောရိုက်ခတ်သွားလေသည်။ဂျိတ်သည်လည်း သူ၏စီးတော်ယာဥ် လေးကို ဂီတာတစ်သို့ ချိန်းပြီးထွက်လိုက်လေသည်။ "ဟား...ဟား...ရယ်ရတယ်ဟေ့" "တကယ်ပဲ ငါမျက်စိအမြင်ပွင့်တယ်ဟ" ဆိုင်ကယ်ပြိုင်ပွဲအား ကြည့်ရှုသူတိုင်း ဂျိတ်အားရယ်မောလိုက်ကြသည်။ ဆိုင် ကယ်အကောင်းစားများကြား၌ ဂျိတ်၏ဆိုင်ကယ်သည် တကယ်ပင်သေးသိမ် လှသောကြောင့်ဖြစ်၏။ယုန်များအပြေးပြိုင်ရာ၌ လိပ်ကလေးတစ်ကောင်ရှိ သလို ဖြစ်နေသောကြောင့်ဖြစ်သည်။ ဂျိတ်ကတော့ သူများ၏ရယ်မောသံကိုဂရုစိုက်ခြင်းမရှိပဲ ဆက်လက်မောင်း နှင်နေသည်။ဂျိတ်စီးနေသော စူပါကပ်လေးသည် တဖြေးဖြေးဖြင့်အရှိန်ရ လာသော်လည်း တခြားသောဆိုင်ကယ်များဖြင့် နှိုင်းယှဥ်ပါက အပြတ်သတ် ကွာခြားနေဆဲသာဖြစ်သည်။ "ဒီကောင်ရှုံးပါတယ်ကွာ" မိုက်ကယ်မှ သူ၏စီးတော်ယာဥ်ကို ယုံကြည်မှုအပြည့်ထားကာ ဂျိတ်အား လောင်ရယ်လိုက်၏။ထို့နောက် ကျန်သောဆိုင်ကယ်များကို သာလွန်ပြီး ပထမရရှိနိုင်ရန်အတွက် ပြင်ဆင်လိုက်လေသည်။ "ကဲ အားလုံးပဲ ဒီညရဲ့ဆိုင်ကယ်ပြိုင်ပွဲကနေကြိုဆိုလိုက်ပါတယ်...ကျနော် ကတော့ စီစဥ်တင်ဆက်သူ ဖရန့်ပါ" စီစဥ်တင်ဆက်သူမှ သူကိုယ့်သူကြေညာပြီးသည်နဲ့ သူ၏နောက်မှ ရှိနေသော ဆိုင်းဘုတ်ကြီးကိုညွှန်ပြလိုက်သည်။ထိုဆိုင်းဘုတ်ကြီးသည် စင်စစ်အားဖြင့် ကြီးမားသောပြန်လည်ထုတ်လွင့်ပြသသော အရာဖြစ်သည်။ လက်ရှိ၌ ထိုအရာကြီးသည် ဂျိတ်ပြိုင်ပွဲဝင်နေသော ဆိုင်ကယ်ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွင့်ပြနေသည်ဖြစ်သည်။ "လက်ရှိမှာ ပြိုင်ပွဲက စတင်လိုက်ပါပြီခင်ဗျာ..ပြိုင်ပွဲဝင် အယောက်သုံးဆယ် လုံးဟာ မြို့ကိုပတ်ထားတဲ့လမ်းကြီးကိုနှစ်ပတ်တိတိပတ်ပြီး ပန်းဝင်အောင် လုပ်ရမှာဖြစ်ပါတယ်..ကဲ ဘယ်သူတွေရသွားမလဲ...ကြည့်ရှုစားလိုက်ကြ ရအောင်လားဗျာ" ဖရန့်သည် စီစဥ်တင်ဆက်သူအဖြစ်လုပ်ကိုင်နေသည်မှာ ကြာညောင်းလှပြီ ဖြစ်ပြီး ထင်ရှားကျော်ကြားသူလည်းဖြစ်သည်။သူသည်လည်း ဆိုင်ကယ် ဝါသနာပါသောကြောင့် လက်ရှိပြိုင်ပွဲ၌လာရောက်စီစဥ်သူအဖြစ်လုပ်ဆောင် နေသည်လည်း ဖြစ်သည်။ သူ၏ထင်ရှားသောနာမည်နဲ့ စီစဥ်တင်ဆက်မှုကြောင့် လာရောက်အားပေး သူများလည်း မြို့လေး၌ပြည့်နှက်နေသည်။ဆိုင်ကယ်ပြိုင်နေသော သူများကို အားပေးသောသူများလည်းရှိသလို လောင်းကြေးဖွင့်နေသောသူများလည်း ရှိသည်။ သူတို့၏ကြိုက်နှစ်သက်ရာဆိုင်ကယ်သမားများကို လောင်းကြေးထပ်နေကြ သည်မှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှလေသည်။လောင်းကြေး ထပ်သောသူများသည် ချမ်းသာကြွယ်ဝသောသူဌေးများနဲ့ ချမ်းသာသော သူဌေးသားသမီးများဖြစ်ကြရာ လောင်းကြေးထပ်သည့် ဏိန်းဂဏန်းမှာ လည်း ကြောက်စရာကောင်းသည်မှာ မဆန်းပေ။ "သူ့ကိုလောင်းမယ် ဒေါ်လာတစ်သန်း" "ဝိုး......မာဂရက်....ပေါက်ကရလုပ်ပြန်ပြီဟေ့" လောင်းကြေးကိုင်သောဒိုင်မှ မာဂရက်အား ပြုံးပြုံးကြီးကြည့်ကာ သူ၏လောင်းကြေးကိုလက်ခံလိုက်သည်။မာဂရက်အကြောင်းကို သူသိပေ သည်။မာဂရက်သည် ချမ်းသာသောမိသားစုတစ်ခုမှလာသော ဆိုးပေတေ လွန်းလှသော သူဌေးသမီးလေးတစ်ယောက်ဖြစ်သည်။ သူမသည် ဆိုင်ကယ်အားချစ်မြတ်န်ိုးသလို လောင်းကစားဝါသနာလည်းပါသူ ဖြစ်၏။သူ၏ထူးခြားချက်မှာ သူမသည် သူမ လောင်းသောအခါ၌ဘယ်တော့ မှအနိုင်မရရှိခြင်းပင်ဖြစ်သည်။ထို့ကြောင့် ဒိုင်ကပြုံးကာ လက်ခံလိုက်ခြင်း ဖြစ်သည်။ "လျှာမရှည်နဲ့..ငါလောင်းချင်လို့လောင်းတာ" မာဂရက်လောင်းလိုက်သော သူသည် တစ်ခြားမဟုတ် ကျနော်တို့၏စူပါကပ် စီးနင်းသောသူဖြစ်သော ဂျိတ်ကိုဖြစ်သည်။ဂျိတ်၏လောင်းကြေးအချိုးမှာ ဆယ်ဆဖြစ်၏။ထို့ကြောင့် မာဂရက်သည် လောင်းလိုက်ခြင်းဖြစ်သည်။ သူမသည် အလွန်ချမ်းသာသောသူဌေးသမီးဖြစ်ရာ ငွေကိုတွန့်တိုခြင်းမရှိပဲ လောင်းနိုင်ခြင်းလည်းဖြစ်သည်။သူမ ဂျိတ်ကိုလောင်းလိုက်ရခြင်းမှာ ဂျိတ် သည်အလွန်ခန့်ညားသောကြောင့်ဖြစ်သည်။ ဂျိတ်သည် နိုင်မည်ဟု သူမ မယုံကြည်သော်လည်း သူသည် တစ်ခုခုထူးခြား နေသည်ဟုတော့ သူမယုံကြည်မိသည်။ထို့ကြောင့်လည်း လောင်းလိုက်ခြင်း ဖြစ်သည်။ "ကျနော်ဒီတစ်ခါတင်ဆက်ချိန်တဲ့ပြိုင်ပွဲမှာ မိုက်ကယ်ကပြန်လည်ဝင် ရောက်လာခဲ့ပါပြီ...သူကယခင်လိုပဲ ပထမဆုကိုဆက်လက်ထိန်းသိမ်းသွားနိုင် မလားဆိုတာကိုတော့ ကြည့်ရှုလိုက်ကြရအောင်" ဖရန့်မှ မိုက်ကယ်၏ဆိုင်ကယ်မောင်းဟန်ကိုကြည့်ပြီး တင်ဆက်လိုက်သည်။ ဆိုင်ကယ်များပြိုင်ရာ၌ ဒရုန်းဖြင့်လည်း အဆင့်မြင့်သော ကင်မရာများကြော င့်လည်း အသုံးပြုထားသောကြောင့် ကြည့်ရှုသူများအနေဖြင့် ပြိုင်ပွဲဝင်များကို ကောင်းစွာမြင်ရလေသည်။ "ဟေ့ သူက ဘာဆိုင်ကယ်နဲ့ပြိုင်တာလဲ....." ဖရန့်မှ ရေရွတ်ပြီး ကြည့်ရှုလိုက်သည်။သူကြည့်နေသော ဆိုင်ကယ်သမား သည် တခြားမဟုတ် ဂျိတ်သာဖြစ်သည်။ "အို ငါတော်တော်နောက်ကျကျန်နေတာပဲ" ဂျိတ်မှ ရေရွတ်လိုက်သည်။ဟုတ်ပေသည်။သူသည် အလွန်ပင်အပြတ်သတ် ကျန်နေခဲ့သည်မဟုတ်ပါလား။ထို့ကြောင့် လီဗာကို မိုင်ကုန်အောင် အားရပါးရ ဆွဲလိုက်သည်။ ထို့နောက် ဂီတာကို တစ်ချက်ပြီးတစ်ချက်တင်လိုက်သည်။ တစ်ချက်ပြီးတစ်ချက်တင်လိုက်ပြီး အရှိန်ဟုန်မြင့်လိုက်၏။ထိုအခါ သေးသိမ် စုတ်ချာလှသော စူပါကပ်လေးသည် အိပ်ပျော်နေသောသားရဲကြီးထလာသ ည့်ပမာ အရှိန်ဖြင့် စတင်ပြေးလာလေတော့သည်။ "ဟင် ငါမြင်တာမှားတာလား" မာဂရက်၏မျက်လုံးများ ကြောင်သွားသလိုခံစားလိုက်ရသည်။သူမ၏အကျ င့်သည် သူမ လောင်းထားသောဆိုင်ကယ်မောင်းသူကိုသာ သဲကြီးမဲကြီးကြည့် တန်သောအကြည့်ရှိ၏။ထို့ကြောင့် ဂျိတ်ဂီယာချိန်းလိုက်သည်ကို သေချာမြင် လိုက်ရလေသည်။ သူမသည်ဆိုင်ကယ်အကြောင်းအတော်လေးသိသူဖြစ်သည်။သူမသိထား သောအချက်အရဆိုလျှင် စူပါကပ်သည် ဂီယာသုံးချက်သာပါသော နေ့စဥ်သုံး အကြမ်းခံဆိုင်ကယ်တစ်မျိုးသာဖြစ်သည်။လက်ရှိ၌ ဂျိတ်သည် ငါးချက်အထိ ထိုးလိုက်ကြောင်း သူမတပ်အပ်ကြီးသိနေသည်။ထိုသို့သိခြင်းက သူ့အပေါ် စိတ်ဝင်စားမှုများပြားစေခဲ့လေသည်။ "ဝီးးးးးး" ဂျိတ်စီးနင်းနေသော စူပါကပ်လေးမှ တဖြေးဖြေးမြန်ဆန်လာပြီး ဆိုင်ကယ် သမားတစ်ယောက်ကိုပင် ကျော်ဖြတ်လာခဲ့လေသည်။ "ဟ..ငလူး" ထိုဆိုင်ကယ်သမားသည် ဂျိတ်၏ဆိုင်ကယ်အစုတ်လေးက သူ့အားဖြတ်သွား ခြင်းကြောင့် အံသြ သွားသည်။ထို့နောက် အံကြိတ်ကာ ကျော်ရန်ပြင်၏။ထိုအချိန်၌ ဂျိတ်မှ သူ့ အားကြည့်ကာ နောက်ထပ်ဂီယာနှစ်ချက်နင်းပြီး လီဗာထပ်ဖြဲလိုက်သည်။ "ဝီး....ဝွန်း" စူပါကပ်မှ ပြိုင်ပွဲဝင်ပြိုင်ကားများအသံထွက်ပေါ်လာပြီး ထိုဆိုင်ကယ်ကိုအသာ ပင်ကျော်သွားလေတော့သည်။ "ဟ.... ငလူးငါဘာတွေမြင်နေတာလဲ" အကျော်ခံရသောဆိုင်ကယ်သမားမှ မမြင်စဖူးမြင်လိုက်ရသောကြောင့် ငေး မောမိလေသည်။ "ဟိုးးး..ဝိုး...ကျနော်တို့ရဲ့မိုက်ကယ်ဟာဆိုရင် ပထမတစ်ပတ်ကို ပတ်ပြီးသွား ခဲ့ပြီဖြစ်ပါတယ်.....သူ့ကိုအားပေးလိုက်ကြကြ.....နေဦးကျနော်တို့ဘာမြင်နေ တာလဲ" ဖရန့်၏တုန်လှုပ်ဖွယ်အသံကြောင့် ကြည့်သူတိုင်းအားလုံးစိတ်ဝင်စားသွားကြ သည်။စီစဥ်သူသည်အဘယ်ကြောင့် တုန်လှုပ်နေရသနည်း။ "လူကြီးမင်းတို့ကြည့်ကြပါဦး....ဆိုင်ကယ်အစုတ်လေးကအစွမ်းပြသနေပါ ပြီ" ကြည့်ရှုသူတိုင်း ဆိုင်ကယ်စုတ်စီးနင်းနေသော ဂျိတ်အားကြည့်လိုက်ကြ သည်။ဂျိတ်၏ဆိုင်ကယ်စုတ်လေးသည် လက်ရှိ၌အလွန်မြန်ဆန်နေပြီး သူ၏ကိုယ်ထည်တစ်ခုလုံး ပြုတ်ထွက်မတက်ပင်ဖြစ်နေသလို ဖြစ်နေသည်။ သို့သော်လည်း အိတ်ဇောမှ မီးတောက်များထွက်နေပြီး ဘီးများသည်လည်း တဝီးဝီးဖြင့် ပြေးနေသည်။ "ကြည့်ရတာ ဒီကောင် ဒီဆိုင်ကယ်ကို ပြန်ပြင်(မော်ဒီဖိုင်း)ထားတာပဲ နေမှာ..." "ဟုတ်လောက်တယ် သူကပြိုင်ပွဲဝင်ကားမှာသုံးတဲ့နိုက်ထရိုဂျင်နဲ့ပေါင်းစပ် ထားတာပဲနေမှာ ဒါကြောင့် အခုလောက်မြန်လာတာ" ပရိတ်သတ်များက ထိုထွက်ပေါ်လာသောအဖြေများကို ယုံကြည်နေကြသည်။ သူတို့ဘဝတွင်လည်း ထိုမျှအထိမြန်ဆန်သောစူပါကပ်ကိုမမြင်ဖူးသော လက်ရှိသုံးသပ်လိုက်သောအဖြေသည် မှန်ကန်သည်ဟု ထင်ကြသည်။ ထိုသို့မထင်သောသူကား တစ်ယောက်သာရှိသည်။ထိုသူကား တစ်ခြားမဟုတ် ဆိုင်ကယ်သချိုင်းစောင့်သာဖြစ်သည်။ "မဖြစ်နိုင်တာ..အဲ့ဆိုင်ကယ်စုတ်က ပစ်ထားခဲ့တာတစ်နှစ်လောက်ကြာပြီလေ ကွာ" ထိုဆိုင်ကယ်ပစ်စဥ်က သူရှိနေရာ သတိရနေခြင်းဖြစ်သည်။ထိုဆိုင်ကယ်ကို ပြင်ရန်အချိန်လို၏။ဒါကြောင့်လည်း မော်ဒီဖိုင်းမလုပ်ထားမှန်းသူတပ်အပ် သိ၏။သို့သော်လည်း တစ်ခုခုမှားနေသည်ကိုတော့ ခံစားမိသည်။ လက်ရှိ၌ထိုဆိုင်ကယ်သည် ပြိုင်ပွဲဝင်သုံးယောက်လောက်ကို အသာလေး ကျော်ဖြတ်လာရာ သူ့အားမျက်လုံးပြူးစေခဲ့သည်ဖြစ်သည်။ထိုအခိုက်၌ ဂျိတ် သည် ဂီတာကိုနောက်တစ်​ကြိမ်ထပ်ထိုးလောက်ပြီး လီဗာထပ်ဆွဲလိုက်သည် ကိုတော့ လူတိုင်းမြင်လိုက်ကြရလေတော့သည်။ "ဝွန်း........" စူပါကပ်မှ ကျယ်လောင်စွာအသံထွက်ပေါ်လာပြီး အရှိန်မြန်ဆန်သွားလေ သည်။အိတ်ဇောမှ ထွက်လာသောမီးတောက်သည်လည်း အပြာရောင်အသွင် ပင်ပြောင်းလဲသွားတော့သည်။ထိုသို့အရောင်​ပြောင်းလဲသည်နဲ့ စူပါကပ်၏အ မြန်နှုန်းသည် ပြိုင်ပွဲဝင်အဆင့်မြင့်ဆိုင်ကယ်တစ်စီးပမာ တစ်ဟုန်ထိုးပြေး သွားလေသည်။ ထိုသို့ပြေးသွားမှုကြောင့် ဆိုင်ကယ်၌ရှိနေသော နောက်ကြည့်မှန်များနဲ့ နောက် မီးသီးတစ်လုံးပင် ပြုတ်ကျကုန်ခဲ့သည်ကိုလည်း လူတိုင်းမြင်လိုက်ကြရလေ သည်။ "ငလူးဟ" ဆိုင်ကယ်စုတ်လေးသည် လေးမှပစ်ခွင်းလိုက်သောမြှားတစ်စင်းပမာ လွတ် ထွက်သွားလေသည်။ဆိုင်ကယ်ပြိုင်ပွဲသည်လည်း ဂျိတ်၏ဆိုင်ကယ်ကြောင့် ယခင်ကထက်ပိုမိုမြိုင်ဆိုင်လာခဲ့လေတော့၏။ပရိတ်သတ်များသည် ​မမြင်ဖူး သောမြင်ကွင်းကိုလက်ရှိမြင်နေရသောကြောင့်လည်း ဖြစ်ပေသည်။

(341)အနိုင်ရရှိသူ

ထိုသို့သော မြင်ကွင်းကြောင့် ကြည့်ရှုသူများ ငါးစက္က န့်မှ ညိမ်သက်သွားကြ လေသည်။ထို့နောက် "ဝေး....စောက်ရမ်းမိုက်တယ်ဟ" ."ကြိုးစားထား" လူတိုင်းသည် ဂျိတ်အား အားပေးလိုက်ကြလေသည်။ဂျိတ်၏ဆိုင်ကယ်စုတ် လေးသည် အလွန်ပင်မြန်ဆန်ပြီး ပြိုင်ပွဲဝင်များကို တစ်ယောက်ပြီးတစ် ယောက်ကျော်ဖြတ်လာခဲ့သောကြောင့်ဖြစ်သည်။ ဂျိတ်၏ဆိုင်ကယ်သည် နိုက်ထရိုဂျင်ကြောင့် အချိန်တခဏအတွင်းသာ မြန်ဆန်ပြီး ပြန်လည်နှေးကွေးသွားမည်ဟုဆိုထားသော လူများ၏ယူဆချက် သည် ပျောက်ကွယ်သွားကြပြီး ဂျိတ်အပေါ်သို့အာရုံစိုက်လာကြလေသည်။ သူတို့မသိသည်မှာ ဆိုင်ကယ်သည် အပြင်ပိုင်းအားဖြင့်သာ စူပါကပ်နဲ့တူပြီး အတွင်းပိုင်းသည်လုံးဝပြောင်းလဲသွားသည်ကိုပင်ဖြစ်သည်။ အထူးသဖြင့် အင်ဂျင်၏အတွင်းပိုင်းသည် မူလအစိတ်ပိုင်းများအစား တစ်ခြားသောအရာ များက ဝင်ရောက်အစားထိုးပြီးသားဖြစ်သည်။ ထိုအရာကို မှော်အင်ဂျင် စက်လုံးဟုခေါ်ဆို၍ရလေသည်။ ထိုအရာကို ဂျိတ်သည်သူ၏အစွမ်းဖြင့်ပြောင်းလဲထားခြင်းဖြစ်သည်။မှော် အင်ဂျင်စက်လုံး၏အားသာချက်သည် ၎င်းအားဂီယာထိုးလေလေ ပြင်းထန် သောရုန်းအားကို ထပ်မံထုတ်လွတ်နိုင်လေလေဖြစ်သည်။ဤသည်ကို လီဗာ ထပ်ဆွဲသောအခါ ရုန်းအားကို ဆက်တိုက်ဆိုသလို မြင့်မားစေပြီး အရှိန်တက် လာစေသည်။ ထိုကြောင့်လည်း စူပါကပ်သည် ဂျိတ် ဂီယာထိုးတိုင်း ပြင်းထန်သောအားဖြင့် ပေါက်ကွဲကာ ပိုမိုမြန်ဆန်လာစေသည်ဖြစ်သည်။ထိုအင်ဂျင်ကြောင့် ကျန် သောအစိတ်ပိုင်းများသည်လည်း ပျက်စီးသွားနိုင်သောကြောင့် ဂျိတ်သည် ကျန်သောအစိတ်ပိုင်းများကိုလည်း ​ပြောင်းလဲထားသည်။အထူးသဖြင့် မီးတောက်များလွတ်နေသော အိတ်ဇောဖြစ်သည်။ပြောင်းလဲမှုကြောင့် ထို အိတ်ဇောသည် ကြွယ်ကြွေသည်အရှိန်ဖြင့်ကြီးမားတောက်လောင်သောမီးဖြ င့်ထိတွေ့လျှင်ပင် ဘာမှမဖြစ်ပေ။ "ဝွန်း.....ဝွန်း......" စူပါကပ်မှ ကြောက်မက်ဖွယ်သားရဲပမာလိုပြေးပြီး ပထမအပတ်ကိုကျော် ဖြတ်သွားလေသည်။ထို့နောက် ဒုတိယအပတ်အဆုံးသတ်နိုင်ရန် ဆက်လက် မောင်းနှင်လေသည်။ "ကြည့်ရတာ သူကဆိုင်ကယ်စီးနတ်ဘုရားထင်တယ်" "ဟုတ်လောက်မယ်" ကြွေကျလုမတတ်ဖြစ်နေသော ဆိုင်ကယ်စုတ်လေးကာ ဟန်ပါပါစီးနင်းနေ သောဂျိတ်ကိုကြည့်ရင်း သူတို့မသိလိုက်ခင်မှာပင် လေးစားမိနေပြီဖြစ်သည်။ ဆိုင်ကယ်စုတ်လေးဖြင့် လမ်းအကွေ့များ၌ ကွေ့မောင်းပုံနဲ့ အဆင့်မြင့်ဆိုင် ကယ်များအား တထာကျကျဖြတ်ပုံတို့ကို သူတို့အားစိတ်လှုပ်ရှားစေခဲ့သည်။ "ဒီကောင်သေရမယ်" ဆိုင်ကယ်ပြိုင်သူတစ်ယောက်မှ ဂျိတ်အားနောက်မှ နေ၍ဆိုင်ကယ်ဖြင့် တိုက် ရန်ကြံစည်လိုက်သည်။ "ဝွန်း......" သူ၏ဆိုင်ကယ်ကို လီဗာအကုန်ဖြဲကာ ဂျိတ်၏ဆိုင်ကယ်အနောက်ကို ပစ်ကြုံး လိုက်လေသည်။ထိုအချိန်၌ ဂျိတ်၏ဆိုင်ကယ်မှ ကျန်ရှိနေသော နောက်မီးသီး တစ်လုံးသည် ဆို ​ င်ကယ်မှပြုတ်ထွက်ကာ နောက်သို့လွင့်စင်သွားလေသည်။ ထိုသို့လွင့်စင်သွားပြီး တိုက်ရန်ကြံစည်သော ဆိုင်ကယ်၏ရှေ့ဘီးကြားထဲဝင် သွားလေတော့သည်။ ထိုသို့ဝင်သွားမှုကြောင့် ထိုဆိုင်ကယ်သည် ဆက်လက်မောင်းနှင်မရတော့ပဲ မှောက်သွားလေတော့သည်။ "နည်းတောင်နည်းသေးတယ်.... ဖြစ်ဖြစ်" လူတိုင်းအသံထွက်ပေါ်လာလေသည်။သူတို့သည် ထိုဆိုင်ကယ်သမားလုပ် သည်ကို အသိသာကြီးမြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ထို့ကြောင့် သူ့အား မျက်ကွယ်ပြုပြီး ပြိုင်ပွဲအားဆက်လက်ကြည့်ရှုလိုက်ကြလေသည်။ ဂျိတ်သည် သိသာစွာပင်ထင်ရှားကျော်ကြားလာသည်ဖြစ်သည်။သူ၏ဆိုင် ကယ်စုတ်လေးသည် နောက်ဆုံးနေရာမှ တဖြေးဖြေးဖြင့် တစ်စီးပြီးတစ်စီး ကျော်ဖြတ်လာခဲ့လေသည်။သူကျော်ဖြတ်ကို ကျန်သောဆိုင်ကယ်သမားများ လည်း အ​ငြိမ်မနေပဲ ကျော်တက်ရန်ကြိုးစားကြသေး၏။သို့သော်လည်း အရှိန် မြင့်လှပြီး ရှေ့မှ ကျော်တက်နိုင်သောလမ်းမှန်သမျှကို ဂျိတ်မှပိတ်ဆို့တားဆီး ကာ မောင်းနှင်နေသောကြောင့် ကျော်တက်ရန်ခက်ခဲနေကြသည်။ ကျော် တက်လိုပါက အသက်စွန့်ပြီးလုပ်ဆောင်ရမည်ဖြစ်ရာ ကျော်တက်ရဲခြင်းမရှိ ကြပေ။ ဤသို့ဖြင့် ကျော်ဖြတ်လာခဲ့သည်မှာ သူ၏ရှေ့၌တစ်စီးသာ ကျန်ရှိတော့သည် ဖြစ်သည်။ မိုက်ကယ်ကတော့ သူ၏ဆိုင်ကယ်ဖြင့် ဆက်လက်မောင်းနှင်နေဆဲ ဖြစ်သည်။ သိပ်မကြာပါက သူသည် နောက်တစ်ပတ်ကို မောင်းနှင်ပြီးတော့မည်ဖြစ်ပြီး ပထမဆုကိုပင် ရရှိတော့မည်ဖြစ်သည်။ထို့ကြောင့် သူသည်ရယ်မောလိုက် မိသည်။ "ဟင်" သူ၏နောက်ကြည့်မှန်မှ ကြည့်လိုက်ရာ ပေါ်လာသောမြင်ကွင်းကြောင့် လန့် သွားလေသည်။အကြောင်းမှာ ဆိုင်ကယ်စုတ်လေးတစ်စီးသည် မီးတောက် များထုတ်လွှတ်လျက်မောင်းနှင်လာသောကြောင့် ဖြစ်သည်။ "သေစမ်း" မိုက်ကယ်တစ်ယောက် သူ၏ဆိုင်ကယ်အားထပ်မံအရှိန်မြင့်လိုက်လေသည်။ "ဝွန်း......" သူ၏ဆိုင်ကယ်မှ ကျယ်လောင်စွာမြည်ပြီး မြန်ဆန်သွားလေသည်။ယခင် မောင်းနေသော အရှိန်ထက်နှစ်ဆမြန်သွားခြင်းလည်းဖြစ်သည်။ ဂျိတ်ကလည်း သူ၏ဂီယာကိုနောက်နှစ်ချက်ထိုးလိုက်သည်နဲ့ "ဝွန်း....." ဆိုင်ကယ်မှ ပြုတ်ကျလုမတတ်ပုံစံဖြင့် ပိုမိုမြန်ဆန်သွားပြီး မိုက်ကယ်၏အနား သို့ပင်ရောက်ရှိသွားလေသည်။ဆိုင်ကယ်သည် ရိုးရိုးရောက်ရှိသွားခြင်း မဟုတ်ပဲ ရှေ့ဘီးထောင်ပြီး ရောက်ရှိလာခြင်းဖြစ်သည်။ "ဝိုး" ကြည့်ရှုနေသောလူတိုင်း မြင်သက်သွားကြလေသည်။ ဂျိတ်၏စီးနင်းပုံမျိုးကို ဘယ်သူမှမလုပ်ရဲသောကြောင့်ဖြစ်သည်။ ဘယ်သူကများ ဆိုင်ကယ်စုတ်တစ် စီးကို ပြုတ်ကျလုမတတ်အရှိန်မြန်မြန်မောင်းနှင်ပြီး ရှေ့ဘီးထောင်စီးသော သူရှိသနည်း။ထိုသို့စီးပါက သေချာပေါက် မြေကြီးထဲဝင်နိုင်သောအလားလာ ရှိနိုင်သောကြောင့်ပင်ဖြစ်သည်။ "သေစမ်း..ငါ့ကိုအဆိုးမဆိုနဲ့ မိုက်ကယ်သည် သူ၏ဆိုင်ကယ်ကိုတစ်ခုခုလုပ်ဆောင်လိုက်သည်။ဤသည်ကို မျက်စိလျင်သောဂျိတ်က မြင်လိုက်လေသည်။ မိုက်ကယ်လုပ်နေသောအရာသည် ဆိုင်ကယ်၌ကပ်ထားသောအရာကို လက် ဖြင့်သုံးကြိမ်ထိသည်ဖြစ်သည်။ "ဒါကြောင့် မင်းကယုံကြည်မှုပြည့်နေတာကိုး" မိုက်ကယ်ထိနေသောအရာသည် အရှိန်သုံးဆမြန်ဆန်စေသော အဆောင်တစ် ခုဖြစ်သည်။ထိုအဆောင်သည် တစ်ခါသုံးအဆောင်ဖြစ်ကြောင်းနဲ့ အသုံးပြုပါ က ငါးစက္က န့်အတွင်း သုံးဆမြန်ဆန်သွားကြောင်း သိလိုက်ရလေသည်။မိုက် ကယ်မှ အဆောင်ကိုအသက်သွင်းလိုက်သည်နဲ့ "ဝွန်း...ဝွန်း....." ဆိုင်ကယ်သည် ရုတ်ခြည်းဆိုသလို သုံးဆမြန်ဆန်ပြီး ဂျိတ်အားကျော်တက် သွားလေတော့သည်။ ထိုသို့သောအမြန်နှုန်းကြောင့် ဂျိတ်အား အပြတ်သတ်ကျော်သွားပြီး ပထမရ ရန်နီးကပ်လာခဲ့ပြီဖြစ်သည်။ "မင်းပဲ အစီစဥ်ရှိတယ်ဆိုရင်မှားသွားမှာပေါ့ကွာ" ဂျိတ်လည်း သူ၏ဂီယာထိုးပြီးလီဗာအား အားကုန်ဆွဲချပြီး ဟွန်းခလုတ်ကိုနှိပ် ချလိုက်လေသည်။ထိုအခါ မှော်အင်ဂျင်မှ ထူးကဲလွန်းလှသော ပြင်းထန်အား ကို ထုတ်လွတ်လိုက်ပြီး ဆိုင်ကယ်ချိန်းများကို ပြင်းထန်စွာလည်ပတ်စေ တော့၏။ထိုအခါ ဆိုင်ကယ်ဘီးများသည်ပင် မီးစများပွင့်ထွက်လာပြီး မီး များပင်ထတောက်လာလေတော့သည်။ "ဂီး.....ဝီး....ဝုန်း" စူပါကပ်မှ အရှိန်ဟုန်ပြင်းစွာဖြင့် တဟုန်ထိုးထွက်သွားလေသည်။ "ဂို့လ်ရိုက်ဒါ(ghost rider)နဲ့တူတယ်ဟ" (မီးတောက်နေသော ဆိုင်ကယ်ကိုစီးနင်းသော အရိုးခေါင်း၌မီးတောက်နေ သော ငရဲထိန်းပုံစံကို ဆိုလိုသည်။) ပြောလည်းပြောစရာပင်။မြန်ဆန်လွန်းအားကြီးသောကြောင့် စူပါကပ်ဘီး များမှာ မီးတောက်နေပြီး ဂျိတ်သည် မီးတောက်ဆိုင်ကယ်ကိုစီးနင်းနေသလို ဖြစ်ပေါ်လာစေခဲ့သည်ဖြစ်သည်။ "ဝုန်း"" ပြင်းထန်သောအရှိန်ကြောင့် ဂျိတ်၏စူပါကပ်လေးသည် မိုက် ကယ်၏အကောင်းစားဆိုင်ကယ်ကိုပင် ကျော်ဖြတ်ကာ ပထမဆုနေရာသို့ ယူဆောင်သွားလေတော့သည်။ "မဟုတ်ဘူး....." မိုကိကယ်တစ်ယောက် သူ၏ရင်ထသို့အကန်ခံလိုက်ရသလို ခံစာ်းလိုက်ရပြီး စိတ်လှုပ်ရှားမှုကြောင့် ဘရိတ်များညစ်မိလေသည်။ထိုအခါ အရှိန်သုံးဆဖြင့် ပြေးနေသောဆိုင်ကယ်သည် ရုတ်တရက်ညစ်လိုက်သောဘရိတ်ကြောင့် ဟန်ချက်ပျက်ပြီး မှောက်လဲသွားလေတော့သည်။ "ဝိုး..ကျမရှင်ကို့သဘောကျတယ်" "ကြိုက်တယ်ဟေ့ နောက်ထပ်စီးနင်းပြပါဦး" လူတိုင်း၏အားပေးမှုက ဆူညံသွားလေသည်။ဂျိတ်၏စီးနင်းပုံကို သူတို့ ဘယ်တော့မှမေ့ရတော့မည်မဟုတ်ပေ။ဂျိတ်သည် ထိုက်တန်စွာပင် ပထမဆု အား ရရှိသွားပြီဖြစ်သည်။

(342)အကူညီတောင်းသောငရဲထိန်း

ဂျိတ်လည်း ပန်းဝင်ပြီးသည်နဲ့ ဆိုင်ကယ်ပေါ်မှ မြန်ဆန်စွာခုန်ဆင်းလိုက်လေ သည်။ဂျိတ်ခုန်ဆင်းလိုက်သည်နဲ့ ဆိုင်ကယ်သည် အဝေးသို့ဆက်လက်ထွက် ခွာသွားပြီး ပေါက်ကွဲသွားလေသည်။ "ဝုန်း....." မခုန်ဆင်းရဲ့လည်းမရတော့ပေ။မှော်အင်ဂျင်သည် အလွန်အစွမ်းထက်သော ကြောင့် စူပါကပ်ဆိုင်ကယ်မှ ကြာကြာထိန်းသိမ်းနိုင်စွမ်းမရှိတော့ပဲ နောက်ဆုံး၌ပေါက်ကွဲသွားရခြင်းလည်းဖြစ်သည်။ "ဟာ မိုက်လိုက်တာ....." လူတိုင်းနီးပါး၏အာရုံများက ဂျိတ်အပေါ်ကျရောက်နေသည်။ဂျိတ်၏ခန့်ညား မှုကို အနီးကပ်မြင်တွေ့လိုက်ရသောအခါ မိန်းကလေးများ၏စိတ်များ ထိန်းချုပ်ရခက်ခဲလာကြတော့သည်။ "ဟာ...သွားပါပြီဗျာ" ထိုစကားကို ဆိုလိုက်သူကတော့ စီစဥ်သူဖရန့်ပင်ဖြစ်သည်။သူသည် အစီစဥ် တင်ဆက်ရာ၌သာဝါသနာပါရုံမဟုတ်သေး။သူသည် ပြန်လည်ပြုပြင်ထား သောဆိုင်ကယ်နဲ့ဒီဇိုင်းများကိုလည်း စိတ်ဝင်စားသူဖြစ်သည်။ဂျိတ်စီးနင်း လာသောဆိုင်ကယ်လေးသည် ကောင်းပေ့ကြမ်းပေ့ဟူသောဆိုင်ကယ်များစွာ ကို ဖြတ်သန်းလာကတည်းကပင် လုံးဝမျက်စိကျနေခဲ့သည်ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲ ပြီးပါကဆိုင်ကယ်ကိုခွင့်တောင်းပြီးကြည့်ရှူစစ်ဆေးရန်ပင် ကြံရွယ်ထား၏။သို့သော် လက်ရှ်ိအခြေနေလိုပေါက်ကွဲသွားမည်ဟုမထင်ထား သောကြောင့် စိတ်ထိခိုက်သွားရသည်လည်းဖြစ်သည်။ ဂျိတ်လည်း ဆိုင်ကယ်ပြိုင်ပြီးသည်နဲ့လူကြားမှမြန်ဆန်စွာပင် ရှောင်တိမ်းကာ ထွက်သွားလိုက်လေသည်။ဂျိတ်၏မြန်ဆန်သောလှုပ်ရှားမှုကြောင့် လူတိုင်းက ဂျိတ်ကိုမတွေ့လိုက်ကြရတော့ပဲ ထူးဆန်းအံသြ သွားကြလေသည်။ "သူဘယ်ရောက်သွားတာလဲ" ထိုသို့လိုက်ရှာသူများတွင် မိုက်ကယ်နဲ့တခြားသောသူများလည်းပါဝင်ကြ၏။ ထိုထဲတွင် မာဂရက်လည်းပါ၏။သူမသည် ဂျိတ်ကိုမြင်ကတည်းက စိတ်ဝင်စားနေသူဖြစ်ပြီး လက်ရှိပြိုင်ပွဲ၌ပထမရရှိသွားသောအခါ သူမ၏စိတ်ဝင်စားမှုသည်ပိုမိုမြင့်တက်လာခဲ့လေသည်။ထို့ကြောင့် ဂျိတ်အား လိုက်လံရှာဖွေ၏။သို့သော်လည်း ဘယ်သူမှဂျိတ်အား တွေ့နိုင်ခြင်းမရှိတော့ ပေ။ "ဒါလဲ နေပါဦး..နိုင်သွားတာဆိုတော့" မာဂရက်တစ်ယောက် သူမလက်ထဲ၌ကိုင်ထားသော လောင်းကစားစာရွက် လေးကို သတိပြန်ရလာလေသည်။ဂျိတ်နိုင်သွားသောကြောင့် လောင်းကြေး၏ဆယ်ဆကို သူမ ရရှိမည်ဖြစ်သည်။ဆယ်သန်းဟူသောပမာ ဏာသည် သူမအတွက်မထူးဆန်းသော်လည်း ထိုပမာဏအားရှာပေးနိုင်သော ဂျိတ်အား အလွန်စိတ်ဝင်စားသည်ဖြစ်သည်။ လူများစွာက ဂျိတ်အားရှာဖွေချိန်၌ဂျိတ်ကတော့ ဆိုင်တစ်ဆိုင်ထဲသို့ရောက်ရှိ နေပြီဖြစ်သည်။သူထိုင်နေသော စားပွဲပေါ်၌ ဘီယာနဲ့တခြားသောစားသောက် ဖွယ်ရာများရှိနေလေသည်။ လက်ရှိသူထိုင်နေသောဆိုင်သည် အလွန်ပင်ကောင်းသည်ဟုတွေးမိသည်။ ဆိုင်၏ပြင်ဆင်ထားသောအဆင့်တန်းကောင်းရုံမက သေသပ်လှပလှသည်။ ထို့ပြင် လာရောက်စားသောက်သမျှလူတိုင်းကလည်း ကိုယ်စားပွဲနဲ့ကိုယ် အေးဆေးစွာ ကစားပြောပြီး စားသောက်နေကြလေသည်။ ထိုင်သောစားပွဲတိုင်းသည်လည်း နေရာအတန်ငယ်မျှထိခြားထားသောကြော င့် အေးချမ်းစွာသောက်သုံးနိုင်ကြသည်ဖြစ်သည်။ထို့ကြောင့် ထိုဆိုင်အားဂျိ တ်ရွေးလိုက်သည်ဖြစ်သည်။ "ဂလု....အား.....ဒီခံစားချက်" ဂျိတ် အတိတ်ကအမှတ်တရများကိုပြန်လည်တွေးမိပြီး ကျေနပ်မိသည်။ ယခင်လို ဘီယာလေးနဲ့အမြည်းလေးစားသောက်ရသည်က အလွန်ပင် အေးချမ်းကြောင်း ခံစားမိသောကြောင့်ဖြစ်သည်။ဘီယာကို အလွန်မင်း ကြိုက်နှစ်သက်သောကြောင့်မဟုတ်ပဲ ယခင်ကကြုံခဲ့ဖူးသောဘဝအဖြစ်ပျက် ကို ပြန်လည်ခံစားလို၍သာ သောက်ခြင်းဖြစ်သည်။ "အို......လူငယ်လေး...ထိုင်ခွင့်ပြုပါ" ကောင်းဘွိုင်ဦးထုပ်ဆောင်းထားသော လူအိုကြီးတစ်ယောက်မှ ဂျိတ်အားခွင့် တောင်းလေသည်။ဂျိတ်ကလည်း ခွင့်ပြုပြီး သူ့အတွက် ဘီယာတစ်ခွက်ပါမှာ ယူချပေးလိုက်သည်။ "ကျေးဇူးပါကွယ်" လူအိုကြီးမှ ဦးထုပ်အားချွတ်ကာ ထိုင်ခုံ၌ထိုင်ချလိုက်သည်။ထို့နောက် သူ့ အတွက်မှာပေးထားသော ဘီယာခွက်ကို တစ်ခါတည်းတစ်ကျိုက်တည်းမော့ သောက်ပစ်လိုက်သည်။ "အို....ခင်ဗျားကသောက်နိုင်သားပဲ..." "ကျေးဇူးပါကွယ်အခုလိုတိုက်လို့" လူအိုကြီးမှ ဂျိတ်မှဘီယာတိုက်သောကြောင့်ကျေးဇူးတင်လေသည်။ ဂျိတ်က လည်း လူအိုကြီးအတွက် နောက်ထပ်သောဘီယာခွက်မှာပေး၏။ "ဒီစားပွဲလာထိုင်တာ ဘာအကြောင်းရင်းရှိပါသလဲ..ငရဲထိန်း" ဂျိတ်မှ သာမန်သာပြောလိုက်သော်လည်း လူအိုကြီး၏တစ်ကိုယ်လုံးတုန်တက် သွားသလိုခံစားလိုက်ရလေသည်။ "မင်းကငါဘယ်သူလဲဆိုတာသိတယ်ပေါ့..." "သိတာပေါ့ ဘာကြောင့်ဒီကိုရောက်လာရတာဆိုတာလဲ သိပါတယ်..မပူပါနဲ့ ကျုပ်ဘာမှမလုပ်ပါဘူး..ဒီအတိုင်းစားသောက်ပြီးရင်ပြန်သွားမှာပါ" ထိုအခါမှ လူအိုကြီးသည် သက်ပြင်းချပြီး "တော်သေးတာပေါ့ အခုလိုသင့်ရဲ့သဘောထားကိုသိလိုက်ရလို့ စိတ်ချမ်းသာ သွားပါပြီ...." လူအိုကြီးမှရိုသေစွာပြောဆိုပြီးနောက် ဂျိတ်နဲ့အတူစားသောက်လိုက်ကြလေ သည်။နှစ်ယောက်သားထိုင်မိသောအခါ စားပွဲဝိုင်းသည် စိုပြေသွားပြီး စကား ဝိုင်းဖြစ်ပေါ်လာလေသည်။ထိုသို့ပြောဆို​သည်မှာ တစ်နာရီမျှပင်ဖြစ်၏။စား သောက်လိုက်ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်ဖြင့် တော်တော်ပင် ကျေနပ် ဖွယ်ကောင်းသောဘဝမျိုးလိုပင်ဖြစ်သည်။သူတို့နှစ်ဦးပြောဆိုသော အကြောင်းရာ၌ သာမန်လူများပြောဆိုသောအကြောင်းများပါသာဝင်သည်မ ဟုတ်ပဲ လူအိုကြီး၏အကြောင်းများလည်းပါဝင်၏။ သူသည် နှစ်နှစ်ရာကျော်တိုင်အောင်ရှင်သန်နေသော လူသားတစ်ယောက် ဖြစ်ကြောင်းနဲ့ထိုသို့ရှင်သန်​ရခြင်းမှာ ငရဲထိန်းဟူသော အစွမ်းထက်သော အလုပ်ကိုင်ရှိနေသောကြောင့်ဖြစ်ကြောင်း ပါရှိသည်။ ထို့နောက် မိမိသည် ထူးဆန်းသောအစွမ်းထက်သောအရာတစ်ခုအား အာရုံခံ မိသောကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ထိုအရာသည်အန္တရာယ်ပေး မည်ကိုမိမိစိုးရိမ်သောကြောင့် ရောက်လာရာ ဂျိတ်ဖြစ်နေကြောင်း ပါ ပါရှိ လေသည်။ "ငရဲထိန်းမှန်းဘယ်လိုသိတာလဲ.... ဂျိတ်..." လူအိုကြီးမှ ဘီယာဆယ်ခွက်မြောက်ကိုမော့ရင်း ဂျိတ်အားမေး၏။ဂျိတ်က လည်း သူ၏မျက်လုံးကို လက်ညှိုးထိုးပြကာ "ဒီမျက်လုံးကို ခင်ဗျားတို့ကတော့ ကောင်းကင်တမန်မျက်လုံးလို့ခေါ်ကြမယ် ထင်တယ်..ကျုပ်ကတော့ အမှန်မြင်မျက်လုံးလို့ခေါ်တယ်" ဟုတ်ပေသည်။ကိုယ်ခန္ဓာတစ်ဖန်ပြောင်းလဲပြီးနောက် ဂျိတ်သည်အလွန်ပင် အစွမ်းထက်နေသည်ဖြစ်သည်။သူ၏မျက်လုံးရှေ့၌မည်သို့သော ဟန်ဆောင် မှုမျိုးမှ ဖုံးကွယ်နိုင်စွမ်းမရှိတော့ပေ။လူတိုင်းအမြင်၌ လူအိုကြီးအဖြစ်သာ မြင်ကြမည်ဖြစ်သော်လည်း သူ၏မျက်လုံးထဲ၌ သူသည်ငရဲထိန်းဖြစ်ကြောင်း ပေါ်နေသည်ဖြစ်သည်။ "အော်ဒါကြောင့်ကိုး" လူအိုကြီးသည် ဂျိတ်အားလေးစားသောအကြည့်ဖြင့်ကြည့်ပြီးပြောသည်။ထို သို့အစွမ်းထက်သောမျက်လုံး ပိုင်ဆိုင်ထားသောမျက်လုံးကို ပိုင်ထားသောဂျိ တ်သည် မိမိထက်ပို၍ပင်အစွမ်းထက်ကြောင်း လက်ခံယုံကြည်သွားလေ သည်။ ငရဲထိန်းဆိုသည်မှာ..... ငရဲထိန်းသည် အမှန်စင်စစ်အားဖြင့် ငရဲပြည်မှအလုပ်ကိုင်တစ်ခုရရှိထား သော လူသားတစ်ယောက်ဖြစ်သည်။ငရဲအလုပ်ကိုင်အားလုပ်ကိုင်ရသော လူသားတစ်ယောက်ဖြစ်သည်။ငရဲအလုပ်ကိုင်ရရှိထားသောသူတစ်ယောက် အနေဖြင့် သာမန်လူများထက် တစ်မှုထူးခြားသောအစွမ်းများကိုလည်း ရရှိ လာလေသည်။ အသက်နှစ်ရာကျော်ထိရှင်သန်နေနိုင်ခြင်းသည်လည်း ထိုအလုပ် ကိုင်၏အစွမ်းပင်ဖြစ်သည်။ငရဲထိန်းအလုပ်ကိုင်သည် ဆိုးသွမ်းသော ငရဲသားများ ငရဲပြည်မှလွတ်မြောက်လာသည်ဖြစ်စေ ဆိုးသွမ်းနေသော မကောင်းဆိုးဝါးများ သောင်းကျန်းနေသည်ဖြစ်စေ ထိုသူများကို ဖမ်းဆီးပြီး ငရဲပြည်သို့ ပို့ပေးရမည့်တာဝန်ဖြစ်သည်။ထိုတာဝန်ထမ်းဆောင်ချိန်၌ ပိုမို အစွမ်းထက်မည်ဖြစ်သည်။ နောက်ပြီး သူ၏အာရုံနယ်မြေအတွင်း၌ ဂျိတ်လိုထူးခြားသောအရာတည်ရှိနေ ပါက အာရုံခံနိုင်မည်ဖြစ်သည်။ ဂျိတ်နဲ့လူအိုကြီးသည် ဘီယာလေးတမြမြဖြင့်ဆက်လက်စားသောက်နေရင်း ဂျိတ်မှ "ရှင်းရှင်းပြရရင် ကျုပ်ကဒီကမ္ဘာမြေကမဟုတ်ဘူး...အမှတ်တရလေးတွေရှိ လို့လာပြီးခံစားတဲ့သဘောမျိုးပါပဲ" ထိုစကားကိုဂျိတ်မှ သာမန်လိုသာပြောသော်လည်း လူအိုကြီးအတွက်တော့ ကြောက်မက်ဖွယ်ကောင်းသောထိုးနှက်ချက်တစ်ခုပင်။ "ဒါဆို ကျုပ်ကိုကယ်တင်ပါဦး" လူအိုကြီးသည် ဂျိတ်အားညှိုးငယ်သောမျက်နှာဖြင့်ကြည့်ပြီး အကူညီတောင်း လိုက်သည်။ "ဒီလိုပါ လတ်လော မကောင်းဆိုးဝါးတွေသောင်းကျန်းနေပါတယ်..ပုံမှန်ဆို ရင်..အဲ့လိုမကောင်းဆိုးဝါးတွေက ကျနော်နှိမ်နင်းလို့ရပါတယ်...အခုဟာက ဘယ်လိုမှနှိမ်နင်းလို့မရနေပါဘူး..အဲ့လိုဖြစ်တာကြာတော့ ငရဲထိန်းအလုပ် ကိုင်ကပြုတ်ပြီးအသက်သေဆုံးရတော့မှာပါ" လူအိုကြီးက ဂျိတ်အားအသည်းသန်အကူညီတောင်းလိုက်သည်။ထိုအကူညီ တောင်းခံမှုသည် သူ၏အသက်နဲ့ဆိုင်ကြောင်း ဂျိတ်သိလိုက်သည်။ထို့ မိမိနဲ့ အတူစကားဝိုင်းဖွဲ့ပေးသော လူအိုကြီးကိုမသေစေလိုသောကြောင့် တစ် ကြောင်း၊ ငရဲထိန်းမနှိမ်နင်းနိုင်သော မကောင်းဆိုးဝါးများကို မြင်လိုသော ကြောင့် တစ်ကြောင်း ဖြစ်ရာ "ကောင်းပြီ ကျုပ်ကူညီပေးမယ်...ဘယ်တော့စမှာလဲ" "ဒီညပဲ"

All Chapters