အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
(343)အဆင့်မြင့်မကောင်းဆိုးဝါး
အချိန်ကား ညဆယ့်နှစ်နာရီ။ ဂျိတ်သည် လူအိုကြီးနဲ့အတူ ဆိုင်မှ စားသောက်ပြီးသည်နဲ့ငွေရှင်းကာ ထွက် လာခဲ့လိုက်သည်။ဂျိတ်သည် လူအိုကြီးနဲ့ထွက်လာလိုက်ပြီး လူအိုကြီးသွားရာ နောက်သို့ အတူလိုက်ခဲ့လိုက်သည်။ "ဒီနေရာမှာ အလုပ်စရမယ်လို့ အာရုံရနေတယ်" လူအိုကြီးသည် သူ၏ကောင်းဘွိုင်ဦးထုပ်ကို အနည်းငယ်ပင့်တင်ပြီးပြော လိုက်သည်။ဂျိတ်ကလည်း ခေါင်းညိတ်ကာ အခြေနေကို စောင့်ဆိုင်းနေလိုက် သည်။သိပ်မကြာပေ။ "အား.ဝါး.....ဟား....." ခြောက်ခြားဖွယ်ကောင်းသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ထိုအသံနဲ့ အတူ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ထွက် ပေါ်လာခဲ့လေသည်။ထိုမကောင်းဆိုးဝါးပုံစံသည် အလွန်ပင် ရွံဖွယ်ကောင်း လှလေသည်။သူ၏တစ်ကိုယ်လုံးသည် ပုပ်ပွနေပြီး အသားစား လောက်ကောင်များဖြင့်ပြည့်နှက်နေသည်။ထိုမကောင်းဆိုးဝါးသည် ရုပ်ခန္ဓာ ဖြင့်ဖြစ်တည်ခြင်းမရှိပဲ ဝိညာဥ်ခန္ဓာကိုယ်ထည်နဲ့သာဖြစ်လေသည်။ ထိုမကောင်းဆိုးဝါးသည် တောထဲမှထွက်လာဟန်ရှိပြီး လူများရှိရာမြို့သို့ဦး တည်သွားနေပုံပေါ်၏။ "ဒီကောင်တွေက သိပ်ကိုဆိုးသွမ်းတာဗျ.....ဒီကောင်တွေကဝိညာဥ်ခန္ဓာသာရှိ ပေမဲ့...အတော်လေးပြသနာပေးတဲ့ကောင်တွေ....လူတွေကိုယ်ထဲဝင်ပူးပြီး ရင် သောက်ပြသနာရှာတယ်...ပြီးရင်...ရန်ဖြစ်အောင်လုပ်ပြီး သတ်ခိုင်း တယ်....အဲ့လိုလုပ်လို့သေသွားတဲ့လူရဲ့ဝိညာဥ်ကို စားသုံးတယ်" လူအိုကြီးသည် ဂျိတ်အားအကြောင်းစုံရှင်းပြနေသည်။ထိုမကောင်းဆိုးဝါးကို သောက်ပြသနာကောင်ဟု လူအိုကြီးမှနာမည်ပေးထားသည်။ကမ္ဘာတစ်ဝှမ်း၌ လူတိုင်းသည် ရန်ဖြစ်ပြီးသတ်ဖြတ်သေဆုံးကြရသည့်အထဲတွင် အဓိကပြသ နာ၏40%ခန့်သည် ထိုသောက်ပြသနာဝိညာဥ်မကောင်းဆိုးဝါး များ၏လက်ချက်ပင်ဖြစ်လေသည်။ "လောဆယ်တော့ ဒီကောင်ကို ငရဲပို့ရတာပေါ့ဗျာ" လူအိုကြီးမှ ပြောပြောဆိုဆိုဖြင့် သူ၏ခါး၌ချိတ်ထားသော သေနတ်ကိုထုတ် လိုက်သည်။ထိုသေနတ်သည် အလွန်ပင်ရှေးကျပြီး ရှစ်လုံးပြူးသေနတ်ဖြစ် ကာ ကျည်ဆံမရှိပေ။သို့သော်လည်း လူအိုကြီးသည် ထထိုသေနတ်အား မောင်းဆွဲလိုက်ပြီး ထိုမကောင်းဆိုးဝါးသွားရာနေရာကို မှန်းဆကာ ပစ်လိုက် သည်။ထိုအချိန်၌ ထူးဆန်းသောမြင်ကွင်းဖြစ်ပေါ်လာလေသည်။ လူအိုကြီး၏လက်မှမီးများတောက်လောင်လာပြီး ထိုမီးများသည် သေနတ်သို့ ကူးစက်လောင်ကျွမ်းသွားလေသည်။ထိုမီးများကြောင့် သေနတ်သည် မီးလောင်ကျွမ်းအရည်ပျော်ရမည့်အစား အရိုးခေါင်းပုံစံရှိသော ဆန်းကြယ် သောမီးစွဲနေသောငရဲသေနတ်အသွင်ပြောင်းလဲသွားပြီး "ဒိန်း" ကျည်မရှိသောသေနတ်ထဲမှ မီးတောက်လောင်နေသော ကျည်တစ်တောင့် ထွက်ပေါ်လာလေသည်။ ထိုမီးတောက်လောင်နေသော ကျည်ဆံတွင် အရိုးးခေါင်းပုံစံလေးပါရှိပြီး ရွှေရောင်ကျည်ဆံဖြစ်သည်။ထိုကျည်ဆံသည် ပြေးသွားနေသော မကောင်းဆိုးဝါးကို ထိမှန်စေပြီး ထိုမကောင်းဆိုးဝါးကို မီးစွဲလိုက်လေ သည်။ "အား" နာကျင်ဖွယ်ကောင်းသော အသံကြီးထွက်ပေါ်ပြီး ထိုမကောင်းဆိုးဝါးသည် တောက်လောင်နေသောမီးတောက်မှလွတ်အောင်ကြိုးစားသည်။ သို့သော်လည်း လွတ်မြောက်နိုင်ခြင်းမရှိပဲ လောင်ကျွမ်းကာ ပျောက်ကွယ် သွားလေသည်။အမှန် တော့ ထိုမကောင်းဆိုးဝါးသည် သေဆုံးခြင်းမရှိပဲ ငရဲသို့ရောက်ရှိသွားခြင်း ဖြစ်သည်။ "ခင်ဗျားကတော်တော်ကျွမ်းကျင်နေပြီပဲ" "အဲ့လိုဆိုပါတော့ဗျာ" လူအိုကြီးမှ သေနတ်အားသူ၏ခါးနားရှိသေနတ်အိတ်ထဲသို့ပြန်ထည့် လိုက်၏။ထိုအချိန်၌သေနတ်သည် မီးစွဲခြင်းမရှိသလို သာမန်ပုံစံအတိုင်းသာ ဖြစ်သည်။ လူအိုကြီး၏ဆက်လက်ရှင်းပြမှုကြောင့် ကမ္ဘာကြီး၏အကြောင်းကို အနည်းငယ်နားလည်စပြုလာလေသည်။ကမ္ဘာကြီးသည် တကယ်တမ်းတော့ ဆန်းကြယ်မှုများဖြင့် ပြည့်နှက်ရှုပ်ထွေးနေသည်။ လူတွေကို နှောက်ယှက်ဖျက်စီးနိုင်သော မကောင်းဆိုးဝါးများသည် နေရာ အနှံ့၌ရှိကြောင်းနဲ့ထိုမကောင်းဆိုးဝါးများကို ထိန်းသိမ်းရန် အတွက် သူ့လို ငရဲထိန်းများလည်း တည်ရှိကြောင်း သိလိုက်လေသည်။ ထိုငရဲထိန်းများသည် လူများအားနှောက်ယှက်နိုင်သောမကောင်းဆိုးဝါးများ ကို ငရဲသို့ပြန်လည်ပို့ဆောင်ပေးရသောတာဝန်ရှိကြလေသည်။ မကောင်းဆိုးဝါးများသည် ဖြစ်ပေါ်လာရခြင်းသည်အကြောင်းရင်းသုံးရပ်ရှိ သည်။ ပထမအကြောင်းရင်းသည် လူသေရာမှဖြစ်ပေါ်လာခြင်းဖြစ်သည်။ရိုးရိုး သေ၍ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ ဒေါသမနာလိုစိတ် မုန်းတီးစိတ်များကြောင့် သေဆုံးသွားပါက အငြိုးရှိသော ဝိညာဥ်အဖြစ်ရောက်ရှိသွားမည်ဖြစ်သည်။ထို မှတစ်ဆင့်လူသတ်မိပါက ထိုဝိညာဥ်သည် အပြစ်ရှိကာ မကောင်းဆိုးဝါးအဆ င့်ရောက်ရှိသွားမည်ဖြစ်သည်။ ထိုသို့ရောက်ရှိသွားပါက ငရဲထိန်းသည် ထိုမကောင်းဆိုးဝါးအား ဆက်လက် တည်ရှိခွင့်မပေးနိုင်တော့ပဲ ထိန်းသိမ်းရန်အတွက် ငရဲသို့ပို့ဆောင်မည် ဖြစ်သည်။ ဒုတိယအကြောင်းတော့ နဂိုကတည်းက မကောင်းဆိုးဝါးအဖြစ်မွေးဖွားလာ သောသူများဖြစ်သည်။ထိုသူများသည် လူ့လောက၌နေထိုင်ကြပြီး လူအများ နဲ့အတူသွားလာနေထိုင်ကြသည်။ထိုကောင်များ စည်းမဖောက်မခြင်း(လူမ သတ်မိသည်အထိ) ငရဲထိန်းများက ဖမ်းဆီးခွင့်မရှိပေ။အကယ်၍ထို မကောင်းဆိုးဝါးများက စည်းဖောက်လာပါက ငရဲထိန်းများက ငရဲသို့ ပို့ဆောင်ခွင့်ရှိမည်ဖြစ်သည်။ နောက်ဆုံးအကြောင်းရင်းက ငရဲမှလာသောမကောင်းဆိုးဝါးများဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ငရဲမှမကောင်းဆိုးဝါးများသည် ကမ္ဘာပေါ်သို့ လွတ်ထွက်လာတတ်ကြသည်။ထိုသို့သောမကောင်းဆိုးဝါးမျိုးကိုတော့ ကမ္ဘာ သို့ရောက်ကြောင်းသိသည်နဲ့ ငရဲထိန်းများက ချက်ချင်းဖမ်းဆီးသတ်ဖြတ်ပြီး ငရဲသို့ပြန်လည်ပို့ပေးရသည်။အဘယ်ကြောင့်ဆိုသော် ထိုငရဲမှပြန်လွတ်လာ သောမကောင်းဆိုးဝါးများသည် ကမ္ဘာကြီးတစ်ခုလုံးအတွက် ကပ်ဘေးကြီး တစ်ခုဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ လူအိုကြီး၏စကားများအရ ငရဲမှလွတ်ထွက်လာသော မကောင်းဆိုးဝါးနှစ် ကောင်ရှိခဲ့ဖူးသည်။ထိုနှစ်ကောင်သည် အလွန်ပင်အစွမ်းထက်သောကြောင့် ငရဲထိန်းများစုဝေးကာ လိုက်ဖမ်းခဲ့ကြရလေသည်။ပထမတစ်ကောင်လွတ် ထွက်လာသောအချိန်၌ ငရဲထိန်းများသည် ချက်ချင်းဖမ်းဆီးသော်လည်း မ အောင်မြင်ခဲ့ပေ။ ထိုမကောင်းဆိုးဝါးသည် အချိန်တစ်ခုထိလွတ်မြောက်ထွက်ပြေးခဲ့သည်။ထို မကောင်းဆိုးဝါး လွတ်မြောက်ချိန်သည် လူတို့အတွက်ကပ်ဆိုးကြီးဖြစ်ပေါ်လာခဲ့သည်။ဤ သည်ကို လူများက ပထမကမ္ဘာစစ်ကြီးဟု သိထားကြသည်။ထို မကောင်းဆိုးဝါး၏အစွမ်းကြောင့် လူသားအချင်းချင်းသတ်ဖြတ်ကုန်ကြ လေသည်။ထိုမကောင်းဆိုးဝါးကို ဖမ်းဆီးသတ်ဖြတ်ပြီး ငရဲသို့ပြန်ပို့လိုက် သောအခါမှသာ ပထမကမ္ဘာစစ်ပြီးဆုံးခဲ့ရလေသည်။ နောက်တစ်ကြိမ် ငရဲမှလွတ်ထွက်လာသောမကောင်းဆိုးဝါးကြောင့် ဒုတိယ ကမ္ဘာစစ်ဖြစ်ပေါ်လာခဲ့ပြန်သည်။ဤတွင်လည်း ငရဲထိန်းများမှ စုဝေးပြီး ထို မကောင်းဆိုးဝါးကို သတ်ဖြတ်ခဲ့ရသည်။ထိုတစ်ကြိမ်တွင်တော့ ငရဲထိန်းနှစ် ယောက်အသက်ပေးပြီးမှသာ အောင်မြင်ခဲ့လေသည်။ထိုအကြောင်းရာများ ကို လူအိုကြီးမှ ဂျိတ်အား ပြောပြနေခြင်းလည်းဖြစ်သည်။ ထိုမကောင်းဆိုးဝါးများ၏လုပ်ရပ်သည် လူသားတို့အပေါ်သက်ရောက်မှုရှိနေ ကြောင်းပင်ဖြစ်သည်။အကယ်၍ နောက်ထပ်သော ငရဲမှမကောင်းဆိုးဝါး လွတ်ထွက်လာပါက တတိယကမ္ဘာစစ်ဖြစ်ပြီး နျူလက်နက်များအချင်းချင်း ပစ်ခတ်ကြမှုကြောင့် လူသားများအားလုံးသေဆုံးကုန်မည်ဖြစ်သည်။ ငရဲမှနှစ်ကြိမ်လုံးလွတ်ထွက်လာသောမကောင်းဆိုးဝါးများဖမ်းဆီးချိန်၌ လူအိုကြီးသည် ပါဝင်ခဲ့သူဖြစ်သောကြောင့် အတွေ့ကြုံရှိ၏။ထို့ပြင် နောက်ထပ်သောမကောင်းဆိုးဝါးလွတ်လာမည်ကိုလည်း အထူးစိုးရိမ်နေသူ ဖြစ်သည်။ထိုကြောင့် သူပင်ဖမ်းမရသောမကောင်းဆိုးဝါးသည် ငရဲမှလာ သောမကောင်းဆိုးဝါးဖြစ်မည်ထင်နေသောကြောင့်တစ်ကြောင်း သူ၏အလုပ်ပြုတ်ပြီးသက်တမ်းစေ့ကာ သေရမည်ဖြစ်သောကြောင့် လည်းကောင်း ဂျိတ်ကိုအကူညီတောင်းရခြင်းဖြစ်သည်။သူ၏လူ့ဘဝ သက်တမ်းသည် ရှစ်ဆယ်နှစ်ဖြစ်ပြီး လက်ရှိအထိအသက်ရှည်နေရခြင်းမှာ ငရဲထိန်းအလုပ်ကိုင်၏အစွမ်းသတ္တိကြောင့်သာဖြစ်ပေသည်။ "ဒါနဲ့ တတိယကမ္ဘာစစ်ဖြစ်ပြီး လူတွေသေကုန်ရင် ခင်ဗျားတို့ငရဲထိန်းတွေက သေကုန်မှာလား" "ဘယ်ကလာ..သေရမှာတုန်း လူတွေရဲ့ရုပ်အတတ်ပညာလက်နက်ကြောင့် ကျုပ်တို့က မသေနိုင်ပါဘူးဗျာ....နောက်တစ်ကမ္ဘာပြောင်းပြီး ငရဲထိန်းအလုပ် ကိုင်ကို ဆက်လုပ်ရမှာပေါ့ဗျာ" "အော်... အဲ့လိုလား..ဒါဆိုပင်စင်ယူလိုက်ရင်ကော" "ပင်စင်ယူမယ်ဆိုရင် ကိုယ်ရဲ့ငရဲထိန်းအလုပ်ကိုင်ကို နောက်ထပ်ငရဲထိန်း လုပ်မဲ့လူဆီလက်ဆင့်ကမ်းပေးလို့ရတယ်...အဲ့လိုကမ်းပေးလိုက်ရင် အဲ့လူဆီ ငရဲထိန်းအလုပ်ရောက်သွားပြီး ပေးလိုက်တဲ့လူက အလိုလိုပင်စင်ရသွားတာ ပေါ့..ခြွင်းချက်အနေနဲ့ ငရဲထိန်းအစွမ်းတွေက တစ်ကြိမ်သုံးပဲ ကျန်တော့တာပေါ့ဗျာ...အဲ့အစွမ်းကို သုံးပြီးရင်သေမယ်..မသုံးရင်တော့ အဲ့အစွမ်းက လူကိုဆယ်နှစ်သက်တမ်း တိုးပေးပြီး ပျောက်ကွယ်သွားတာပေါ့" ငရဲထိန်းအလုပ်ကိုင်၏သဘောသဘောဝအကြောင်းကို ဂျိတ်မှသိရှိလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ငရဲထိန်းအလုပ်ကိုင်သည် အလွန်ပင်စိတ်ဝင်စား ဖွယ်ကောင်းမွန်လှပေသည်ဟု ထင်မိသည်။ "ဟီး..ဟား...ဟား....." ထိုသို့ကြောက်မက်ဖွယ်ကောင်းသောအသံကြီး တစ်ခုထွက်ပေါ်လာလေ သည်။ထိုသို့ထွက်ပေါ်လာသည်နဲ့ လူအိုကြီး၏မျက်နှာသည် ပျက်ယွင်းသွား ပြီး "ဟာ မကောင်းတော့ဘူး....အဆင့်မြင့်မကောင်းဆိုး ထွက်ပေါ်လာတာပဲ အမြန်သွားကြရအောင်" ဆိုကာ လူအိုကြီးသည် သူ၏လက်ကိုပါးစပ်၌တော့ကာ "ရွှီ" လေချွန်လိုက်သည်။ထိုအခါ အလွန်မြန်ဆန်လှသော အသံနဲ့ မြင်းတစ်ကောင် သည် သူ၏အနားသို့ရောက်ရှိလာသည်။ထိုမြင်းပေါ်သို့ လူအိုကြီးသည် တက် လိုက်ပြီး. ဦးထုပ်အား လက်ကိုင်လိုက်သည်နဲ့ "ဝုန်း" မြင်းခြေထောက်မှစ၍မီးများတောက်လောင်လာပြီးမြင်းကောလူပါ မီးလောင်သွားလေသည်။ထို့နောက် လူအိုကြီးအသွင်မှ မီးလောင်နေသော အရိုးခေါင်းပုံစံရှိပြီး မီးတောက်နေသော မြင်းကိုစီးနေသောအသွင်ဖြစ်သွား လေသည်။(ကျနော်တို့ကြည့်ဖူးသော ghost riderကားမှ ပုံစံကိုမြင်ယောင် ကြည့်ပါလေ) "အခုမှ ငရဲထိန်းပုံစံအစစ်မှန်ပဲ" ဂျိတ်မှချီးမွန်းလိုက်သည်။လူအိုကြီးကလည်း "ဒါဆိုမှ မြန်မြန်ရောက်မှာလေ ဂျိတ်ကောလိုက်စီးဦးမလား" "နေပါစေ ကျုပ်မှာလည်း စီးစရာရှိပါတယ်" ဂျိတ်လည်း လက်ခုပ်တီးလိုက်သည်နဲ့ "ဟင် ဒါဒါက...." လူအိုကြီး ထိတ်လန့်သွားလေသည်။ထိုအရာကိုမြင်လိုက်သည်နဲ့ အလိုလို တုန်ယင်လာလေသည်။ထိုအရာကား တခြားမဟုတ် ငရဲထိန်းတိုင်းတောင့်တ မက်မောနေသော ငရဲခေါင်းသုံးလုံးခွေးကြီးဖြစ်သည်။ ထိုခေါင်းသုံးလုံးခွေးကြီးပေါ်သို့ ဂျိတ်မှ တက်စီးလိုက်ပြီး "ကဲ ခင်ဗျားပြောတဲ့ အဆင့်မြင့်မကောင်းဆိုးဝါးဆီသွားကြစို့လားဗျာ"
(344)အပြစ်စစ်ဆေးခြင်း
"တက်ကလုတ်(...မြင်းခွာသံ)" "ဝုန်း..."(ငရဲခေါင်းသုံးလုံးခွေး၏ခြေသံ) ကျယ်ပြန့်နေသော မြေပြင်တစ်လျှောက်ခရီးစဥ်၌ သူတို့၏ပြေးသံများက ဆူညံပွက်လောရိုက်ခတ်သွားလေသည်။ငရဲမီးတောက်လောင်နေသော ငရဲ မြင်းနဲ့ငရဲခေါင်းသုံးလုံးခွေးသွားလာရာ လမ်းတစ်လျှောက်၌ မီးတောက်များ ကျန်ရစ်ခဲ့လေသည်။ "တော်တော်မြန်တာပဲ" ဂျိတ်သည် ငရဲခွေးနဲ့မြင်း၏အမြန်နှုန်းကိုကြည့်မိတွေးမိသည်။သာမန်မြင်း တစ်ကောင်၏ပြေးနှုန်းထက် လက်ရှိငရဲမြင်းအသွင်သို့ပြောင်းလဲသွား သောအခါ မြန်ဆန်သောအရှိန်သည် အလွန်ပင်ကွာခြားသွားလေသည်။ သာမန်စက်ဘီးတစ်စီး၏အရှိန်ထက် မြင်းကောင်ရေများစွာပါရှိသောအင်ဂျင် တပ်ဆင်ထားသည့် ဆိုင်ကယ်က ပို၍မြန်ဆန်သလိုပင်ဖြစ်၏။ ငရဲမြင်းနဲ့ငရဲခွေး၏အမြန်နှုန်းသည် တစ်မိနစ်ဟူသောအချိန်အတွင်း၌ မိုင် ပေါင်းရာချီမက ဖြတ်သန်းကျော်လွှားခဲ့သည်ဖြစ်သည်။ "ဟိုအကောင်ပဲ...." လူအိုကြီးမှငရဲထိန်းအသွင်ပြောင်းလဲသွားသူမှ ပြောလိုက်သည်။ဂျိတ်လည်း ကြည့်လိုက်၏။တွေ့ပါပြီ။ထိုအကောင်ကြီးသည် ဆယ်ပေမှရှိပြီး ရှေးဟောင်း သံချပ်ကာကို ဝတ်ဆင်ထားသည်။သေချာကြည့်ပါက အဂ်လန်ခေတ်မှ စစ်သည်တော်တစ်ယောက်ဖြစ်ခဲ့ဟန်တူသည်။သူ၏လက်တစ်ဖက်တွင်လည်း ကြီးမားသော ဓားရှည်ကြီးတစ်ချောင်းရှိသည်။ ထိုပြင် ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ထိုအကောင်ကြီးသည် ဝိညာဥ်ခန္ဓာသက်သက်မဟုတ်ပဲ အသွေးအသားနဲ့တည်ရှိနေသည်ဖြစ်သည်။ လက်ရှိ၌ထိုအဆင့်မြင့်မကောင်းဆိုးဝါးသည်လူတစ်အုပ်အား တိုက်ခိုက်စား သောက်နေ၏။လူအုပ်အား ထိုဓားရှည်ဖြင့်ဝှေ့ယမ်းပြီး သတ်ဖြတ်စား သောက်နေသည်။ "သိပြီဒီကောင်က ဆယ့်လေးရာစုခေတ်က စစ်သည်တော်ပဲ...သူရဲ့သတ်ဖြတ် လိုစိတ်ပြင်းပြမှုကြောင့် ကြောက်ဖို့ကောင်းတဲ့ဝိညာဥ်ဆိုးဖြစ်သွားခဲ့တယ်..ဒါ ကြောင့်သူ့ကို ဖမ်းဆီးပြီး ငရဲမှ ငရဲသားထိန်းအဖြစ်ခန့်အပ်ပေးခဲ့ တယ်...ဒါပေမဲ့အခုမှ ကမ္ဘာပေါ်ဘယ်လိုပြန်ရောက်လာလဲဆိုတာမသိဘူး" ငရဲထိန်း(လူအိုကြီး)မှ ဂျိတ်အား ပြောပြသည်။သူပြောသောအချက်လက် များသည် ထိုအဆင့်မြင့်မကောင်းဆိုးဝါးနဲ့တွေ့သောအခါမှသာ ငရဲထိန်း တို့၏အစွမ်းသတ္တိကြောင့်သိလာရခြင်းဖြစ်သည်။ ငရဲထိန်းနဲ့ ငရဲသားထိန်းတို့သည် တူသယောင်ရှိသော်လည်း ကွဲ ပြားမှုရှိ၏။ ငရဲထိန်းသည် ကမ္ဘာမြေမှလွတ်မြောက်နေသောဝိညာဥ်များနဲ့ မကောင်းဆိုးဝါးများကို ထိန်းသိမ်းဖမ်းဆီးပြီးသို့မဟုတ် သတ်ပစ်ပြီး ငရဲသို့ ပို့ပေးရသည်ဖြစ်ပြီး ငရဲသားထိန်းကတော့ ငရဲထိန်းလက်ချက်ကြောင့် ငရဲသို့ ရောက်ရှိလာသော သူမှန်သမျှကို နှိပ်စက်အပြစ်ပေးရခြင်းဖြစ်လေသည်။ လက်ရှိကမ္ဘာပေါ်သို့ရောက်ရှိလာသော ငရဲသားထိန်းသည် မည်သည့်အကြောင်း ကြောင့် ရောက်ရှိလာခြင်းမသိရသလို အဆင့်မြင့်မကောင်းဆိုးဝါးဖြစ်နေရ သည်ကိုလည်း မသိရပေ။ငရဲထိန်းမှ ထိုအဆင့်မြင့်မကောင်းဆိုးဝါးအား သူ၏မီးတောက်လောင်နေသော သေနတ်ထုတ်လိုက်ပြီး ပစ်ခတ်လိုက်သည်။ "ဒိန်း...ဒိန်း....." သေနတ်ကျည်ဆံများက ထိုအဆင့်မြင့်မကောင်းဆိုးဝါးကိုယ်ထဲသို့ထိုး ဖောက်ဝင်ရောက်သွားသည်နဲ့ ထိုမကောင်းဆိုးဝါးမှာ နာကျင်စွာအော်ဟစ် လိုက်ရ၏။ "ဂါး....ဂါး...." ထို့နောက် ထိုအဆင့်မြင့်မကောင်းဆိုးဝါးပါးစပ်မှ စူးရှရှခပ်အပ်အပ်အသံ များထွက်ပေါ်လာလေသည်။ထိုသို့သောအသံများထွက်ပေါ်ချိန်၌ ထို မကောင်းဆိုးဝါး၏အကြည့်သည် ငရဲထိန်းထံသို့ကျရောက်နေသည်။ ထို့နောက် ထိုအဆင့်မြင့်မကောင်းဆိုးဝါးသည် တစ်ချက်တုန်ခါသွားပြီး နောက် ကြောက်မက်ဖွယ်ကောင်းသောအသံပြောင်းလဲသွားပြီး ငရဲထိန်းထံ ပြေးဝင်လာလေသည်။ "ဂျိတ် ကြည့်ရတာသူ့ကို ငရဲပြန်ပို့မှဖြစ်မယ်" ပြောပြောဆိုဆိုဖြင့် သူသည် သူ၏ငရဲမီးတောက်လောင်သော သေနတ်ဖြင့် ဆက်တိုက်ဆိုလို ပစ်ခတ်လိုက်လေသည်။ "ထန်...ထန်..." အဆင့်မြင့်မကောင်းဆိုးဝါးသည် ထိုကျည်ဆံများကို သူ၏ဓားရှည်ဖြင့် ရှောင်တိမ်းလိုက်ပြီး ငရဲထိန်းအနားသို့ရောက်ရန်ကြိုးပမ်းသည်။အစောပိုင်း၌ ကျည်ဆံထိသွားရခြင်းမှာ ထိုအဆင့်မြင့်မကောင်းဆိုးဝါးသည် လူသားများ အားသတ်ဖြတ်စားသောက်နေချိန်၌ အာရုံရောက်နေသောကြောင့်ဖြစ်သည်။ လက်ရှိအချိန်မှာတော့ သူ၏ဓားရှည်ဖြင့် ကျည်ဆံများကို ကာကွယ်နိုင်သည် ဖြစ်သည်။ "ဟီးး.."(မြင်းရီသံ) ငရဲထိန်းစီးနင်းသော ငရဲမြင်းမှ ရုတ်တရက်ဆိုသလို မြည်ဟီးလိုက်ပြီး သူ၏မီးတောက်လောင်နေသော ခွာဖြင့် မြေပြင်သို့ပေါက်ချလိုက်သည်။ ထိုအခါ မြေကြီးသည် မီးများတောက်လောင်လာပြီး အဆင့်မြင့် မကောင်းဆိုးဝါးထံရောက်ရှိသွားသည်။ ထိုမီးများတောက်လောင်နေသော မြေကြီးကို အဆင့်မြင့်မကောင်းဆိုးဝါးမှ နင်းမိသည်နဲ့ မြေကြီးထဲကျွံဝင်သွားလေသည်။ ထိုစွမ်းရည်မှာ ငရဲမြင်း၏စွမ်းရည်တစ်ခုဖြစ်ပြီး ငရဲမီးတောက်ဖြင့်မြေကြီး ကိုလောင်ကျွမ်းစေပြီး မကောင်းဆိုးဝါးများအား ကောင်းစွာဒုက္ခပေးနိုင်စွမ်း ရှိလေသည်။ မြေကြီးထဲကျွံဝင်သွားသော မကောင်းဆိုးဝါးသည် ချက်ချင်းပင် ပြန်ရုန်းထွက်လိုက်ပြီး ငရဲထိန်းအား ဓားရှည်ဖြင့် ခုတ်သည်။ ငရဲထိန်းလည်း အတွေ့ကြုံများနေပြီဖြစ်ရာ မြင်းအားထိန်းချုပ်ပြီး အသာယာ ပင်ရှောင်တိမ်းလိုက်လေသည်။ထို့နောက် သူ၏မြင်း၌ချိတ်ဆွဲထားသော ကြာ ပွတ်ကိုကိုင်ပြီး မကောင်းဆိုးဝါးအား ရိုက်ချလိုက်လေသည်။ ကြာပွတ်သည် သာမန်သာဖြစ်သော်လည်း ငရဲထိန်းကိုင်လိုက်သည်နဲ့ ကြာ ပွတ်၏ထိပ်သည် သေးငယ်သောဆူးချွန်လေးများပေါ်လာပြီး ကြာပွတ်တစ်ခု လုံးလည်း မီးများတောက်လောင်သွားလေသည်။ထိုမီးလောင်နေသော ကြာ ပွတ်သည် အဆင့်မြင့်မကောင်းဆိုးဝါးအား ထိမှန်လိုက်သည်နဲ့ "ဂါးးးးးးးး..." နာကျင်စွာ အော်ဟစ်လိုက်ရသည်။သူ၏မျက်နှာတွင် ကြာပွတ်ရာကြီးက ထင်ရှားစွာရှိနေသည်။ ထိုအခါ အဆင့်မြင့်မကောင်းဆိုးဝါးသည် ဒေါသထွက်သွားပြီး ဟိန်းဟောက် လိုက်လေသည်။ထိုအော်သံကြောင့် ငရဲထိန်းနဲ့သူ၏မြင်းသည်လည်း လွင့်စင် သွားရ၏။ "မဖြစ်နိုင်တာ..ဒါကငရဲသားထိန်းရဲ့အစွမ်းလေ" ငရဲသားထိန်းများ၏အစွမ်းကို လက်ရှိမကောင်းဆိုးဝါးမှအသုံးပြုနေသော ကြောင့် ငရဲထိန်းစဥ်းစားရခက်သွားသည်။ထိုစွမ်းရည်သည် ငရဲသားထိန်းမှ အဆင့်မြင့်မကောင်းဆိုးဝါးအသွင်ပြောင်းသွားသောအခါ သုံးရန်လုံးဝမဖြစ် နိုင်သော်လည်း လက်ရှိမကောင်းဆိုးဝါးက သုံးစွဲပြနေသည်။ "ဒီလိုဆိုကြာတယ် သူ့ကိုလက်စတုံးလိုက်တော့" ဂျိတ်၏အသံဆုံးသည်နဲ့ ခေါင်းသုံးလုံးငရဲခွေးကြီးသည် ချက်ချင်းပင် ပြေး သွားပြီး အဆင့်မြင့်မကောင်းဆိုးကို တိုက်ခိုက်လိုက်သည်။ခေါင်းသုံးလုံးရှိရာ တစ်ခေါင်းစီက လက်နှစ်ဖက်ကိုကိုက်ခဲလိုက်ပြီး အလယ်ခေါင်းက အဆင့်မြ င့်မကောင်းဆိုးဝါး၏ခေါင်းကို ကိုက်ခဲလိုက်သည်။ထိုသို့ကိုက်ခဲပြီးသည်နဲ့ ငရဲခွေးခေါင်းသုံးလုံးမှ ငရဲချော်ရည်များမှုတ်ထုတ်လိုက်သည်။ မှုတ်ထုတ်လိုက်သော ငရဲချော်ရည်များသည် ကိုက်ခဲထားမှုကြောင့် လွတ်မြောက်ခြင်းမရှိနိုင်သော အဆင့်မြင့်မကောင်းဆိုးဝါးအား ထိမှန်ပြီး သေဆုံးစေခဲ့သည်။ထိုမကောင်းဆိုးသေဆုံးသည်နဲ့ ထိုကိုယ်ထဲမှ နမ်ချည်း သပ်သပ်သာရှိသော အရာက ငရဲထိန်းအားစကားပြောပြီး မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။ "ကျေးဇူးတင်ပါတယ် မဟုတ်ရင်...တော်တော်လေးကြာမယ်လို့တောင်ထင် နေတာ" "ရပါတယ် ပြသနာမရှိပါဘူး" ဂျိတ်ကလည်း ပြန်လည်ပြောဆိုလိုက်သည်။အဆင့်မြင့်မကောင်းဆိုးဝါးသည် ငရဲထိန်းကိုသာတိုက်ခိုက်ရခြင်းမှာ ငရဲခွေး၏အစွမ်းကြောင့် ဖြစ်၏။ငရဲခွေး သည် ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိရာ အဆင့်မြင့်မကောင်းဆိုးသည် မြင်နိုင် ခဲ့ခြင်းမရှိပေ။ထိုကြောင့် ဂျိတ်မှ အသာလေးတိုက်ခိုက်ပြီးသတ်ဖြတ်စေနိုင်ခဲ့ ခြင်းရှိသည်။ "ဒါနဲ့စကားမစပ် ဘယ်ကရလာတာလဲ" ငရဲထိန်းမှ ဂျိတ်အား မဝံမရဲ ဖြင့်မေး၏။ငရဲခေါင်းသုံးလုံးခွေးဆိုသည်မှာ ငရဲပြည်၏အစွမ်းထက်သောအကောင်များထဲ၌ ထင်ရှားကျော်ကြားပေ၏။ ထို့ကြောင့်လည်း ထိုငရဲခွေးသည် အဆင့်မြင့်မကောင်းဆိုးကို အသာလေး သတ်ဖြတ်နိုင်ခြင်းလည်းဖြစ်သည်။ငရဲထိန်းတိုင်း၏လိုချင်သော စိတ်ကူးဆို ပါကလည်း မမှားနိုင်ပေ။ "ငါက ငရဲမင်းကြီးနဲ့နည်းနည်းသိတယ်လေ" ငရဲမင်းကြီးဟုလွယ်လွယ်ပြောလိုက်သောကြောင့် ငရဲထိန်းဆက်လက်ပြောရဲ ခြင်းမရှိတော့ပေ။အကြောင်းမှာ သူသာထိုစကားထွက်မိပါက ငရဲမင်းကြီး သည် သူ့အားသိနိုင်သောကြောင့်ဖြစ်သည်။ (ကြည့်ရတာ ငရဲမင်းကြီးက သူ့နာမည်ကိုငရဲထိန်းကပြောတာနဲ့ တန်းသိတယ် ဆိုတော့...အတင်းတုတ်ဖို့ခက်ခဲအောင်လုပ်ထားသည်နဲ့တူ၏။) "ဟိုနားက လူတွေကိုသွားကြည့်မယ်လေ" ဂျိတ်ပြောမှုကြောင့် ငရဲထိန်းလည်း မြင်းစီးပြီးသွားရောက်ကြည့်ရှူလိုက်၏။ သွားကြည့်ကြည့်ပြီး သူ၏မီးတောက်များပိုမိုလောင်ကျွမ်းတောက်ပလာသည် ကို ဂျိတ်တွေ့လိုက်ရလေသည်။ငရဲထိန်းဒေါသထွက်နေကြောင်းသိသာ စေသည်။ "ဒီကောင်တွေ ဆယ်ခါပြန်သေရမှာ" ဂျိတ်လည်း မေးကြည့်သောအခါ အကြောင်းရင်းသိလိုက်ရလေသည်။ အစောပိုင်း၌ နမ်ခန္ဓာအရာသည် ငရဲသားထိန်းဖြစ်၏။လက်ရှိအဖြစ်ပျက်များ ဖြင့် ဆက်စပ်သောအခါ အကြောင်းရာမှာပေါ်လွင်လာတော့၏။ ဖြစ်ပုံသည် လက်ရှိသေဆုံးသွားသောလူများသည် အောက်လမ်းဆရာများ ဖြစ်ပြီး လူတစ်ယောက်အား စတေးကာ တားမြစ်မန္တာန်များရွတ်ဆိုကာ ဆင့် ခေါ်ကြ၏။သူတို့၏မန္တာန်သည် အလွန်အဆင့်မြင့်နေရာ ငရဲသားထိန်းကိုမှ ခေါ်မိကြလေသည်။ထိုခေါ်ခံရသော ငရဲသားထိန်းသည် စတေးထားသော လူ၏ကိုယ်တွင်းဝင်ရောက်ပြီး အဆင့်မြင့်မကောင်းဆိုးဝါးဖြစ်ပေါ်လာလေ သည်။ဖြစ်ပေါ်လာသောအခါ အလွန်စွမ်းအားကြီးသောကြောင့် သူတို့ ထိန်းသိမ်းနိုင်ခြင်းမရှိပဲ ထိုအဆင့်မြင့်မကောင်းဆိုးဝါး၏သတ်ဖြတ်စား သောက်ခြင်းကိုခံရပြီး လက်ရှိအခြေနေသို့ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့လုပ်ရပ်နဲ့သူတို့သေသောကြောင့် တန်သည်ဟုသာ ငရဲထိန်းထင်မိသည်။ ထို့ပြင်မသေသေးသော လူများလည်းရှိသေးကြောင်းတွေ့သော စစ်ဆေး မေးရန်ဆုံးဖြတ်လိုက်သည်။ "မင်းတို့ကောင်တွေ ငါ့မျက်လုံးကိုကြည့်ကြစမ်း" ရှင်နေသောလူတိုင်းငရဲထိန်းမျက်လုံးဆိုသည်ကို ကြည့်လိုက်၏။သူတို့သည် မျက်လုံးနေရာ၌တည်ရှိနေသော အရိုးခေါင်းဟက်ပက်ကြီးဖြစ်နေသောနေ ရာ၌ရှိသောမီးတောက်ကြီးကိုသာ မြင်လိုက်ကြရ၏။ထိုနေရာကို မြင်လိုက်ကြ ရသည်နဲ့ သူတို့အားလုံးကြောက်မက်ဖွယ်ကောင်းသောအရာကိုတွေ့ရသည် ပမာ ဖြစ်ပျက်ကြ ကုန်လေသည်။ဤသည်ကား ငရဲထိန်း၏အပြစ်စစ်ဆေး ခြင်းနည်းပင်ဖြစ်လေသည်။
(345)သေမင်းတမန်ဓားထွက်ပေါ်လာခြင်း
ငရဲထိန်း၏အပြစ်ပေးစစ်ဆေးခြင်းအကြည့်ကြောင့် မကြာသောအချိန် အတွင်း၌ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကိုသိရှိလိုက်ရလေသည်။ "အား...." စစ်ဆေးခံရသောလူတိုင်းသည် သူတို့၏မျက်လုံးများမီးလောင်ကျွမ်းပြီး အပေါက်ဖြစ်ကာသေဆုံးသွားကြလေတော့သည်။ထိုသို့သေဆုံးကြရသည်မှာ အပြစ်များစွာလုပ်ထားသောကြောင့်ဖြစ်၏။ ထိုနည်းဖြင့်စစ်ဆေးပါက မိမိ လုပ်ထားသော အပြစ်အလျောက် ထိခိုက်စေမည်ဖြစ်ပြီး ခွင့်လွတ်၍မရ သောအပြစ်ဆိုပါက သေဆုံးစေမည်ဖြစ်သည်။လက်ရှိလူများသည်လည်း သေဆုံးကုန်သည်ဖြစ်ရာ သူတို့၏အပြစ်သည် မည်မျှကြီးမားကြောင်းသိသာ စေလေသည်။ "သိလိုက်ပြီ နောက်တစ်နေရာဆက်သွားကြမယ်" ငရဲထိန်းမှ သူ၏မြင်းအား နောက်ထပ်သောနေရာတစ်ခုသို့ သွားစေပြန်၏။ ထိုသွားနေစဥ်အတောတွင်း၌ ဂျိတ်အား ငရဲထိန်းမှ အဖြစ်ပျက်များကို ရှင်းပြ ပေး၏။ ကိစ္စများစွာ၏အကြောင်းရင်းသည် တားမြစ်မန္တာန်စာအုပ်ကြောင့်ဖြစ်၏။ထို စာအုပ်အား အဖွဲ့စည်းတစ်ခုမှပိုင်ဆိုင်ပြီး သူတို့၏အဖွဲ့ခွဲများအား မန္တာန်များ အား လက်ဆင့်ကမ်းပေး၏။ထိုအဖွဲ့စည်းကြောင့် ယခုလိုအဆင့်မြင့် မကောင်းဆိုးဝါးများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နားလည်လိုက်ပေ သည်။ သူတို့သုံးနေသော မှော်မန္တာန်သည် မည်မျှပြင်းထန်ကြောင်းလည်း သိရှိလိုက် လေသည်။ငရဲ၌ အစွမ်းထက်သော ငရဲသားထိန်းကိုပင် မန္တာန်အစွမ်းဖြင့် ချုပ်နှောင်ပြီး ကမ္ဘာပေါ်ရှိစတေးထားသော လူ့အလောင်းထဲထည့်ပြီး အဆင့် မြင့်မကောင်းဆိုးဝါးအဖြစ်ဖန်တီးနိုင်ကတည်းက မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း သိရှိနိုင်သည်။ ထို့ကြောင့် ထိုမန္တာန်များပေးသော ပင်မအဖွဲ့စည်းကို ဖျက်စီးရန်လိုအပ်လာပြီ ဖြစ်သည်။ ထိုအဖွဲ့စည်းသည် အမှောင်ထုထဲ၌တည်ရှိနေပြီး ထိုအဖွဲ့စည်းကို နောက်ကျောထောက်ခံအားပေးသူများလည်းရှိကြ၏။ထိုအားပေးသော သူများသည် ကမ္ဘာပေါ်၌ကြွယ်ဝချမ်းသာကြသောသူဌေးများ ဖြစ်ကြရာ ထို အဖွဲ့စည်းသည် လက်ရှိအချိန်ထိသက်ဆိုးရှည်နေသည်ဖြစ်သည်။လက်ရှိ အထိပါဆိုလျှင် ထိုအဖွဲ့စည်း၏သက်တမ်းသည် နှစ်တစ်ထောင်မျှအထိရှိနေ ပြီဟု ဆို၏။ လက်ရှိသေဆုံးသွားသောအဖွဲ့သည် အဖွဲ့ခွဲဖြစ်ပြီး အသစ်စက်စက်ရရှိလာ သော တားမြစ်မန္တာန်ကိုစမ်းသပ်ရင်း မာလကီးယားကြသည်ဖြစ်သည်။ ငရဲထိန်း၏အပြစ်ပေးစစ်ဆေးမေးရာမှ ယနေ့ညသုံးနာရီမှာပင် ပင်မအဓိက အဖွဲ့စည်းသည်လည်း အဓိက တားမြစ်မန္တာန်ဖြင့် အဆင့်မြင့်မကောင်းဆိုးဝါး ကြီးကို ဆင့်ခေါ်မည်ဟု သတင်းရရှိခဲ့လိုက်လေသည်။ အဖွဲ့ခွဲသုံးသော မန္တာန်သည် မပြည့်စုံသော်လည်းအစွမ်းထက်နေရာ ပင်မအ ပြည့်စုံမန္တာန်ဆိုလျှင် သူ၏အစွမ်းသည်ပြောနေစရာပင်မလိုတော့ပေ။ ထိုအဖွဲ့စည်းသည် အဆင့်မြင့်မကောင်းဆိုးဝါးကြီးကိုခေါ်ပြီးပါက ထို မကောင်းဆိုးဝါးကြီး၏အစွမ်းဖြင့် သူတို့အားထောက်ပံကူညီသောသူဌေး များအား ပြန်လည်ကူညီပေးကာ ကမ္ဘာကြီးကို စိုးမိုးရန်စီစဥ်ထားကြသည်။ "အင်း ငမိုက်သားလေးတွေပါလား" ဂျိတ်မှ ရေရွတ်မိသည်။လက်ရှိသူတို့သုံးမည့်တားမြစ်မန္တာန်သည် သူတို့ ထင်သည်ထက်များစွာကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်၏။ထို မန္တာန်ဖြင့် ဆင့်ခေါ်ပါက သူတို့ထင်သည်ထက်ပိုမိုဆိုးဝါးသော အန္တရာယ်ကို ကြုံတွေ့ရမည်ဖြစ်သည်။ ဤညကား လကွယ်ညဖြစ်ရာ ပိတ်ပိတ်မှောင်နေ၏။ ကြီးမားကျယ်ပြန့်သော လယ်မြေကွင်းတစ်ခု၌ လူတစ်ရာမျှရှိသော လူအုပ်ကြီးသည်စုဝေးနေ၏။သူတို့အားလုံးသည် အနက် ရောင်ဝတ်စုံများ ဝတ်ဆင်ထားသလို ချိုရှည်လျားသောပုံစံရှိသော ဆိတ် ခေါင်းစွပ်လည်းဝတ်ဆင်ထားကြ၏။ထိုထဲတွင်မှ တစ်ယောက်သောသူသည် သာ အနီရောင်တောက်တောက်ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး ကြောက်မက် ဖွယ်အဆင်းရှိ ဆိတ်မဲရုပ်ကြီးကို ဝတ်ဆင်ထားလေသည်။ လယ်ကွင်းအား အလင်းရောင်ရရှိစေရန် လျှပ်စစ်မီးများမှိန်မှိန်လေးထွန်းညှိ ထား၏။ သူတို့သည် မြေကြီးပေါ်ရှိ စက်ဝိုင်းကြီးတစ်ခုအား ဝန်းရံထားကြလေသည်။ ထိုစက်ဝိုင်း၏ထိပ်၌ အစီဲရင်စားပွဲတစ်လုံးရှိပြီး အနက်ရောင်အထည် ဖြင့်ဖုံးလွှမ်းထားသည်။ ထိုစက်ဝိုင်းသည် သွေးများဖြင့် ဆွဲထားသည်ဖြစ်ပြီး စက်ဝိုင်း၏အလယ်ဗဟို၌ ကြယ်ငါးထောင့်ပုံစံပါရှိပြီး ထူးခြားသော မှော် အက္ခရာများကို စီရင်ရေးသားထားလေသည်။ ထိုသို့ထူးခြားသောစက်ဝိုင်းအား အနက်ရောင်လူအုပ်ကြီးမှ ဘေးမှ နေ၍ကြီးမားသော ဖယောင်းတိုင်ကြီးများဖြင့် ဝန်းရံလိုက်သည်။ထို ဖယောင်းတိုင်များသည် မီးထွန်းထားခြင်းမရှိပေ။ ထိုသို့လုပ်ဆောင်ပြီးသွားသောအခါ ခေါင်းဆောင်ဖြစ်ဟန်တူသော အနီရောင် ဝတ်ရုံဝတ်ဆင်ထားသော သူမှ တောက်ပ ထက်ရှနေသော ဓားကိုထုတ် လိုက်၏။ထို့နောက် သူ၏ဓားကို သူ၏ဘေး၌အဆင့်ရှိသော ဖမ်းခံထားရ သော သိုးဖြူငယ်၏လည်ပင်းသို့ လှီးလိုက်၏။ထိုအခါ သိုး၏လည်ပင်းမှ သွေးများဖြာခနဲကျဆင်းလာ၏။ ထိုသွေးများကို ထိုအနီဝတ်လူမှပင် ကျန်လက်တစ်ဖက်ဖြင့် ကြေးနီရောင် ဖလားဖြင့် ခံယူလိုက်လေသည်။ သိုးဖြူလေးသည်လည်း သွေးထွက်လွန်၍ သေဆုံးသွားလေသည်။ ထိုအခါ၌ အနီရောင်ဝတ်လူ၏ဖလားလည်း သွေး များဖြင့် ပြည့်နှက်သွားပြီဖြစ်သောကြောင့် ထိုဖလားအား ထို စက်ဝိုင်း၏ထိပ်၌ရှိနေသော အစီရင်စားပွဲရှေ့သို့ယူဆောင်သွားပြီး စားပွဲပေါ် သို့တင်လိုက်သည်။ထို့နောက် စားပွဲအားဖုံးထားသော အနက်ရောင်အဝတ်ကို ဖယ်ရှားလိုက်၏။ ထိုအခါစားပွဲပေါ်၌ တင်ထားသောအရာများကို မျက်ဝါးထင်ထင်မြင်လိုက်ရ လေသည်။ထူးဆန်းသော အက္ခရာပါရှိသော ဖယောင်းတိုင်များ၊ ခေါင်းလောင်းနဲ့ အမည်မသိရသော လက်ချောင်းလေးများပင်ပါဝင်၏။ အထင်ရှားဆုံးအရာများကတော့ လင်ဗန်းတစ်ချပ်၌ အနက်ရောင်ဆိတ် ခေါင်းပြတ်ကြီးတစ်ခုရှိနေခြင်းဖြစ်သည်။ အနီရောင်ဝတ်လူသည် သူ၏ဝတ်ရုံမှ ထူးခြားသော စာအုပ်ကိုထုတ်လိုက်၏။ ထိုစာအုပ်သည်လည်း ထူးခြားပြီးကြောက်မက်ဖွယ်ကောင်း၏။လက်ချောင်း များ၊မျက်လုံးများနဲ့သွေးစများကပ်ညှိနေသည်။ထိုစာအုပ်ကို အနီဝတ်လူမှ မိမိ၏သားကိုတယုတယကိုင်သလို ကိုင်တွယ်ပြီးစာရွက်လှန်လိုက်၏။ ထို့နောက် တားမြစ်မန္တာန်ဖြင့် စတင်ရွတ်ဆိုလေတော့၏။ရွတ်နေစဥ်၌လည်း အစောကယူဆောင်လာ သွေးပြည့်နေသောဖလားကို လင်ဗန်းထဲ၌ထည့်ထား သော ဆိတ်ခေါင်းပြတ်ကို သွန်းလောင်းပေးလိုက်သည်။ဤသည်ကို အနက် ရောင်ဝတ်ရုံလူများကလည်း နောက်မှလိုက်ပါရွတ်ဆိုကြလေသည်။ စဥ်းစားကြည့်ပါလေ...လကွယ်ည၌ လယ်ကွင်းတစ်ခု၌ အနက်ဝတ် ကြောက်မက်ဖွယ်လူများက ဆိတ်ခေါင်းပြတ်အားသွေးလောင်းချိန်၌ ကြောက်မက်ဖွယ်ကောင်းသောအသံများဖြင့် မန္တာန်ရွတ်သံကို သာမြင်မိပါက သွေးပျက်သွားဖွယ်ရှိ၏။ တားမြစ်မန္တာန်ဖြင့် ရွတ်ဆိုပြီး တစ်ဝက်မျှရှိသောအခါ သွေးများသွန်းလောင်း ခြင်းခံရသော ဆိတ်ခေါင်းပြတ်မှ မျက်လုံးများပွင့်လာလေ၏။ထို့နောက် "ပဲ...ပဲ....ပဲ...ပဲ...ပဲ...ပဲ" ဆိတ်အော်သံများလည်း ထွက်ပေါ်လာလေသည်။ထို့ပြင် ထိုဆိတ်ခေါင်း ပြတ်သည် မိမိပေါ်သို့ကျဆင်းလာသော သိုးငယ်သွေးများကိုလည်း အားရပါးရအရသာခံ၏။ "ဝုန်း" သွေးများဖြင့်စီရင်ထားသောငါးထောင့်ကြယ် စက်ဝိုင်းသည်လည်း သွေးရောင်တောက်ပလာသလို ဘေး၌ထားရှိထားသော ဖယောင်းတိုင်များသည်လည်း အလိုလျောက်မီးထတောက်ကုန်၏။ထို တောက်သောမီးတောက်သည်လည်း အပြာရောင်ဖြစ်လေသည်။ ထိုအချိန်၌ မန္တာန်လည်းပြီးဆုံးသွားသလို သွေးလောင်းခြင်းသည်လည်း ပြီးဆုံးသွားလေသည်။ထိုသို့ပြီးဆုံးသွားသည်နဲ့ ဆိတ်ခေါင်းသည် ကြောက်မက်ဖွယ်ရာရယ်မောလိုက်၏။ "အောင်ပြီကွ အောင်ပြီ" ထိုအခါ အနီဝတ်လူမှ ကြွေးကြော်လိုက်ရာ သူ၏နောက်လိုက်အနက်ဝတ်လူ များလည်း လိုက်ပါအော်ဟစ်ကြလေသည်။ "ဟီး....ဟီး....ဟီး...ဟီး..." အနီရောင်တောက်ပလာသော ငါးထောင့်ကြယ်စက်ဝိုင်းထဲမှလည်း ထူးဆန်းသောအကောင်ကြီးတစ်ခုပုံစံပေါ်ပေါက်လာလေ၏။ထိုအကောင် ကြီးသည် နမ်ခန္ဓာသာရှိသော်လည်း ဆယ့်ငါးပေထိမြင့်ကာ ကြောက်မက်ဖွယ် အလွန်ကောင်း၏။မျက်နှာမရှိပဲ ပြောင်ကြီးဖြစ်ပြီး သူ၏ပါးစပ်သည် ဘယ် ပခုံး၌ရှိနေ၏။ရင်ဘတ်သည် အပေါက်ကြီးဖြစ်နေသည်။ .......... "ကြည့်ရတာ...နောက်ကျသွားတယ်" ဂျိတ်သည် ငရဲထိန်းအားပြောလိုက်၏။ သူသည် ငါးထောင့်ကြယ်စက်ဝိုင်း၌ရှိ နေသော မကောင်းဆိုးဝါးကိုညွှန်ကာ ပြောလိုက်၏။ "သေစမ်း" ငရဲထိန်းမှ သူ၏ငရဲမီးသေနတ်ဖြင့် ထိုမကောင်းဆိုးဝါးအား ပစ်ချလိုက်၏။ ထူးဆန်းစွာပင် ငရဲထိန်း၏ကျည်များသည် ထိုမကောင်းဆိုးဝါးကိုမထိခိုက် စေသလို ဖြတ်သန်းသွားလေသည်။ "အဲ့လိုကောင်ပဲ..ဟုတ်တယ် ဂျိတ်...ကျနော်ပြောတဲ့လိုမျိုးပဲဗျ..ကြည့်ရတာ ဒီ မကောင်းဆိုးဝါးလဲ ကျူပ်လက်နက်တွေမထိရောက်တဲ့အမျိုးစားပဲနေမယ်" ငရဲထိန်းသည် သူအကူညီတောင်းတုန်းက ပုံစံမျိုးရှိသော မကောင်းဆိုးဝါး မျိုးဖြစ်ကြောင်း သတိပေး၏။ထိုအခါ ဂျိတ်လည်း စနစ်အစွမ်းဖြင့် စစ်ဆေး လိုက်၏။ "အော် ဒါကြောင့်ကိုး" ဂျိတ်သည် ထိုမကောင်းဆိုးဝါးသည် ငရဲထိန်း၏ကျည်အလုပ်မဖြစ်ခြင်းကို သိရှိလိုက်ပြီဖြစ်သည်။ထို့ကြောင့် သူ၏လက်ကိုလေထဲဝှေ့ယမ်းလိုက်၏။ ထိုအခါ အနက်ရောင်အဆင်းရှိသော ဂျပန်ဓားရှည်တစ်လက်သည် ဂျိ တ်၏လက်ထဲရောက်ရှိလာလေသည်။ "ဒါဘာကြီးတုန်း" ငရဲထိန်းသည် ထိုဓားသည် မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ခံစားမိသည်။ "အကြမ်းဖြင့်ပြောပြနိုင်တာက ဒီဓားက အဲ့ခင်ဗျားလက်နက်မတိုးတဲ့ မကောင်းဆိုးဝါးကို စမုံတုံးစေနိုင်တယ်ဆိုတာပဲ" ဟု ဂျိတ်မှဆိုပြီး ထိုအနက်ရောင်ဓားကို ထိုမကောင်းဆိုးဝါးရှိရာသို့ ချိန်ရွယ် လိုက်ပြီး "ဘန်းခိုင်( bankai.)."