← Chapters

ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

Vol. 17 Ch. 229

ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

Vol. 17 Ch. 229

အခန်း(၂၂၉) :  ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

ယခု သူ့အစီအစဉ်အားလုံး အကောင်အထည်ပေါ်လာပြီဖြစ်ရာ ဖုန်းဟွမ်က သူ့အနာဂတ် အစီအစဉ်များကို စတင်တွေးတောနေမိသည်။ တခြားကောင်းကင်ရွေးချယ်ခံများကဲ့သို့ သူလည်း အထွတ်အထိပ် ပလ္လင်တွင် ထိုင်ကာ မဟာဧကရာဇ် ဖြစ်လာမိချင်သည်။ ထို့ကြောင့် သူက စတင်စီစဉ်ထားလိုက်သည်။

အခု ငါက ဖုန်းဟွမ် ဖြစ်လာပြီဆိုတော့ နောက်ခြေလှမ်းက ငါ့အစီအစဉ်ကို စတင်ဖို့ပဲ …

ဒါပေမဲ့ ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲထဲ ငါ့အနာဂတ် ပြိုင်ဘက်တွေကို ထည့်စဉ်းစားရဦးမယ်

ငါရဲ့ပါရမီ၊ အတွေ့အကြုံနဲ့ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ် ရပြီးရင် ခွန်အားတို့က ကောင်းကင်ရွေးချယ်ခံထဲက တချို့ပဲ ငါ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မယ် … အနည်းဆုံးတော့ အခုပေါ့

ဒါပေမဲ့ ဟိုသုံးယောက်က ကွဲပြားတယ် …

ဝမ်ဝေ့ကို ဖယ်ထားလိုက်ကြတာပေါ့ … လျို့ဝှက် အထွတ်အထိပ်တာအိုငါးခုထဲက တစ်ခုကို ထိန်းချုပ်ချင်နေတဲ့ ဝရမ်းပြေးတစ်ယောက်အနေနဲ့ ကြာကြာနေရမှာ မဟုတ်ဘူး …

ငါသာ ကြာကြာစောင့်နိုင်ရင် သူက ပြဿနာ ဖြစ်လာမှာ မဟုတ်တော့ဘူး

ပြီးတော့ ဝူဟုန် … အဲဒီအမျိုးသမီးက ဧကရီဝူနဲ့ တူလွန်းတယ်။ သူမရဲ့  စိတ်အားထက်သန်တဲ့  သဘာဝကလွဲရင် ကျန်တာက ဧကရီဝူနဲ့ ကွက်တိပဲ …

သူမရဲ့ လျို့ဝှက်ချက်ကလည်း ငါ့ထက်နည်းမှာ မဟုတ်ဘူး … အဲဒါကြောင့် သူမက အရမ်းပြဿနာပေးနိုင်တဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်

နောက်ဆုံးက တိထျန်းပဲ … သူ့ကို အရင်တုန်းက တွေ့ဖူးတယ်လို့ ခံစားမိနေပေမဲ့ ဘယ်မှာမှန်း မမှတ်မိဘူး။ သူက ပြန်လည်ဝင်စားခြင်း စွမ်းအားနှင့် မွေးဖွားလာတာဆိုတော့ ငါ အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ မကောင်းဆိုးဝါးအိုကြီးတွေထဲက တစ်ယောက် ပြန်လည်ဝင်စားတာများ ဖြစ်နေမလား …

ဘယ်လိုဖြစ်ဖြစ် သူက ပြဿနာ ဖြစ်လာနိုင်တယ်ဆိုတော့ အနီးကပ်စောင့်ကြည့်ထားရမယ် …

ဘယ်လိုဖြစ်နေပါစေ ဒီမျိုးဆက်ပလ္လင်က ငါ့အပိုင်ပဲ … ဗုဒ္ဓဘာသာ ခေတ်သစ်က ငါ့လက်ထက်မှာ စတင်ရမယ် …

ဖုန်းဟွမ်က သူ့ဘာသာ စဉ်းစားနေပြီးနောက် အဆောင်တစ်ရွက် ထုတ်ကာ ထိုက်ယီနက်နဲမုခ်၏ ဂိုဏ်းချုပ်ကို လှမ်းဆက်သွယ်လိုက်သည်။

“ရှောင်ဖုန်း ဘာဖြစ်လို့လဲ” တည်တည်ငြိမ်ငြိမ် အသံတစ်သံက မေးလာသည်။ အဆောင်တစ်ဖက်တွင် ဆံဖြူနှင့် လူအိုကြီးတစ်ယောက် ဖြစ်ပြီး တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ထိုသူက အသက်ရွယ်ကြီးရင့်နေသည့် သွင်ပြင် ဖြစ်နေသော်လည်း ထိုလူက ဂိုဏ်းချုပ်ဝမ်ထျန်းတို့နှင့် တစ်မျိုးဆက်တည်း ဖြစ်၏။

“ဂိုဏ်းချုပ်ဆရာကြီး ကျွန်တော် ယင်ယန်မျက်ဝန်း နှိုးထလာပြီ”  ဖုန်းဟွမ်က ပြောလိုက်ပြီးနောက် သူ့ရုပ်ခန္ဓာအသစ်ကို အသက်သွင်းလိုက်သည့်အခါ သူ့မျက်ဝန်းက ချက်ချင်းဆိုသလို အဖြူနှင့် အမည်း ပြောင်းလဲသွားသည်။

ထိုက်ယီနက်နဲမုခ်၏ ဂိုဏ်းချုပ်က ဖုန်းဟွမ်၏ မျက်ဝန်းကို မြင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ရုပ်ခန္ဓာများက ပုံမှန်အားဖြင့် မိုးမြေမှ ချီးမြင့်ပေးထားခြင်း ဖြစ်သောကြောင့် လူအများစုက သူတို့နှင့် အတူတကွ မွေးဖွားလာခြင်း ဖြစ်၏။

ထို့ကြောင့် မွေးဖွားပြီးသည့်နောက်တွင် သူတို့ရုပ်ခန္ဓာကို သိနိုင်လေသည်။ သို့သော်လည်း တစ်ခါတစ်လေ တစ်ယောက်ယောက်က သူတို့သက်တမ်းကုန်ဆုံးခါနီးမှ ကောင်းကင်ရုပ်ခန္ဓာ နိုးထလာသည့် ရှားပါးဖြစ်ရပ်မျိုးလည်း ရှိခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းတစ်လျှောက် အလွန်တရာ ရှားပါးလှသည်။

ဖုန်းဟွမ်ရဲ့ ဝိညာဉ်မီးအိမ်က ဘာလို့ ခဏတာ ချုပ်ငြိမ်းသွားလဲ ရှင်းပြပြီးသား ဖြစ်သွားပြီ …

ဂိုဏ်းချုပ်က တွေးလိုက်မိသည်။

သုံးသပ်ချက်များအရ ထိပ်တန်း ကောင်းကင်ရုပ်ခန္ဓာဆယ်ခုလုံးက ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် ပေါ်ထွက်လာမည် ဖြစ်၏။ သို့သော် နှစ်များစွာကြာမြင့်သွားသော်လည်း မမြင်ရသေးပေ။

ငါတို့ ထိုက်ယီနက်နဲမုခ်က အရင်းအမြစ်အများကြီး သုံးပြီး ရှာခဲ့ရပေမဲ့ အသုံးမဝင်ခဲ့ဘူး … အခုတော့ နောက်ကျပြီးမှ နိုးထလာတာ ဖြစ်နေတာပဲ

“အခု မင်း ဘာလုပ်မှာလဲ” ဂိုဏ်းချုပ်ဆရာက ပျော်ပျော်ရွင်ရွင်ဖြင့် မေးလိုက်သည်။ သူတို့၏ ထိုက်ယီနက်နဲမုခ်၌ ယခုမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် သူတို့ကို ကိုယ်စားပြုနိုင်မည့် စစ်မှန်သည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ရှိလာလေပြီ။

“ ကျွန်တော် အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ကျင့်ကြံချင်ပါတယ်” ဖုန်းဟွမ်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။

“ မင်း သေချာရဲ့လား။ မင်း ယင်ယန်ပြောင်းပြန် နည်းစနစ်ကို ကျင့်ကြံလာတာ နှစ်တွေအများကြီးရှိနေပြီ။ မင်းရဲ့ အုတ်မြစ်က ခိုင်မာနေပြီးသား ဖြစ်နေပြီ။ တခြားဧကရာဇ်ကျမ်းကို လေ့ကျင့်တာက မင်းအတွက် အချိန်အများကြီးကုန်စေလိမ့်မယ်။

ပြီးတော့ မင်းရဲ့လက်ရှိ ကျင့်စဉ်က ရုပ်ခန္ဓာအသစ်နဲ့ အသင့်တော်ဆုံးပဲ။ မင်း အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ် မရခင် ဖြတ်ကျော်ခဲ့ရတဲ့ စစ်ဆေးမှုအားလုံးကို ထည့်မပြောရသေးဘူး။ မင်းဆီမှာ ယင်ယန်မျက်ဝန်း ရှိရင်တောင် သင့်တော်တဲ့ တာအိုနားလည်နိုင်စွမ်း မရှိရင် ဂိုဏ်းက မင်းကို ဘိုးဘေးရဲ့ တာအိုနည်းစနစ်ကို ကျင့်ကြံခွင့် ပြုမှာ မဟုတ်ဘူး” ဂိုဏ်းချုပ်ဆရာက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ ကျွန်တော် ထပ်တောင်းဆိုပါတယ် ”

“ကဲ ထားလိုက်တော့” ဂိုဏ်းချုပ်ဆရာက ခေါင်းညိတ်လိုက်သည်။ သူက မေးလိုက်ရသည့် အကြောင်းအရင်းမှာ ဖုန်းဟွမ်၏ ဆုံးဖြတ်ချက်ကို စမ်းသပ်ရန် ဖြစ်၏။ ကိစ္စများက သူ ထင်ထားသလို ချောမွေ့နေမည် မဟုတ်ပေ။

တခြားအရာများ မတိုင်ခင် ဂိုဏ်းအနေနှင့် ဖုန်းဟွမ်အား တစ်ခုခု မှားယွင်းနေတာ မရှိစေရန် သေချာအောင် စစ်ဆေးရမည် ဖြစ်၏။ သူ့ဝိညာဉ်မီးအိမ်က ခဏတာ ချုပ်ငြိမ်းသွားသောကြောင့် ထိုအချိန်ကာလအတွင်း သူ သေဆုံးသွားကြောင်း ပြသနေလေသည်။ ထို့ကြောင့် ဂိုဏ်းက တစ်ယောက်ယောက် သူ့ခန္ဓာကိုယ်ကို ဝင်စီးထားလား စစ်ဆေးရလိမ့်မည်။

ထို့နောက် သူတို့က ယင်ယန်မျက်ဝန်းကို ရုတ်တရက် ရရှိလာပုံကို စစ်ဆေးကြရမည်။ အရာအားလုံး အဆင်ပြေသွားသည့်အခါမှ သူက အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ရလာစေနိုင်မည့် စမ်းသပ်ချက်ကို ဖြေဆိုဖို့ အခွင့်အရေး ရလာလိမ့်မည်။

“ အဲဆိုတော့ အခုပြိုင်ပွဲကို ဘယ်လိုလုပ်မှာလဲ” ဂိုဏ်းချုပ်ဆရာက မေးလိုက်သည်။

“ ကျွန်တော် ဒီပြိုင်ပွဲကို ဆက်မပြိုင်ချင်တော့ဘူး။ ဂိုဏ်းရဲ့ စမ်းသပ်ချက်ကို အောင်မြင်ဖို့က ကျွန်တော့်အနာဂတ်အတွက် ပိုအရေးကြီးတယ်။ တာအိုကျောက်ပြားကိုတော့ ဂိုဏ်းဘက်ကနေ ကျွန်တော့်ကို ဝင်ခွင့်ရဖို့ တန်ကြေးတစ်ခု ပေးနိုင်လိမ့်မယ်လို့ သေချာတယ်”

“ကျောင်းတော်က ငါတို့ ထိုက်ယီနက်နဲမုခ်ကို မျက်နှာသာပေးသင့်တာပေါ့။ အဲဆို ဂိုဏ်းမှာ ပြန်တွေ့ကြမယ်”ဂိုဏ်းချုပ်ဆရာက ပြောပြီးနောက် ဆက်သွယ်ရေးအဆောင်ကို ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ဖုန်းဟွမ်အတွက်မူ သူ့တပည့်ဟောင်း  ဖုန်းဟွမ်အစစ် ဖြစ်လာခြင်း ပထမအဆင့်ကို အားနည်းချက်မရှိဘဲ အောင်မြင်သွားကြောင်း သိလိုက်၍ သက်ပြင်းချလိုက်မိသည်။

တကယ်တော့ ဖုန်းဟွမ်က ထိုပြိုင်ပွဲထဲ မပါဝင်ချင်သည့် အကြောင်းအရင်းမှန်ကို မရှင်းပြဘဲ လိမ်ညာလိုက်ခြင်း ဖြစ်၏။

အမှန်တော့ သူက သူ့နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်ပေါ် မထားခဲ့ချင်ပေ။

မိုးမြေ၏ စည်းမျဉ်းဥပဒေသများအရ အထွတ်အထိပ်နယ်ပယ်အဆင့်နှင့်အောက် ကျင့်ကြံသူအားလုံးကို‌ သေမျိုးအဖြစ် သတ်မှတ်ကြလေသည်။ ထို့ကြောင့် သူတို့အားလုံးက သက်တမ်းအကန့်အသတ်ရှိပြီး သူတို့ဘာသာ ပြန်လည်ဝင်စားဖို့ သံသရာစက်ဝန်းထဲ ဝင်ရောက်ကြရသည်။ သူတို့ဝိညာဉ်များ လုံးဝ ပျက်သုန်းသွားပြီး မိုးမြေဆီ ပြန်မရောက်မချင်း ထိုဖြစ်စဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်နေရလိမ့်မည်။ မဟုတ်ပါက သူတို့အနေနှင့် မဟာဧကရာဇ်အဆင့်၊ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင့်အထိ ရောက်ဖို့ လိုအပ်သည်။

သို့သော်လည်း ရှစ်ဖူယွီက မိုးမြေအနေနှင့် သေမျိုးတစ်ယောက်ကို ခွင့်ပြုပေးထားသည့် သက်တမ်းထက် အချိန်ကြာရှည်စွာ နေထိုင်နိုင်ခဲ့သည်။ ထို့ကြောင့် သူသာ သူ့နာမည်ကို စာအုပ်ပေါ်တွင် ထားလိုက်သည်နှင့် ကောင်းကင်တာအိုက သူ့အပြုအမူများကို ချက်ချင်း သတိပြုမိသွားမည်မှန်း သိလေသည်။

ထို့နောက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက ကောင်းကင်မှ ချက်ချင်း ကျဆင်းလာကာ သူ့အား ဒီကမ္ဘာမှ ရှင်းထုတ်လိမ့်မည်။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ပင် ပြန်လည်ဝင်စားခွင့်မရဘဲ အပြီးတိုင် သုတ်သင်ခံရနိုင်သည်။

သဘောတရားအရ ယခု ရှစ်ဖူယွီသည် ဖုန်းဟွမ် ဖြစ်နေလေပြီ။ ထို့ကြောင့် ကောင်းကင်တာအိုက သူ့ကို မမှတ်မိသင့်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ကံမစမ်းကြည့်လိုပေ။ သူက ခေတ်ကာလများစွာ ကြံစည်လာရပြီး ယခုအောင်မြင်ဖို့ နီးကပ်လာပြီ ဖြစ်ရာ ရူးမိုက်မိုက် အပြုအမူကြောင့် သူ့အစီအစဉ် ပျက်စီးမခံနိုင်ပေ။

တာအိုကျောက်ပြား သုံးထောင်အတွက်မူ သူက အကြိမ်များစွာ တွေ့မြင်ဖူးပြီးသား ဖြစ်၏။ သူက နေထိုင်ခဲ့သော သက်တမ်းတစ်လျှောက် ကျောင်းတော်ထဲ ခိုးဝင်ကာ  ဉာဏ်အလင်းပွင့်ခဲ့သည်။ တကယ်တော့ သူက ထိုကျောက်ပြားများ အဖိုးတန်လာကာ မဟာဧကရာဇ်များစွာကို အားကောင်းအောင် မလုပ်ပေးနိုင်ကတည်းက တစ်ခါတွေ့ဖူးပြီးသား ဖြစ်၏။

သူက သူတို့ကို ထပ်မြင်ချင်သည့် အကြောင်းအရင်းတစ်ခုက အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်အပေါ် ပိုမိုနားလည်နိုင်စေပြီး သူ စိတ်မဝင်စားသည့်အပေါ် သူ့ဂိုဏ်းမှ လူများ၏ သံသယဝင်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

ဖုန်းဟွမ်က အတွေးများကို စုစည်းလိုက်ပြီးနောက် သူ့တာအိုကာကွယ်သူကို ဆက်သွယ်ကာ ပြိုင်ပွဲ၏ လျို့ဝှက်နယ်မြေမှ ထွက်လာလိုက်သည်။ သူ့ထွက်ခွာသွားမှုက လူအများ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ ပြောရလျှင် ဖုန်းဟွမ်က ပျိုးထောင်ခံ ယှဉ်ပြိုင်သူတစ်ဦး မဟုတ်ပါလော။

သို့သော်လည်း ဒီမျိုးဆက်၏ အားအကောင်းဆုံးနှင့် အလျို့ဝှက်ဆုံး ကောင်းကင်ရွေးချယ်ခံ သုံးယောက်လုံးက ပြိုင်ပွဲတွင် ဝင်မပါလေရာ ဖုန်းဟွမ်၏ ထွက်ခွာသွားမှုက အုတ်အော်သောင်းနင်း ဖြစ်မသွားစေပေ။

အမှန်တကယ် ဂရုစိုက်ကြသူများက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်မှ အထက်ပိုင်းများ ဖြစ်ကြသည်။ ကောင်းကင်ရွေးချယ်ခံတစ်ယောက်က ပြိုင်ပွဲတွင် ပါဝင်ဖို့ ငြင်းပယ်လိုက်တိုင်း ထိုကောင်းကင်ရွေးချယ်ခံများဆီမှ ချီကံကောင်းမှုကို မရနိုင်တော့သည့်အတွက် သူတို့ကသာ ဆုံးရှုံးရလေသည်။

မည်သို့ပင်ဆိုစေကာမူ ကျောင်းတော်က ထိုက်ယီနက်နဲမုခ်အနေနှင့် ဖုန်းဟွမ်ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ရောက်နိုင်ဖို့ ပေးကမ်းလာသည့် ဆုလာဘ်များနှင့် ပတ်သက်ပြီး သဘောကျကြလေသည်။ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်း ပေးသလောက် မကောင်းသော်လည်း ထူးခြားနေဆဲသာ ဖြစ်၏။

ဖုန်းဟွမ်က ဝမ်ဝေ့လောက် ခြိမ်းခြောက်မှု မရှိသည့်အချက်ကြောင့် သူတို့က အပေးအယူကို သဘောတကျ လက်ခံလိုက်ကြသည်။

ဤကဲ့သို့ ဆယ်နှစ်တာက အလျှင်အမြန် ကုန်ဆုံးသွားပြီး ပြိုင်ပွဲကလည်း ဆက်လက် ကျင်းပနေဆဲ ဖြစ်၏။ ပါဝင်ယှဉ်ပြိုင်သူ သန်း၁၅၀၀ ကြား သန်းတစ်ထောင်မျှသာ ကျန်ရှိတော့သည်။ ရှုံးထွက်ပွဲစဉ်လည်း အဆုံးသတ်သို့ ချည်းကပ်လာလေပြီ။

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ မျှောလွင့်ရုံငယ်အတွင်း ဆရာအားလုံးက ပြိုင်ပွဲကို ကြည့်နေကြသည်။ ကျင့်ကြံသူများအတွက် သူတို့သက်တမ်းနှင့် ယှဉ်လိုက်လျှင် ဆယ်နှစ်အချိန်ကာလကား တိုတောင်းလှသည်။

အားလုံးက ထူးခြားသည့် ပြိုင်ပွဲဝင်များကို ကြည့်နေကြစဉ် ကျောင်းအုပ်ပိုင်ဟန်က ရုတ်ချည်း တစ်ခုခု မှားယွင်းသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက အံ့ဖွယ်အသိစိတ်ဖြင့် ကျောင်းတော်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် သူက ကောင်းကင် လျို့ဝှက်ချက်ကို လက်ချောင်းများဖြင့် စတင်တွက်ချက်လိုက်သည်။ ထို့နောက် သူက ရုတ်ချည်း ထရပ်ကာ အော်ပြောလိုက်သည် “ဘာဖြစ်သွားတာလဲ ”

All Chapters