← Chapters

ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

Vol. 17 Ch. 230

ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

Vol. 17 Ch. 230

အခန်း(၂၃၀)  :  ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

ဆရာအားလုံးကလည်း ကျောင်းအုပ်၏ ရုတ်ချည်း အပြုအမူကြောင့် အံ့ဩသွားကြသည်။ ပိုင်ဟန်က အမြဲတမ်းလိုလို တည်ငြိမ်သည့် သဘောထားမျိုး ရှိတတ်သူ ဖြစ်ပြီး ဘယ်အခြေအနေမှာမဆို ငြိမ်သက်နေတတ်သည်။

ဘာကြောင့်များ ဒီလိုပြုမူနေရတာလဲ …

“ကျောင်းအုပ် ဘာဖြစ်လို့လဲ။ တစ်ခုခုများ ဖြစ်လို့လား” ဆရာတစ်ယောက်က မေးလိုက်သည်။

ပိုင်ဟန်က အသက်ပြင်းပြင်းရှုကာ ရှင်းပြလိုက်သည်  “ ကောင်းကင်လျို့ဝှက်ချက်ကို တွက်လိုက်းတော့ ငါတို့ကျောင်းတော်ရဲ့ ချီကံကောင်းမှုက ငါးရာခိုင်နှုန်း လျော့သွားတယ်ဆိုတာ သိလိုက်ရတယ် ”

ဆရာအားလုံးက ထိုအရာကို ကြားပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ အားကောင်းလှသည့် ချီကံကောင်းမှုဖြင့် ၁ ရာခိုင်နှုန်း လျော့နည်းသွားလျှင်ပင် ဂရုစိုက်စရာ ဖြစ်၏။ ၁ ရာခိုင်နှုန်းပင် ကျောင်းတော်အား အလန့်တကြားဖြစ်သွားစေနိုင်သည်။

သို့သော် ယခုတွင် ၅ ရာခိုင်နှုန်းက သူတို့ကို သတိမထားမိစေဘဲ လျော့နည်းသွားလေသည်။

ထိုအရာကို တွေးမိလိုက်ပြီးနောက် ဆရာအားလုံးက အမူအရာ ပျက်ယွင်းသွားပြီး ကျောင်းတော်၏ ချီကံကောင်းမှုကို စတင်တွက်ချက်လိုက်ကြသည်။ သူတို့လည်း ပိုင်ဟန်၏ အဖြေနှင့် အတူတူသာ ထွက်လာသည်။

ယခု သူတို့က ဘာဖြစ်သွားလဲဟု စဉ်းစားခန်းဖွင့်နေကြသည်။

ပိုင်ဟန်က ကျောင်းတော်၏ သတင်းအချက်အလက် အဖွဲ့ဖြစ်သည့် ဉာဏမျက်လုံးကို အကြောင်းအရင်းရှာဖို့ စတင်အမိန့်ပေးလိုက်သည်။ ထိုအဖွဲ့က တာအိုအခွင့်အလမ်းဂိုဏ်း၏ အရိပ်နှင့် တူလေသည်။

ရက်တချို့ကြာပြီးနောက် လျို့ဝှက်အခန်းအတွင်း ပိုင်ဟန်နှင့် ကျောင်းတော်၏ တာဝန်ရှိသူအားလုံး ကမ္ဘာကြီး၏ လက်ရှိအခြေအနေအကြောင်း တင်ပြချက်ကို ဖတ်ရှုနေကြသည်။ သူတို့က ကျွမ်းကျင်အတတ်ပညာများကို အလေးမထားဘဲ ရှုံ့ချသည်ဟု အသင်္ချေအင်ပါယာကမ္ဘာအတွင်း သတင်းပျံ့နှံ့နေကြောင်း သိလိုက်ကြရသည်။

ယခုအခါ တစ်ကမ္ဘာလုံးရှိ ဆေးပညာရှင်များ၊ အဆောင်ဆရာများ၊ အစီအရင်ဆရာသခင်များနှင့် မွမ်းမံသန့်စင်သူ အများစုက ထိုကောလဟာလကို ကြားပြီးသွားကြလေပြီ။ ထို့နောက် သူတို့က ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်အပေါ် အဆိုးမြင်လာခဲ့ကြသည်။ ထို့ကြောင့် သူတို့ကျောင်းတော်၏ ချီကံကောင်းမှု ကျဆင်းသွားခြင်း ဖြစ်၏။

“အခုဘာလုပ်ကြမလဲ” ဆရာတစ်ယောက်က စိုးရိမ်သောကရောက်စွာ မေးလိုက်သည်။

သူက ထိုပညာရှင်များ ကိုင်ဆောင်ထားသည့် အာဏာနှင့် လွှမ်းမိုးမှု မည်မျှရှိသည်ကို သေချာသိထားသည်။ သူတို့ကို ကမ္ဘာထဲ အနေအထား မြင့်မားပြီး မြင့်မြတ်သည့် အဆင့်အတန်းရှိသူများအဖြစ် သတ်မှတ်ထားကြလေသည်။ အထူးသဖြင့် ဆေးဝါးပညာရှင်များ ဖြစ်၏။

ဘဝ၌ ဆေးဝါးအကူအညီ မလိုအပ်သည့် ကျင့်ကြံသူဟူ၍ မရှိပေ။ အဆင့်တက်သည့်အခါတွင် ဖြစ်စေ၊ အင်အား သို့မဟုတ် ပါရမီ တိုးစေရန်အတွက် ဖြစ်စေ၊ သူတို့အသက်ကို ကယ်တင်ရန်အတွက် ဖြစ်စေ ကျင့်ကြံသူအားလုံးက တစ်ချိန်မဟုတ် တစ်ချိန် ဆေးဝါးပညာရှင်တစ်ယောက်၏ အကူအညီကို လိုအပ်လာလိမ့်မည်။

“ ကိစ္စတွေက ကျွန်မတို ထင်သလောက် မဆိုးတာလည်း ဖြစ်နိုင်တယ်” ဆရာမတစ်ယောက်က ဝင်ပြောလိုက်သည် “ကျွန်မတို့ ကျောင်းတော်ရဲ့ ဂုဏ်သတင်းက နှစ်အကြာကြီး အကောင်းဘက်ကပဲ ဖြစ်လာခဲ့တာလေ။ ကျွန်မတို့သာ ဒီကိစ္စကို တာဝန်ယူလိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပဲ။ အနည်းဆုံးတော့ နောက်ထပ် ပိုမဆိုးတော့တာပေါ့ ”

ဆရာတော်တော်များများက ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူကာ တည်ငြိမ်လာကြသည်။ သို့သော်လည်း ဉာဏ်များသူတချို့ကသာ ကိစ္စများက ထိုမျှမရိုးရှင်းကြောင်း သဘောပေါက်ကြ၏။

“ မင်းရဲ့ စကားတွေက ဒီကိစ္စသာ မတော်တဆ ဖြစ်လာတယ်ဆိုရင်တော့ မှန်ရင် မှန်လိမ့်မယ်။ ဒါပေမဲ့ ဒီသတင်းက ဘယ်လောက်တောင်မြန်မြန်ပျံ့သွားလဲဆိုတာ ကြည့်လိုက် … တိုက်ဆိုင်မှုလို့ ထင်နေတုန်းလား”

“ ကျွန်မတို့ကို တမင်တိုက်ခိုက်နေတယ်လို့ ပြောချင်တာလား။ ဒါပေမဲ့ ကျွန်မတို့ကျောင်းတော်ကို ဘယ်သူကများ ဆန့်ကျင်ရဲမှာလဲ”

“အသိသာကြီး မဟုတ်ဘူးလား” ကျောင်းအုပ်ပိုင်ဟန်က ရုတ်တရက် ဝင်ပြောလိုက်သည် “ အရင်နှစ်ပိုင်းထဲ ဘယ်သူနဲ့ ပြဿနာတက်ခဲ့လဲ ပြန်တွေးကြည့်လိုက်”

“ ကျောင်းအုပ် ပြောချင်တာ အမွေခံသားတော် ဝမ်ဝေ့လို့ ပြောချင်တာလား” ဆရာတစ်ယောက်က အံ့ဩတကြီး မေးလာသည်။ ထို့နောက် သူ့အနေနှင့် ဖွင့်ပွဲအခမ်းအနားတုန်းက ယန်းလီလင်း၏ ထူးထူးဆန်းဆန်း အပြုအမူနှင့် ပတ်သက်ပြီး တွေးမိသွားသည်။

“အဲဆို သူက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက စီစဉ်နေခဲ့တယ်လို့ ပြောချင်တာလား”

ပိုင်ဟန်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သော်လည်း သူ့လက်သီးတင်းတင်း ဆုပ်ထားမှုက သူ့တကယ့် စိတ်အခြေအနေကို သွေဖယ်နေသည်။

“အဲဆိုတော့ ကျုပ်တို့ အခုဘာလုပ်ကြမလဲ” ဆရာတစ်ယောက်က ပြောလိုက်သည်။

“ငါတို့ လုပ်ဖို့လိုတာက ကမ္ဘာကြီးဆီ ငါတို့ရပ်တည်မှုကို ပြသလိုက်ပြီး နောက်ထပ် ကောလဟာလတွေ ထပ်မပျံ့ဖို့ တားဆီးဖို့ပဲ။ ငါတို့အတွက် ကံကောင်းတာက ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံသူတွေအားလုံး ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုကို စောင့်ကြည့်နေကြတာဆိုတော့ တိုက်ရိုက်ပြောလို့ ရပြီ”

ဆရာအားလုံးက ခေါင်းညိတ်လိုက်ကြပြီး တုံ့ပြန်မှုကို ပြသဖို့ စီစဉ်လိုက်ကြသည်။

..............

ထိုစဉ် ယန်းချန်၏ ကမ္ဘာငယ်လေးအတွင်း ပင်လယ်ရေ‌အောက် မီတာတစ်သိန်းအနက်တွင် ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ သူ့သိုလှောင်ရေးလက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။

“ဝေ့အာ .. ကျောင်းတော်က ငါတို့လက်ချက်ကို သတိပြုမိသွားပြီးတော့ အခြေအနေကို ကိုင်တွယ်ဖို့ ပြင်ဆင်နေပြီ” ဂိုဏ်းချုပ်ဝမ်ထျန်းက ပြောလာသည်။

“အဖေ အခုအချိန်ဘယ်လောက်ကြာသွားပြီလဲ” ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်မှတဆင့် ပြန်မေးလိုက်သည်။

“ဆယ်နှစ်”

“ ထင်ထားတာထက် နောက်ကျးသားပဲ။ ကြည့်ရတာ ကျောင်းတော်ကို သူတို့ချီကံကောင်းမှု အပြောင်းအလဲ သတိမထားမိစေဖို့ မိုးမြေလျို့ဝှက်ချက်ကို ဝှက်ထားမဲ့ အမေရဲ့ အစီအစဉ်က အလုပ်ဖြစ်သွားပုံပဲ ”ဝမ်ဝေ့က ပြောလိုက်သည်။

“ မင်းက ဉာဏ်များတာကို မင်းအမေဆီကနေ အမွေရထားတာပဲ”

“အဲဆို ကျွန်တော်တို့ နောက်အစီအစဉ်ကို စလိုက်ကြတာပေါ့။ လူထုအမြင်နဲ့ ကျောင်းတော်ရဲ့ ချီကံကောင်းမှုကို ပျက်စီးအောင် လုပ်ကြမယ်။ ဒါပေမဲ့ အဖေ သတိထားဦးနော်။ ရန်သူကလည်း ကျွန်တော်တို့အပေါ်  တူညီတဲ့ နည်းလမ်း သုံးလာနိုင်တယ်”

“ ငါ သိပါတယ်။ ဒါပေမဲ့ မင်း စိုးရိမ်ဖို့ မလိုဘူး။ အရင်နှစ်ပိုင်းအတွင်း ငါတို့ မင်း ပြောထားသမျှ သတင်းအချက်အလက်အားလုံးနဲ့ လူထုအမြင်ကို အသုံးချထားပြီးပြီ။ သူတို့နဲ့ ရင်ဆိုင်ဖို့လည်း တန်ပြန်ကာကွယ်ရေးလည်း ဆွဲထားပြီးပြီ”

“ကောင်းတယ် ” ဝမ်ဝေ့က ပြောလိုက်ပြီးနောက် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်သည်။ သူက ကျောင်းတော်ဘက် လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးပြန်မှိတ်ကာ ဆက်လက် ကျင့်ကြံလိုက်သည်။

သူက ထိုနည်းလမ်းသည် ကျောင်းတော်အတွက် အပေါ်ယံမျှသာ အထိနာစေမည် ဖြစ်ကြောင်း သိထားလေသည်။ ထိုအရာက သူ့အစီအစဉ်၏ အစပိုင်းမျှသာ ရှိသေး၏။

ထို့ကြောင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ အမိန့်အောက်တွင် သူလျိုများစွာက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်အကြောင်း သတင်းဆိုးများ စတင်ဖြန့်ကြတော့သည်။ ထိုစဉ် သတင်းများက ကျွမ်းကျင်အတတ်ပညာများဘက် ဗဟိုပြုထားခြင်း မဟုတ်ဘဲ ကျောင်းတော်က လုပ်ခဲ့ဖူးသည့် ဆိုးဆိုးရွားရွား ကိစ္စများအကြောင်း ဖြစ်၏။

ကိစ္စများစွာထဲ အများစုက ကိစ္စမှားများ ဖြစ်သော်လည်း ဝမ်ဝေ့က ထိုအရာကို သိပ်ဂရုမစိုက်ပေ။ ထို့အပြင် ဝမ်ဝေ့က ကျင့်ကြံသူများကြားသာမက သာမန်သေမျိုးပေါ်လည်း စူးစိုက်ထားသည်။

အရိပ်သူလျိုများက ကမ္ဘာအနှံ့ လက်ကမ်းကြော်ငြာစာများကို မြို့တိုင်း၊ တိုင်းပြည်တိုင်း၊ နယ်မြေတိုင်းနှင့် ကုန်းမြေငါးခုလုံးအထိ ဖြန့်ကျက်ကြသည်။ သေမျိုးမြို့များနှင့် တိုင်းပြည်များပင် မကျန်ပေ။

ထိုလက်ကမ်းကြော်ငြာစာများက လူတစ်ယောက်၏ စိတ်ထဲ အချက်အလက်ကို အလိုလိုပို့ဆောင်ပေးနိုင်ရန် စီမံထားသည်။ ထို့ကြောင့် သေမျိုးအများစုက စာမဖတ်တတ်လျှင်ပင် သူတို့က စာရွက်ကို ကောက်ကိုင်လိုက်သည်နှင့် ကျောင်းတော်မှ လုပ်ထားသည့် ဆိုးဆိုးရွားရွား ကိစ္စအားလုံးကို သူတို့စိတ်ထဲ သိရှိသွားမည် ဖြစ်၏။

ဝမ်ဝေ့က ကျောင်းတော်၏ ပြစ်မှုများကို ပြန်လည်ပြောပြနေခြင်း မဟုတ်ဘဲ သက်သေအထောက်အထား ပြနေခြင်း ဖြစ်၏။ နမူနာအားဖြင့် ဆရာနှင့်ကျောင်းသားများ လုပ်ခဲ့သည့် ဆိုးဆိုးရွားရွား ကိစ္စများ၏ မှတ်တမ်းများ ဖြစ်သည်။

ထိုမှတ်တမ်းအများစုက အတုအယောင် ဖြစ်ကြောင်း ကျင့်ကြံသူများစွာကး သိကြသော်လည်း သူတို့က ဘာမှမပြောကြေပေ။ သူတို့က အားကောင်းသည့် အင်အားစုတစ်ခုက ကျောင်းတော်ကို တိုက်ခိုက်နေမှန်း သတိပြုမိကြပြီး သူတို့က အင်အားစုကြီးများကြား မြေစာပင် မဖြစ်လိုကြပေ။

ထို့အပြင် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ဘာသာ တစ်ယောက်တည်း လုပ်ဆောင်နေခြင်း မဟုတ်ဘဲ တခြားအားကောင်းသည့် ဧကရာဇ်မျိုးနွယ်များဖြင့် လက်တွဲထားသည်။ ထိုအင်အားစုများ ပူးပေါင်းလာသည့် အကြောင်းအရင်းကား ဝမ်ဝေ့က သူတို့ကို အကျိုးမြတ်များဖြင့် ချည်နှောင်ထား၍ ဖြစ်သည်။

……………….

ထိုစဉ် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ကမ္ဘာတစ်ဝှမ်းမှ လက်ရှိအခြေအနေအကြောင်း သိသွားခဲ့ပြီး အလျှင်အမြန် ပြုမူခဲ့သည်။ ကံဆိုးစွာဖြင့် သူတို့က ဧကရာဇ်မျိုးနွယ်အများကြီးကို တစ်ခါတည်း ရင်မဆိုင်နိုင်ပေ။

ထို့ကြောင့် ကျောင်းအုပ်ပိုင်ဟန်က ထိုကောလဟာလများ သူတို့နယ်မြေနှင့် သူတို့မဟာမိတ်များ ထိန်းချုပ်နေသည့် နယ်မြေများထဲ ပျံ့နှံ့နေမှုကို တားဆီးဖို့အတွက် မဟာမိတ်များကို စုရုံးခဲ့သည်။ သို့သော် ရက်ပိုင်းမျှဖြင့် ပြောင်းလဲမသွားပေ။ နောက်ထပ် ချီကံကောင်းမှု ၃ ရာခိုင်နှုန်း ထပ်မံ လျော့ကျသွားလေသည်။ ကျဆင်းနေသည့် ဖြစ်စဉ်က ရပ်တန့်သွားပုံမပေါ်ပေ။

ပိုင်ဟန်က ကိစ္စများအလျှင်လိုနေကြောင်း သိ၍  ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုနေကြသည့် လူအများရှေ့ ကြေညာဖို့ ဆုံးဖြတ်ခဲ့သည်။

ကျင့်ကြံသူအများစုကလည်း လက်ရှိအခြေအနေကို သိထားကြလေသည်။ ထို့ကြောင် သူတို့က ကျောင်းအုပ်ပိုင်ဟန် ပေါ်ထွက်လာသည်ကို မြင်သည့်အခါ မအံ့ဩကြပေ။

“ကျင့်ကြံသူရောင်းရင်းတို့ … ဒီအခွင့်အရေးကို ယူပြီး စကားနည်းနည်းပြောချင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကျောင်းတော်နဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ကောလဟာလတွေ ပျံ့နေပါတယ်။ ဒါပေမဲ့ ကျုပ် ပြောချင်တာက … ”

သူ့စကားများက တစ်ဝက်တစ်ပျက် ရပ်တန့်သွားလေသည်။ အကြောင်းမှာ သူ တစ်စုံတစ်ခု မှားယွင်းသွားမှန်း သတိပြုမိလိုက်၍ ဖြစ်သည်။ သူ့စကားသံကို ထုတ်လွှင့်နေရမည့် အစီအရင်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး တခြားတစ်ခုကို ပြသလာခဲ့သည်။

ထိုအရာက ကျောင်းတော်၏ အထက်ပိုင်း တာဝန်ရှိသူတစ်ဦး ဖြစ်ပြီး သူက သေရည်အိုးများနှင့်အတူ မိန်းမလှလေးများ ဝန်းရံထားသည့် သီးသန့်အခန်းထဲ ထိုင်နေသည်။ သူ၏ နီရဲရဲ မျက်နှာက သေရည် ယစ်မူးထားမှန်း ဖော်ပြနေသည်။ ထိုစဉ် သူက စကားပြောလာသည်။

ပိုင်ဟန်က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ၍ အံ့ဖွယ်အသိစိတ်မှတဆင့် ထိုအစီအရင်ကို ပိတ်ချပစ်ဖို့ လှမ်းအမိန့်ပေးခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ အစီအရင်က ကျောင်းတော်၏ ထိန်းချုပ်မှု မရှိတော့သလိုမျိုး ဖြစ်နေခဲ့၏။

“ ဟားဟား အလှလေး … ကျောင်းအုပ်က သူတို့ဝင်ခွင့်တွေကို ဖယ်ရှားပစ်လိုက်တုန်းက အဲဒီသောက်ဆေးဝါးပညာရှင်တွေရဲ့ မျက်နှာကို မြင်လိုက်သင့်တာ။ သူတို့ရဲ့ မောက်မာနေတဲ့ သွင်ပြင်က တစ်ယောက်ယောက် သူတို့ပါးစပ်ကို ဆွဲဖြဲထားသလိုပဲ လုံးဝပျောက်သွားပြီ။

ဟားဟား အဲဒီသတင်းကြားပြီး ဖြစ်သွားတဲ့ ဟိုသောက်ဖူချိုက်ယွီရဲ့ မျက်နှာကို မြင်လိုက်ရမှာ … မင်း သိလား။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်တုန်းက သူ့ဆီ တားမြစ်နယ်မြေထဲက ငရဲယင်ဓာတ် ကူးစက်ခံထားရတဲ့ ငါ့ဇနီးသည်ကို ကယ်ဖို့ ယန်ဖယ်ရှားရေး ဆေးလုံး တစ်လုံး တောင်းဆိုဖူးတယ်။ ဒါပေမဲ့ သူက ငါ့ကို ငြင်းခဲ့တယ်။

ငါ့ကို ဒေါသထွက်စေတာက သူက ငါ့ရှေ့မှာတင် ဆေးလုံးဖော်စပ်ပြီးထားတာကို သူက ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး သူ့ဆီမှာ မရှိဘူးလို့ ပြောခဲ့တာ။

သိပ်မကြာဘူး ငါ့ဇနီးလည်း ဆုံးပါးသွားတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အခု ငါက ဖူချိုက်ယွီရဲ့ မိန်းမနဲ့ အားပါးတရ ပျော်ပါးပြီးသွားပြီလေ။ သူမက အိပ်ယာထဲမှာ မိန်းမရိုင်းလေးပဲ … ”

______________

မှတ်ချက် - အကယ်၍ တစ်ယောက်ယောက် တွေးနေကြမယ်ဆိုရင် ဝမ်ဝေ့က အသက် ၁၄၅ နှစ် ရှိသွားပါပြီတဲ့ရှင့် …

All Chapters