← Chapters

မိသားစု အင်အား

Vol. 17 Ch. 236

မိသားစု အင်အား

Vol. 17 Ch. 236

အခန်း(၂၃၆) :  မိသားစု အင်အား

ဝမ်ဝေ့က သူ့အမေကို ကြည့်ကာ ဘာများအမှားလုပ်မိသွားလဲဟု စဉ်းစားရင်း နှလုံးခုန်မြန်လာလေသည်။ သူက သူ့အဖေလိုမျိုး သူ့အမေ၏ အပြစ်ဒဏ်ကို မခံစားလိုပေ။

ထိုစဉ် ယုယန်က အဆောင်တစ်ရွက်ကို ထုတ်ကာ ကစားပြလာသည်။ ထိုအရာကို အသက်သွင်းလိုက်သည့်နောက် လူနှစ်ယောက် စကားပြောဆိုသံများကို ကြားလိုက်ရ၏။ သို့သော်လည်း ထိုလူများဆီမှ ဆိုးဆိုးရွားရွား အယုတ္တနတ္တစကားများသာ ထွက်လာသည်။

တချို့အကြောင်းအရာများက အမြင့်မြတ်ဆုံး သူတော်စင်ကိုပင် မိစ္ဆာကိုးကွယ်သူ သို့မဟုတ် အပြစ်သားအဖြစ် ပြောင်းပစ်နိုင်လောက်အောင်အထိ ဆိုးရွားလွန်းသည်။

ဤကတ်က ကျောင်းတော်၏ ဂုဏ်သတင်းကို ပျက်စီးစေရန် ဝမ်ဝေ့ ဖန်တီးထားသည့် ကတ်များထဲမှ တစ်ခု ဖြစ်၏။ ထိုကတ်များ ရရှိသည့် လူများစွာက ထိုကတ်များမှ စကားဝိုင်းများသည် ကျောင်းတော်မှ ဆရာများ၏ တကယ့်မှတ်တမ်းဟု ယုံကြည်ထားကြသည်။

အသံများ ပြီးဆုံးသွားသည့်နောက် ယုယန်က ဝမ်ဝေ့အား ကြည့်ကာ မေးလိုက်သည် “ အမေ မှတ်မိသလောက် သားကို အထက်တန်းလွှာတစ်ယောက်ကို ကောင်းကောင်းပျိုးထောင်ခဲ့တာပါ။ ဒီလိုရိုင်းပျတာတွေကို ဘယ်ကနေ သင်ထားတာလဲ”

ဝမ်ဝေ့က ပင်လယ်ရေအောက်ထဲ ရှိနေမှန်း သိသော်ငြား ထိုအခြေအနေကို ဘာပြန်ပြောရမှန်း စဉ်းစားလိုက်သည့်အခါ ကျောဘက်မှ ချွေးများပင် စီးကျလာသည်။

သူက အင်တာနက်ခေတ်တွင် ကြီးပျင်းခဲ့သောကြောင့် ခေတ်သစ်ဘက်မှ လူများ အွန်လိုင်းပေါ် သောက်ဖောင်းထုကြသည်များနှင့် ယှဉ်လိုက်လျှင် ထိုမှတ်တမ်းများက ဘာမှမဟုတ်ကြောင်း မပြောပြနိုင်ပေ။ အထူးသဖြင့် ဒီကမ္ဘာ၏ အတွေးအခေါ်နှင့် ရှေးရိုးစွဲ အယူအဆများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါတွင် ဖြစ်၏။

ဝမ်ဝေ့က ပြဿနာတက်နိုင်မှန်း သိ၍ ထိုအခြေအနေကို ဖြေရှင်းဖို့ ခပ်သွက်သွက် စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

“ အမေ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ အကုန်လုံးက လီကျွင်း လုပ်တာ … သူက ဂိုဏ်းတပည့်တွေနဲ့ လျှောက်ကစားတုန်း အဲလိုအရာတွေ တတ်လာတာလို့ ပြောတာပဲ။ အဲဒါကြောင့် ကျွန်တော်က ကတ်တွေလုပ်တုန်း သူ့ဆီကနေ အကြံဉာဏ်တောင်းထားတာပါ။ သူတင် မဟုတ်ဘူး။ ထျဲ့ကန်လည်း ပါတယ်။ သူက အလွှာနိမ့်မှာ ဘုရင်ဖြစ်မလာတုန်းက ဓားပြအဖွဲ့ထဲ လုပ်ခဲ့ဖူးတယ်တဲ့ … အဲဒါနဲ့ သူ့ကိုပါ ဆွေးနွေးအကြံဉာဏ်တောင်းထားတာပါ”

ယုယန်က လက်ပိုက်ထားရင်း ထိုစကားများကို စဉ်းစားနေသည်။ ထိုစဉ် ဝမ်ထျန်းက သူ့သားကို ထူးထူးဆန်းဆန်း ကြည့်လိုက်လေသည်။

သူက အဲဒါတွေကို သူ့ဘာသာ ရေးတာ အသိသာကြီး မဟုတ်ဘူးလား … ဘာလို့ သူများကို အပြစ်လိုက်တင်နေတာလဲ

သို့သော်လည်း သူက တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် သူ့သားမျက်ဝန်းမှ အကြည့်စူးစူးကို မြင်လိုက်ရသည်။ သူသာ တစ်ခုခုပြောလိုက်ပါက ဝမ်ဝေ့သည် သူ့အပေါ်အထိ အပြစ်ပုံချလာနိုင်သည်။ သူ့ဇနီးက ယုံသည်ဖြစ်ဖြစ်၊ မယုံသည်ဖြစ်ဖြစ် သူက ပြဿနာတက်ရလိမ့်မည်။ ထို့ကြောင့် သူက ဝမ်ဝေ့ စကားကို ထောက်ခံစွာ ခေါင်းသာညိတ်လိုက်သည်။

ထိုစဉ် ယုယန်က စက္ကန့်ပိုင်းလောက် စဉ်းစားပြီးနောက် သူမဘာသာ ရေရွတ်လိုက်သည် “ကြည့်ရတာ ရှောင်ကျွင်းရဲ့ အမေကိုပါ သူ့သား အပေါင်းအသင်း ကြည့်ပေါင်းခိုင်းရအောင် သွားပြောဖို့ လိုနေပြီ။ ထျဲ့ကန်ကိုလည်း ငါ့သားအနား အဲလိုအရာတွေ ထုတ်မပြောဖို့ သတိပေးထားရမယ်”

ယုယန်က မည်မျှဉာဏ်ကောင်းစေကာမူ သူမက မိခင်တစ်ယောက် ဖြစ်၏။ သူမသားနှင့် ပတ်သက်လာသည့်အခါ သူက ဒီလိုအရာမျိုး လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ချင်ပေ။ ထို့ကြောင့် သူမက ဟာကွက်အပြည့် ဖြစ်နေသည့် အလိမ်အညာကိုသာ အပြည့်အဝ ယုံကြည်သွားလေ၏။

ယုယန်က ဝမ်ဝေ့ကို ကြည့်လိုက်ပြီးနောက် “ကောင်းပြီ …နောက်ဆို အပေါင်းအသင်းကြည့်ပေါင်း … သားအပေါ် ဆိုးဆိုးရွားရွား လွှမ်းမိုးသွားတာမျိုး မဖြစ်စေချင်ဘူး။ တည်ငြိမ်အေးချမ်းတဲ့ စိတ်ထားမျိုး ရှိတာက ကျင့်ကြံရေးလမ်းကြောင်းအတွက် အထောက်အကူအဖြစ်ဆုံးပဲ”

“ဟုတ်ကဲ့ … ကျွန်တော် သိပါပြီ” ဝမ်ဝေ့က ရိုးသားဖြူစင်သည့် မျက်နှာထားလေးဖြင့် ပြန်ပြောလိုက်သည်။

ယုယန်က ယောက်ျားဖြစ်သူကို ကြည့်ကာ “ ဂိုဏ်းချုပ် … ရှင်လည်း ရှင့်ဘာသာ နောက်နှစ်ပတ်စာ နေစရာရှာထားလိုက်ပါဦး။ အခုတော့ ချွေးမလေးနဲ့ အဖန်ရည် သွားသောက်လိုက်ဦးမယ် ”

ထို့နောက် သူမက ပျော်ပျော်ရွင်ရွင် ထွက်သွားလေသည်။ ထိုစဉ် ဝမ်ထျန်းက ရှုံ့မဲ့မိသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက နှစ်ပတ်တည်းဖြစ်၍ ပျော်မိလေသည်။

ဝမ်ဝေ့အတွက်မူ သူ့အမေက သူ့အလိမ်အညာကို ယုံသွားသည်အတွက် စိတ်အေးသွားသည်။ လီကျွင်းကို ထိုးကျွေးလိုက်သည်ကိုတော့ ငယ်စဉ်ကတည်းက လုပ်နေကျ ဖြစ်၏။ ယခု လီကျွင်းက အသားကျနေရုံသာမက အပြစ်ဒဏ်ကို ဘယ်လိုဝေမျှယူရမလဲအထိပါ ပူးပေါင်းတတ်နေလေပြီ။

လီကျွင်းကလည်း သူ့ကို ဒိုင်းကာအဖြစ် အကြိမ်များစွာ အသုံးပြုဖူး၏။ သူ မိန်းမလိုက်စားသည့်အချိန်တိုင်း သူ့နာမည်ကို သုံးကာ ယန်းလီလင်းထံ တင်ပြလေ့ရှိသည်။ ဝမ်ဝေ့က သူ့အတွက် အမြဲတမ်း လိုက်ဖုံးပေးရသည်။

သူ့အဖေ၏ ရှုံ့မဲ့မဲ့ မျက်နှာထားကို မြင်လိုက်သည့်အခါ ဝမ်ဝေ့က ပြောလိုက်သည်။

“အဖေက ကျွန်တော်ကို ဖုံးပေးထားတယ်ဆိုတော့ အမေကို ပြောပေးမယ်။ အဖေ တစ်ပတ်လောက်တော့ လျော့ချနိုင်လောက်တယ်”

ဝမ်ထျန်းက ထိုအရာကို ကြားပြီး အကြည့်များ တောက်ပလာသည်။ သူ့သား ဝင်ပါပေးလျှင် အမြဲတမ်း ကိစ္စများက ပိုကောင်းလာတတ်သည်။

ထိုဖြစ်ရပ်မျိုးက ရှားပါးသော်ငြား …

ထို့နောက် နှစ်ယောက်သား ဘဝအကြောင်း ဆက်ပြောရင်း စနောက်ကာ ဆက်သွယ်မှု ဖြတ်တောက်လိုက်ကြသည်။

ဝမ်ဝေ့က ယခင်ဆယ်စုနှစ်အတွင်း အဖြစ်အပျက်များကို စဉ်းစားမိကာ သက်ပြင်းချလိုက်မိသည်။ ပို၍အရေးကြီးသည်က ဝူဟုန်နှင့် သူ့မိခင်တို့ကြားမှ ရင်းနှီးမှု ဖြစ်လေသည်။ အမှန်တော့ သူက သူ့အမေသည် ဝူဟုန်ကို မကြိုက်ဘဲနေမည်ကို စိုးရိမ်နေခဲ့မိ၏။ သူမက တစ်ခါတစ်လေ သားအပေါ် ကာကွယ်လွန်းတတ်သည် မဟုတ်ပါလော။

ပြောရလျှင် သူက ချွေးမနှင့် ယောက္ခမကြားမှ ပြဿနာကြား ဝင်မပါလိုပေ။

သူ့အတွက် ကံကောင်းသည်က ထိုနှစ်ယောက်ကြား ဝင်ပါစရာ မလိုလိုက်ချေ။

မည်သို့ပင်ဆိုစေကာမူ သူ့အမေက ဝူဟုန်ကို ဒီလောက်မြန်မြန်ဆန်ဆန် လက်ခံလိုက်နိုင်သည့် အကြောင်းအရင်းကို သိချင်နေမိ၍ မေးကြည့်လိုက်သည်။ အဖြေကား သူ့အတွက် စိုးရိမ်၍ဟု ဆိုလာသည်။

ယုယန် ပြောစကားအရ သူ့သားသည် တခြားအမျိုးသမီးတွေနှင့် ရှုပ်ခဲပြီး သီးသန့်နေတတ်သူ ဖြစ်၏။ ထို့အပြင် သူမအနေနှင့် သူက ကျင့်ကြံရေးအပေါ်သာ အာရုံစိုက်ထားပြီး မိသားစု မလိုချင်သည့် ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်လာမည်ကို စိုးထိတ်မိသည်။ အထူးသဖြင့် ဝမ်ဝေ့က သူ့ကျင့်ကြံရေးလမ်းကြောင်း မအောင်မြင်မချင်း ကလေးမယူကြောင်း ပြောပြီးသည့်နောက်တွင် ဖြစ်၏။

သူ့လက်တွဲဖော် စံနှုန်းများအရ သူမက သူ တစ်သက်လုံး တစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်လာမိသည်။ ထို့ကြောင့် ဝူဟုန် ပေါ်ထွက်လာသည့်အခါ သူမက စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်၏။

ထိုအရာကို ကြားပြီး ဝမ်ဝေ့က သူနှင့် သူ့မိခင်ကြား ရန်ဖြစ်ခဲ့ဖူးသည့် တစ်ခုတည်းသော အချိန်ကို အမှတ်ရသွားလေသည်။

သူ ၁၄ နှစ်ပြည့်တုန်းက အထက်တန်းလွှာ လေ့ကျင့်ရေးအရ အစေခံတစ်ယောက်နှင့် အိပ်စက်ရမည် ဖြစ်၏။ ထိုအရာက နာမည်ကြီး မိသားစုများမှ ကလေးများကို သွေးသားအလို ဖြည့်တင်းပေးဖို့ နည်းလမ်း ဖြစ်ပြီး သူတို့ကျင့်ကြံရေးလမ်းကြောင်းအတွင်း သာယာမှုနောက် အလွယ်တကူ မျှောပါမသွားစေရန် ဖြစ်သည်။

ဝမ်ဝေ့က တစ်ယောက်နှင့်မှ မအိပ်ခင်သောကြောင့် ငြင်းဆန်ခဲ့သည်။ အထူးသဖြင့် သူက သဘောကျပေ။ သူက မျှော်နန်းဆောင်မှ ရမ္မက်တဏှာ စစ်ဆေးမှုကို အောင်မြင်သွားပြီဖြစ်၍ ထိုအရာက သူ့အတွက် အသုံးမဝင်တော့ပေ။

ကံမကောင်းစွာဖြင့် သူ့အမေက သူ့ကို တိုက်တွန်းနေခဲ့သည်။ သူ့အဖေကို မေးမြန်းပြီးသည့်နောက်တွင် အမေက သူ့လိင်စိတ်တိမ်းညွှတ်မှုနှင့် ပတ်သက်ပြီး စိတ်ပူနေကြောင်း သဘောပေါက်သွားသည်။

ထိုအခါမှ ဝမ်ဝေ့က ဒီကမ္ဘာ၏ ယဉ်ကျေးမှုနှင့် လူမှု့အဖွဲ့အစည်းသည် ခေတ်သစ်နှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်ရှေးကျကြောင်း သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် လိင်တူ ဆက်ဆံရေးများကို အထင်အမြင်သေးကြ၏။

လူတစ်ယောက် အားကောင်းနေသရွေ့ မည်သူကမှ ထိုလူ၏ ဘဝ ပုံစံနှင့် ရွေးချယ်မှုကို မေးခွန်းထုတ်ကြမည် မဟုတ်ပေ။ ယေဘုယျအားဖြင့် လိင်တူဆက်ဆံရေးများကို မကြိုက်နှစ်သက်ကြပေ။

သူတို့၏ လိင်စိတ်တိမ်းညွှတ်မှုအကြောင်း ပွင့်လင်းမြင်သာ ဝန်ခံခဲ့သည့် မဟာဧကရာဇ်များစွာ ရှိခဲ့လျှင်ပင် အပြောင်းအလဲကြီးကြီးမားမား မရှိချေ။

သူက ထိုအခြေအနေကို သိပြီးနောက် သူ့အမေကို ရှင်းပြဖို့ ကြိုးစားခဲ့သည်။ လွတ်လပ်ကာ အနှောင့်အဖွဲ့မရှိသည့် လမ်းစဉ်နောက်လိုက်နေသူတစ်ဦးအနေနှင့် သူ့စိတ်ကြိုက် ဆုံးဖြတ်ဖို့အတွက် လုံလောက်နေလေပြီ။

မည်သို့ပင်ဆိုစေကာမူ ယုယန်က နည်းနည်းလေးမှ စိတ်မအေးသွားခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့က သူ့အလိုဆန္ဒနှင့် ဆန့်ကျင်စွာ အစေခံတစ်ယောက်နှင့် အိပ်စက်ခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးတစ်ယောက်နှင့် အိပ်စက်လိုက်ခြင်းက လိင်စိတ်တိမ်းညွှတ်မှုကို ဖော်ပြနိုင်သည့် အရာ မဟုတ်၍ အတွေ့အကြုံက အဓိပ္ပါယ်မရှိချေ။ သို့သော်လည်း သူ့အမေအတွက် များစွာအရေးပါနေ၍ သူ့အနေနှင့် လိုက်လျောခဲ့ရသည်။

ထိုအတွေ့အကြုံအပြီးတွင် ဝမ်ဝေ့က တစ်ရက်ကျ ကမ္ဘာရှိ ကျင့်ကြံသူများကို သဘောထားကြီးကြီးထားနိုင်အောင် လုပ်ဖို့ စီစဉ်ထားသည်။ မိုးမြေနည်းလမ်းများကို လေ့လာနေသော လူများအနေနှင့် စည်းမျဉ်းအားလုံးကို လက်ခံထားသင့်လေသည်။

ဝမ်ဝေ့က အတိတ်အကြောင်း ပြန်လည်စဉ်းစားလိုက်ပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် မှတ်တမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာကို ဝမ်ကျူမှ ပို့ပေးထားခြင်း ဖြစ်ပြီး ယခင်ဆယ်စုနှစ်အတွင်း ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူစစ်ဆေးပွဲနှင့် ပတ်သက်၍ အကုန်ပါဝင်သည်။

သူက တုံ့ဆိုင်းမနေဘဲ ပထမ လပိုင်းတချို့ကို ကျော်ပစ်လိုက်သည်။ ပထမ ပွဲစဉ်ဖြစ်၍ ပါဝင်ယှဉ်ပြိုင်ူများက သားရဲများနှင့် တိုက်ခိုက်ရမည် ဖြစ်ပြီး ကြည့်ရှုရမည့် သတင်းအချက်အလက်များများ မရှိချေ။ အထူးသဖြင့် အားကောင်းသည့် ပြိုင်ပွဲဝင်များက သူတို့အင်အားကို ဝှက်ထားဆဲ ဖြစ်၏။

ဒုတိယပွဲစဉ်၌ ဝမ်ဝေ့အနေနှင့် မိုရှင်းယွင်က အလွှာနိမ့်မှ အဆင့် ၉ ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်ကို သတ်လိုက်သည့်အချိန်ကို ချက်ချင်း သတိထားမိလိုက်သည်။

All Chapters