← Chapters

နောက်ဆုံးပွဲစဉ်

Vol. 17 Ch. 238

နောက်ဆုံးပွဲစဉ်

Vol. 17 Ch. 238

အခန်း(၂၃၈) : နောက်ဆုံးပွဲစဉ်

ဝမ်ဝေ့က သူ သိထားဖို့ လိုသည့် ပြိုင်ပွဲဝင်များ၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် ဝမ်ကျူအား မေးလိုက်သည် “ဖန်းလီ အခြေအနေရော ဘယ်လိုလဲ”

“ အင်အားစုတော်တော်များများက သူ့အမွေအနှစ်နဲ့ သူ့ကို အာရုံစိုက်နေကြတာ။ ကျင့်ကြံသူအများစုက သူတို့လမ်းစဉ်အတွင်း ချစ်ရသူကို ဆုံးရှုံးခဲ့ဖူးတာချည်းပဲလေ။ ဆုံးရှုံးဖူးနိုင်ခြေက အရမ်းမြင့်တယ်။ အဲဒါကြောင့် သူ့အမွေအနှစ်နဲ့ဆိုရင် သူတို့နောင်တတွေကို ပြန်လည်ဆယ်နိုင်ဖို့ အခွင့်ကောင်းပဲ။

ပြီးတော့ သူကို သူတို့အင်အားစုထဲ ဆွဲခေါ်နိုင်ရင် ဧကရာဇ်ကျမ်း အပိုတစ်ခု ရလာသလိုပဲဆိုတော့ လူတော်တော်များများက သူ့ကို ပြိုင်ပွဲပြီးတာနဲ့ ဆွဲခေါ်ဖို့ ကြံနေကြတာ။ သူတို့က အတင်းကျပ်အားသုံးရမယ်ဆိုရင်တောင်ပေါ့ ” ဝမ်ကျူက ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းလည်း တူညီသော နည်းလမ်းကို သုံးလာနိုင်ခြေရှိကြောင်း မှန်းဆမိသည့်အတွက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမနှင့် ဆက်သွယ်ရေးအား ဖြတ်တောက်လိုက်၏။

သူက ကျင့်ကြံရေးကို စစ်ဆေးကြည့်လိုက်သည်။ သူ့အံ့ဖွယ်ပင်လယ်ထဲ ရှေးဟောင်းမီးအိမ်ပေါ်၌ မူလသင်္ကေတ ၁၇ ခုကို မြင်လိုက်ရ၍ ကျေကျေနပ်နပ် ခေါင်းညိတ်မိလိုက်ရင်း တွေးမိလိုက်သည်။

သင်္ကေတတစ်ခုကို တစ်နှစ်ကြာတယ်ဆိုတော့ ကျင့်ကြံနှုန်း မြင့်တယ်လို့ ယူဆရမှာပဲ … အဲဆိုတော့ နောက်ထပ် ၃၃ နှစ်ကြာရင် စုစုပေါင်း သင်္ကေတငါးဆယ်နဲ့ အံ့ဖွယ်ခန္ဓာအဆင့်ကို ချိုးဖောက်လို့ ရပြီ …

ဒါပေမဲ့ ငါက သာလွန်တာအိုအုတ်မြစ် ရထားတာဆိုတော့ စိတ်ဆန္ဒအစစ်အမှန် စွမ်းအားတိုးလာဖို့ သင်္ကေတငါးဆယ်အထက် လုပ်ဖို့ လိုသေးတယ် …

အဲဆို ငါက ၅၁ ခုမြောက် သင်္ကေတကို လေ့ကျင့်နေတဲ့အချိန် ငါ့ပြိုင်ဘက်တွေက အဆင့်တက်ပြီး ပိုမြင့်မားတဲ့ အဆင့်ဆီ ရောက်သွားကြတော့မှာပဲ

အဲဆိုတော့ ငါ အရှိန်ထပ်မြင့်ဖို့ အကူအညီနည်းနည်း လိုအပ်နေပြီ …

သူက  ကျင့်ကြံနှုန်း မြင့်လာစေဖို့အတွက် ဂိုဏ်းရှိ ထုံးကျောက်ဂူအတွင်းမှ စိတ်ဝိညာဉ်နို့ရည်ကို ထုတ်ကာ သောက်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ပြန်လည်လေ့ကျင့်ရေး မလုပ်သေးဘဲ တတိယပွဲစဉ်ကို အာရုံစိုက်ထားလိုက်သည်။

အပြင်ဘက် လောက၌ အပြောင်းအလဲအမျိုးမျိုး ဖြစ်နေသော်လည်း ပြိုင်ပွဲကျင်းပရာ လျို့ဝှက်နယ်မြေအတွင်း ပျိုးထောင်ခံ ပြိုင်ပွဲဝင်များက သူတို့အဆောက်အဦး၌သာ ရှိနေကြသေးသည်။ ဆယ်နှစ်အတွင်း ပြိုင်ပွဲဝင် အရေအတွက် သန်းငါးရာမှ အယောက်တစ်သိန်းသို့ ရောက်လာသည့်အခါ သူတို့က တတိယပွဲစဉ် စတင်ကြောင်း အသိပေးချက် လက်ခံရရှိလိုက်ကြသည်။

လီကျွင်း၏ အဆောက်အဦးအတွင်း သူက တတိယပွဲစဉ် စတင်ကြောင်း အသိပေးချက် အဆောင်ရရှိပြီးနောက် တရားထိုင်နေရာမှ ရုတ်တရက် မျက်လုံးဖွင့်လာသည်။

သူက ထလိုက်ပြီးနောက် သူ့ချပ်ဝတ်များကို ဝတ်ဆင်ကာ လှံကို ကိုင်ဆွဲလိုက်သည်။ သူက အညောင်းပြေအကြောဆန့်လိုက်ပြီးနောက် ရုတ်ချည်း နှစ်ခါ နှာချေမိသွားသည်။

သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏  “ငါ့မကောင်းကြောင်း ဘယ်သူပြောနေပါ့လိမ့်။ ငါ့လင်းအာများလား … မဟုတ်သေးဘူး။ ဆယ်နှစ်လုံးလုံး ငါ ဘာမှမလုပ်ထားရသေးဘူး။ အဲဆိုတော့ အစ်ကိုကြီးဝမ်ဝေ့များလား။ သူက ငါ့ကို တစ်ခုခုအတွက် အပြစ်လွဲချနေတာများလား”

ထို့နောက် သူ့အား လျို့ဝှက်နယ်မြေ၏ နေရာတစ်ခုဆီ ပြောင်းရွေ့ပေးမည့် အစီအရင်တစ်ခုရှေ့ မတ်တတ်ရပ်လိုက်သည်။ လီကျွင်းက စောင့်ဆိုင်းနေရင်း ယခုပွဲစဉ်၏ စည်းမျဉ်းများနှင့် သူ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအကြောင်း စတင်တွေးမိလာသည်။

ကျောင်းတော်၏ စည်းမျဉ်းအရ ပြိုင်ပွဲကို အပိုင်း ၃၀ ပိုင်းထားပြီး ပျိုးထောင်ခံ ပြိုင်ပွဲဝင်များက တစ်ပိုင်းစီကို တာဝန်ယူထားရသည်။ တတိယပွဲစဉ်၌ ထိုပျိုးထောင်ခံ ပြိုင်ပွဲဝင်များက ပြိုင်ပွဲဝင်အရေအတွက် အယောက်တစ်သိန်းမှ တစ်ထောင်ကျန်အောင်အထိ ပြုတ်အောင်ဖြုတ်ပစ်ရမည် ဖြစ်သည်။

ဤပွဲစဉ်က အရေးကြီးသည်မှာ ဤတစ်ကြိမ် ထိုပျိုးထောင်ခံ ပြိုင်ပွဲဝင်များက သူတို့ ရွေးချယ်ခံရသည့် အကြောင်းအရင်းကို ပြရမည် ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် သမိုင်းကြောင်းတစ်လျှောက် တတိယပွဲစဉ်က အရက်စက်ဆုံး ဖြစ်ခဲ့ပြီး ပြိုင်ပွဲဝင်အများစုက အတူတကွ ပူးပေါင်းကာ ပျိုးထောင်ခံ ပြိုင်ပွဲဝင်များအား သတ်ပစ်လေ့ရှိသည်။

ထို့ကြောင့် ပျိုးထောင်ခံ ပြိုင်ပွဲဝင်က လုံလုံလောက်လောက် အားမကောင်းလျှင် သူတို့က ဒီပွဲစဉ်အတွင်း အသတ်ခံရနိုင်ခြေ ရှိသလို လူသန်းချီရှေ့ အရှက်ကွဲအကျိုးနည်းကာ ထွက်ပြေးရနိုင်ခြေလည်း ရှိသည်။

ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲက ကွဲပြားလှသည်။ အကြောင်းမှာ ပျိုးထောင်ခံ ပြိုင်ပွဲဝင်အများစုက ပါဝင်ယှဉ်ပြိုင်ခြင်း မရှိ၍ ဖြစ်သည်။ ထိုလူများအထဲတွင် ဝမ်ဝေ့၊ တိထျန်း၊ ဝူဟုန်၊ သားရဲမွေးမြူရေးတောင်ကြားမှ လျူမိန်ရှု၊ ဓာတ်ငါးပါးနန်းတော်မှ ကျန်းပိယုနှင့် တစ်ဝက်တစ်ပျက် ထွက်ခွာသွားသည့် ထိုက်ယီနက်နဲမုခ်မှ ဖုန်းဟွမ်တို့ အပါအဝင် ဖြစ်၏။

ထို့အပြင် ပျိုးထောင်ခံ ပြိုင်ပွဲဝင်များနှင့် အင်အားချင်းတူသည့် ပြိုင်ပွဲဝင်များလည်း ရှိလာကြသည်။ မိုရှင်းယွင်နှင့် ကျန်းရွှမ်လို လူမျိုး ဖြစ်၏။ သူတို့က ပြိုင်ပွဲမတိုင်ခင်အထိ သိုသိုသိပ်သိပ်နေခဲ့၍ ထိုအဆင့်အတန်းကို မပိုင်ဆိုင်ထားသူများလည်း ဖြစ်သည်။

ဒုတိယပွဲစဉ်အတွင်း မြင့်တက်လာသည့် ပါရမီရှင်တချို့ကိုပါ ထည့်ပေါင်းလိုက်လျှင် တတိယပွဲစဉ်က အလွန်စိတ်လှုပ်ရှားစရာကောင်းသင့်ပေသည်။

သင့်တော်သည့်အချိန် ကျရောက်လာသည်နှင့် လီကျွင်းက အစီအရင်ထဲ ဝင်ကာ သူ တာဝန်ယူထားရသည့် အပိုင်းဆီ ပြောင်းရွေ့ခံလိုက်ရသည်။ အမှန်တော့ သူက အုပ်စုဖွဲ့ တိုက်ခိုက်မှုများကို မစိုးရိမ်မိပေ။ အကြောင်းမှာ သူ့ပင်ကိုစွမ်းရည်တစ်ခုက ထိုအခြေအနေနှင့် ကိုက်ညီနေ၍ ဖြစ်၏။

သို့သော်လည်း လီကျွင်းက တတိယပွဲစဉ် ကြာမြင့်မည့် နှစ် ၂၀ အတွင်း ထုတ်မသုံးခဲ့ပေ။ သူက ကမ္ဘာတစ်ဝှမ်းမှ ပါရမီရှင်များစွာကို သူ့အရည်အချင်းကို ထက်ရှအောင် သွေးရင်းဖြင့်သာ တိုက်ခိုက်ခဲ့သည်။ ပို၍အရေးကြီးသည်က လီကျွင်းက လျို့ဝှက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် သတ်ဖြတ်ရေး အငွေ့အသက်များကို စုပ်ယူကာ သူ့အင်အားကို တိုးပွားလာအောင် လုပ်နိုင်သည်။

တကယ်တော့ လီကျွင်း တစ်ယောက်တည်း ထိုနည်းလမ်းကို သုံးနေခြင်း မဟုတ်ပေ။ အားကောင်းသည့် ကောင်းကင်ရွေးချယ်ခံများဖြစ်ကြသည့် ကျီစုန့်၊ လင်းဖန် သို့မဟုတ် စုယာတို့လည်း သူတို့၏ အားကောင်းသည့် ပင်ကိုစွမ်းရည် သို့မဟုတ် လျို့ဝှက်ကတ်များကို သူတို့အချင်းချင်း တွေ့သည့်အခါမှ သုံးရန် ထိန်ချန်ထားကြသည်။

ထိုကောင်းကင်ရွေးချယ်ခံများအတွက် ကံဆိုးသည်က ကိစ္စများက သူတို့ထင်ထားသလို မရိုးရှင်းပေ။ အင်အားစုအများစုက ပျိုးထောင်ခံ ပြိုင်ပွဲဝင် မရှိထားသည့်အချက်ကြောင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ထိုအင်အားစုများမှ လူများကို တခြားသူ၏ ပိုင်နက်အပိုင်းများဆီ သွားဖို့ သူတို့စိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားသည်။

ရလဒ်အနေနှင့် လျို့ဝှက်ကောင်းကင်မျှော်နန်းမှ စာရင်းထုတ်ထားသော ထိပ်တန်း ကောင်းကင်ရွေးချယ်ခံ ဆယ်ယောက်က လူတစ်ထောင်လောက်ဖြင့် တိုက်ခိုက်ရမည့်အစား ထိုအရေအတွက်၏ ငါးဆမှ ခုနှစ်ဆလောက်ဖြင့် တိုက်ခိုက်နေရသည်။

သူတို့က ဝှက်ဖဲများ ဝှက်ထားချင်သည့်အတွက် ထိုအရာက ပြီးမြောက်ဖို့ အခက်တွေ့စေသည့် တာဝန်ဖြစ်လာလေသည်။ ထို့ကြောင့် ဒီတစ်ခေါက်ပွဲစဉ်က မပြီးဆုံးခင်အတော်လေး ကြာမြင့်နေ၏။

ထိုအရာက ထိုလူများ ဒီလိုလုပ်ရအောင်အထိ အင်အားဝှက်ထားရသည့် အဓိက အကြောင်းအရင်း မဟုတ်ပေ။ တကယ့်အကြောင်းအရင်းမှာ သူတို့က အင်အားစုများဆီမှ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်တို့ကြား တိုက်ပွဲ ဖြစ်တော့မည်မှန်း သတင်းရလိုက်၍ ဖြစ်သည်။ တကယ်တော့ သူတို့ပြိုင်ဘက်တစ်ယောက်က အားလုံးကို စီစဉ်ထားပြီးသား ဖြစ်နေသည်။

ယေဘုယျအခြေအနေကို သိရှိပြီးနောက် အများစုက ဒီပြိုင်ပွဲတွင် ပါဝင်ရခြင်းက သူတို့အောက်ရောက်နေသလို ခံစားရစေသည်။ သူတို့က နံပါတ်တစ် ကောင်းကင်ရွေးချယ်ခံ ဖြစ်ဖို့ ယှဉ်ပြိုင်တိုက်ခိုက်နေစဉ် သူတို့နှင့် တစ်မျိုးဆက်တည်း ဝမ်ဝေ့က ကမ္ဘာကြီးကို မယုံနိုင်လောက်သည့် ပမာဏဖြင့် လွှမ်းမိုးဖို့ လုပ်နေလေ၏။

ထိုစကားက ဖြစ်နိုင်ခြေမရှိဟန်ပေါ်နေသော်လည်း အများစုက သူတို့က လူငယ်မျိုးဆက်ဟု ခံစားမိနေကြစဉ် ဝမ်ဝေ့၊ တိထျန်းနှင့် ဝူဟုန်တို့လို လူများက မျိုးဆက်ဟောင်းမှလို ဖြစ်နေကာ ဒီလိုပြိုင်ပွဲမျိုးက လူငယ်မျိုးဆက်အား သူတို့တိုးတက်မှု ပြသဖို့ အကောင်းဆုံးနည်းလမ်းဟုသာ မှတ်ယူထားကြသည်။

လူအများစုအတွက် ထိုခံစားချက်က လက်မခံနိုင်စရာ အတိ ဖြစ်၏။ အထူးသဖြင့် ဤကမ္ဘာ၏ သဘောသဘာဝအရ ဝါစဉ်ကြီးများကို လေးစားရခြင်း ပါဝင်လေသည်။ ထိုအရာက ကျင့်ကြံရေးလောကအတွင်း အတော်လေး လွှမ်းမိုးထားလေ၏။

ပြိုင်ပွဲတွင် မပါဝင်သည့် ထိုပျိုးထောင်ခံ ပြိုင်ပွဲဝင်များက ဘေးကနေ သူတို့ဝှက်ဖဲများ၊ ခွန်အားနှင့် စွမ်းရည်များကို သူတို့ သတိမထားမိစေဘဲ တိတ်တဆိတ် စောင့်ကြည့်နေခြင်းကို ထည့်မပြောရသေးပေ။ ထိုကောင်းကင်ရွေးချယ်ခံများက ထိုသတင်းကြောင့် တိုက်ပွဲအတွင်း တစ်ယောက်ကို တစ်ယောက် ကျော်တက်စေနိုင်သည့် အားသာချက်များကို သိလာကြသည်။

ထို့အပြင် ဖုန်းဟွမ်၏ ယင်ယန်မျက်ဝန်း ရုပ်ခန္ဓာ နိုးထလာသည့် သတင်းက အသင်္ချေအင်ပါယာကမ္ဘာအနှံ့ ပျံ့နှံ့သွားလေသည်။ ရလဒ်အနေနှင့် သူ့ခြိမ်းခြောက်နိုင်စွမ်းက ကောင်းကင်ရွေးချယ်ခံ အောက်ခြေ သို့မဟုတ် အလယ်အလတ်မှ လင်းဖန်၊ စုယာနှင့် ကျန့်ဝူရွှမ်းတို့လောက် မြင့်တက်လာသည်။

အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်သည် လူတစ်ချို့သာ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သောကြောင့် နာမည်မကြီးသော်လည်း ထိုဧကရာဇ်မျိုးနွယ်များက အောင်မြင်သွားသူသည် အလွန်တရာ အားကြီးလာနိုင်ကြောင်း သိထားကြသည်။

ထို့ကြောင့်  နောက်ဆုံးပွဲစဉ် ရောက်ရှိလာသည့်အခါ ကောင်းကင်ရွေးချယ်ခံ အများစု၏ စိတ်အခြေအနေက အတော်လေး ပြောင်းနေကြသည်။ အကယ်၍ သူတို့က တာအိုကျောက်ပြား သုံးထောင်ဆီ ဝင်ခွင့်ရချင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် အများစုက ဖုန်းဟွမ်လိုမျိုး ပြိုင်ပွဲတစ်ဝက်မှ နှုတ်ထွက်ပစ်လောက်သည်။

မည်သို့ပင်ဆိုစေကာမူ အများစုက သူတို့အင်အားအစစ်အမှန်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားဖို့ ဆုံးဖြတ်ထားကြသည်။ ကျောက်ပြားဝင်ခွင့်အတွက်မူ သူတို့သာ ထိပ်တန်း အယောက် ၃၀ ထဲ ပါသရွေ့ ကိစ္စမရှိပေ။

အဆင့်မြင့်လေလေ တာအိုကျောက်ပြားရှေ့ ကြာကြာနေနိုင်‌လေလေ ဖြစ်သော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။ ထိုမာနကြီးသည့် ကောင်းကင်ရွေးချယ်ခံများက သူတို့အတွက် အချိန်မည်မျှနည်းစေကာမူ လုံလောက်သည်ထက် ပိုကြောင်း ယုံကြည်ချက်အပြည့်အဝ ရှိနေကြသည်။

သူတို့က ဝမ်ဝေ့၊ တိထျန်းနှင့် ဝူဟုန်လို လူမျိုးပင် တာအိုကျောက်ပြားများကို လက်လျော့ထားသောကြောင့် သူတို့ရည်မှန်းချက်ကို ရောက်ဖို့ အချိန်နည်းနည်းသာ လိုကြောင်း ယုံကြည်ထားကြသည်။ သူတို့က ထိုသုံးယောက်ထက် နိမ့်ကျသည်ဟု မယုံကြပေ။

အားလုံးက ထိုသို့ခံစားနေရခြင်း မဟုတ်ပေ။ နမူနာအားဖြင့် လင်းဖန် ဖြစ်၏။ သူက ပထမနေရာ ရယူ၍ ကမ္ဘာကြီးကို နိမ့်ကျသည့် သူ့နောက်ခံသည် ဘာမှအရေးမပါကြောင်း ပြသချင်သည်။

တာအိုကျောက်ပြားအတွက်မူ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ အစစ်အမှန် တပည့်တစ်ဦးအနေနှင့် သူ့စိတ်ကြိုက် ဝင်ရောက်နိုင်လေသည်။ ထို့ကြောင့် သူက ဂရုမစိုက်ပေ။

နောက်ဆုံးပွဲစဉ် စတင်သည့်အခါ ကြည့်ရှုသူများက ထူးထူးဆန်းဆန်း အပြုအမူများစွာကို သတိထားမိလာကြလေသည်။

All Chapters