← Chapters

အန္တရာယ်များသော ကျိုဟမ့်ရှန်

Vol. 18 Ch. 266

အန္တရာယ်များသော ကျိုဟမ့်ရှန်

Vol. 18 Ch. 266

*သူ ဖမ်းလိုက်တာလား*

ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် တစ်ယောက်၏ အေးခဲချီ ဓားမော့အား လူတစ်ယောက်က လက်ချည်းဗလာနှင့် ဖမ်းလိမ့်မည်ဟု လူအုပ်ထဲမှ မည်သူမျှ မယုံကြည် နိုင်ကြချေ။

*အံ့ဩစရာပါလား*

အေးခဲချီ ဓားမော့တစ်လက်သည် မည်သည့် စိတ်ဝိညာဉ် ပစ္စည်း ထက်မဆို ပို၍ အင်အားပြင်းသည်။ ထိုဓားမော့က ဒဏ္ဍာရီအဆင့်များကိုပင် ဖရဲသီး သို့မဟုတ် ဟင်းသီး ဟင်းရွက်များလို ခုတ်ပိုင်းနိုင်၏။

သို့ဖြစ်ပါလျက် ဆရာသခင်အဆင့် တစ်ယောက်က လက်ချည်းဗလာနှင့် ထိုဓားကို ဖမ်းနေသည်။ မည်မျှ အံ့ဩဖွယ် ကောင်းလိုက်သနည်း။

နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က လူတိုင်းအား ထိတ်လန့်သွားစေသည်။ ထပ်မံ၍ ထွက်ပေါ် လာသော ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်သည် အေးခဲချီ ဓားမော့ အစိတ်အပိုင်းအား ချိုး၍ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ဂျွတ်…ဂျွတ်

သွေးပျက်ဖွယ် ကောင်းသည့်အသံကို ကြားနေရသဖြင့် တိုက်ခိုက်ရေး ကလပ်ထဲမှ သိုင်းပညာရှင်တိုင်းသည် ဤအဆောက်အဦးအား အာတိတ်ဒေသ တောင်ထိပ်သို့ ပစ်ချလိုက်သကဲ့သို့ ခံစားရကာ တုန်ယင်လာကြသည်။

*မဖြစ်နိုင်ဘူးလေ*

*သူ…သူက ငါ့အေးခဲချီ ဓားမော့ကို စားနေတာလား*

ဖျောင်ထိုက်ရှင်းတောင်မှ တုန်ယင်ကာ လက်လျှော့ လိုက်သည့်ဟန်ဖြင့် ကြမ်းပြင်ပေါ် ဖင်ထိုင်ရက် လဲကျ မတတ် ဖြစ်သွားရသည်။

"မဟုတ်ဘူး … မဖြစ်နိုင်ဘူး … သူက ဘယ်လိုလုပ် ဒီလို လုပ်နိုင်မှာလဲ"

ဖျောင်ထိုက်ရှင်း မယုံသင်္ကာစိတ်များဖြင့် ပြည့်နှက် သွားသည်။ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်၏ ချီဓာတ်သည် ရူးချင်လောက်အောင်ကို ထက်ရှသည်။

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ထိမိရင်တောင်မှ ချီဓာတ်သည် ထိုသူအား ချက်ချင်း အပိုင်းပိုင်း ကွဲထွက်သွားအောင် လုပ်နိုင်ပေသည်။

သို့သော် ယဲ့ဖန်ကတော့ ပို၍ ပို၍သာ သန်မာလာသည်။ သူက လက်ရှိရှိနေသည့် လူတိုင်း၏ အမြင်နှင့် အတွေးအခေါ်များကို လုံးဝ ပြောင်းပြန်လှန်ပစ်နေ၏။

သူတို့၏ အံ့ဩနေသော အကြည့်အောက်မှာပင် ယဲ့ဖန်က အေးခဲချီ ဓားမော့တစ်လက်လုံးကို မျက်စိတစ်မှိတ် အတွင်း ဝါးစားလို့ ပြီးသွားလေသည်။ စားလို့ပြီးသည်နှင့် လေချဉ်တောင် တက်လိုက်သေးသည်။

သို့ပင်မဲ့ သူ၏ ဖြူစင်၍ နတ်ဆိုးဆန်သော မျက်နှာက ကျေနပ်ဟန် မပြသေးပေ။

"ထပ်မရတော့ဘူးလား"

*ချီးပဲကွာ*

သူ့စကားကြောင့် တိုက်ခိုက်ရေးကလပ်ထဲရှိ လူတိုင်း ထိတ်လန့်ကာ ဖင်ထိုင်ရက် လဲကျမလို ဖြစ်သွားကြသည်။

*သူ့ဖင်ကြီးကိုသာ ပိတ်ကန်လိုက်*

*ဒီလူထူးလူဆန်းကောင်က အေးခဲချီ ဓားမော့ကို တကယ် အဆာပြေစားစရာလို စားနေတာပဲ*

ယဲ့ဖန်၏ လောဘတက်နေသသော မျက်နှာထားကို မြင်ပြီး သူတို့အားလုံး ဆွံ့အသွားရသည်။

"အံ့ဩစရာပဲ … တကယ့်ကို မယုံနိုင်စရာပါပဲ"

ဖျောင်ထိုက်ရှင်း အလွန် ဒေါပွနေသည်။ အလွန် ရက်စက်သော အကြည့်များနှင့် သူ ချက်ချင်း လက်တစ်ဘက်ကို လှုပ်ရမ်းလိုက်သည်။

အေးခဲချီ ဓားမော့ လေးလက်။ ဓားမော့ တစ်ခုချင်း စီတိုင်းက အရင်ကထက် ပို၍ အင်အားပြင်းသည်။ မည်မျှ ကြောက်မက်ဖွယ် ကောင်း၍ ဖိနှိပ်နိုင်သည့် ချီဓာတ်ပါလိမ့်။

"သေစမ်းကွာ"

ဖျောင်ထိုက်ရှင်း အလွန်တောက်လောင်နေသော အကြည့်များနှင့် ကြုံးဝါးလိုက်သည်။ ထို့နောက် ထိုအေးခဲချီ ဓားမော့လေးခုသည် ယဲ့ဖန်ထံသို့ ပျံသန်း တိုးဝင်သွားသည်။

အလွန် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်လာ ပြီးနောက် လေထုသည် ဟက်တက်ကွဲ သွားလေသည်။ ဤအခြင်းအရာသည် ဖျောင်ထိုက်ရှင်း၏ အလွန် ပြင်းထန်သော တိုက်ကွက်ကြောင့် ဖြစ်ပေါ်လာမှန်း သိသာလှ ပေသည်။

*သေစေနိုင်တဲ့ ဓားမော့လေးလက်ပါလား*

"ယဲ့ဖန် အဲ့ဒါတွေကို တားဆီးနိုင်ပါ့မလား"

တိုက်ခိုက်ရေး ကလပ်အတွင်းမှ ကြည့်ရှုနေသူများ ချက်ချင်း ရင်တုန်လာကြသည်။

*ဒါ သူ့ရဲ့ အားအပြင်းဆုံး တိုက်ကွက်ပဲ … ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်တောင် ဒါကို ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး*

တိုက်ခိုက်ရေးကလပ် အတွင်းရှိ လေထုသည် အလွန် တင်းမလာလို့လာသည်။ အေးခဲချီ ဓားမော့လေးလက်က ယဲ့ဖန်၏ ဦးခေါင်းဆီသို့ ဆင်းသက်လာသည်။

ယဲ့ဖန်၏ မျက်နှာက အရင်အတိုင်း လောဘတက်နေသည့် မျက်နှာပေးနှင့် ဖြစ်နေသေးသည်။

"ငါက မင်းတို့ကို စောင့်နေတာ"

ထို့နောက် သူက လက်ကို တင်းတင်းဆုပ်၍ လေထုထဲမှ အေးခဲချီ ဓားမော့ လေးလက်ကို တစ်စစီဖြစ်အောင် ထိုးခွဲလိုက်သည်။

*ဘာ*

ကြည့်နေသူများအားလုံး အံ့ဩသွားကြသည်။

*သူက အေးခဲချီ ဓားမော့ကို သူ့လက်သီးနဲ့ ရင်ဆိုင်တော့မလို့လား*

*မဖြစ်နိုင်ဘူးလေ*

အေးခဲချီ ဓားမော့တစ်လက်ကို သူ့လက်ဖြင့် ဖမ်းနိုင်ကတည်းက ဒါ အံ့ဖွယ်သရဲလို ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ယခု သူက အေးခဲချီ ဓားမော့လေးလက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ဖို့ ကြံစည်နေ၏။ သူသည် လက်ဖြင့် ဖမ်းဆီးရန် ကြိုးစားနေသည် မဟုတ်ဘဲ သူ့လက်သီးဖြင့် ထိပ်တိုက် ထိုးခွင်းရန် ပြင်နေခြင်း ဖြစ်သည်။

အလွန် မယုံနိုင်စရာကောင်းလှသည်။

"ဖျက်စီးစမ်းကွာ … အဲ့ခွေးမသားလေးရဲ့ လက်ကို ဖျက်ဆီးပစ်လိုက်"

ကိုရီးယားလူမျိုးများ နားနေရာနေရာမှ လူများနှင့် အမှောင်ဂိုဏ်းအဖွဲ့ဝင်များသည် နဖူးမှ ချွေးဒီးဒီးကျလို့နေသည်။ ယဲ့ဖန်၏ ကျဆုံးမှုကို မြင်ရရန် သူတို့ မစောင့်နိုင်ကြတော့ချေ။

ဝုန်း! ဝုန်း! ဝုန်း!

ယဲ့ဖန်၏ လက်သီးနှင့် အေးခဲချီ ဓားမော့လေးလက်တို့ ပြင်းထန်စွာ ဝင်တိုက်မိသွားကြသည်။ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများနှင့်အတူ အေးခဲချီ ဓားမော့လေးလက်လုံးတွင် ပင့်ကူမျှင်ကဲ့သို့ အက်ရာများစွာဖြင့် ဖုံးလွှမ်းသွားသည်။

"ကျိုးပျက်စမ်း"

ယဲ့ဖန်က ကြုံးဝါးလိုက်ရင်း အေးခဲချီ ဓားမော့လေးလက်အား ထပ်၍ ထိုးခွဲလိုက်သည်။ နောက်ထပ် အသံကျယ်တစ်ခုနှင့်အတူ ဓားမော့များ တစ်စစီ ကျိုးပဲ့သွားပြီး နေရာအနှံ့သို့ လွင့်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးချီမျှင်တန်းများက ယဲ့ဖန်၏ ကိုယ်အထက်၌ ထွက်ပေါ်လာပြီး ရုတ်တရက် ဓားမော့ အပိုင်းအစများကို ရစ်ပတ်၍ ယဲ့ဖန်၏ ရှေ့သို့ ဆောင်ကျဉ်းလာသည်။

…

ဤအဖြစ်အပျက်ကို ကြည့်ရင်း ပွဲကြည့်နေသူများ ဆူညံသွားကြသည်။ သူတို့ အလွန်အမင်း ထိတ်လန့်သွားကြရသည်။

*သူ ဓားမော့တွေကို ဖျက်ဆီးလိုက်တာလား*

*ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ရဲ့ ဓားမော့တွေကို ယဲ့ဖန်က တစ်ချက်တည်း ထိုးပြီး ကျိုးပဲ့သွားအောင် လုပ်လိုက်တယ်*

ယဲ့ဖန်၏ တိုက်ခိုက်မှုက သူ၏ လက်သီးချက်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တစ်ယောက်၏ အေးခဲချီ ဓားမော့ထက် ပို၍ အင်အားပြင်းထန်ကြောင်း ပြသနေသည်။

*လုံးဝ မဖြစ်နိုင်ဘူး*

ဘုန်းခနဲ အသံနှင့်အတူ ဖျောင်ထိုက်ရှင်း တွေဝေသွားဟန်ဖြင့် ပစ်လဲကျသွားသည်။

"လူထူးလူဆန်းပဲ ... ဘယ်လိုလူစားမျိုးလဲကွာ"

ဖျောင်ထိုက်ရှင်း၏ မျက်နှာက ပြာနှမ်းလို့လာသည်။ သူ၏ အားအပြင်းဆုံး တိုက်ကွက်များကို ယဲ့ဖန်က လက်သီးတစ်ချက်တည်းဖြင့် ကာကွယ်နိုင်နေသည်။ သူ့အတွက် ထပ်၍ တိုက်ပွဲဝင်ရန် အဓိပ္ပာယ် မရှိတော့ပေ။

ခြေသံများနှင့်အတူ ယဲ့ဖန်က ဖျောင်ထိုက်ရှင်းထံသို့ တစ်လှမ်းချင်း လှမ်းလာနေသည်။ တစ်လှမ်းလှမ်းလိုက်တိုင်း သူက အေးခဲချီ ဓားမော့အပိုင်းအစကို ပါးစပ်ထဲ ပစ်ထည့်နေသည်။ သူ၏ ဝါးစားနေသော အသံက ကြည့်နေသူများအား ကြောက်လန့်ကာ တုန်ယင်သွားစေသည်။

"ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်တဲ့လား … ခင်ဗျားမှ ကျွေးစရာ ဘာမှမရှိတော့ဘူးလား"

ယဲ့ဖန်က ဖျောင်ထိုက်ရှင်းအား ကျောချမ်းဖွယ် အပြုံးမျိုး ပြုံး၍ မေးလိုက်သည်။

"အကယ်၍ ဒါက ခင်ဗျားမှာ ရှိတာ အကုန်ပဲ ဆိုရင်လည်း အခု ခင်ဗျား သေလို့ရပြီ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ဖျောင်ထိုက်ရှင်း၏ မျက်နှာက အလွန် စိတ်ဓာတ်ကျသွားဟန် ပေါ်လာသည်။

ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်ဖြစ်ပြီး ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည့် သူသည် တစ်စုံတစ်ယောက်က သူ့အား မလေးမစား ပြောဆိုသည်ကို ယခင်က တစ်ခါမှ မကြားခဲ့ဖူးချေ။

ယဲ့ဖန်သည် သူ့အား ထိုလေသံနှင့် ပြောရဲသည့် ပထမဆုံးသူပင် ဖြစ်သည်။ ဖျောင်ထိုက်ရှင်းက ယဲ့ဖန်အား အလွန် နာကျည်း၍ မလိုလားသော အကြည့်များဖြင့် ကြည့်နေသည်။

သို့သော် ထိုအချိန်တွင် အေးစက်စက် လေတစ်ချက်သည် စည်းဝိုင်းကို ဖြတ်၍ တိုက်ခတ်လာသည်။

တစ်ချိန်တည်းမှာပင် ရက်စက်၍ သွေးဆာနေသော အသံတစ်သံက ယဲ့ဖန်နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။

"ခွေးမသားလေး … အရင်သေနှင့်ရမယ့်သူ မင်း ဖြစ်နေမှာကို ငါစိုးရိမ်မိသား"

ထိုအသံသည် အလွန်ရက်စက်၍ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသလိုတောင် ဖြစ်သွားစေရသည်။

ထို့နောက် ရှုံ့တွနေသော လက်သည်းတစ်ခုက ယဲ့ဖန်၏ နောက်ကျောဘက်မှ နေ၍ နှလုံးသားအား ထိုးစိုက်သွားသည်။

တစ်စုံတစ်ယောက်က အလစ်ဝင် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိကြပါ။ ကြမ်းကြုတ်သော ချီဓာတ်များက ရုတ်ချည်း ဆင်းသက်လာသည်။

ယဲ့ဖန်၏ မျက်နှာက သေရေးရှင်ရေး အခြေအနေနှင့် နီးကပ်သွားသည့်ဟန်ဖြင့် အလွန် ထိတ်လန့်နေပုံ ပေါက်သွားသည်။

"သေစမ်း"

ယဲ့ဖန်၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားကာ မြန်နိုင်သမျှ မြန်မြန် ရှောင်တိမ်းလိုက်သည်။

ဝှစ်!

အလွန် ထက်ရှသော လက်သည်းက ယဲ့ဖန်၏ ကျောဘက်မှ အရေပြားအား ပဲ့ထွက်သွားစေပြီး သွေးများ ပန်းထွက်လာစေ၏။ ထို့နောက် အနက်ရောင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူကား အမှောင်ဂိုဏ်း၏ မဟာ အကြီးအကဲ ကျိုဟမ့်ရှန်ပင်။ သူသည် ထွက်ပေါ်လာသည်နှင့် ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှတ်လာသည်။

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ပါလား။

All Chapters