← Chapters

မိစ္ဆာ မရဏ သံလက်သီး

Vol. 18 Ch. 267

မိစ္ဆာ မရဏ သံလက်သီး

Vol. 18 Ch. 267

ကျိုဟမ့်ရှန် … ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်။

ယခင်တုန်းက ကျိုဟမ့်ရှန်သည် ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဟူသော ကောလဟာလများစွာ ထွက်ခဲ့သည်။ သို့သော် သူက ထို့ထက်ပို၍ အင်အားကြီးနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။

အံ့ဩစရာကောင်းလောက်အောင် သူသည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်သို့ ရောက်နေခဲ့သည်။ သူ၏ ချီဓာတ်သည် ဖျောင်ထိုက်ရှင်းထက်တောင်မှ ပို၍ ကြမ်းကြုတ်နေသေးသည်။

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည့် ကျိုဟမ့်ရှန်က ယဲ့ဖန်အား ရက်စက်စွာ အငိုက်ဖမ်း တိုက်ခိုက်ခဲ့သည်။

ယဲ့ဖန်သည် ဟွာရှ သိုင်းလောက ကိုယ်စား ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အား တိုက်ခိုက်နေခြင်း ဖြစ်သည်။ သို့သော် ကျိုဟမ့်ရှန်သည် ဟွာရှနိုင်ငံသားများနှင့် တိုက်ခိုက်နေသော ကိုရီးယားလူမျိုးများအား ကူညီနေသည်။

ထို့ကြောင့် ကျိုဟမ့်ရှန်သည် သစ္စာဖောက်တစ်ယောက်နှင့် မထူးခြားနားပင်။ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး ပွက်လောရိုက်သွားကာ ဟွာရှသား သိုင်းပညာရှင်များအားလုံး ဒေါကန်လာကြသည်။

"ခွေးမသား …. ကျိုဟမ့်ရှန်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်တောင် ရောက်နေပြီ … ဒါပေမဲ့ သူက ဟွာရှနိုင်ငံသားတွေ တိုက်ခိုက်ခံရချိန်မှာ သူက မျက်နှာလွှဲနေပြီး ဘာမှမလုပ်ခဲ့ဘူး"

"သောက်ခွေးမသား … သူ ဘယ်လိုလုပ် ဟွာရှလူမျိုးတွေကို သတ်ဖို့ ကိုရီးယားတွေနဲ့ ပေါင်းကြံခဲ့ရတာလဲ … ကျိုဟမ့်ရှန် သေသင့်တယ်ကွ"

"ယဲ့ဖန် ဒုက္ခရောက်နေပြီ … သူတို့ကို အတူတူ တိုက်ကြရအောင်"

လူအုပ်ထဲမှ တစ်ယောက်က ထအော်လိုက်ပြီးနောက် ကျန်ဟွာရှနိုင်ငံသား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များက ယဲ့ဖန်ကို ကူညီရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့အား အမှောင်ဂိုဏ်း၏ အကြီးအကဲများနှင့် ယဲ့မုန့်ထန် ဦးဆောင်သော ကျန်ယဲ့ကလန် သစ္စာဖောက်များက တားဆီးလိုက်ကြသည်။

ယဲ့ဖန်ကို ထောက်ခံသော ယဲ့ရှုံးနှင့် အခြားသူများကို ကြည့်ပြီး ယဲ့မုန့်ထန်က လှောင်ပြောင်၍ ပြောလိုက်သည်။

"ဟားဟားဟား … ယဲ့ရှုံး … မင်း မျှော်လင့်ချက်တွေ စုပုံထားတဲ့ အဲ့ခွေးသားလေးက သေချာပေါက် သေမှာကွ …. အကြီးအကဲကျိုက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဆိုတာ မင်းမသိပါဘူးကွာ … သူက ဒဏ္ဍာရီလာအဆင့်ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တာကွ"

"သူ့အကူအညီနဲ့ဆို ယဲ့ဖန် သေမှာပဲ"

…

သူ့စကားကြောင့် ယဲ့ဖန်ကို ထောက်ခံသော ယဲ့ရှုံးနှင့် အခြားသူများ အလွန် သုန်မှုန်သွားကြသည်။

*ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်*

*ယဲ့ဖန် အကြီးအကျယ် ဒုက္ခရောက်နေပြီ*

ထိုအချိန်တွင် စည်းဝိုင်းထဲက သုံးယောက်ကတော့ ဘေးက အခြေအနေကို သတိတောင် မထားမိပေ။ ကျိုဟမ့်ရှန်က ဖျောင်ထိုက်ရှင်းအား ပြောလိုက်သည်။

"အစ်ကိုတော်ဖျောင် ... သူ့လှည့်ကွက်တွေက တအားရက်စက်တယ် … ကျုပ်တို့ အတူ ပူးပေါင်းပြီး သူ့ကို သတ်မှဖြစ်မယ် … မဟုတ်ရင် သူက ကျုပ်တို့ဆီ မဆုံးနိုင်တဲ့ ပြဿနာတွေ သယ်လာမှာ"

ကျိုဟမ့်ရှန်၏ အကြံပေးချက်ကြောင့် ဖျောင်ထိုက်ရှင်း တစ်ခဏမျှ ချီတုံချတုံဖြစ်သွားသည်။

"မဖြစ်ဘူး … ဘိုးဘိုး"

ဖျောင်ကျုံးဝမ် သူမအဘိုးအား သံကုန်ဟစ်၍ အော်ပြောလိုက်သည်။ သူမစကားကြောင့် ဖျောင်ထိုက်ရှင်းက ဖျောင်ကျုံးဝမ်ဘက် လှည့်ကာ သူမမျက်နှာကို ကြည့်၍ ပြောလိုက်သည်။

"ဝမ်အာ … ဘိုးဘိုးက မင်းအဖေရဲ့ သေဆုံးမှုအတွက် လက်စားချေမှ ဖြစ်မယ်လေ … အဲ့ခွေးမသားလေးက သေကိုသေရမှာ"

ဖျောင်ကျုံးဝမ်အား ထိုသို့ပြောပြီး ဖျောင်ထိုက်ရှင်းသည် ကျိုဟမ့်ရှန်ဘက် လှည့်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"မင်း အကူအညီအတွက် ကျေးဇူးပါပဲ အစ်ကိုတော်ကျို"

…

သူတို့၏ အပြန်အလှန် ပြောစကားကြောင့် ဖျောင်ကျုံးဝမ်၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်သွားကာ ထိုင်ခုံပေါ်သို့ ပစ်လဲကျသွားသည်။

*သူတော့ ဒုက္ခရောက်ပြီ*

*ငါ့မောင်ငယ်လေး သေတော့မှာပဲ*

ဖျောင်ကျုံးဝမ် ရေရွတ်နေရင်း သူမ၏ လှပသော မျက်လုံးလေးမှ မျက်ရည်များ စတင် စီးကျလာသည်။ သူမ၏ မျက်နှာလေးမှာလည်း ပြာနှမ်းလို့လာသည်။

ထို့နောက် ကျိုဟမ့်ရှန်သည် ဖျောင်ထိုက်ရှင်း ပြောလာမည့် စကားများကို ခန့်မှန်းမိဟန်ဖြင့် ရက်စက်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဟားဟား … အစ်ကိုတော်ဖျောင် … အဲ့ငနာလေးက သူအလိုရှိသလို ထူးဆန်းတဲ့ လှည့်ကွက်တွေ ကစားပြနေတာ … သူက ကျုပ်တို့ ချီဓာတ်တွေကို စားသုံးနိုင်တယ် … ဒါကြောင့် ကျုပ်တို့ အေးခဲချီ ဓားမော့ကို မသုံးသင့်ဘူး … ကျုပ်တို့ သူကို ရုပ်ခွန်အားနဲ့ပဲ ဖိနှိပ်ရမယ်"

ကျိုဟမ့်ရှန်သည် ရက်စက်ယုတ်မာတော့မည့် အပြုံးနှင့် ပြောလာသည်။ သူ ယဲ့ဖန်၏ လှည့်ကွက်အားလုံးကို မြင်ထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်က သူတို့၏ ချီဓာတ်များကို သူတို့ကိုယ်တွင်း၌သာ စုစည်းပြီး ယဲ့ဖန်အား ချက်ချင်း ဝိုင်းတိုက်ခိုက်ကြသည်။ သူတို့သည် အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။

သူတို့၏ ခွန်အားများက အလွန် ပြင်းထန်လှသည်။ သို့သော် ယဲ့ဖန်က တစ်စက်ကလေးမှ ကြောက်နေပုံ မပေါ်ပေ။ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် သူက ပျော်ရွှင်နေဟန်ဖြင့် အော်ပြောလိုက်သည်။

"ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်လား … ဘာမဟုတ်တဲ့ဟာတွေပဲ"

*ဘာ*

ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့သည် ဒီခွေးမသားလေးက သေလုဆဲဆဲအချိန်မှာပင် အလွန်မောက်မာနေဦးမည်ဟု ထင်မှတ်မထားသဖြင့် ချက်ချင်း ထိတ်လန့်သွားကြသည်။

"ဘယ်လိုကောင်လဲဟ … ဒါဆိုလည်း ဘယ်သူက ဘာမဟုတ်တဲ့ကောင်လဲ ကြည့်ကြသေးတာပေါ့ကွာ"

ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် ကြမ်းပြင်ကို ဆောင့်နင်း၍ ရှေ့သို့ တိုးဝင်သွားသည်။

ဝုန်း!

သူတို့နှစ်ယောက်လုံး ယဲ့ဖန်အား တိုးဝင်တိုက်ခိုက်ကြသည်။

"ခွေးမသားလေး … သွားသေလိုက်တော့"

သူတို့၏ လှုပ်ရှားမှုက အလွန် လျင်မြန်လှသဖြင့် ယဲ့ဖန်ရှေ့သို့ နာနိုစက္ကန့်အတွင်း ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သံမဏိလက်သီးနှစ်ဘက်က ယဲ့ဖန်၏ ဦးခေါင်းသို့ တစ်ဟုန်ထိုး တိုးပွားလာသော ချီဓာတ်များဖြင့် ရောက်ရှိလာသည်။

ဒုန်း!

သူတို့၏ သန်မာသော တိုက်စစ်ကြောင့် စည်းဝိုင်းတစ်ခုလုံး ပြိုကျကာ မြေကြီးများနှင့် ကျောက်တုံးများ နေရာအနှံ့ လွင့်စဉ်သွားကာ တိုက်ခိုက်ရေးကလပ်တစ်ခုလုံးအား ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။

ဤသို့ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် အနီးတစ်ဝိုက်မှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ အားလုံး ကြောက်လန့်ကာ တုန်ယင်သွားကြသည်။

သန်မာသော ဒဏ္ဍာရီအဆင့်မှ သူများပင် ဤတိုက်ခိုက်မှုကြောင့် သေလုနီးပါး ဖြစ်သွားလောက်သည်ကို သေချာပေါက် သိနေကြသည်။

*သူတော့ သွားပြီ*

ယဲ့ဖန် တစ်စစီ ဖြစ်သွားတော့မည်ဟု တစ်ထစ်ချ ယုံကြည်သွားကြသည်။ ကျန်ရှိနေသော ဟွာရှနိုင်ငံသား သိုင်းပညာရှင်များအားလုံး မခံမရပ်နိုင်ဖြစ်ကာ မလိုလားသော မျက်နှာထားများ ဖြစ်လာကြသည်။

ယဲ့ဖန်၏ တိုးတက်လာမှုကို သူတို့အားလုံး မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ သို့သော် ယဲ့ဖန်၏ ကျဆုံးခန်းကိုတော့ သူတို့ မမြင်လိုပါ၊ အထူးသဖြင့် သူတို့ ဟွာရှနိုင်ငံသား၏ လက်ထဲ၌ မသေစေလိုပါ။

မည်မျှ ရှက်ဖို့ကောင်းလိုက်သနည်း။

ဂျွတ်!

ထိုစဉ် မယုံကြည်နိုင်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်သည် တစ်ဟုန်ထိုး တိုးပွားလာသော အနက်ရောင် နက်ဆိုးချီဓာတ်များအား သူ၏ လက်သီးနှစ်ဘက်၌ စုစည်းလိုက်သဖြင့် လက်အိတ်သဖွယ် ဖြစ်ပေါ်လာသည်။

မိစ္ဆာ မရဏ သံလက်သီး။

ယဲ့ဖန်သည် နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာ၏ ဒုတိယအဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်သဖြင့် သူသည် များစွာသော ဆရာသခင်အဆင့်များနှင့် ဒဏ္ဍာရီအဆင့်များ၏ မူလ သလင်းကျောက်များကို စုပ်ယူနိုင်လာခဲ့ပြီ ဖြစ်သည်။

ဖျောင်ထိုက်ရှင်း၏ အေးခဲချီ ဓားမော့ကို စုပ်ယူပြီးနောက် သူ၏ ကျင့်ကြံခြင်း အခြေခံအဆင့်သည်လည်း တိုးတက်လာခဲ့သည်။

ထို့ကြောင့် သူသည် သူ၏ နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာအား အစွမ်းအပြည့်နီးပါး အသုံးပြုလာနိုင်သည်။ ယခု သူသည် မိစ္ဆာ မရဏ သံလက်သီးကိုပင် ဆင့်ခေါ် သုံးစွဲနိုင်ပြီ ဖြစ်သည်။ ယဲ့ဖန်၏ လက်သီးမှ ထွက်ပေါ်လာသော အနက်ရောင် သံမဏိ သံလက်သီးချက်သည် မိစ္ဆာဆန်၍ ကြမ်းကြုတ်လှသည်။

ထို့နောက် ယဲ့ဖန်သည် ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်အား အားနှင့် ထိုးနှက်လိုက်သည်။

"ကျိုးစမ်း … ကျိုးစမ်း … ကျိုးပျက်စမ်း"

သူ၏ သွေးပျက်ဖွယ်ကောင်းသော စကားနှင့်အတူ ယဲ့ဖန်၏ သံမဏိလက်သီးနှစ်ဘက်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်၏ လက်သီးချက်များနှင့် ရက်စက်စွာ ထိပ်တိုက်တွေ့သွားသည်။

ဝုန်း! ဝုန်း! ဝုန်း!

ပေါက်ကွဲသံများက နားကွဲမတတ် ထွက်ပေါ်လာသည်။

ဂျွတ်! ဂျွတ်!

ဂျွတ်ဟူသော အသံနှင့်အတူ ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်လုံး၏ သံမဏိလက်သီးများသည် ဖိနှိပ်ခြင်း ခံလိုက်ရပုံရကာ စုတ်ပြတ်သတ်သွားသည်။

"မဟုတ်ဘူး"

ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့ သေမတတ် ထိတ်လန့်သွားကြသည်။ ထို့နောက် ရိုးတွင်းခြင်ဆီထိ အေးစိမ့်ရလောက်သည့် အင်အားတစ်ခု နီးကပ်လာသည်ကို သူတို့နှစ်ယောက်လုံး ခံစားလိုက်မိသည်။

တစ်ခဏမျှကြာသော် သူတို့နှစ်ယောက်လုံး လွင့်ထွက်သွားသည်။

ဘုန်း! ဘုန်း!

သူတို့နှစ်ယောက် ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်နှင့် တိုက်ခိုက်ရေးတစ်ခုလုံး တိတ်ကျသွားသည်။

ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်လုံး ဆရာသခင်အဆင့်ဖြစ်သူ ယဲ့ဖန်၏ တစ်ချက်တည်းနှင့် အနိုင်ယူခြင်းကို ခံလိုက်ရသတဲ့လား။

*လုံးဝ မဖြစ်နိုင်ဘူး*

လူတိုင်း အလွန် အံ့အားသင့်သွားကြသည်။ ဟွာရှနိုင်ငံသား သိုင်းပညာရှင်များ အပါအဝင် အမှောင်ဂိုဏ်း အဖွဲ့ဝင်များနှင့် ကိုရီးယားလူမျိုးများ နားနေရာနေရာမှ လူများပါ မယုံသင်္ကာ ဖြစ်သွားရသည်။

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် သိုင်းပညာရှင် နှစ်ယောက်က တစ်ချက်တည်းနှင့် တိုက်ပွဲကို ရှုံးနိမ့်သွားရသည်။

*လုံးဝ မဖြစ်နိုင်ဘူးလေ*

ဂလု!

ယဲ့မုန့်ထန်သည် အလွန် ချောက်ချားနေဟန်ဖြင့် မနည်းတံတွေး မျိုချလိုက်ရသည်။ ထို့နောက် ကတုန်ကယင်နှင့် သူပြောလိုက်မိသည်။

"မဟုတ်ဘူး … မဖြစ်နိုင်ဘူး … ဒီခွေးမသားလေးက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ"

ယဲ့မုန့်ထန်သာမက အခြားမည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်သလို ဖြစ်နေကြသည်။

အစောပိုင်းတုန်းက ဖျောင်ထိုက်ရှင်းသည် ယဲ့ဖန်အား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။ သို့ပင်မဲ့ ယခု ဖျောင်ထိုက်ရှင်းရော ကျိုဟမ့်ရှန်ပါ ယဲ့ဖန်ကြောင့် တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသည်။

အိပ်မက်မက်နေရသလိုပင်။

တိုက်ပွဲအပြီးတွင်တော့ ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့က အထိတ်လန့်ဆုံး ဖြစ်နေကြသည်။ သွေးတစ်လုပ် အန်လိုက်မိပြီးနောက် တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

"လူထူးလူဆန်းပဲ …. ဒီကောင်က …"

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက် အလွန် မျက်ခုံးလှုပ်နေကြသည်။ သို့သော် ယဲ့ဖန်က ဒဏ္ဍာရီ နောက်ဆုံးအဆင့် ဖြစ်သော ကျင်းရှင်းယွီအား ဆရာသခင် ဖြစ်ခါနီးအဆင့်နှင့် သတ်လိုက်သည်ကို သူတို့ မသိကြပေ။ သူတို့နှစ်ယောက်ကြားတွင် အဆင့်ခြားနားမှုက ရှစ်ဆင့်တောင် ရှိနေခဲ့သည်။

သို့သော် ယခုအခါတွင် ယဲ့ဖန်သည် ဆရာသခင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အဆင့်ခြားနားမှု ခုနစ်ဆင့်တောင် ရှိနေသော ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်များကို လွယ်လင့်တကူ သတ်လာနိုင်ပြီ ဖြစ်သည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က ယဲ့ဖန်၏ နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာသည် သူ၏ စွမ်းအားကို စတင်၍ ပြသလာခြင်း ဖြစ်သည်။

တကယ့်ဒဏ္ဍာရီလာအဆင့်များသာလျင် ယဲ့ဖန်နှင့် ယှဉ်တိုက်နိုင်ရန် အရည်အချင်း မီလောက်သည်။ ယဲ့ဖန်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်ထံသို့ လျှောက်လာနေရင်း ရက်စက် ကြမ်းတမ်းစွာ ပြောလိုက်သည်။

"အခု ခင်ဗျားတို့ နှစ်ယောက်လုံး သေလို့ရပြီ"

ထိုသို့ပြောပြီး ယဲ့ဖန်က ရှေ့သို့ အရှိန်မြှင့်၍ ပြေးလာရင်း သူ၏ မိစ္ဆာ မရဏ သံလက်သီးကို ထုတ်ဖော်၍ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်အား သဲကြီးမဲကြီး တိုက်ခိုက်လေတော့သည်။

နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များက လူတိုင်းအား ကြက်သီးတဖြန်းဖြန်းထကာ တုန်ယင်သွားစေခဲ့သည်။

All Chapters