← Chapters

မျက်နှာပြောင်တိုက်သော ဝိညာဉ်သန္ဓေသားဘိုးဘေးများ၊ အားလုံးက ကျုပ်သမီးကို အမြတ်လာထုတ်နေကြတာလား(၂)။

Vol. 47 Ch. 518

မျက်နှာပြောင်တိုက်သော ဝိညာဉ်သန္ဓေသားဘိုးဘေးများ၊ အားလုံးက ကျုပ်သမီးကို အမြတ်လာထုတ်နေကြတာလား(၂)။

Vol. 47 Ch. 518

"'ဓာတ်ငါးပါးမိုးကြိုးပညာရပ်'ရဲ့ အခြေအနေအရ ကြည့်မယ်ဆိုရင်... ငါ့ရဲ့ 'နတ်ဆိုးအသွင်ပြောင်း ပညာရပ်'နဲ့ 'ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ်' တို့ကို နောက်တစ်ဆင့်တက်ချင်ရင် နတ်ဘုရားစွမ်းရည်အဖြစ် ပြောင်းလဲမှရလိမ့်မယ်... ဒါပေမဲ့ ဒါက အဲဒီလောက် မလွယ်ကူဘူး..."

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူ သေချာစဉ်းစားကြည့်ရာ ယနေ့အချိန်ထိ သဲလွန်စမရှိသေးသည်ကို တွေ့ရှိလိုက်ရသည်။

တူညီသော နတ်ဘုရားစွမ်းရည် မန္တန်အတတ်များကို ရရှိမှသာ နှိုင်းယှဉ်လေ့လာနိုင်ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက မဟာဆရာသခင်အဆင့်တွင်သာ ပိတ်မိနေပေလိမ့်မည်။

သို့သော် ကိစ္စမရှိပေ၊ သူ့အတွက် လက်ရှိအဆင့်သည်ပင် လုံလောက်အောင် အသုံးပြုနိုင်နေပြီ ဖြစ်၏။

သူ အလျင်လိုစရာ မရှိပေ။

"ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်က ၉၉ ရာခိုင်နှုန်းအထိ တိုးတက်လာတာပဲ..."

"ဆိုလိုတာက နည်းနည်းလေး လိုတော့တာပဲ... ပထမအဆင့် စိတ်ဝိညာဉ်အမြစ်ကို ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်..."

"နှမြောစရာကောင်းတာက ဒါက ကြီးမားတဲ့ ပိတ်ဆို့မှုတစ်ခု ဖြစ်နေပြီးတော့... အချိန်တိုအတွင်း ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး..."

"စိတ်ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်ကို ရရှိမှသာ ဖြစ်နိုင်လိမ့်မယ်..."

ကျိုးစွေ့သည် မျက်လုံးများကို မှေးစင်းလိုက်သည်။

ရွှမ်ဟွမ်ကျွန်းတစ်ခုလုံးတွင် စိတ်ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်ပေးနိုင်သော ဝိညာဉ်ဆေးမြစ် နှစ်မျိုးသာ ရှိသည်။ တစ်ခုမှာ 'ဝိညာဉ်ဆေးကြောပန်း' ဖြစ်ပြီး၊ နောက်တစ်ခုမှာ 'ဗုဒ္ဓမီးတောက်အမြစ်' ဖြစ်သည်။

တစ်ခုချင်းစီသည် ပြင်ပလောကတွင် တန်ဖိုးဖြတ်မရနိုင်သော အရာများ ဖြစ်သည်။ ဝမ်းနည်းစရာမှာ ဤဆေးမြစ်နှစ်မျိုးစလုံးကို သူ စားသုံးပြီးသွားပြီ ဖြစ်သည်။

ထပ်မံ စားသုံးလျှင်လည်း မည်သည့်အာနိသင်မှ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် စိတ်ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်ပေးမည့် ဆေးမြစ်အသစ်များကို ရှာဖွေရန် လိုအပ်ပေသည်။

ဤအကြောင်းကို တွေးမိပြီးနောက် သူသည် စိတ်ဆန္ဒတစ်ချက်ပြုကာ 'ပစ္စည်းရှာဖွေကူ'၏ စွမ်းအားကို လည်ပတ်လိုက်ပြီး၊ သူ၏ စိတ်ဝိညာဉ်အမြစ်ပါရမီကို မြှင့်တင်ပေးနိုင်မည့် ဝိညာဉ်ဆေးမြစ်ကို ရှာဖွေခိုင်းလိုက်တော့သည်။

ဘန်း...

တစ်ခဏချင်းတွင် သတင်းအချက်အလက်တစ်ခုသည် 'ပစ္စည်းရှာဖွေကူ' ထံမှတစ်ဆင့် သူ၏ သိစိတ်ပင်လယ် အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်လာလေသည်။

"ဒီလိုကိုး... စတုတ္ထအဆင့် ဝိညာဉ်ဆေးမြစ် 'နဂါးမုတ်ဆိတ် ရေခဲမီးအသီး'..."

"ဒါက စိတ်ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ဝိညာဉ်အသီးတစ်မျိုးပဲ..."

"ဒါပေမဲ့ ဒီလို ဝိညာဉ်အသီးမျိုးက ကျင့်ကြံခြင်းလောကမှာ မရှိဘဲ... ရှေးဟောင်းမိစ္ဆာကမ္ဘာမှာပဲ ပေါက်ရောက်တာ..."

"'နဂါးမုတ်ဆိတ် ရေခဲမီးအသီး' ကို လိုချင်ရင် အဲဒီ မိစ္ဆာသားရဲတွေဆီကနေ ယူမှရမှာလား..."

ကျိုးစွေ့တစ်ယောက် မေးစေ့ကို ပွတ်သပ်လိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သူသည် ရှေးဟောင်းမိစ္ဆာကမ္ဘာကို အတော်လေး စိတ်ဝင်စားနေမိသည်။ ၎င်းသည် ကျင့်ကြံခြင်းလောကနှင့် တန်းတူညီမျှသော ကမ္ဘာတစ်ခုဖြစ်သည်။

ဤကဲ့သို့ မိစ္ဆာမျိုးနွယ်စုကြီးစိုးသော ကမ္ဘာတွင် သဘာဝရတနာ အမြောက်အမြား ပေါက်ရောက်နေမည်မှာ သေချာပေသည်။

ထို့အပြင် ရှေးဟောင်းမိစ္ဆာကမ္ဘာတွင်သာ သီးသန့်ရှိသော အရာများပင် ဖြစ်သည်။

အကယ်၍ ကမ္ဘာနှစ်ခုသာ ကုန်သွယ်မှု ပြုလုပ်နိုင်ပါက ကမ္ဘာကြီးနှစ်ခုလုံးရှိ သက်ရှိများ၏ စွမ်းအားကို မြှင့်တင်နိုင်ကောင်း မြှင့်တင်နိုင်ပေလိမ့်မည်။

ဝမ်းနည်းစရာမှာ ရှေးဟောင်းမိစ္ဆာကမ္ဘာဘက်မှ ဤကဲ့သို့သော သတင်းအစအန မရှိခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ထိုမိစ္ဆာသားရဲများ၏ မျက်လုံးထဲတွင် လူသားများသည် သူတို့နှင့် ဆွေးနွေးညှိနှိုင်းရန် အရည်အချင်းမပြည့်မီဟု ယူဆထားသောကြောင့် ဖြစ်သည်။

ငြိမ်းချမ်းရေး၏ အခြေခံမှာ နှစ်ဖက်စလုံး၏အင်အား တန်းတူညီမျှနေမှုအပေါ်တွင် မူတည်ပေသည်။

အကယ်၍ အင်အားမမျှတပါက တစ်ဖက်လူသည် သဘာဝကျကျ ကိုယ်နှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မည် မဟုတ်ဘဲ၊ သေချာပေါက် တိုက်ခိုက်လာမည် သို့မဟုတ် ကျွန်ပြုလာမည် ဖြစ်သည်။

"'ပစ္စည်းရှာဖွေကူ' ညွှန်ပြတဲ့ လားရာအရဆိုရင်... 'နဂါးမုတ်ဆိတ် ရေခဲမီးအသီး'က ချန်လန်ပင်လယ်ဒေသရဲ့ မြောက်ဘက်ပိုင်းဧရိယာမှာ ရှိနေပုံရတယ်..."

"အဲဒီနေရာက 'မြူနှင်းနန်းတော်' အုပ်ချုပ်တဲ့ ပင်လယ်ပြင် ဖြစ်ပုံပဲ..."

"ပြီးတော့ မိစ္ဆာမျိုးနွယ်စုရဲ့ ဌာနချုပ်ကလည်း အဲဒီနေရာမှာ ရှိနေတာ..."

"'နဂါးမုတ်ဆိတ် ရေခဲမီးအသီး' ကို ရဖို့က ထင်ထားသလောက် မလွယ်ကူလောက်ဘူး..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။

သို့သော် အခက်အခဲ မည်မျှပင် ကြီးမားသည်ဖြစ်စေ သူ စမ်းသပ်ကြည့်ချင်သေးသည်။

မည်သို့ပင်ဖြစ်စေ လှုပ်ရှားရမည်မှာ ကိုယ်ပွားသာ ဖြစ်သဖြင့် မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်စရာ မလိုချေ။

အကယ်၍ အောင်မြင်ခဲ့ပါက သူ၏ စိတ်ဝိညာဉ်အမြစ်ပါရမီသည် ပထမအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားပေလိမ့်မည်။

သူ၏စိတ်ဝိညာဉ်အမြစ် ပါရမီသည်လည်း ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်နှင့် ပိုမို နီးကပ်လာပေလိမ့်မည်။

ထိုအခါ သူသည် ကျင့်ကြံခြင်းလောက၏ ထိပ်တန်း ကျင့်ကြံခြင်းပါရမီကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး စစ်မှန်သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ဒီ... ဒီ...

ထိုအခိုက်အတန့်တွင် ကျိုးစွေ့ကိုယ်ပေါ်ရှိ 'ဝူကျိမဟာမိတ်အဖွဲ့ တံဆိပ်ပြား'က ရုတ်တရက် မြည်လာလေသည်။

"ယောက်ျား... ဝူကျိမဟာမိတ်အဖွဲ့က အရေးပေါ် အစည်းအဝေး ခေါ်ထားတယ်... မိစ္ဆာမျိုးနွယ်စုနဲ့ ကြီးမားတဲ့ ပတ်သက်မှု ရှိလောက်တယ်..."

ဤသည်မှာ သခင်မမက်မွန်ပွင့် ပေးပို့လိုက်သော သတင်းစကား ဖြစ်သည်။

"မိစ္ဆာမျိုးနွယ်စု ဟုတ်လား... မိစ္ဆာမျိုးနွယ်စုရဲ့ စီမံကိန်းကို စုံစမ်းသိရှိသွားတာများလား..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း မိစ္ဆာမျိုးနွယ်စုသည် ကြီးကြီးမားမား နယ်မြေချဲ့ထွင်ခြင်း မရှိဘဲ၊ ကမ္ဘာ့တံခါးပေါက်များကိုသာ သိမ်းပိုက်ထားခဲ့သည်။

ကမ္ဘာ့တံခါးပေါက်ကို ဗဟိုပြု၍ ကိုယ်ပိုင်မြို့တော်များ တည်ဆောက်ကာ ကိုယ်ပိုင်နယ်မြေများကို ခိုင်မာအောင် လုပ်ဆောင်နေခဲ့သည်။

လူသားမျိုးနွယ်စု၏ ရှင်သန်ရပ်တည်ရာ နေရာများကို အဆက်မပြတ် ဖိအားပေး ကျုံ့ဝင်စေခဲ့သည်။

သို့သော် သူတို့သည် လူသားမျိုးနွယ်စုအပေါ် ထိုးစစ်ဆင်ခြင်း လုံးဝ မပြုလုပ်ခဲ့ပေ၊ ဤအချက်က အလွန်ပင် ပုံမှန်မဟုတ်ပေ။

မိစ္ဆာမျိုးနွယ်စုတွင် ကြီးမားသော လျှို့ဝှက်ကြံစည်မှု တစ်စုံတစ်ရာ ရှိနေကြောင်း သူ အမြဲ သံသယဝင်ခဲ့သော်လည်း ရှာဖွေမတွေ့ခဲ့ပေ။

ဝိညာဉ်သန္ဓေသား အင်အားစုအများအပြား ပူးပေါင်းလိုက်သောအခါ၊ နောက်ဆုံးတွင် မိစ္ဆာမျိုးနွယ်စု၏ လျှို့ဝှက်ကြံစည်မှုကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤအကြောင်းကို တွေးမိပြီးနောက် ကျိုးစွေ့သည် တွန့်ဆုတ်မနေတော့ဘဲ သူ၏ ကိုယ်ပွားတစ်ခုကို ဝူကျိကျွန်းဆီသို့ ချက်ချင်းပင် စေလွှတ်လိုက်တော့သည်။

…………

နာရီဝက်ခန့်ကြာပြီးနောက်...။

ကျိုးစွေ့၏ ကိုယ်ပွားသည် ဝူကျိကျွန်းရှိ ဝူကျိခန်းမဆောင်ထဲသို့ ရောက်ရှိလာလေသည်။

ယခုအချိန်တွင် ဝူကျိမဟာမိတ်အဖွဲ့၏ ဝိညာဉ်သန္ဓေသား အကြီးအကဲ (၃၀) ကျော်တို့သည်လည်း ဤအစည်းအဝေးသို့ အသီးသီး တက်ရောက်လာကြပြီး၊ သခင်မမက်မွန်ပွင့်လည်း ဤနေရာတွင် ရှိနေလေသည်။

လန်ယွဲ့ရှီနှင့် အခြားသူများကမူ တက်ရောက်ခြင်းမရှိဘဲ ရွှမ်ဟွမ်ကျွန်းတွင် ကျန်နေရစ်ကာ ကျင့်ကြံနေကြသည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော အစည်းအဝေးမျိုးတွင် ကျိုးစွေ့နှင့် သခင်မမက်မွန်ပွင့် ပါဝင်လျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။

"တာအိုရောင်းရင်းကျိုး... နေကောင်းကျန်းမာရဲ့လား..."

"တာအိုရောင်းရင်းကျိုးကို နောက်တစ်ကြိမ် ပြန်တွေ့ရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲဗျာ..."

"ကြယ်သုံးပွင့်ကျွန်းစုက ကိစ္စတွေကို ကျုပ်တို့ ကြားပြီးပါပြီ... တာအိုရောင်းရင်းကျိုးက ကျုပ်တို့ လူသားမျိုးနွယ်စုရဲ့ ဂုဏ်ကို မြှင့်တင်ပေးလိုက်တာပါပဲ..."

"ဒါပေါ့ဗျာ... စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြားကို သတ်ဖြတ်လိုက်တာလေ... မိစ္ဆာမျိုးနွယ်စုကို အကြီးအကျယ် ခြိမ်းခြောက်လိုက်သလို ဖြစ်သွားတာ... ဒီကာလအတွင်း မိစ္ဆာမျိုးနွယ်စုက ကျုပ်တို့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပင်လယ်ပြင်ကို ကျူးကျော်ရဲခြင်း မရှိတာဟာ တာအိုရောင်းရင်းကျိုးရဲ့ ကျေးဇူးတွေချည်းပါပဲ..."

"ဟုတ်သားပဲ တာအိုရောင်းရင်းကျိုး... ကျုပ်မှာ သမီးတစ်ယောက် ရှိတယ်ဗျ... ရုပ်ရည်ကတော့ ပန်းပွင့်လေးလို လှတာ... တာအိုရောင်းရင်းရဲ့ ကိုယ်လုပ်တော်အဖြစ် ထားလို့ ရပါတယ်... ကျုပ်တို့နှစ်ယောက် ခမည်းခမက် တော်ကြတာပေါ့... တာအိုရောင်းရင်း ဘယ်လိုသဘောရလဲ..."

"ပေါက်ကရတွေ ပြောမနေနဲ့... ခင်ဗျားသမီး ရုပ်ရည်လောက်နဲ့များ တာအိုရောင်းရင်းကျိုးနဲ့ ဘယ်လိုလုပ် တန်မှာလဲ... ကျုပ်သမီးနဲ့ လက်ထပ်ပေးတာကမှ ပိုကောင်းဦးမယ်... ကျုပ်သမီးက အလှပဂေးလို့ နာမည်ကြီးပြီးသား... တင်ပါးဆုံလည်း ကားတော့ သားယောက်ျားလေး ဆယ်ယောက်လောက် သေချာပေါက် မွေးပေးနိုင်မှာ..."

ကျိုးစွေ့ ရောက်ရှိလာသည်ကို မြင်သောအခါ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးစီတိုင်း ရှေ့သို့တိုးလာပြီး နှုတ်ဆက်ကြကာ လေးစားသမှု ပြသကြလေသည်။

မည်သို့ပင်ဖြစ်စေ ယခုချိန်တွင် ကျိုးစွေ့၏ ဂုဏ်သတင်းမှာ အလွန် ကြီးမားနေသည် မဟုတ်ပါလော။

တစ်ကိုယ်တော်အင်အားဖြင့် စတုတ္ထအဆင့် မိစ္ဆာသားရဲတစ်ရာကျော်ကို သတ်ဖြတ်ခဲ့ရာ ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်သည် ဝူကျိမဟာမိတ်အဖွဲ့တွင် နံပါတ်တစ်ဟု ခေါ်ဆိုထိုက်ပေသည်။

ဝူကျိမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဝူကျိတာအိုအရှင်ပင်လျှင် သူ့နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ် အသန်မာဆုံးပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကိုပင် ဝိုးတဝါး ရရှိထားသည်။

ထို့အပြင် ကျိုးစွေ့သည် အလွန်တရာ ငယ်ရွယ်သေးသည်။ အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ဖြစ်လာရန် မျှော်လင့်ချက် ရှိနေသည်။

ကျိုးစွေ့အပေါ် သူတို့၏ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် သိသာလှသည်။ ဂိုဏ်းတူရောင်းရင်းကဲ့သို့ ဆက်ဆံနေခြင်း မဟုတ်ဘဲ စီနီယာတစ်ဦးကို ဆက်ဆံနေသကဲ့သို့ ဖြစ်နေချေသည်။

တစ်ယောက်စီတိုင်းမှာ ဖားယားနေကြပြီး မျက်နှာလိုမျက်နှာရ လုပ်နေကြတော့သည်။ သူတို့၏ သမီးများကိုပင် တစ်ဖက်လူနှင့် လက်ထပ်ပေးချင်နေကြသည်။

အကယ်၍ လက်ထပ်ထိမ်းမြားခြင်း အောင်မြင်သွားပါက အနာဂတ် နတ်ဘုရားအသွင်ပြောင်းအဆင့် သားမက်တစ်ယောက်ကို ရရှိမည် မဟုတ်ပါလော။

ဘယ်လိုပင်ကြည့်သည်ဖြစ်စေ တွက်ခြေကိုက်သော အရောင်းအဝယ်တစ်ခု ဖြစ်ပေသည်။

အတိုချုပ်ပြောရလျှင် ဤဝိညာဉ်သန္ဓေသား အကြီးအကဲများ၏ ဖော်ရွေမှုသည် ကျိုးစွေ့ကိုပင် ထွက်ပြေးစေချင်လောက်အောင် ဖြစ်ရစေသည်။

"ကဲပါ... ကဲပါ... ယဉ်ကျေးမနေကြပါနဲ့တော့..."

"အခုက ငါတို့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အစည်းအဝေးလေ... အပိုစကားတွေ ပြောမနေကြနဲ့..."

"အားလုံး တိတ်တိတ်နေကြ... အစည်းအဝေး ချက်ချင်း စမယ်..."

နောက်ဆုံးတွင် ဝူကျိတာအိုအရှင်က ကျိုးစွေ့အတွက် ဝင်ရောက် ဖြေရှင်းပေးလိုက်ရာ၊ အခြား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ငြိမ်သက်သွားကြရသည်။

သူသည် ဤမျက်နှာပြောင်တိုက်သော ဝိညာဉ်သန္ဓေသား အကြီးအကဲများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ တစ်ယောက်စီတိုင်းမှာ သူ၏သားမက်ကို ဖားယားချင်နေကြသည်မှာ တကယ်ကို ရိုင်းစိုင်းလွန်းလှသည်။

ဒါက ငါ့သမီးကို လာအမြတ်ထုတ်နေကြတာ မဟုတ်ဘူးလား။

အမှန်အတိုင်းဆိုရလျှင် ဤလူများက ဝူကျိမဟာမိတ်အဖွဲ့၏ အကြီးအကဲများ ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင်၊ ဤမျက်နှာပြောင်တိုက်သော ခွေးကောင်များကို ပါးရိုက်သတ်ပစ်လိုက်ပြီး ဖြစ်သည်။ ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာတောင် မရှိကြတော့ဘဲ ကိုယ့်သမီးကို အသုံးချပြီး နေရာရချင်နေကြသည်။

မှန်ပေသည်၊ ကံကောင်းထောက်မစွာဖြင့် သူသည် 'ရေနီးရာ ငါးရ' ဆိုသကဲ့သို့ သူ့သမီးကို တစ်ဖက်လူနှင့် စောစီးစွာ လက်ထပ်ပေးခဲ့ပြီး ခမည်းခမက် တော်စပ်ခဲ့ပြီး ဖြစ်သည်။

All Chapters