← Chapters

အခန်း (၄၃၅)

Vol. 41 Ch. 435

အခန်း (၄၃၅)

Vol. 41 Ch. 435

ထန်ထျန်းက အရှင်ချီ၏ ရှားရှားပါးပါး ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသည်။

အကြောင်းမှာ သူပြောလိုက်သည့် ဂဏန်းမှာ အလွန်ပင် အဓိပ္ပာယ်မရှိလွန်းနေသောကြောင့် ဖြစ်သည်။

အင်မော်တယ်အရှင် အဆင့် ကျင့်ကြံသူ ဆိုသည်မှာ ဂေါ်ဖီထုပ်ကဲ့သို့ အလွယ်တကူ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

အင်မော်တယ်အရှင် အဆင့်သို့ တက်လှမ်းရန်မှာ အခွင့်အရေး တစ်ခု လိုအပ်ပြီး အကယ်၍ ထိုအခွင့်အရေး ကို မရရှိပါက မည်မျှပင် ကြိုးစားစေကာမူ တစ်သက်လုံး အင်မော်တယ်ဘုရင် အဆင့်မှာသာ ရပ်တန့်နေရမည် ဖြစ်သည်။

တိမ်တိုက် ထျန်းဖူနန်းတော် တစ်ခုလုံး တွင် သွားလာ လှုပ်ရှား နေသော အင်မော်တယ်ဘုရင်များမှာ အနည်းဆုံး သောင်းဂဏန်းခန့် ရှိသည်။

သို့သော် ပြင်ပတွင် သွားလာ လှုပ်ရှား နေသည့် အင်မော်တယ်အရှင်များမှာမူ တစ်ထောင်ပင် မပြည့်ဘဲ အတော်များများမှာလည်း အရေးကြီးသော ရာထူးများကို တာဝန်ယူထားကြရသည်။

အတော်အတန် လွတ်လပ်သည့် အင်မော်တယ်အရှင်မှာ အများဆုံး သုံးရာခန့်သာ ရှိပေလိမ့်မည်။

မင်းက သက်တော်စောင့် ခေါ်တာနဲ့တင် အင်မော်တယ်အရှင် တစ်ဝက်ကျော်ကို အပိုင်သိမ်းချင်နေတာလား

ဒါက သက်တော်စောင့် ခေါ်တာလား

ဒါက ကိုယ်ပိုင်စစ်တပ် စုဆောင်းပြီး ပုန်ကန်ဖို့ ကြံစည်တာပဲ

အရှင်ချီက ထန်ထျန်း၏ ဤအဆိုပြုချက်ကို တိုက်ရိုက် ငြင်းပယ်လိုက်ပြီး တစ်စုံတစ်ဦး၏ သံသယကို မဖိတ်ခေါ်မိစေရန် အကန့်အသတ်ကို သတိထားဖို့ ပြင်းပြင်းထန်ထန် ဆုံးမလိုက်သည်။

ထန်ထျန်းကလည်း နားလည်ကြောင်း ထပ်တလဲလဲ ပြောလိုက်ရ၏။

နောက်ဆုံးတွင် ငှားရမ်းမည့် အင်မော်တယ်အရှင် အရေအတွက်ကို ငါးဆယ် သတ်မှတ်လိုက်ပြီး မည်သို့ပင်ဖြစ်စေ ဤဂဏန်းထက် မကျော်လွန်စေရဟု ဆုံးဖြတ်လိုက်သည်။

အကယ်၍ လိုအပ်နေသေးပါက အစွမ်းထက်သော အင်မော်တယ်ဘုရင် အချို့ကို သွားရှာခိုင်းလိုက်သည်။

ဤအရေအတွက်ကို ထန်ထျန်းက လက်ခံနိုင်ပြီး အဆင်မပြေပါက ငှားရမ်းမည့် သက်တမ်းကိုသာ ရှည်ရှည်ထားလိုက်ရန် စဉ်းစားလိုက်သည်။

"လတ်တလောမှာတော့ တကယ်ပဲ မငြိမ်မသက် ဖြစ်နေတာမို့ မင်းအနေနဲ့ သတိထားပြီး လုပ်ရမယ်။"

"တကယ်လို့ ဖြေရှင်းလို့မရတဲ့ အခက်အခဲ ရှိလာရင် ရှင်းဟယ် နန်းတော်သခင် ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါ။"

"သူက အပြင်မှာ ရှိနေပေမဲ့ ကိစ္စတော်တော်များများကို ဆုံးဖြတ်ပေးနိုင်ပါသေးတယ်။"

အရှင်ချီက သတိပေးလိုက်သည်။

ထန်ထျန်းကလည်း သူ သိကြောင်း ပြောလိုက်၏။

သို့သော် သူ၏ စိတ်အနက်ပိုင်းတွင်မူ ရှင်းဟယ် အင်မော်တယ်ဧကရာဇ် နှင့် လောလောဆယ်တွင် ပတ်သက်မှု အလွန်အကျွံ မရှိလိုသေးပေ။

အင်မော်တယ်ဧကရာဇ် နှင့် ကောင်းကင်ထိပ်ဆုံး မှာ တိုက်ရိုက် ထိတွေ့မှု ရှိနိုင်ပြီး ထိုနေရာမှာမူ...

ခဏမျှ ထပ်မံ စကားစမြည် ပြောပြီးနောက် သူတို့နှစ်ဦး၏ ဆက်သွယ်မှုကို ချ လိုက်ကြသည်။

သက်တော်စောင့် ကိစ္စမှာမူ လောလောဆယ်တွင် တစ်ခန်းရပ်သွားပြီ ဖြစ်ပြီး အရှင်ချီ မည်မျှ စွမ်းဆောင်နိုင်မည်နည်း ဆိုသည်နှင့် တာအိုကျောက်စိမ်းမှာ သူ ထင်ထားသကဲ့သို့ အင်မော်တယ်အရှင်များအပေါ် လုံလောက်သော ဆွဲဆောင်မှု ရှိမရှိကိုသာ စောင့်ကြည့်ရတော့မည်။

ဤကိစ္စများကို လုပ်ပြီးနောက် ထန်ထျန်းက သူ့အတွက် လအင်မော်တယ်ဝိုင် ကို ငှဲ့လိုက်ပြီး လောလောဆယ်တွင် လောနေသည့် စိတ်အခြေအနေကို ဖြည်းဖြည်းချင်း ပြန်လည် ငြိမ်သက်အောင် လုပ်လိုက်သည်။

ထမင်းကို တစ်လုပ်ချင်း စားရမည် ဖြစ်သလို မည်သည့် ကိစ္စမဆို အချိန် တစ်ခု ရှိပေသည်။

အစီအစဉ် သုံးခုလုံးကို စတင်လိုက်ပြီးနောက် ရလဒ်ကို အရင်ကြည့်ပြီးမှ အနာဂတ်တွင် မည်သို့ ဆက် လုပ်ရမည်ကို ဆုံးဖြတ်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ငါးဆယ် ထရီလီယံ ဟူသော ပန်းတိုင်ကိုမူ သူ အစွမ်းကုန် ကြိုးစားပြီး အကောင်အထည်ဖော်မည် ဖြစ်သည်။

မတတ်နိုင်ပေ၊ ငါတို့က ဒီလောက်အထိ ဂရုတစိုက် နေ တတ်သူ ဖြစ်နေသည် မဟုတ်ပါလား။

ပြိုင်ဘက်ကင်းနိုင် သည့် အခွင့်အရေး ရှိနေမှတော့ ပြိုင်ဘက်ကင်း ဖြစ်သွားသည့် အထိ ဂရုတစိုက် ကျင့်ကြံပြီးမှသာ ကောင်းကင်ထိပ်ဆုံး သို့ သွားမည် ဖြစ်သည်။

သုံးစွဲမှု ကိစ္စများ တစ်ခန်းရပ်သွားပြီးနောက်တွင်မူ သူ၏ ကိုယ်ပိုင်ကိစ္စများပင် ရှိသေးသည်။

ပထမဦးစွာ ကောင်းကင်ထိပ်ဆုံး သို့ သွားရန် တက်လှမ်းခွင့် ကို ရယူရမည် ဖြစ်သည် ၊ သို့မဟုတ်ပါက အင်မော်တယ်ဧကရာဇ် အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး မရှိသဖြင့် အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ယခုတွင် နှစ်ကုန်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထုန်းရှန့်တောင် ညီလာခံ မှာလည်း မကြာမီ စတင်တော့မည် ဖြစ်သည်။

ထုန်းရှန့်တောင် ညီလာခံသို့ တက်ရောက်ရန် အဆင့်သတ်မှတ်ချက် မှာ မြင့်မြတ်ရွှေ အင်မော်တယ် အဆင့် ဖြစ်ပြီး သူက ယခုအခါ အရည်အချင်း ပြည့်မီနေပြီ ဖြစ်ရာ ထိုအချိန်တွင် ကျင့်ကြံခြင်း အဆင့် စစ်ဆေးမှု တစ်ခု ပြုလုပ်ရန်သာ လိုအပ်သည်။

ထုန်းရှန့်တောင် ညီလာခံပြီးနောက်တွင် ရှန်းယွမ် စင်မြင့်၊ မြင့်မြတ်သားတော် ၊ နတ်ဘုရားသားတော် စသည့် အရာအားလုံးမှာ မသိ ရသေးသည့် အခြေအနေတွင်သာ ရှိနေသေးသည်။

သို့သော် မိုရှောင်းရှောင်း ပြောဖူးသည်မှာ မြင့်မြတ်သားတော် အုပ်စုများအတွင်း၌ပင် အင်မော်တယ်အရှင် အဆင့် ကျင့်ကြံသူများ ရှိနေသည် ဆိုရာ နတ်ဘုရားသားတော်များ၏ အစွမ်းမှာ ပို၍ပင် အားကောင်းပေလိမ့်မည်။

ထန်ထျန်းတွင် အင်မော်တယ်အရှင်ကို ချက်ချင်း သတ်ဖြတ်နိုင်သည့် စွမ်းရည် ရှိသော်လည်း ထိုကဲ့သို့သော နည်းလမ်းများကို သာမန်အချိန်တွင် မလိုအပ်ဘဲ အသုံးမပြုမိစေရန် အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမည် ဖြစ်ပြီး မလိုအပ်သော ပြဿနာများကို ရှောင်ရှားရမည် ဖြစ်သည်။

ဒါကြောင့် နောက်ပိုင်းတွင် သူက ကျင့်ကြံခြင်းကို ကောင်းကောင်း လုပ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို အလျင်အမြန် မြှင့်တင်သွားရမည် ဖြစ်သည်။

ကံကောင်းသည်မှာ သူက ယခုအခါ ဘာမှ မလိုအပ်တော့သဖြင့် အလေးအနက် ကျင့်ကြံရန်သာ လိုအပ်သည်။

နောက်ထပ် အချက်မှာ နောင်တွင် သုံးစွဲမှုအမှတ်များဖြင့် ပစ္စည်းများ လဲလှယ်သည့်အခါ နိယာမ နှင့် ကမ္ဘာ့မူလ များကိုသာ ပထမဦးစားပေး အနေဖြင့် လဲလှယ်ရမည် ဖြစ်သည်။

စဉ်းစားနေရင်းနှင့်ပင် လအင်မော်တယ်ဝိုင် မှာ ဗိုက်ထဲသို့ ဆက်တိုက် ရောက်ရှိသွားပြီး အချိန်များမှာလည်း တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည်။

ရုတ်တရက် အပြင်ဘက်မှ အစီအရင်မှာ တစ်စုံတစ်ဦး၏ ထိတွေ့မှုကို ခံလိုက်ရပြီး သူ မည်သူဖြစ်ကြောင်း ပြသသည့် ကျောက်စိမ်းပြား တစ်ခုမှာ ပျံသန်း ဝင်ရောက်လာခဲ့သည်။

ရောက်လာသူမှာ မိုရှောင်းရှောင်း ဖြစ်သည်။

ထန်ထျန်းက မတ်တတ်ရပ်လိုက်ပြီး အစီအရင်ကို ဖွင့်ပေးလိုက်သည်။

ယခုတစ်ကြိမ်တွင် မိုရှောင်းရှောင်း တစ်ဦးတည်းသာ ဖြစ်သည်။

"အစ်ကိုထန်"

မိုရှောင်းရှောင်းက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

" အားနာမနေပါနဲ့၊ ဝင်လာပြီး ထိုင်ပါဦး။"

ထန်ထျန်းက ပြုံး၍ ပြောသည်။

ထို့နောက် သူတို့နှစ်ဦးက ခြံဝင်းအတွင်းရှိ ကျောက်စားပွဲဘေးတွင် ထိုင်လိုက်ကြသည်။

"အစ်ကိုထန် ကို အရင်ဆုံး ဂုဏ်ပြုရမှာပဲ။"

မိုရှောင်းရှောင်းက ပြုံးလျက် ပြောသည်။ "ဒီတစ်ခေါက် နေလအင်မော်တယ်နန်းတော် ခရီးစဉ်မှာ ထျန်းဖူနန်းတော် အတွက် အများကြီး စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ ကြားတယ်။"

"မိုရှု ပြောပြတာကတော့ ပုံမှန်ဆို ပြုံးခဲတဲ့ မင်ရွှမ်အင်မော်တယ်အရှင် တောင်မှ ရှင့်ကို အတော်လေး ချီးကျူးနေတယ် ဆိုပဲ။"

ထန်ထျန်းက ရယ်မောလျက် "ဘာမှ မဟုတ်ပါဘူး။"

"ဒါက ပုံမှန် ပါပဲ~"

ပြောရင်းနှင့် သူက မိုရှောင်းရှောင်း အတွက် အခြား အင်မော်တယ်ဝိုင်များကို ငှဲ့ပေးလိုက်သည်။

သူတို့နှစ်ဦးမှာ မိတ်ဆွေဟောင်းများ ဖြစ်ကြသဖြင့် မည်သည့်အရာကိုမဆို ပွင့်ပွင့်လင်းလင်း ပြော၍ ရပေသည်။

ဝိုင်တစ်ခွက်စီ သောက်ပြီးနောက် မိုရှောင်းရှောင်းက အဓိက အကြောင်းအရာသို့ တန်း ပြော လိုက်သည်။

"ကျွန်မ က အဲဒီကိစ္စရဲ့ အသေးစိတ် အခြေအနေတွေကို လာပြောပြတာ။"

သူမက အသံကို နှိမ့်လိုက်ပြီး ပြောသည်။ "ဒီကိစ္စက အရမ်းကို ထူးဆန်းနေတယ်။"

"စည်းကမ်းထိန်းသိမ်းရေးခန်းမ အကြီးအကဲ ကိုယ်တိုင် ထွက်လာသလို ဝမ်ကျိယွီ ကလည်း ကောင်းကင်ထိပ်ဆုံး ကနေ ယူလာတဲ့ အစွမ်းထက် ပစ္စည်း အချို့ကို ထုတ်သုံးခဲ့ပေမဲ့ လုချန်းကျီ နဲ့ ပတ်သက်တဲ့ သက်သေကိုတော့ ရှာမတွေ့သေးဘူး။"

"ဒါပေမဲ့ ရှင် ခန့်မှန်းကြည့် သူတို့ ဘာကို တွေ့လိုက်ရလဲ"

ထန်ထျန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

မိုရှောင်းရှောင်းက ပြောသည်။ "အဲဒီ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ သေဆုံးမှုမှာ ထျန်းဖူနန်းတော် အတွင်းပိုင်းက တခြား အင်အားစု အများကြီးနဲ့ ပတ်သက်နေတာကို သူတို့ တွေ့လိုက်ရတယ်"

"အဲဒီ အင်အားစုတွေကလည်း တော်တော်လေးကို ကြောင်အမ်းအမ်း ဖြစ်နေကြပေမဲ့ တွေ့ရှိရတဲ့ သက်သေတွေအရ သူတို့က ဒီလူသတ်မှုတွေနဲ့ ဖုံးကွယ်ထားလို့မရတဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ ပြနေတယ်။"

"အခုတော့ ထျန်းဖူနန်းတော် ရဲ့ အဆင့်မြင့်ပိုင်းတွေက စပြီး ရှုပ်ထွေးကုန်ကြပြီ။"

ထန်ထျန်းက ချက်ချင်း တိတ်ဆိတ်သွားမိသည်။

ဤကိစ္စ ဖြစ် လာပုံမှာ နားထဲတွင် အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း

ယခင်က ချင်းယွဲ့ဂိုဏ်း တွင် ရှိစဉ်ကလည်း အချို့သော အင်အားစုများမှာ အကြောင်းရင်းမရှိဘဲ ဤသို့ပင် ပတ်သက်မှုများ ရှိလာခဲ့သည်။

သူက မိုရှောင်းရှောင်းအား သူ၏ အတွေးများကို ပြောပြလိုက်သည်။

သို့သော် မိုရှောင်းရှောင်းက ခေါင်းခါလျက် ပြောသည်။ "အစက ကြားကြားချင်းမှာ ကျွန်မ လည်း အဲဒီအချက်ကို တွေးမိခဲ့တယ်။"

"ဒါပေမဲ့ မဖြစ်နိုင်ဘူး။"

"ထျန်းဖူနန်းတော် က ချင်းယွဲ့ဂိုဏ်း နဲ့ မတူဘူး၊ အဓိက နန်းတော် ရဲ့ အခြေအနေက အရမ်း ခိုင်မာလွန်းတာကြောင့် ဘယ်သူကမှ လှုပ်ခါလို့ မရဘူး အင်အားစု အားလုံး ပေါင်းလိုက်ရင်တောင် မရဘူး"

"ဒါကြောင့် သူတို့အနေနဲ့ အဲဒီ အင်အားစုတွေကို နှိမ်နင်းဖို့ ဒီလို နည်းလမ်းမျိုး သုံးစရာ မလိုဘူး။"

"တကယ်လို့ တစ်ခုခု သစ္စာဖောက်ချင်တဲ့ အင်အားစု ရှိလာခဲ့ရင်တောင် ထျန်းဖူနန်းတော် က လျှပ်စီးလို မြန်ဆန်တဲ့ နည်းလမ်းနဲ့ တိုက်ရိုက် ရှင်းပစ်လိုက်ရုံပဲ။"

ထန်ထျန်းက အသာအယာ ခေါင်းညိတ်လိုက်သည်။

မှန်ပေသည်၊ နေရာ ဒေသအလိုက် အခြေအနေချင်း မတူညီရာ၊ အဓိက နန်းတော်ဘက်မှ ဤသို့သော ကိစ္စမျိုးကို လုပ်ရန် အကြောင်းပြချက် မရှိပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက မေးလိုက်သည်။ "ဝမ်ကျိယွီ ကရော ဘာပြောလဲ"

မိုရှောင်းရှောင်းက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ခေါင်းခါလျက် ပြောသည်။ "ဝမ်ကျိယွီ တစ်ယောက် ရူးမတတ် ဖြစ်နေပြီ။"

"သူကတော့ ဒါဟာ လုချန်းကျီ ရဲ့ အစီအစဉ်ပဲ ဖြစ်ရမယ်၊ လုချန်းကျီ က ကိစ္စကြီးတစ်ခုခု လုပ်ဖို့ ကြံစည်နေတာလို့ပဲ အခိုင်အမာ ပြောနေတုန်းပဲ။"

"ထျန်းဖူနန်းတော် ရဲ့ အဆင့်မြင့်ပိုင်းတွေကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို အလွန်အမင်း သံသယ မရှိကြပေမဲ့ မတတ်နိုင်ဘူးလေ။"

"သက်သေအချို့နဲ့ သဲလွန်စအချို့ကို တွေ့ထားပြီးပြီ ဆိုတော့ စည်းကမ်းထိန်းသိမ်းရေးခန်းမ အနေနဲ့ ဒီသဲလွန်စအတိုင်းပဲ ဆက်ပြီး စုံစမ်းရတော့မယ်၊ ဒါကြောင့် နောက်ဆုံးမှာတော့ ပစ်မှတ်က သံသယဖြစ်ခံရတဲ့ အင်အားစုတွေဆီပဲ ဦးတည်သွားတော့မှာ။"

ထန်ထျန်းက သက်ပြင်းအသာအယာ ချလိုက်ပြီး လအင်မော်တယ်ဝိုင် တစ်ခွက်ကို မော့ချလိုက်သည်။

ဤကဲ့သို့သော နည်းလမ်းမှာ လုချန်းကျီ ၏ စတိုင်နှင့် အလွန်တူလှသည်၊ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး လက်တစ်ဖက်ဖြင့် တိမ်တိုက်များကို ဖန်တီးကာ အခြားလက်တစ်ဖက်ဖြင့် မိုးရွာစေနိုင်သည့် အစွမ်းမျိုးပင်။

ဝမ်ကျိယွီ ကဲ့သို့ သန်မာသူပင် ယခုတစ်ကြိမ်တွင်မူ အချုပ်အနှောင် ခံလိုက်ရပုံရသည်။

"ဘယ်လို အင်အားစုတွေ ပါဝင် ပတ်သက်နေတာလဲ"

ထန်ထျန်းက မေးလိုက်သည်။

မိုရှောင်းရှောင်းက လေးနက်စွာ ပြောသည်။ "မနည်းဘူး။"

"ပြီးတော့ အားနည်းတဲ့ အင်အားစု တွေလည်း မဟုတ်ဘူး"

"အများစုက အလယ်အလတ်နဲ့ အဆင့်မြင့် အင်အားစုတွေ ဖြစ်တဲ့ ရှင့်ကို ပြဿနာ လာရှာဖူးတဲ့ တိုက်ပွဲသူတော်စင်မျှော်စင် လိုမျိုးတွေပေါ့။"

"ထိပ်တန်း အင်အားစုတွေလည်း ပါတယ်။"

"ဥပမာ လင်းရှောင်တောင်ကြား နဲ့ ကောင်းခြင်းဆိုးခြင်း ခန်းမ ပေါ့"

ထန်ထျန်းက ချက်ချင်း မှင်တက်သွားမိသည်။

"ကောင်းခြင်းဆိုးခြင်း ခန်းမ တောင် ပါနေတာလား"

All Chapters