ကျန့်ဟွမ်းတောင်
Vol. 41 Ch. 438
ကျန့်ဟွမ်းတောင်
တစ်ခါက ဤတောင်သည် ထျန်းဖူနန်းတော်အတွင်းရှိ ထျန်းချီတောင်မှလွဲလျှင် အခိုင်မာဆုံးနှင့် အကြီးကျယ်ဆုံးသော ပင်မတောင်ထိပ်တစ်ခု ဖြစ်ခဲ့ဖူးသည်။
ထျန်းဖူနန်းတော်၏ ပြင် တိုက်ခိုက်ရေး အင်အားစုအနေဖြင့် ကျန့်ဟွမ်းတောင်တွင် ကျင့်ကြံသူ များမှာ တိမ်တိုက်ကဲ့သို့ ထူထပ်လှပြီး တိုက်ပွဲစွမ်းရည်မှာလည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းကာ ခန့်ညားထည်ဝါလှပေသည်။
အချိန်ကာလ ကြာမြင့်စွာအထိ ဤအမည်ကို ကြားလိုက်ရုံမျှဖြင့် ပြင်ပအင်အားစုများမှာ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြရသည်။
သူတို့၏ နည်းလမ်းများမှာ ပြတ်သားပြီး အလွန်အင်အားကြီးမားလှရာ ထျန်းဖူနန်းတော်၏ အစောပိုင်းနှင့် အလယ်ပိုင်းကာလ တည်ငြိမ်မှုများအတွက် ကြီးမားသော စစ်ကောင်းကျိုးများကို တည်ဆောက်ပေးခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အရာအားလုံးမှာ ပြောင်းလဲသွားခဲ့သည်။
ထျန်းဖူနန်းတော်၏ အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ် လာပြီး ပြင်ပသို့ ပျော့ပျောင်းသောမူဝါဒများ စတင်ကျင့်သုံးလာသည်နှင့်အမျှ ကျန့်ဟွမ်းတောင်၏ အဆင့်အတန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် နိမ့်ကျလာခဲ့သည်။
ပါရမီရှင်များ အကြီးအကျယ် ဆုံးရှုံးခဲ့သလို တစ်ခါက အဆင့်မြင့်ပိုင်း ပုဂ္ဂိုလ်များမှာလည်း အနားယူသူက အနားယူ၊ ပြောင်းရွှေ့သူက ပြောင်းရွှေ့ကုန်ကြသည်။
တစ်ခါက ထျန်းဖူနန်းတော်၏ အင်အားအကြီးဆုံးသော အဖွဲ့အစည်းကြီးက ယခင်က ဂုဏ်ရောင်များကို မပိုင်ဆိုင်နိုင်တော့ပေ။
ယခုအချိန်တွင် ထျန်းဖူနန်းတော်အတွင်း၌ပင် ဤအမည်ကို သိပ်မကြားဖူးသူများစွာ ရှိနေပြီဖြစ်ရာ တပည့်များအတွက် သီးသန့်ဖြစ်သော ထုန်းရှန့်တောင်၏ ကျော်ကြားမှုမှာပင် ကျန့်ဟွမ်းတောင်ထက် ပို၍ ကြီးမားနေသေးသည်။
ခန့်ညားထည်ဝါဆဲဖြစ်သော တောင်ပေါ်တွင် နေရာအနှံ့၌ ပျက်စီးယိုယွင်းမှုများ ရှိနေပြီး အဆောက်အဦး အတော်များများမှာလည်း နှစ်ရှည်လများ ပြုပြင်ထိန်းသိမ်းမှု မရှိသောကြောင့် ဟောင်းနွမ်းနေကာ အချို့မှာ ပြိုကျနေပြီဖြစ်သည်။
သာမန်အချိန်များတွင် အခြားသော ပင်မတောင်ထိပ်များကဲ့သို့ စည်ကားခြင်းမရှိဘဲ သွားလာနေသူများမှာလည်း အလောတကြီး ဖြစ်နေတတ်ကြသလို သို့မဟုတ် အလွန်အမင်း အေးဆေးစွာဖြင့် ဤနေရာတွင် လာရောက်အနားယူ နေကြသူများသာ ဖြစ်သည်။
သို့သော် ယနေ့တွင်မူ ကျန့်ဟွမ်းတောင်ပေါ်သို့ စိမ်းသက်သော မျက်နှာများစွာ ရောက်ရှိလာကြသည်။
သေချာကြည့်လိုက်လျှင်မူ ထိုသူအများစုမှာ ကုန်သည်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး တပည့်များ သို့မဟုတ် အကြီးအကဲများမှာမူ များများစားစား မရှိကြပေ။
"ကျစ်... ပိုက်ဆံထုတ်ပေးရမယ့် အချိန်ကို ပြန်ရောက်လာပြန်ပြီပဲ။"
ကုန်သည်အချို့ အတူတူ လမ်းလျှောက်လာကြစဉ် သူတို့၏ မျက်နှာများမှာ ကြည့်မကောင်းလှဘဲ စိတ်ပျက်အားလျော့နေသော ပုံစံများ ဖြစ်နေကြသည်။
"ဟုတ်ပဗျာ၊ နှစ်စတုန်းကမှ အခွန်တစ်ခါ ဆောင်ထားရသေးတယ်၊ အခု နှစ်တောင်မကုန်သေးဘူး အခွန်ထပ်ဆောင်ရဦးမှာလား"
"ဒီကိစ္စကို ကျန့်ဟွမ်းတောင်က လွှဲပြောင်းယူပြီးကတည်းက ဘယ်တုန်းကမှ ပုံမှန်မရှိတော့တာ။"
ကုန်သည်တစ်ဦးက ခေါင်းခါရင်း သက်ပြင်းချသည်။
အခြားတစ်ဦးကမူ ရှင်းပြသည်။ "ကျွန်တော် ကြားထားတာတော့ ရှိတယ်။"
"ပြီးခဲ့တဲ့ အတောအတွင်း ထျန်းဖူနန်းတော်ရဲ့ ပြင်ပလှုပ်ရှားမှုတွေက တိုးတက်မှု အတော်လေး ရခဲ့တယ်တဲ့၊ သြဇာညောင်းတဲ့ အင်အားစုတစ်ခုကို အောင်အောင်မြင်မြင် သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပဲ။"
"ကြားရတာတော့ အဲဒီအင်အားစုကို သိမ်းပိုက်ပြီးနောက်မှာ ဒီကမ္ဘာပေါ်မှာ ကန့်ကွက်မယ့် အသံတွေ မရှိတော့ဘူးတဲ့။"
"ဒါကြောင့် ကျန့်ဟွမ်းတောင်က အခွန်ကို အချိန်စောပြီး ကောက်တာ ဖြစ်လိမ့်မယ်။"
သူတို့က ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
ဤကဲ့သို့သော အောင်မြင်မှုမှာ ထျန်းဖူနန်းတော်အတွက် သေချာပေါက် ကောင်းသောကိစ္စ ဖြစ်သော်လည်း သူတို့၏ မျက်နှာပေါ်တွင်မူ စိတ်လှုပ်ရှားသည့် အရိပ်အယောင်မျှ မရှိဘဲ တစ်ယောက်ထက်တစ်ယောက် ပို၍ မျက်နှာပျက်နေကြသည်။
အကြောင်းမှာ အောင်မြင်မှု ကြီးမားလေလေ ငွေကြေး ပို၍ လိုအပ်လေလေဖြစ်သောကြောင့်ပင်။
ထိုငွေများမှာမူ သူတို့ကဲ့သို့သော ဝမ်ပေါင်ရေကန်မှ ကုန်သည်များထံမှသာ ထွက်လာခြင်း ဖြစ်သည်။
ဒါကို သူတို့က ဘယ်လိုလုပ် ပျော်နိုင်ပါ့မလား။
"ဒီတစ်ခါ ဘယ်လောက်တောင် ထပ်ဆောင်ရမလဲ မသိဘူး။"
တစ်ဦးက ပြောသည်။
အခြားတစ်ဦးက ခေါင်းခါလျက် "နည်းမှာတော့ မဟုတ်ဘူး၊ ပုံမှန်ဆိုရင် ၂၀% ပေးရတာ၊ ဒီတစ်ခါတော့ ၃၀% လောက် ဖြစ်သွားနိုင်တယ်။"
ထိုစကားအဆုံးတွင် ကျန်ရှိသူများမှာလည်း သက်ပြင်းကိုယ်စီ ချလိုက်ကြတော့သည်။
"၃၀% ဟုတ်လား... ကျွန်တော်တို့မှာ ရှင်သန်ဖို့တောင် ခက်ခဲနေတာ၊ ဝင်ငွေရဲ့ ၅၀% လောက်က ပုံမှန် လည်ပတ်မှုတွေမှာ သုံးရတာ၊ လက်ဆောင်ပေးတာတို့ ဧည့်ခံတာတို့နဲ့တင် ၂၀% လောက်က ကုန်နေပြီ။"
"အခု ကျန့်ဟွမ်းတောင်က ၃၀% ယူမယ်ဆိုရင် ကျွန်တော်တို့မှာ တိုးတက်ဖို့အတွက် ဘယ်မှာ ရံပုံငွေ ကျန်တော့မှာလဲ"
"ဒီအလုပ်က တကယ်ကို လုပ်ရကိုင်ရ ခက်လာပြီဗျာ။"
သူတို့မှာ ညှိုးငယ်သော မျက်နှာများဖြင့် ညည်းညူနေကြသည်။
သို့သော် ထိုအချိန်တွင်ပင် ဘေးဘက်မှ မဆီမဆိုင် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ဟားဟားဟား..."
ထိုသူမှာ အဖိုးကြီးတစ်ဦးဖြစ်ပြီး ဝမ်ပေါင်ရေကန်ရှိ ကုန်သွယ်ရေးအသင်းတစ်ခု၏ အသင်းခေါင်းဆောင် ဖြစ်သည်။
သို့သော် ထိုအဖိုးကြီး၏ စိတ်ဓာတ်နှင့် ပုံစံမှာ ဤဘက်ရှိ လူများနှင့် လုံးဝ ခြားနားနေသည်။
ရင်ကိုကော့၊ ခေါင်းကိုမော့ကာ လမ်းလျှောက်လျှင်ပင် လေထွက်နေသကဲ့သို့ တက်ကြွနေပေသည်။
လူအချို့မှာ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဒါ အဘိုးကြီးချန်း မဟုတ်လား။ သူ့အသင်းက အကြီးအကျယ် ဖိနှိပ်ခံနေရလို့ ဗျာများနေတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက် ပျော်နေရတာလဲ"
တစ်ဦးက နားမလည်နိုင်စွာ မေးလိုက်သည်။
အခြားတစ်ဦးကမူ တိုးတိုးလေး ပြောသည်။ "မင်း မသိသေးဘူးလား၊ အဘိုးကြီးချန်းက သူ့အသင်းကို ထျန်းရှထုန်ဆီ ရောင်းလိုက်ပြီလေ။"
ထိုစကားကို ကြားသောအခါ ကုန်သည်တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အသံကို တမင်မြှင့်ကာ ပြောသည်။ "ကိုယ့်အသင်းကိုယ် ရောင်းစားတဲ့လူက ငါတို့နဲ့ အတူတူ နေဖို့ ဘယ်မှာ အရည်အချင်း ရှိတော့မှာလဲ"
အဘိုးကြီးချန်းမှာ သေချာပေါက် ကြားလိုက်ရသော်လည်း သူက ဘာမှ ပြန်မပြောဘဲ ပြုံးမြဲပြုံးနေဆဲ ဖြစ်သည်။
"ဟားဟားဟား..."
သူ၏ ရယ်သံမှာ လှောင်ပြောင်သည့် အရိပ်အယောင်များ ပါနေသည်မှာ ထင်ရှားလှသည်။
ကုန်သည်တစ်ဦးမှာ မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ "မင်းက ဘာတွေ သဘောကျနေတာလဲ။ မင်း အသင်းကို ထျန်းရှထုန်ဆီ ရောင်းလိုက်လို့ ကိုယ်ပိုင်လွတ်လပ်ခွင့် အချို့ ရထားတယ်ဆိုပေမဲ့ နောင်ကျရင် လုံးဝ ဝါးမျိုခံရမှာပဲ၊ အဲဒီကျရင်တော့ မင်း ဘယ်မှာ သွားငိုရမလဲ မသိဘူးနော်"
အဘိုးကြီးချန်းက သူ့ကို စောင်းကြည့်လိုက်ပြီး "ဟားဟားဟား..."
ထိုကုန်သည်မှာ အောင့်သက်သက် ဖြစ်သွားပြီးနောက် မကျေမနပ်ဖြင့် ထပ်ပြောသည်။ "မင်း ထျန်းရှထုန်ဆီ ခိုလှုံလိုက်လို့လည်း ဘာထူးခြားတဲ့ အကျိုးကျေးဇူးမှ ရတာ မဟုတ်ဘူး၊ အခုလည်း ငါတို့နဲ့အတူ ကျန့်ဟွမ်းတောင်ကို လာနေရတာပဲ မဟုတ်လား။"
အဘိုးကြီးချန်း "ဟားဟားဟား..."
ကုန်သည်က မျက်မှောင်ကြုတ်လျက် "ထျန်းရှထုန်က မင်းအတွက် အခွန်ဆောင်ပေးမယ်လို့တော့ မထင်နဲ့နော်၊ ဒါက ဒီနှစ်မတိုင်ခင်က အခွန်တွေ"
အဘိုးကြီးချန်းက ခပ်ပြုံးပြုံးဖြင့် "ဟားဟားဟား..."
ကုန်သည်မှာ ချက်ချင်း မှင်တက်သွားပြီး "ဟေ့... ထျန်းရှထုန်က တကယ်ပဲ မင်းအတွက် အခွန်ဆောင်ပေးမလို့လား"
အဘိုးကြီးချန်း "ဟားဟားဟား..."
ကုန်သည်မှာ ဒေါသထွက်သွားပြီး "မင်းက ဘာတွေ ဟားဟား လုပ်နေတာလဲ ဒါက တကယ်လားဆိုတာ မြန်မြန်ပြောစမ်း"
အဘိုးကြီးချန်း "ဟားဟားဟား..."
ကုန်သည် "သောက် ..."
....
ဝမ်ပေါင်ရေကန်မှ ကုန်သည်များမှာ မကြာမီမှာပင် ကျန့်ဟွမ်တောင် ထိပ်သို့ ရောက်ရှိလာကြသည်။
အနက်ရောင် ခန့်ညားသော အဆောက်အဦးကြီးတစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာတော့သည်။
"ဒါက ကျန့်ဟွမ်းခန်းမကြီးပဲ၊ အရင်က ကျန့်ဟွမ်းတောင်ရဲ့ အဓိက ရုံးစိုက်ရာနေရာပေါ့။"
"တစ်ခါတုန်းက ပြင်ပအင်အားစု ခေါင်းဆောင်တွေ၊ ဂိုဏ်းအသီးသီးက ဘိုးဘေးတွေဟာ ဒီနေရာမှာ သူတို့ရဲ့ မာန်မာနတွေကို လျှော့ချပြီး ခေါင်းငုံ့ခဲ့ကြရတာ။"
မိုကျွင်း က ပြောသည်။
ထန်ထျန်းက သူ၏ ဘေးတွင် ရပ်နေပြီး ရှေ့မှ ခန့်ညားထည်ဝါလှသော ခန်းမကြီးကို ငြိမ်သက်စွာ ကြည့်နေမိသည်။
အနည်းငယ် ပျက်စီးနေပြီ ဖြစ်သော်လည်း စည်းကမ်းထိန်းသိမ်းရေးခန်းမထက်တော့ အဆင့်မနိမ့်လှပေ။
၎င်း၏ အထွတ်အထိပ် ရောက်ခဲ့သော အချိန်ကာလကို မှန်းဆကြည့်၍ ရပေသည်။
"ဒါက ကုသိုလ် ခန်းမ တစ်ခုလိုပါပဲလား။"
ထန်ထျန်းက ပြောသည်။
မိုကျွင်းက ပြုံးလျက် "ဟုတ်တာပေါ့၊ ဒါပေမဲ့ နှမြောစရာ ကောင်းတာက..."
"ဒါနဲ့ ထန်သခင်လေး ဒီတစ်ခါ ပြန်လာတာကလည်း နာမည်က ဟိုးဟိုးကျော်နေပြန်ပြီနော်၊ ဝမ်ပေါင်ရေကန် တစ်ခုလုံး ပြောင်းပြန်လှန်ပစ်မတတ် ဖြစ်နေပြီ။"
သူက တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်ခြင်း ဖြစ်သည်။
ထန်ထျန်းက လက်ကာပြလျက် "အပိုပြောနေပါပြီ၊ အပိုပြောနေပါပြီ။"
"ကျွန်တော်က အမြဲတမ်း အေးအေးဆေးဆေး နေတတ်တဲ့လူပါ၊ လှုပ်ရှားမှု အကြီးကြီးတွေ လုပ်ရတာ မကြိုက်ပါဘူး။"
မိုကျွင်းက ထန်ထျန်းကို မျက်လုံးပြူးကြည့်လိုက်ပြီး "ငါ သာ ဝမ်ပေါင်ရေကန်မှာ မရှိခဲ့ရင် မင်း စကားကို တကယ် ယုံမိတော့မှာ။"
"ဟိုတစ်နေ့ကပဲ ငါ့ ညီမလေး က မင်း လှုပ်ရှားမှု အကြီးကြီးတွေ လုပ်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောနေသေးတယ်။"
"ဒါပေမဲ့ နောက်နေ့မှာပဲ ငါ့ ဆီ လာပြီး သက်ပြင်းတွေချလို့ 'ထန်ထျန်း ညီမလေး ကို ညာတယ်' ဆိုပြီး အော်နေတာ"
"ငါ ပြောလိုက်မယ်၊ မင်း ငါ့ ညီမလေး ရဲ့ ထိခိုက်သွားတဲ့ နှလုံးသားကို သေသေချာချာ ပြန်ကုစားပေးရမယ်နော်။"
ထန်ထျန်းက ရယ်မောလျက် "ရှောင်းရှောင်းက အဲဒီလောက် ကြံ့ခိုင်တဲ့လူပဲ၊ ဘယ်မှာ ဒီလောက် အလွယ်တကူ ထိခိုက်ပါ့မလဲ။"
"နောက်နေ့ကျရင် ရှောင်းရွှယ်ကို ထမင်း ဝိုင်း ပြင်ခိုင်းလိုက်မယ်၊ အဲဒီအခါကျရင် သူ့ကို ဖိတ်ပြီး ကောင်းကောင်း ကျွေးလိုက်ပါ့မယ်။"
မိုကျွင်းက ထန်ထျန်းကို စောင်းကြည့်လိုက်ပြီး "မင်းမှာ အသိတရား ရှိသေးလို့ တော်သေးတာပေါ့။"
သူတို့နှစ်ဦးမှာ ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ဤနေရာတွင် စုဝေးလာကြသော ဝမ်ပေါင်ရေကန်မှ ကုန်သည်များမှာ ပို၍ များပြားလာသည်။
နောက်ဆုံးတွင် ကျန့်ဟွမ်းခန်းမကြီး၏ တံခါးမကြီး ပွင့်လာပြီး လူရိပ်အချို့ ထွက်လာခဲ့သည်။
"အားလုံးပဲ။"
"အထဲကို ကြွကြပါဗျာ ။"