← Chapters

လူစိတ်ဝင်စားခံချင် သူ

Vol. 41 Ch. 440

လူစိတ်ဝင်စားခံချင် သူ

Vol. 41 Ch. 440

အကြီးအကဲ၏ ဆက်တိုက်ဖတ်ကြားမှုနှင့်အတူ ဝမ်ပေါင်ရေကန်ရှိ ကုန်သွယ်ရေးအသင်းနှင့် လုပ်ငန်းပေါင်း ခြောက်ထောင်ကျော်လုံး၏ စာရင်းဇယားများ တိုက်ဆိုင်စစ်ဆေးခြင်း ပြီးဆုံးသွားခဲ့သည်။

၎င်းမှာ အလွန်ပင် ရှည်လျားလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ ထိုအတောအတွင်း စာရင်းမကိုက်ညီသော အခြေအနေအချို့ ပေါ်ပေါက်ခဲ့သော်လည်း အများစုမှာ ယုတ္တိရှိသော ရှင်းလင်းချက်များ ပေးပြီးနောက် စာရင်းပြန်လည် အတည်ပြုနိုင်ခဲ့ကြသည်။

သေးငယ်သော ကုန်သွယ်ရေးအသင်း နှစ်ခုသာလျှင် သူတို့၏ နည်းလမ်းလေးများဖြင့် ခိုးကြောင်ခိုးဝှက် လုပ်ကာ မျက်စိလှည့်စားရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဤနေရာရှိ လူများမှာ ဗဟုသုတ ကြွယ်ဝလှသူများ ဖြစ်ကြရာ သူတို့အား ရေနောက်တွင် ငါးဖမ်းခွင့် မည်သို့ ပေးပါ့မည်နည်း။

ခဏချင်းမှာပင် ဖော်ထုတ်နိုင်ခဲ့ပြီး ဝမ်ပေါင်ရေကန်မှ ထာဝရ နှင်ထုတ်ခံရရုံသာမက အဓိက တရားခံမှာလည်း အကျဉ်းချခံရကာ မိုးကြိုးပြစ်ဒဏ်ကို ခံစားခဲ့ရသည်။ သူတို့နှင့် ဆက်စပ်နေသော အင်အားစုများပင်လျှင် အလွန်ပြင်းထန်သော အပြစ်ပေးမှုများကို ခံခဲ့ရပေသည်။

ထိုအပြစ်ဒဏ်များကို ကြားလိုက်ရသည့်အခါမှ ထန်ထျန်းက သတင်းအချက်အလက် စနစ်များ မရှိသည့် ကမ္ဘာတစ်ခုတွင် လူတိုင်းက ဘာကြောင့် ဤမျှ စည်းကမ်းတကျ လုပ်နေကြသနည်း ဆိုသည်ကို နားလည်သွားခဲ့သည်။

အမှားလုပ်မိခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ တကယ်ပင် မြင့်မားလွန်းလှပေသည်။

ထို့အပြင် လူအများ စိတ်ဝင်တစား ပြောနေကြသည်မှာ ရွှမ်ယွင်မျှော်စင်၏ ၂၈၄၉.၇ ဘီလီယံနှင့် ထျန်းရှထုန်၏ အရှုံးသက်သက် ဖြစ်နေသည့် ကိစ္စပင် ဖြစ်သည်။

လက်ရှိတွင် သြဇာအရှိဆုံးဖြစ်သော ဤအင်အားစုကြီး နှစ်ခုလုံးမှာ လူတိုင်း၏ ခန့်မှန်းချက်များကို အနည်းနှင့်အများ ကျော်လွန်နေခဲ့သည်။

အထူးသဖြင့် ထျန်းရှထုန် ကုန်သွယ်ရေးအသင်းပင် ဖြစ်ပေသည်။

သူတို့က ကုန်သွယ်မှုလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း စာရင်းဇယားများ အရှုံးသက်သက် ပြနေသည့် အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ဖတ်ကြားမှု ပြီးဆုံးသွားသည့်အခါ ထိုအကြီးအကဲမှာ ပြန်ထိုင်လိုက်သည်။

ထို့နောက် မင်ရွှမ်အင်မော်တယ်အရှင်က နှေးကွေးစွာ စတင်ပြောကြားသည်။ "ငါ့အကြောင်းကို ခင်ဗျားတို့အားလုံး သိကြမှာပါ၊ ငါက အပိုစကားတွေ ပြောတတ်တဲ့လူ မဟုတ်ဘူး။"

"ဒါကြောင့် ငါ အများကြီး မပြောတော့ဘူး။"

"ခင်ဗျားတို့ ထျန်းဖူနန်းတော်မှာ ပိုက်ဆံရှာနိုင်တာက ခင်ဗျားတို့ရဲ့ အရည်အချင်းပဲ၊ ငါက ခင်ဗျားတို့ဆီက အခွန်ကောက်တာကတော့ ငါ့ရဲ့ တာဝန်ပဲ ဖြစ်တယ်။"

"ဒီနှစ်မှာ အခြေအနေက ထူးခြားနေတယ်၊ ပြီးတော့ ကြီးမားတဲ့ အင်အားစုတစ်ခုကို အခုလေးတင် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒီတစ်ခါ အခွန်နှုန်းထားကလည်း မြင့်တက်လာလိမ့်မယ်။"

"ငါတို့ အတွင်းပိုင်း ဆွေးနွေးမှုတွေအရ နောက်ဆုံး ဆုံးဖြတ်လိုက်တာကတော့..."

မင်ရွှမ်အင်မော်တယ်အရှင်၏ အေးစက်သော အကြည့်များမှာ အောက်ဘက်ရှိ လူအားလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။ "အခွန်နှုန်းထားက ၄၀% ။"

ထိုစကားအဆုံးတွင် အောက်ဘက်၌ ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"မဖြစ်နိုင်တာ... ၄၀% တောင်လား"

"အရင်က ၂၀% တောင် မပြည့်ဘူး၊ အခုက နှစ်ဆကျော် တက်သွားတာပဲ၊ ဒါက လူတွေကို ဘယ်လို ရှင်သန်ခိုင်းတာလဲ"

"ကျစ်... ကျွန်တော်ကတော့ အများဆုံး ၃၀% လောက်ပဲ တက်မယ် ထင်ထားတာ၊ ၄၀% ဖြစ်သွားလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုလည်း မရှိဘူး။"

"သွားပြီ... သွားပြီ... ဒါကိုသာ ပေးလိုက်ရရင် ငါ့ဘက်က စာရင်းတွေ အကုန် ပြိုလဲကုန်တော့မှာပဲ..."

အသင်းခေါင်းဆောင်များမှာ အမျိုးမျိုး ပြောဆိုနေကြပြီး မျက်နှာများမှာလည်း အလွန်ပင် ကြည့်မကောင်း ဖြစ်နေကြသည်။

အချို့ဆိုလျှင် ရင်ဘတ်ကို ထုကာ ခြေဆောင့်၍ မရှင်သန်နိုင်တော့သလို ညည်းတွားနေကြပေသည်။

ထန်ထျန်း ဝယ်ယူထားသည့် အသင်းများဖြစ်သော အဘိုးကြီးချန်းတို့၏ မျက်နှာတွင်ပင် စိုးရိမ်ရိပ်များ ပေါ်လာခဲ့သည်။

ဤမျှ မြင့်မားသော အခွန်နှုန်းထားကို ထျန်းရှထုန်က သူတို့အတွက် ဆက်ပြီး ပေးဆောင်ပေးပါဦးမလား။

လူတိုင်း၏ တုံ့ပြန်မှုများမှာ မင်ရွှမ်အင်မော်တယ်အရှင်၏ မျက်စိအောက်တွင်ပင် ဖြစ်သည်။

သို့သော် သူ၏ မျက်နှာမှာ မည်သည့် အရိပ်အယောင်မှ မပြဘဲ အကြည့်များမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။

"တိတ်စမ်း"

ဘေးနားရှိ အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။

အင်မော်တယ်အရှင်၏ ဖိအားများမှာ တိုက်ရိုက် ပေါက်ကွဲထွက်လာပြီး အသံမှာ ခန်းမအတွင်း ဟိုဟိုဒီဒီ ပဲ့တင်ထပ်သွားကာ လေးလံသော ဖိအားတစ်ခုက လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။

လူတိုင်းမှာ ချက်ချင်းပင် ငြိမ်သက်သွားကြတော့သည်၊ ကျန့်ဟွမ်းခန်းမ၏ အရှိန်အဝါမှာ နောက်ပြောင်စရာ မဟုတ်ပေ။

စကားမပြောရဲတော့သော အသင်းခေါင်းဆောင်များကို ကြည့်ကာ မင်ရွှမ်အင်မော်တယ်အရှင်က အေးစက်စွာ ပြောသည်။ "၄၀% ဆိုတာ အဆင့်မြင့် အစည်းအဝေးကနေ နောက်ဆုံး အတည်ပြုထားတာ ။"

"ဒါက ခင်ဗျားတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး၊ အသိပေးတာပဲ။"

"ခင်ဗျားတို့ ပေးချင်ပေး၊ မပေးချင်လည်း ပေးရမှာပဲ။"

"ဘယ်သူကမှ မခံနိုင်ဘူးဆိုရင် အခွန်ဆောင်ပြီးတာနဲ့ ဝမ်ပေါင်ရေကန်ကနေ ထွက်သွားလိုက်ကြ။"

သူ၏ အသံမှာ မကျယ်လှသော်လည်း လူတိုင်း၏ နှလုံးသားထဲတွင်မူ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသွားခဲ့သည်။

၎င်းမှာ အင်အားကြီးသူက အားနည်းသူကို နှိပ်စက်ခြင်း၊ ဓားပြတိုက်သည့် လုပ်ရပ်ပင် ဖြစ်ပေသည်။

အလွန်ပင် အနိုင်ကျင့်လွန်းလှပေသည်

သို့သော် ယခုတစ်ကြိမ်တွင်မူ မည်သူမျှ ကန့်ကွက်စရာ မရှိကြတော့ပေ။

မိုကျွင်းက ရယ်ကာ ထန်ထျန်းကို အသံလှိုင်းဖြင့် ပို့လိုက်သည်။ "ဒီလိုလုပ်တာ ကြာပါပြီ။"

"မင်ရွှမ်အင်မော်တယ်အရှင်က အရင်က ကုန်သည်တွေရဲ့ သဘာဝကို နားမလည်ခဲ့သေးတာ၊ အချို့လူတွေက သေတော့မလို၊ ပြိုလဲတော့မလို ဟန်ဆောင်နေကြတာကို မကြည့်နဲ့။"

"သူတို့ရဲ့ တကယ့် အခြေအနေကတော့ အဲဒီလောက် မဆိုးပါဘူး။"

"အခွန် ၅% ပဲ ကောက်ရင်တောင် သူတို့က ငိုပြနေဦးမှာပဲ၊ ပြီးရင်တော့ နောက်လှည့်ကြည့်လိုက်တာနဲ့ ကောင်းပေ့ဆိုတာတွေကို သွားပြီး ခံစားနေကြမှာ။"

ထန်ထျန်းက နှာခေါင်းကို ပွတ်ရင်း ပြောသည်။ "မင်း ပြောပုံအရဆိုရင် မင်းက တော်တော် ပျော်နေတဲ့ပုံပဲနော်"

"၄၀% အခွန်ဆိုတာ မင်းတို့ မိုမိသားစုလည်း မလွတ်ဘူးနော်။"

မိုကျွင်းက ပြောသည်။ "ဒါဆိုလည်း ပြောရဦးမယ်၊ ငါ တကယ်ပဲ ပျော်နေတာ။"

"အစောပိုင်းတုန်းက ငါတို့ မိုမိသားစုလည်း ပြင်ပစစ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်၊ ကျန့်ဟွမ်းတောင်နဲ့ ဆိုရင် စစ်မြေပြင်က ရဲဘော်ရဲဘက်တွေလိုပဲ။"

"အခုထိ မိုမိသားစုက လူအချို့ ကျန့်ဟွမ်းတောင်မှာ လာပြီး အနားယူနေကြတုန်းပဲ ရှိသေးတယ်။"

"သူတို့ရဲ့ လက်ရှိ အခက်အခဲတွေအတွက် ငါတို့က သီးသန့် အမြဲ ကူညီပေးနေတာ၊ ၄၀% အခွန်တင် မကဘူး ၆၀%၊ ၈၀% ဆိုရင်တောင် ငါတို့ မိုမိသားစုမှာ ဘာကန့်ကွက်စရာမှ မရှိဘူး။"

ထန်ထျန်းက မျက်ခုံးပင့်လိုက်မိသည်။

မိုမိသားစုနှင့် ကျန့်ဟွမ်းတောင်ကြားတွင် ဤကဲ့သို့သော ပတ်သက်မှု ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

အမှန်စင်စစ် ယခုအချိန်ထိ တည်ရှိနေသော အင်အားစုဟောင်းများမှာ လျှော့တွက်၍ မရပေ၊ ပတ်သက်မှုများမှာ ရှုပ်ထွေးလှပြီး နေရာတိုင်းတွင် သူငယ်ချင်းများ ရှိနေကြသည်။

မင်ရွှမ်အင်မော်တယ်အရှင်၏ အမိန့်အာဏာအောက်တွင် ကျန့်ဟွမ်းခန်းမ တစ်ခုလုံးမှာ ငြိမ်သက်သွားခဲ့သည်။

ထိုအချိန်တွင် ရှေ့ဆုံး၌ ထိုင်နေသော ဖုန်းယွီချင်းက ရုတ်တရက် ထရပ်လိုက်သည်။

သူမက တည်ငြိမ်သော အမူအရာဖြင့် တရားဝင်လေသံဖြင့် ပြောသည်။ "ထျန်းဖူနန်းတော်ကို ထောက်ပံ့ဖို့ဆိုတာ ကျွန်မ တို့ ဝမ်ပေါင်ရေကန်ရဲ့ တာဝန်ပဲ။"

"ထျန်းဖူနန်းတော်က ပြင်ဆင်ပေးထားတဲ့ ဒီစင်မြင့်ကြီး မရှိရင် ကျွန်မ တို့လည်း အခုလို အတိုင်းအတာအထိ ကြီးထွားလာနိုင်ပါ့မလား။"

ထို့နောက် သူမက မင်ရွှမ်အင်မော်တယ်အရှင်ကို လက်သီးဆုပ် ကာ "အင်မော်တယ်အရှင်၊ ရွှမ်ယွင်မျှော်စင်က ၄၀% အခွန်ကို ပေးဆောင်ဖို့ အသင့်ရှိပါတယ်၊ ကျန့်ဟွမ်းတောင်ရဲ့ ပြင်ပဖွံ့ဖြိုးတိုးတက်မှုတွေကို ထောက်ပံ့ပေးပါ့မယ်"

ဖုန်းယွီချင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ဤမိန်းမမှာ အခွင့်အရေးကို တော်တော်လေး ဆုပ်ကိုင်တတ်ပေသည်။

ဤကဲ့သို့သော အချိန်မျိုးတွင် သူ့ဘက်က စတင်ရပ်တည်ပြခြင်းမှာ ကောင်းမွန်သော စံပြလုပ်ရပ်တစ်ခု ဖြစ်ပြီး ပုံမှန်အားဖြင့် အဆင့်မြင့်ပိုင်းများ၏ ချီးကျူးမှုကို သေချာပေါက် ရရှိနိုင်ပေသည်။

သို့သော် ယနေ့ မင်ရွှမ်အင်မော်တယ်အရှင်မှာမူ ပုံမှန်အတိုင်း လုပ်လိုပုံ မရပေ။

ဖုန်းယွီချင်း၏ စကားကို သူက အေးစက်သော အကြည့်ဖြင့်သာ ကြည့်ပြီး "ငါ ပြောပြီးပြီလေ၊ ဒါက အသိပေးတာလို့။"

"မင်း ပေးချင်တာနဲ့လည်း မဆိုင်ဘူး၊ မင်း ထျန်းဖူနန်းတော်ကို ထောက်ပံ့ချင်တာနဲ့လည်း မဆိုင်ဘူး။"

"မင်း ထလိုက်ပြီဆိုမှတော့ တစ်ခါတည်း အခွန်ဆောင်လိုက်တော့။"

ထိုစကားအဆုံးတွင် ဖုန်းယွီချင်း၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် တောင့်ခဲသွားခဲ့သည်။

မင်ရွှမ်အင်မော်တယ်အရှင်က သူမကို ဤကဲ့သို့ ပြန်တုံ့ပြန်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သို့သော် မင်ရွှမ်အင်မော်တယ်အရှင်၏ အေးစက်သော မျက်နှာကို ကြည့်ကာ သူမမှာလည်း အောင့်သက်သက်ဖြင့်သာ ဦးညွှတ်လက်ခံလိုက်ရတော့သည်။

ထန်ထျန်း၏ ဘေးရှိ မိုကျွင်းမှာမူ ရယ်ရလွန်းသဖြင့် ရူးတော့မတတ် ဖြစ်နေပြီး "ဟားဟား... ဒီတစ်ယောက်ကတော့ စိတ်ဝင်စားခံချင်နေ တာ၊ နောက်ဆုံးတော့ တစ်ဖက်လူက မျက်နှာသာ နည်းနည်းလေးတောင် မပေးဘူး။"

"ဟားဟားဟား..."

သူ ရယ်ပြီးသွားသည့်အခါ ထန်ထျန်းက မေးလိုက်သည်။ "မင်ရွှမ်အင်မော်တယ်အရှင်က အမြဲတမ်း ဒီလိုပဲလား။"

မိုကျွင်းက ပြန်ဖြေသည်။ "သေချာပေါက် မဟုတ်ဘူးပေါ့။"

"အရင်တုန်းကဆိုရင် သူက တတ်နိုင်သမျှ ဖော်ဖော်ရွေရွေ နေတတ်ပါတယ်။"

"အဲဒါကြောင့်လည်း ဖုန်းယွီချင်းက ဒီလို အကွက်တွေ လာခင်းတာပေါ့၊ သူမက မ အ ဘူးလေ။"

"ဒါပေမဲ့ ဒီနေ့ကတော့ အရင်ကနဲ့ တကယ်ကို ကွာခြားနေတယ်။"

ထန်ထျန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး မင်ရွှမ်အင်မော်တယ်အရှင်ကို ကြည့်လိုက်သည်။

အစောပိုင်း ဝင်လာကတည်းက သူ၏ မျက်နှာမှာ သိပ်ပြီး ကြည့်မကောင်းလှပေ။

အခြားသော အဆင့်မြင့် အကြီးအကဲများမှာလည်း မျက်နှာပျက်နေကြပြီး အလွန်ပင် စိတ်မချမ်းသာပုံ ရနေကြသည်။

ခန့်မှန်းရသည်မှာ တစ်စုံတစ်ခု ထပ်ဖြစ်နေပြန်ပြီ ထင်သည်။

All Chapters