အရှိန်တက်လာခြင်း
Vol. 41 Ch. 433
ထန်ထျန်းက ချမ်းသာကြွယ်ဝမှုအပေါ် သူ၏ နားလည်ထားမှုမှာ တစ်စုံတစ်ရာ လွဲချော်နေကြောင်း ရှာတွေ့သွားခဲ့သည်။
ဝမ်ပေါင်ရေကန် ဆိုသည်မှာ တိမ်တိုက် ထျန်းဖူနန်းတော် တစ်ခုလုံး၏ ကုန်သွယ်မှုလောကကို ကိုယ်စားပြုထားခြင်း ဖြစ်ရာ ၎င်း၏ အရွယ်အစားမှာ အလွန် အံ့အားသင့်စရာကောင်းသည့် ဂဏန်းတစ်ခု ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်။
ထိပ်တန်း ကုန်သွယ်ရေးအသင်းများကို ဖယ်ထုတ်လိုက်လျှင်ပင် အင်အားကြီး အဆင့် အသင်း အများစုမှာ သာမန်လူများ ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
သို့သော် နှစ်ဆယ် ထရီလီယံ ဆိုသည်မှာ...
ကောင်းပြီလေ၊ ကြောင်လေးဆီမှ ငါးဆယ် ထရီလီယံ ဟူသော ဂဏန်းကို ကြားပြီးနောက်တွင်မူ ယခု နားထောင်နေရသည့် ဂဏန်းမှာ အမှန်တကယ်ပင် သနားစရာကောင်းလောက်အောင် နည်းပါးနေသလို ခံစားရသည်။
သို့သော် အမှန်တရားမှာ ဤသို့ပင် ရှိ၏။
လျို့ယွင်တင်း၊ ထိုက်ယိမဟာမိတ်၊ လင်းရှောင်တောင်ကြား၊ ရှန်းယွဲ့ ရေ ကန် နှင့် မိုမိသားစု ကဲ့သို့သော အဓိက ကုန်သွယ်မှုလောကတွင် မဟုတ်သည့် အင်အားကြီး အင်အားစုများကို ဖယ်ထုတ်လိုက်လျှင် ဝမ်ကန်း တွက်ချက်ထားသည့် ဤဂဏန်းမှာ တစ်ခုလုံးသော ထျန်းဖူနန်းတော် ကုန်သွယ်မှုလောက၏ ငါးပုံတစ်ပုံခန့် ရှိနေပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ကုန်သွယ်မှုလောက တစ်ခုလုံးကို ဝါးမြိုပစ်လျှင်ပင် တစ်ရာ ထရီလီယံ သာ ရှိပေလိမ့်မည်။
ငါးဆယ် ထရီလီယံ ဆိုသော ပန်းတိုင်သို့ ရောက်ရန်မှာ အမှန်တကယ်ပင် အလွန် အလှမ်းဝေးကွာနေသေးသည်။
"မင်း တွက်တာ မမှားဘူး မဟုတ်လား၊ တကယ်ပဲ ဒီလောက်လေးပဲလား"
ထန်ထျန်းက စိတ်မလျှော့နိုင်ဘဲ နောက်တစ်ကြိမ် ထပ် စစ်ဆေး လိုက်သည်။
ဝမ်ကန်းမှာ ကြောင်တောင်တောင် ဖြစ်သွား၏။ ထန်ထျန်း၏ ကြွယ်ဝမှုဒဏ်ကို အချိန်အတော်ကြာ ခံစားခဲ့ရသော်လည်း ယခုအချိန်အထိ လက်ခံနိုင်ရန် ခက်ခဲနေဆဲပင်။
နှစ်ဆယ် ထရီလီယံကို "ဒီလောက်လေးပဲ" လို့ ပြောရသလား
ဒါဆိုရင် ပိုင်ဆိုင်မှု သန်းဂဏန်းလောက်ပဲရှိတဲ့ အသေးစား အသင်းတွေ ဘယ်လို လုပ်မလဲ
ခဏမျှ မှင်တက်သွားပြီးနောက် သူက ခါးသက်စွာ ပြုံးလျက် "သခင်လေး... မမှားပါဘူး၊ တကယ်ပဲ ဒီလောက်ပါပဲ"
"ဒါက လုပ်ငန်းရဲ့ အရွယ်အစား သက်သက်တင် မဟုတ်ပါဘူး၊ ဝယ်ယူမှာ မှာ ဖြစ်ပေါ်လာနိုင်တဲ့ အပိုကုန်ကျစရိတ်တွေ၊ ပတ်သက်မှုတွေ၊ အဆက်အသွယ် တွေနဲ့ လူအင်အား စရိတ်တွေကိုပါ အကုန် ထည့်တွက်ထားတာပါ"
"အကယ်၍ စနစ်တကျ ကိုင်တွယ်နိုင်မယ်ဆိုရင် ဒီလောက်တောင် ကုန်မှာ မဟုတ်ပါဘူး"
ထန်ထျန်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး "ဒါဆိုရင် မင်းက စနစ်တကျကြီး မလုပ်နဲ့"
"ငါ့စကားကို နားထောင်၊ ငွေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမှန်သမျှ အချိန်အကုန် မခံနဲ့"
"အသင်းထဲက အခြား အဖွဲ့ဝင်တွေ အတွက်လည်း အတူတူပဲ၊ ငါတို့က ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်တတ်ရမယ်၊ သိလား"
ဝမ်ကန်းက သူ့အတွက် ငွေချွေတာရန် နည်းမျိုးစုံ ကြံစည်နေမည်ကို သူ အမှန်တကယ် စိုးရိမ်နေခြင်း ဖြစ်သည်။
ဝမ်ကန်းမှာမူ ရူးချင်စိတ် ပေါက်သွားသော်လည်း သူ၏စကားမှာ အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးနောက်တွင်မှ အလေးအနက် နားလည်ပါကြောင်း ပြန် ပြောလိုက် သည်။
ထို့နောက် ထန်ထျန်းက ကုလားထိုင်နောက်မှီပေါ်သို့ မှီချလိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။
ငါးဆယ် ထရီလီယံ... ဒါကို ဘယ်လိုများ ကုန်အောင် သုံးရပါ့မလဲ
အားလုံးက စနစ် ကြောင့်ပင်။ သင့်တင့်လျောက်ပတ်သော သုံးစွဲမှုမျိုးကိုသာ အသိအမှတ်ပြုသည့်အပြင် ကုန်ပစ္စည်း တစ်ခုခုကို ထပ်ခါတလဲလဲ အရောင်းအဝယ် လုပ်နေခြင်း ရှိမရှိကိုလည်း အလွန် တင်းကျပ်စွာ စစ်ဆေးတတ်သည်။
ဒီစနစ်ကို တီထွင်တဲ့လူကတော့ တကယ်ကို ဦးနှောက် မရှိတာပဲ။
ခေတ္တကြာပြီးနောက် ထန်ထျန်းက ကိုယ်ကို မတ်လိုက်ပြီး မေးလိုက်သည်။ "မင်းတို့ ငါ့ကို ကူစဉ်းစားပေးဦး၊ ငွေသုံးလို့ရမယ့် တခြား လမ်းကြောင်း ဘာရှိသေးလဲ..."
"အင်း... ငါ ဆိုလိုတာက ငါတို့ အသင်းမှာ တခြား ထိပ်တန်း အသင်းတွေနဲ့ ယှဉ်ရင် ဘာတွေ လိုအပ်နေသေးလဲ"
ဝမ်ကန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသော်လည်း ဤမေးခွန်းကို သူ အမှန်တကယ် မတွေးဖူးပေ။
အသင်း တိုးတက်မှုအတွက် လိုအပ်သော အဆင့်တိုင်းကို အခြေခံအားဖြင့် အကုန်လုံး ပြီးပြည့်စုံအောင် လုပ်ထားပြီးသား ဖြစ်သည်။
သို့သော် လီဟုန်ကမူ အချက်တစ်ခုကို လျင်မြန်စွာ သတိရသွားခဲ့၏။
"သခင်လေး... အခြား ထိပ်တန်း အသင်းတွေနဲ့ မယှဉ်နိုင်တဲ့ အချက်ကို ပြောရမယ်ဆိုရင် အဲဒါက ' အခြေခံအုတ်မြစ်' ပါပဲ"
လီဟုန်က ပြောလိုက်သည်။
ထန်ထျန်းက မျက်ခုံးပင့်လိုက်ပြီး လက်ကို ဖြောင်းခနဲ မြည်အောင် တီး လိုက်၏။
"ဟုတ်တယ်၊ ဟုတ်တယ်၊ အခြေခံအုတ်မြစ်"
"ငါတို့ ထျန်းရှထုန် က ဒီလောက် ကြီးကျယ်တဲ့ ရည်မှန်းချက် ရှိနေတာပဲ၊ တခြား အသင်းတွေထက် ဘာလို့ အခြေခံအုတ်မြစ် နည်းနေရမှာလဲ"
"ဒါကြောင့် နောက်ထပ် ဒုတိယ တာဝန်ကတော့ ငါတို့အတွက် အခြေခံအုတ်မြစ် တွေ ရှာဖို့ပဲ"
သူက တိုက်ရိုက် ဆုံးဖြတ်ချက် ချလိုက်သည်။
ထိုအခါ လီဟုန် နှင့် ဝမ်ကန်း တို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
ထို့နောက် လီဟုန်က ခါးသက်စွာ ပြုံးလျက် "သခင်လေး... နည်းနည်းတော့ မသင့်တော်ပေမဲ့ ကျွန်တော် ရှင်းပြပါရစေ"
" အခြေခံအုတ်မြစ် ဆိုတာက ရှည်လျားတဲ့ အချိန်ကာလကို ဖြတ်သန်းပြီးမှ တဖြည်းဖြည်း တည်ဆောက်ယူရတဲ့ အရာပါ"
"ဒီလို အရာမျိုးကို ကျွန်တော်တို့က ဘယ်လို သွားရှာရမှာလဲ"
ထန်ထျန်းက မျက်တောင်ကို အသာအယာ ပင့်လိုက်ပြီး လက်ဖျောက်တစ်ချက် တီးကာ သူတို့နှစ်ဦးကို အနားသို့ တိုးလာရန် အချက်ပြလိုက်သည်။
ပြီးနောက် သူက အေးအေးလူလူပင် " အခြေခံအုတ်မြစ် ဆိုတာ အချိန်အကြာကြီး ဖြတ်သန်းပြီးမှ ဖြစ်လာတာ၊ ဟုတ်တယ် မလား"
သူတို့နှစ်ဦးက ခေါင်းညိတ်ကြသည်။
"ထိုက်ယိမဟာမိတ်၊ ရှန်းယွဲ့ ရေ ကန်၊ လင်းရှောင်တောင်ကြား တို့မှာ ကိုယ်ပိုင် အခြေခံအုတ်မြစ် တွေ ရှိနေကြပြီ၊ ဟုတ်တယ် မလား"
သူတို့နှစ်ဦးက ထပ်မံ ခေါင်းညိတ်ကြပြန်သည်။
ထန်ထျန်းက လက်ကို ဆန့်ထုတ်ကာ အမူအရာဖြင့် "ဒါဆိုရင် သူတို့ တည်ဆောက်ထားပြီးသား အခြေခံအုတ်မြစ် တွေကို ငါတို့ဆီ ရောက်အောင် လုပ်လိုက်မယ်"
"ဒါဆိုရင် ငါတို့ရဲ့ ကိုယ်ပိုင် အခြေခံအုတ်မြစ် တွေ ဖြစ်မသွားဘူးလား"
သူတို့နှစ်ဦးမှာ ထိုနေရာမှာတင် မှင်တက်သွားကြတော့၏။
ဟမ်
ဒီလိုလည်း လုပ်လို့ရတာလား
သူတို့ မတွေးမိတာ မဟုတ်ဘဲ ဒီဘက်ကို လုံးဝ မစဉ်းစားခဲ့တာ ဖြစ်သည်။
အခြေခံအုတ်မြစ် ဆိုသည်မှာ ပတ်သက်မှုများစွာ ရှိသလို၊ ၎င်း၏ မူလ အင်အားစုအတွင်းမှာသာ တန်ဖိုးအရှိဆုံး ဖြစ်ပေသည်။
အခြေခံအားဖြင့် မည်သူမျှ မဝယ်သလို၊ မည်သူမျှလည်း မရောင်းကြပေ။
အဘယ်ကြောင့်ဆိုသော် ဝယ်ယူသူ ပေးရမည့် တန်ဖိုးမှာ အရာဝတ္ထု၏ စစ်မှန်သော တန်ဖိုးထက် အဆပေါင်းများစွာ ပိုမို များပြားနေမည် ဖြစ်သောကြောင့်ပင်။
ဥပမာအားဖြင့် အင်အားစု တစ်ခုတွင် အစဉ်အဆက် လက်ဆင့်ကမ်းလာသည့် အင်မော်တယ်လက်နက် တစ်ခု ရှိသည် ဆိုပါစို့။
ထိုလက်နက်မှာ သူတို့အတွက် အထိမ်းအမှတ် တန်ဖိုးရှိသလို စိတ်ပိုင်းဆိုင်ရာ အားကိုးရာလည်း ဖြစ်သည်၊ ထို့ပြင် မိသားစုဝင်များ၏ လက်ထဲတွင်သာ အစွမ်းကုန် သုံး နိုင်ပေသည်။
သို့သော် အခြားလူတစ်ဦး လက်ထဲသို့ ရောက်သွားလျှင်မူ သာမန် အင်မော်တယ်လက်နက် တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ မင်းက သူတို့ဆီကနေ ငွေနဲ့ ဝယ်ချင်တယ်ဆိုရင် ပေးရမယ့် ဈေးနှုန်းက အဲဒီ လက်နက်ရဲ့ တန်ဖိုးထက် အဆပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းလောက် ပိုများနေပါလိမ့်မည်။
မည်သည့် ဦးနှောက်မရှိသူက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်မည်နည်း
လီဟုန် နှင့် ဝမ်ကန်း တို့က ထန်ထျန်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး ထို့နောက်တွင်မှ ခေါင်းကို ပြိုင်တူ ငုံ့ချလိုက်ကြ၏။
အင်း... သူတို့ သခင်လေးကတော့ မတူဘူးလေ၊ သာမန်လူတွေရဲ့ အမြင်နဲ့ တိုင်းတာလို့ မရဘူး။
"မင်းတို့ ပြောကြည့်၊ ဒါက ဖြစ်နိုင်ခြေ ရှိလား"
သူတို့နှစ်ဦး ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ ထန်ထျန်းက ထပ် မေးလိုက်သည်။
လီဟုန်က အနည်းငယ် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ကာ "... ဖြစ်နိုင်ပါတယ်......"
"သူတို့ရဲ့ အခြေခံအုတ်မြစ် က သူတို့ရဲ့ ဘိုးဘေးတွေ မဟုတ်သရွေ့တော့ အရောင်းအဝယ် လုပ်လို့ရနိုင်တဲ့ အခွင့်အရေး ရှိပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့ ပေးရမယ့် တန်ဖိုးကတော့..."
ထန်ထျန်းက လက်ကို တိုက်ရိုက် ဝှေ့ယမ်းလိုက်၏။
"လုပ်လို့ရရင် ရပြီ"
"ဒီကိစ္စက တကယ်ကို လုပ်သင့်တယ်လို့ ငါ ခံစားရတယ်"
"လီဟုန်... မင်းပဲ ဒီကိစ္စကို တာဝန်ယူလိုက်၊ ငွေမလောက်ရင် ငါ့ဆီ လာတောင်း"
အခြေခံအုတ်မြစ် ဆိုသည်မှာ ဈေးမသက်သာမှာ သေချာလှသည်၊ ကုန်သွယ်မှုလောက တစ်ခုလုံးကို ဝယ်ယူသည့် ဂဏန်းထက်ပင် ကျော်လွန်သွားနိုင်ပေသည်။
သို့သော် ငါးဆယ် ထရီလီယံ နှင့် ယှဉ်လျှင် အလှမ်းဝေးနေဆဲ ဖြစ်ရာ ထန်ထျန်းက သုံးစွဲနိုင်မယ့် အခွင့်အရေး မှန်သမျှကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ဝမ်ကန်းကို မေးလိုက်၏။ "အသင်းရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ခွန်အားက သိပ်မရှိကြဘူး မလား"
ဝမ်ကန်းက ခေါင်းညိတ်ကာ "အဆင့်မြင့် ပုဂ္ဂိုလ် အများစုက ကျွန်တော် အပြင်ကနေ ခေါ်လာတဲ့ လူတွေပါ၊ အတော်များများက သာမန် သေမျိုး နယ်ပယ် ကျင့်ကြံခြင်း အဆင့်တွေပဲ ရှိကြပါသေးတယ်"
"ကျန်တဲ့လူတွေကိုတော့ ထပ်ပြီး ရှာနေတုန်းပါ၊ ဒါပေမဲ့ စီမံမှု စွမ်းရည်ကိုပဲ အဓိက ကြည့်တာကြောင့် ခွန်အားကိုတော့ သိပ်ထည့်မတွေးဖြစ်ဘူး"
ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း "ဒါဆိုရင် အန္တရာယ် များတာပေါ့၊ သူတို့က ငါတို့ရဲ့ အရေးကြီးတဲ့ လူသားအရင်းအမြစ်တွေလေ"
"သက်တော်စောင့်တွေရော ငှားထားလား"
ဝမ်ကန်းက "ငှားထားပါတယ်၊ အရေးအကြီးဆုံး အဆင့်မြင့် ပုဂ္ဂိုလ်တွေအတွက်တော့ မြင့်မြတ်ရွှေ အင်မော်တယ် အချို့ကို အစောင့်အရှောက်အဖြစ် ငှားထားပါတယ်"
"သာမန်လူတွေ အတွက်ကတော့ ရွှေ အင်မော်တယ် အဆင့်၊ ဆန်းကြယ် အင်မော်တယ် အဆင့်တွေလည်း ရှိပါတယ်"
ထိုစကားကို ကြားပြီးနောက် ထန်ထျန်းက မျက်ခုံးများ ထောင်တက်သွားပြီး စားပွဲကို ဖြောင်းခနဲ မြည်အောင် ရိုက်လိုက်ရာ ဝမ်ကန်း နှင့် လီဟုန် တို့မှာ လန့်ဖြန့်သွားကြ၏။
"မှားနေပြီ မဟုတ်လား"
"ငါတို့ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ သက်တော်စောင့် ကျင့်ကြံခြင်း အဆင့်က မြင့်မြတ်ရွှေ အင်မော်တယ် နဲ့ ရွှေ အင်မော်တယ် အဆင့်ပဲ ရှိရသလား"
"အကယ်၍ ဘေးက ရွှမ်ယွင်မျှော်စင် သာ သိသွားရင် ငါတို့က သက်တော်စောင့်တောင် မငှားနိုင်ဘူးလို့ ထင်နေကြဦးမယ်"
ဝမ်ကန်းက အနေခက်စွာဖြင့် "လူတိုင်းလည်း ဒီလိုပါပဲ..."
ထန်ထျန်းက ဒေါသတကြီးဖြင့် "ဘာ... လူတိုင်းလည်း ဒီလိုပါပဲ ဟုတ်လား"
"မြင့်မြတ်ရွှေ အင်မော်တယ် နဲ့ ရွှေ အင်မော်တယ် အဆင့်လောက်နဲ့ ငါတို့ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးကို ဘယ်လို စိတ်ချရမှာလဲ"
"ငါ့အတွက် အင်မော်တယ်ဘုရင် တွေ၊ အင်မော်တယ်အရှင် တွေကို ရှာပေးကြ"
"တစ်ယောက်ချင်းစီတိုင်းကို တစ်ယောက်နှုန်းနဲ့"
ဝမ်ကန်း : ...
လီဟုန် : ...
သခင်လေး ဒီနေ့ ဘာဖြစ်နေတာလဲ
ငွေသုံးချင်တဲ့ အရှိန် တက်နေတာလား