← Chapters

နတ်ဆိုး ဥပဒေသ

Vol. 18 Ch. 270

နတ်ဆိုး ဥပဒေသ

Vol. 18 Ch. 270

"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"

အမှောင်ဂိုဏ်းချုပ် အရူးအမူး ပျော်ရွှင်စွာ ပြောလိုက်ချိန်တွင် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး အလွန် တိတ်ကျသွားသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်လို့နေပြီး တုန်လှုပ်နေသော ဝိညာဉ်များ၏ အသံကိုသာ ကြားနိုင်လောက်သည်။ တိုက်ခိုက်ရေး ကလပ်ထဲမှ လူတိုင်း မှင်တက် သွားကြသည်။

ယဲ့မုန့်ထန်၊ သစ္စာဖောက်ယဲ့များနှင့် အမှောင်ဂိုဏ်း၏ အကြီးအကဲများအပြင် ကျန်သိုင်းပညာရှင်များသည် သူတို့ အိပ်မက်လှလှ မက်နေကြသည်ဟု ထင်နေ ကြသည်။

*မဖြစ်နိုင်ဘူး*

ဟွာရှနိုင်ငံ၏ အဆန်းကြယ်ဆုံး ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် တစ်ယောက်က ယဲ့ဖန်ရှေ့ လေးဘက် ထောက် ဝပ်တွားနေသည်။

သူ ကြမ်းပြင်ပေါ် ငုံ့ကိုင်းနေစဉ်တွင် သူ့မျက်နှာသည် သူ့တစ်ဘဝလုံး လေးစားခဲ့ရသည့် စံပြပုဂ္ဂိုလ်အား တွေ့လိုက်ရသကဲ့သို့ အလွန် စိတ်လှုပ်ရှားဟန် ပေါက်နေသည်။

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူးလေ*

ဤသည်ကား အစသာ ရှိချေသေးသည်။ အမှောင်ဂိုဏ်းချုပ်၏ နောက်ရှိ မဟာ အကြီးအကဲငါးယောက်နှင့် အမှောင်ဂိုဏ်း အဖွဲ့ဝင် အယောက် တစ်ရာကျော်တို့သည် အရူးအမူး ဟစ်အော်၍ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

"အရိုအသေပေးပါတယ် သခင်ကြီး ကျွန်တော်က ကျိုကလန်ရဲ့ ဆယ့်တစ်ဆက်မြောက် မျိုးဆက်က ဖြစ်သလို အမှောင်ဂိုဏ်းရဲ့ မဟာအကြီးအကဲဖြစ်တဲ့ ကျိုပေါ့ထန်ပါ"

"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"

"အရိုအသေ ပေးပါတယ် သခင်ကြီး … ကျွန်တော်က ကျိုကလန်ရဲ့ ဆယ့်တစ်ဆက်မြောက် မျိုးဆက်က ဖြစ်သလို အမှောင်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်တဲ့ ကျိုထန်းကျီပါ"

"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"

….

နားကွဲမတတ် စကားသံများသည် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးအား ပြိုလဲကျမတတ် ဖြစ်သွားစေသည်။

အိုမင်းနေသော မဟာအကြီးအကဲငါးယောက်သည် နတ်ဘုရား တစ်ပါးအား မြင်တွေ့လိုက်ရသလို ဖြစ်နေ ကြသည်။

အခြားသူများ၏ "နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ" ဟူသော စကားကို ကြားလိုက်ရစဉ်တွင် သူတို့၏ စိတ်ဝိညာဉ်များ ထိတ်လန့်ကာ တုန်ယင်သွားသည်ကို ခံစားလိုက်မိသည်။

မည်သူမျှ ကိုယ့်နားကိုယ် မယုံကြည်နိုင်ကြချေ။

….

အမှောင်ဂိုဏ်း၏ အဖွဲ့ဝင်အားလုံး ယဲ့ဖန်ရှေ့ ဒူးထောက်လိုက်သည်ကို မြင်ပြီး ကြည့်နေကြသောသူများ ချက်ချင်း ပွက်လောရိုက်သွားကြသည်။

ယဲ့မုန့်ထန် သွေးမရှိတော့သလို ဖြူရော်လာကာ အလွန် မယုံနိုင်သော မျက်လုံးများဖြင့် ပြောလာသည်။

"သ…သခင်ကြီး … ဘယ်လိုလုပ် … ဒီခွေးမသားလေးက အမှောင်ဂိုဏ်းချုပ်နဲ့ မဟာ အကြီးအကဲ ငါးယောက်ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ … ဒါ … လုံးဝ မဖြစ်နိုင်ဘူး"

ထိုအချိန်တွင် ယဲ့မုန့်ထန်သည် သူ အိပ်မက်ဆိုး မက်နေသည်ဟုသာ ထင်နေမိသည်။ အမှောင်ဂိုဏ်းအား သူ၏ ကယ်တင်ရှင်ဟု သူ ယုံကြည်ခြံသည်။ သူတို့က ယဲ့ဖန်ကို သတ်ရန် ရောက်လာခြင်း ဖြစ်သည်ဟု သူ ထင်ခဲ့သည်။

သို့သော် သူတို့အားလုံးက ယဲ့ဖန်ရှေ့ ဒူးထောက်ခဲ့ပြီး သူ၏ ကျေးကျွန်များ ဖြစ်သည်ဟု ပြောဆိုနေကြသည်။

ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသော အဖြစ်အပျက်က ယဲ့မုန့်ထန်အား ငိုချင်စိတ် ပေါက်သွားစေ၏။ ယဲ့မုန့်ထန်အပြင် သစ္စာဖောက်ယဲ့များ အားလုံးသည် သူတို့မိဘများအား ဆုံးရှုံးလိုက်ရသကဲ့သို့ ဖင်ထိုက်ရက် လဲကျသွားသည်။

ထိုစဉ် ချဉ်စုတ်စုတ်အနံ့က သူတို့၏ ဘောင်းဘီဂွကြား ထဲမှ ထွက်ပေါ်လာသည်။ သူတို့သည် ကြောက်စိတ် ကြောင့် ဘောင်းဘီထဲ သေးထွက် ကျလာသည်။

ယဲ့မုန့်ထန်ဘေးမှ အမှောင်ဂိုဏ်း၏ အကြီးအကဲများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*သခင်ကြီးတဲ့လား*

ထိုစကားလုံးသည် သူတို့အား ကျိုကလန်၏ ဇစ်မြစ်ကို သတိရသွားစေသည်။ ကျိုကလန်အတွင်း၌ သခင်ကြီးဟု ခေါ်ဆိုသော လူတစ်ယောက်၏ ပုံရှိသည်။

ကလန်တွင်းမှ လူတိုင်းသည် ကျိုကလန်၏ ဘိုးဘေးခန်းမတွင်းရှိ ထိပ်ဆုံး၌ ရှိသော ထိုပုံအား ဂါရဝပြုရသည်။

ဂိုဏ်းချုပ်၊ မဟာအကြီးအကဲ လေးယောက်နှင့် တိုက်ရိုက် မျိုးဆက်မှ မြေးများသာ ဝတ်ပြုဆုတောင်းပွဲအား တက်ရောက် ဝတ်ပြုရန် အရည်အချင်း ပြည့်မှီသည်။

သာမန် အကြီးအကဲများ သို့မဟုတ် အမှောင်ဂိုဏ်း၏ ဝမ်းကွဲမျိုးဆက်များမှ လူများသည် ထိုပုံအား ကြည့်ရှုခွင့် ရရန်ပင် အရည်အချင်း မပြည့်မှီပါ။

ထိုပုံထဲမှ ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာတုန်းက ကျိုကလန်၏ ဒဏ္ဍာရီပုံရိပ် ဖြစ်သည်။

*သူက ဘယ်လိုလုပ် ဒီမှာ လာပေါ်နေရတာလဲ*

*ပြီးတော့ ယဲ့ဖန်က အရမ်း ငယ်သေးတယ်လေ … သူက ဘယ်လိုလုပ် အဲ့လူ ဖြစ်နိုင်မှာလဲ*

*မဖြစ်နိုင်ဘူးလေ*

အမှောင်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ချက်ချင်း သုန်မှုန်သွားကာ ရှေ့သို့ ခြေလှမ်း စိပ်စိပ်နှင့် ခပ်သွက်သွက်သွားကာ အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မဟာ အကြီးအကဲ လေးယောက်အား တောင်းပန် တိုးလျှိုးလေသည်။

"အရှင် … မဟာအကြီးအကဲတို့ … ခင်ဗျားတို့ ဘာတွေ ဖြစ်နေကြတာလဲ … ဘာလို့ ခင်ဗျားတို့က ဒီလူရှေ့ ဒူးထောက်နေရတာလဲ"

"ကျွန်တော်တို့က အမှောင်ဂိုဏ်းကလေ … သူက ဒီအတိုင်း အမှောင်ဂိုဏ်းသားတွေကိ အနိုင်ကျင့်တဲ့ ခွေးမသားလေး တစ်ကောင်ပါ … သခင်လေးနဲ့ အစ်ကိုကြီး အကြီးအကဲရဲ့ သေဆုံးမှုအတွက် မြန်မြန် လက်စားချေပေးကြပါ"

ထိုအကြီးအကဲ၏ စကားက သူ့ဘက်မှ ယဲ့မုန့်ထန်နှင့် အခြားသူများ၏ မျှော်လင့်ချက်ကို အနည်းငယ် တောက်ပလာစေသည်။ သူတို့အားလုံး အမှောင် ဂိုဏ်းချုပ်အား ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။

ဝုန်း!

အမှောင်ဂိုဏ်းချုပ်က ရုတ်တရက် လက်တစ်ဘက် လှုပ်ကာ ထိုအကြီးအကဲအား ရိုက်နှက်လိုက်သည်။

ဝှစ်!

ဒဏ္ဍာရီအဆင့် လူအိုကြီးတစ်ယောက်သည် ပမွှားလေးကဲ့သို့ သွေးမြူအဖြစ် ပြောင်းလဲသွား လေသည်။

တောက်! တောက်!

သွေးမြူထဲမှ သွေးများ ရွာချလာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း သွေးပျက်သွားကြသည်။ တစ်ခဏမျှကြာသော် အမှောင်ဂိုဏ်းချုပ်က အခြားသူ များအား သန်မာ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် စိုက်ကြည့်လာသဖြင့် သူတို့၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။

"နတ်ဆိုး ဥပေဒေသရဲ့ ပုဒ်မ နံပါတ် ဆယ့်သုံးအရ ... ငါတို့ သခင်ကြီးကို လှောင်ပြောင် စော်ကားဝံ့သူအားလုံး သေကို သေရမယ် … ငါတို့ သခင်ကြီးကို အနိုင်ကျင့်သူတဲ့ သေကို သေရမယ်"

အလွန် ထိတ်လန့်ဖွယ် ကောင်းလိုက်လေခြင်း။

သူ့စကားကြောင့် ယဲ့မုန့်ထန်နှင့် အမှောင်ဂိုဏ်း၏ အကြီးအကဲများ သေမတတ် ကြောက်လန့်သွားရသည်။ အမှောင်ဂိုဏ်းချုပ်၏ ရက်စက်သောဘက်အား သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ယဲ့ဖန်ကို အာခံသည့်သူတိုင်း အသတ်ခံရလိမ့်မည်။

"ရို့ယွီက မင်းကို ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပြီးပြီလား"

ထိုအချိန်တွင် ယဲ့ဖန်က ခက်ထန်သော အသံဖြင့် မေးလာသည်။ ယဲ့ဖန်၏အမေးကြောင့် အမှောင်ဂိုဏ်းချုပ် တုန်ယင်သွားကာ လျင်မြန်စွာ ခေါင်းငုံ့၍ ပြန်ဖြေ လာသည်။

"ဟုတ်ကဲ့ သခင်ကြီး … ရို့ယွီက ကျန်းနန်မြို့က ပြန်လာတဲ့နဲ့ ကျွန်တော်တို့ကို ကောင်းကင်ဘုံ တက်လှမ်းခြင်းရဲ့ အစစ်အမှန် ကျင့်စဉ်တွေကို ပြောပြပါတယ် … ကျွန်တော်တို့ လျှို့ဝှက်ခန်းထဲမှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းကို တက်လှမ်းနေတုန်း ကျွန်တော်တို့ နောက်လိုက်တွေကို သခင်ကြီးကို ကာကွယ်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်"

"အကြီးအကဲတွေက သူတို့ရဲ့ အာဏာတွေကို သုံးပြီး ဓနဥစ္စာနဲ့ ဂုဏ်သိက္ခာတွေမှာ ပျော်မွေ့နေမယ်လို့ ထင်မှတ်မထားခဲ့မိဘူး ... သူတို့က ကျွန်တော့်အမိန့်ကို ပေါ့ပြက်ပြက်နဲ့ နာခံပြီးတော့ ကျွန်တော်ရဲ့ အမိန့်ကို သိုသိုသိပ်သိပ်နဲ့ မနာခံဘဲ ကျွန်တော့်ကို ထပ်ခါထပ်ခါ အာခံနေခဲ့ပါတယ် … ဒီနောက်လိုက် သေသင့်ပါတယ်"

ထိုသို့ပြောပြီး အမှောင်ဂိုဏ်းချုပ်က လေးဘက်ထောက် ဝပ်တွားလိုက်သည်။

ကျိုရို့ယွီသည် ကောင်းကင် မိစ္ဆာကျွန်မျိုးနွယ်၏ ဆယ့်သုံးဆက်မြောက် မျိုးဆက်ဖြစ်ပြီး ကျိုချင်းချန်၏ သမီးလည်း ဖြစ်ပေသည်။ သူမ ကျန်းနန်မြို့၌ ရှိနေစဉ်အခါက ယဲ့ဖန်ထံမှ သူမ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း၏ လျှို့ဝှက်ချက်ကို သင်ယူရရှိခဲ့သည်။

ထို့နောက် သူမ ဟွာရှနိုင်ငံ၏ အဓိက မြို့တော် ဖြစ်သော ယန်ကျင့်မြို့တော်သို့ ပြန်လာခဲ့သည်။

သူမ နတ်ဆိုးဧကရာဇ်အကြောင်း သူမအဖေ၊ ဦးလေးများနှင့် အဘိုးများအား ပြောပြခဲ့သည်။ အစပိုင်းအတွင် အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက သူမစကားကို လုံးဝ မယုံကြည်ကြပါ။

ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း၏ လျှို့ဝှက် သိုင်းကွက်၌ ပါဝင်သည်များကို ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ်နှင့် ဒဏ္ဍာရီပုဂ္ဂိုလ် နှစ်ဦးသာ သိပေသည်။

ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်မှာ သေဆုံးသွားပြီ ဖြစ်သဖြင့် ကျိုရို့ယွီအား ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ပညာရပ် သင်ကြားပေးသူမှာ နတ်ဆိုး ဧကရာဇ်သာ ဖြစ်ကိုဖြစ်ရပေမည်။

နတ်ဆိုး ဧကရာဇ် ပြန်လည်ပေါ်ထွက်လာသည်ကို သိရှိပြီးနောက် အမှောင်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲ လေးယောက်တို့သည် သူနှင့် တွေ့ဆုံရန် ကြံစည်ခဲ့ ကြသည်။

သို့သော် ယဲ့ဖန်က လီကျိုးယောင်ကို သတ်ပြီး ရှန့်ကျင်းမြို့သို့ ထွက်ခွာသည်ကို သူတို့ သိရှိပြီး‌ေနာက် သူတို့ လက်လျှော့လိုက်ကာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ပညာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက် သွားပြီးမှ သွားတွေ့ရန် ပြင်ဆင်ခဲ့သည်။

တံခါးပိတ် ကျင့်ကြံခြင်း မပြုခင်၌ သူတို့သည် အမှောင်ဂိုဏ်း၏ အကြီးအကဲဘုတ်အဖွဲ့အား ယဲ့ဖန်ကို အစွမ်းကုန် ကာကွယ်ရန် အမိန့်ပေးခဲ့သည်။

သို့သော် အမှောင်ဂိုဏ်း၏ အကြီးအကဲဘုတ်အဖွဲ့က သူတို့၏ အမိန့်ကို မလိုက်နာဘဲ နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။

အကျိုးဆက်ကတော့ အကြီးအကဲ ဘုတ်အဖွဲ့က နန်ရှန့်အကြီးအကဲကိုသာ ကျန်းရှီမြို့သို့ သွားရန် တာဝန်ပေး၍ စေလွှတ်ခဲ့သည်။

အမှောင်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သည် သူတို့ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ပညာရပ်အား ကျွမ်းကျင်၍ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာချိန်တွင် အမှောင်ဂိုဏ်းအဖွဲ့က ယဲ့ဖန်အား သတ်ချင်နေသည်ဟု ထင်မထားခဲ့ကြပါ။

သူတို့ ထိတ်လန့်သွားကာ ယဲ့ဖန်၏ အမိန့်ကို နာခံရန် အလျင်အမြန် ရောက်လာကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် အမှောင်ဂိုဏ်းချုပ်သည် ရုတ်ခနဲ နောက်လှည့်ကာ အကြီးအကဲများကို စိုက်ကြည့်ပြီး ကြမ်းတမ်းသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

"နတ်ဆိုး ဥပဒေသရဲ့ ပုဒ်မ နှစ်ဆယ့်ရှစ်အရ ကျေးကျွန်တွေက သူတို့ရဲ့ ဘိုးဘေးတွေကို စော်ကားရင် သူတို့ တစ်စစီ ဖြစ်အောင် ခုတ်ပိုင်းခံရလိမ့်မယ်"

"မင်း သေနိုင်ပြီ"

*ဘာ*

သူ့စကားကြောင့် အမှောင်ဂိုဏ်း၏ အကြီးအကဲများ အားလုံး လုံးဝ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

သို့ပေမဲ့ သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် အမှောင်ဂိုဏ်း၏ သိုင်းပညာရှင် အယောက်တစ်ရာကျော်က ထိုအကြီးအကဲများအား လျှပ်တစ်ပြက် တိုက်ခိုက်လာသည်။

ဘုန်း! ဘုန်း! ဘုန်း!

ထိုအကြီးအကဲများ၏ ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အမှောင်ဂိုဏ်း၏ အကြီးအကဲများ သွေးမြူများဖြစ်သည်အထိ ထိုးနှက်ခံလိုက်ရသည်။

သူတို့ ကမ္ဘာမြေပေါ်မှ နှင်ထုတ်ခံလိုက်ရလေတော့သည်။

စာစဉ် (၁၈) ဤတွင် ပြီးပါပြီ။

All Chapters