← Chapters

အရှင်၏ သခင်ကြီး!

Vol. 19 Ch. 271

အရှင်၏ သခင်ကြီး!

Vol. 19 Ch. 271

ရွှစ်!

ယဲ့မုန့်ထန်နှင့် အခြား သစ္စာဖောက်ယဲ့များ၏ မျက်နှာကို သွေးများ ဖိတ်စင်လာပြီးနောက် သူတို့ ကြောက်လန့်ကာ အလွန်အမင်း တုန်လှုပ်လာသည်။

သေကုန်ပြီ။

ဒဏ္ဍာရီအဆင့် လူအိုကြီးတွေ အားလုံး အသတ်ခံလိုက်ရပြီး ကိုယ်လက်အင်္ဂါ မစုံလင်သော အလောင်းများက ကြမ်းပြင်အနှံ့ ပျံ့ကြဲနေသည်။

လေထုထဲမှ သွေးမြူများနှင့် သွေးနံ့များကို ရှူမိပြီးနောက် ယဲ့မုန့်ထန်နှင့် သစ္စာဖောက်ယဲ့များသည် ထမင်းပေါင်းအိုးထဲမှ ပွက်ပွက်ထနေသော ဆန်များကဲ့သို့ တုန်ယင်လာကြသည်။

အမှောင်ဂိုဏ်းချုပ်က ယဲ့ဖန်အတွက် သူ၏ လက်အောက်ငယ်သားများကို သတ်ဖြတ်ခြင်းက သူတို့ ထင်ထားသည်ထက်ကို လွန်နေလေသည်။

ယဲ့မုန့်ထန် ကြက်သီးတဖြန်းဖြန်းထကာ ယဲ့ဖန်ထံသို့ ခွေးတစ်ကောင်ကဲ့သို့ တွား၍ သွားလေသည်။

ယဲ့ဖန်ခြေဖမိုးရှေ့၌ ဝပ်တွားနေရင်း သူက ကြောက်စိတ်ဖြင့် တောင်းပန်လေတော့သည်။

"ယဲ့…ယဲ့ဖန်၊ ငါမှားသွားပါတယ်။ ငါ တကယ် စိတ်ရင်းနဲ့ နောင်တရမိပါတယ်။ ငါ့ကို အကျိုးအမြတ်နဲ့ ကြောက်စိတ်က တိုက်စားသွားလို့ပါ။ ငါ ဒီလောက် သစ္စာဖောက်တဲ့အလုပ်မျိုး ဘယ်လုပ်နိုင်ပါ့မလဲ"

"မင်းနဲ့ငါနဲ့က မျိုးဆက်တစ်ခုတည်းက ဆင်းသက်လာတာကို ထောက်ပြီးတော့ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ မင်းရဲ့ ကျေးကျွန်အဖြစ် ခစားချင်စိတ် ရှိပါတယ်ကွာ"

ယဲ့မုန့်ထန်သည် ယဲ့ဖန်ရှေ့ မျက်နှာလုပ်ကာ ပြောဆိုနေသည်။ သူ ကြောက်လို့နေသည်။ သူ့တစ်ဘဝလုံး သည်လောက် မကြောက်လန့်ခဲ့ရဖူးပါ။

အကယ်၍ သူသာ ယဲ့ကလန်ကို သစ္စာမဖောက်ခဲ့ဘဲ ယဲ့ဖန်ကိုသာ အခိုင်အမာ ထောက်ခံခဲ့လျင် သူသည် ယဲ့ရှုံးနှင့် အခြားယဲ့ကလန်သားများနှင့်အတူ ယဲ့ဖန်၏ အယုံကြည်ရဆုံးလူ ဖြစ်လာလောက်သည်။ အမှောင်ဂိုဏ်းချုပ်တောင်မှ သူ့ကို တလေးတစားနှင့် ဆက်ဆံရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် နောက်ကျသွားချေပြီ။ သူ၏ အသက်ကို နောက်ဆုံးအနေဖြင့် ရသလောက် ဆွဲဆန့်ချင်သေးသည်။ သူ မသေချင်သေးပါ။

အခြား သစ္စာဖောက်ယဲ့များသည်လည်း ဒူးထောက် ဝပ်တွား၍ ယဲ့ဖန်အား သနားစဖွယ် တောင်းပန်တိုးလျှိုးကြလေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ရှုံးနှင့် အခြားယဲ့ကလန်သားများ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ အကယ်၍ သူတို့သာ ယဲ့မုန့်ထန်နှင့် အခြား ယဲ့အင်အားစုများကဲ့သို့ သေရမည်ကို ကြောက်လန့်ပြီး ယဲ့ဖန်အပေါ် အထင်သေးခဲ့ပါက သူတို့သည်လည်း ယဲ့မုန့်ထန်နှင့် အဖြစ်တူ သွားရပေလိမ့်မည်။

ထို့ကြောင့် ယဲ့ရှုံး၊ ယဲ့ရီယွင်နှင့် အခြားယဲ့ကလန်သားများက အလွန် လေးစား ကြည်ညိုဟန်ဖြင့် ဝိုင်းကြည့်မိကြသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် အလွန် ဆန်းကြယ်လှသည်ဟု သူတို့ ခံစားမိကြသည်။ သို့သော် ပို၍လွန်ကဲသော ထိတ်လန့်မှုမျိုးက သူတို့ကို စောင့်ကြိုနေသည်ကို သူတို့ မသိခဲ့ကြပါ။

ယဲ့ဖန်သည် အရာအားလုံးကို လုပ်နိုင်စွမ်းရှိသည်ဟု ထင်ရသည်။ ထိုစဉ် ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့မုန့်ထန် ရုတ်ခနဲ နာကျင်စွာ အော်ဟစ်လိုက်မိသည်။

"အား…အား…အား"

ထို့နောက် ယဲ့မုန့်ထန်၏ နဖူးအလယ်တည့်တည့်၌ သွေးစွန်းနေသော အပေါက်ရာတစ်ခု ပေါ်လာသည်။ သူ၏ မူလ သလင်းကျောက်အား ယဲ့ဖန်က ဆွဲထုတ်သွားခြင်း ဖြစ်သည်။

သို့သော် ယခုမှ အစပင် ရှိသေးသည်။ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများ တိုက်ခိုက်ရေး ကလပ်အနှံ့ ပဲ့တင်ထွက်လာပြီးနောက် ယဲ့အင်အားစု၏ မူလ သလင်းကျောက်များ တစ်ခုပြီးတစ်ခု ဆွဲထုတ် ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယဲ့အင်အားစုများ အလွန် စူးရှစွာ အော်ဟစ်နေကြသည်။ ယဲ့မုန့်ထန်နှင့် အခြား ယဲ့အင်အားစုများ၏ မျက်နှာများ ပြာနှမ်းသွားကြသည်။

သူတို့၏ မူလ သလင်းကျောက်များ ဆွဲထုတ်ခံရပြီးနောက် သူတို့၏ ကျင့်ကြံခြင်း အခြေခံ အဆင့်သည်လည်း ပျက်ဆီးသွားပြီ ဖြစ်သည်။ ယခုချိန်မှစပြီး သူတို့အားလုံး သာမန်လူများ ဖြစ်သွားကြသည်။

သူတို့အားလုံး သိုင်းပညာရှင်များ မဟုတ်ကြတော့ပေ။ သို့သော် သူတို့‌ စောဒက မတက်ရဲကြပါ။ ထိုအစား သူတို့အသက်ကို ချမ်းသာပေးတာကိုပင် ကျေးဇူးတင်နေပြီ ဖြစ်ပြီး ယဲ့ဖန်အား မျက်နှာလုပ်၍ ပြောဆိုလိုက်သည်။

"ကျုပ်တို့ကို အသက်ရှင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စတာယဲ့"

သို့သော် ယဲ့ဖန် ထပ်ပြောလာသည့် စကားက သူတို့ကို သေမတတ် လန့်သွားစေရသည်။

"မင်းတို့ကို မသတ်ဘူးလို့ ငါ ပြောမိလို့လား"

*ဘာ*

ယဲ့ဖန်စကားကြောင့် ယဲ့မုန့်ထန်နှင့် အခြားယဲ့အင်အားစုများ၏ မျက်နှာများ ချက်ချင်း ပြာနှမ်းသွားကြသည်။

ယဲ့ဖန်က သူတို့၏ မူလ သလင်းကျောက်များကို ထုတ်ယူပြီးသွားပြီ ဖြစ်သော်လည်း သူက သူတို့ကို လွှတ်ပေးလိုက်ချင်စိတ် မရှိသေးချေ။

"ခင်ဗျားက ခင်ဗျားရဲ့ ဘိုးဘေးတွေကို သစ္စာဖောက်ခဲ့ပြီးတော့ ကိုယ့်ကလန်သားတွေကို သတ်ချင်ခဲ့တယ်။ ခင်ဗျားက ဝက်နဲ့ နှိုင်းဖို့တောင် မတန်ဘူး"

"ခင်ဗျား တစ်ချက်တည်းနဲ့ အသတ်ခံရင်တောင် ကံကောင်းတယ်မှတ်ပါ"

ယဲ့ဖန်က တင်းမာ၍ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် ကျိန်းမောင်းလိုက်ပြီး ယဲ့ရှုံးနှင့် အခြား ယဲ့ကလန်သားများကို လှမ်းပြောလိုက်သည်။

"သူတို့ရဲ့ အရေပြားတွေကို တစ်ခုချင်းစီ ခွာချလိုက်။ သူတို့ရဲ့ သွေးတွေကို နည်းနည်းချင်းစီ ဆုံးရှုံးခိုင်းလိုက်"

"အဆုံးမသတ်နိုင်တဲ့ မုန်းတီးမှုနဲ့ အော်ဟစ်သံတွေနဲ့အတူ သူတို့ရဲ့ အပြစ်တွေကို ပေးဆပ်ခိုင်းလိုက်"

ရက်စက်လှသည်။ သွေးဆာလွန်းလှ၏။

ယဲ့ဖန်၏ စကားကို သူတို့ ကြားသည်နှင့် ယဲ့ရှုံးနှင့် အခြား ယဲ့ကလန်သားများ အလွန် စိတ်လှုပ်ရှားသွားကြသည်။

မုန်းသည်။ သူတို့ ယဲ့မုန့်ထန်ကို အလွန် မုန်းတီးကြသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူတို့ ခေါင်းဖြတ်အသတ်ခံရသည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။ သူတို့ ယဲ့မုန့်ထန်အပေါ် လုံးဝ သနားကြင်နာမှု မပြချင်ပါ။

"ခွေးအိုကြီး၊ ခင်ဗျား တစ်နေ့ နိမ့်ကျတဲ့ နေရာကို ရောက်မယ်ဆိုတာ မထင်ထားဘူးမဟုတ်လား"

ယဲ့ရီယွင်က ရှေ့သို့ တစ်လှမ်းထိုးလာပြီး ဓားမော့တစ်ချောင်းကို ကောက်ယူကာ ရုတ်တရက် ဝေ့ယမ်းလိုက်သည်။

ဝှစ်!

ယဲ့မုန့်ထန်၏ လက်မောင်းတစ်ဘက် ပြတ်ကျသွားသည်။ သို့သော် ဒါက စတင်ခါစသာ ရှိသေးသည်။

ယဲ့ရီယွင်၏ တိုက်ခိုက်မှုအပြီးအတွင် သွေးများနှင့် လက်မောင်းတစ်ဘက်က လေထဲသို့ မြောက်တက်လာသည်။

ယဲ့မုန့်ထန်၏ အိပ်မက်ဆိုးက ယခုမှ စတင်လာသည်။ တစ်ခါမျှကြာသော် ယဲ့လန်၊ ယဲ့ရီယွင်နှင့် အခြား ယဲ့ကလန်သားများက သစ္စာဖောက်ယဲ့ အင်အားစုများထံသို့ အရူးအမူး ပြေးဝင်သွားကာ သူတို့ကို တစ်စစီဖြစ်အောင် ခုတ်ပိုင်းလေတော့သည်။

ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး အော်ဟစ်သံများနှင့် ပြည့်နှက်လာရသည်။

…..

ယန်ကျင့်မြို့ရှိ ကျိုအိမ်တော်၏ ခြံအပြင်၌ လူငယ်တစ်ယောက်က တံမြက်စည်းလှည်းလို့နေသည်။ ထိုလူငယ်လေးကို ကြည့်ရသည်မှ သာမန်မဟုတ်သလိုပင်၊ ထူးဆန်းသည်က သူ၏ နဖူးအလယ်တည့်တည့်၌ သွေးစွန်းနေသော အပေါက်ရာတစ်ခု ရှိနေသည်။

ထိုအပေါက်သည် အနာဖေးတက်နေပြီ ဖြစ်သော်လည်း သူ၏ စိတ်ဒဏ်ရာကတော့ ပျောက်ကင်းရန် ခဲယဉ်းလှပေသည်။ ထိုအချိန်တွင် သူက အလွန် မုန်းတီးဟန်ဖြင့် အပြစ်တင် ပြောဆိုနေသည်။

"ဒါတွေအားလုံးက အဲ့ငနာလေးရဲ့ အမှားတွေပဲ။ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ တောက်တိုမယ်ရ လုပ်ရတဲ့ သူ ဖြစ်မယ့်အစား အခုထိ အမှောင်ဂိုဏ်းရဲ့ အဖွဲ့ဝင် ဖြစ်နေဦးမှာ"

ထိုလူငယ်လေးကား ရင်းလုံပင်။

သူသည် ယဲ့ဖန်အား အမှောင်ဂိုဏ်းနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ဖို့အလို့ငှာ ကျန်းရှီမြို့သို့ သွားခဲ့သည်။ သူက အလွန် မောက်မာလှပြီး ညအဖွဲ့၏ အရှင်သခင် သုံးယောက်ကို စော်ကားခဲ့သည်။

အကျိုးဆက်အနေနှင့် သူ၏ မူလ သလင်းကျောက်အား ယဲ့ဖန်က ဆွဲထုတ်ခဲ့သည်။

ထို့နောက်တွင် သူသည် အမှောင်ဂိုဏ်းထဲမှ ထွက်ခဲ့ရသော်လည်း သာမန်လူအဖြစ် နေထိုင်ရန် စိတ်မလျှော့လိုက်နိုင်သေးပါ၊ ထို့ကြောင့် သူသည် ကျိုကလန်၏ အစေခံအဖြစ် ခစားခဲ့သည်။

"အစ်ကိုကြီး အကြီးအကဲ ကျိုဟမ့်ရှန်က တာဝန်ပြီးသွားပြီလားဆိုတာ ငါ သိချင်လိုက်တာ၊ သူ အဲ့ငနာလေးကို တစ်စစီဖြစ်အောင် လုပ်ရင် ပိုကောင်းမှာပဲ"

ရင်းလုံသည် အလွန် နာကြည်းဟန်ဖြင့် ရေရွတ်နေသည်။ ခဏအကြာတွင် သူ ခြေသံတစ်သံကို ကြားလိုက်ရပြီး လက်မောင်းတစ်ဘက်သာ ရှိသော အဘိုးအိုတစ်ယောက် ပျော်ရွှင်စွာ ပြေးလာသည်ကို သူ မြင်လိုက်ရသည်။

"ဆရာ"

ရင်းလုံ မှင်တက်သွားပြီးမှ မေးလိုက်သည်။

"ဆရာ … ဆရာဘာလို့ ဒီကို ရောက်လာတာလဲ"

ထိုအဘိုးအိုသည် ရင်းလုံ၏ ဆရာဖြစ်သူ နန်ရှန့် အကြီးအကဲပင်။

"လုံ …. သတင်းကောင်းကွ၊ ငါတို့အရှင် ပေါ်လာပြီ"

နန်ရှန့်အကြီးအကဲက အလွန် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ပြောလာသည်။ သူ့စကားကြောင့် ရင်းလုံ မှင်တက်သွားပြီးမှ ပြန်မေးလိုက်သည်။

"အရှင်က ငါးနှစ်လုံး တံခါးပိတ် ကျင့်ကြံနေတာမလား၊ သူ ဘာကြောင့် ထွက်လာရတာလဲ"

"ဟဟ…ဟိုငနာကောင်ကြောင့်ပေါ့ကွာ"

နန်ရှန့်အကြီးအကဲက အလွန် သရော်နေသော အပြုံးနှင့် ပြန်ပြောလိုက်သည်။

"အရှင်က အဲ့ငနာလေး သခင်လေးကို သတ်လိုက်တယ်ဆိုတာကို သိသွားတယ်လေ အဲ့ဒါကြောင့် သူက မဟာ အကြီးအကဲလေးယောက်နဲ့ ပြန်လာတာ။ သူတို့ တိုက်ခိုက်ရေး ကလပ်ကို သွားနေကြပြီလေ"

"ဘယ်လို"

သူ့စကားကြောင့် ရင်းလုံ တက်ကြွလာသည်။

*သူ သေတော့မှာလား*

*အဲ့ကောင်စုတ် နောက်ဆုံးတော့ သေတော့မှာပါလား*

ထိုအချိန်တွင် ရင်းလုံ အပျော်လွန်ကာ ငိုမိမလို ဖြစ်နေသည်။ သို့သော် ထိုစဉ် ကျိုကလန်၏ ဘဏ္ဍာထိန်းဖြစ်သူ မာစတာကျိုသည် ကျိုအိမ်တော်ပေါက်ဝမှ ခပ်သွက်သွက် ထွက်လာသည်။

ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ကို သူ မြင်သွားသောအခါ တစ်ခဏမျှ ကြောင်နေပြီးမှ မေးလိုက်သည်။

"အာ … မင်းတို့ ဘာတွေ ကြောင်ကြည့်နေကြတာလဲ။ မြန်မြန် လာစမ်းပါ၊ ငါ့ကို ကူပြီး ပြင်ဆင်ပေးဦး"

သူ့စကားကြောင့် ရင်းလုံနှင့် သူ့ဆရာတို့ ကြောင်အသွားကာ ပြန်မေးလိုက်သည်။

"ဘဏ္ဍာထိန်းကျို၊ ဘာလို့ ကျုပ်တို့က ပြင်ဆင်ရမှာလဲ"

ထိုစဉ် ကျိုအိမ်တော်မှ လူတိုင်း ပျော်စရာကိစ္စ တစ်ခုခု ဖြစ်ပေါ်လာတော့မည့်ဟန်ဖြင့် ဖဲကြိုးများနှင့် မီးအိမ်များကို ချိတ်ဆွဲရင်း အလုပ်များနေကြသည်ကို သတိထားလိုက်မိသည်။

"မင်းတို့ မသိဘူးလား။ အရှင်ရဲ့ သခင်ကြီးက ယန်ကျင့်မြို့ကို ရောက်လာတယ်လေ။ သူက ကျိုကလန်ကို လာနေပြီ"

*ဘာ*

ဘဏ္ဍာထိန်း၏ စကားကြောင့် ရင်းလုံနှင့် သူ့ဆရာတို့ မှင်တက်သွားသည်။

*အရှင်ရဲ့ သခင်ကြီး*

*သူက ကျိုကလန်ရဲ့ ခေါင်းဆောင်မဟုတ်ဘူးလား*

*ဒါ မဖြစ်နိုင်ဘူးလေ*

နှစ်ထောင်နှင့်ချီ၍ တည်ရှိခဲ့သော ကျိုကလန်နှင့် အမှောင်ဂိုဏ်းက အရှင်ဖြစ်သူ၏ သခင်ကြီးဖြစ်နိုင်သည့် ပုဂ္ဂိုလ်ကြီး ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။

အံ့ဩစရာ ကောင်းလှပါဘိ။

သို့သော် ဘဏ္ဍာထိန်းကျိုက ခပ်ဝေးဝေးမှ ပုံရိပ်တစ်ခုကို သတိထားမိသွားဟန်ဖြင့် ရုတ်တရက် အံ့အားသင့်သွားသည်။

"မြန်မြန်…မြန်မြန်လုပ်ကြ…ငါတို့ သခင်ကြီး လာနေပြီ"

*ဟမ်*

သူ့စကားကြောင့် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲသို့ ခပ်သွက်သွက် လှည့်ကြည့်လိုက်ကြသည်။ ကျိုကလန်သို့ ဦးတည်လာနေသော လူငယ်တစ်ယောက်နှင့် သူ့နောက်မှ အမှောင်ဂိုဏ်းချုပ်နှင့် မဟာ အကြီးအကဲ လေးယောက်တို့ လိုက်ပါလာသည်ကို သူတို့ ချက်ချင်း မြင်လိုက်ကြရသည်။

သို့သော် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ ထိုလူငယ်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် နှစ်ယောက်လုံး အလွန် အံ့အားသင့်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်ဖြစ်သွားကြလေသည်။

All Chapters