← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 16 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 16 Ch. 193-194

အပိုင်း(၁၉၃)

ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် ဆရာသခင်ဓားအရှင်၊ ကမ္ဘာကိုကယ်တင်သည့် မြင့်မြတ်ကုန်းမြေ

ဝုန်းးးး

ဖုန်မှုန့်များကြားရှိ အပျက်အစီးများကြားထဲမှ ရွှမ်ထျန်းယီ ထွက်လာခဲ့သည်။ သူတို့ရပ်ကြည့်နေ‌သောတောင်သည် တိုက်ပွဲအဟုန်ကြောင့် တစ်စစီကြေမွသွားခဲ့ပြီး ဖြစ်၏။ ထို့နောက် ရွှမ်ထျန်းယီ ကောင်းကင်ပေါ်ပျံတက်သွားခဲ့ပြီး မြေပြင်ကို ငုံ့ကြည့်လိုက်မိသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သူ့အကြည့်က အမတတာအိုပညာရှင်ဖန်တီးထားခဲ့သော ချောက်ကမ်းပါး၏ ဟိုဘက်ကို ရောက်နေခဲ့၏။ ထိုနေရာတွင် မိစ္ဆာဘိုးဘေး၏ ပုံရိပ်မှာ လုံး၀ ရှိမနေတော့ပေ။ ကြောက်စရာကောင်းသော မိစ္ဆာချီများလည်း လုံး၀ ပျောက်ကွယ်သွားပြီဖြစ်ကာ ထိုနေရာတွင် ကျန်နေခဲ့သည်မှာ ဖုန်လုံးကြီးများနှင့် မိစ္ဆာမြူများသာ ဖြစ်ပြီး မြင်ကွင်းမှာ ဖရိုဖရဲဖြစ်နေသော ကမ္ဘာပျက်ကြီးတစ်ခုလိုပင်။

“အဲ့တာက ဓားအစီအရင်တစ်ခုများလား”

ရွှမ်ထျန်းယီ မျက်ခုံးများတွန့်ကွေးသွားကာ တွေးနေမိသည်။ ဆရာသခင်ဓားအရှင်သည် လူကိုယ်တိုင်ပင် ရောက်ရှိမလာဘဲ မိစ္ဆာဘိုးဘေးကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်သွားခြင်းဖြစ်ပြီး အတော်လေး ကြောက်စရာကောင်းလှသည်။

ဤတစ်ကြိမ်သည် သူ ဆရာသခင်ဓားအရှင်၏ အင်အားအစစ်အမှန်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်၏။ ထိုမျှကြောက်စရာကောင်းသော စွမ်းအားမျိုးကို သူ ပင်လယ်ရပ်ခြားဒေသတွင်ပင် မတွေ့ခဲ့ဖူးပေ။

ထိုစဉ် ကြီးမြတ်သည့်ကျင့်ကြံသူများအားလုံး အရပ်မျက်နှာပေါင်းစုံမှ ‌ထွက်ပေါ်လာကြပြီး ထိုနေရာတွင်စုဝေးကာ စိတ်လှုပ်ရှားနေခဲ့ကြသည်။

“မိစ္ဆာဘိုးဘေးသေသွားပြီ! ဒါဆို မိစ္ဆာကပ်ဘေးက ပြီးဆုံးသွားပြီမဟုတ်လား”

“ဟားဟားဟား နောက်ဆုံးတော့ ငါတို့နိုင်ခဲ့ပြီ ငါတို့သေစရာ မလိုတော့ဘူး”

“ဆရာသခင်ဓားအရှင်က တကယ်ကြီး စွမ်းအားကြီးလွန်းတာပဲ ကြည့်ရတာ အမတတွေကြားထဲမှာ‌လည်း စွမ်းအားကွာဟမှုက ရှိနေသေးပုံပဲ”

“ဘာလို့ အဲ့လောက်စွမ်းအားကြီးတဲ့လူတစ်ယောက်က သူ့သရုပ်မှန်ကို ဖုံးကွယ်ထားရတာလဲ”

“မင်းကိုယ်မင်းပြန်မေးကြည့်လေ အဲ့လောက်စွမ်းအားကြီးတဲ့လူတစ်ယောက်က ကပ်ဘေးတွေထဲ နည်းနည်းလောက်၀င်ပါလိုက်တာနဲ့ သူ့အစွမ်းအစကပေါ်လွင်လာမှာပဲ အဲ့ဒီအခါ နောက်ဘယ်ကပ်ဘေးပဲကြုံကြုံ လူတွေက သူ့ဆီပဲလာပြီး ခယတောင်းပန်ပြီး ၀င်ပါခိုင်းကြလိမ့်မယ် မင်းဆိုရင်ရော အဲ့လောက်သာစွမ်းအားကြီးနေရင် ဒါမျိုးကိစ္စတွေကို အမြဲကူညီချင်နေမှာလား”

ကြီးမြတ်သည့်ကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားနေကြပြီး အချို့မှာ ရယ်ပင် ရယ်မောနေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ သူတို့အတွက် နှစ်အတန်ကြာ ဖိစီးခဲ့ရသော ကပ်ဘေးကြီးသည် ပျောက်ကွယ်သွားခဲ့လေပြီ။

ခန်းထျန်ဂိုဏ်းချုပ် လျန်ခန်းဟိုင် ပြောလိုက်သည်။

“လူတိုင်းပဲ မင်းဆက်သုံးခုက ဂိုဏ်းတိုင်းမှာ ဆရာသခင်ဓားအရှင်ရဲ့ရုပ်ထုကို စိုက်ထူထားသင့်တယ်လို့ ကျုပ်ထင်တယ် အဲ့တာက ဖားယားဖို့အတွက် မဟုတ်ဘူး ဒီနေ့ဆရာသခင်ဓားအရှင်ရဲ့ လုပ်ရပ်ကို ကမ္ဘာကြီးက အမြဲတမ်း သတိရနေစေဖို့ အတွက်ပဲ”

ထိုစကားကို ကြီးမြတ်သည့်ကျင့်ကြံသူများလည်း သဘောတူထောက်ခံလိုက်ကြသည်။

အဓိပတိအကြီးအကဲ ရွှမ်ကွမ်းမှာတော့ မျက်မှောင်ကြုံ့သွားပြီး တစ်ခုခုပြောဖို့ တွန့်ဆုတ်နေခဲ့၏။

ရွှမ်ထျန်းယီမှာတော့ လျန်ခန်းဟိုင်ကို ကြည့်ကာ အေးစက်စက်တစ်ချက်ထေ့ငေါ့လိုက်ပြီး ဘာမှတော့မပြောခဲ့ပေ။

ထို့နောက်တွင်တော့ လျန်ခန်းဟိုင်၏ အမိန့်အရ လူတိုင်း ထိုနေရာတွင် မိစ္ဆာဘိုးဘေးအသက်ရှင်ကျန်နေဦးမလားဟူ၍ လိုက်လံရှာဖွေ စစ်ဆေးကြလေတော့သည်။

တတိယတောင်ကြားတွင် ကုအန်လည်း နတ်အာရုံသုံးကာ တိုက်ပွဲနယ်မြေတွင် ရှာဖွေနေခဲ့၏။ မိစ္ဆာဘိုးဘေးသည် သေဆုံးသွားပြီးသည့်နောက် မိစ္ဆာအမြုတေရော မိစ္ဆာရတနာပါ ဘာကိုမှ ချန်မထားရစ်ခဲ့ပေ။

ထိုကောင်သည် အလွယ်တကူသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုမိစ္ဆာကြီး အနာဂတ်တွင် ပြန်လည်ရှင်သန်လာတာမျိူး ရှိနေနိုင်ဦးပါမည်လော။

ကုအန် သူ့အတွေးများကို ဖိနှိပ်ထားလိုက်ပြီး တပည့်များနှင့် အတူဆရာသခင်ဓားအရှင်၏ ခွန်အားအကြောင်း ချီးကျုးနေသည့် စကားဝိုင်းတွင် ၀င်ပါလိုက်လေသည်။

ယခုအချိန်တွင် ကိစ္စအားလုံးမှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ မည်သို့တုန့်ပြန်မလဲဟူသည့် အပေါ်တွင်သာ မူတည်နေလေပြီ!

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူတို့ကိုယ်သူတို့ မြင့်မြတ်ကုန်းမြေဟု ခံယူထားသောကြောင့် အဆင်အခြင်မဲ့ ၀င်ပါမည်တော့ မဟုတ်ပေ။ အံ့ဖွယ်အမတလင်းက သူ့သရုပ်မှန်ကို ဖုံးကွယ်ပြီးမှ အဓိပတိဂိုဏ်းဆီ ရောက်လာခဲ့ခြင်းက ထိုအရာကို သက်သေပြနေခဲ့သည်။

….

မိစ္ဆာဘိုးဘေး ကျဆုံးမှု!

ထိုသတင်းက ကမ္ဘာတစ်ခုလုံးတွင် ၂ရက်အတွင်း ပျံ့နှံ့သွားခဲ့သည်။ ထိုမျှမြန်မြန်သတင်းပျံ့သွားရခြင်းမှာ မိစ္ဆာဘိုးဘေးသည် သူမသေခင် ဆရာသခင်ဓားအရှင်ကို အော်ခေါ်၍ စိန်ခေါ်သွားခြင်းကြောင့် ဖြစ်၏။

ယခုအခါ ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းသည် မင်းဆက်သုံးခုတွင် တိုင်းတာ၍မရအောင် မြင့်မားနေပြီ ဖြစ်၏။

မင်းဆက်သုံးခုရှိ မိစ္ဆာများအားလုံး ကုန်သွားခြင်းမဟုတ်သေးသော်လည်း ယခုအခါ မိစ္ဆာဘုရင်များပင် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသောကြောင့် မင်းဆက်သုံးခုရှိ လူသားမျိုးနွယ်မှာ အတော်လေး စိတ်ဓာတ်တက်ကြွနေချိန် ဖြစ်သည်။

ကမ္ဘာပေါ်ရှိလူတိုင်းက ဆရာသခင်ဓားအရှင်အကြောင်း ဂုဏ်ပြုတေးများပင် သီဆိုနေခဲ့ကြ၏။

ကုအန် အစိမ်းရောင်သူရဲကောင်းအဖြစ် သေမျိုးကမ္ဘာတစ်ခွင် လှည့်လည်သွားလာချိန်တွင် လူတိုင်းက ဆရာသခင်ဓားအရှင်အကြောင်း ဆွေးနွေး‌နေကြ၍ သူပင်အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သတင်းသည် ထိုမျှမြန်မြန်ပျံ့နှံ့သွားမည်ဟု သူထင်မထားခဲ့ပေ။

မိစ္ဆာဘိုးဘေး သေဆုံးသွားပြီဖြစ်သော်လည်း အသိစိတ်မဲ့ ကြမ်းတမ်းလှသော မိစ္ဆာများသည် အများအပြားကျန်ရှ်ိနေသောကြောင့် မိစ္ဆာများကို ထိန်းချုပ်ထားသည်မှာ မိစ္ဆာဘိုးဘေးမဟုတ်မှန်း ထင်ရှားလှသည်။

သို့သော် မိစ္ဆာဘုရင်များ ဆုတ်ခွာသွားသည်နှင့် မင်းဆက်သုံးခုသည် တဖြည်းဖြည်း ပြန်လည်အေးချမ်းလာတော့မည် ဖြစ်သည်။ ထို့ကြောင့် ကုအန် ဤအခွင့်အရေးကိုအသုံးချကာ သက်တမ်းများ ရသလောက်စုဆောင်းနေခဲ့၏။

သက်တမ်း စုဆောင်းခြင်းသည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သောကြောင့် ဆရာသခင်ဓားအရှင်သရုပ်ကို သုံး၍ သူသက်တမ်းမစုဆောင်းခဲ့ပေ။ လူမသိသူမသိ အစိမ်းရောင်သူရဲကောင်း အဖြစ်သာ သက်တမ်းစုဆောင်းနေခဲ့၏။ ယခုကာလတွင် အစိမ်းရောင်သူရဲကောင်းလို သူရဲကောင်းများသည် ကမ္ဘာတစ်ခုလုံးတွင် အများအပြားရှိပြီး ထိုအရာမှာ သာမန်သာ ဖြစ်သည်။

ဤသို့ဖြင့် ရက်များ ကုန်ဆုံးသွားခဲ့၏။

တစ်လခန့်ကြာသောအခါ ကုအန်၏ သက်တမ်းသည် ၈ သန်းကိုပင် ကျော်လွန်သွားခဲ့သည်။

ထိုနေ့တွင် ကုအန်ဆီသို့ လုပိုင်ထျန်း လာတွေ့ခဲ့၏။ ကုအန်လည်း သူ့ကို အိမ်ထဲတွင် ခေါ်တွေ့ခဲ့လေသည်။

လုပိုင်ထျန်းသည် အလွန်ပျော်ရွှင်နေပြီး ဆရာသခင်ဓားအရှင်ကို အဆက်မပြတ်ချီးမွမ်းခန်းဖွင့်နေခဲ့၏။ ဆရာသခင်ဓားအရှင်သည် သူဂိုဏ်းချုပ်အဖြစ် တာ၀န်ယူနေစဉ်ကာလတွင် ပေါ်လာခဲ့ခြင်းဖြစ်ပြီး သူက ဆရာသခင်ဓားအရှင်ကို ဂိုဏ်းထဲတွင် အောင်မြင်စွာ ခေါ်ယူထားနိုင်ခဲ့သည်။ သူ့လုပ်ရပ်ကို အဓိပတိအကြီးအကဲများက အလွန်သဘောကျနေပြီး ရွမ်ထျန်းယီကပင် သူသည် ဂိုဏ်းချုပ်နေရာအတွက် လုပိုင်ထျန်း၏ ပြိုင်ဘက်မဟုတ်ဘူးဟု ထုတ်ပြောခဲ့သည်။

“မိစ္ဆာကပ်ဘေးက ပြီးဆုံးသွားပြီလို့ ပြောလို့ရတယ် ဆရာသခင်ဓားအရှင်က မိစ္ဆာဘိုးဘေးကိုရှင်းလိုက်တဲ့အပြင် မြင့်မြတ်ကုန်းမြေကလည်း တံခါးဖွင့်ပြီး တပည့်တွေကိုတောင်အောက်ဆင်းခိုင်းပြီး ကမ္ဘာကြီးကို ကယ်တင်ခိုင်းလိုက်တယ်” လုပိုင်ထျန်း လက်ဖက်ရည်ခွက်ကိုလှုပ်နေရင်း ပြုံး၍ ပြောလိုက်သည်။

ကုအန်မေးလိုက်၏။

“မြင့်မြတ်ကုန်းမြေလား ကျွန်တော်တတိယသခင်မလေးဆီက ကြားတာတော့ မိစ္ဆာကုန်းမြေက ကမ္ဘာ့ရေးရာကိစ္စတွေကို ၀င်မစွက်ဖက်ဘူးဆို ဘာလို့သူတို့က ဒီတစ်ကြိမ်၀င်ပါတာလဲ”

လုပိုင်ထျန်း ရှင်းပြလိုက်၏။

“ပြောကြတာတော့ မိစ္ဆာကပ်ဘေးက မိစ္ဆာဘိုးဘေးနဲ့တင်မဟုတ်ဘဲ ‌မကောင်းဆိုးဝါးမိစ္ဆာလို့ခေါ်တဲ့ အခြား ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင်နဲ့လည်း ဆက်စပ်နေတယ်လို့ ပြောကြတယ် အဲ့ဒီမကောင်းဆိုးဝါးမိစ္ဆာကို မြင့်မြတ်ကုန်းမြေက မြေအောက်ထဲမှာ စည်းပိတ်ထားခဲ့တာ မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာပြီး မိစ္ဆာတွေထကြွလာတော့ မြင့်မြတ်ကုန်းမြေက တစ်ခုခုတော့ မှားနေပြီလို့ ထင်ခဲ့ကြတယ် သူတို့စစ်ဆေးကြည့်လိုက်တဲ့အခါကျ မကောင်းဆိုးဝါးမိစ္ဆာကိုစည်းပိတ်ထားပေမယ့် သူ့မိစ္ဆာချီတွေက မြေအောက်ကနေ စိမ့်ထွက်နေပြီး သဘာ၀စွမ်းအင်တွေနဲ့အတူ မိစ္ဆာတွေရဲ့ ကိုယ်ထဲ၀င်သွားလို့ မိစ္ဆာတွေ ထကြွသောင်းကျန်းကုန်ကြတာကို သိလိုက်ကြရတယ်”

“မင်းဆက်သုံးခုနယ်မြေက‌ေတာ့ ကုန်းမြေတိုက်ကြီးရဲ့ တောင်ဘက်ဆုံးအပိုင်းမှာ‌ရှ်ိလို့ မကောင်းဆိုးဝါးမိစ္ဆာရဲ့ မိစ္ဆာချီတွေ ကူးစက်တာကို မခံခဲ့ရဘူး အဲ့ဒီမကောင်းဆိုးဝါးမိစ္ဆာက တဖြည်းဖြည်းပိုသန်မာလာပြီး အနာဂတ်မှာလွတ်လာနိုင်ပြီး မိစ္ဆာကပ်ဘေးနောက်တစ်ခု ထပ်ဖြစ်မယ်လို့တောင် မြင့်မြတ်ကုန်းမြေက ခန့်မှန်းထားတယ် အဲ့ဒီကပ်ဘေးရောက်လာရင် မြင့်မြတ်ကုန်းမြေက ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းတွေအားလုံးနဲ့အတူ ကပ်ဘေးကို ရင်ဆိုင်လိမ့်မယ် နောက်ပြီး မကောင်းဆိုးဝါးမိစ္ဆာကို လုံး၀ အပြတ်ရှင်းမပစ်နိုင်ခဲ့တာကြောင့် ဒီကိစ္စအတွက် သူတို့မှာ တာ၀န်ရှိလို့ ၀င်ပါရမယ်လို့ ဆုံးဖြတ်ထားကြတယ်”

ထိုစကားကို ကြားသောအခါ ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို အတော်လေး လေးစားမိသွားခဲ့သည်။

စင်းလုံးချောကာ အပြစ်အနာအဆာမရှိသော အကြောင်းပြချက်!

အကယ်၍ ကုအန်သာ မှတ်ညဏ်များထဲမှ မြင့်မြတ်ကုန်းမြေ၏ ဆိုးယုတ်မှုများကိုသာ တွေ့မထားခဲ့ပါက သူလည်း ထိုလူများကို အ‌တော်ကောင်းသော လူများဟု ယုံလိုက်မိမည် ဖြစ်သည်။

သို့သော်လည်း အခုတော့ ထိုအရာများအားလုံးသည် မြင့်မြတ်ကုန်းမြေက စီစဉ်ထားသော အရာများဖြစ်မှန်း သူသိနေခဲ့သည်။

အခုကိစ္စမှာ သူ့အတွက်တော့ ကောင်းသောအရာဖြစ်သည်။ မြင့်မြတ်ကုန်းမြေက တပည့်များပို့လွှတ်လိုက်သည်ဆိုသော ဖြစ်ရပ်က သူတို့သည် သူတို့ပုံရိပ်ကို ဂရုစိုက်နေသေးပြီး လက်လွန်စပယ်မလုပ်ဘူးဟု ညွှန်ပြနေခဲ့သည်။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ဆရာသခင်ဓားအရှင်ကိုလည်း ကြောက်ရွံ့နေပုံပေါ်ပြီး သူနှင့်တိုက်ရိုက်ရင်မဆိုင်ချင်သေးသောကြောင့် ကုအန်အတွက်လည်း ကြီးထွားရန် အချိန်ပို၍ ရလာခဲ့၏။

ကုအန် ပျော်ချင်ယောင်ဆောင်လိုက်ပြီး မေးလိုက်သည်။

“ဒါကတကယ့်သတင်းကောင်းပဲ မြင့်မြတ်ကုန်းမြေက တကယ်ပဲစွမ်းအားကြီးတဲ့‌နေရာ ဖြစ်ရမယ် ဒါနဲ့ဒီသတင်းကို အခြားဂိုဏ်းတွေရော သိကြလား”

“သိတယ် ဂိုဏ်းတိုင်းက မြင့်မြတ်ကုန်းမြေသံတမန်ဆီက သတင်းရထားကြတယ် ငါးနှစ်အတွင်း မိစ္ဆာတွေ အကုန်လုံးကိုရှင်းလင်းနိုင်ပြီး မင်းဆက်သုံးခုကမိစ္ဆာနယ်မြေထဲ ၀င်နိုင်မယ်လို့လည်း တွက်ဆထားကြတယ် ထိုက်ကန်မင်းဆက်အတွက်တော့ဒီကိစ္စက နည်းနည်းပြဿနာရှိနိုင်တယ်”လုပိုင်ထျန်း ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။

ကုအန် အံ့အားသင့်သွားပြီး မေးလိုက်၏။

“ဘယ်လိုပြဿနာမျိုးလဲ”

“ငါတို့မင်းဆက်နဲ့ မိစ္ဆာနယ်မြေကြားထဲမှာ မဟာကျင်းမင်းဆက်နဲ့ ထျန်းဝေမင်းဆက်ခံနေတယ် အဲ့တာကြောင့် ငါတို့အတွက် မိစ္ဆာနယ်မြေမှာ စိတ်ဝိညဉ်မိုင်းတွင်းတွေတူးဖို့နဲ့ အခွင့်အလမ်းတွေရှာဖို့ အားနညး်သွားစေတယ် ဒီလိုနဲ့ အချိန်တွေကြာလာရင် ထိုက်ကန်မင်းဆက်ကို အခြားမင်းဆက်နှစ်ခုက တဖြည်းဖြည်းဝါးမျိုသွားလိမ့်မယ် အဲတာကြောင့် ဒီကိစ္စအတွက် ငါလီရွှမ်တောက်ကို ထောက်ပံ့‌ေပးဖို့ စီစဉ်နေတယ်”

လုပိုင်ထျန်း စိူးရိမ်နေဟန်ဖြင့် ပြောလိုက်ပြီး လက်ဖက်ရည်ကို မော့သောက်လိုက်၏။

ကုအန်မှာတော့ မင်းတို့ကောင်တွေအတော်လေး ဝီရီယရှ်ိတာပဲဟု ပြောချင်နေခဲ့သည်။

မိစ္ဆာကပ်ဘေးသည် ပြီးတောင်မပြီးသေးခင်တွင် သူတို့က မိစ္ဆာနယ်မြေထဲ ၀င်ဖို့ စဉ်းစားနေခဲ့ကြ၏။

သို့သော် သူ၀င်စွက်ဖက်၍တော့ မဖြစ်ပေ။ အဓိပတိဂိုဏ်းသန်မာလာလေလေ ကုအန် ပိုပြီးအဆင်ပြေပြေနေရလေလေပင်။

ထို့နောက် လုပိုင်ထျန်း အဓိပတိဂိုဏ်း၏ အနာဂတ်အစီအစဉ်များအကြောင်း တွေးနွေးနေခဲ့သည်။ ရှင်းလင်းစွာပင် သူသည် ကုအန်ကို လက်မလျှော့သေးတာ သေချာ‌ေပသည်။

သူ့ပြောပုံအရ မိစ္ဆာကပ်ဘေးပြီးသွားလျှင် အဓိပတိအကြီးအကဲများသည် ပင်လယ်ရပ်ခြားသိူ့ ပြန်တော့မည် မဟုတ်ဘဲ တပည့်များကို မိစ္ဆာနယ်မြေထဲဦးဆောင်ခေါ်သွားပြီးသာ ဂိုဏ်း၏အုတ်မြစ်ကို ပိုခိုင်မာအောင် လုပ်ကြတော့မည် ဖြစ်သည်။

သူတို့သည် ခန်းထျန်ဂိုဏ်းကိုပင် ရန်သူဟုသတ်မှတ်ထားပြီး ဖြစ်ပြီး ခန်းထျန်ဂိုဏ်းကလည်း သူတို့ကို ထိုသို့သာ မှတ်ထားကြသည်။ ခန်းထျန်ဂိုဏ်းက ဆရာသခင်ဓားအရှင်ကို အလွန်အကျူးချီးကျူးနေခြင်းက ရွံစရာလုပ်ရပ်ဟု လုပိုင်ထျန်းက သိထား၏။

“သူတို့က ဆရာသခင်ဓားအရှင်နဲ့နီးစပ်မှုကို ငါတို့ဂိုဏ်းနဲ့ အပြိုင်လုချင်နေတာလား အိပ်မက်ဆက်မက်နေလိုက်ကြ ကုအန် မင်းဘာလို့ အခြားစာအုပ်တွေလိုမျိုး ဆရာသခင်ဓားအရှင်ကိုရော ဇာတ်လိုက်အဖြစ်ထားပြီး မရေးတာလဲ” လုပိုင်ထျန်း ကုအန်ကိုကြည့်ကာ မေးလိုက်သည်။

ကုအန် ခေါင်းယမ်းလိုက်ကာ ဖြေလိုက်၏။

“မဖြစ်နိုင်ဘူး ကျွန်တော်အဲ့လိုအခြားသူတွေအတွက် စာအုပ်တွေမရေးတော့ဘူး နောက်ပြီး ဆရာသခင်ဓားအရှင်က အရမ်းထင်ရှားလွန်းတယ် တကယ်လို့ ကျွန်တော်သူ့အကြောင်းရေးလိုက်ပြီး အဲ့ဒီစာအုပ်က ပေါက်သွားရင် ကျွန်တော့်ဆီပြဿနာတွေယူလာလိမ့်မယ် ဂိုဏ်းချုပ် ကျွန်တော့်ကို မသေစေချင်ဘူးမလား ပြောစရာတောင်မလိုဘူး ဆရာသခင်ဓားအရှင်ရဲ့ ရန်သူလို အဆင့်မျိုးကို ဂိုဏ်းချုပ်လည်း ရင်မဆိုင်နိုင်ဘူးမလား”

လုပိုင်ထျန်း သဘောတူလိုက်ကာ သူ့အကြံကိုတခဏ ဆိုင်းငံ့ထားလိုက်၏။

အချိန်အတန်ကြာ စကားပြောပြီးမှသာ လုပိုင်ထျန်း ထွက်သွားခဲ့သည်။

……

အချိန်များကုန်ဆုံးသွားကာ နောက်တစ်လကုန်သွားခဲ့ပြန်၏။

ကုအန် သူ၏ ၉၅ နှစ်ပြည့်မွေးနေ့ကို ကျင်းပပြီးဖြစ်ကာ သူ့အသက်က ၁၀၀ ကိုပင်နီးကပ်လာခဲ့သည်။

ထိုနေ့တွင် ရွှမ်ထျန်းယီ ကုအန်ဆီ ရောက်လာခဲ့၏။

“ဘာတွေအလောတကြီးဖြစ်နေတာလဲ အစ်ကိုကြီး” ကုအန် အခန်းထဲစည်းတံဆိပ်များ အမြန်ချ‌ေန‌ေသာ ရွှမ်ထျန်းယီကို ကြည့်ကာ မေးလိုက်သည်။

ရွှမ်ထျန်းယီ စားပွဲတွင်ထိုင်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ စာအုပ်ကိုထုတ်ကာ စားပွဲပေါ် ပစ်ချလိုက်၏။

ကုအန် စာအုပ်ကိုကြည့်ပြီး မျက်ခုံးတွန့်သွားခဲ့သည်။

ဓားအရှင်ခရီးသွားမှတ်တမ်း!

ဘုရား ဘုရား!

သူချက်ချင်းပြောလိုက်သည်။

“အစ်ကိုကြီး ရူးသွားပြီလား ဆရာသခင်ဓားအရှင်နဲ့တောင် သွားရှူပ်ရဲတယ် သူအစ်ကိုကြီးကို လာရှာမှာမကြောက်ဘူးလား”

ရွှမ်ထျန်းယီ မျက်ခံုးပင့်လိုက်ကာ

“ငါက စာအုပ်တစ်အုပ်ပဲ ရေးရုံပါ ဘာပြဿနာရှိလာနိုင်မှာလဲ”

“ဂရုစိုက်နော်အစ်ကိုကြီး ဆရာသခင်ဓားအရှင်က ညဉ့်သန်းခေါင်ကြီး အစ်ကိုကြီးပုခုံးကို လာပုတ်နေမယ်”

“အို့ အကြံကောင်းပဲကွ ငါအဲ့တာကိုလည်း စာအုပ်ထဲ ထည့်ရေးရမယ်”

“အစ်ကိုကြီး ကျွန်တော်အတည်ပြောနေတာနော် အဲ့လိုလူမျိုးနဲ့ သွားမရှုပ်စမ်းပါနဲ့”

ကုအန်စိတ်ရှုပ်လာမိ၏။ အဓိပတိလျှို့ဝှက်မှတ်တမ်းများ စာအုပ်သည် သူ့နာမည်အစစ်ကို ယူသုံးပြီးဖြစ်ကာ သူ့နောက်ထပ် သရုပ်တစ်ခုကိုတော့ သူယူမသုံးလိုတော့ပေ။

လုပိုင်ထျန်းသည် တကယ့်သားရဲတစ်ကောင်ဖြစ်သည်။ ကုအန်ကိုပြောမရသောအခါ သူသည် ရွှမ်ထျန်းယီကို သွားပြောခဲ့ပုံ ပေါ်၏။

ထိုသို့ဖြစ်မယ်မှန်းသာသိပါက ကုအန် သူကိုယ်တိုင်သာ ထိုစာအုပ်ကို ရေးမည် ဖြစ်သည်။

ကုအန်စိတ်ရှုပ်နေပုံကိုကြည့်ကာ ရွှမ်ထျန်းယီ ခံစားသွားရသည်။

“မစိုးရိမ်ပါနဲ့ ဒီတစ်ကြိမ်ငါအရေးအသားပြောင်းထားပါတယ် ငါမင်းစာအုပ်တွေကို အတုခိုးထားတာ တစ်ချက်လောက်ကြည့်ကြည့်” ရွှမ်ထျန်းယီ လက်ကာပြလိုက်သည်။

ကုအန်လည်း ထိုစာအုပ်ကိုယူကာ အသည်းအသန်ဖတ်လေတော့သည်။

ရွှမ်ထျန်ယီလည်း ကုအန်စာအုပ်စင်ဆီသွား၍ လှန်လှောနေခဲ့၏။

အချိန်အတန်ကြာသောအခါ

ကုအန် ဓားအရှင်မှတ်တမ်း စာအုပ်ကိုချလိုက်ကာ စိတ်အေးသွားသော သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် ရွှမ်ထျန်းယီဘက်လှည့်ကာ ပြောလိုက်သည်။

“စာအုပ်ကမဆိုးပါဘူး ဒါပေမယ့် စာအုပ်ထဲ အချစ်ရေးအချစ်ရာ ကိစ္စတွေအများကြီးတော့ မထည့်သင့်ဘူး အခုအချိန်မှာ လူတိုင်းက ဆရာသခင်ဓားအရှင်ကို လေးစားနေကြတာ သူ့ကို ဆန်းကြယ်အောင်လုပ်လိုက်လို့ရပေမယ့် အဆင့်နှိမ့်ပစ်လိုက်လို့တော့ မရဘူး”

ရွှမ်ထျန်းယီ ကုအန်ဘက်လှည့်ကာ ပြောလိုက်၏။

“ဘာလဲ မင်းက အစိမ်းရောင်သူရဲကောငး်ကို အဆင့်နိမ့်တယ်လို့ ထင်နေတာလား”

“စကားမစပ် ကျွန်တော်အမြဲစိတ်၀င်စားနေတာ တစ်ခုရှိတယ် အစိမ်းရောင်သူရဲကောင်းစာအုပ်က အစ်ကိုကြီးရဲ့ အတွေ့အကြုံအစစ်တွေလား”

“အမှန်တစ်၀က် အမှားတစ်၀က်”

ရွှမ်ထျန်းယီ မျက်လုံးထဲရှိ ဒေါသများပျောက်ကွယ်သွားပြီး ထိုအစား ရှက်ရွံ့မှုများ အစား၀င်လာခဲ့ကြသည်။

“ဘယ်အခြမ်းက အမှန် ဘယ်အခြမ်းက အမှားလဲ”

ကုအန် မျက်မှောင်ကြုံ့့သွားမိသည်။

အဲ့တာက မှန်နေတာပဲ!

မင်းနဲ့မိန်းကလေးကျိ ထိုက်တန်တယ်လို့ မင်းထင်လား အဲ့ဒီညက ဘုရားကျောင်းပျက်ထဲမှာ မင်းတို့နှစ်‌‌ယောက် အရမ်း…..

ကုအန် ရုတ်တရက် ဓားတစ်ချောင်းယူကာ ရွှမ်ထျန်းယီကို ထိုးပစ်ချင်မိသွားသည်။

ရွှမ်ထျန်းယီ လုပ်ချောင်းတစ်ချက်ဆိုးလိုက်ကာ

“ဒီစာအုပ်အကြောင်းပဲ ပြောကြရအောင် ငါ့ကို အကြံနည်းနည်းပေးဦး ငါကြားတာတော့ အခြားဂိုဏ်းတွေကလည်း ဆရာသခင်‌ဓားအရှင်ကို ဆွဲ‌‌ေဆာင်နုိင်ဖို့ ဖန်းအန်ကိုတုပြီး စာအုပ်တွေရေးဖို့ လူတွေပို့ထားတယ်တဲ့ ငါတို့ဂိုဏ်းက စာအုပ်ရေးတဲ့ နေရာမှာတော့ ရှုံးလို့ မဖြစ်ဘူး”

အပိုင်း(၁၉၄)

မမနိုင်ဘူး!

“အရင်ဆုံး နာမည်က ခရီးသွားမှတ်တမ်း မဖြစ်သင့်ဘူး အဲ့နာမည်က ဆွဲဆောင်မှု လုံး၀မရှိဘူး….”

ကုအန် စာအုပ်ထဲရှိ အကြောင်းအရာများကို ခွဲခြမ်းစိပ်ဖြာပြနေခဲ့ပြီး ရွှမ်ထျန်းယီလည်း ဂရုတစိုက် နားထောင်နေခဲ့သည်။

ဤသို့ဖြင့် ကုအန် သူ၏ ဝေဖန်လေကန်ရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်လေတော့သည်။

အခြားအရာများကိုထားဦး ဝေဖန်ရင်း ကြွားဝါရသည်မှာ အတော်လေး ခံစား၍ ကောင်းလှသည်။ လူအများစုသည် ဆရာလုပ်ရခြင်းကို ကြိုက်နှစ်သက်ကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ ကုအန်လည်း ထိုအရာကို အလွန်ကြိုက်၏။

အချိန်နှစ်နာရီသည်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကုအန် ရပ်တန့်လိုက်သောအခါ ရွှမ်ထျန်းယီ ကုအန်အား အလွန်လေးစားပြီး စာရေးသားခြင်းတွင် ပညာရပ်မျိုးစုံရှိနေသည်ကိုလည်း ယုံကြည်သွားခဲ့သည်။

ထို့နောက် စိတ်လှုပ်ရှားနေသော ရွှမ်ထျန်းယီ ထကာ နှုတ်ဆက်လိုက်၏။

“ငါကောင်းကင်ပြုပြင်စင်မြင့်ကို သွားပြီး ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒကို ခံစားပြီးရင် စာအုပ်ကို ပြန်ရေးဖို့ စီစဉ်ထားတယ် မင်းအကြံအတိုင်း ငါစာအုပ်ကို ခရီးသွားမှတ်တမ်းလို့ မ‌ေခါ်တော့ဘူး ငါနောက်တစ်ကြိမ်လာမှ နာမည်အသစ်နဲ့ ပြန်လာခဲ့မယ်”

ပြောပြီးသည်နှင့် သူတံခါးကိုဖွင့်ကာ ထွက်ခွာသွားခဲ့သည်။

ကုအန်လည်း သူ့ကိုလိုက်ဖို့ထရပ်လိုက်ကာ အောက်သို့ ဆင်းလာခဲ့၏။

ထိုစဉ် အန်းရှင်းသူ့ဆီ ရုတ်တရက်ပြေးလာကာပြောလိုက်သည်။

“ဆရာ စိတ်ဝိညဉ်ကြွက်ဖြူပျောက်နေတယ်”

ကုအန် သာမန်အတိုင်းပြောလ်ုက်သည်။

“သွားရင်လည်း သွားပေါ့ သူဘယ်လိုပြန်လာရမလဲ သိပါတယ်”

တောင်ကြားတွင် အလုပ်ကြိုးစား၍ ကုအန် ချီးမြှင့်ထားသောကြောင့် ဆန်းကြယ်သန့်စင်ပင်အောက်တွင် ကျင့်ကြံခွင့်ရကြသူများ ရှိကြသည်။ သို့သော် ဘယ်သူမှ စိတ်ဝိညဉ်ကြွက်ဖြူလောက် အကျိူးကျေးဇူးမရကြပေ။ စိတ်ဝိညဉ်ကြွက်ဖြူ၏ သက်တမ်းသည် အဆများစွာ တိုးတက်လာခဲ့ပြီး သူအိပ်မက်ထဲတွင် ညဏ်အလင်းပွင့်နေသည်ဟူ၍ပင် ကုအန် သံသယရှ်ိနေခဲ့၏။

သို့သော် ထိုအရာကို ဘယ်သူမှ သတိမပြုမိကြပေ။ လူတိုင်းက သူ့ကို သာမန်ဟူ၍သာ ထင်နေခဲ့ကြသည်။

အန်းရှင်း စိုးရိမ်နေဟန်ဖြင့် နားထောင်နေခဲ့၏။

ကုအန် သူမကို ထိုကြွက်ကို ထိန်းခိုင်းလိုက်ပြီးကတည်းက သူမသည် ကြွက်ဖြူလေးကို မကြိုက်နှစ်သက်ခြင်းမျိးုးမရှိတော့ဘဲ သူမသည် ကြွက်အစေခံဖြစ်လာသည်ဟူ၍ပင် ကုအန်ထင်နေမိသည်။

ထို့နောက် ကုအန်သူမကို စိတ်အေးအေးထားဖို့ပြောလိုက်ပြီး ကျင့်ကြံခြင်းတွင် အနည်းငယ် လမ်းညွှန်ပေးလိုက်၏။

အခြားတစ်ဖက်တွင်

ရွှမ်ထျန်းယီ ကောင်းကင်ပြပြင်စင်မြင့်ဆီ ရောက်ရှိလာခဲ့သည်။

မိစ္ဆာဘိုးဘေးသေဆုံးသွားသည်မှာ ၂လကြာမြင့်သွားခဲ့ပြီ ဖြစ်၏။ ယခုအခါ အဓိပတိဂိုဏ်းသည် ဆရာသခင်ဓားအရှင်ကြောင့်မင်းဆက်သုံးခုတွင် ဂုဏ်သိက္ခာအမြင့်ဆုံးဂိုဏ်းဖြစ်နေပြီး ဂိုဏ်းတိုင်းရှိ လူများက အဓိပတိဂိုဏ်းဆီလာလည်နေခဲ့ကြသည်။

ကျိုးယိကျင်း ကောင်းကင်းပိုင်းဖြတ်ပုဆိန်ကိ‌ုစောင့်နေခဲ့ကာ သူ့နောက်တွင် သူ့လက်အောက်ခံ လူအချို့လည်းရှိနေခဲ့သည်။

ဤကောင်းကင်ပိုင်းဖြတ်ပုဆိန်သည် အဓိပတိဂိုဏ်းအတွက် ဆရာသခင်ဓားအရှင်က ချန်ထားခဲ့သော အမွေအနှစ်ပစ္စည်းဖြစ်သည့်အတွက် သူအခြားဂိုဏ်းသားများကို လာစမ်းခွင့် မပေးခဲ့ပေ။

“အဓိပတိဂိုဏ်းသားတွေက လွဲလို့ ဘယ်သူမှကောင်းကင်ပိုငး်ဖြတ်နတ်ပုဆိန်ကို စမး်သပ်ခွင့်မရှိဘူး”

ကျိုးယိကျင်း လေးလေးနက်နက်‌ေအာ်ပြောလိုက်သောကြောင့် အခြားဂိုဏ်းသားများ မကျေမနပ်ဖြစ်ကုန်ကြသည်။

တစ်ယောက်ယောက်က သူ၏ လုပ်ပိုင်ခွင့်ကိုပင် မေးခွန်းထုတ်ခဲ့၏။

ကျိုးယိကျင်း ပြန်ပြောလိုက်သည်။

“ငါက ခန်းဟူရေကန်က အရိုင်းအစိုင်းဓားသမား ကျိုးယိကျင်းပဲ ဆရာသခင်ဓားအရှင်က ငါ့ဓားကို တစ်ကြိမ်အသုံးပြုခဲ့ဖူးတယ် နောက်ပြီး ငါကဒီအမွေအနှစ်ကို စောင့်ရှောက်ဖို့ တာ၀န်ရှိတယ်”

ထိုစကားကြောင့် ဘယ်သူမှ သူ့ကိုမေးခွန်းမထုတ်ရဲတော့ပေ။

ရွှမ်ထျန်းယီလည်းအဝေးမှကြည့်နေပြီး စိတ်မကျေမနပ်ဖြစ်သွားခဲ့၏။

သေးနုတ်လှသော စိတ်ဝိညဉ်အခြေတည်အဆင့်လေးတစ်ယောက်က အဘယ်ကြောင့် အရမ်းမာနကြီးနေရသနည်း။

ထိုစဉ် သူရုတ်တရက် ကုအန်၏ စကားကို သတိရမိသွားသည်။ ဟုတ်သည် သူအနာဂတ်တွင် သူ့စာအုပ်ထဲ၌ ဆရာသခင်ဓားအရှင်သည် သူ့ရန်သူများကို သတ်ဖြတ်သည့်အခါ ထိုကလေးများကို ကြောက်လန့်သွားအောင် ရုတ်တရက် ပုခုံးပေါိလက်တင်၍ သတ်ဖြတ်တတ်ကြောင်း ထည့်ရေးရမည်။

“ရွှမ်ထျန်းယီ မတွေ့တာ ကြာပြီနော်”

ခပ်ဟဟ ရယ်မောသံက ရွမ်ထျန်းယီ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူလှည့်ကြည့်လိုက်သောအခါ ခရမ်းရောင်၀တ်စုံ၀တ်လူတစ်ယာက် သူ့ဆီ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။

ရွှမ်ထျန်းယီ မေးကိုအနည်းငယ်မော့ထားလိုက်ကာ ပြောလိုက်သည်။

“ကျိရွှမ်လင်း မတွေ့ရတာကြာပြီပဲ မင်းကဘယ်လို မဟာယနအဆင့်ကို ရောက်လာတာလဲ”

ထိုစကားကြောင့် ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့သည်။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင်ရပ်နေသော ကျိုးယိကျင်းပင် လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဤမဟာယနအဆင့်ကျင့်ကြံသူက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

မင်းဆက်သူံးခုတွင် မဟာယနအဆင့် ၂ယောက်သာ ရှိခြင်း မဟုတ်ပါလော။

ကျိရွှမ်လင်း ရွှမ်ထျန်းယီနှင့် ခြေ ၅လှမ်းခန့်အကွာတွင်ရပ်လိုက်ပြီး သူတို့အရပ်အမောင်းများမှာလည်း သိပ်မကွာလှပေ။ ရွှမ်ထျန်းယီသည် ကျိရွှမ်လင်းထက် ပိုမာနကြီးပုံပေါ်သော်လည်း ကျိရွှမ်လင်းမှာလည်း ကြောက်စရာကောင်းလှသူ ဖြစ်သည်။

“အစ်ကိုရွှမ် အစ်ကိုပင်လယ်ထဲထွက်ပြီး အတော်လေး မြန်မြန်တိုးတက်လာခဲ့တာပဲ အခုအစ်ကိုက အဓိပတိဂိုဏ်းတပည့်လား ကြယ်ပင်လယ်အဖွဲ့အစည်းက တပည့်လား”

ရွှမ်ထျန်းယီ တချက်ရယ်လိုက်ကာ

“ငါက ဘယ်ငါဖြစ်ချင်တဲ့ဂိုဏး်ရဲ့တပည့်ဖြစ်လို့ရတယ် မင်းကရော”

ကျိရွှမ်လင်းတစ်ချက်ရယ်လိုက်ကာ ဆက်မေးလိုက်သည်။

“အစ်ကိုရွှမ် အစ်ကိုရောဆရာသခင်ဓားအရှင်နဲ့တွေ့ဖူးလား ကျွန်တော် သိချင်မိတယ်”

ရွှမ်ထျန်းယီ ရုတ်တရက် အကြံတစ်ခုရသွားပြီး ပြုံးလိုက်ကာ

“ဒါပေါ့ ငါကတွေ့ဖူးတယ် မင်းလည်းဆရာသခင်‌ဓားအရှင်နဲ့တွေ့ချင်ရင် တွေ့လို့ရတယ် အဲ့ဒီက ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုတွေ့လား မင်းအဲ့တာကို နည်းနည်းလေး ရွေ့အောင်လုပ်နိုင်ရင် ငါမင်းကို ဆရာသခင်ဓားအရှင်နဲ့တွေ့ဖို့ ခေါ်သွားမယ်”

“တကယ်လား”

“အသေအချာပဲ”

“ကြည့်ရတာ ပုဆိန်ကမဖို့ခက်တဲ့ပုံပဲ” ကျိရွှမ်လင်း သေချာတွေးတောပြီးပြောလိုက်သည်။

ရွမ်ထျန်းယီ မာနကြီးဟန်ဖြင့် ပြန်ပြောလိုက်၏။

“ဒါပေါ့ တကယ်ခက်တယ် ငါ့ကျင့်ကြံခြင်းနဲ့တောင် နည်းနည်းလေးပဲ ရွေ့အောင်လုပ်နိုင်ခဲ့တာ”

“ဒါဆိုရင်တော့ ကျွန်တော်ကြိုးစားကြည့်ပါရစေ”

ကျိရွှမ်လင်း ကောင်းကင်းပိုင်းဖြတ်ပုဆိန်ဆီ ဦးတည်သွားလိုက်ပြီး ရွှမ်ထျန်းယီလည်း သူ့နောက်မှ လိုက်လာခဲ့၏။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်နားရောက်သောအခါ ကျိုးယိကျင်းသူ့ကိုတားချင်သော်လည်း ရွှမ်ထျန်းယီက သူ့ကိုနတ်အာရုံသုံး၍ လှုပ်မရအောင် လုပ်ထားလိုက်သည်။

ကျိုးယိကျင်း ရွှမ်ထျန်းယီကို ကြောက်လန့်တကြားကြည့်လိုက်ပြီး ဒေါသထွက်သွားမိ၏။

ကျိရွှမ်လင်းလည်း ကျိုးယိကျင်း အပြအမူလေးများကို ဘေးမဲ့ပေးထားလိုက်သည်။ ထို့နောက် ပုဆိန်လက်ကိုင်ပေါ်ကို သူ့ညာလက်တင်၍ ဆုပ်ကိုင်လိုက်သည်။

စင်မြင့်ပေါ်တွင်လည်း ကျင့်ကြံသူများ ပိုများလာခဲ့သည်။ အခြားမင်းဆက်သူံးခုမှ ကျင့်ကြံသူများသာမက မိစ္ဆာကျင့်ကြံသူများပင် ရှ်ိနေသေးသည်။ မိစ္ဆာကပ်ဘေး ပြီးဆုံးသားကတည်းက မင်းဆက်သုံးခုသည် သူတို့နှင့်အတူ တိုက်ပွဲ၀င်ခဲ့သော မိစ္ဆာများကို လက်ခံပေးခဲ့ပြီး သူတို့ပြဿနာမရှာသ‌ရွေ့ ယှဉ်တွဲနေထိုင်ကြမည် ဖြစ်သည်။

ဆရာသခင်ဓားအရှင်၏ မျက်လုံးများအောက်တွင် ဘယ်သူက ပြဿနာရှာရဲပါမည်နည်း။

ကျိရွှမ်လင်း ပုဆိန်ကိုကိုင်လိုက်ချိန်တွင် သူလည်း ကျိရှောင်ယုလိုပင် ခံစားလိုက်ရသည်။

လှုပ်ခါ၍ မရနိုင်သော !

သို့သော် ရွှမ်ထျန်းယီပင် အနည်းငယ် ရွေ့အောင်လုပ်နိုင်ခဲ့သည် ဆိုသောကြောင့် သူစိတ်အေးသွားပြီး ကျင့်ကြံခြင်းစွမ်းအားများ ထပ်ထည့်လိုက်လေသည်။

ဝုန်းးး!

မဟာယနအဆင့်၏ စွမ်းအားအရှိန်အဝါများ အပြည့်အ၀ ပေါက်ကွဲထွက်ပေါ်လာပြီး အနီးရှိ ကျင့်ကြံသူများပင် နောက်ဆုတ်လိုက်ကြရသည်။

ရွှမ်ထျန်းယီ မျက်လုံးများ မှေးကျဉ်းသွားကြီး ချက်ချင်း သူ့စွမ်းအားကိုသုံး၍ ကျိရွှမ်လင်း၏ အရှိန်အဝါကို ကောင်းကင်ဆီ တွန်းပို့ကာ လူတိုင်းကိုအန္တရာယ်မဖြစ်အောင် လုပ်ပေးလိုက်၏။

ထိုစဉ် ကောင်းကင်ပြုပြင်စင်မြင့်ပေါ် အခြားပုံရိပ်များပါ ရောက်ရှိလာခဲ့ကြသည်။ လုပိုင်ထျန်း ကုကျုံး ကျိဟန်ထျန်း နှင့် လုလင်ကျွမ်းတို့ ရောက်ရှိလာကာ ကျိရွှမ်လင်းကို စောင့်ကြည့်နေခဲ့ကြသည်။

ကျိရွှမ်လင်းမျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ သူစွမ်းအားပိုထည့်လိုက်သောကြောင့် သူ့ဒွရ၇ပေါက်လုံးမှ ရွှေရောင်မီးတောက် စွမ်းအင်များပင် ထွက်ပေါ်လာခဲ့ပြီး ပတ်ပတ်လည်ရှိ အာကာသပင် လှုပ်ခါသွားခဲ့ရသည်။

ကောင်းကင်ပြုပြင်စင်မြင့်လည်း တုန်ခါနေခဲ့ပြီး လုပိုင်ထျန်းနှင့် အခြားသူများ စင်မြင့်၏မြောင်းများထဲသို့ စိတ်ဝိညဉ်စွမ်းအားထည့်ကာ ပြိုကွဲမသွားအောင် ထိန်းထားခဲ့ကြ၏။

လျှို့ဝှက်သိုင်းများသုံးသော်လည်း ပုဆိန်က လှုပ်ပင်မလာသောကြောင့် ကျိရွှမ်လင်း ပေါက်ကွဲလာခဲ့သည်။

ထို့နောက် သူခပ်အုပ်အုပ်တစ်ချက်အော်လိုက်ပြီး သူ့လည်ပင်းမှ သွေးကြောများပင် ဖောင်းကားလာကာ သူ့မျက်နှာလည်း နီရဲလာခဲ့သည်။ သူ့တွင် အရင်လို တည်ကြည်ကာ ကျက်သရေရှိသည့် ဟန်ပန်မျိုး ရှိမနေတော့ပေ။

ရွှမ်ထျန်းယီ နှုတ်ခမ်းများ မထိန်းနိုင်မသိမ်းနိုင် တွန့်ကွေးသွားခဲ့၏။

“ဟုတ်ပြီကွ!

ဒီလိုမှပေါ့!

ဒါမှ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ ပါရမီရှင်ကွ!

ကျိရွှမ်လင်း၏ တစ်ကိုယ်လုံးရွှေမီးတောက်များ တောက်လောင်နေပြီး မည်မျှပင် ကြိုးစားစေကာမူ ပုဆိန်မှာ ရွေ့မလာခဲ့ပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

ကျိရွှမ်လင်း တုန်လှုပ်နေခဲ့ပြီး အမှန်တရားကို လက်မခံနိုင်ခဲ့ပေ။

သူထိုပုဆိန်ကို မမနိုင်ခြင်းကို လက်ခံနိုင်သော်လည်း သူလက်မခံနိုင်သည်မှာ သူက ရွှမ်ထျန်းယီထက် အားနည်‌းနေသည်ဟူသော အချက်ကို ဖြစ်သည်။

သူကြိုးစားလေလေ ထိုပုဆိန်မှာ ဘယ်လိုမှ မမရမှန်း သိလေဖြစ်ပြီး ရွှမ်ထျန်းယီ ထိုအရာကို မည်သို့ ရွေ့အောင်လုပ်ခဲ့သနည်း။

ကြယ်ပင်လယ်အဖွဲ့အစည်းက သူတို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေထက် သန်မာနေခြင်း ဖြစ်နိုင်ပါသလော။

“လုံလောက်ပြီ အချိန်ပြည့်သွားပြီ မင်းမမနိုင်ရင် မင်းမမနိုင်တာပဲ မြင့်မြတ်ကုန်းမြေရဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ မင်းက အမှန်တရားကိုလက်မခံနိုင်ဘူးလား ကြည့်ရတာ ကြယ်ခုနှစ်လုံးိစိတ်ဝိညဉ်နယ်မြေက ကျင့်ကြံခြင်းကိုပဲ လေ့ကျင့်ပေးပြီး စိတ်အခြေအနေကို လေ့ကျင့်မပေးဘူးထင်တယ်” ရွှမ်ထျန်းယီ အသံထွက်ပေါ်လာခဲ့သည်။

ထိုကောင်မှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။ ဘယ်သူမှ ကျိရွှမ်လင်း၏ သရုပ်မှန်ကို မသိမှာစိုးသောကြောင့် တမင်ပင် ကြငြာပေးနေသေးသည်။

ကျိရွှမ်လင်းကြိတ်၍ ကျိန်ဆဲလိုက်ပြီးရွှေမီးတောက်များကို ပြန်သီမ်းလိုက်လေသည်။

ရွှမ်ထျန်းယီလည်း ကျိုးယိကျင်းကို ဖိနှိပ်မထားတော့ဘဲ ကျိရွှမ်လင်းကို လှောင်ပြောင်လိုက်၏။ ကျိရွှမ်လင်းမှာတော့ သူ့မျက်နှာပေါ်ရှိ အပြုံးကိူသာဆက်ထိန်းထားပြီး ဆရာသခင်ဓားအရှင်၏ စွမ်းအားကြီးပုံကိုသာ ချီးကျူးနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် လူသိများသော ပါရမီရှင်တစ်ယောက်သာ ဖြစ်ပေသည်။

ကျိရွှမ်လင်း၏ ထိန်းချုပ်နိုင်စွမ်းကို မြင်သောအခါ ကျိုးယိကျင်းသူ့ကို သဘောကျသွားပြီး ပြောလိုက်၏။

“တကယ်တော့ စီနီယာရွှမ်လည်း အရင်က ကျရှုံးခဲ့တာပဲ သူလည်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မမနိုင်ခဲ့ဘူး”

ထိုစကားကိုကြားသောအခါ ကျိရွှမ်လင်း အပြုံးအေးခဲသွားခဲ့သည်။

ရွှမ်ထျန်းယီမှာတော့ စိတ်ဆိုးမသွားဘဲ ပို၍ပင် ကျေနပ်သွားခဲ့သေးသည်။

အခြားတစ်ဖက်တွင်

တတိယတောင်ကြား၌ ကုအန် ကျိရွှမ်လင်း၏ ရောက်ရှိလာမှုအကြောင်း စဉ်းစားနေခဲ့၏။

အကယ်၍ သူတို့ကသာ သူ့ကိုစုံစမ်းဖို့ ရောက်လာခြင်းမဟုတ်လျှင် ထိုလူသည် ဤနေရာသို့ ယခုလို အပျော်အပျက်များလုပ်ရန် ရောက်လာခြင်းလော။

မြင့်မြတ်ကုန်းမြေသည် ကျင့်ကြံခြင်းကမ္ဘာကြီးနှင့် ပေါင်းစပ်ဖို့ ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါသလော။

မဟာယနအဆင့် ဖိအား ပျောက်ကွယ်သွားသောအခါ အန်းရှင်း ကုအန်စိတ်အေးသွားပြီး ကုအန်ကို ပြောလိုက်၏။

“ဆရာ စီနီယာရွှမ်ပြောပုံအရ တစ်ဖက်လူက မြင့်မြတ်ကုန်းမြေကဆိုရင် သူတို့က ကျွန်မတို့ကို သူတို့ကုန်းမြေဆီ သိမ်းသွင်းချင်နေတာလို့ ဆိုလိုနေတာလား”

သူမစိတ်ထဲတွင် မြင့်မြတ်ကုန်းမြေသည် အဓိပတိဂိုဏ်းထက် လုံး၀စွမ်းအားကြီးသော နေရာသာ ဖြစ်သည်။

ထိုစကားကိုကြားသောအခါ ကုအန်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် အဓိပတိဂိုဏ်းကို သိမ်းပိုက်ချင်နေတာလားဟု မတွေးဘဲ မနေနိုင်တော့ပေ။

ဘယ်သူမှန်း မသိသောဆရာသခင်ဓားအရှင်ကို ရင်ဆိုင်ရသည့်နေရာတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ပွင့်ပွင့်လင်းလင်း ဘာကိုမှ ဖိနှိပ်ပစ်၍ ရမည် မဟုတ်ပေ။

သို့သော် လင်းမိသားစုကတော့ ဤကိစ္စကို ဒီတိုင်းထားလိုက်နိုင်မည် မဟုတ်ပေ!

လင်းမိသားစုသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် ထင်ရှားသည့် မိသားစုကြီးတစ်ခု ဖြစ်ပေသည်။

ကုအန်လည်း ပိုစွမ်းအားကြီးသော အသက်ကြီးသော သူများကို အနိုင်ကျင့်ရန် အသင့်ဖြစ်နေခဲ့လေပြီ!

သူပြောလိုက်၏။

“ဘယ်သူ သိနိုင်မှာလဲ ကိုယ့်ဓားပညာမှာပဲ အာရုံစိုက်စမ်းပါ နင်ကနေ့တိုင်းကောင်းကောင်းလေ့ကျင့်ပေမယ့် နင့်စိတ်က အာရုံမစိုက်နိုင်ဘူး အခွင့်အရေးတစ်ခုခုပေါ်လာရင် နင်လက်လွှတ်လိုက်ရလိမ့်မယ်နော်”

အန်းရှင်းလည်း လက်ခံလိုက်ပြီး ဓားပညာသာဆက်လေ့ကျင့်နေခဲ့သည်။

ကုအန် သူ့အတွေးများကို ပြန်စုလိုက်ပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအကြောင်း တွေးမနေတော့ပေ။

သူ့စာအုပ်အသစ်ကြောင်းသာ ဆက်တွေးနေလိုက်၏။

ဤအချိန်သည် အနောက်ဘက်သို့ခရီးနှင်ခြင်း စာအုပ်ကို ရေးသားရန် အချိန်ကောင်းဖြစ်သည်။ သူထိုစာအုပ်ကိုသုံး၍ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက စွမ်းအားကြီးသူများကို ဝေဖန်ကာ ‌ကမ္ဘာပေါ်ရှိ လူတိုင်းမေးခွန်းထုတ်တတ်လာစေရန် နိုးကြားလာစေရန် ပြုလုပ်၍ ရပေသည်။ (အနောက်ဘက်သို့ ခရီးနှင်ခြင်းက စွန်းဝူခုံးတို့ ခရီးသွား ကျမ်းစာပင့်တာလောက် မရိုးရှင်းဘဲ အဲ့ဒီခရီးက ဝါဒရေးရာ အားပြိုင်မှုတွေ ကောင်းကင်တရားရုံးရဲ့ အတွင်းပိုင်း အာဏာပြိုင်ဆိုင်မှုတွေ အများကြီး ပါနေတယ်လို့ ယူဆကြပါတယ်)

ဒါပေါ့ သူတို့ချက်ချင်း သတိထားမိမသွားအောင် စာအုပ်ကို ဖြည်းဖြည်းချင်းတော့ ရေးရပေလိမ့်မည်။

ဆယ်စုနှစ်များစွာကြာပြီး စာအုပ်၏ ဆိုလိုရင်းကို ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေက သတိပြုမိသွားချိန်တွင်တော့ သူလည်း ကောင်းကင်ဈန်အမတ အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်လိမ့်မည်။

မြင့်မြတ်ကုန်းမြေက ပါရမီရှင် ကျိရွှမ်လင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မရာတွင် ကျရှုံးခဲ့သည်ဟူသော သတင်းက အဓိပတိဂိုဏ်းတပည့်များကို ကျေနပ်သွားစေခဲ့သည်။

မြင့်မြတ်ကုန်းမြေက ကမ္ဘာကိုကယ်တင်ရန် တပည့်များလွှတ်လိုက်သည်ဆိုသော သတင်းက ယခုအခါ မိုးဦးကျ မှိုများထွက်လာသလို အမတကျင့်ကြံခြင်းကမ္ဘာတွင် ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းတပည့်များက မြင့်မြတ်ကုန်းမြေသည် သူတို့ အဓိပတိဂိုဏ်း၏ အောင်မြင်မှုကို ခိုးယူနေသည်ဟုသာ ထင်မှတ်ကြသည်။

သူတို့သာ ကမ္ဘာကိုကယ်ချင်လျှင် အဘယ်ကြောင့် မိစ္ဆာဘိုးဘေး မသေခင် ပေါ်မလာရသနည်း။

ယခုအခါ မြင့်မြတ်ကုန်းမြေမှ တပည့်ပေါ်လာခဲ့သော်လည်း ဆရာသခင်ဓားအရှင်၏ အရိပ်အောက်တွင် လွှမ်းမိုးခံလိုက်ရသည်။ ထိုအရာကို အဓိပတိဂိုဏ်းတပည့်များ အဘယ်ကြောင့် စိတ်မကျေနပ်ဘဲ နေမည်နည်း။

ထိုသတင်းသည် မင်းဆက်သုံးခုတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အမတကျင့်ကြံခြင်းကမ္ဘာမှလူများ ပုဆိန်၏ စွမ်းအားကို မြင်တွေ့လိုသောကြောင့် အဓိပတိဂိုဏ်းဆီ တဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။

All Chapters