အခန်း (၂၀၁-၂၀၂)
Vol. 16 Ch. 201-202
အပိုင်း(၂၀၁)
ကောင်းကင်ဈာန်အမတအဆင့် ၉ သို့ချိုးဖြတ်ခြင်း
[သင်သည် နှစ်ပေါင်း ၃၉၀၀၀၀ ကြာကျင့်ကြံခဲ့ပြီး ကောင်းကင်ဈာန်အမတအဆင့် ၂ သို့ချိုးဖြတ်နိုင်ခဲ့သည်]
[သင်သည် နှစ်ပေါင်း ၄၀၀၀၀၀ ကြာကျင့်ကြံခဲ့ပြီး ကောင်းကင်ဈာန်အမတအဆင့် ၃သို့ချိုးဖြတ်နိုင်ခဲ့သည်]
[သင်သည် နှစ်ပေါင်း ၄၂၀၀၀၀ ကြာကျင့်ကြံခဲ့ပြီး ကောင်းကင်ဈာန်အမတအဆင့် ၄ သို့ချိုးဖြတ်နိုင်ခဲ့သည်]
….
[သင်သည် နှစ်ပေါင်း ၅၀၀၀၀၀ ကြာကျင့်ကြံခဲ့ပြီး ကောင်းကင်ဈာန်အမတအဆင့် ၈ သို့ချိုးဖြတ်နိုင်ခဲ့သည်]
ချိုးဖြတ်မှု ပုံစံအရ အဆင့် ၉ သို့ရောက်ရှိရန် သက်တမ်း ၃၀၀၀၀ လောက်သာ လိုတော့သောကြောင့် ကုအန် အဆင့်၉သို့ေရာက်ရှိရန် နောက်ထပ်သက်တမ်း ၃၀၀၀၀ ပေါင်းထည့်ပေးလိုက်၏။
တစ်ချိန်တည်းမှာပင် စိတ်ဝိညဉ်စွမ်းအင်များ သူ့ကိုယ်ထဲ အလုံးအရင်းဖြင့် တိုး၀င်လာခဲ့ပြီး အဆင့်ချိုးဖြတ်မှု စတင်နေခဲ့သည်။
သက်တောင့်သက်သာ ရှိလိုက်တာ!
ကုအန် နောက်ထပ်သက်တမ်း ၃၀၀၀၀ ပေါင်းထည့်ကာ နောက်အဆင့်တစ်ဆင့်၏ အမည်ကိုသိအောင်လုပ်လိုက်ရမလားလို့တောင် စဉ်းစားလိုက်မိသည်။ သို့သော် ပြန်စဉ်းစားကြည့်သောအခါ နာမည်တစ်ခုကိုသိရပြီး သူဘာလုပ်၍ရမည်နည်း။
ကုအန်ပတ်၀န်းကျင်ရှိ တောအုပ်ကြီး ဝုန်းဒိုင်းကြဲနေကာ စိတ်ဝိညဉ်စွမ်းအင်များက ကုအန်ဆီ တိုး၀င်နေခဲ့၏။
ကုအန်မြေအောက်ရှိ စိတ်ဝိညဉ်စွမ်းအင်များသည် စိတ်ဝိညဉ်စွမ်းအင်ပင်လယ်ပုံ ဖြစ်လာပြီး စွမ်းအင်များက မြေထဲမှတစ်ဆင့် သူ့ကိုယ်ထဲတိုး၀င်နေကာ ကုအန် သူ့ကိုယ်သူ ကောင်းကင်ဈာန်အမတအဆင့်တစ်ယောက်အဖြစ်ပင် စိတ်ကူးယဉ်မိနေလေပြီ။
မြေလျှောက်အမတတစ်ပါးနှင့် ကောင်းကင်ဈာန်အမတတစ်ယောက်ကြား ကွာဟချက်က မည်သည့်အရာ ဖြစ်မည်နည်း။
ကုအန် ကောင်းကင်ကိုမော့ကြည့်မိလိုက်၏။ သူ့စိတ်ထဲတွင် ထိုအဆင့်သည် ကောင်းကင်နှင့်ချိတ်ဆက်နေသည် ဟူ၍ပင် ခံစားမိနေသည်။
မြေေလျှာက်အမတအဆင့်သို့ ရောက်သောအခါ ကုအန် ကောင်းကင်မှ သက်ရှိအားလုံးကို ဖိနှိပ်ထားသော စွမ်းအားကြီးတစ်ခုကို အာရုံခံမိခဲ့၏။ မြေလျှောက်အမတအဆင့်သည် ကောင်းကင်နှင့်မြေပြင်၏ နိယာမများကို ချိုးဖျက်နိုင်စွမ်းရှိသော်လည်း ထိုစွမ်းအားဧ။် ဖိနှိပ်ခံရမှုမှ လွတ်မြောက်နိုင်ခြင်းတော့ မရှိသေးပေ။
ဝုန်းးးး
ကုအန်ကိုယ်ထဲ၀င်နေသော စိတ်ဝိညဉ်စွမ်းအားများ တိုး၀င်နေနှုန်းသည် မခန့်မှန်းနိုင်သောအနေအထားထိ မြန်ဆန်လာပြီး ကုအန်ပင် သတိထားနေခဲ့ရသည်။
ဤအဆင့်အတွက် စိတ်ဝိညဉ်စွမ်းအား မည်မျှ လိုအပ်နေပါသနည်း။
မကြာခင်တွင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ သက်ရှိများအားလုံး ထူးဆန်းနေမှုကို သတိပြုမိသွားကာ ငှက်ကျေးများက ဖရိုဖရဲပျံသန်းကုန်ကြပြီး သားရဲများလည်း အလန့်တကြား ပြေးလွှားကုန်ကြတော့သည်။
ကုအန် ထိုအဖြစ်အပျက်ကို သိပ်တော့ စိတ်မပူခဲ့ပေ။ သူ့ကိုယ်ထဲတိုး၀င်လာသော စိတ်ဝိညဉ်စွမ်းအားများကိုသာ အာရုံစိုက်နေခဲ့၏။
ကောင်းကင်ဈာန်အမတအဆင့်!
ကောင်းကင်နှင့်မြေပြင်ကို ဖြတ်ကျော်နိုင်ပြီး စကြာ၀ဠာထဲတွင် လှည့်ပတ်သွားလာနိုင်သောအဆင့်!
ယင်နှင့်ယန်ကိုချောင်းကြည့်နိုင်ပြီး ဒြပ်ငါးမျိုးကို ထိန်းချုပ်နိုင်သောအဆင့်!
ထိုအဆင့်သို့ရောက်သောသူသည် ဒြပ်ငါးမျိုးကို နှိုက်နှိုက်ချွတ်ချွတ်နားလည်ရန် လိုအပ်ပေသည်။
ကုအန်လေ့ကျင့်သော ကျင့်စဉ်သည် ဒြပ်ငါးမျိုးလံုးကို လေ့ကျင့်ရသော ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ် ဖြစ်သောကြောင့် သူ့အတွက် အဆင့်ချိုးဖြတ်ရခြင်းသည် ချောမွေ့နေခဲ့ရခြင်း ဖြစ်သည်။
ကုအန်၏ မူလဝိညဉ်ကလည်း ခန့်မှန်း၍မရသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီး သူ့စိတ်ဝိညဉ်တွင် ဘာနဲ့မှမတူေသာ ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
တစ်နာရီခန့်ကြာသောအခါ ကုအန် ကောင်းကင်ဈာန်အမတအဆင့်သို့ လုံး၀ ရောက်ရှိသွားလေတော့သည်။
ကုန်းမြေတိုက်ကြီး၏ ပတ်ပတ်လည်တွင်လည်း ပင်လယ်သားရဲကြီးများ ပင်လယ်ပြင်ပေါ်ထိုးတက်လာပြီး ကြီးမားလွန်းသော လှိုင်းလုံးကြီးများပင် ဖြစ်ပေါ်လာခဲ့၏။
ထိုစဉ် ကုအန်မျက်လုံးများ ပွင့်လာပြီး သူ့မူလဝိညဉ်က သူ့ကိုယ်ထဲမှ ထွက်လာခဲ့သည်။
ကုအန် မသိစိတ်က သက်တမ်းအလွှာထဲမှခုန်ထွက်ကာ ကောင်းကင်နှင့်မြေပြင်ကို ကျော်လွန်၍ ပိုမြင့်သောနယ်ေမြများသို့ ချောင်းကြည့်ချင်စိတ်ပင် ပေါ်လာခဲ့၏။
သို့သော် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။
သူညကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် ကောင်းကင်နှင့်မြေပြင်ကို ဖုံးအုပ်ထားကာ သက်ရှိများအားလုံးကို အကျဉ်းထောင်တစ်ခုနှယ် ဖုံးအုပ်ထားသော အလွှာပါးလေးတစ်ခုကို တွေ့လိုက်ရ၏။
ထိုမမြင်ရသော ကောင်းကင်အလွှာကို သူဖြတ်ကျော်နိုင်သည်ဟု ခံစားနေရသော်လည်း ထိုအခိုက်တွင် ကုအန် မလုပ်ရဲခဲ့ပေ။
ဤကမ္ဘာကြီး၏ အထက်တွင်ရှိနေသောအရာကို သူနားမလည်ဘဲ အလောတကြီး မလုပ်ရဲခဲ့ပေ။
ရုတ်တရက်
ထိုမမြင်ရသော အလွှာပါးလေးသည် ရုတ်တရက် အက်ကြောင်းပေါ်လာသည်ကို ကုအန် တွေ့လိုက်ရ၏။ ထိုအရပ်သို့ သေချာကြည့်လိုက်သောအခါ အက်ကွဲကြောင်းထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ကောင်းကင်မှဆင်းသက်လာကာ ကောင်းကင်နှင့်မြေပြင်အဆုံးဆီသို့ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ပြင်ပကနေ တစ်ယောက်ယောက်ရောက်လာတာလား!
ထိုလူ့ကို နှောင့်ယှက်မိမည်စိုးသောကြောင့် ကုအန် အနီးကပ်တော့ မကြည့်ရဲပေ။
ထိုအခိုက်တွင် ကောင်းကင်နှင့် ကောင်းကင်ပြင်ပနယ်မြေသည် လုံး၀ကြီး သီးသန့်ဖြစ်နေခြင်းမဟုတ်မှန်း ကုအန် နားလည်သွားခဲ့၏။ ကောင်းကင်ဈာန်အမတများသည် ကောင်းကင်မှ ထွက်ခွာသွားနိုင်သလို ကောင်းကင်ထဲသို့ ပြန်၀င်လာနိုင်ခြင်း ဖြစ်နိုင်ပါသလော။
ထို့နောက် ကုအန် သူ့ကိုယ်ထဲ၀င်လာသော စိတ်ဝိညဉ်စွမ်းအင်များကို ခံစားကာ သူ့ကိုယ်ကိုသာ ဂရုတစိုက် ထိန်းချုပ်နေခဲ့သည်။
အဆင့်ချိုးဖြတ်ပြီးသည့်နောက် ကုအန်၏ မူလဝိညဉ်သည်လည်း ဈာန်ပျံအမတမူလဝိညဉ်အဖြစ် ပြောင်းလဲသွားခဲ့ကာ ယင်နှင့်ယန်ကိုပင် ခွဲခြမ်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ကုအန် ကောင်းကင်နှင့်မြေပြင်တွင် လှည့်လည်သွားလာနေသော ဝိညဉ်များကိုပင် မြင်နေရပြီး ထိုဝိညဉ်များသည် ကောင်းကင်ထက် မိုင်ပေါင်း ၁၀၀၀၀၀ လောက်အကွာ၀င် ပျောက်ကွယ်သွားကာ ပြန်လည်မွေးဖွားဖို့အတွက် မြေအောက်ကမ္ဘာ၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။
ကုအန် မြေအောက်ကမ္ဘာ၏ အေးစက်နေသော ကျောချမ်းဖွယ်အရှိန်အဝါကိုလည်း ခံစားမိနေပြီး ထိုနေရာသို့တော့ ၀င်မကြည့်ရဲပေ။
ထို့ေနာက် သူ့ကျင့်ကြံခြင်းအဆင့်သည် ဆက်လက်မြင့်တက်နေခဲ့သည်။
သူ့ကိုယ်ထဲ၀င်ရောက်လာသော စိတ်ဝိညဉ်စွမ်းအင်များ မြင့်တက်နေချိန်တွင် သူ့မူလဝိညဉ်ကလည်း ကောင်းကင်ကိုသာ ကြည့်ရှုနေခဲ့၏။
တစ်နာရီခန့်ကြာသောအခါ ကုအန် ကောင်းကင်ဈာန်အမတတစ်ပါး ကောင်းကင်အပြင်သို့ ထွက်သွားသည်ကို တွေ့လိုက်ရပြီး ဤကမ္ဘာတွင် ကောင်းကင်ဈာန်အမတများ တစ်ယောက်ထက် ပိုရှိနေမှန်း သေချာသွားခဲ့ရသည်။ ထို့အပြင် ကောင်းကင်ဈာန်အမတအဆင့်သို့ ရောက်ရှိခြင်းသည် ဤကမ္ဘာမှ လုံး၀ ထွက်ခွာသွားရမည်ဟု ဆိုလိုနေခြင်းလည်း မဟုတ်ပေ။
ထိုအရာက ကောင်းကင်ဈာန်အမတအဆင့်က ဤကမ္ဘာတွင် အမြင့်ဆုံးအဆင့် မဟုတ်မှန်းလည်း ညွှန်ပြနေခဲ့သည်။
ဘာပဲဖြစ်နေနေ ကုအန် ကောင်းကင်အပြင်သို့ ထွက်သွားလိုစိတ်တော့ မရှိခဲ့ပေ။ သူ့အတွက် သက်တောင့်သက်သာအရှိဆုံးနေရာသည် အလုံခြုံဆုံးနေရာသာ ဖြစ်၏။
တဖြည်းဖြည်းနှင့်အန္တရာယ်မရှိဘဲ သန်မာလာနိုင်လေရာ သူကအဘယ်ကြောင့် ထိုနေရာမှ ထွက်ခွာသွားရချင်မည်နည်း။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။
နှစ်နာရီခန့်ကြာသောအခါ ကုအန် ကျင့်ကြံခြင်းက ကောင်းကင်ဈာန်အမတအဆင့် ၉ တွင် တည်ငြိမ်သွားခဲ့သည်။
ယခုအခေါက်တွင် သက်တမ်းအလွှာကုန်ကျမှုမှာပင် ၇၀၀၀၀၀ နီးနီးကုန်ကျခဲ့၏။
နောက်တစ်ကြိမ်အဆင့်ချိုးဖျက်ပါက သက်တမ်းအလွှာကုန်ကျမှုသက်သက်ကပင် သက်တမ်း သန်းချီ၍ သုံးရနိုင်ပါသလော။
စိတ်ဝိညဉ်စွမ်းအင်များ သူ့ကိုယ်ထဲ ၀င်မလာတော့သောအခါ ကုအန် ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။
သူသက်တမ်းအလွှာကို ချက်ချင်းမသိမ်းသေးဘဲ သူ့ခွန်အားကို ချိန်ဆကြည့်နေမိ၏။
သူ့လင်းရှီများရော နတ်အာရုံများပါ ထပ်မံပြောင်းလဲသွားပြန်ပြီဖြစ်ပြီး အမတလမ်းစဉ်၏ ကောင်းကင်ကိုးထပ်သည် တစ်ဆင့်နှင့်တစ်ဆင့်ကြား ကွာဟမှု ကြီးမားလွန်းပေသည်။
မည်သည့်နတ်သိုင်းများပင် တတ်မြောက်ထားစေကာမူ မြေလျှောက်အမတတစ်ပါးက ကောင်းကင်ဈာန်အမတကို လုံး၀ နိုင်နိုင်ချေ မရှိဘူးဟုပင် ကုအန် ခံစားလိုက်ရ၏။
တစ်နေရာတွင်
မိစ္ဆာနယ်မြေရှိ မှောင်မည်းနေသော တောအုပ်ကြီးတစ်ခုထဲ၌
ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး အပြင်းအထန်ဒဏ်ရာရနေသော အန်းဟောင် အက်ကွဲကြောင်းထဲမှ ပြုတ်ကျလာခဲ့သည်။
သူချက်ချင်း ထရပ်လိုက်ပြီး တောင်အရပ်သို့ပြေးလွှားနေရင်း စိတ်ထဲတွင် သူ့ဆရာကို အကျယ်ကြီးအော်ခေါ်နေမိသော်လည်း ကံဆိုးစွာဖြင့် သူ့ဆရာမှာ အရင်လိုပေါ်မလာခဲ့ပေ။
“သေစမ်းကွာ….ဒါတွေအကုန်လုံးက ငါအားနည်းလွန်းလို့ ဖြစ်ရတာတွေပဲ…”
အန်းဟောင် အံကိုတင်းတင်းကြိတ်ထားကာ သူ့မာနသည် ထိုညတွင် လုံး၀ ချေမွခံခဲ့ရလေသည်။
ရွှမ်ထျန်းယီသည် သူ့ကိုအဝေးသို့ ပို့ရန် ထူးဆန်းသောစာလိပ်တစ်လိပ်ကို အသုံးပြုခဲ့ရပြီး သူထွက်မသွားခင် ရွှမ်ထျန်းယီ ပြောခဲ့သော စကားများက သူ့နားထဲ ပဲ့တင်ထပ်နေခဲ့သည်။
“ဂိုဏ်းကိုပြန်သွား ငါကဒီမှာသေမှာမဟုတ်ဘူး ငါပြန်လာပြီး မင်းကိုလာရှာတာကို စောင့်နေ”
ရွှမ်ထျန်းယီက ဂရုမစိုက်သလို ပြောနေလေလေ အန်းဟောင်ပို၍ စိတ်ပူလာလေလေပင်။ ထိုဆန်းကြယ်သော ကျင့်ကြံသူ ၇ ယောက်သည် အလွန်အစွမ်းထက်လှပြီး ၇ယောက်ပေါင်းလိုက်သောအခါ ရွှမ်ထျန်းယီ သည် သူတို့ပြိုင်ဘက် လုံး၀ ဟုတ်မနေတော့ပေ။
“သူတို့က ဘယ်သူတွေများလဲ စီနီယာရွှမ်ထျန်းယီက ငါ့ကျောမှာ ဘာတွေချန်ထားခဲ့တာလဲ”
သူထွက်ခွာမသွားခဲ့ခင်က ရွှမ်ထျန်းယီသည် သူ့ကျောကိုတစ်ချက်ရိုက်ခဲ့ပြီး ထိုစဉ်က သူ့ကျောပူသွားခဲ့သည်။ ယခုအခါတွင်တော့ သူ့ကျောတွင် စာလုံးများကို ဓားဖြင့်ထွင်းထားသလိုမျိုး သူခံစားနေခဲ့ရ၏။
စီနီယာရွှမ်ထျန်းယီသည် တစ်ခုခုကို ရှာတွေ့သွားပြီး ထိုအကြောင်း သတင်းအချက်အလက်များကို သူ့ကျောတွင် ရေးပေးလိုက်ပုံရသည်။ သို့သော် ထိုစာများကိုဖတ်ရန် သူ့ကျောကို နတ်အာရုံသုံး၍ ကြည့်လိုက်တိုင်း သူ့နတ်အာရုံက ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ပယ်ဖျက်ခြင်းကို ခံနေရ၏။
သူအမြန်ပင် စိတ်ဝိညဉ်စွမ်းအင်ဆေးများကိုထုတ်ကာ ပါးစပ်ထဲ အတင်းလောင်းထည့်ပစ်လိုက်လေသည်။
သူ့အကြည့်များက ဆုံးဖြတ်ချက်ပြတ်သားဟန်ဖြင့် တင်းမာလာခဲ့၏။
သူပြန်ကို ပြန်လာရပေလိမ့်မည်!
အကယ်၍ ရွှမ်ထျန်းယီသာ ဒီနေရာတွင် သေဆုံးသွားခဲ့ရပါက လူသတ်သမားက မည်သူပင်ဖြစ်နေပါစေ သူရအောင် ကလဲ့စားပြန်ချေမည် ဖြစ်သည်။
…..
လကွယ်ကာ နေထွက်လာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်သည် လုံး၀ ငြိမ်သက်နေဟန်ရပြီး ကုအန်လည်း သက်တမ်းအလွှာကိုသိမ်း၍ အဓိပတိဂိုဏ်းသို့ ပြန်လာခဲ့၏။
ခြေလှမ်းသုံးလှမ်းတည်းဖြင့် သူအဓိပတိဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
သူဆန်းကြယ်တောင်ကြားသို့ပြန်ရောက်သောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်း၍ ထျန်းယ တောင်ကြားသို့ သွားခဲ့၏။
ကုအန် စိတ်ကြည်နေသည်ကို သွေးအကျဉ်းထောင်မဟာသူတော်စင်ပင် သတိထားမိနေခဲ့သည်။
ထိုစဉ် ကုအန် နတ်အာရုံကိုဖြန့်ကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုသာမက အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်ကိုပါ ကြည့်ရှုနေခဲ့၏။
သူ သူ့မိတ်ဆွေဟောင်းများကို တစ်ယောက်ချင်း ကြည့်ရှုနေခြင်းဖြစ်သည်။
ကျန်းချောင်နှင့် ကျူဟွားဂိုဏ်းသည် အတော်လေးပဏာသင့်နေပုံပေါ်ပြီး သူသည်ယခုအခါ ဂိုဏ်းချုပ်စံအိမ်ထဲတွင် ကျင့်ကြံနေခဲ့၏။
ရီလန်မှာတော့ ဥပဒေရေးရာခန်းမရှိ ကိစ္စများကို ကိုင်တွယ်နေခဲ့ကာ သူ့ပုံစံသည် ကုအန်နှင့်အတူရှိနေချိန်နှင့် လုံး၀မတူဘဲ ရေခဲဘုရင်မတစ်ပါးနှယ် အေးစက်နေခဲ့သည်။
လီယနှင့်ကျန်းပုကူမှာတော့ မိစ္ဆာတစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံနေရပြီး အန္တရာယ်များပုံပေါ်သော်လည်း လွတ်တော့ လွတ်မြောက်နိုင်သေးပုံပင်။
ကုအန် အသည်းအသန်ထွက်ပြေးလာသော အန်းဟောင်ကိုလည်း မြင်ခဲ့၏။ သို့သော် သူ့နောက်တွင် ဘယ်သူမှလိုက်မလာသောကြောင့် ကုအန် ဝင်ပါမနေတော့ပေ။
ကုအန်၏ နတ်အာရုံက မကောင်းဆိုးဝါးမိစ္ဆာကို ချိတ်ပိတ်ထားသော စည်းကိုလည်း မြင်နေရပြီး သူအလွယ်တကူပင် ထိုအရာကို ချိုးဖြတ်နိုင်သော်လည်း မလုပ်ခဲ့ပေ။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူတစ်ယောက်တည်းအားဖြင့် ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
ထို့ကြောင့် သူတို့က ကုအန်ကို လာမထိသေးသရွေ့ ကုအန်ကလည်း သွားထိမည် မဟုတ်ပေ။
ဆန်းကြယ်တောင်ကြားမှ ထွက်ခွာလာပြီးသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့ခန္ဓာကိုယ်ကို စွမ်းအင်အလွှာတစ်ခုက ဖုံးအုပ်သွားပြီး ရုတ်တရက် ထျန်းယတောင်ကြားနှင့် မိုင် ၂၀၀ခန့်ဝေးသော နေရာတွင် သူပြန်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ဒါက ဘယ်လိုနတ်သိုင်းမျိုးလဲ!
သွေးအကျဉ်းထောင်မဟာသူတော်စင်ကြိတ်၍ အံ့အားသင့်သွားခဲ့သည်။
နေ့တစ်၀က်ခန့်ကြာသောအခါ
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ တတိယတောင်ကြားသို့ ရောက်လာခဲ့၏။
ထိုစဉ် ကုအန် သူ့ကိုအိမ်ထဲတွင်စောင့်နေသော ရှန်းကျန်ကို အာရုံခံလိုက်မိသည်။
ဒီကောင်မလေး စာအုပ်အသစ်ကို အခုလောက်မြန်မြန်ကြီးရေးလာတာတော့ မဟုတ်ဘူးမလား!
ထို့နောက် ကုအန် နွားသိုးကို လောလိုက်ကာ သူ့အိမ်ရှိရာသို့ အမြန်သွားခိုင်းလိုက်ပြီး အိမ်အောက်သို့ရောက်သောအခါ ကုအန်ဆင်းပြီး အိမ်ပေါ်တက်သွားခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်စိတ်ညစ်နေဟန်ရသော ကုအန်၏ နောက်ကျောကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေခဲ့ရသည်။
ဒီလောက်အမြန်လိုနေရင်လည်း အစကတည်းက ကိုယ့်ဟာကိုယ်သွားလိုက်ပါလားဟ!
သူ့ကဖြင့် ခြေလှမ်းနည်းနည်းလောက်လှမ်းဖို့ လိုတဲ့ဟာကို!
ထို့အပြင် ကုအန်လိုပုဂ္ဂိုလ်မျိုးက အဘယ်ကြောင့် အားနည်းသည့်သူများကြားတွင်နေကာ စိတ်ညစ်ခံနေရသည်ကိုလည်း သူနားမလည်ခဲ့ပေ။
အခန်းထဲရောက်သောအခါ ကုအန် အခန်းတံခါးကို ပြန်ပိတ်လိုက်၏။
ရှန်းကျန်မှာတော့ စားပွဲတွင်ထိုင်ကာ သူ့ရှေ့ရှိ ကျောက်စိမ်းပြားတစ်ပြားကို ညွှန်ပြလိုက်ရင်း ပြုံးနေခဲ့သည်။
ကုအန် စားပွဲဆီသို့ ချဉ်းကပ်သွားလိုက်ပြီး မေးလိုက်၏။
ရှန်းကျန် မေးကိုမော့ကာ ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။
“ဒါကငါ့တီထွင်မှုအသစ်ပဲ အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားရမယ်လို့ ငါအာမခံတယ်”
ကုအန် အံ့ဩသွားပြီး ကျောက်စိမ်းပြားကိုယူကာ ထိုထဲသို့ နတ်အာရုံထည့်လိုက်လေသည်။
ထိုအခါ သူ့မျက်နှာ ရုတ်ချည်းနီရဲသွားပြီး ရှန်းကျန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်၍ မေးလိုက်၏။
“နင်….နင်ဒါကို လုပ်ခဲ့တာလား” ကုအန်အသံမှာ တုန်ခါနေခဲ့သည်။
သူမက ပါရမီရှင်တစ်ယောက်များလား!
သူမ၏တီထွင်မှုသည် အမှန်တကယ်ပင် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။
ရှန်းကျန် မျက်ခုံးပင့်လိုက်ကာ ပြုံးလိုက်ပြီး
“ဘယ်လိုလဲ ရုပ်ပုံတွေကို တကယ့်လူတွေလို လှုပ်ရှားစေတာက အံ့ဩစရာကောင်းတယ်မဟုတ်လား”
ကုအန် ဘယ်လိုတုန့်ပြန်ရမလဲ မသိခဲ့ပေ။
အမတကျင့်ကြံခြင်းကမ္ဘာ ကာတွန်းကားများလား!
သို့သော် ထိုကာတွန်းကားသည် အတော်လေး လူနှင့်တူလှပြီး လူသားတစ်ယောက်နှင့်ဘာမှမကွဲသလိုပင်။
ထိုသို့သောအကြံညဏ်မျိုးကို အဓိပတိလျှို့ဝှက်မှတ်တမ်းများ၏ ဇာတ်ကွက်နှင့်ပေါင်းစပ်လိုက်ခြင်းက အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို ထိတ်လန့်သွားစေပေလိမ့်မည်။
ကုအန် နှလုံးသားထဲက ထိတ်လန့်နေမှုကိုထိန်းးချုပ်လိုက်ကာ မေးလိုက်၏။
“ဒီထဲက အမျိုးသားကျင့်ကြံသူကဘယ်သူလဲ”
ရှန်းကျန်သူ့ကို ကြည့်ကာ “ငါနင့်မျက်နှာကို မသုံးထားပါဘူး ဒါပေမယ့် အခြားလူတစ်ယောက်ယောက်မျက်နှာကိုသုံးဖို့လည်းအဆင်မပြေဘူး အဲ့တာကြောင့် ဇာတ်ကောင်ကို မျက်နှာဖုံးတပ်ခိုင်းထားလိုက်တယ်”
ကုအန် တိတ်ဆိတ်သွားခဲ့သည်။
ဇာတ်ကောင်တွင် မျက်နှာဖုံး တပ်ထားခြင်း….
သို့သော် ထိုဇာတ်ကောင်၏ ခန္ဓာကိုယ်မှာတော့ သူနှင့်လုံး၀တူနေခဲ့လေသည်။
အပိုင်း(၂၀၂)
မင်းငါ့ကျင့်ကြံခြင်းအဆင့်ကို သိလား
ကုအန် သူ၏ရှုပ်ထွေးနေသော ခံစားချက်များကိုဖိနှိပ်ကာ မေးလိုက်သည်။
“ဒီကိစ္စက တကယ့်ဂယက်ကြီးဖြစ်သွားမှာနော် နင်တကယ်ကြီးလုပ်တော့မှာလား ဒီအဖြစ်အပျက်က စာအုပ်တစ်အုပ်ရေးတာထက် ကြီးမားလိမ့်မယ်”
တကယ်တော့ ရှန်းကျန်ရေးသားထားသော အဓိပတိလျှို့ဝှက်မှတ်တမ်းများမှာပင် အဓိပတိဂိုဏ်းထဲတွင် တားမြစ်ထားသော စာအုပ်ဖြစ်၏။ အကယ်၍သူမသာ တာအိုဂိုဏ်းဧ။် မြင့်မြတ်သမီးတော်ဟုတ်မနေပါက အဖမ်းပင် ခံရနိုင်သည်ဟု ကုအန် သံသယဖြစ်မိသည်။
ရှန်းကျန် ထေ့ငေါ့လိုက်၏။
“ငါက လူသတ်နေတာလည်းမဟုတ်ဘူး မီးရှို့နေတာလည်းမဟုတ်ဘူး ဘာလဲ အဓိပတိဂိုဏ်းကငါ့ကို ထောင်ထဲထည့်ထားမှာလား”
“ဒါပေမယ့် နောက်ဆုံးတော့နင်က မိန်းကလေးတစ်ယောက်ပဲလေ တကယ်သို့သာ ဒီကိစ္စပေါ်သွားခဲ့ရင် လူတွေကနင့်ကို ဘယ်လိုထင်မလဲ နင့်အဖေရဲ့ တာအိုဂိုဏ်းကိုရော ဘယ်လိုမြင်ကြမလဲ”
ကုအန် လေးလေးနက်နက်ပြောလိုက်သည်။ ရှန်းကျန်သည် စိတ်သဘောထားကောင်းမွန်သူလေး ဖြစ်၏။ ကုအန် တစ်ခါတရံ သူမကို နတ်အာရုံသုံး၍ ကြည့်မိတိုင်း သူမသည် သူမဂူထဲတွင် ကျင့်ကြံလျှင်ကျင့်ကြံ မကျင့်ကြံလျှင် ပန်းချီ ဂီတ စစ်တုရင် လက်ရေးလှ များကိုသာ လေ့ကျင့်နေတတ်သည်။
ရှန်းကျန် ကုအန်ကိုကြည့်လိုက်ကာ မေးလိုက်၏။
“နင်က ငါလုပ်နေတာတွေကို မကြိုက်လို့လား”
ကုအန်တုန့်ပြန်လိုက်သည်။
“ငါက နင့်အတွက်စိတ်ပူလို့ပါ”
ရှန်းကျန် မပြုံးဘဲ မနေနိုင်ခဲ့ပေ။ ထို့နောက် သူမကျောက်စိမ်းပြားတစ်ပြားထုတ်ကာ ကုအန်ကို ပေးလိုက်၏။
ကုအန် တခဏတာတွန့်ဆုတ်နေပြီး ကျောက်စိမ်းပြားထဲ နတ်အာရုံထည့်လိုက်လေသည်။
ရုတ်ချည်း သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ထိုအရာသည် ပုံရိပ်ယောင်တစ်ခုရယ်သာမဟုတ်ဘဲ ကျင့်ကြံနေသည့်လုပ်ငန်းစဉ်ကို ထည့်သွင်းထားခြင်း ဖြစ်၏။ ကျောက်စိမ်းပြားထဲမှလူသည် ရှန်းကျန်ဖြစ်ကာ ထိုအရာသည် သူမနတ်သိုင်းများ ကျင့်ကြံနေသည်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
တခဏကြာသောအခါ
ကုအန် နတ်အာရုံကို ပြန်သိမ်းလိုက်ပြီး ရှန်းကျန်ကို ကြည့်လိုက်၏။
ရှန်းကျန်ပြောလိုက်သည်။
“ဒါကမှ ငါ့တကယ့်တီထွင်မှုပဲ ဒါနဲ့ဆို အမွေဆက်ခံရတာ ပိုလွယ်ကူချောမွေ့မသွားဘူးလား”
ကုအန်ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“အရမ်းကောင်းတယ် အဲ့တာနဲ့ဆို လူတွေကိုကျင့်ကြံတဲ့နေရာမှာ လမ်းညွှန်မှုတွေ ပိုပေးနိုင်လိမ့်မယ်”
ဤသို့ဖြင့် ကုအန် စားပွဲပေါ်ကျောက်စိမ်းပြား ၂ ပြားရှိနေခဲ့၏။
ထို့နောက်ရှန်းကျန် သူမနှင့်လုလင်ကျွမ်းတို့၏ စွန့်စားခန်းများအကြောင်း စတင်ပြောပြလေတော့သည်။ သူမတိုသည်ရှေးဟောင်းကျင့်ကြံသူကြီးတစ်ယောက်၏ အန္တရာယ်များနှင့်ပြည့်ေနေသာ ကမ္ဘာငယ်လေးထဲသို့ ၀င်ရောက်ခဲ့ကြခြင်းဖြစ်ကာ အများကြီးကြိုးစားခဲ့ပြီးမှသာ ရတနာများ အမွေအနှစ်များကို ရရှိခဲ့ခြင်း ဖြစ်၏။
ကုအန်လည်း စိတ်၀င်တစားနားထောင်နေပြီး အံ့အားသင့်နေဟန်ပင် ပြနေသောကြောင့် ရှန်းကျန်ပြောချင်စိတ် ပိုတိုးလာခဲ့ရသည်။
အချိန်အတန်ကြာသောအခါ
ရှန်းကျန်နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်၏။
“ငါဒီ နတ်သိုင်းတွေပါတဲ့ ကျောက်စိမ်းပြားကို နင်နဲ့ထားခဲ့မယ်”
ကုအန် မငြင်းနိုင်ခင်မှာတင် ရှန်းကျန် အောက်ထပ်သို့ ဆင်းသွားခဲ့လေသည်။
ကုအန်လည်း စားပွဲပေါ်ရှိ ကျောက်စိမ်းပြားကို ကြည့်ကာ ရှန်းကျန်ကို လှမ်းအော်ပြောချင်နေခဲ့၏။ ဘာလို့ နောက်ကျောက်စိမ်းပြားတစ်ခုကိုရော ပြန်ယူမသွားတာလဲဟ!
မေ့လိုက်ပါတော့!
အခြားသူများ လမ်းမှားမရောက်သွားစေရန် ထိုကျောက်စိမ်းပြားကို သူသိမ်းထားပေးတာသာ ပိုကောင်းပေသည်။
တစ်နေရာတွင်
ရှန်းကျန် လှေကားမှဆင်းလာပြီးသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို မစနောက်ဘဲ မနေနိုင်ခဲ့သောကြောင့် နွားသိုးအတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရသည်။
ညမတိုင်ခင်တွင် ကုအန် နွားသိုးကိုခေါ်ကာ ဆန်းကြယ်တောင်ကြားသို့ ပြန်သွားခဲ့၏။ ထိုနေ့ညတွင်တော့ ကုအန် နျန်းချူ ဂူသို့ ရောက်သွားခဲ့သည်။
ထျန်းယောင်အာသည် ကျင့်ကြံနေကာ ကြောင်မိစ္ဆာ ၂ကောင်က ဆော့ကစားနေခဲ့ကြသည်။ ကုအန် ရောက်လာသည်ကိုမြင်သောအခါ ကြောင် ၂ကောင်လည်း မဆော့တော့ဘဲ မြေပေါ် လဲလျောင်းလိုက်ကြ၏။ သူတို့သည် ပုံစံမပြောင်းနိုင်သေးသော်လည်း အသိညဏ်မြင့်မားကြကာ ရှန်းကျန်၏သင်ပြပေးထားမှုကြောင့် ကုအန်ကို လေးစားကြပေသည်။
ကုအန်သူတို့ကိုခေါင်းညိတ်ပြလိုက်ပြီး ကျောက်စားပွဲတွင်ထိုင်ကာ ကမ္ဘာငယ်ဖွင့်မည့်အကြောင်း စဉ်းစားနေမိသည်။
သူ့လက်ရှိကျင့်ကြံခြင်းနှင့်ဆိုပါက ကမ္ဘာငယ်လေးတစ်ခု ဖွင့်ဖို့က ပြဿနာမဟုတ်တော့ပေ။ အဓိကစိန်ခေါ်မှုမှာ ထိုကမ္ဘာငယ်ထဲတွင်စိတ်ဝိညဉ်စွမ်းအင်များ ဖြည့်တင်းရမည့်ကိစ္စ ဖြစ်သည်။
သူစိတ်ဝိညဉ်စွမ်းအင်များ ပြည့်နှက်နေမည့် ကမ္ဘာငယ်တစ်ခုကို ချက်ချင်းတော့ မဖန်တီးနိုင်ပေ။
ပြီးမှသာ ထိုကမ္ဘာငယ်ထဲတွင် စိုက်ပျိုးရမည်ဖြစ်သော အဆင့်မြင့်ဆေးပင်များကို ရွေးချယ်ရမည် ဖြစ်သည်။ အခုကုအန် စဉ်းစားနေသည်မှာ ထိုကမ္ဘာငယ်ကို ဘယ်နေရာတွင် ဖွင့်ရမလဲဆိုသာ ဖြစ်၏။
ကမ္ဘာငယ်လေး၏တည်နေရာသည် ဟင်းလင်းပြင်ထဲတွင် ကွယ်ဝှက်ခံထားရမည်ဖြစ်သော်လည်း ၀င်ပေါက်ကတော့ ဤကမ္ဘာပေါ်တွင်သာ ရှိရမည်ဖြစ်ကာ ဝင်ပေါက်ကို ရွှေ့ပြောင်းလို့လည်း မရနိုင်ပေ။
အတန်ကြာစဉ်းစားပြီးသောအခါ ကမ္ဘာငယ်ကို အဓိကကုန်းမြေကြီးပေါ်တွင်သာ ဖွင့်ဖို့ ဆုံးဖြတ်လိုက်၏။
ကုန်းမြေတိုက်ကြီးသည် ကျယ်ပြန့်လှကာ အမတအဆင့်များလည်း နည်းပါးလှသောကြောင့် ဤနေရာသည် သူ့အတွက် ဖြည်းဖြည်းဖွံ့ဖြိုးရန် သင့်တော်ပေသည်။
ထိုအခိုက်တွင် ထျန်းယောင်အာ ချဉ်းကပ်လာပြီး မေးလိုက်၏။
ကုအန်လည်း ဘာမှမခြွင်းချန်ဘဲ အကုန်ပြောပြလိုက်လေသည်။ အနာဂတ်တွင် ထိုကမ္ဘာငယ်ကို ဦးစီးရသူမှာထျန်းယောင်အာ ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။
သက်တမ်းများ ရိတ်သိမ်းရန်ကိုတော့ သူကိုယ်တိုင်သာ လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုအရာကိုကြားသောအခါ ထျန်းယောင်အာ တုန်လှုပ်သွားခဲ့သည်။
သခင်က ကမ္ဘာငယ်တောင်ဖွင့်နိုင်တာလား!
ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်ရော ထိုအရာကို လုပ်နိုင်ပါသလောဟုပင် သူမတွေးမိသွားခဲ့သည်။
အချိန်အတန်ကြာကျင့်ကြံပြီးသည့်နောက် သူမအရင်ကလောက် နုံအမနေတော့ပေ။ သူမ၏သခင်သည် မိစ္ဆာမိခင်ထက် ပိုသန်မာမှန်း သူမသိလာပြီဖြစ်ပြီး ထိုအကြောင်းကိုထုတ်မပြောသည်မှာ သူမကို ပိုကြိုးစား၍ ကျင့်ကြံစေလိုခြင်းကြောင့်ဖြစ်မှန်းလည်း သူမသိ၏။
ထိုအရာနှင့်ပတ်သက်ပြီး သူမသခင်အပေါ် မကျေမနပ်လည်းမဖြစ်မိပေ။ သူမရန်သူကို သူမကိုယ်တိုင်သာ သတ်ဖြတ်၍ ကလဲ့စားချေချင်ပေသည်။
“ဒီကောင်းကင်ဖီးနစ်တောင်မှာပဲ ဖွင့်လိုက်လေ သခင် ပြောကြတာတော့ ဒီကောင်းကင်ဖီးနစ်တောင်က တစ်ခါက ဖီးနစ်ငှက်တွေကျက်စားရာနေရာဖြစ်ခဲ့ဖူးတယ်တဲ့ ဒီတောင်မှာ နှစ်ပေါင်း ထောင်ဂဏန်းအနည်းငယ်ကြာတိုင်း မြေပြင်က စိတ်ဝိညဉ်စွမ်းအင်တွေတိုးထွက်လာပြီး စွမ်းအားကြီးရတနာတွေထုတ်ပေးတယ်လို့လည်း ပြောကြတယ်” ထျန်းယောင်အာ လေးလေးနက်နက်ပြောလိုက်သည်။
ကုအန်လည်း ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိ၏။
ထို့နောက်တွင်တော့ ကုအန် ကမ္ဘာငယ်တစ်ခုဖွင့်ရန် သူ့နတ်အာရုံကို မြေအောက်ထဲ ပို့လိုက်လေသည်။
ဤနေရာရှိ စိတ်ဝိညဉ်ပင်များကြီးထွားနှုန်းကို မထိခိုက်စေရန် ကမ္ဘာငယ်လေးကို နျန်းချူဂူနှင့် အရမ်းကပ်ထားလို့လည်း မဖြစ်သေးပေ။ ကမ္ဘာမြေကြီး၏ စိတ်ဝိညဉ်သွေးကြောနှင့် နီးနီးကပ်ကပ်ထားမှသာ သူ့ကမ္ဘာငယ်လေးက စိတ်ဝိညဉ်စွမ်းအင်များကို ပိုမြန်မြန်စုပ်ယူနိုင်ပေလိမ့်မည်။
တစ်နာရီခန့်ကြာသောအခါ ကုအန် ကမ္ဘာငယ်လေးတစ်ခုအောင်မြင်စွာ ဖွင့်နိုင်သွားခဲ့သည်။ အခြားကျင့်ကြံသူများနှင့်မတူသည်မှာ သူသည် သီးသန့် ရေနှင့်မြေများ ထိုကမ္ဘာထဲထည့်ပေးစရာ မလိုခြင်းပေ။ ထိုအရာမှာ သူ့ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်၏ ကောင်းကျိုးသာ ဖြစ်ပေသည်။ သို့သော် ကမ္ဘာငယ်ထဲရှိ သစ်ပင်များကိုတော့ သူကိုယ်တိုင်နေရာချထားပေးရန် လို၏။
အခုတော့ ထိုကိစ္စအတွက် စိတ်ပူစရာမလိုသေးပေ။ သူ့ကမ္ဘာငယ်လေးက အခုမှ စိတ်ဝိညဉ်စွမ်းအင်များကို စုပ်ယူနေဆဲသာ ရှိသေးသည်။
……
နှစ်ကူးချိန်တွင် အဓိပတိဂိုဏ်း၌ ပွဲတော်များကျင်းပရန်ကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့ကြ၏။
ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးကာ အပြင်စည်းဂိုဏ်းထဲ ရောက်လာခဲ့လေသည်။ သူ့နွားသိုးကို လူအတော်များများစိတ်၀င်စားနေကြသော်လည်းအထူးအဆန်းတော့ ဖြစ်မနေကြပေ။ ယခုအခါ တပည့်အများအပြားက စီးတော်သားရဲများကို စီးနင်တတ်ကြပြီး ကောင်းကင်တွင်ပင် ဆနး်ကြယ်သော ငှက်မျိုးစုံ ရှိနေကြသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း အပြင်စည်းမြို့ကို အလွန်စိတ်၀င်စားနေကာ လှည့်ပတ်ကြည့်ရှုနေခဲ့၏။
“ညီကိုကု မတွေ့တာကြာပြီနော်”
ခပ်ဟဟရယ်မောသံကြောင့် ကုအန်လှည့်ကြည့်လိုက်သောအခါ တိရှီ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရလေသည်။
တိရှီသည် ဤဂိုဏ်းထဲတွင် ကုအန်နှင့် ကျိုးလင်ကိုသာ စတင်တွေ့ရှိခဲ့ရသူ ဖြစ်၏။ ယခုအခါ သူသည် မိစ္ဆာဧကရာဇ်၏သားတော်ဖြစ်မှန်းကို ဂိုဏ်းထဲရှိ အထက်ပိုင်းလူတစ်ချို့သာ သိပြီး သူ့ဖြစ်တည်မှုကို ဖုံးကွယ်ထားဆဲပင်။
ကုအန်လည်း ပြန်ပြုံးပြလိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။
တိရှီ ကုအန်၏နွားသိုးကိုကြည့်ကာ ပြုံး၍ မှတ်ချက်ပေးလိုက်သည်။
“ညီကိုကု ဒီစီးတော်သားရဲက ရှားပါးတဲ့ သွေးမျိုးဆက်ရှိနေသလိုပဲနော်”
သွေးအကျဉ်းထောင်မဟာသူတော်စင်၏ ကျင့်ကြံခြင်းသည် နိမ့်ကျနေသော်လည်း တိရှီ ထိုသားရဲထံမှ သာမန်မဟုတ်သောအရာတချို့ကို ခံစားမိနေဆဲဖြစ်သည်။ သို့သော် အဲ့ထက်တော့ မပိုပေ။
ကုအန် ရယ်မောလိုက်၏။
“သူကအတော်လေး ကောင်းတယ်လေ ကျွန်တော်သူ့ကို တော်တော်ကြိုက်မိနေတာ အဲ့တာကြောင့်ဘယ်သွားသွားသူ့ကိုခေါ်သွားမိနေတယ် သူ့အလျင်ကတော့ နှေးတာပေါ့လေ”
တိရှီလည်း ပြုံးပြကာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ကုအန်ကို အတူသောက်ရန်ဖိတ်ခေါ်လိုက်ပြီး ကုအန်ကလည်း မငြင်းခဲ့ပေ။
သူတို့နှစ်ယောက်လမ်းတစ်လျှောက်လုံးတွင် အချိန်အတန်ကြာ စကားပြောခဲ့ကြပြီး သူတို့ဆက်ဆံရေးက ပိုမိုသဟဇာတဖြစ်လာခဲ့၏။
မိစ္ဆာကပ်ဘေးပြီးသွားကတည်းက တိရှီသည် ကုအန်နှင့်ကျိုးလင်ကို ပိုမိုတန်ဖိုးထားလာမိသည်။ မိစ္ဆာနှင့်လူသားများသည် သူနှင့် ကုအန်တို့လို အဆင်ပြေပြေရှိနေသင့်ပေသည်။
ထို့နောက် သူတို့ ၂ယောက် စားသောက်ဆိုင်တစ်ခုသို့ရောက်လာခဲ့ပြီး ကုအန် နွားသိုးကို စားသောက်ဆိုင်တံခါး၀တွင်ထားခဲ့ပြီး အစောင့်များကို သူ့နွားသိုးကိုကြည့်ထားပေးဖို့ မှာခဲ့၏။
ဤသို့ဖြင့် ကုအန်တို့ နှစ်ယောက် ဒုတိယထပ်သို့ တက်လာခဲ့လေသည်။
“ကမ္ဘာ့အကောင်းဆုံး ဓားတာအိုပြိုင်ပွဲက စတော့မှာ ကျွန်တော်လည်း ၀င်ပြိုင်ဖို့ဆုံးဖြတ်ထားတယ် ညီကိုကု လာကြည့်ရမယ်နော်” တိရှီပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကုအန်အမြန်သဘောတူ၍လိုက်ပြီး အောင်မြင်ဖို့ ဆုတောင်းပေးလိုက်၏။
“ကျွန်တော်ကြားတာတော့ ဂိုဏ်းက မိစ္ဆာတပည့်တွေခန့်အပ်ဖို့ ကြံနေတယ်တဲ့ ညီကိုကုရော ဒီကိစ္စကို ဘယ်လိုမြင်လဲ” တိရှီစိတ်၀င်တစားမေးလိုက်သည်။
သူထိုအရာကို စိတ်ကျေနပ်မိသော်လည်း စိတ်တော့ ပူနေသေးသည်။ အကယ်၍များ ဂိုဏ်းထဲရှိ မိစ္ဆာတစ်ကောင်က လူသားတစ်ယောက်ယောက်ကိုအန္တရာယ်ပြုလိုက်လျှင် မည်သို့ လုပ်မည်နည်း။
နောက်ဆုံးတွင် မိစ္ဆာကပ်ဘေးမှာ အခုမှပြီးဆုံးထားခြင်းဖြစ်ပြီး လူသားနှင့်မိစ္ဆာကြား မကျေနပ်မှုများ ရှိနေဆဲပင်။
“ဒါက ကောင်းတဲ့အရာပါပဲ မိစ္ဆာကပ်ဘေးတုန်းက မိစ္ဆာအချို့က လူသားတွေကို ကူညီပြီး၀င်တိုက်ခိုက်ပေးဖူးတယ် မဟုတ်လား အခုမိစ္ဆာဘိုးဘေး မရှ်ိတော့ပေမယ့် နောက်ထပ်ကပ်ဘေးတစ်ခုဖြစ်တဲ့ မကောင်းဆိုးဝါးမိစ္ဆာက ရှ်ိနေတုန်းပဲလေ လူသားနဲ့မိစ္ဆာတွေက လာမယ့်ကပ်ဘေးတွေကို အတူတူခုခံကြသင့်တယ်” ကုအန် ပုံမှန်အတိုင်းပြောလိုက်သည်။
တိရှီလည်း ကုအန်အဖြေကြောင့် ပျော်ရွှင်သွားမိ၏။
ထို့နောက် သူတို့စတင်သောက်ခဲ့ကြပြီး ဝိုင်ဂျားနှစ်ဂျားမှာ ခဏလေးနှင့် ကုန်သွားခဲ့လေသည်။
တစ်နာရီခန့်ကြာသောအခါ နွားအော်သံတစ်သံနှင့် အစောင့်များ၏အသံများက ကုအန်တို့ စကားဝိုင်းကိုနှောင့်ယှက်ခဲ့၏။
“ကျွန်တော်တစ်ချက်ဆင်းပြီး စစ်ကြည့်ဦးမယ်” ကုအန်ပြောကာ ထရပ်လိုက်သည်။
တိရှီလည်း ခေါင်းညိတ်လိုက်ကာ ကုအန်နောက်မှ လိုက်သွားလိုက်၏။
စားသောက်ဆိုင်တံခါးရှေ့တွင် တပည့်များလည်း ပိုမိုစုဝေးလာခဲ့ကြသည်။
စားသောက်ဆိုင်တံခါးရှေ့တွင် အစောင့်တစ်ယောက်သည် နွားသို့ရှေ့တွင်ရပ်ကာ သူ့ရှေ့ရှိ တန်ဖိုးကြီး၀တ်စုံ၀တ်လူတစ်ယောက်ကို အတင်းပြုံးပြထားပြီး ပြောလိုက်၏။
“ဆရာ ဒီနွားကိုတကယ်ကြီးရောင်းပေးလို့မရလို့ပါ တကယ်လို့ ဆရာလိုချင်တယ်ဆိုရင် အပေါ်ထပ်က ပိုင်ရှင်နဲ့ သွားညှိနှိုင်းလိုက်ပါ”
တန်ဖိုးကြီးဝတ်စုံ၀တ်လူသည် မာနကြီးပုံရကာ သူ့နောက်တွင် အစောင့်လေးယောက်ပါပြီး အားလုံးမှာ ကြောက်စရာကောင်းလှသည်။
သူအစောင့်ကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်၏။
“သူ့ကိုသွားခေါ်လာခဲ့”
အစောင့်မတုန့်ပြန်ရသေးခင် ကုအန်၏အသံထွက်ပေါ်လာခဲ့သည်။
“စိတ်မကောင်းပါဘူးညီကို ဒီနွားက ရောင်းဖို့မဟုတ်ပါဘူး”
ကုအန် နွားဆီသို့ချဉ်းကပ်လာပြီး သူ့ခေါင်းကို ပုတ်လိုက်ပြီး သူ့ရှေ့ရှိလူကို သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။
[ကျိုးယီ(နတ်အသွင်ပြောင်းခြင်းအဆင့် ၅) ၄၀၂/၈၈၀/၁၂၀၀]
မျိုးရိုးနာမည်ကျိုးလား!
ကုအန်တစ်ယောက်တည်းတွေးနေမိသည်။
ကျိမိသားစုအဓိပတိဂိုဏ်းက ထွက်ခွာသွားပြီးသည့်နောက် ကျိုးမိသားစုကလည်း ခန်းထျန်ဂိုဏ်းကို ထောက်ပံ့ရန် စတင်ထွက်ခွာသွားခဲ့ကြ၏။
ကျိုးယီ ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။
“ထိပ်တန်းအဆင့် စိတ်ဝိညဉ်ကျောက်တုံး ၂ တုံး ငါဒီကောင့်ကိုယူမယ်”
သူ့စကားကြောင့် ဘေးနားရှိလူအုပ်ကြီး အုံးအုံးကျက်ကျက်ဖြစ်သွားခဲ့ရသည်။
အဆင့် ၁ မိစ္ဆာသားရဲလေးတစ်ကောင်က ထိုမျှတန်နေပါသလော။
ဘေးနားရှိစကားများကိုကြားကာ သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ ဒေါသမီးတောက်နေခဲ့သည်။
သူကုအန်၏ စီးတော်သားရဲဖြစ်ရခြင်းကို လက်ခံနိုင်သေးသော်လည်း အခု သူ့ရှေ့ရှ်ိ ကလေးမှာ မည်သူဖြစ်သနည်း။
တစ်ဖက်လူ၏ အရှိန်အဝါအရ ထိုကောင်သည် နတ်အသွင်ပြောင်းခြင်းအဆင့် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်သာဖြစ်မှန်းလည်း သူမြင်နေရ၏။
ကုအန် မျက်မှောင်ကြုံ့လိုက်ကာ ခေါင်းခါလ်ုက်သည်။
ထိုစဉ် တိရှီကုအန်ရှေ့ ရုတ်တရက်၀င်ရပ်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော့်ညီကိုက ဒါကိုမရောင်းဘူးလို့ပြောပါတယ် ကျေးဇူးပြုပြီး နှောင့်ယှက်နေတာကို ရပ်လိုက်ပါတော့”
ကျိုးယီ သူ့ကိုလှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ကာ
“ငါ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲဆိုတာ မင်းသိလား”
“ဘာလဲ နတ်အသွင်ပြောင်းခြင်းအဆင့် ၅ လေးက မာနလာကြီးပြနေတာလား” တိရှီေအးစက်စက် ထေ့ငေါ့လိုက်၏။
လူအုပ်ကြီးပင် သူ့စကားကြောင့်ရှဲသွားကြကာ ကုအန်လည်း ကြောက်လန့်ဟန်ဖြင့် နောက်ဆုတ်သွားခဲ့လေသည်။
ကျိုးယီမျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“မင်းကဘယ်သူလဲ”
တိရှီ ခပ်အေးအေးပြန်ဖြေလိုက်သည်။
“ငါကတိရှီ ဆန်းကြယ်နှလုံးသားအဆင့် ၃”
ဝုန်းး!
လမ်းမတစ်ခုလုံး ဖရိုဖရဲဖြစ်ကာ ပေါက်ကွဲထွက်ကုန်တော့သည်။
ကျိုးယီနှင့် သူ့နောက်လိုက်လေးယောက်လည်း တပြိုင်တည်း ဆုတ်ကုန်ကြ၏။
ထိုစဉ် တိရှီ ကုအန်ကိုတောင်းပန်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။
ထိုအခိုက်တွင်သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ အနိုင်ကျင့်ခံရသလို ခံစားနေခဲ့ရ၏။
ဘာလဲဟ ဆန်းကြယ်နှလုံးသားအဆင့်လေးက အဲ့လောက်တောင် ဂုဏ်သိက္ခာကြီးမားတယ်လားဟ!
တက်လှမ်းလာပြီးသည့်နောက် သူအဲ့လောက် အရမ်းမာနမကြီးခဲ့သင့်ပေ!
ကောင်းကင်ဈာန်အမတအဆင့် ၉ ကုအန်တစ်ယောက်ကတော့ တောင့်တင်းနေဟန်ဆောင်ကာ နွားသိုး၏ခေါင်းကိုသာ ပုတ်နေခဲ့လေသည်။