အခန်း (၂၀၅-၂၀၆)
Vol. 16 Ch. 205-206
အပိုင်း(၂၀၅)
ချိတ်ပိတ်စည်းကို ချိုးဖြတ်လာသည့် မကောင်းဆိုးဝါးမိစ္ဆာ၊ အဲ့တာ သူပဲ
ကျန်းပုကူ ကုအန်ကို အဓိပတိဂိုဏ်စခန်းတွင် ရှာမတွေ့ရခြင်းမှာ ကုအန်သည် အပင်စိုက်ရင်း အလုပ်ရှုပ်နေသောကြောင့်ဖြစ်ပေသည်။
ကုအန် သူ့ကမ္ဘာငယ်လေးထဲတွင်ဆေးပင်များမစိုက်ပျိုးခင် မြေဆီလွှာပိုကောင်းလာစေရန် သာမန်အပင်များ စိုက်ပျိုးပေးနေခဲ့၏။
မကောင်းဆိုးဝါးမိစ္ဆာကိစ္စကို ဖြေရှင်းပြီးပါက သူပင်လယ်ရပ်ခြားသို့သွားကာ အဆင့်မြင့်မျိုးစေ့များ ၀ယ်မည် ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်လာပြီးသည့်နောက် ကုအန်တွင် လိုသလိုသုံးရန် စိတ်ဝိညဉ်ကျောက်တုံးများ ရှိနေပြီ ဖြစ်၏။
မြောက်အရပ်မှ မိစ္ဆာချီများ ပိုမိုအားကောင်းလာသည်နှင့်အမျှ မင်းဆက်သုံးခုရှိလူများ၏ စိုးရိမ်မှုလည်း ပိုတိုးလာခဲ့ရသည်။
ကုအန် အပြင်သို့သွားတိုင်း ထိုအကြောင်းစိတ်ပူနေကြသည်ကိုသာ ကြားနေရပြီး အချို့လူများကတော့ မြင့်မြတ်ကုန်းမြေကိုယ်တိုင် ၀င်ပါနေသောကြောင့် ဤကပ်ဘေးကကြောက်စရာမလိုဘူးဟု ပြောဆိုနေခဲ့ကြသည်။
ကုအန် နတ်အာရုံသုံး၍ မင်းဆက်သုံးခုလုံးသို့ ဖြန့်ကြည့်လိုက်သော ထိုသတင်းကို တမင်ဖြန့်နေခြင်း ဖြစ်မှန်း တွေ့လိုက်ရ၏။ သတင်းဖြန့်သူများ၏ပတ်ပတ်လည်ရှိ ကမ္မစွမ်းအားကိုကြည့်ရှုလိုက်သောအခါ ထိုသူများသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဆရာသခင်ဓားအရှင်ကို ထိန်းချုပ်၍မလွယ်မှန်း သတိထားမိပြီးသည့်နောက် မြင့်မြတ်ကုန်းမြေသည် အစီအစဉ်နောက်တစ်ခုကို လျင်မြန်စွာ ဆောင်ရွက်နေချေပြီ။
ထို့အပြင် ကုအန် ပင်လယ်မှရောက်ရှိလာသော ကျင့်ကြံသူတစ်စုကိုလည်း သတိပြုမိနေပြီး ထိုလူများထဲတွင် နိဗာနအဆင့်များပင် ပါနေကာ မင်းဆက်သုံးခုထဲ စိမ့်၀င်နေခဲ့ကြသည်။ ထိုလူများသည် မင်းဆက်သုံးခုထဲစိမ့်၀င်ပြီးသည့်နောက် ဆရာသခင်ဓားအရှင်၏ သတင်းကို ရသလောက်စုဆောင်းနေခဲ့ကြ၏။
ထိုလူများသူ့ရှေ့ပေါ်မလာသရွေ့ ကုအန် သူတို့ကို သိပ်ဂရုစိုက်မည်တော့ မဟုတ်ပေ။
အချိန်များ ဆက်လက်ကုန်ဆုံးသွားခဲ့သည်။
လ၀က်ခန့်ကြာသောအခါ ဆောင်းဦးရာသီက တစ်ဖန်နီးကပ်လာခဲ့ပြန်၏။
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ တတိယတောင်ကြားတွင် လှည့်ပတ်ကြည့်ရှုနေရင်း သူ့နတ်အာရုံက မြောက်ပိုင်းဆီ ရောက်ရှိနေခဲ့သည်။
ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေသည် စတင် လှုပ်ရှားနေချေပြီ!
ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများကြားထဲတွင် အချုပ်အနှောင်မဲ့အမတတစ်ပါးကိုပင်တွေ့လိုက်ရပြီး ထိုလူသည် အရှိန်အဝါထုတ်မထားသည့်အခြေအနေမှာပင် အံ့ဖွယ်အမတလင်းထက် အားနည်းပုံ မပေါ်ပေ။
မိစ္ဆာနယ်မြေအနက်ပိုင်း အစွန်အဖျားတစ်နေရာတွင်
“တပည့်တိုင်း တိုက်ပွဲအတွက်ပြင်ဆင်ကြ!”
ရဲရင့်လှသော အသံကြီးတစ်သံက အဓိပတိဂိုဏ်းစခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး တပည့်များလည်း စတင်လှုပ်ရှားကုန်ကြ၏။ အဓိပတိဂိုဏ်းတင် မဟုတ်ဘဲ အခြားဂိုဏ်းများလည်း ထို့အတူပင်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ဂိုဏ်းတိုင်းကို တိုက်ပွဲဗျူဟာ ချမှတ်ပေးထားပြီးသား ဖြစ်သည်။ သူတို့တွင် အမတလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ရှ်ိနေသောကြောင့် အစွမ်းထက်လှသော ခန်းထျန်ဂိုဏ်းပင် သူတို့ကို မငြင်းဆန်ရဲခဲ့ပေ။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူများက မိစ္ဆာနယ်မြေအနက်ပိုင်းထဲသို့ မြှားများသဖွယ် ပျံသန်းထွက်ခွာသွားသောအခါ ဂိုဏ်းများက မိစ္ဆာနယ်မြေကို အဝိုင်းပုံပတ်၍ ဝိုင်းထားလိုက်ကြ၏။
ထိုထဲတွင် အန်းဟောင် လီယနှင့် ကျန်းပုကူတို့လည်း ပါပေသည်။
အဓိပတိဂိုဏ်းကိုယ်စားပြု ဆန်းကြယ်နှလုံးသားအဆင့်မှာတော့ ဘိုးဘေးရွှမ်ကွမ်းတစ်ယောက်တည်းသာ ပါပေသည်။ အခြားဂိုဏ်းများလည်း ထို့အတူဖြစ်ပြီး အစွမ်းထက်ဆုံး ခန်းထျန်ဂိုဏ်းပင် တာအိုသခင်တစ်ယောက်ကိုသာ ပို့ခဲ့ပြီး မည်သည့်ဆန်းကြယ်နှလုံးသားအဆင့်မှ မပို့ခဲ့ပေ။
ယခုတိုက်ပွဲ၏ သော့ချက်သည် မြင့်မြတ်ကုန်းမြေသာဖြစ်မှန်း သူတို့အားလုံး သိနေကြ၏။
အန်းဟောင်အကြည့်က သူတို့ရှေ့မှပျံသန်းနေသော မြင့်မြတ်ကုန်းမြေမှ သူများဆီေရာက်ေနေကာ မျက်မှောင်ကြုံ့နေပြီး အတွေးလွန်နေခဲ့သည်။
အဓိပတိဂိုဏ်းတပည့် ၁၀၀၀၀ ကျော်လည်း လုပိုင်ထျန်းနောက်မှ လိုက်၍ ပျံသန်းနေကြရင်း တောင့်တင်းနေခဲ့ကြ၏။ ဤတိုက်ပွဲသည် မြင့်မြတ်ကုန်းမြေက ဦးဆောင်သည့်တိုက်ပွဲဖြစ်သော်လည်း မြင့်မြတ်ကုန်းမြေပင် မကောင်းဆိုးဝါးမိစ္ဆာကို အမြစ်ပြတ်မသုတ်သင်နိုင်ဘူးဟု ဆိုထားခဲ့လေရာ သူတို့စိတ်ပူနေခဲ့သည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ လူအုပ်ထဲတွင် ကျိရွှမ်လင်းမျက်လုံးများ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရှေ့ဆုံးရှိ အကြီးအကဲကို ကြည့်နေခဲ့၏။
ထိုအကြီးအကဲသည် လင်းမိသားစုမှ အချုပ်အနှောင်မဲ့အမတတစ်ပါးဖြစ်ကာ ဘိုးဘေး လင်းလု ဟု ခေါ်သူဖြစ်ပြီး ကြယ်ခြောက်လုံးဂူတွင် ရာထူးကြီးမားသူ ဖြစ်ပေသည်။ သူ့ကျင့်ကြံခြင်းက မြင့်မားရုံသာမက အတွေ့အကြုံအရာတွင်လည်း နှစ်ပေါင်း ၁၀၀၀၀ နီးနီး အသက်ရှင်ပြီးသူ ဖြစ်၏။
ဘိုးဘေးလင်းလုသည် ခရမ်းရောင်၀တ်ရုံပွတစ်ထည်ကို ၀တ်ဆင်ထားကာ သူ့ဆံပင်ဖြူများကို သရဖူတစ်ခုအောက်တွင် စည်းနှောင်ထားပြီး မျက်နှာက အသက်ဓာတ်ပြည့်၀နေကာ တောက်ပသော မျက်လုံးများနှင့် အတော်လေး ကျက်သရေရှိလှသူ ဖြစ်သည်။
ရုတ်တရက် အကြီးအကဲလင်း၏ သူငယ်အိမ်ကျဉ်းမြောင်းသွားပြီး မြေပြင်ကိုငုံ့ကြည့်လိုက်ရာ မြေပြင်တွင် အက်ကွဲကြောင်းများပေါ်လာပြီး ထိုအက်ကွဲကြောင်းများထဲမှ အနက်ရောင်မိစ္ဆာချီများ တိုးထွက်လာနေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များမှလည်း လျှပ်နွယ်များလက်ကာ မိုးခြိမ်းသံများ မြည်ဟည်းနေပြီး ကောင်းကင်အောက်ရှိ လေထုတွင် ဖိအားကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ထိုစဉ် ဘိုးဘေးလင်းလု သူ့ညာလက်ကိုမြှောက်လိုက်ရာ လက်ဝါးထဲတွင် ရွှေထီးတစ်လက် ပေါ်လာခဲ့၏။ သူရွှေထီးကို မလိုက်ရာ ရွှေထီးသည်သူ့ဦးခေါင်းပေါ် ပျံတက်သွားကာ ထိုမှတစ်ဆင့် ရှေ့သို့ဦးတည်ပြေးသွားလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေထီးက မိစ္ဆာချီများအသိပ်သည်းဆုံးနေရာသို့ ပြေး၀င်သွားကာ ထိုနေရာအထက် မိုးကြိုးတိမ်တိုက်များနှင့် နီးသောနေရာတွင် ရပ်တန့်နေခဲ့သည။်
ဝုန်းးးး
ရုတ်တရက် ရွှေထီးပွင့်သွားသောအခါ ထီးထဲမှ ရွှေရောင်အလင်းတန်းများသည် အခြားကမ္ဘာတစ်ခုမှ ရုတ်ချည်းထွက်ပေါ်လာသော စွမ်းအင်များနှယ် မိုးကြိုးတိမ်တိုက်များကို ပြိုကွဲသွားစေခဲ့ပြီး နဂိုက အုံ့မှိုင်းနေသောကောင်းကင်သည် ချက်ချင်း ခန့်ညားလှကာ အလွန်သိမ်မွေ့သောအရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ရွှေထီးမှ ထွက်ပေါ်လာသောရွှေအလင်းများသည် ကောင်းကင်မှ ရွှေရောင်မိုးစက်များနှယ် အက်ကွဲကြောင်းများပေါ်သို့ ကျဆင်းလာပြီး ရွှေရောင်ကျောက်စာများ ပေါ်ပေါက်လာကာ ထိုစာလုံးများသည် လျင်မြန်စွာ ပြန့်ကားထွက်လာပြီး အသက်နှစ်ရှိုက်စာအတွင်းမှာပင် မိုင်တစ်ထောင်ပတ်လည်ကို ပြန့်ကားသွားခဲ့သည်။
ရွှေစာလုံးများက အက်ကွဲကြောင်းများမှ ထွက်ပေါ်လာသော မိစ္ဆာချီများကို ဖိနှိပ်ထားခဲ့၏။ ရွှေရောင်စာလုံးများ ပြန့်ကားနေခြင်း ရပ်တန့်သွားသောအခါ ရပ်တန့်သွားသောနေရာမှ ရွှေရောင်အလင်းတန်းများသည် ကောင်းကင်သို့ ထိုးတက်သွားကာ မိုင်တစ်သောင်းပတ်လည်ကို အကျဉ်းထောင်တစ်ခုနှယ် ရွှေအလင်းအကာအရံကြီးဖြင့် အုပ်ထားလိုက်လေသည်။ ထိုအကာအရံအပြင်ဘက်တွင်တော့ မင်းဆက်သုံးခုမှ ဂိုဏ်းများ ရှိနေခဲ့၏။
“အဲ့တာက ဘယ်လိုမှော်အသုံးအဆောင်မျိုးလဲ သူက ကိုယ်တိုင်၀င်္ကပါတစ်ခုခင်းနိုင်တာလား”
“တကယ်ပဲ စွမ်းအားကြီးလွန်းတယ် ဒီအစီအရင်က ငါတို့ဂိုဏ်းအကာအကွယ်အစီအရင်ထက်တောင် သန်မာတယ်လို့ ခံစားရတယ်”
“သူတို့က မြင့်မြတ်ကုန်းမြေဖြစ်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး တကယ်ပဲ ကြောက်စရာကောင်းလွန်းတယ်”
“ကြည့်ရတာ မြင့်မြတ်ကုန်းမြေက မကောင်းဆိုးဝါးမိစ္ဆာကို သူတို့ပဲကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပုံပဲ ငါတို့က အကူအနေနဲ့ပဲလိုတာ”
“အဲ့တာကောင်းတယ် ဘယ်သူက အလကားသက်သက်သေချင်မှာတဲ့လဲ”
ဂိုဏ်းသားများကြား ဆွေးနွေးနေမှုများ ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး မြင့်မြတ်ကုန်းမြေအပေါ် လေးစားမှုလည်း ပိုတိုးလာခဲ့ကြသည်။
ကျိရွှမ်လင်းလည်း ကောင်းကင်ရှိ ရွှေထီးကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။
“အချုပ်အနှောင်မဲ့အမတ ဓမ္မအသုံးအဆောင်”
ဘိုးဘေးလင်းလု တစ်ယောက်တည်းပင် အရှိန်မြှင့်လိုက်ပြီး အလျင်အမြန်ပင် အနက်ရောင်တွင်းပေါက်ကြီးတစ်ခု၏ အပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူငုံ့ကြည့်လိုက်သောအခါ ထိုတွင်းပေါက်ကြီးသည် အဆုံးမဲ့နေဟန်ရပြီး မြေပြင်ရှိအက်ကွဲကြောင်းများကလည်း ထိုတွင်းပေါက်ကို ဗဟိုပြု၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုထဲမှ မိစ္ဆာချီများကလည်း အပေါ်ရှိ ရွှေရောင်စွမ်းအားများကို တွန်းလှန်နေကာ အချိန်မရွေးထိုထဲမှ ထွက်လာနိုင်တော့မည့် ပုံပင်။
“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ ဟီးဟီး”
အေးစက်စက်အသံကြီးတစ်သံ ဟိန်းထွက်လာပြီး ၀င်္ကပါအပြင်ရှိကျင့်ကြံသူများအားလုံးပင် ထိုအသံကြီးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
အဓိပတိဂိုဏ်းဘက်ခြမ်းတွင်တော့ လုပိုင်ထျန်း ကျိဟန်ထျန်းနှင့် ဘိုးဘေးရွှမ်ကွမ်းတို့အပါအ၀င် ကြီးမြတ်သည့်ကျင့်ကြံသူများ၏ အမူအရာများ ရုတ်ချည်းပြောင်းလဲကုန်ကြသည်။
အန်းဟောင်လည်း မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
“စီနီယာရွှမ်….မဖြစ်နိုင်တာ…”
ထိုအသံမှာ ရွှမ်ထျန်းယီ၏ အသံမှလွဲ၍ အခြားမဟုတ်ပေ။
အန်းဟောင် လုပိုင်ထျန်းကို သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်မိ၏။ လုပိုင်ထျန်းသည် သူ့ကျောမှစည်းကို ကြည့်ခဲ့စဉ်က ထိုအရာကို ဘယ်သူ့ကိုမှ မပြဖို့ တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့သူ ဖြစ်သည်။
လုပိုင်ထျန်းသည် ထိုကိစ္စကို သူကိုယ်တိုင်ကိုင်တွယ်မည်ဟုပင် ကတိပေးခဲ့သေး၏။
ထိုအခိုက်တွင် လုပိုင်ထျန်းမျက်နှာလည်း မည်းမှောင်နေခဲ့လေသည်။ အန်းဟောင်၏အကြည့်ကို လျစ်လျူရှုထားလိုက်ပြီး သူမိစ္ဆာနယ်မြေ၏အနက်ပိုင်းသို့သာ ကြည့်ရှုနေခဲ့၏။
“မကောင်းဆိုးဝါးမိစ္ဆာ နှစ်ပေါင်း ၁၀၀၀၀ ကြာပြီးတဲ့နောက်မှာတောင် မင်းနောင်တမရသေးဘူးလား”
ဘိုးဘေး လင်းလု၏အသံထွက်ပေါ်လာခဲ့ပြီး သူ့အသံမှာတည်ငြိမ်နေခဲ့သည်။
မကောင်းဆိုးဝါးမိစ္ဆာ!
လူတိုင်းတောင့်တင်းသွားခဲ့ရ၏။ ရွှမ်ထျန်းယီကို သိသူများမှာတော့ မျက်မှောင်များကြုံ့ကာ အဓိပတိဂိုဏ်းဘက်ခြမ်းသို့သာ ကြည့်ရှုနေခဲ့သည်။
ထို့နောက်တွင်တော့ ကမ္ဘာမြေကြီးတုန်ခါလာခဲ့၏။
ဘိုးဘေးလင်းလုလည်း ညာလက်ကိုမြှောက်ကာ သူ့၀င်္ကပါကို အားဖြည့်ပေးလိုက်သည်။
မြေအက်ကွဲကြောင်းထဲမှ မိစ္ဆာချီများသည် အတင်းပင်တိုးထွက်လာချင်ဟန်ရပြီး မြေမျက်နှာပြင်ပေါ်ရှိ ရွှေစာလုံးများကို အတင်းတွန်းထုတ်နေခဲ့သည်။
မြေအောက်ထဲမှ နဂါးများဖီးနစ်များအော်ဟစ်သံလိုလို မကောင်းဆိုးဝါးတစ္ဆေများ၏ အော်ဟစ်သံလိုလို အသံများလည်း ထွက်ပေါ်နေခဲ့ပြီး ထိုအသံများကြောင့် လူတိုင်းဆံပင်များ ထောင်မတ်ကုန်သည်အထိ ကြောက်လန့်ကုန်ကြ၏။
ဝုန်းးးး….
ထိုစဉ် ကြောက်စရာကောင်းသော မိစ္ဆာချီတိုင်လုံးကြီးတစ်ခုသည် မြေပြင်ရှိရွှေစာလုံးများကို ချေမွပစ်သွားကာ တိုးထွက်လာခဲ့လေသည်။ မိစ္ဆာချီတိုင်လုံးက ကောင်းကင်ထိ ထိုးတက်သွားပြီး ကောင်းကင်ရှိမိုးကြိုးတိမ်တိုက်များနှင့်ပေါင်းစပ်သွားကာ ရွှေထီးကို တွန်းထုတ်ပစ်ခဲ့သည်။
ဘိုးဘေးလင်းလုလည်း အငိုက်မိသွားပြီး အားလှိုင်းကြောင့် နောက်သို့ ဆုတ်ပေးလိုက်ရ၏။
ထို့နောက် သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး သူ့မျက်ခုံးများတွန့်ကွေးသွားကာ ညာလက်ကိုမြှောက်၍ မှော်သိုင်းတစ်ခုသိုင်းကာ ရွှေထီးကို တည်ငြိမ်သွားအောင် ပြန်ထိန်းချုပ်လိုက်ေလသည်။ တစ်ဆက်တည်းမှာပင် အနီရောင်သစ်သားဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူရာချီလည်း ပေါ်လာခဲ့ပြီး မှော်အသုံးအဆောင်အသီးသီးထုတ်ကာ ကြောက်စရာမိစ္ဆာချီတိုင်လုံးကြီးကို ၀န်းရံလိုက်ကြသည်။
ကျိရွမ်လင်းလည်း ယပ်တောင်ကြီးတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး သူ့ဒွာရ ၇ပေါက်မှ မီးတောက်များ ထွက်လာခဲ့၏။
သူ့အကြည့်က မိစ္ဆာချီတိုင်လုံးထဲမှ ပုံရိပ်တစ်ခုကို သတိပြုမိသွားပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။
“အဲ့တာသူပဲ…ဒါဆိုအားလုံးကမှန်နေတာပဲ…”
……
တတိယတောင်ကြားတွင် ကုအန် နွားသိုး၏ကျောပေါ်မှ ဆင်းသက်လိုက်၏။ ထို့နောက် သူ့အိမ်ထဲ၀င်ရမည့်အစား မြောက်ဘက်သို့ ကြည့်ရှုနေခဲ့သည်။
ထိုစဉ် သူ့မျက်ခုံးများတွန့်ကွေးသွားပြီး သူ့မျက်လုံးထဲ အေးစက်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ့အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး အကြည့်ကိုလွှဲလိုက်ကာ အိမ်ပေါ်သို့ တက်ရန်သာ ပြင်လိုက်၏။
ထိုအခိုက်တွင် ပုံရိပ်တစ်ခုသူ့ဆီသို့ အဝေးမှ ပျံသန်းလာခဲ့သည်။ ကုအန်ရပ်လိုက်ပြီးလှည့်ကြည့်လိုက်ရာ ကောင်းကင်မှဆင်းသက်လာသော ကျိရှောင်ယုကို တွေ့လိုက်ရ၏။
ကုအန်လည်း လက်သီးဆုပ်အရိုအသေပေးလိုက်ကာ ပြုံး၍ မေးလိုက်သည်။
“တတိယသခင်မလေး ဘာကိစ္စရှိလို့လဲ”
ကျိရှောင်ယု လက်မြှောက်လိုက်ကာ ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်၏။ “ငါဒါကို နင့်ဆီထားခဲ့မယ် ဒီအကြောင်းဘယ်သူ့မှမပြောနဲ့နော် ငါနောက်ကျမှ ပြန်လာယူမယ်”
သူမ ကုအန်ဆီသို့ကျောက်စိမ်းပြားကိုပစ်ပေးလိုက်ကာ လာတုန်းကလိုပင် အမြန်ပြန်သွားခဲ့၏။
ကုအန် နတ်အာရုံဖြင့်ကြည့်သောအခါ ထိုကျောက်စိမ်းပြားထဲတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ သတင်းအချက်အလက်များ ပါနေမှန်း သိလိုက်ရသည်။
ထိုအရာကို ကျိရှောင်ယုက သူ့ဆီအဘယ်ကြောင့် ပေးခဲ့ရပါသနည်း။
သူမတစ်ခုခုကို ခန့်မှန့်မိသွား၍ ဖြစ်နိုင်ပါသလော။
ထိုစဉ် မိစ္ဆာနယ်မြေတွင် မိစ္ဆာချီများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်ကိုမြင်ပြီး ကျိရွှမ်လင်းဧ။် အမူအရာ တင်းမာသွားခဲ့ေလသည်။ အဓိပတိဂိုဏ်းနှင့် အဓိပတိဂိုဏ်းကို မယုံကြည်သူများကြားလည်း ဂယက်ထကုန်တော့သည်။
မိစ္ဆာချီများထဲမှ ထွက်ပေါ်လာသောပုံရိပ်မှာ ရွှမ်ထျန်းယီမှ လွဲ၍ အခြားမဟုတ်ခဲ့ပေ!
ရွှမ်ထျန်းယီသည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကာ သူ့ဆံပင်များက လေထဲတွင် အရိုင်းဆန်ဆန် ဝဲလွင့်နေခဲ့သည်။ သူ့ခန့်ညားသော မျက်နှာက ဖြူလျော်နေခဲ့ပြီး နက်၀င်နေသော မျက်လုံးအိမ်များထဲတွင် သူငယ်အိမ်များကနီရဲနေပြီး သူ့ပုံစံမှာ အမှန်တကယ်ပင် အပြစ်သားဆန်လွန်းလှသည်။
ထိုစဉ် သူ့လည်ပင်းများကို ချိုးကာ လက်မောင်းများကိုဆန့်လိုက်ပြီး တကိုယ်လုံး အကျောဆန့်လိုက်၏။
“စီနီယာရွှမ်!”
အန်းဟောင်အသံဟိန်းထွက်လာခဲ့ပြီး ၀င်္ကပါထဲ၀င်ရန် ကြိုးစားလိုက်သော်လည်း တားဆီးခံလိုက်ရသည်။
ခန်းထျန်ဂိုဏ်းဘက်ခြမ်းတွင် တာအိုသခင် မျက်မှောင်ကြုံ့သွားကာ လက်ချောင်းများကိုကွေး၍ တွက်ချက်နေခဲ့၏။ ဂိုဏ်းချုပ် လျန်ခန်းဟိုင်မှာတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟူ၍သာ တွေးမိနေခဲ့သည်။
သုံးပါးတစ်ဆူတောင်မှ အမတတာအိုပညာရှင်မှာတော့ အကြီးအကဲလင်းလုကို မကြည့်ဘဲ မနေနိုင်တော့ဘဲ သူ့အကြည့်ထဲ အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေခဲ့၏။
ဂိုဏ်းသားများကြားထဲလည်း ဆွေးနွေးမှုများ ပျံ့နှံ့သွားပြီး ရွှမ်ထျန်းယီ၏ သရုပ်မှန်က ပျံ့နှံ့သွားခဲ့သည်။
အဓိပတိဂိုဏ်း၏ မဟာယနအဆင့်ကျင့်ကြံသူက မကောင်းဆိုးဝါးမိစ္ဆာအဖြစ် ပြောင်းလဲသွားခြင်း!
ထိုအဖြစ်အပျက်က လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ဘိုးဘေးလင်းလု မကောင်းဆိုးဝါးမိစ္ဆာကိုကြည့်ကာအေးစက်စက်ပြောလိုက်၏။
“မကောင်းဆိုးဝါးမိစ္ဆာ မင်းက လူသားမဟာယနအဆင့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ၀င်ပူးရဲတယ်လား မင်းက သေချင်နေတာပဲ”
သူ့အသံသည် နားကွဲလုမတတ် ဟိန်းထွက်နေခဲ့သည်။
ရွှမ်ထျန်းယီ သူ့ကိုေအးစက်ေနေသာ မျက်လံုးများဖြင့် လှည့်ကြည့်လုိက်ပြီး ပြောလိုက်၏။
“ဆူလိုက်တာ!”
သူ့စကားဆုံးသည်နှင့် သူ့အင်္ကျီလက်အိုးကိုယမ်းလိုက်ရာ အချုပ်အနှောင်မဲ့အမတအဆင့် ၉ ၏ကြောက်စရာ အစွမ်းများ ထွက်ပေါ်လာပြီး ရွှေစာလုံးများကို ဖျက်ဆီးသွားခဲ့ကာ ဘိုးဘေးလင်းလုဆီ တိုး၀င်သွားခဲ့သည်။ ဘိုးဘေးလင်းလု ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း အားလှိုင်းကြောင့် နောက်သို့သာ ဆုတ်ပေးလိုက်ရပြီး သူ့နောက်ရှိမိုင်ပေါင်းထောင်ချီအကွာရှိ ရွှေရောင်အလွှာလည်း ပျက်ဆီးသွားခဲ့ကာ ၀င်္ကပါအပြင်ရှိ တပည့်ထောင်ချီပါ လွင့်ထွက်သွားခဲ့ကြသည်။
“မင်း….” ဘိုးဘေးလင်းလု ရွှမ်ထျန်းယီကို ကြည့်နေရင်း သူအကြည့်ထဲ ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့၏။
ဘာတွေဖြစ်ခဲ့တာလဲ!
သူတို့ကျင့်ကြံခြင်းက!
သူဆက်မတွေးနိုင်ခင်မှာတင် ရွှမ်ထျန်းယီ ညာလက်ကိုမြှောက်လိုက်ပြီး ကောင်းကင်ပေါ် လက်ဝါးကိုထောင်၍ မြှောက်ထားလိုက်ကာ သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
ထို့နောက် သူ့လက်ကို ကောင်းကင်ပေါ်မှတစ်ခုခုကို ဆွဲချလိုက်ဟန် ပြုလုပ်လိုက်၏။ ထိုအခါ ကောင်းကင်မှမိုးကြိုးတိမ်တိုက်များ ရုတ်ချည်းပေါင်းစည်းသွားပြီး ကြောက်စရာဖိအားကြီးတစ်ခုဖြစ်ပေါ်လာသောကြောင့် ၀င်္ကပါအပြင်ရှိလူများအားလုံး မြေပြင်ပေါ် ၀ပ်လိုက်ကြရပြီး ကမ္ဘာမြေကြီးလည်း တုန်ခါလာခဲ့လေသည်။
အပိုင်း(၂၀၆)
အချုပ်အနှောင်မဲ့အမတအထက်!
ရွှမ်ထျန်းယီသည် ကောင်းကင်ပေါ်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်ဟန်သာ ပြုလုပ်လိုက်ခြင်းဖြစ်သော်လည်း အခြားသူများအတွက်တော့ ကောင်းကင်ကြီးပင် ပြိုကျတော့မလို ခံစားလိုက်ကြရသည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူများလည်း အတင်းတောင့်ခံထားကြရ၏။ သူတို့ ကျင့်ကြံခြင်းသည် မြင့်မားသော်လည်း သူတို့မြင့်မားသည်မှာ မင်းဆက်သုံးခုမှလူများနှင့်ယှဥ်လျှင်သာ ဖြစ်ပြီး ရွှမ်ထျန်းယီရှေ့တွင်တော့ သူတို့သည် ပုရွက်ဆိတ်လေးများသာ ။
ဂျိန်းး
ရွှမ်ထျန်းယီေကြာင့် ကမ္ဘာမြေကြီးသည် ဆက်လက်အက်ကွဲနေကာ ကောင်းကင်တွင် မိုးကြိုးများက အော်သံပေးကာ နဂါးများသဖွယ်ကခုန်နေကြပြီး မိစ္ဆာချီများက မီးတောင်ပေါက်သလို ကမ္ဘာမြေပြင်ပေါ် တိုးထွက်နေခဲ့ကြသည်။
ထိုအခိုက်တွင် ရွှမ်ထျန်းယီ၏ အဟုန်သည် အမြင့်ဆုံးသို့ရောက်ရှိနေကာ သူ့ပုံစံသည် ကမ္ဘာမြေပြင်သို့ ဆင်းသက်လာသည့် မိစ္ဆာနတ်ဘုရား တစ်ပါးလိုပင်။
ဘိုးဘေးလင်းလုလည်း သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် မှော်သိုင်းကွက်များကို အဆက်မပြတ်သုံးလေတော့သည်။ သူ့မှော်သိုင်းကွက်များက အလွန်စွမ်းအားကြီးလှပြီး နဂါးများကဲ့သို့ ရွှမ်ထျန်းယီဆီ ပြေး၀င်ကုန်ကြသည်။
သူ့လင်းရှီများအောက်တွင် အရာအားလုံးမှာ သေးငယ်မှုန်ဝါးသွားသလိုပင်!
ရွှမ်ထျန်းယီ ညာလက်ကိုမြှောက်လိုက်၏။ သူ့လက်ဖဝါးကိုရှေ့သို့့ ထုတ်၍ တားလိုက်လေရာ လေပြင်းနှင့် မီးမှော်သိုင်းကွက်များက နှစ်ခြမ်းကွဲကုန်ကြပြီး နဂါးများနှယ်ပြေး၀င်လာသော မှော်သိုင်းများက တစ်စစီကွဲကြေကုန်ကြသည်။
“အစီအရင်ကို ဖွဲ့စည်းကြ မိစ္ဆာကို သုတ်သင်!”
ဘိုးဘေးလင်းလု၏ ဒေါသတကြီးဟိန်းဟောက်သံထွက်ပေါ်လာသောအခါ ကျင့်ကြံသူများ ခုန်ထွက်လာကြပြီး ရွှမ်းထျန်းယီနှင့် ဝေးရာသို့ သွားလိုက်ကြသည်။
ထိုစဉ် ရုတ်တရက် ဘိုးဘေးလင်းလုနောက်မှ ဖုန်လုံးကြီး ပြိုကွဲသွားကာ ရွှမ်ထျန်းယီ ထိုနေရာမှ ထွက်လာခဲ့၏။
ရွှမ်ထျန်းယီမျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများ ပြည့်နှက်နေပြီး ဘိုးဘေးလင်းလု၏ နောက်ကျောကို နောက်မှ မိစ္ဆာချီမီးတောက်မျာေတာက်ေလာင်နေသော သူ့လက်ကြီးဖြင့် ထိုးဖောက်လိုက်လေသည်။
ဘိုးဘေးလင်းလု၏ မျက်လုံးများ ပြူးကျယ်သွားကာ ုသူ့အကြည့်ထဲ တုန်လှုပ်မှုနှင့် ဒေါသများ ပြည့်နှက်သွားခဲ့၏။
ထို့နောက် ရွှမ်ထျန်းယီ သူ့လက်ကိုမြှောက်လိုက်ကာ သူ့လက်စိုက်ထားသော ဘိုးဘေးလင်းလုကို မြေပြင်ပေါ်ပစ်ချလိုက်လေရာ မြေပြင်ပင် ကွဲအက်သွားခဲ့ရသည်။ ထိုမြင်ကွင်းကိုမြင်ပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများအပြင် အဝေးရှ်ိ ကျင့်ကြံသူများပါ ကြောက်ရွံ့ကုန်ကြ၏။
မကောင်းဆိုးဝါးမိစ္ဆာသည် အရွယ်အားဖြင့် မိစ္ဘာဘိုးဘေးနှင့် မဟာမိစ္ဆာဘုရင်များလောက် ကြောက်စရာမကောင်းသော်လည်း သူ့အစွမ်းမှာတော့ အလွန်ကြောက်စရာကောင်းလှပေသည်။
ထိုစဉ် ဘိုးဘေးလင်းလု၏ ခန္ဓာကိုယ်သွေးမြူများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူ့ခန္ဓာက မိုင်ဒါဇင်ချီဝေးသော နေရာတွင် ရုတ်တရက်ပြန်ပေါ်လာပြီး သူ့၀တ်ရုံကစုတ်ပြဲနေကာ သူ့တကိုယ်လုံးလည်း သွေးများဖြင့် ရွှဲနေခဲ့၍ သူ့ပုံစံသည် အရင်လို တင့်တယ်မနေတော့ပေ။
ရွှမ်ထျန်းယီ သွေးမြူထဲမှ ထွက်လာခဲ့ပြီး ကောင်းကင်သို့မော့ကြည့်လိုက်သောအခါ မရေတွက်နိုင်သော ဓားအရိပ်များ ကောင်းကင်မှကျဆင်းလာကာ ရုတ်ချည်းပင် သူ့တကိုယ်လုံးအား ကောင်းကင်မှဆင်းသက်လာသော နဂါးများနှယ် ဖုံးလွှမ်းသွားခဲ့သည်။
ဝုန်းး!ဝုန်းး!ဝုန်းးး
မရေတွက်နိုင်သောဓားများက မြေပြင်ကိုလည်း မှန်ကုန်ကြပြီး ကမ္ဘာမြေကြီး တုန်ဟီးလာခဲ့၏။
ထိုဓားအစီအရင်ကို အသုံးပြုနေကြသူများမှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ ဖြစ်ကြပေသည်။ သူတို့သည် သူတို့ရတနာဓားများကိုထုတ်ကာ လေထဲမှ ဓားအစီအရင်ကို အသုံးပြုနေခဲ့ကြသည်။
ဓားအစီအရင်ကိုမြင်ပြီး မင်းဆက်သုံးခုရှိကျင့်ကြံသူများ ကြောက်လန့်သွားကြကာ တိုက်ပွဲနှင့် ဝေးရာသို့ ဆုတ်လိုက်ကြ၏။
လုပိုင်ထျန်းလည်း အန်းဟောင်ကိုကိုင်ကာ အမြန်ဆုတ်လိုက်လေသည်။
“ဆရာ မျှော်လင့်ချက်မရှိတော့ဘူးလား” အန်းဟောင် လုပိုင်ထျန်းကိုကြည့်ကာ အံကိုကြိတ်၍ မေးလိုက်သည်။
ရွှမ်ထျန်းယီ ပူးကပ်ခံလိုက်ရသည်ဟု ကြားလိုက်ရကတည်းက သူ့နှလုံးသားထဲ တဆစ်ဆစ်နာကျင်သွားခဲ့ရ၏။
လုပိုင်ထျန်းလည်း ကြောက်စရာကောင်းကာ ဖရိုဖရဲဖြစ်နေသော တိုက်ပွဲကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“လက်ရှိအရေးကြီးတဲ့ကိစ္စက ဒီမိစ္ဆာကို ရှင်းပစ်ဖို့ပဲ”
လီယနှင့်ကျန်းပုကူလည်း နောက်ဆုတ်နေခဲ့ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်နိမ့်နေပြီး ရွှမ်ထျန်းယီ၏မိစ္ဆာချီကို ရင်ဆိုင်ရသောအခါ သူတို့အတွက်အတော်လေး ဖိအားဖြစ်နေခဲ့သည်။
“အစ်ကိုလီ ဒီအခြေအနေမှာတော့ အကျိုးအမြတ်မရှိလောက်ဘူးနော်”
ကျန်းပုကူ ခပ်တိုးတိုးပြောလိုက်သည်။
မြင့်မြတ်ကုန်းမြေကလည်း ထိုမကောင်းဆိုးဝါးမိစ္ဆာကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးဟု သူခံစားနေခဲ့ရ၏။
လီယလည်း ဘာမှမပြောခဲ့ဘဲ သူလည်းကျန်းပုကူနည်းတူ ထိတ်လန့်နေခဲ့သည်။
သူ့မျက်လုံးထဲတွင် မြင့်မြတ်ကုန်းမြေသည် ဤကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံး ဖြစ်၏။ မြင့်မြတ်ကုန်းမြေ၏ဦးဆောင်မှုနှင့်ဆိုလျှင် သူတို့အတွက် ဖိအားမှာ လျော့နည်းနေသင့်သည်။
သို့သော်လည်း မကောင်းဆိုးဝါးမိစ္ဆာပေါ်လာကတည်းက အခြေအနေသည် ပြောင်းပြန်ဖြစ်နေပြီး မြင့်မြတ်ကုန်းမြေသည်ပင် မကောင်းဆိုးဝါးမိစ္ဆာ၏ ဖိနှိပ်ခြင်းကို ခံနေခဲ့ရသည်။
တစ်ဖက်တွင်
ဘိုးဘေးလင်းလု လေထဲတွင်ပျံနေရင်း မှော်အသုံးအဆောင်ပစ္စည်းများကို ထုတ်လိုက်၏။ အစီအရင်ကတိုက်ခိုက်နေဆဲမှာပင် သူမှော်သိုင်းကွက်များသုံး၍ ရွှမ်ထျန်းယီကို တိုက်ခိုက်နေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ….သူကအဲ့လောက်သန်မာမနေသင့်ဘူး…”
ဘိုးဘေးလင်းလု ကြောက်လန့်တကြားတွေးနေမိ၏။ ရွှမ်ထျန်းယီသည် နောက်ထပ်အဆင့်တစ်ခုကို စိန်ခေါ်နိုင်သည်အထိ သူ့စွမ်းအားများက ဆက်လက်၍တိုးတက်လာနေသည်ဟုပင် သူခံစားနေခဲ့ရသည်။
အချုပ်အနှောင်မဲ့အမတအဆင့် အထက်အဆင့်!
ကြယ်ခြောက်လုံးဂူတွင် ထိုအဆင့်မျိုးတစ်ယောက်သာရှိပြီး ထိုလူသည်လည်း လက်ရှိတွင် ကုန်းမြေတိုက်ကြီးတွင် ရှိမနေပေ။
အမတလမ်းစဉ်အဆင့်သို့ ရောက်ပြီးသည့်နောက် ကျင့်ကြံသူအများစုသည် ကုန်းမြေတိုက်ကြီးများတွင် မနေကြတော့ဘဲ သမုဒ္ဒရာတွင်သာ လှည့်လည်သွားလာကြတော့သည်။ မိသားစုအရေးကိစ္စများရှိမှသာ ပြန်လာတတ်ကြ၏။
သူဆက်မတွေးနိုင်ခင်မှာပင် မိစ္ဆာချီများသည်အောက်ဘက်မှ ထိုးတက်လာခဲ့ပြီး ဓားအစီအရင်ကို ထိမှန်သွားကာ အစီအရင်ကြေမွသွားခဲ့ပြီး ထိန်းချုပ်နေသည့် ကျင့်ကြံသူများလည်း သွေးအန်ကာ လွင့်ထွက်သွားကုန်ကြသည်။
ထိုမိစ္ဆာချီက ဓားတစ်စင်းနှယ် ကောင်းကင်ကိုဖြတ်ကာ ဘိုးဘေးလင်းလုဆီကိုလည်း ဦးတည်းလာခဲ့သည်။
မြန်လွန်းတယ်!
ထိုအရာသည် အလွန်မြန်လွန်းသောကြောင့် ဘိုးဘေးလင်းလု မရှောင်နိုင်တော့ဘဲ လင်းရှီဖြင့်သာ ကာကွယ်လိုက်ရသည်။
ဝုန်းးး
ဘိုးဘေးလင်းလု ပုံရိပ်ကို မိစ္ဆာချီများက ဖုံးအုပ်သွားပြီး ကောင်းကင်ရှိတိမ်များပင် ပြိုကွဲသွားခဲ့ကာ မိစ္ဆာချီပျောက်ကွယ်သွားသောအခါ တိမ်များကြားမှ နေရောင်ပင်ပျောက်သွားခဲ့၏။
ဘိုးဘေးလင်းလုရှေ့ရှိ မှော်အသုံးအဆောင်များအားလုံး ပျက်ဆီးသွားကာ သူထိုမိစ္ဆာချီကို အတော်လေးအားစိုက်၍ ကာကွယ်လိုက်ရသောကြောင့် သူ့တစ်ကိုယ်လုံးသွေးများဖြင့် စိုရွှဲသွားပြီး စုတ်ပြတ်သွားခဲ့သည်။
သူသည်လည်း အချုပ်အနှောင်မဲ့အမတအဆင့် ၈ တစ်ယောက် ဖြစ်သော်လည်း ရွှမ်ထျန်းယီရှေ့တွင် လုံး၀ အကာအကွယ်မဲ့နေခဲ့၏။
“သေစမ်းကွာ…..”
ဘိုးဘေးလင်းလု ဟိန်းဟောက်လိုက်လေရာ သူ့ကိုယ်မှ လင်းရှ်ီများ တိုးထွက်လာခဲ့ပြီး ကမ္ဘာမြေကြီးတွင်ပင် အက်ကွဲကြောင်းများပေါ်လာခဲ့သည်။
ထိုစဉ် ရွှမ်ထျန်းယီ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူတစ်ယောက်၏ နောက်ကျောဘက်တွင်ပေါ်လာခဲ့ပြီး ထိုလူ၏ခေါင်းကိုဆုပ်ကိုင်လိုက်၏။
ထိုကျင့်ကြံသူမခုခံလိုက်နိုင်ခင်မှာပင် ရွှမ်ထျန်းယီ ပါးစပ်ဟကာ ထိုလူ၏ဝိညဉ်ကို အတင်းစုပ်ယူပစ်လိုက်လေသည်။
ထို့နောက် သူ့ညာလက်ကိုလွှတ်ချလိုက်ရာ ထိုကျင့်ကြံသူ၏အလောင်း မြေပေါ်ပြုတ်ကျသွားခဲ့၏။
ထိုမြင်ကွင်းကြောင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ ကြောက်လန့်ကုန်ကြပြီး ထွက်ပြေးကုန်ကြတော့သည်။
ရွှမ်ထျန်းယီ နောက်ထပ် အမျိုးသမီးကျင့်ကြံသူတစ်ယောက်၏ နောက်တွင်ပေါ်လာပြီး ခေါင်းကိုကိုင်ကာ ဝိညဉ်ကို စုပ်ယူပစ်လိုက်ပြန်၏။ ထိုမဟာယနကျင့်ကြံသူများတွင် ခုခံရန် အခွင့်အရေးလုံး၀ မရှ်ိခဲ့ပေ။
ဝုန်းးးး
လေပြင်းတစ်ချက် တိုက်ခတ်လာသောကြောင့် ရွှမ်ထျန်းယီ အလိုလိုလှည့်ကြည့်လိုက်မိ၏။ ထိုအခါ ကောင်းကင်တစ်ခြမ်းလုံးကို လွှမ်းမိုးထားသော အစိမ်းရောင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်းအဝေးမှ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းတန်းတစ်ခုချင်းစီသည် အမျိုးမျိုးသော မှော်အသုံးအဆောင်တစ်မျိုးစီကို ကိုင်ဆောင်ထားကြပြီး ပေ ၁၀၀ ခန့်မြင့်မားကြကာ ကမ္ဘာခြားမှ စစ်သည်တော်ကြီးများနှင့်ပင် တူညီလှသည်။
….
တတိယတောင်ကြားတွင်
ကုအန် လက်ရေးလှလေ့ကျင့်နေရင်း တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။
မကောင်းဆိုးဝါးမိစ္ဆာပူးကပ်ခံထားရသော ရွှမ်ထျန်းယီသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများကို တစ်ယောက်တည်းဖိနှိပ်နေခဲ့သည်။ ထိုအချုပ်အနှောင်မဲ့အမတသည် ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေနိုင်သော နတ်သိုင်းများကို ထုတ်ပြခဲ့သော်လည်း ရွှမ်ထျန်းယီကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။ ထိုအစား ရွှမ်ထျန်းယီ ဝိညဉ်များကိုဝါးမြိုနေသည်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။
အချုပ်အနှောင်မဲ့အမတ ၁၀ ပါးသည် မြောက်ဘက်ကမ်းရိုးတန်းမှတစ်ဆင့် တိုက်ပွဲမြေပြင်သို့ အလွန်လျင်မြန်သောအလျင်ဖြင့် ပျံသန်းလာနေသည်ကိုလည်း ကုအန် အာရုံခံမိနေခဲ့၏။
သူတို့သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ စစ်ကူများ ဖြစ်နိုင်ပေသည်။
“ထူးဆန်းတယ် ရွှမ်ထျန်းယီရဲ့ ဝိညဉ်အရှိန်အဝါက သူ့ကိုယ်ထဲမှာ ရှိနေတုန်းပဲ အဲ့တာက ပူးကပ်နေတာနဲ့မတူဘူး သူတို့က နဂိုကတည်းက တစ်ခုတည်းလိုပဲ ပြီးပြည့်စုံအောင် ပေါင်းစပ်နေကြတယ်…”
ကုအန် အံ့ဩနေမိ၏။ သူအစက မကောင်းဆိုးဝါးမိစ္ဆာထွက်လာတာနဲ့ ရှင်းပစ်မည်ဟု စဉ်းစားထားသော်လည်း ရွှမ်ထျန်းယီကြောင့် သူစောင့်နေခဲ့ရသည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မကောင်းဆိုးဝါးမိစ္ဆာကိုသုံး၍ သူတို့မြင့်မြတ်နယ်မြေ၏ ဂုဏ်သတင်းကို မြှင့်တင်ရန်ကြိုးစားနေချိန်တွင် တစ်ချိန်တည်းမှာပင် ရွှမ်ထျန်းယီကိုထောင်ချောက်ဆင်ကာ အဓိပတိဂိုဏ်း၏အာဏာနှင့် ဂုဏ်သတင်းကို ကျဆင်းအောင် ပြုလုပ်ခဲ့၏။ ထိုအရာမှာ အတော်လေး ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
သို့သော် သူတို့အစီအစဉ်ထဲတွင် မပါသည့်အရာမှာ မကောင်းဆိုးဝါးမိစ္ဆာက မြေလျှောက်အမတအဆင့်သို့ ရောက်လုဆဲဆဲဖြစ်နေခြင်းကို မသိခဲ့ကြခြင်း ဖြစ်သည်။
ထိုအစီအစဉ်တွင် ကိန်းရှင်မှာ ရွှမ်ထျန်းယီ ဖြစ်သွားခဲ့၏။
ရွှမ်ထျန်းယီတွင် ဘယ်သူမှမသိသော လျှို့ဝှက်ချက်များ ရှ်ိနေသေးပုံပင်။
သေချာတွေးကြည့်ပါက ရွှမ်ထျန်းယီ၏ပါရမီသည် အဓိပတိဂိုဏ်းကလေ့ကျင့်ပေးခဲ့ခြင်းမဟုတ်သလို သူ့တိုးတက်လာမှုကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ လေ့ကျင့်ပေးမှုများနှင့်မဆိုင်ဘဲ ထိုအစား သူသည် တောင်ပိုင်းသို့သာ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကုအန် ရွှမ်ထျန်းယီကို ကယ်တင်မည်ဟု ဆုံးဖြတ်ထားခဲ့၏။
ယခုအခါ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ခက်ခဲသော အခြေအနေတစ်ခုတွင်ကျရောက်နေပြီး ယခုအချိန်သည် မကောင်းဆိုးဝါးမိစ္ဆာကိုသုံး၍ ကြယ်ခုနှစ်လံုးစိတ်၀ိညဥ်နယ်ေမြဧ။် အာဏာနှင့်ဂုဏ်သိက္ခာကို အားနည်းအောင်လုပ်ရမည့် အကောင်းဆုံးအချိန်ဖြစ်သည်။
အနည်းဆုံးတော့ မင်းဆက်သုံးခုရှိဂိုဏ်းတိုင်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လုံး၀ပြိုင်ဘက်ကင်း ဟုတ်မနေမှန်း သိသွားကြပေလိမ့်မည်။
ရွှမ်ထျန်းယီက ကျိရွှမ်လင်း၏ အသက်ကို ချမ်းသာပေးလိုက်သည်ကို တွေ့လိုက်ရသောအခါ ကုအန် မျက်လုံးများ တည်ကြည်သွားခဲ့၏။
ဘိုးဘေးလင်းလုနှင့် ကျိရွှမ်လင်းမှလွဲ၍ အခြားကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူများ၏ ဝိညဉ်များ ဝါးမြိုခံလိုက်ရကာ အခွံများသာ ကျန်ရှ်ိတော့သည်။
မည်သူမှ ရွှမ်ထျန်းယီကို မခုခံနိုင်ခဲ့ဘဲ ဘိုးဘေးလင်းလုသည်လည်း သူ့အတွက် ပြိုင်ဘက်ဟုတ်မနေခဲ့ပေ။ အဆင့်တူခြင်းဖြစ်သောကြောင့် ရွှမ်ထျန်းယီအတွက်လည်း ဘိုးဘေးလင်းလုကို အချိန်တိုအတွင်း ရှင်းပစ်ရန် ခက်ခဲနေခဲ့သည်။
ရုတ်တရက် ရွှမ်ချန်းယီ မြေအောက်ထဲသို့ ဖောက်၀င်သွားခဲ့ဧ။။် သူပျောက်ကွယ်သွားသည်နှင့် အချုပ်အနှောင်မဲ့ အမတ ၁၀ ပါးရောက်ရှိလာခဲ့သည်။
တိုက်ပွဲနယ်မြေတွင် ကမ္ဘာကြီးမှာ မှောင်မည်းသွားခဲ့ပြီး ဖုန်များက နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ပြီး ကမ္ဘာဉီးအစပိုင်း အစောပိုင်းဖန်တီးမှုအခြေအနေနှင့်ပင် တူနေခဲ့သည်။
ဘိုးဘေးလင်းလု ဘေးဘီကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“သူက မြေလျှောက်အမတအဆင့်ကို ချိုးဖြတ်တော့မယ်!”
ထိုစကားကိုကြားသောအခါ အချုပ်အနှောင်မဲ့ အမတ ၁၀ပါး၏ အမူအရာများ ရုတ်ချည်းပြောင်းလဲသွားခဲ့ကြသည်။ ထို့နောက်မည်သည့်အမိန့်မှမလိုတော့ဘဲ မြေကြီးပေါ်ရှိ အက်ကွဲကြောင်းများထဲသို့ ခုန်ဆင်းကာ ရွှမ်ထျန်းယီနောက် လိုက်ကြတော့၏။
ဘိုးဘေးလင်းလုမှာတော့ ဆေးတစ်ပုလင်းကိုထုတ်ကာ သောက်လိုက်ပြီး လေထဲတွင်ပင် ကျင့်ကြံကာ ကုသနေခဲ့သည်။
သူ့မျက်နှာမှာမည်းမှောင်နေပြီး အကြောက်တရားများနှင့် ပြည့်နှက်နေခဲ့၏။
လင်းမိသားစုသည် သူတို့၏ နှစ်ပေါင်းတစ်ထောင်တွင် ပါရမီအပါဆုံးဖြစ်သည့် ပါရမီရှင် အံ့ဖွယ်အမတလင်းကို ဆုံးရှုံးခဲ့ရ၏။ ယခုအခါ သူသည်ဤနေရာသို့ သူတို့မိသားစု၏ဂုဏ်သိက္ခာကိုဆယ်ရန် ရောက်လာခြင်းဖြစ်သော်လည်း မကောင်းဆိုးဝါးမိစ္ဆာက အရမ်းစွမ်းအားကြီးနေမည်ဟု ထင်မထားခဲ့ပေ။
မကောင်းဆိုးဝါးမိစ္ဆာသည် လွန်ခဲ့သော နှစ်တစ်သောင်းကမှ အချုပ်အနှောင်မဲ့အမတအဆင့်ကိုရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုမျှထိ မည်သို့သန်မာလာခဲ့သနညး်။
မကောင်းဆိုးဝါးမိစ္ဆာနောက်တွင် နောက်ခံတစ်ယောက်ယောက်ရှိနေခြင်း ဖြစ်နိုင်ပါသလော။
သူအရင်ဆုံးတွေးမိသည်မှာ ဆရာသခင်ဓားအရှင်ကို ဖြစ်သည်။
ဆရာသခင်ဓားအရှင်သည် အချုပ်အနှောင်မဲ့အမတတစ်ပါးကိုပင် အလွယ်တကူသတ်ဖြတ်နိုင်လေရာ မြေလျှောက်အမတတစ်ပါး ဖြစ်နိုင်၏။ ကြယ်ခြောက်လုံးဂူတွင်လည်း မြေလျှောက်အမတတစ်ပါးသာရှိပြီး ဆရာသခင်ဓားအရှင်၏ သရုပ်မှန်ကိုလည်း သေချာမသိသေးသောကြာင့် သူတို့ အရမ်းကာရော မလုပ်ရဲကြပေ။
ဆရာသခင်ဓားအရှင်သည် ပင်လယ်ရပ်ခြားရှိ အထူးသဖြင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ပစ်မှတ်ထားနေသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ လူတစ်ယောက် ဖြစ်နိုင်ပါသလော။
“လွန်ခဲ့တဲ့ နှစ် ၃၀၀ တုန်းက ငါတို့တခဏဂိုဏ်းကို ၀င်ခွင့်မပေးခဲ့သင့်ဘူး”
ဘိုးဘေးလင်းလု ခါးခါးသီးသီးမုန်းမိနေခဲ့သည်။ လင်းမိသားစုသည် ကြယ်ခြောက်လုံးဂူကို အပြည့်အ၀ လွှမ်းမိုးထားနိုင်ခြင်းမျိုးမဟုတ်ဘဲ ထိုနေရာတွင် အခြားအင်အားစုများလည်း ရှိနေကာ အခုတော့ သူတို့လင်းမိသားစုတွင် ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့ချေပြီ။
ဝိညဉ်ဝါးမြိုခံလိုက်ရသော တပည့်များသည် လင်းမိသားစုမှ ဖြစ်လေရာ သူမည်သို့မမုန်းဘဲ နေနိုင်မည်နည်း။
တစ်ချိန်တည်းမှာပင်
အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများ မိုင် ၂၀၀၀ အကွာထိ ဆုတ်လိုက်ကြ၏။ တိုက်ပွဲမြေပြင်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူ ၂ယောက်၏ အရှိန်အဝါကိုသာ သူတို့ အာရုံခံမိတော့လေရာ ကြောက်ရွံ့ကုန်ကြသည်။
“မြင့်မြတ်ကုန်းမြေကတောင် မကောင်းဆိုးဝါးမိစ္ဆာကို ဖိနှိပ်မထားနိုင်ဘူးလား”
“မြင့်မြတ်ကုန်းမြေက နာမည်ကြီးပေမယ့် သူတို့အခြေခံအုတ်မြစ်ကတော့….”
“ငါတို့ ဆရာသခင်ဓားအရှင်ကိုပဲ မှီခိုရတော့မှာလား”
“သူက မကောင်းဆိုးဝါးမိစ္ဆာ မင်းဆက်သုံးခုနယ်စပ်ကိုရောက်မှ လှုပ်ရှားမယ်လို့ ငါသံသယရှိမိတယ် ငါတို့က တကယ်အသုံးမ၀င်တဲ့ကောင်တွေပဲ အမြဲသူ့ကိုပဲ ဒုက္ခပေးနေရတယ်…”
အခြားသူများ ဆွေးနွေးနေကြချိန်တွင် အဓိပတိဂိုဏ်းမှာတော့ တိတ်ဆိတ်နေခဲ့ကြ၏။
ရွှမ်ထျန်းယီ ပူးကပ်ခံလိုက်ရမှုက သူတို့စိတ်ဓာတ်ကို ထိခိုက်သွားစေခဲ့သည်။
လုပိုင်ထျန်းအဝေးသို့ကြည့်နေရင်း သူ့မျက်နှာက မည်းမှောင်နေကာ မျက်လုံးများက ၀င်းလက်နေခဲ့၏။
အန်းဟောင်မှာတော့ စိတ်ကိုလျှော့ထားကာ ဖြစ်လာမည့်အရာများကိုသာ စောင့်ဆိုင်းနေခဲ့သည်။
သို့သော် မကြာခင်တွင် အရင်ထက်ပင် ပိုကြောက်စရာကောင်းသော မိစ္ဆာချီများ မြေအောက်မှ ထိုးထွက်လာခဲ့ပြီး လူတိုင်း အံ့အားသင့်ကုန်ကြလေသည်။