အခန်း (၂၀၇-၂၀၈)
Vol. 17 Ch. 207-208
အပိုင်း(၂၀၇)
ထည်ဝါလှသော နတ်စွမ်းအား၊ မြေလျှောက်အမတ ရောက်ရှိလာမှု
ဂျိန်းးး ဂျလိန်းးး
မုန်တိုင်းရောက်ရှိလာသလို အဓိပတိဂိုဏ်းအထက်တွင် မိုးကြိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကောင်းကင်သည် လျင်မြန်စွာပြောင်းလဲသွားခဲ့ပြီး တတိယတောင်ကြားတွင် အလုပ်ရှုပ်နေသောတပည့်များ သူတို့အလုပ်များကို လျင်မြန်စွာ လုပ်နေခဲ့ကြ၏။
ကုအန်လည်း အိမ်ပေါ်မှဆင်းလာကာ ရွှမ်ထျန်းယီ မြေလျှောက်အမတအဆင့်သို့ချိုးဖြတ်ေတာ့မည် ဖြစ်သောကြောင့် မကောင်းဆိုးဝါးမိစ္ဆာကိုချိတ်ပိတ်ထားသည့် မြေအောက်စည်းထဲတွင် ဘာရှိနေသလဲဆိုတာကို အဝောာ်ေလး စိတ်၀င်စားနေမိသည်။
ထိုအောက်တွင် တကယ်ပဲ ဘယ်အရာ ပုန်းကွယ်နေပါသနည်း။
မကောင်းဆိုးဝါးမိစ္ဆာတွင်လည်း သူ့သက်တမ်းကို တိုးမြှင့်ပေးနိုင်သည့် လျှို့ဝှက်ချက်မျိုးရှိနေခြင် းဖြစ်ဖြစ်ပါသလော။
ကုအန်တွေးနေမိရင်း လှုပ်ရှားဖို့လည်း အသင့်ပြင်ထားခဲ့သည်။
မကောင်းဆိုးဝါးမိစ္ဆာ အချုပ်အနှောင်မဲ့အမတ ၁၁ပါးကို ကိုင်တွယ်ပြီးသည်နှင့် သူစတင်လှုပ်ရှားမည် ဖြစ်သည်။
ကုအန် တိုက်ပွဲမြေပြင်အထက်တွင် ကောင်းကင်စွမ်းအားများ စုဝေးနေသည်ကိုလည်း အာရုံခံမိနေပြီး ရွှမ်ထျန်းယီ အဆင့်ချိုးဖြတ်တော့မည် ဆိုသည်မှာ အတော်လေး ထင်ရှားနေခဲ့သည်။
“အချုပ်အနှောင်မဲ့ အမတတစ်ပါးရဲ့ ကပ်ဘေးက အဲ့လောက်ပဲ ကြီးရလား”
ကုအန် ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များကိုကြည့်ကာ တိတ်တဆိတ်တွေးနေခဲ့သည်။ အချုပ်အနှောင်မဲ့အမတကပ်ဘေးကတင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုဖုံးလွှမ်းနေလေရာ မြေလျှောက်အမတအဆင့်ကိုရောက်ပြီး ကြုံရမည့်ကပ်ဘေးဆိုလျှင် မည်မျှ ကြီးမားနေနိုင်မည်နည်း။
ထိုစဉ် အဝေးရှိ အချုပ်အနှောင်မဲ့ အမတတစ်ပါး၏ အရှိန်အဝါ ပျောက်ကွယ်သွားခဲ့၏။ ထိုသူ ရွှမ်ထျန်းယီ လက်ထဲတွင် သေဆုံးသွားပုံရသည်။
ဤသို့ဖြင့် ဒုတိယအရှိန်အဝါတစ်ခုလည်း ပျောက်ကွယ်သွားရပြန်၏။
ထိုအချုပ်အနှောင်မဲ့အမတနှစ်ပါး သေဆုံးသွားမှုကြောင့် ကုသနေသော ဘိုးဘေးလင်းလုပင် တည်ငြိမ်မနေနိုင်တော့ပေ။
သူကူညီရန် မြေအောက်ထဲသို့ အမြန်လိုက်သွားခဲ့လေသည်။
ကုအန်လည်း ကပ်ဘေးကို လေ့လာကြည့်နေခဲ့၏။ ကောင်းကင်တွင် ဒြပ်ငါးမျိုးစွမ်းအားများက ကပ်ဘေးဖြစ်ပေါ်လာေစရန် စုဝေးလာခဲ့ကြသည်။
တတိယအချုပ်အနှောင်မဲ့ အမတကျဆုံးမှု!
အချုပ်အနှောင်မဲ့အမတဝိညဉ်များကို စုပ်ယူပြီးသည့်နောက် ရွှမ်ထျန်းယီ၏ အဟုန်မှာ ထိုးတက်လာခဲ့သည်။ ဝိညဉ်တစ်ခုရှိေနပြီးေသာ ခန္ဓာကိုယ်တစ်ခုထဲတွင် ဝိညဉ်နောက်တစ်ခုက အားကောင်းလာေနသည်ကို ကုအန် ခံစားမိနေခဲ့၏။
ရွှမ်ထျန်းယီ မကောင်းဆိုးဝါးမိစ္ဆာ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနည်းလာမှု ဖြစ်နိုင်ပါသလော။
ကုအန် တိတ်တဆိတ်တွေးကာ သတိထားကြည့်နေခဲ့သည်။ ရွှမ်ထျန်းယီ၏ ဝိညဉ် ပြိုကွဲတော့မလိုဖြစ်သွားသည်နှင့် သူချက်ချင်း လှုပ်ရှားရပေလိမ့်မည်။
သေမျိုးများအတွက် ဤနေရာမှ မိစ္ဆာနယ်မြေဟူသောခရီးသည် တစ်ဘ၀လုံးသွားတောင် မရောက်နိုင်သော်လည်း ကုအန်အတွက်တော့ ခြေတစ်လှမ်းသာ လိုပေသည်။
တောင်ကြားရှိတပည့်များလည်းကောင်းကင်ရှိ မိုးကြိုးများအကြောင်း ဆွေးနွေးနေခဲ့ကြ၏။
လုလင်ကျွမ်းမှာတော့ ဘာကိုမှစိတ်၀င်စားပုံမပေါ်ဘဲ သူ့အိမ်ထဲ၌သာ ကျင့်ကြံနေခဲ့သည်။ သူမပြန်လာကတည်းက တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်ပြီး အပြင်ထွက်မလာခဲ့ပေ။
…..
ဂျိန်းး ဂျလိန်းးး
သူတို့လည်း ကပ်ဘေးစက်ကွင်းထဲတွင် ပါနေသည်ဟု ခံစားရသောကြောင့် ကောင်းကင်ရှိမိုးကြိုးများကို ကြည့်နေရင်း အဓိပတိဂိုဏ်းကျင့်ကြံသူများ တောင့်တင်းနေခဲ့ကြသည်။
လျန်ခန်းဟိုင် သူတို့ဂိုဏ်းတပည့်များကို ဆုတ်ခွာရန်ချက်ချင်း အမိန့်ပေးလိုက်၏။ နောက်ဆုံးတွင် သူတို့သည် ဤနေရာသို့ မြင့်မြတ်ကုန်းမြေကခေါ်၍သာ လာရခြင်းဖြစ်ပြီး သူတို့လုပ်နိုင်တာ သိပ်ရှိမနေပေ။
လုပိုင်ထျန်းလည်း တပည့်တွေကိုဦးဆောင်၍ ဆုတ်ခွာနေချိန် သူ့နားသို့ ကျိဟန်ထျန်း ချဉ်းကပ်လာခဲ့လေသည်။
“ရွှမ်ထျန်းယီ ငယ်ငယ်တုန်းက မိစ္ဆာစိတ်၀င်သွားဖူးတာကို ငါအခုမှ သတိရသွားတယ်…” ကျိဟန်ထျန်း ခပ်တိုးတိုးပြောလိုက်၏။
လုပိုင်ထျန်းသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်က အေးစက်နေကာ ဘာမှတော့ ပြန်မပြောခဲ့ပေ။
ကျိဟန်ထျန်း မကျေနပ်ဟန်ဖြင့် ဆက်ပြောလိုက်၏။
“မင်းတို့နှစ်ယောက်က ပေါင်းကြံနေတာလို့ ငါထင်တယ် အဲ့တော့ ဒီနှစ်တွေအကုန်လုံးမှာ မင်းတို့က င့ါကိုသရုပ်ဆောင်ပြနေကြတာပေါ့”
လုပိုင်ထျန်းသည် ဂိုဏ်းချုပ်ဖြစ်ကာ သူကလက်ထောက်ဂိုဏ်းချုပ်ဖြစ်၏။ သူလည်း ဂိုဏ်းချုပ်ဖြစ်ချင်ပါသော်လည်း သူတို့နှစ်ယောက်အထက်တွင် အကြီးအကဲများက ထောက်ခံပေးထားသော ရွှမ်ထျန်းယီ ရှိပေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် သူရွှမ်ထျန်းယီအပေါ် အမြင်ကောင်းရှိမနေပေ။ သူနှင့် လုပိုင်ထျန်း စတွေ့ခဲ့စဉ်အခါက လုပိုင်ထျန်းသည်လည်း ရွှမ်ထျန်းယီ အပေါ်အမြင်ကောင်းမရှိခြင်းကြောင့် သူလုပိုင်ထျန်းကို ချက်ချင်း သဘောကျသွားခဲ့ရသည်။
ရွှမ်ထျန်းယီကြောင့် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေး ပိုမိုခိုင်မာလာသည်ဟူ၍ပင် ပြော၍ရ၏။ လုပိုင်ထျန်း သူ့တာ၀န်များမှ ရှောင်နေတိုင်း သူကြိုးစား၍ တာ၀န်ကျေအောင်လုပ်ခဲ့ရသည်မှာလည်း လုပိုင်ထျန်းက သူဆင်းသွားပါက ဂိုဏ်းချုပ်နေရာကို သူ့ကိုပေးမည်ဟု ကတိပေးထားခြင်းကြောင့် ဖြစ်သည်။
ဒါပေါ့ ထိုအရာများအားလုံးမှာ အာဏာကိုတပ်မက်မှုကြောင့်သာ ဖြစ်၏။ ဤသို့ဖြင့် သူတို့သုံးယောက်သည် တစ်နေ့ပြီးတစ်နေ့ အခင်အမင်မပျက်ဆက်ရှိနေနိုင်ခဲ့ကြသည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ် အခုက အဲ့တာတွေအကြောင်းဆွေးနွေးရမယ့် အချိန်လား” လုပိုင်ထျန်း ခပ်တင်းတင်းပြောလိုက်ပြီး ကျိဟန်ထျန်းစကားစကို ဖြတ်ပစ်လိုက်၏။
ဝုန်းးး
နားကွဲလုမတတ်အသံကြီးထွက်ပေါ်လာသောကြောင့် သူတို့နှစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ သူတို့မမြင်နိုင်သော အဝေးတစ်နေရာတွင်ဖြစ်ပွားသောအရာဖြစ်သောကြောင့် ဘာမှန်းမသိသောဘဲ မကောင်းဆိုးဝါးမိစ္ဆာ၏ ကြောက်မက်ဖွယ်မိစ္ဆာအင်အားမှာတော့ အဝောာ်လေးကြောက်စရာကောင်းနေခဲ့သည်။
ထိုအခိုက်တွင် တပည့်တစ်ယောက် အော်ပြောလိုက်၏။
“ကောင်းကင်ကိုကြည့်ကြဦး!”
လူတိုင်းမော့ကြည့်လိုက်ကာ ကောင်းကင်ရှ်ိ မိုးကြိုးများက မိစ္ဆာနယ်မြေရှိ မြင်ကွင်းကို ရောင်ပြန်ဟပ်နေမှန်း အံ့အားသင့်ဖွယ် တွေ့လိုက်ကြရသည်။ ပုံရိပ်များက လျင်မြန်စွာ ပြေးလွှားနေခဲ့ကြပြီး သူတို့သုံးနေသော နတ်သိုင်းများက ပို၍ပင် အံ့ဩစရာ ကောင်းနေခဲ့သည်။
အင်အားစုတိုင်းက ထိုအရာကိုကြည့်နေရင်း ဖြည်းဖြည်းချင်း ဆုတ်ခွာနေခဲ့ကြ၏။
အန်းဟောင် လီယနှင့် ကျန်းပုကူလည်း ထို့အတူပင်။
ကျန်းပုကူ မျက်လုံးများထဲတွင် တောင့်တမှုများနှင့် ပြည့်နေပြီး သူထိုကဲ့သို့သော အဆင့်ထိ ဒီတစ်သက်ရောက်နိုင်ပါ့မလားဟု တွေးနေမိသည်။
အန်းဟောင်မျက်လုံးထဲတွင်တော့ စိတ်၀င်စားမှု စိုးရိမ်မှုများနှင့် ပြည့်နှက်နေခဲ့၏။ ရွှမ်ထျန်းယီအတွက် မကောင်းဆိုးဝါးမိစ္ဆာပူးကပ်ခံရမှုက ရုန်းထွက်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးသည်ဟု သူယုံကြည်နေမိသည်။
ကျင့်ကြံသူတိုင်း၏ မျက်လုံးများအောက်တွင် ရွှမ်ထျန်းယီ အချုပ်အနှောင်မဲ့အမတများ၏ ဝိညဉ်ကိုဝါးမြိုဖို့ ရပ်တန့်လိုက်တိုင်း လူတိုင်းကျောရိုးများ အေးစိမ့်သွားမတတ် ကြောက်ရွံ့သွားကြသည်။
ရွှမ်ထျန်းယီမျက်နှာပေါ်တွင် ဘယ်ဘက်က မာနကြီးကာ ရက်စက်တတ်သော အမူအရာရှိနေပြီး ညာဘက်က မျက်မှောင်ကြုံ့ကာ နာကျင်နေဟန်ရှိသောကြောင့် သူ့အမူအရာမှာ အဝောာ်လေး ကို့ရို့ကားယား နိုင်နေခဲ့သည်။
အချိန်များ ဆက်လက်ကုန်ဆုံးသွားခဲ့၏။
နောက်ဆုံးတွင် ဘိုးဘေးလင်းလုသာ အသက်ရှင် ကျန်ရစ်တော့လေသည်။ အချုပ်အနှောင်မဲ့အမတများ၏ ဝိညဉ်များ ဝါးမြိုခံလိုက်ရသည်ကို ကြည့်ပြီး သူဆက်လက်မတိုက်ခိုက်ရဲတော့ဘဲ ထွက်သာပြေးခဲ့၏။ သို့သော် ရွှမ်ထျန်းယီက သူ့ကိုဖမ်းမိသွားခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူရွှမ်းထျန်းယီလက်မှ မလွတ်မြောက်နိုင်တော့ပေ။
“မင်း….လုပ်လို့မရ….” ဘိုးဘေးလင်းလု တုန်ယီနေစဉ် သူ့မူလဝိညဉ်က ကိုယ်ထဲမှ ထွက်ခွာသွားခဲ့လေသည်။
၀မ်းနည်းစရာကောင်းစွာပင် သူ့စကားမဆုံးသေးခင်မှာတင် အသက်မဲ့နေသော သူ့ကိုယ်ကြီးက မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။
ရွှမ်ထျန်းယီ သူ့ဝိညဉ်ကိုဝါးမြိုပြီးနောက် လေထဲသို့ထိုးတက်သွားကာ ကောင်းကင်ပေါ်တွင် ခြေချိတ်ထိုင်ခဲ့သည်။ သူရပ်တန့်သွားသောအခါ သူ့နောက်တွင် ဖုန်လုံးကြီးများက ဖုန်ပင်လယ်ကြီးတစ်စင်းနှယ် ထိုနေရာရှိ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့၏။
ကောင်းကင်ရှိ ပုံရိပ်ယောင်များကလည်း ပိုမိုကျယ်ပြန့်လာပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့သည်။ ယခုအခါ လူတိုင်းက ကောင်းကင်ပေါ်ရှိ ပုံရိပ်က ဘယ်သူလဲ ဆိုတာကိုသာ ဆွေးနွေးနေခဲ့ကြသည်။
မကောင်းဆိုးဝါးမိစ္ဆာအဖြစ် ပြောင်းလဲပြီးသည့်နောက်ရွှမ်ထျန်းယီ ပုံရိပ်က လူတိုင်း၏ နှလုံးသားထဲတွင် ခပ်နှိပ်ခံလိုက်ရလေပြီ။
တတိယတောင်ကြားရှိတပည့်များလည်း ထိုအကြောင်းဆွေးနွေးနေကြပြီး တချို့က ရွှမ်ထျန်းယီကို မှတ်မိသောကြောင့် အံ့အားသင့်နေခဲ့ကြသည်။
ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာသို့ လမ်းလျှောက်သွားနေခဲ့၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်မှာေတာ့ လဲလျောင်းနေရင်း အဖြစ်အပျက်များကို ကြည့်ရှုနေခဲ့သည်။
“မဟာကောင်းကင်စိတ်ဝိညဉ်နယ်မြေလို့ဆိုတဲ့အတိုင်းပဲ ကပ်ဘေးက အရမ်းကျယ်ပြန့်ပြီး မကောင်းဆိုးဝါးမိစ္ဆာကလည်း အရမ်းစွမ်းအားကြီးပုံပေါ်တာပဲ…” သွေးအကျဉ်းထောင် မဟာသူတော်စင် တွေးမိနေခဲ့သည်။
ဆန်းကြယ်တောင်ကြားသို့ ရောက်သောအခါ ကုအန် ထိုနေရာမှထွက်မသွားခင် တပည့်များကို ရိုးရိုးရှင်းရှင်းပင် မကြောက်ရန် ညွှန်ကြားချက်များ ပေးခဲ့၏။
မဟာတိုက်ပွဲကြီးပြီးဆုံးသွားသောအခါ ကောင်းကင်နှင့်မြေပြင်တွင် မိုးကြိုးအသံများသာ ကျန်ရစ်ခဲ့တော့သည်။
မင်းဆက်သုံးခုရှိ အင်အားစုများအားလုံး ရပ်တန့်နေကြပြီး ခေါင်းဆောင်များက ဘာဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးနေခဲ့ကြ၏။
မကောင်းဆိုးဝါးမိစ္ဆာသည် ကပ်ဘေးကျော်ဖြတ်နေမှန်း သူတို့အားလုံး မြင်နေရသည်။
အကယ်၍ မကောင်းဆိုးဝါးမိစ္ဆာသာ အောင်မြင်သွားပါက အခြေအနေများ ပို၍ ဆိုးလာပေလိမ့်မည်။
သို့သော်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေပင် တစ်အုပ်လုံး သေသွားချိန်တွင် သူတို့က ဘာလုပ်နိုင်မည်နည်း။
တစ်ယောက်ယောက် မကျေမနပ်ပြောလိုက်သည်။
“မြင့်မြတ်ကုန်းမြေမှာ လူအများကြီးရှိတာ သူတို့က ဒီကို နည်းနည်းလေးပဲ ပို့လိုက်တယ် အဲ့တာက သေလမ်းရှာနေတာမဟုတ်လား”
နှစ်တစ်ရာပြည့်တိုင်း မင်းဆက်သုံးခုမှ ပါရမီရှင်များ မြင့်မြတ်ကုန်းမြေသို့ သွားရောက်ရပေရာ ထိုနေရာတွင် လူဘယ်လောက်ရှိမှန်း သူတို့သိကြသည်။
အခုတော့ မြင့်မြတ်ကုန်းမြေသည် သူတို့ဖာသာ သေလမ်းလာရှာရုံသာမကဘဲ သူတို့ကပါ အတူတူသေရအောင် ဤနေရာသို့ ခေါ်လာခဲ့သေးသည်။
ထိုအရာမှာ လူတစ်ယောက်တည်းသာ မဟုတ်ဘဲ ကျင့်ကြံသူအတော်များများ မြင့်မြတ်ကုန်းမြေကို မကျေနပ်ကြတော့ပေ။ မည်မျှပင် စကားချိုချိုလေးများ ပြောနေပါစေ သူတို့စကားကို လူတိုင်းမယုံကြဘဲ လူတိုင်းက သူတို့၏ လုပ်ရပ်နှင့်သာ ဆုံးဖြတ်ကြမည် ဖြစ်သည်။
လျန်ခန်းဟိုင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်ဧ။။်
“ကောင်းပြီ အခုအရေးအကြီးဆုံးအရာက မကောင်းဆိုးဝါးမိစ္ဆာရဲ့ ကပ်ဘေးကို ဘယ်လိုတားဆီးရမလဲဆိုတာပဲ”
လူတိုင်းတိတ်ဆိတ်သွားခဲ့၏။
နယ်ပယ်ကွာဟချက်ကြောင့် သူတို့တွင်အောင်မြင်စရာ အခွင့်အရေးလုံး၀ ရှိမနေပေ။
တာအိုသခင်ရုတ်တရက်ပြောလိုက်သည်။
“ငါမင်းဆက်သုံးခုရဲ့ ကံကြမ္မာကို တွက်ချက်ခဲ့တယ် ငါတို့ကံကြမ္မာက အဆုံးသတ်ကိုမရောက်သေးဘူး အပြောင်းအလဲတစ်ခုရှိလာတာ ဖြစ်နိုင်တယ် နောက်ဆုံးတော့ မြင့်မြတ်ကုန်းမြေက ရှေးဟောင်းမြင့်မြတ်ကုန်းမြေတစ်ခုပဲလေ သူတို့လူတွေ ဒီလောက်သေထားတာကို လွယ်လွယ်လွှတ်ပေးလိုက်မှာမဟုတ်ဘူး”
သူပြောပြီးမှသာ လူတိုင်းသက်ပြင်းချလိုက်နိုင်ကြသည်။
သူတို့ တာအိုသခင်ကို အတော်လေးယုံကြည်ကြ၏။
လုပိုင်ထျန်းမှာတော့ ဘာမှမပြောဘဲ ကောင်းကင်ရှိပုံရိပ်ကိုသာ ကြည့်ရှုနေခဲ့သည်။
အချိန်များကုန်ဆုံးသွားခဲ့ပြီး တိုက်ခိုက်ရန်လာရောက်သူများအားလုံး နာကျင်နေကြရသည်။
မင်းဆက်သုံးခုမှလူများမှာ ပို၍ ဝောာင့်တင်းနေကြပြီး ဘာဆက်ဖြစ်မလာမလဲဆိုတာကိုသာ ခန့်မှန်းနေကြ၏။ အချို့ဆိုလျှင် ရွှမ်ထျန်းယီ ကပ်ဘေးကျရှုံးဖို့တောင် ဆုတောင်းနေကြသေးသည်။
အန်းဟောင် မြေပြင်တွင် ခြေချိတ်ထိုင်ကာ စိတ်ဝိညဉ်စွမ်းအား ပြန်လည်ဖြည့်တင်းနေရင်း ကောင်းကင်ကို ကြည့်ရှုနေခဲ့၏။
ကျန်းပုကူနှင့် လီယမှာလည်း ထို့အတူပင်။
တစ်ဖက်တွင်
ကောင်းကင်ထက်တွင် ရွှမ်ထျန်းယီ တရားထိုင်နေရင်း မိစ္ဆာချီများက သူ့ကိုယ်တစ်ဝိုက်တွင် ၀နး်ရံနေခဲ့သည်။ ကောင်းကင်နှင့် မြေပြင်ကိုဖြတ်၍ တိုး၀င်လာသည့် မိစ္ဆာချီများက သူ့ကိုယ်ထဲပြေး၀င်နေကြပြီး သူ့အဟုန်ကို မြှင့်တင်ပေးနေခဲ့၏။
“ရွှမ်ထျန်းယီ! မင်းကိုယ်မင်း လမ်းမှန်ဂိုဏ်းရဲ့ သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားတာကို မေ့သွားပြီလား”
ဒေါသတကြီးသတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဖုန်လုံးများကြားမှ စုတ်ပြတ်နေသော ကျိရွှမ်လင်းထွက်ပေါ်လာကာ ဒေါသတကြီးအော်လိုက်ခြင်း ဖြစ်သည်။
ရွှမ်ထျန်းယီ ညာမျက်လုံးပွင့်လာပြီး မျက်ခုံးပင့်သွားကာ မျက်နှာနောက်တစ်ခြမ်းကတော့ စိတ်ရှုပ်သွားဟန်ရသွားသည်။
ထိုအခိုက်တွင် သူ့နောက်မျက်လုံးတစ်လုံးလည်း ပွင့်လာပြီး ကျိရွှမ်လင်းအား သတ်ဖြတ်လိုစိတ်များပြည့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ရွှမ်ထျန်းယီနှုတ်ခမ်းများ အနည်းငယ်တုန်ခါသွားပြီး မနည်းအားတင်း၍ စကားလုံးနှစ်လုံး ပြောလိုက်လေသည်။
“ပြေး…တော့…”
ထိုစကားပြောပြီးသည်နှင့် သူညာမျက်လုံးပိတ်သွားပြီး မျက်နှာတစ်ခုလုံးတွင် ကြမ်းကြုတ်ရက်စက်သည့် အမူအရာများသာ အစားထိုး၀င်ရောက်လာလေတော့သည်။
ထို့နောက် သူ့ညာလက်ကို မြှောက်ကာ ကျိရွှမ်လင်းကို ချိန်လိုက်၏။
“မူလဒြပ်ငါးမျိုးနတ်မိုးကြိုးကပ်ဘေး! မိစ္ဆာကောင် မင်းကကမ္ဘာ့ထိပ်တန်း ကပ်ဘေးဆယ်ခုထဲက တစ်ခုကိုတောင် ဆင့်ခေါ်နိုင်နေတာပဲ!+
ကောင်းကင်နတ်ဘုရားတစ်ပါးသဖွယ် အသံကြီးတစ်သံထွက်ပေါ်လာလေရာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးပင် တုန်ခါသွားခဲ့ရသည်။
ထိုအသံကိုကြားလိုက်ရသူတိုင်း စိတ်ထဲ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။
ကျိရွှမ်လင်းမသိစိတ်က လှည့်ကြည့်လိုက်ရာ မိုးကြိုးတိမ်တိုက်များအထက်တွင် အဝိုင်းပုံအပေါက်ကြီးပေါ်လာသည်ကို တွေ့လိုက်ရသည်။ တောက်ပနေသော ပုံရိပ်ကြီးတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး သူတို့နှစ်ယောက်လုံးကို ဖိနှိပ်ပစ်လိုက်ရာ မြေပြင်ပေါ်ရှိ ဖုန်လုံးကြီးများပင် ပြိုကွဲသွားခဲ့ရ၏။
ဝုန်းး!
ရွှမ်ထျန်းယီ မြေပေါ်တွင် ထိုင်နေရင်း သူ့ပတ်ပတ်လည်မိုင်တစ်ရာအတွင်းရှိ သင်္ကေတများအားလုံး ပျက်ဆီးသွားကာ အဝိုင်းပုံတွင်းပေါက်ကြီးတစ်ခု ဖြစ်တည်လာနေခဲ့၏။ ထို့နောက် ပုံရိပ်တစ်ခု ရွှမ်ထျန်းယီ ရှေ့သို့ ဆင်းသက်လာသောကြောင့် ရွှမ်ထျန်းယီ ကြောက်လန့်တကြား မော့ကြည့်လိုက်ရသည်။
ပထမဆုံးအကြိမ်အနေနှင့် သူ့မျက်နှာပေါ်တွင် ထိုကဲ့သို့ ကြောက်ရွံ့သည့် အမူအရာမျိုး ပေါ်လာခြင်း ဖြစ်၏။
အပိုင်း(၂၀၈)
လွှမ်းမိုးခြင်း! ဆရာသခင်ဓားအရှင်!
ကျိရွှမ်ထျန်းလည်း မြေပေါ်ပြတ်ကျသွားခဲ့ပြီး ရွှမ်ထျန်းယီနှင့်မတူသည်မှာ သူသည် အချုပ်အနှောင်မဲ့အမတထက်ကျော်လွန်နေသော ဖိအားကြီးကို မခံစားရခြင်း ဖြစ်သည်။ မြေပေါ်ကျပြီးသည့်နောက် သူခြေလှမ်းအနည်းငယ်သာ ယိုင်သွားခဲ့၏။
သူအမြန်ပင် ရွှမ်ထျန်းယီရှေ့ရှိပုံရိပ်ကို မော့ကြည့်လိုက်သည်။
ထိုပုံရိပ်သည် တောက်ပလွန်းသော အလင်းရောင်များက သူ့ကိုယ်တွင် ၀န်းရံနေပြီး တစ်ချက်ကြည့်ရုံဖြင့် ထိုလူ့ကို သူမှတ်မိသွားခဲ့သည်။
“ဂူသခင်!” ကျိရွှမ်လင်း အံ့အားတကြီး ရွတ်လိုက်မိသည်။
ကြယ်ခြောက်လုံးဂူ၏ ဂူသခင် စစ်မှန်သောနတ်ဝိညဉ်ရှင်!
စစ်မှန်သောနတ်ဝိညဉ်ရှင်သည် ရှည်လျားလှသော အရပ်ရှိ၏။ သူသည် အနက်ရောင်၀တ်ရုံပွကြီးကို ၀တ်ဆင်ထားကာ အောက်တွင် အဖြူရောင်၀တ်စုံကို ရွှေအနားကွပ်ထားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းဖြင့်တန်ဆာဆင်ထားသော ပိုးသားခါးပတ်ကို ၀တ်ဆင်ထားသည်။ သူ့ခေါင်းတွင်မူ ဓားအသေးလေးများဖြင့် ဆံပင်များကို ထုံးထား၏။ သူ့အမူအရာမှာ အတော်လေးအေးစက်နေပြီး မြေပြင်တွင်ထိုင်ကျနေသော ရွှမ်ထျန်းယီကို ကြောက်စရာမျက်လုံးများဖြင့်ကြည့်နေခဲ့သည်။
ကောင်းကင်ရှိ ပုံရိပ်ယောင်များမှာလည်း ရွှမ်းထျန်းယီရော စစ်မှန်သောနတ်ဝိညဉ်ရှင်ရော၏ ပိုံရိပ်များကို ပြသနေသောကြောင့် ကမ္ဘာပေါ်ရှိလူတိုင်း သူ့ပုံရိပ်ကို မြင်နေရသည်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလှသော ကြီးမြတ်သည့်ကျင့်ကြံသူများပင် မြင်မြင်ချင်း စစ်မှန်သောနတ်ဝိညဉ်ရှင်ကို ကြည်ညိုကုန်ကြ၏။
ဒီတိုင်းရပ်နေရုံနှင့်ပင် သူ့ကိုယ်က ပြိုင်ဘက်ကင်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။
မကောင်းဆိုးဝါးမိစ္ဆာ၏ ပြိုင်ဘက်ကင်းလှသောအရှိန်အဝါမှာတော့ စစ်မှန်သောနတ်ဝိညဉ်ရှင်၏ ရှေ့တွင် လုံး၀ ပျောက်ကွယ်သွားခဲ့ချေပြီ။
ရွှမ်ထျန်းယီ မတ်တပ်ထရပ်လိုသော်လည်း သူမထနိုင်ခဲ့ပေ။
အချုပ်အနှောင်မဲ့အမတနှင့် မြေလျှောက်အမတကြား ကွာဟချက်မှာ တိမ်တိုက်များနှင့် ရွှံ့များနှယ် ကွာဟလွန်းလှသည်။
ရွှမ်ထျန်းယီ စစ်မှန်သောနတ်ဝိညဉ်ရှင်ကို ကြောက်လန့်တကြားကြည့်ရှုနေခဲ့ပြီး သူ့အကြည့်ထဲတွင် အသနားခံဟန်အမူအရာများ ရှိနေခဲ့၏။
မိုင်ပေါင်းထောင်ချီအဝေးတွင်
အန်းဟောင် ကောင်းကင်ရှိ စစ်မှန်သောနတ်ဝိညဉ်ရှင်၏ ပုံရိပ်ကိုကြည့်ပြီး ချက်ချင်း ကြောက်လန့်သွားခဲ့သည်။
သူ့အကြည့်အောက်တွင်ပင် စစ်မှန်သောနတ်ဝိညဉ်ရှင်သည် ညာလက်ကိုမြှောက်ကာ သူ့အသံကြီးက ကုန်းမြေတိုက်တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့၏။
“ဒီနေ့ ငါ စစ်မှန်သောအရှင်က သက်ရှိအားလုံးရဲ့ ကောင်းကျိုးအတွက် ဒီမိစ္ဆာကို သုတ်သင်မယ်!”
သူ့အသံသည် နတ်ဘုရားတစ်ပါး၏ အသံလို မိုးခြိမ်းသံများလို ထွက်ပေါ်လာခဲ့၏။
“မဖြစ်ဘူး….” အန်းဟောင် အားကုန်သုံး၍ အော်ဟစ်လိုက်ပြီး သူချက်ချင်းပင် ခုန်ပျံကာ ထိုအဖြစ်အပျက်ကို ၀င်နှောင့်ယှက်ချင်သွားမိသည်။
သူပျံတက်သွားတော့မည့်အချိန်တွင် လက်တစ်ဖက် သူ့ပုခုံးပေါ်ကျရောက်လာပြီး သူ့ချီများအားလုံးပြိုကွဲသွားကာ မပျံနုိင်င်ဖြစ်သွားခဲ့ရ၏။
ပြောပြီးသည့်နောက် စစ်မှန်သောနတ်ဝိညဉ်ရှင် ရွှမ်ထျန်းယီကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ရန် ပြင်လိုက်လေသည်။
ကျိရွှမ်လင်း အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး သူ့ပါးစပ်များဟသွားကာ အသနားခံရန် ပြင်လိုက်၏။
ဖတ်!
ရုတ်တရက် လက်တစ်ဖက် စစ်မှန်သောစိတ်ဝိညဉ်ရှင်၏ ပုခုံးပေါ်ကျရောက်လာပြီး သူ့ကိုယ်ပေါ်ရှိ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားကာ သူ့အမူအရာလည်းပြောင်းလဲသွားပြီး သူ့လက်လည်း လေထဲတွင် ရပ်တန့်သွားခဲ့ရသည်။
ရွှမ်ထျန်းယီ စစ်မှန်သောနတ်ဝိညဉ်ရှင်နောက်တွင် တစ်ယောက်ယောက်ပေါ်လာသည်ကို မြင်လိုက်ရပြီး သူ့အမူအရာသည် သိသိသာသာပင် စိတ်ရှုပ်သွားရသည့်ပုံ ပေါက်သွားခဲ့၏။
ကျိရွှမ်လင်းမှာတော့ စစ်မှန်သောနတ်ဝိညဉ်ရှင်၏နောက်ရှ်ိ ပုံရိပ်ကိုကြည့်ကာပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
ထိုအခိုက်တွင် သက်ရှိတိုင်း ကောင်းကင်ပေါ်ရှိ စစ်မှန်သောနတ်ဝိညဉ်ရှင်နောက်ရှိ ပုံရိပ်ကို မြင်လိုက်ရ၏။
တတိယတောင်ကြားတွင်
လုလင်ကျွမ်း တံခါးကိုဖွင့်ကာ ကောင်းကင်ပေါ်ရှိ ပုံရိပ်များကိုကြည့်လိုက်ပြီး သူ့အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
အပြင်စည်းမြို့ ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင်
ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင် ရပ်နေသော ကျိုးယိကျင်း ကောင်းကင်ကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။
“ဆရာသခင်ဓားအရှင်…”
အဝေးရှိ တိရှီလည်း ဆန်းကြယ်သောပုံရိပ်ကိုကြည့်ကာ ကြောက်လန့်သွားခဲ့လေသည်။
ဆရာသခင်ဓားအရှင်သည် ကြည်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်တော့မည်လော။
အန်းဟောင်လည်း ဆရာသခင်ဓားအရှင်ကို မြင်သွားပြီး စိတ်လှုပ်ရှားသွားကာ လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။
သူ့ဆရာသည် နောက်ဆုံးတွင် သူ့တွန့်ဆုတ်နေမှုကို ကူညီရန် ရောက်ရှိလာသည်ဟု သူတွေးခဲ့မိ၏။
လီယလည်း မူလဘိုးဘေးကြီးရောက်ရှိလာပြီဟုတွေးကာ စိတ်လှုပ်ရှားသွားမိသည်။
ကျန်းပုကူ မှာတော့ ထိုလူဘယ်သူလဲဆိုတာကိုသာ စိတ်၀င်စားနေခဲ့၏။
လုပိုင်ထျန်းလည်း ကောင်းကင်ကိုကြည့်နေရင်း သက်ပြင်းတစ်ချက် ချလိုက်နိုင်ခဲ့သည်။
အခြားဂိုဏ်းများမှ ဂိုဏ်းချုပ်များမှာတော့ ကြောင်အနေပြီး ဆရာသခင်ဓားအရှင် ဘာလို့ ရောက်ရှိလာလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့၏။
ကောင်းကင်ရှိ ပုံရိပ်ယောင်များထဲတွင် စစ်မှန်သောနတ်ဝိညဉ်အရှင် လက်ကိုဖြည်းဖြည်းချင်း ပြန်ချလိုက်ကာ နောက်သို့ တစ်ချက်ငဲ့ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းက လတ်တလော ကုန်းမြေတိုက်ကြီးမှာ နာမည်ကြီးနေတဲ့ ဆရာသခင်ဓားအရှင် ဖြစ်နိုင်လား”
သူ့နောက်တွင် ခရမ်းရောင်မိစ္ဆာချီများဖြင့် ဖုံးလွှမ်းထားသည့် ဆန်းကြယ်လှသော ပုံရိပ်တစ်ခုရပ်နေခဲ့၏။
ကုအန် ရုတ်တရက် သူ့ကိုနောက်သို့ဆွဲပစ်လိုက်ကာ ရှေ့သို့ တက်သွားခဲ့သည်။
နတ်ဝိညဉ်အရှင်၏ အမူအရာမှာတော့ ရုတ်တရက်ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်သည် မထိန်းနိုင်မသိမ်းနိုင် တုန်ခါသွားခဲ့၏။
ကုအန် ရွှမ်ထျန်းယီရှေ့တွင် ရပ်လိုက်ကာ ညာလက်ကိုဆန့်ထုတ်၍ ရွှမ်ထျန်းယီ နှဖူးအား လက်နှစ်ချောင်းဖြင့် ထောက်လိုက်လေသည်။
ကောင်းကင်ဈာန်အမတတစ်ပါး၏ စွမ်းအားများသည် ရွှမ်ထျန်းယီကိုယ်ထဲသို့ ၀င်သွားကာ သူ့ကိုယ်ထဲမှ မိစ္ဆာဝိညဉ်ကို ဆွဲထုတ်လိုက်၏။ ရွှမ်ထျန်းယီမှာတော့ ထိုဖြစ်စဉ်ကြောင့် အလွန်နာကျင်နေခဲ့ရသည်။
ထိုမြင်ကွင်းက ကမ္ဘာပေါ်ရှိလူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။
လူတိုင်း ရွှမ်ထျန်းယီကိုယ်ထဲမှ ရွှမ်ထျန်းယီနှင့် တစ်ပုံစံတည်းတူသော မိစ္ဆာအရိပ်တစ်ခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
မကောင်းဆိုးဝါးမိစ္ဆာမခုခံနိုင်ခင်မှာတင် ကုအန်ညာလက်ကို ဖြန့်လိုက်ပြီး ဝိညဉ်ကို သူ့လက်ဖဝါးထဲ အမြန်ဖမ်းဆုပ်လိုက်၏။
ထိုအခါ ကုန်းမြေတိုက်ကြီးတစ်ခုပေါ် ကျရောက်နေသော မိစ္ဆာဖိအားများအားလုံး ပျောက်ဆုံးသွားခဲ့ပြီး လူတိုင်း စိတ်အေးသွားခဲ့ရသည်။
“မင်း…”
စစ်မှန်သောနတ်ဝိညဉ်ရှင် ဒေါသထွက်သွားခဲ့ရ၏။ ကြယ်ခြောက်လုံးဂူ၏ ဂူသခင်ဖြစ်သည့်အလျောက် မကောင်းဆိုးဝါးမိစ္ဆာ၏ အကြောင်းကို သူသိပေသည်။ ယခုလိုဖြစ်ရပ်များဖြစ်အောင် သူဦးဆောင်၍ လုပ်ခဲ့ခြင်းမဟုတ်သော်လည်း ထိုအရာများဖြစ်အောင် သူကခွင့်ပြုပေးထားခဲ့ခြင်း ဖြစ်၏။
ယခုတော့ ဆရာသခင်ဓားအရှင်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ချေပြီ!
ကုအန် နောက်ပြန်လှည့်လိုက်ကာ စစ်မှန်သောနတ်ဝိညဉ်ရှင် ဘေးသို့ သွားရပ်လိုက်သည်။
ရွှမ်ထျန်းယီ သွေးများအန်လိုက်ရကာ ရှေ့သို့ယိုင်ကျလာခဲ့ပြီး သူ့နှဖူးက ဆရာသခင်ဓားအရှင်၏ ပေါင်တံများဆီ ရောက်သွားကာ မှီထားလိုက်ရ၏။ သူ့မျက်လုံးများ မပိတ်သေးခင် အားနည်းစွာ ရေရွတ်လိုက်လေသည်။
“ဆရာသခင်…”
သူကုအန်၏ ခြေထောက်ကို ဖက်ထားရင်း အသိစိတ်က အမှောင်ထုထဲ ကျရောက်သွားခဲ့ရ၏။
ဆရာသခင်ဓားအရှင်မှာတော့ ဘာမှမပြောဘဲ ရွှမ်ထျန်းယီကို သူ့ပေါင်ကိုမှီ၍ လဲလျောင်းခိုင်းထားလိုက်ပြီး စစ်မှန်သောနတ်ဝိညဉ်ရှင်ကိုသာ ခပ်အေးအေး ကြည့်လိုက်သည်။
ကမ္ဘာပေါ်ရှိ လူများအားလုံး အသက်ရှူဖို့ပင် မေ့လျော့နေခဲ့ကြ၏။ သူတို့ ဆရာသခင်ဓားအရှင်နှင့် စစ်မှန်သောနတ်ဝိညဉ်ရှင်ကြားရှိ တင်းမာနေမှုကို ခံစားမိနေပြီး ဆရာသခင်ဓားအရှင်က မကောင်းဆိုးဝါးမိစ္ဆာ ပူးကပ်ခံထားရသူကို လာကယ်မှန်းလည်း သိရှိသွားခဲ့ကြသည်။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။ မိစ္ဆာနယ်မြေနှင့် နီးနီးလေးတွင်ရှိနေသော မင်းဆက်သုံးခုမှကျင့်ကြံသူများမှာတော့ ကြောက်ရွံ့နေကာ အသက်ပင် မရှူရဲကြတော့ပေ။
မြေပေါ်တွင် လှဲလျောင်းနေသော သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ ကုအန်ကိုကြည့်ကာ သူ့မျက်လုံးထဲ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။
လွှမ်းမိုးနိုင်လွန်းသော!
စကားတစ်လုံးမှ မပြောခဲ့သော်လည်း လူတိုင်း ဆရာသခင်ဓားအရှင်၏ သန်မာသော ဓားဆန္ဒကို ခံစားမိနေခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် ရုတ်တရက် သူ့အရင်ကျင့်ကြံခြင်းအဆင့်က အလွန်အားနည်းလွန်းခဲ့သည်ဟု ခံစားသွားခဲ့ရ၏။ သူသည် အမြဲထောင်လွှားနေခဲ့သော်လည်း အထက်နယ်မြေမှ ကြီးမြတ်သည့်ကျင့်ကြံသူများနှင့် ယှဉ်လိုက်ရင်တော့ သူ့ကျင့်ကြံခြင်းသည် မိုင်ပေါင်းများစွာ ပြတ်၍ ကျန်နေခဲ့ရသည်။
သူတင်မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ လူတိုင်းအားလုံးလည်း စစ်မှန်သောနတ်ဝိညဉ်ရှင်ပင် ဆရာသခင်ဓားအရှင်နှင့် ယှဉ်ပါက တစ်ဆင့်နိမ့်သွားသည်ဟု ခံစားလိုက်ရ၏။
ထိုဆန်းကြယ်သောပုံရိပ်သည် နတ်ဝိညဉ်ရှင်ကို အလွယ်တကူပင် ဆွဲဖယ်ပစ်လိုက်ပြီး သူတို့နှစ်ယောက်သည် ပြိုင်ဘက်မဟုတ်မှန်းထင်ရှားေနခဲ့သည်။
သူတို့နှင့် အနီးကပ်တွင်ရှိနေသော ကျိရွှမ်လင်းမှာတော့ လုံး၀ တုန်လှုပ်နေခဲ့မိ၏။
စစ်မှန်သောနတ်ဝိညဉ်ရှင်၏ စွမ်းအားကို သူက လူတိုင်းထက်ပိုသိပေသည်။ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ကြယ်ခြောက်လုံး ဂူတစ်ဝိုက်တွင်ရှိသော ကျင့်ကြံသူများအားလုံးအတွက် စစ်မှန်သောနတ်ဝိညဉ်ရှင်သည် လူအများကြားထဲမှ အမတဖြစ်ကာ ကုန်းမြေတိုက်ကြီး၏ အသန်မာဆုံးတည်ရှိမှုအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ထိုသို့သော ကျင့်ကြံသူမျိုးသည် ဆရာသခင်ဓားအရှင်၏ အလွယ်တကူ ဆွဲဖယ်ခြင်းကို ခံလိုက်ရခြင်း!
ကျိရွှမ်လင်း ရုတ်တရက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဘာကြောင့် စိတ်ကူးပြောင်းသွားပြီး မင်းဆက်သုံးခုရှိလူများကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ရသလဲဆိုတာ နားလည်သွားခဲ့၏။ သူတို့သည် ဆရာသခင်ဓားအရှင်ကို ကြောက်လန့်ကာ သူတို့၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ချင်၍ ဖြစ်ပေသည်။
စစ်မှန်သောနတ်ဝိညဉ်ရှင်၏မျက်နှာ တင်းမာနေကာသူ့စိတ်ထဲ ရွေးရခက်နေခဲ့၏။
သူသည် ဤမူလဒြပ်ငါးမျိုး နတ်မိုးကြိုးကပ်ဘေးဖြစ်စဉ်ကို သုံးကာ သူ့ခမ်းနားကာ သူရဲကောင်းဆန်လှ၍ သက်ရှိများကို ကယ်တင်သည့် ပုံရိပ်ကို ကမ္ဘာေပါ်ရှိ လူတိုင်းကို ပြသချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတော့ သူခက်ခဲသည့်အခြေအနေသို့ ကျနေေရာက်နေခဲ့ချေပြီ။
ယခုချိန် သူထတိုက်ခိုက်ပါက နိုင်မနိုင်မသေချာသည့်အပြင် ကမ္ဘာကြီးကရော သူ့ကိုမည်သို့ မြင်သွားကြမည်နည်း။
အကယ်၍ သူမတိုက်ခိုက်ရင်ရော ကမ္ဘာကြီးက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို မည်သို့ မြင်သွားမည်နည်း။
“မင်းက တကယ်ပဲ ဘယ်သူများလဲ အဓိပတိဂိုဏ်းကလို့တော့ မပြောနဲ့ ဒီကုန်းမြေကြီးမှာ မင်းလို စွမ်းအားကြီးတဲ့လူ ထွက်ပေါ်မလာနိုင်ဘူး”
နတ်ဝိညဉ်ရှင် လေးလေးနက်နက်ပြောလိုက်ပြီး ယခုအခါတော့ သူ့အသံကို တစ်ကမ္ဘာလုံးကြားအောင် ဟိန်းထွက်မနေစေတော့ဘဲ ကုအန် သူနှင့် ကျိရွှမ်လင်း တို့သာ ကြားသာသည့် သာမန်လေသံဖြင့် ပြောနေခြင်း ဖြစ်သည်။
ကုအန် အဖြေမပေးဘဲ ညာလက်ကိုမြှောက်ကာ လက်ညှိုးဖြင့် သူ့မျက်နှာကို ထောက်လိုက်၏။
ကုအန်၏ လက်ညှိုးနှင့်ရင်ဆိုင်လိုက်ရသောအခါ နတ်ဝိညဉ်ရှင်ကြောက်လန့်သွားခဲ့ရသည်။
နှိပ်ကွပ်လွန်းခြင်း!
တကယ်တော့ တစ်ဖက်လူသည် သူထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်ကာ သူ့ကို နောက်ဆုတ်ဖို့သာ သတင်းစကားပါးခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော်…
တစ်ဖက်လူ၏စွမ်းအားကို သူလုံး၀မယှဉ်နိုင်ဘဲ ဆက်တိုက်ခိုက်ပါက သူသေမည်ဖြစ်မှန်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
နောက်ဆုံးတွင် သူသည် မြေလျှောက်အမတတစ်ပါး ဖြစ်၏။ ဤကုန်းမြေတိုက်ကြီးပေါ်တွင်သာမက ပတ်၀န်းကျင်ရှ်ိ ပင်လယ်များတွင်ပါ သူ့ကျင့်ကြံခြင်းသည် ထိပ်တန်းစာရင်း၀င်သူ ဖြစ်ပေသည်။
အချိန်ခဏလေးအတွင်း သူ့စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်သန်းသွားခဲ့၏။
နောက်ဆုံးတော့ သူအေးစက်စက်တစ်ချက် ထေ့ငေါ့လိုက်ကာ အင်္ကျီလက်အိုးကိုယမ်း၍ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
သူမည်မျှ ဂုဏ်သရေရှိရှိ ဆုတ်ခွာသည့်ပုံ ပြနေပါစေ လူတိုင်း၏ မျက်လုံးထဲတွင်တော့ သူသည် ကြောက်လန့်၍ဆုတ်ခွာသွားခြင်းသာ ဖြစ်နေခဲ့၏။
ကုအန် စစ်မှန်သောနတ်ဝိညဉ်ရှင်ကို မသတ်လိုက်ရသည့် အကြောင်းရင်းမှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ၍ ဖြစ်ပြီး လူအများရှေ့တွင် သတ်ဖြတ်ခြင်းမှာ ကောင်းသောအရာမဟုတ်ပေ။ ပထမဆုံးအနေနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ဤနေရာသို့ သက်ရှိများကို ကယ်တင်ရန်ရောက်ရှိနေခြင်းဖြစ်ပြီး ဒုတိယအနေနှင့် သူသတ်ဖြတ်လိုက်ပါက အခြားကြယ်ဂူများမှ ကြီးမြတ်သည့်ကျင့်ကြံသူများကို ဆွဲဆောင်သွားမိစေနိုင်သည်။ ထိုအချက်များကြောင့် ကုအန် မသတ်လိုက်ခြင်း ဖြစ်၏။
တစ်ခံတရံတွင် မသတ်ဖြတ်ခြင်းမှာ သတ်ဖြတ်ခြင်းထက် ပိုကောင်းသော အကျိုးရလာဒ်များကို ရစေနိုင်သည်။
မသတ်ဖြတ်ခြင်းဖြင့် ထိုလူ့စိတ်ထဲ ကြောက်ရွံ့မှုကို ရိုက်သွင်းပေးနိုင်သလို ဘာကြောင့်လဲဟူသော အတွေးများလည်း ပွားများလာမည် ဖြစ်၏။
သတ်ဖြတ်ခြင်းမှာတော့ အဆုံးမသတ်နိုင်သော ရန်ငြှိုးများကိုသာ ဦးတည်သွားစေနိုင်သည်။
ကုအန်မော့ကြည့်လိုက်သောအခါ ကောင်းကင်ပေါ်တွင် ကောင်းကင်ကပ်ဘေးစွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ မကောင်းဆိုးဝါးမိစ္ဆာက ကပ်ဘေးမဖြတ်ကျော်နိုင်တော့သောအခါ ကပ်ဘေးလည်း ဖွဲ့တည်လာတော့မည် မဟုတ်ပေ။
ထို့နောက် ကုအန်လည်း ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခါ ကုအန် ခြေထောက်ကို မှီထားသော ရွှမ်ထျန်းယီ ရုတ်တရက်ရှေ့သို့ ယိုင်ကျသွားခဲ့၏။ ကျိရွှမ်လင်း အမြန်ပင် ရွှမ်ထျန်းယီ နှဖူးမြေကြီးနဲ့ မိတ်ဆက်မသွားခင် ဖမ်းထားပေးလိုက်သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ လုပိုင်ထျန်း အဓိပတိဂိုဏ်းတပည့်များကို ရွှမ်ထျန်းယီကိုကယ်တင်ဖို့ သူ့နောက်လိုက်ခဲ့ကြရန် အော်ပြောလိုက်၏။
တစ်သောင်းကျော်သော ဂိုဏ်းတပည့်များလည်း သူ့နောက်မှ ချက်ချင်းပျံသန်းလိုက်ပါလာခဲ့ပြီး သူ့တို့မျက်နှာတွင်ကြောက်ရွံ့မှု အရိပ်အယောင်နညး်နည်းတောင်ရှိမနေဘဲ စိတ်လှုပ်ရှားမှုများသာ ရှိနေခဲ့သည်။
ဆရာသခင်ဓားအရှင်သာ ရှ်ိနေပါက သူတို့ဘာကို ကြောက်ရွံ့နေရဦးမည်နည်း။
အခြားဂိုဏ်းချုပ်များမှာတော့ အကြည့်ချင်းသာဖလှယ်နေခဲ့ကြ၏။ ဤအဖြစ်အပျက်သည် သူတို့မျှော်လင့်ထားမှုကို ကျော်လွန်နေကာ သူတို့မသိရှ်ိသော သတင်းအချက်အလက်များလည်း ပါ၀င်နေခဲ့သည်။
လျန်ခန်းဟိုင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်၏။
“မင်းဆက်သုံးခုက ဂိုဏ်းတွေ အတူတူ ဆုတ်ခွာကြမယ်”
ပြောပြီးသည်နှင့် သူ ခန်းထျန်ဂိုဏ်းရှိရာသို့ ဦးတည်ပျံသန်းသွားခဲ့လေသည်။
အခြားဂိုဏ်းချုပ်များလည်း အသီးသီး အမိန့်များ ပေးလိုက်ကြ၏။
ဆရာသခင်ဓားအရှင်ကို သူတို့ဘက်တွင်ပါအောင် ဆွဲဆောင်ထားနိုင်မှုသည် သူတို့အတွက် အကြီးမားဆုံး အောင်မြင်မှုကြီးဖြစ်မှန်း သူတို့စဉ်းစားမိနေခဲ့ကြသည်။
ယခုအခါ ဆရာသခင်ဓားအရှင်သည် မြင့်မြတ်ကုန်းမြေနှင့်ပင် ယှဉ်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ!
….
တတိယတောင်ကြားတွင် လုလင်ကျွမ်း ကောင်းကင်ရှိ ပုံရိပ်ယောင်များ တဖြည်းဖြည်းပျောက်ဆုံးသွားသည်ကို ကြည့်နေရင်း သူ့အတွေးများက လက်ရှိအဖြစ်အပျက်ဆီ ပြန်ရောက်ရှိသွားခဲ့၏။
သူမသိစိတ်က ကုအန်ကို နတ်အာရုံသုံး၍ ရှာကြည့်လိုက်ရာ ကုအန်သည် တောင်ကြားတွင် ရှိမနေမှန်း တွေ့လိုက်ရသည်။
သူဆန်းကြယ်တောင်ကြားကိုပါ ရှာဖွေကြည့်လိုက်ရာ တောင်ကြားအနီးရှိ ဝောာတောင်များကြားထဲတွင် သူ့ဆေးပင်များကို စစ်ဆေးနေသော ကုအန်ကို တွေ့လိုက်ရမှ သူသက်ပြင်းချလိုက်နိုင်ခဲ့၏။
သူ့မျက်နှာတွင် အကူအညီမဲ့နေသောအပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။
ယခုလိုအဖြစ်အပျက်ကြီး ဖြစ်ပျက်နေချိန်မှာပင် ကုအန်ဂရုစိုက်သည်မှာ သူ့အပင်များသာ ဖြစ်၏။
ထိုကောင်သည် အမှန်တကယ်ပင် မျှော်လင့်ချက်မရှိခဲ့ပေ။
အတွင်းစည်းမြို့တစ်နေရာတွင် ကျိရှောင်ယု တံစက်မြိတ်အောက်တွက်ရပ်နေကာ ကောင်းကင်ရှိ တဖြည်းဖြညး်ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်နေရင်း သူအကြည့်က ထိုနေရာမှ လွှဲမသွားခဲ့ပေ။
သူစစ်မှန်သောနတ်ဝိညဉ်အရှင်ကို မမြင်ဖူးသော်လည်း ထိုပုဂ္ဂိုလ်၏ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ရာထူးအဆင့်အတန်းကို ခန့်မှန်းနိုင်ပေသည်။
ထိုကဲ့သို့သော စွမ်းအားကြီး တည်ရှိမှုတစ်ခုမှာပင် ဆရာသခင်ဓားအရှင်၏ အတင်းအကြပ်ဆုတ်ခွာခိုင်းခြင်းကို ခံလိုက်ရ၏။
သူမမျက်လုံးထဲ ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့လေသည်။
ဆရာသခင်ဓားအရှင် ရှင်ကတကယ်ပဲ ဘယ်သူများလဲ!
ဤတိုက်ပွဲပြီးသည့်နောက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူတို့ကိုယ်သူတို့ နှိမ့်ချနေထိုင် သွားကြပေလိမ့်မည်။ လတ်တလောတော့ ဆရာသခင်ဓားအရှင်ရှေ့တွင် အရှက်မဲ့သော မကောင်းဆိုးဝါးလုပ်ရပ်များကို ပြောင်ပြောင်တင်းတင်းလုပ်ရဲကြတော့မည် မဟုတ်ပေ။
သို့သော် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ဆရာသခင်ဓားအရှင်ကိုတော့ ဆက်လက်စုံစမ်းနေမည်သာ ဖြစ်ပြီး ထိုနေရာတွင် အဓိပတိဂိုဏ်းထဲရှိ ကျိမိသားစုက သူတို့အသုံးချခံ ကိရိယာများ ဖြစ်လာကြပေလိမ့်မည်။
“ဘိုးဘေးကြီး ဒါကရော ရှင့်မျှော်လင့်ထားမှုအတွင်းထဲမှာပဲလား”
ကျိရှောင်ယု နှုတ်ခမ်းများတွန့်ကွေးသွားပြီး ထိုနေရာမှ လှည့်ထွက်သွားခဲ့၏။ သူထွက်သွားပြီးသည်နှင့် အတွင်းစည်းမြို့ထဲ နားကွဲလုမတတ် ချီးကျူးဂုဏ်ပြုသံများ ထွက်ပေါ်လာခဲ့သည်။
တစ်ကမ္ဘာလုံးတွင်လည်း အောင်ပွဲများ စတင်ကျင်းပကြလေတော့သည်။