အခန်း (၂၁၃-၂၁၄)
Vol. 17 Ch. 213-214
အပိုင်း(၂၁၃)
နားလည်ရခက်အောင်နက်နဲသော ကုအန်
ချောင်တိုင် ကျိဟန်ထျန်း၏စော်ကားပြောဆိုမှုကို ဂရုမစိုက်ဘဲ သူ့အကြည့်က ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဆီတွင်သာ ရောက်နေခဲ့သည်။
လူတိုင်းက သူ့ကိုကြည့်နေကြ၏။ ဤနှစ်များတွင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စိန်ခေါ်ရန် လာရောက်သူအများအပြားရှိသော်လည်း အနည်းငယ်၌သာ သူ့လို စွမ်းအားကြီးအရှိန်အဝါမျိုး ရှိကြပေသည်။
လင်းရှက နံပါတ်၁ ကျင့်ကြံသူ ထိုနာမည်ကလည်း အတော်လေး စိတ်ဝင်စားစရာကောင်း၏။
ချောင်တိုင် စိတ်အေးနေပုံပေါ်သော်လည်း သူ့စိတ်ထဲမှာတော့ ကြောက်ရွံ့နေခြင်းဖြစ်သည်။
ဤနှစ်များအတွင်း ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းက ထိုးတက်နေပြီး သူတို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှာပင် ပျံ့နှံ့နေခဲ့သည်။ ချောင်တိုင် သူ့ကိုယ်သူ ဆရာသခင်ဓားအရှင်၏ပြိုင်ဘက်မဟုတ်မှန်း သိသော်လည်း ပုဆိန်မှာ ဆရာသခင်ဓားအရှင်ထားခဲ့သော ရတနာသာ ဖြစ်၏။ ထို့ကြောင့် သူမနိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။
သူ့ညာလက်ကို မြှောက်လိုက်ကာ ပုဆိန်လက်ကိုင်ကို ကိုင်လိုက်၏။
ထိုအခိုက်တွင် စိတ်ကူးမရအောင်လေးသော လေးလံမှုကို သူခံစားလိုက်ရသည်။
သူ့မျက်ခုံးများ တွန့်ကွေးသွားပြီး ချက်ချင်း အားထည့်လိုက်၏။
ဂျိန်းး ဂျလိန်းးး
ကောင်းကင်ပြုပြင်စင်မြင့်ပင် တုန်ခါလာကာ လူတိုင်းသူ့အားကြောက်လန့်တကြား ကြည့်ရှုနေခဲ့ကြသည်။
ကြည့်ရှုနေသော သူများထဲတွင် ဘယ်ဂိုဏ်းကမဆို ချောင်တိုင့်အား ပုဆိန်ကို မနိုင် မသွားစေလိုကြပေ။
အဓိပတိဂိုဏ်းက တပည့်များသည် သူတို့ဂိုဏ်းမျက်နှာပျက်ရမည်စိုး၍ မမနိုင်စေလိုခြင်းဖြစ်ပြီး အခြားဂိုဏ်းများမှာတော့ အခွင့်အလမ်းကြောင့်ဖြစ်သည်။ ဆရာသခင်ဓားအရှင်၏ အမွေအနှစ်ကို မဆက်ဆံလိုသူ မည်သူရှိမည်နည်း။
ယနေ့အခါတွင် ဆရာသခင်ဓားအရှင်သည် မင်းဆက်သုံးခုလုံး၏ ကိုးကွယ်ရာပုံရိပ်တစ်ခုပင် ဖြစ်လို့နေလေပြီ။
ကုအန်အောက်ရှိ သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း အံ့အားသင့်နေခဲ့၏။ သူလည်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မဖို့ ကြိုးစားကြည့်ချင်ပေသည်။ ယခုအချိန်ထိ သူတွေ့ခဲ့ရသော လူများထဲတွင် သူမကျော်လွန်နိုင်သည်မှာ သူ့ကျောပေါ်မှလူသာ ရှိ၏။
ဤချောင်တိုင်ဆိုသော လူမှာတော့ မတူပေ။ ထိုလူ့ကျင့်ကြံခြင်းမှာ သူ့ထက် မြင့်နေသည်ကိုတော့ သူအာရုံခံမိသည်။
အကယ်၍ ချောင်တိုင်သာ မမနိုင်ပါက သူ့တွင်လည်း မျှော်လင့်ချက်ရှ်ိတော့မည် မဟုတ်ပေ။
ထိုအချက်ကြောင့် သူဆရာသခင်ဓားအရှင်ကို ပို၍ပင် ကြောက်လန့်လာခဲ့သည်။
ဓမ္မရတနာတစ်ခုကို စင်မြင့်ပေါ်တွင် နှစ်ပေါင်းများစွာထားခဲ့ပြီး ဘယ်သူကမှ ထိုရတနာကို မနိုင်ဖို့ နေနေသာသာ ရွေ့အောင်ပင် မလုပ်နိုင်ခဲ့ပေ။ ထိုအရာက အတော်လေး ကြောက်စရာကောင်းလှ၏။
ချောင်တိုင် သူ့လျှို့ဝှက်သိုင်းများကိုပင် စတင်ထုတ်သုံးလာသောကြောင့် သူ့အရှိန်အဝါထိုးတက်လာပြီး အပြင်စည်းမြို့ကြီးတစ်ခုလုံးပင် တုန်ခါလာခဲ့ရသည်။
အဓိပတိဂိုဏ်းရှိ ကြီးမြတ်သည့် ကျင့်ကြံသူများမှာတော့ ပြုံး၍သာ ကြည့်ရှုနေခဲ့ကြ၏။
သူ့အဟုန်မှာ ကြောက်စရာကောင်းသော်လည်း အသုံးမ၀င်လှပေ။
အကယ်၍ ပုဆိန်ကို မမနိုင်လျှင် မမနိုင်ခြင်းသာ!
ကျိုးယိကျင်းလည်း လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ဒီလောက် စွမ်းအားအကန့်အသတ်လေးနဲ့ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စိန်ခေါ်ရဲသေးတယ်လား!
နောက်ဆုံးတွင် ချောင်တိုင်သည် ရွှမ်ထျန်းယီနှင့် ကျိရွှမ်လင်းတို့လို မဟုတ်ခဲ့ပေ။ အသက်ရှူကြိမ်အနည်းငယ် အကြာတွင် သူ့အဟုန်မှာ ပျောက်ကွယ်သွားခဲ့လေသည်။
သူမတ်မတ်ပြန်ရပ်လိုက်ပြီး သူ့ညာလက်ကို ရုတ်လိုက်ကာ ပြောလိုက်သည်။
“မျှော်လင့်ထားသလိုပါပဲ ဆရာသခင်ဓားအရှင် ကျုပ် ချောင်တိုင် အရှုံးကို လက်ခံပါတယ်”
သူ့အသံသည် အပြင်စည်းမြို့တစ်ခုလုံးတွင် ဟိန်းထွက်သွားစေခဲ့သည်။
သူ့စကားလံုးများသည် မာနကြီးဟန်ပေါ်သော်လည်း လူအများအပြားက သူဘယ်သူမှန်း မကြားဖူးသောကြောင့် ဘယ်သူမှန်း သိချင်နေခဲ့ကြ၏။ သို့သော် သူထုတ်ပြခဲ့သော အဟုန်ကြောင့် ဘယ်သူမှတော့ သူ့ကိုမစော်ကားရဲကြပေ။
ချောင်တိုင့်ကို မစော်ကားရဲကြသောကြောင့် သူတို့ ဆရာသခင်ဓားအရှင်ကိုသာ ချီးကျူးကြလေတော့သည်။
ရုတ်တရက် ကောင်းကင်ပြုပြင်စင်မြင့်သည် အသက်၀င်လာပြီး လူတိုင်းက ဆရာသခင်ဓားအရှင်၏ ခွန်အားအကြောင်း ဆွေးနွေးနေခဲ့ကြ၏။
ချောင်တိုင်ကျိဟန်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ဂိုဏ်းချုပ်ဘယ်မှာလဲ ငါသူနဲ့ တွေ့ချင်တယ်”
ကျိဟန်ထျန်း ခေါင်းညိတ်ပြလိုက်ကာ ချောင်တိုင့်ကိုလိုက်ခဲ့ဖို့ပြောလိုက်ပြီး သူတို့နှစ်ယောက် မြို့ထဲမှ ပျောက်ကွယ်သွားခဲ့၏။
ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင့် ကျောကိုပုတ်ကာ ပြန်ဖို့ အချက်ပြလိုက်သည်။
အပြင်စည်းမြို့ထဲမှ ထွက်ခွာလာသောအခါ ကုအန် ပျင်းရိစွာ ပြောလိုက်၏။
“နှစ်အနည်းငယ်အတွင်း ငါမင်းကို အဆင့် ၂ရောက်ခွင့်ပေးပြီး လူသားစကား ပြောနိုင်အောင် လုပ်ပေးမယ်”
ထိုစကားကိုကြားသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်၏ မျက်နှာတောက်ပသွားခဲ့သည်။
စကားမပြောနိုင်ခြင်းမှာ အမှန်တကယ်ပင် စိတ်ညစ်စရာကောင်းလှသည်။
နေ့တိုင်းသူ့ကို လာပွတ်သတ်နေသော လူများကို ပြန်ဆဲဖို့ သူမစောင့်နိုင်ဝောာ့ပေ။
“ဒါပေမယ့် မှတ်ထား မင်းပြောလို့ရတဲ့စကားနဲ့ ပြောလို့မရတဲ့စကားဆိုပြီး ရှိတယ်”
ကုအန် သတိပေးလိုက်သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် ခေါင်းညိတ်ပြလိုက်၏။ တကယ်တော့ ကုအန် ဘယ်လောက်သန်မာမှန်း သူပင်သေချာမသိသောကြောင့် သူပြောနိုင်တာလည်း သိပ်တော့ ရှိမနေပေ။
…….
နေ့ရက်များ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့ပြီး နွေရာသီအဆုံးသို့ ရောက်ရှိလာခဲ့၏။
ဆန်းကြယ်တောင်ကြား မြောက်ပိုင်းရှိ တောင်ထိပ်တစ်လုံးပေါ်တွင် ကုအန် ချူကျင့်ဖုန်းနှင့် ဓားသိုင်း လေ့ကျင့်နေခဲ့သည်။
သူ့ဓားကို လွှဲယမ်းနေရင်း ကုအန်နတ်အာရုံက ကုန်းမြေတိုက်ကြီး၏ အတွင်းအပြင် ကြည့်ရှုနေခဲ့၏။
ထိုစဉ် သူကောင်းကင်ပေါ်မှ ကောင်းကင်ဈာန်အမတတစ်ပါး ကောင်းကင်၏ အရှေ့ဘက်စွန်းသို့ ဆင်းသက်သွားသည်ကို တွေ့လိုက်ရသည်။
ဤနှစ်များအတွင်း သူကောင်းကင်နှင့်မြေပြင်တစ်ခွင် သွားလာနေသော ပုံရိပ်များစွာကို တွေ့ခဲ့ရသည်။ ကောင်းကင်ဈာန်အမတများသည် ရှားပါးသော်လည်း နေ့တိုင်း အနည်းဆုံး တစ်နေ့တစ်ယောက်တော့ တွေ့ခဲ့ရ၏။ ထိုအရာက ဤကမ္ဘာကြီးမည်မျှကျယ်ပြန့်သလဲဆိုတာကို ပြသနေခဲ့သည်။ ကောင်းကင်ဈာန်အမတများသည် ကမ္ဘာပေါ်တွင် အသန်မာဆုံး မဟုတ်ကြပေ။
ကောင်းကင်ဈာန်အမတအဆင့်သို့ရောက်သည့်တိုင်အောင် ကုအန် နတ်အာရုံက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးအုပ်မထားနိုင်ခဲ့ပေ။
ဤနေရာကို မဟာကောင်းကင်စိတ်ဝိညဉ်နယ်မြေလို့ခေါ်ကြတာ အံ့ဩစရာတော့ မဟုတ်ပေ။ ဤသေမျိုးကမ္ဘာကြီးမှာ အတော်လေး ကျယ်ပြန့်လှပေသည်။
တခဏကြာသောအခါ ကုအန် အလွန်ကျယ်ပြန့်လှသော အရှိန်အဝါကြီးတစ်ခုကို အာရုံခံလိုက်မိ၏။ ထိုအရာသည် အရှေ့ဘက်မှလာခြင်းဖြစ်ပြီး အမတရှာဖွေကျွန်းထက်ပင် ဝေးလံသော အရပ်က ဖြစ်သည်။
သို့သော် ထိုအရှိန်အဝါက သူ့နှလုံးသားကို တုန်ခါသွားစေခဲ့၏။
စွမ်းအားကြီးလိုက်တာ!
ထိုအရာသည် သက်ရှိတစ်ယောက်၏ အရှိန်အဝါနဲ့တော့ မတူလှပေ။ ကြည့်ရသည်မှာ အထွတ်အထိပ်ရတနာတစ်ခု၏ အရှိန်အဝါ ဖြစ်ပုံပေါ်သည်။
ကောင်းကင်အလွန်မှ တစ်ယောက်ယောက်သည်
ထိုဆန်းကြယ်သော ရတနာအတွက် ရောက်ရှိလာခြင်း ဖြစ်နိုင်ပါသလော!
ထိုအရာသည် ဖြစ်နိုင်ချေရှ်ိပေသည်။
ထိုစဉ် ချူကျင့်ဖုန်း ဓားကိုပြန်သိမ်းလိုက်ပြီး မောဟိုက်နေသံဖြင့် ပြောလိုက်၏။
“ငါပင်ပန်းနေပြီ မင်းနဲ့မယှဉ်နိုင်တော့ဘူး”
သူကုအန်အား ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်နေမိသည်။
သူသိသိသာသာ တိုးတက်လာသည်ဟုခံစားရတိုင်း သူကုအန်နှင့် ဓားသိုင်းဖလှယ်လေ့ရှိ၏။ အကြိမ်တိုင်းလည်း သူနိုင်တော့မလိုဖြစ်ခဲ့သော်လည်း နောက်ဆုံးတော့ ရှုံးသွားရစမြဲသာ။
သူတို့နှစ်ယောက်လုံးသည် စိတ်ဝိညဉ်စွမ်းအားအသုံးမပြုဘဲ ချီသက်သက်ဖြင့် ဓားသိုင်းသာ ယှဉ်ကြခြင်း ဖြစ်၏။
ကုအန်ပြုံးလိုက်ကာ “နည်းနည်းပဲလိုတော့တယ် မင်းအရင်ထက် အများကြီး ပိုသန်မာလာတယ်”
ချူကျင့်ဖုန့် နှဖူးမှချွေးများကိုသုတ်လိုက်ပြီး ကုအန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းလည်းတိုးတက်လာတယ်လို့ ဆိုလိုတာလား ဒါမှမဟုတ် မင်းကအရင်ကတည်းက မင်းစွမ်းအားကို ထိန်းချုပ်ထားတာလား”
ကုအန်သည် နားလည်ရခက်လောက်အောင် နက်နဲသည်ဟုပင် သူခံစားလာခဲ့ရသည်။ အစကတော့ သူ့ကို ဒီတိုင်းကောင်းမွန်သောလူတစ်ယောက်ဟူ၍သာ နားလည်ထားခြင်းဖြစ်သော်လည်း အခုတော့ ကုအန်သည် ပါရမီရှင်တစ်ယောက် သို့မဟုတ် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသူ တစ်ယောက်ဟူ၍ပင် သူထင်လာခဲ့မိသည်။
ကုအန်တို့ လောဘမိစ္ဆာနှင့်ရင်ဆိုင်ခဲ့ရတုန်းက အချိန်ကိုပင် သူပြန်တွေးမိသွားခဲ့သည်။ ထိုတုန်းက လောဘမိစ္ဆာကိုတစ်ယောက်ယောက်က သတ်ပြီး ကုအန်ကို ကူညီပေးသွားခြင်းဖြစ်၏။ ထိုစဉ်က လောဘမိစ္ဆာကိုသတ်ခဲ့သူမှာ ကုအန် ကိုယ်တိုင်ဖြစ်သလားဟူ၍ပင် သူတွေးနေခဲ့မိသည်။
ကုအန် ရယ်မောလိုက်၏။
“ဟေး ငါက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ နော် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်တော့မှာ မင်းကို နိုင်တာ သာမန်ပဲမဟုတ်လား မမေ့နဲ့ဦး ငါက ရွှေစာရင်းက အဆင့် ၅၀၀ မြောက်ပုဂ္ဂိုလ်ကွ!”
ကုအန်၏ ကျေနပ်နေသောပုံစံကိုကြည့်ပြီး ချူကျင့်ဖုန်း ခေါင်းယမ်းကာ မရယ်ဘဲ မနေနိုင်တော့ပေ။
သူေပြာတာ ဟုတ်တာပဲလေ ငါဘာလို့အတွေးတွေလွန်နေပါလိမ့်!
ဘာပဲဖြစ်ဖြစ်သူသည် ယခုအခါ ဒုက္ခိတတစ်ယောက်သာဖြစ်ပြီး လူတိုင်းထက် အားနည်းပေသည်။
ချူကျင့်ဖုန်းနှင့် ခဏကြာ စကားပြောပြီးသည့်နောက် ကုအန် ကောင်းကင်စံအိမ်ဓာကိုစီးနင်း၍ တောင်ပေါ်မှ ဆင်းသွားခဲ့ပြီး ချူကျင့်ဖုန်းမှာတော့ တရားထိုင်ပြီးသာ ခုနကတိုက်ပွဲမှ ရခဲ့သော အတွေ့အကြုံများကို သုံးသပ်နေခဲ့သည်။
နောက်တစ်နေ့မနက်တွင် မိုးကောင်းကင်အောက် နံပါတ် ၁ ကျင့်ကြံခြင်း ပြိုင်ပွဲကြီးကို တရား၀င်စတင်ခဲ့လေသည်။ ထိုပွဲတွင် ကျင့်ကြံသူနှင့်မိစ္ဆာပေါင်း ၅၀၀၀၀ ကျော်စာရင်းပေးသွင်းခဲ့ပြီး အဆင့်ပေါင်းစုံမှ လူများ ပါ၏။ မဟာယနအဆင့်များပင် ၀င်ပြိုင်ကြပေသည်။
ကုအန်တော့ ၀င်မပြိုင်ခဲ့ပေ။ ထိုအစား ထျန်းယတောင်ကြားသို့သွားပြီးသာ ဆေးပင်များ ရိတ်သိမ်းခဲ့၏။
ဤနှစ်တွင် သူ့သက်တမ်း ၇သန်းရောက်ဖို့ ရည်ရွယ်ထားခဲ့သည်။ ဆယ်သန်းပြန်ကျော်သွားလျှင်တော့ သူ သန်းတစ်ရာကို ရောက်ဖို့သာ မျှော်လင့်ရပေတော့မည်။
သန်းတစ်ရာပြည့်လျှင် သူ့အတွက် လုပ်ဆောင်ချက်အသစ်များ ရရှ်ိလာမည်ဖြစ်သည်။
ထိုအတွေးကပင် ကုအန်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
…….
ကောင်းကင်သည် ကြည်လင်နေပြီး သမုဒ္ဒရာကြီးသည် အဆုံးမဲ့တည်ရှိနေခဲ့သည်။ အမတရှာဖွေကျွန်းသည် အဆုံးမဲ့သော သမုဒ္ဒရာထဲတွင် ဖုန်မှုန့်သဖွယ်တည်ရှိနေသည်ဟုထင်ရသော်လည်း သေချာအနီးကပ်ကြည့်လျှင်တော့ ကျွန်းအရွယ်အစားမှာ ထင်ရှားပေသည်။
ကုအန် အမတရှာဖွေကျွန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လွန်ခဲ့သော သုံးနှစ်က သူစုဆောင်းထားခဲ့သော ထိပ်တန်းအဆင့်စိတ်ဝိညဉ်ကျောက်တုံးများသုံးကာ လိုအပ်သော ဆေးပင်များ ၀ယ်ယူနေခဲ့သည်။
သူရီလန်နှင့်ရှောင်ချွမ်တို့အတွက် အဆင့်မြင့်ဆေးအချို့လည်း ၀ယ်ယူဖို့ စီစဉ်ထားခဲ့သည်။ အခြားသူများအတွက်တော့ သူဒီနည်းလမ်းဖြင့် ကူညီမည်မဟုတ်ပေ။ သူတို့အတွက်က ကုအန် သန့်စင်ထားသောဆေးများလောက်နှင့် လုံလောက်၏။
ဟူရှောင်ကျင်း ကုအန်အား တက်တက်ကြွကြွပင် လမ်းပြပေးနေခဲ့သည်။
“စကားမစပ် စီနီယာ လွန်ခဲ့တဲ့ လပေါင်းများစွာတုန်းက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းကြား ပဋိပက္ခတစ်ခု ဖြစ်ခဲ့တယ် အဲ့အကြောင်းကြားပြီးပြီလား” ဟူရှောင်ကျင်း စိတ်လှုပ်ရှားနေဟန်ဖြင့် ရုတ်တရက် မေးလိုက်၏။
ကုအန်ဖြေလိုက်သည်။
“ငါတံခါးပိတ်ကျင့်ကြံနေတာ အဲ့ကိစ္စကို သတိမထားမိလိုက်ဘူး သူတို့ကဘာလို့ ပြဿနာဖြစ်ကြတာလဲ”
ဟူရှောင်ကျင်း အသံနှိမ့်လိုက်ကာ
“ပြောကြတာတော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကြယ်ပင်လယ်အဖွဲ့အစည်းက တပည့်တစ်ယောက်ကို သတ်လိုက်တယ်တဲ့ အဲ့တာကြောင့် ကြယ်ပင်လယ်အဖွဲ့အစည်းက ကျင့်ကြံသူတစ်ဖွဲ့က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေပိုင်တဲ့ ကျွန်းတစ်ကျွန်းကို တိုက်ခိုက်ခဲ့ကြတယ် သူတို့က သုံးရက်သုံးည တိုက်ခိုက်ခဲ့ကြတာ လူတွေကတော့ သူတို့အဖွဲ့အစည်းနှစ်ခု စစ်ပွဲဖြစ်တော့မယ်လို့ ပြောနေကြတယ် သူတို့ငြိမ်းချမ်းရေးယူထားကြတာ နှစ်ငါးသောင်းလောက်ရှိနေပြီ ဒီသတင်းက မှန်မမှန် ဘယ်သူသိမှာလဲ”
“တကယ်လို့ သူတို့သာ စစ်ပွဲဖြစ်ရင်တော့ ဒီသမုဒ္ဒရာလည်း ငြိမ်းချမ်းမှာမဟုတ်တော့ဘူး”
ကုအန်အရင်ဆုံး တွေးလိုက်မိသည်မှာ ရွှမ်ထျန်းယီ ဖြစ်သည်။
ရွှမ်ထျန်းယီ၏ လုပ်နိုင်စွမ်းသည် ထိုမျှပင် ရှိနေပါသလော။
ပြန်တွေးကြည့်သည့်အခါတွင်တော့ အသက်ရာဂဏန်းသာရှိသော မဟာယနအဆင့်ကျင့်ကြံသူသည် အမှန်တကယ်ပင် ရှား၏။ သမုဒ္ဒရာထဲတွင်ပင် ထိုသို့သော ကျင့်ကြံသူမျိုးကို ထိပ်တန်းအဆင့် ပါရမီရှင်ဟု သတ်မှတ်၍ ရပေသည်။
သူတို့နှစ်ယောက် စကားတပြောပြောနှင့် ရှေ့ဆက်လာခဲ့ကြ၏။
တစ်နာရီခန့်ကြာသောအခါ ကုအန် သူ့စိတ်ဝိညဉ်ကျောက်တုံးများအားလုံးသုံး၍ လိုအပ်သည်များ ၀ယ်ပြီးသွားခဲ့ချေပြီ။
သူ့ပိုင်ဆိုင်မှုများအားလုံးကို သူ့ဂျူနီယာညီလေး ညီမလေးများအတွက် သုံးလိုက်ရခြင်းအပေါ် ကုအန် နောင်တရခြင်းတော့ ရှိမနေပေ။ သူတို့သည် နောက်ဆုံးတွင်သေဆုံးရန် ကံကြမ္မာက ပြဌာန်းထားပြီး ဖြစ်သော်လည်း သူတို့အတွက် နှစ်ပေါင်း ရာဂဏန်း ထောင်ဂဏနး်လောက် အသက်ရှည်အောင်တော့ သူကူညီချင်သေးသည်။
ထို့နောက် ဟူရှောင်ကျင်းနှင့်လမ်းခွဲပြီး ကုအန် ကျွန်းပေါ် တစ်ယောက်တည်း လှည့်ပတ်ကြည့်ရှုနေခဲ့၏။
အမတရှာဖွေကျွန်းသည် ကြီးမားလွန်းကာ မြို့ပေါင်းများစွာ ရှိပေသည်။ ကျင့်ကြံသူများ မိစ္ဆာများ နေရာတိုင်းတွင်ရှိနေပြီး မြို့တိုင်းမှာ စည်ကားလှ၏။
ရုတ်တရက် ကုအန်တစ်ယောက်ယောက်ကို သတိထားမိလိုက်သည်။ ထိုလူ၏ အ၀တ်အစားများမှာ ထူးဆန်းလှသောကြောင့် ကုအန် အလိုလိုသက်တမ်းစစ်ဆေးခြင်း သုံးလိုက်မိ၏။
[လက်ကိုးချောင်းနတ်အရှင်(မြေလျှောက်အမတအဆင့် ၂): ၁၇၀၈၀၀/၁၉၀၀၀၀/၈၀၀၀၀၀]
ဟမ်!
သက်တမ်း ၁၇၀၀၀၀!
တကယ်ကြီး သက်တမ်းအကန့်အသတ်က ၈၀၀၀၀၀ လား!
ကုအန် ရှုပ်ထွေးသွားခဲ့ရ၏။ ထိုလူ၏ ပြသထားသော ကျင့်ကြံခြင်းမှာ မဟာယနအဆင့်သာ ဖြစ်ပေသည်။ ကုအန်လို ကောင်းကင်ဈာန်အမတတစ်ပါးပင် သူ့ကျင့်ကြံခြင်းအစစ်ကို ဖောက်မမြင်နိုင်ခြင်းက ထိုလူ၏ သာမန်မဟုတ်မှုကို ပြသနေခဲ့သည်။
ဒါပေါ့ ထိုလူသည် မြေလျှောက်အမတတစ်ပါးသာ မဟုတ်ဘဲ သူ့ကျင့်ကြံခြင်းသည်အကြောင်းပြချက်အချို့ကြောင့် လျှောကျနေခြင်းလည်း ဖြစ်နိုင်၏။
ထိုအရာက ပိုဖြစ်နိုင်သည်ဟု ကုအန်ထင်မိသည်။ ထို့နောက် သူပြန်လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်သွားခဲ့၏။
သို့သော်လက်ကိုးချောင်းနတ်အရှင်မှာတော့ ရပ်တန့်ခဲ့သည်။ သူသည် အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ထားကာ သူ့၀တ်စုံသည် ဟောင်းနွမ်းနေပုံပေါ်ပြီး ခေါင်းတွင်လည်း ဝါးခမောက်တစ်လုံးကို ဆောင်းထားခဲ့၏။ သူ့ကျောတွင်မူ သစ်သားသေတ္တာကြီးတစ်လုံးရှိနေခဲ့သည်။
သူနောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ဝါးခမောက်အောက်ရှ်ိ မျက်ခုံးများ တွန့်ကွေးသွားပြီး သူ့မျက်လုံးထဲ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ငါအမြင်မှားသွားတာလား!”
လက်ကိုးချောင်းနတ်အရှင် တစ်ယောက်ယောက်က သူ့ကိုကြည့်နေသည်ဟု ခံစားခဲ့ရပြီး ပြန်လှည့်ကြည့်သောအခါတွင်တော့ ဘယ်သူကမှ ကြည့်မနေခဲ့ပေ။
ဤလမ်းပေါ်တွင် အသန်မာဆုံးလူမှာလည်း အချုပ်အနှောင်မဲ့အမတအဆင့်သာ ရှိ၏။
ထို့နောက် သူ့အကြည့်ကို ပြန်လွှဲလိုက်ပြီး သူ့လမ်းကိုသာ ဆက်သွားခဲ့လေသည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ
သူစံအိမ်တစ်လုံးထဲသို့ ရောက်ရှိလာခဲ့ပြီး ခြံ၀န်းထဲတွင် ခရမ်းရောင်၀တ်စုံ၀တ်လူတစ်ယောက်နှင့် တွေ့ခဲ့၏။
“စီနီယာ ကျေးဇူးပြုပြီး ထိုင်ပါဦး” ခရမ်းရောင်၀တ်လူပြံုးကာ ရိုရိုသေသေပြောလိုက်သည်။
လက်ကိုးချောင်းနတ်အရှင် ထိုင်ကာ သူ့သစ်သားသေတ္တာကြီးကို ဘေးတွင်ချထားလိုက်၏။ ထို့နောက် သူခပ်အေးအေးပြောလိုက်သည်။
“မင်းမှာငါနဲ့ဘာစီးပွားရေး လုပ်စရာရှ်ိလို့လဲ”
ခရမ်းရောင်၀တ်လူ ထိုင်ချလိုက်ပြီး ညာလက်ကိုဝေ့ယမ်းလိုက်ရာ ခရမ်းရောင်အလွှာတစ်ခုပေါ်ပေါက်လာကာ ခြံ၀န်းကိုဖုံးအုပ်သွားပြီး ပြန်ပျောက်သွားခဲ့၏။
သူလက်ကိုးချောင်း နတ်အရှင်ကိုကြည့်လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“စီနီယာ ကျွန်တော်စီနီယာ့ကို စီနီယာအရင်ကရှာဖွေခဲ့တဲ့ အထွတ်အထိပ်အမတရတနာ တစ်ပါးဆီကို ခေါ်သွားပေးနိုင်တယ် ဒါပေမယ့် ပြဿနာတော့ရှိနေတယ် အဲ့ဒီကိစ္စက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ပတ်သက်နေတယ် စီနီယာ စွန့်စားရဲလား”
အပိုင်း(၂၁၄)
ထူးဆန်းသောအရှိန်အဝါ
လက်ကိုးချောင်းနတ်အရှင်ကို ကျော်သွားပြီးသည့်နောက် ကုအန် အမတရှာဖွေကျွန်းမှ ပြန်လာခဲ့သည်။
ယခုအချိန်တွင် လက်ကိုးချောင်းနတ်အရှင်သည် သူ့ကို မခြိမ်းခြောက်နိုင်သော်လည်း ထိုလူ့ ၁၇၀၀၀၀ ဟူသော သက်တမ်းကြောင့် ကုအန် သူနှင့် မပတ်သက်လိုပေ။
ကုအန်သည် စွမ်းအားကြီးသောသူများနှင့် အဆက်အသွယ်မလုပ်လိုပေ။ သူ ပြဿနာများကို အဝေးမှသာ ရှောင်လို၏။
အဓိပတိဂိုဏ်းသို့ပြန်ရောက်သည့်နောက် ကုအန် မိုးကောင်းကင်အောက်နံပါတ် ၁ ကျင့်ကြံခြင်းပြိုင်ပွဲအား စောင့်ကြည့်ခဲ့ပြီး ထိုပြိုင်ပွဲမှာ အတော်လေး စိတ်၀င်စားစရာ ကောင်းလှသည်။
အဓိပတိဂိုဏ်းသည် မတူညီသောအဆင့်များအလိုက် ရတနာများကို ဖန်တီးပေးထားပြီး ထိုရတနာများမှာ ရွှမ်ထျန်းယီ ပင်လယ်ရပ်ခြားဒေသမှ ယူလာခြင်း ဖြစ်သည်။ ထိုထဲတွင် အလေးလံဆုံးမှာ မဟာယနအဆင့်ဓမ္မရတနာဖြစ်ပြီး တောင်တစ်လုံးလောက်ပင် လေးလံ၏။
ထို့ကြောင့် အဓိပတိဂိုဏ်းသည် ပြိုင်ပွဲတွင်း မြေပြင်အက်ကွဲမသွားစေရန် အထူးနေရာတစ်ခုကို ပြင်ဆင်ပေးထားခဲ့သည်။
ပြိုင်ပွဲသည် တစ်ယောက်ချင်းတိုက်ခိုက်သည့် ပြိုင်ပွဲမဟုတ်သောကြောင့် လ၀က်အတွင်း ပြီးဆုံးသွားခဲ့၏။ ပထမနေရာကို ချောင်တိုင်ကသိမ်းပိုက်သွားခဲ့ပြီး မဟာသူတော်စင်ဘွဲ့ကို ရရှိသွားခဲ့သည်။
ထို့နောက် ချောင်တိုင်သည် အဓိပတိဂိုဏ်းသို့ ၀င်တော့မည်ဟု ကြေငြာခဲ့ပြီး ထိုကြေငြာချက်ကြောင့် ကုအန်ပင် အံ့အားသင့်သွားခဲ့ရ၏။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မည်သည့်အရာလုပ်ဖို့ ကြံရွယ်နေသနည်း။
အကြောင်းပြချက်မရှိဘဲ အဓိပတိဂိုဏ်းသို့ မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ပို့လိုက်ခြင်း ဖြစ်နိုင်ပါသလော။
သို့မဟုတ် သူတို့သည် နယ်ရုပ်တစ်ရုပ်ပျိုးထောင်ရန် ကြံစည်နေခြင်း ဖြစ်နိုင်ပါသလော။
ကုအန်ထိုကိစ္စကို လုပိုင်ထျန်းကို သွားမမေးခဲ့ပေ။ အကယ်၍ ချောင်တိုင့်တွင် မကောင်းသောရည်ရွယ်ချက်တစ်ခုခုရှိနေလျှင်ပင် သူမကြောက်ပေ။
သူ့အတွက် နတ်ဝိညဉ်ရှင်ကို သတ်ဖို့ တစ်ချက်ပဲလိုသလို ချောင်တိုင့်အတွက်လည်း အတူတူသာ ဖြစ်၏။
သို့သော်လည်း ဆောင်းဦးကာလသို့ရောက်ချိန်တွင် ကျိဟန်ထျန်းသည် ချောင်တိုင့်အား ကုအန်ဆီခေါ်လာခဲ့သောကြောင့် ကုအန် သူ့ကိုအိမ်ထဲခေါ်တွေ့ခဲ့ရသည်။
ချောင်တိုင်စားပွဲတွင် ထိုင်လိုက်ကာ အခန်းတွင်း ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်ပြီး မေးလိုက်၏။
“မင်းက ဖန်းအန် လား”
ကုအန် စားပွဲဆီသို့ လက်ဖက်ရည်အိုးသယ်လာနေရင်း တုန့်ပြန်လိုက်သည်။
“ကျွန်တော်က ဖန်းအန်ပါ စီနီယာ ဘာကိစ္စကြောင့်ရောက်လာတာလဲ သိပါရစေ”
ကျိမိသားစုသည် သူတို့အင်အားစုများကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသို့ ပြောင်းခဲ့ပြီး ယခုအခါ ကျိဟန်ထျန်းက သူ့ဆီ ချောင်တိုင့်ကို ခေါ်လာခြင်းကြောင့် ကုအန် အတွေးနက်သွားမိသည်။
“ထိုင်ပြီး ပြော” ကျိဟန်ထျန်း နွေးနွေးထွေးထွေးပြုံးကာ ပြောလိုက်ပြီး သူတို့နှစ်ယောက်လုံးအတွက် လက်ဖက်ရည်ပင် ငှဲ့ပေးလိုက်သေးသည်။
ကုအန်လည်း ထိုင်လိုက်ပြီး ချောင်တိုင့်ကိုကြည့်လိုက်၏။
ချောင်တိုင်သူ့ကို အသေးစိတ် အကဲခတ်နေရင်း မေးလိုက်သည်။
“မင်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ မြင့်မြတ်ကုန်းမြေကို ဘယ်လိုထင်လဲ”
ချောင်တိုင် မေးလိုက်၏။
ကုအန်ကြောင်အသွားပြီး ပြန်ဖြေလိုက်သည်။
“မြင့်မြတ်ကုန်းမြေဖြစ်တဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ပုံမှန်အားဖြင့်တော့ ကျွန်တော်လေးစားပါတယ် စီနီယာက ဘာလို့ အဲ့ဒီမေးခွန်းကို မေးရတာလဲ”
ချောင်တိုင်ပြောလိုက်သည်။
“မင်းစာအုပ်ထဲက တခြမ်းစောင်းလကြယ်သုံးလုံးဂူက အရှင်ဖူးတိ ဆိုတာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ဂါရ၀ထားပြီး ရေးထားတာမဟုတ်လား”
အရှင်ဖူးတိသည် အနောက်အရပ်သို့ခရီးသွားခြင်းထဲက စွန်းဝူခုံး၏ ဆရာဖြစ်၏။ ယခုအခါ အနောက်အရပ်သို့ခရီးသွားခြင်းသည် ပေါက်နေသောကြောင့် အရှင်ဖူးတိနာမည်ကိုလည်း မကြာခဏ ပြောလေ့ရှိကြသည်။
ကုအန် ခေါင်းညိတ်ပြလိုက်၏။
ကုအန် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ချောင်တိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။
“တကယ်တော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက မင်းထင်သလောက် ကောင်းတဲ့နေရာမဟုတ်ဘူး”
ထိုစကားကြားသောအခါ ကုအန် သူ့ကိုအံ့ဩတကြီး ကြည့်လ်ုက်မိ၏။
ဤအရာသည် ဘာကိုဆိုလိုနေပါသနည်း။
ချောင်တိုင်သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအပေါ် အငြှိုးတစ်စုံတစ်ရာ ရှိနေခြင်းပေလော။
ကျိဟန်ထျန်းလည်း၀င်ပြောလိုက်၏။
“လွန်ခဲ့တဲ့ ကပ်ဘေးက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ပတ်သက်နေတယ် ငါတို့မင်းကို ဒါတွေပြောပြတယ်ဆိုတာက မင်းကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို အရမ်းယုံနေမှာစိုးလို့ပဲ နောက်ပြီး မင်းကိုပြောစရာအချို့လည်း ရှိသေးတယ်”
ကုအန် တုန့်ပြန်သည်ကိုပင် မစောင့်တော့ဘဲ ကျိဟန်ထျန်း မိစ္ဆာဘိုးဘေးနှင့် မကောင်းဆိုးဝါးမိစ္ဆာ၏ မူလဇာတ်ကြောင်းကို ရှင်းပြလိုက်ပြီး ကုအန်လည်း ကြောင်အသွားခဲ့ရသည်။
ကုအန် ထိုအကြောင်းကိုအရင်ကတည်းက သိပြီးသားဖြစ်သော်လည်း သူတို့ရှေ့တွင်တော့ ထိုအမူအရာပြရန်လိုသေး၏။
ကျိဟန်ထျန်းပြောပြီးသောအခါ ချောင်တိုင်ပြောလိုက်သည်။
“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ လုပ်ရပ်တွေကငါ့ကို အတော်လေး ရွံရှာသွားစေခဲ့တယ် ငါအမတကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းကတည်းက ငါ့ရည်ရွယ်ချက်က ကမ္ဘာကြီးကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ပဲ အဲ့တာကလည်း ငါကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ၀င်ခဲ့ရတဲ့ အကြောင်းအရင်းပဲ ဒါပေမယ့် ငါ့မိတ်ဆွေတစ်ယောက်က သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်ခဲ့တယ် သူက အရင်က အဓိပတိဂိုဏ်းကိုရောက်လာလို့ ဆရာသခင်ဓားအရှင်သတ်တာခံလိုက်ရတဲ့ ဘိုးဘေးရဲ့ လင်းမိသားစုကပဲ နောက်တော့ မကောင်းဆိုးဝါးမိစ္ဆာကပ်ဘေးအတွင်း လင်းမိသားစုက အကြီးအကျယ်ဆုံးရှုံးသွားခဲ့ရတယ်”
“အဲ့တာကို အခွင့်ကောင်းယူပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေထဲက သူတို့ ပြိုင်ဘက်တွေက သူတို့ကို ရှင်းလင်းဖို့ကြိုးစားခဲ့ကြတယ် အဲ့ဒီအချိန်မှာ ငါ့မိတ်ဆွေက သူထွက်ပြေးမသွားခင် ကြယ်ခြောက်လုံးဂူ အထက်လူကြီးတွေရဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်သွားခဲ့တယ် ဒါပေမယ့် ငါအဲ့ဒီကိစ္စတွေကို ယုံကြည်နိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်”
လင်းမိသားစု ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ စွန့်ပစ်ခံလိုက်ရမှုကို ကြားလုိက်ရသောအခါ ကုအန် သက်ပြင်းချလိုက်မ်၏။
ဒါပေါ့ လင်းမိသားစုသုတ်သင်ခံလိုက်ရခြင်းက မထိုက်တန်တာတော့ မဟုတ်ပေ။ ခွေးအချင်းချင်း ကိုက်ကြရုံသာ ဖြစ်သည်။
ကုအန် မျက်ခုံးများ တွန့်ကွေးသွားကာ ပြောလိုက်၏။
“ကျွန်ေတာ်က အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူလေးတစ်ယောက်ပါပဲ ဘာလို့ကျွန်တော့်ကို ဒါတွေလာပြောပြတာလဲ ကျွန်တော်စီနီယာ့ကို မကူညီနိုင်ပါဘူး ဖန်းအန်နာမည်ကိုသုံးပြီး မြင့်မြတ်ကုန်းမြေရဲ့ ရာဇ၀တ်မှုတွေကိုဖော်ထုတ်ဖို့လည်း မစဉ်းစားပါနဲ့ ကျွန်တော်သူတို့ကို မစော်ကားရဲဘူး”
ကျဟန်ထျန်း ပြုံးလိုက်သည်။
“စိတ်အေးအေးထားပါ ငါတို့အဆင်အခြင်မဲ့ မလုပ်ပါဘူး လတ်တလော ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်ေမြကကအင်အားကြီးလွန်းတယ် မင်းဆက်သုံးခုပေါင်းတောင်သူတို့ပြိုက်ဘက်မဟုတ်ဘူး ငါတို့က မင်းကို နောက်ရေးမယ့်စာအုပ်တွေမှာ သူတို့အကြောင်းထည့်မရေးစေချင်ရုံပါ”
ချောင်တိုင်လည်းခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“အတိအကျပဲ မင်းလွှမ်းမိုးမှုက တကယ်ပဲ ကြီးလွန်းတယ် ငါမင်းရဲ့ နတ်ဘုရားတို့၏ရာထူးများနဲ့ အနောက်အရပ်သို့ခရီးသွားခြင်းကို မဖတ်ရသေးခင်အထိ မင်းကိုအထင်သေးခဲ့မိတယ် နောက်မှသာ မင်းစွမ်းအားကိုနားလည်သွားခဲ့တယ် ဒါပေမယ့် င့ါအတွက်ကတော့ ကြည်ညိုဖွယ်အဓိပတိအမတ က ပိုကောင်းနေတုန်းပဲ ကျရှုံးနေရာကနေ ပြန်အနိုင်ရလာတဲ့ ဇာတ်ကြောင်းက ပိုပြီး စိတ်အားတက်စရာကောင်းတယ်”
ဆိုတော့ အဲ့ဒီလိုကိုး….
ကုအန် ထိုအရာကို ရယ်စရာကောင်းသည်ဟူ၍ရော စိတ်တိုစရာကောင်းသည်ဟူ၍ပါ ထင်နေခဲ့သည်။ ထိုအရာမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်၏။ တကယ်တော့ သူ့စာအုပ်ထဲတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် တူသည်ဟု သဲလွန်စပေးခဲ့ခြင်းမှာ အနောက်ဘက်ကောင်းကင်ဘုံရှိ ဗုဒ္ဒဂိုဏ်းနေရာက ဖြစ်သည်။
ကုအန် ထိုအကြောင်းစဉ်းစားနေချင်ယောင်ဆောင်လိုက်ပြီးမှ သဘောမတူချင် တူချင်ဖြင့် သဘောတူခဲ့၏။
ကုအန်၏ တွန့်ဆုတ်နေသောအမူအရာကို ချောင်တိုင်ရော ကျိဟန်ထျန်းပါ စိတ်မတိုခဲ့ကြပေ။ သူတို့ပင် ထိုအကြောင်းစသိခဲ့တုန်းက လက်ခံလာအောင် အတော်လေး အချိန်ယူခဲ့ရလေသည်။
နောက်ဆုံးတွင် ထိုအရာသည် ကုန်းမြေတိုက်ကြီးတွင် အတုမရှိသော မြင့်မြတ်ကုန်းမြေသာ ဖြစ်၏။
ကုအန် မမေးဘဲ မနေနိုင်ခဲ့ပေ။
“တကယ်လို့ မြင့်မြတ်ကုန်းမြေက သက်ရှိအားလုံးကို ကျွန်ပြုချင်တယ်ဆိုရင် ဘာလို့ ဒီလို ကုန်းေမြကို ပတ်လည်လှည့်ပြီး အုပ်ချုပ်ခိုင်းတဲ့ နည်းလမ်းကိုသုံးနေရတာလဲ တကယ်ဆို မင်းဆက်သုံးခုပေါင်းကတောင် သူတို့အတွက်ပြိုင်ဘက်မဟုတ်ဘူး မလား”
ချောင်တိုင်ပြန်ဖြေလိုက်သည်။
“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လူတိုင်းက မကောင်းဆိုးဝါးတွေ မဟုတ်ကြဘူး သမုဒ္ဒရာထဲမှ လမ်းမှန်ဂိုဏ်းဖြစ်တဲ့ မြင့်မြတ်ကုန်းမြေတစ်ခု ကျန်သေးတယ် ငါတို့ ကုန်းမြေကိုအုပ်ချုပ်တာက ကြယ်ခြောက်လုံးဂူနဲ့ ကြယ်ခုနှစ်လုံးဂူတို့ရဲ့ မြင့်မြတ်ကုန်းမြေပဲ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်တုန်းက ကြယ်ခြောက်လုံးဂူက အထက်လူကြီးကတွေက သူတို့အထက်ကလူတွေနဲ့ နောက်လိုက်တွေကို လှည့်စားပြီး ကောင်းကင်ကံကြမ္မာကို ချိုးဖျက်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ကြတယ် အဲ့တာကပဲ ဒီနေ့ဖြစ်နေတဲ့ အကျိုးဆက်တွေကို ဦးတည်လာစေခဲ့တာ”
“မမြင်ရတဲ့ကမ္ဘာမှာ ကံကြမ္မာစွမ်းအားဆိုတာရှိတယ် တကယ်လို့သာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးက မြင့်မြတ်ကုန်းမြေကိုမုန်းတီးသွားခဲ့ရင် အထက်ကလူတွေက ကျိန်းသေပေါက် သတိထားမိသွားကြမှာပဲ တကယ်လို့ ကုန်းမြေတိုက်ကြီးတစ်ခုလုံး သုတ်သင်ခံလိုက်ရရင်လည်း ဘေးပတ်၀န်းကျင်က အခြားအင်အားစုတွေ သတိထားမိသွားကြလိမ့်မယ် မီးကို စက္ကူနဲ့ပတ်ထားလို့ မရပါဘူး နောက်ပြီးတော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လူအများစုက ဒီကိစ္စကို သတိမထားမိကြဘူး သူတို့ကိုယ်သူတို့ လမ်းမှန်ဂိုဏ်းက လူတွေလို့ပဲ သတ်မှတ်ထားကြတာ”
ဤအရာသည် လမ်းမှန်ဂိုဏ်းများထဲက ကပ်ပါးကောင်များ မကောင်းမှုကို ကျူးလွန်နေခြင်းသာ ဖြစ်၏။ သို့သော်လည်း ထိုကပ်ပါးကောင်များသည် ဤကုန်းမြေတိုက်ကြီးရှိ သက်ရှိများ ရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။
ကုအန် ရုတ်တရက်နားလည်သွားချင်ယောင်ဆောင်လိုက်ပြီးနောက် မေးခွန်းအချို့မေးခဲ့လေသည်။ ထိုမေးခွန်းများထဲတွင် တခဏဂိုဏ်းအကြောင်းပင် ပါသေးသည်။
တခဏဂိုဏ်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ဖြတ်သန်းလာနိုင်ခြင်းမှာ သူတို့ဂိုဏ်းချုပ် သားသတ်အမတကျင်းနှင့် ကြယ်ခြောက်လုံးဂူမှ အကြီးအကဲတစ်ယောက်ကြား ဆက်စပ်မှုကြောင့် ဖြစ်ဧ။်။ ထိုသူသည် တခဏဂိုဏ်းကို ကလဲ့စားချေရန် ခွင့်ပြုပေးခဲ့ပုံပေါ်သော်လည်း တကယ်တော့ တခဏပင်၏ အဆီအနှစ်ကို တပ်မက်နေခဲ့ခြင်း ဖြစ်သည်။
မင်းဆက်သုံးခုကို တခဏပင်အတွက် စတေးပြီးပါက ထိုအကြီးအကဲပေါ်လာမည်ဖြစ်ပြီး အကျိုးအမြတ်ကိုယူသွားရုံသာမက သူဂုဏ်သတင်းကလည်း ကောင်းမွန်လာပေဦးမည်။ ထိုအရာမှာ သူ့တကယ့်အကြံအစည်ဖြစ်၏။
သူတို့သုံးယောက် တစ်နာရီကြာ ဆက်လက်စကားပြောခဲ့ကြပြီး သူတို့ပြန်မသွားခင် ကျိဟန်ထျန်း ကုအန်အား ထိုအကြောင်းများကို ဘယ်သူ့မှ မပြောဖို့ မှာခဲ့လိုက်သည်။
လက်ရှိ အဓိပတိဂိုဏ်း၏ အင်အားအရ မြင့်မြတ်ကုန်းမြေ၏ပြိုင်ဘက်လုံး၀မဖြစ်နိုင်သောကြောင့် သူတို့ သည်းခံထားရပေဦးမည်။
ကုအန် သုတို့ကိုလိုက်ပို့လိုက်ပြီး ထွက်ခွာသွားသော ကျိဟန်ထျန်းပုံရိပ်ကိုကြည့်ကာ ကျိမိသားစု၏ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအပေါ် အစစ်အမှန်သဘောထားကို သိချင်နေခဲ့သည်။
လတ်တလောတွင် အဓိပတိဂိုဏ်းထဲ၌ ကျိမိသားစု၀င်အနည်းငယ်သာ ရှိတော့ပြီး ကျန်ရှိသူများမှာ ကျိဟန်ထျန်း၏တိုက်ရိုက်သွေးမျိုးဆက်များ ဖြစ်ကြ၏။
ထိုအကြောင်းပြောပါမှ မကောင်းဆိုးဝါးမိစ္ဆာစည်းကိုချိုးဖျက်ခဲ့စဉ်က ကျိရှောင်ယု သူ့အား သိမ်းထားရန်ပေးခဲ့သော ကျောက်စိမ်းပြားတစ်ခုရှိသေးသည်။ ထိုထဲတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ရာဇ၀တ်မှုများကို မှတ်တမ်းတင်ထားပြီး ကျိရှောင်ယု အခုထိပြန်လာမယူသေးပေ။
သူ့နတ်အာရုံကိုသုံးပြီး ကြည့်ခဲ့စဉ်က ကျိရှောင်ယုသည် ထျန်းဝေမင်းဆက်သို့ဦးတည်နေပြီး အရှေ့သမုဒ္ဒရာဘက် သွားနေတာကို တွေ့ခဲ့ရ၏။
ထိုအရာသည် ဘာဖြစ်ပါသနည်း။
မင်္ဂလာပွဲမှ ထွက်ပြေးနေခြင်းပေလော။
……
ကျိဟန်ထျန်းနှင့် ချောင်တိုင်တို့ ရောက်ရှိလာခဲ့မှုက ကုအန်ဘ၀ကို ပြောင်းလဲမသွားစေခဲ့ပေ။ နောက်ရက်များတွင် သူအပြင်စည်းမြို့သို့ မကြာခဏဆိုသလို သွားခဲ့၏။
ဆောင်းရာသီအတွင်း နှင်းများက ဖွေးဖွေးလှုပ်ကျနေခဲ့ကြသည်။
ဥပဒေရေးရာခန်းမရှေ့ရှိ ဂိတ်တံခါးတွင် ရုပ်တုကြီးတစ်ခုရှေ့၌ ကုအန်နှင့်ရီလန်တို့ ရပ်နေခဲ့ကြ၏။
ကုအန်ဆီမှ ဆေးများကိုယူပြီးသည့်နောက် ရီလန် အကူအညီမဲ့စွာ ပြောလိုက်သည်။
“ဒါတွေကများလွန်းတယ် စီနီယာအစ်ကိုကြီး မကျင့်ကြံဘူးလား နေ့တိုင်းတစ်နေကုန် ညီမလေးအတွက် ဆေးတွေပဲ လုပ်ပေးနေတာလား”
ကုအန် သူမပုခုံးကိုပုတ်၍ နှင်းများကိုခါပေးလိုက်ကာ ခပ်ဟဟရယ်လိုက်ပြီး
“စိတ်မပူပါနဲ့ အစ်ကိုကြီး ညီမလေးကိုပေးတာက နည်းနည်းရယ်ပါ အဓိကဆေးတွေကိုအစ်ကိုကြီးသုံးလိုက်ပြီ ဘယ်လိုလုပ် အစ်ကိုကြီးစိတ်ထဲမှာ ကိုယ့်ကိုကိုယ်ထက် ညီမလေးက ပိုအရေးကြီးမှာလဲ”
ရီလန် ကုအန်ကိုတစ်ချက်ကြည့်လိုက်သော်လည်း သူ့စိတ်ထဲတော့ အတော်လေးခံစားသွားခဲ့ရသည်။
သူမသည် အရူးမဟုတ်ပေ။ ကုအန်သည် သူမ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်း ကျင့်စဉ်ကို အောင်မြင်နိုင်ဖို့အတွက် ဆေးအားလုံးပေးခဲ့တာ သေချာ၏။
သူမပဟေဠိဖြစ်နေခဲ့သည်။ သူမခန္ဓာကိုယ်သည် အတော်လေး နေကောင်းသေးပြီး သက်တမ်း ၂၀၀ လောက်ထိနေနိုင်မည်ဟု ခံစားနေခဲ့သည်။ သို့သော် အဘယ်ကြောင့် စီနီယာအစ်ကိုကြီးက သူမကို နှစ် ၂၀ အတွင်း စည်းကိုချိုးဖျက်ဖို့ လောနေရသနည်း။
သူမအစ်ကိုကြီးသည် သူမ သက်တမ်း ၁၂၀ သို့မဟုတ် ၁၃၀ လောက်ထိသာ နေရမည်ဟု ထင်နေခြင်းပေလော။
သူမအများကြီးမေးမနေတော့ဘဲ သူမစီနီယာအစ်ကိုကြီးးကိုသာ ယုံကြည်ဖို့ ရွေးချယ်လိုက်၏။
ထို့နောက်သူတို့နှစ်ယောက် ကျန်းချင်အကြောင်းပြောခဲ့ကြသည်။
အချိန်အတန်ကြာသောအခါ
ကုအန် ရီလန့်ကိုနှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့၏
ကုအန်နှင်းတောထဲတွင် ပျောက်ဆုံးသွားတာကိုကြည့်ပြီး ရီလန် တစ်ခုခုကိုဆုံးရှုံးသွားသလို ခံစားနေခဲ့ရသည်။
ထိုခံစားချက်မှာ ထူးဆန်းပြီး သူမအစ်ကိုကြီးနှင့် သူမသည် တဖြည်းဖြည်းကပိုဝေးလာသလိုပင် ခံစားနေခဲ့ရ၏။
ဥပဒေရေးရာ ခန်းမှထွက်လာပြီးသည့်နောက် ကုအန် လမ်းများပေါ်လျှောက်သွားကြည့်နေခဲ့သည်။
နှင်းများဖွေးဖွေးလှုပ်ကျနေခဲ့သော်လည်း အချို့လမ်းမများတွင် လူစည်ကားနေဆဲပင်။
ဈေးနယ်မြေတစ်ခုသို့ ရောက်သောအခါ တပည့်ငယ်လေးတစ်ယောက်ကုအန်နား ချဉ်းကပ်လာပြီး ခပ်တိုးတိုးမေးလိုက်၏။
“ပျောက်နေတာကြာပြီဖြစ်တဲ့ အဓိပတိလျှို့ဝှက်မှတ်တမ်းများ ၀ယ်ချင်လား အခုဟာက ပုံရိပ်တွေပါပါတဲ့ အမျိုးအစားမျိုး!”
ကုအန် သူ့ကိုအထင်သေးသလိုတစ်ချက်ကြည့်လိုက်ပြီး ကျော်သွားခဲ့လိုက်သည်။
တပည့်ငယ်လေးလည်း အလျှော့မပေးဘဲ ဆက်လိုက်လာခဲ့ပြီး ခြေလှမ်းတစ်ဒါဇင်လောက် လိုက်လာပြီးမှသာ သူအရှုံးပေးလိုက်၏။
“ကြောင်သူတော်ကြွက်သူခိုးဆန်လိုက်တာ ငါမင်းကိုရွံတယ်ကွ!”
တပည့်ငယ်လေး ကုအန်ကို နောက်မှ ကျိန်ဆဲနေခဲ့လေသည်။
မသိလိုက်မသိဖာသာဖြင့် ကုအန်စာအုပ်ခန်းမရှေ့သို့ ရောက်လာခဲ့ပြီး ရုတ်တရက် စာအုပ်ခန်းမဘေးရှိ ခြံ၀န်းထဲရှိ သစ်ပင်တစ်ပင်အောက်တွင် စာဖတ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
အနောက်အရပ်သို့ခရီးသွားခြင်း ဖတ်နေတာပဲ!
ကုအန် သူ့ဆီသို့သွားလိုက်ပြီး စိတ်၀င်တစားမေးလိုက်သည်။
“ညီကိုဘာလို့ အထဲမှာ သွားမဖတ်လဲ အဲ့မှာထိုင်ခုံတွေရှိပါတယ်”
အခြေခံတည်ဆောက်ခြင်းအဆင့် သာမန်ပါပဲ!
သူ့အသွင်အပြင်မှာလည်း သာမန်ဆန်နေခဲ့၏။
သို့သော် သူ့အရှိန်အဝါသည် တစ်ခုခုထူးဆန်းသလိုခံစားနေရသောကြောင့် ကုအန် သက်တမ်းစစ်ဆေးခြင်း သုံးလိုက်လေသည်။
[ယုယင်ယင်(အခြေခံတည်ဆောက်ခြင်း အဆင့်၈): ၁၂၄/၄၀၀/၅၀၀၀]
ဟမ်!
သက်တမ်းအကန့်အသတ် ၅၀၀၀!
ဘာလို့ ကျင့်ကြံခြင်းကကျ အရမ်းနိမ့်နေရတာလဲ!
နောက်ပြီး သူ့နာမည်ကလည်း မိန်းမတစ်ယောက်နာမည်ကြီး!
သူမပုံစံသည် ယောင်္ကျားယောင်ဆောင်ထားပုံလည်း ပေါ်မနေပေ။
ယုယင်ယင်ကုအန်ကိုမော့ကြည့်လိုက်ကာ ပြန်ဖြေလိုက်သည်။
“အထဲမှာ ဆူလွန်းလို့ပါ ဒီမှာက ပိုအေးချမ်းတယ်လေ သဘာ၀တရားကိုလည်း ခံစားလို့ရတာပေါ့”
ထို့နောက် သူမကုအန်ကို အသေးစိတ်အကဲခတ်လိုက်ပြီး တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်၏။
“မင်းက ကုအန်လား”