← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 18 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 18 Ch. 225-226

အပိုင်း(၂၂၅)

ကုအန်၏ စိတ်ကူးယဉ်မှု

ကျန်းချောင် ထိုအကြောင်းကိုတွေးလေလေ ပို၍ မလွယ်ကူဘူးဟု ခံစားရလေလေဖြစ်လာသောကြောင့် ဆေးများထုတ်သောက်လိုက်ကာ သူမစိတ်ဝိညဉ်စွမ်းအင်ကို အမြန်ပြန်လည် ဖြည့်တင်းလိုက်လေသည်။

ကောင်းကင်သည် ပို၌မည်းမှောင်လာပြီး ချော်ရည်မြစ်မှလှိုင်းများ တောင်နံရံကို ရိုက်ခတ်သံများကိုသာ ကြားနေရသောကြောင့် လေထုမှ ပို၍ တင်းကြပ်လာခဲ့သည်။

ဤသို့ဖြင့် နေ့တစ်၀က်ကုန်ဆုံးသွားခဲ့၏။

ကျန်းချောင် သူမ၏စိတ်ဝိညဉ်စွမ်းအားများ ပြန်ပြည့်သွားသောအခါ တစ္ဆေမိခင်ထွက်ခွာသွားသော အရပ်သို့ ဦးတည်ကာ လိုက်သွားခဲ့‌လေသည်။

ထိုစဉ် တစ်နေရာတွင်

လီယ ကမ္ဘာခြားနတ်မြို့တော်၏ စွမ်းအားများအကြောင်း သင်ယူပြီးသွားခဲ့၏။ သူမြို့၏ ထောင့်နေရာများထိ နေရာလပ်မကျန်မမြင်နိုင်သေးသော်လည်း ယခုအခါ မြို့၏မယုံနိုင်စရာ စွမ်းအားကို ခံစားမိနေပြီ ဖြစ်သည်။

“သွားကြစို့ မြို့ပြင်မှ တိုက်ပွဲတစ်ခုဖြစ်နေတယ် ပျော်ပျော်ပါးပါးသွားကြည့်ကြရအောင်!”

လီယ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာက တက်ကြွလန်းဆန်းမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ကျန်းပုကူလည်း သူ့နောက်မှ လိုက်လာရင်း သူ့ကို ဗလာအကြည့်များဖြင့် ကြည့်နေခဲ့မိ၏။

ထိုစဉ် လီယသူ့ပုခုံးကိုပုတ်လိုက‌်သောအခါ ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်သည် သူ့ကိုယ်ထဲမှ ခုန်ထွက်လာပြီး သူ့ပုခုံးပေါ်တွင် ခါးထောက်၍ ရပ်နေလိုက်ရင်း သူ့ပုံစံမှာလည်း တက်ကြွနေခဲ့သည်။

အမတစိတ်ဝိညဉ်ကိုကြည့်ရင်း ကျန်းပုကူမျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာခဲ့၏။ ဤကမ္ဘာခြားနတ်မြို့တော်တစ်ခုလုံးကို ထိုမျှသေးငယ်သည့်ကောင်လေးက ထိန်းချုပ်နိုင်သည်ကို သူမယုံနိုင်ဖြစ်နေခဲ့သည်။

ထိုစဉ် လီယ သူ့ညာလက်ကိုမြှောက်လိုက်ရာ အမတစိတ်ဝိညဉ်လည်း သူ့လိုမျိုး လိုက်လုပ်လိုက်၏။

ဂျိန်းး

မြေပြင်တုန်ခါသွားပြီး ကောင်းကင်အရောင်ပြောင်းသွားသောကြောင့် ကျန်းပုကူ ဘေးဘီဝဲယာသို့ ထိတ်လန့်နေဟန်ဖြင့် ကြည့်လိုက်မိသည်။

ထို့နောက်‌ ကောင်းကင်ကိုတိုးထွက်တော့မည့် သစ်ပင်ကြီးများနှယ် နတ်ဝိညဉ်မိစ္ဆာများသည် မြေပြင်ထဲမှ တစ်ကောင်ပြီးတစ်ကောင်ထွက်လာခဲ့ကြ၏။

လီယ ဂုဏ်ယူစွာရယ်မောလိုက်သည်။

“ဒါက ငါ့နတ်ဝိညဉ်မိစ္ဆာစစ်တပ်ကြီးပဲကွ စစ်သည်တော်တို့ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ!

ကျန်းပုကူ သူ့ကိုကြည့်ကာ တစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် သူတို့အောက်ရှိမြေပြင်မှ အသံကြီးတစ်သံထွက်ပေါ်လာပြီး အပေါ်သို့ ထိုးတက်သွားခဲ့၏။ ကြောက်စရာကောင်းသော ဘီလူးအရိပ်ကြီးတစ်ခုသည် မတ်မတ်ရပ်နေကာ သူ့လက်ထဲတွင် လီယနှင့်ကျန်းပုကူတို့ ရှိနေသော တောအုပ်ရှိနေသည့် မြေပြင်ကြီးကို ကိုင်ထားခဲ့သည်။

ဤကြောက်စရာဘီလူးအရိပ်ကြီးနှင့် ယှဉ်ပါက သူတို့သည် ပုရွက်ဆိတ်များနှယ် ဖြစ်သွားခဲ့ကြ၏။

ဤကြောက်မယ်ဖွယ်ဘီလူးအရိပ်ကြီးသည် လက်ကိုးချောင်းနတ်အရှင်နှင့်တိုက်ခိုက်ခဲ့သော ပုံရိပ်ကြီးလို ပေတစ်သောင်းအမြင့်ရှိသောကောင်ကြီး ဖြစ်သည်။ လက်တစ်ဖက်တွင် ကုန်းမြေအပိုင်းအစတစ်ခုကို ကိုင်ထားရင်း နောက်တစ်ဖက်တွင် ပုဆိန်ကြီးတစ်လက်ကိုကိုင်ဆောင်ထားသော သူ့ပုံရိပ်သည် မိုးကောင်းကင်ကိုဖွင့်လှစ်ထားသည့် ဘီလူးနတ်ဘုရား တစ်ပါးနှင့်ပင် တူနေခဲ့၏။

ကျန်းပုကူ အောက်ကိုငုံ့ကြည့်လိုက်ရင်း တုန်လှုပ်သွားခဲ့လေသည်။

လီယမှာတော့ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ဤစစ်တပ်ကြီးနှင့် ဆိုပါက သူမရှင်းနိုင်သောရန်သူ ဘယ်မှာရှိတော့မည်နည်း။

သူကမ္ဘာခြားနတ်မြို့ဝောာ်အပြင်ဘက်တွင် တိုက်ပွဲတစ်ခုကို တွေ့နေခဲ့ရပြီး ထိုနေရာတွင် အဓိပတိဂိုဏ်းတပည့်များကိုလည်း တွေ့လိုက်ရသောကြောင့် ထိုနေရာသို့ ထွက်ခွာလာခဲ့၏။

“ဘိုးဘေး ဒီတစ်ကြိမ်တော့ ကျွန်တော်ကသူရဲကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ် ကျွန်တော့်ကို စောင့်ကြည့်နေပါ!” လီယ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေခဲ့သည်။

သူရုတ်တရက် ကုအန်ကိုပင် စဉ်းစားလိုက်မိ၏။

အကယ်၍ ဂျူနီယာညီလေးကုသာ ဤနေရာတွင် ရှိနေလျှင် မည်မျှကောင်းလိုက်မည်နည်း။

သို့သော် ဂျူနီယာညီလေးကု ဤနေရာတွင်ရှိနေလျှင် သူသူ့လုံခြုံရေးအတွက် စိတ်ပူနေရဦးမည်။

ကိစ္စတော့မရှိပေ။ ဤတိုက်ပွဲပြီးသွားပါက သူ သူ့ဂျူနီယာညီလေးကုဆီသွား၍ ကြွားဝါနိုင်သေးသည်။

လီယ ဂျူနီယာညီလေးကုအတွက် ဘာရတနာယူသွားပေးရမလဲဆိုတာကိုတောင် စတင်တွေးတောနေမိသည်။

ကမ္ဘာခြားနတ်မြို့တော်သည် ကျယ်ပြန့်လှပြီး ရတနာအမြောက်အများလည်း ရှိ၏။ ထိုထဲမှ အချို့ကိုယူသွားပေးလျှင်တောင် ကုအန်၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။

….

ကမ္ဘာငယ်လေးတစ်ခုထဲတွင် ကုအန် ကောင်းကင်နှင့်မြေပြင်ရတနာများဖြစ်သော စိတ်ဝိညဉ်ပင်များကို ရိတ်သိမ်းနေခဲ့၏။ သူ့သက်တမ်းမှာလည်း ဆက်လက်တိုးမြင့်နေသောကြောင့် သူပျော်ရွှင်နေမိသည်။

ကမ္ဘာခြားနတ်မြို့တော်၏ ဂိတ်လေးခုလုံးပွင့်သွားပြီး လီယသည် အဆုံးမဲ့သော နတ်ဝိညဉ်မိစ္ဆာစစ်တပ်ကြီးနှင့် ထွက်လာသောကြောင့် မြို့ပြင်တွင်တိုက်ခိုက်နေသည့် ကြယ်ပင်လယ်အဖွဲ့အစည်းနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ မြေလျှောက်အမတ ၂၀ ကျော် နှောင့်ယှက်ခံလိုက်ရပြီး နောက်ဆုတ်လိုက်ရမှန်းလည်း သူမြင်လိုက်ရ၏။

ပေတစ်သောင်းခန့်မြင့်သော ပုံရိပ်ကြီးသည် မြို့ထဲမှ အရိုင်းဆန်းဆန် ခုန်ထွက်လာကာ ကြမ်းကြုတ်လှသည့် အသံကြီးဖြင့် ဟိန်းဟောက်လိုက်သောကြောင့် ထိုအသံကြီးသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး အသံကြီးကြောင့် လူအများအပြား ကြောက်လန့်ကာ တုန်ရီသွားခဲ့ကြသည်။

ထိုအော်သံကြီးတစ်သံကပင် လူများ၏တိုက်ခိုက်လိုစိတ် သတ္တိကို ဖျက်ဆီးပစ်နိုင်ပေသည်။

ကုအန် လီယကို စိတ်တော့မပူပေ။ နောက်ဆုံးတွင် အမတစိတ်ဝိညဉ်ကိုယ်တိုင်ကပင် ကောင်းကင်ဈာန်အမတအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

သူဆက်လက်ရိတ်သိမ်းနေပြီး တစ်နေ့တည်းဖြင့် သက်တမ်း ၈၀၀၀၀ ရရှိခဲ့သည်။ သူအကုန်လုံးကို ရိတ်သိမ်းဖို့တော့ ဆန္ဒမရှိပေ။ အမတစိတ်ဝိညဉ်ကို ဆက်စိုက်ခိုင်းထားရမည့် အပင်များ ကျန်ရှိနေသေးသည်။

သူသည် ကမ္ဘာခြားနတ်မြို့တော်၏ ပိုင်ရှင်ဖြစ်သောကြောင့် အမတစိတ်ဝိညဉ်ကို လီယအတွက် စည်းမျဉ်းများ ချမှတ်ခိုင်းထား၏။

ပုံမှန်အားဖြင့် ကမ္ဘာခြားနတ်မြို့တော်ထဲတွင် ကောင်းကင်နှင့်‌ေမြပြင်ရတနာ စိတ်ဝိညဉ်ပင်များကို ခူးချင်သလို လျှောက်ခူးပစ်၍ မရပေ။ ရင့်မှည့်သည့်အပင်များကို အမတစိတ်ဝိညဉ်က အလိုလိုယူလာပေးမည်ဖြစ်ပြီး လီယကလည်း ထိုအရာကို ဘာသံသယမှမရှိဘဲ စိတ်လှုပ်ရှားစွာ

လက်ခံခဲ့သည်။

လီယ၏ တက်ကြွနေသော ပုံစံကိုကြည့်ပြီး ကုအန် ရယ်ချင်နေခဲ့၏။

ဤတိုက်ပွဲပြီးလျှင်တော့ လီယသူ့ဆီလာကြွားမှာ သေချာပေသည်။

ထိုစဉ် ကုအန်တစ်ခုခုကို ခံစားလိုက်မိပြီး သူ့မျက်ခုံးများ တွန့်‌ကွေးသွားခဲ့၏။

နယ်မြေတစ်ခုတွင် မိုးကြိုးတိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းနေခဲ့သည်။ တောင်များကြားထဲရှိ ချိုင့်ဝှမ်းတစ်ခုထဲတွင် ကျန်းချောင် သူ့ညာဘက်ပုခံုးရှိ သွေးများစိမ့်ထွက်‌ေန‌ေသာ ဒဏ်ရာကို ဘယ်လက်ဖြင့် ကိုင်ထားကာ မြေပြင်မှ ဖြည်းဖြည်းချင်းထလာခဲ့ပြီး သူ့ပါးစပ်မှလည်း သွေးများအဆက်မပြတ် ထွက်နေခဲ့၏။ ထို့နောက် သူရှေ့သို့ ကြည့်လိုက်သည်။

တောင်စောင်းတွင် တရားထိုင်နေသည့် အနက်ရောင်၀တ်စုံ၀တ် လူများနှင့် ပြည့်နေပြီး အမြင့်ဆုံးတွင် သစ်သားတောင်ဝှေးကို ဘေးတွင်ချထားသည့် အကြီးအကဲတစ်ယောက် ရှိနေခဲ့၏။ ထိုလူ၏ အထက်ရှိ လေထဲတွင်မူ အနက်ရောင်‌အငွေ့များဖြင့် ၀န်းရံခြင်းခံထားရသော တစ္ဆေမိခင်ရှိနေခဲ့သည်။

တစ္ဆေမိခင်သည် ဝိညဉ်ခန္ဓာအဖြစ်ပြောင်းလဲခံထားရပြီး အတော်လေး အားနည်းနေခဲ့၏။

သူမမျက်လုံးကို ခက်ခက်ခဲခဲဖွင့်လိုက်ပြီး တောင်အောက်ရှိ ကျန်းချောင်ကို ကြည့်နေခဲ့သည်။

“ကောင်မလေး မင်းမှာတက်ကြွတဲ့ တိုက်ခိုက်လိုစိတ်ရှိတာပဲ ငရဲ‌‌တစ္ဆေဘုရင်ကိုဆွဲဆောင်ဖို့ မင်းကိုသုံးလို့ရလောက်တယ်”

၀တ်စုံနက်၀တ်အကြီးအကဲ ကစားလိုဟန်ဖြင့်ပြောလိုက်သည်။

အခြား၀တ်စုံနက်၀တ်ကျင့်ကြံသူများလည်း ကျန်းချောင်အား အေးစက်စက်မျက်လုံးများဖြင့် ငုံ့ကြည့်နေခဲ့ကြ၏။ သူတို့အတွက်တော့ ကျန်းချောင်မှာ သေလူပင်။

“ငရဲတစ္ဆေဘုရင်လား ရှင်တို့ကတကယ်ပဲဘာကိုရှာနေကြတာလဲ” ကျန်းချောင်အံကိုတင်းတင်းကြိတ်လိုက်ကာ လွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲ တွေးနေခဲ့သည်။

သို့သော် သူတို့ကြားရှိကျင့်ကြံခြင်း ကွာဟချက်မှာ အလွန်ကြီးမားနေခဲ့၏။ ထိုသူများထဲမှ ဘယ်သူမဆိုသူမကို အလွယ်တကူသတ်ပစ်နိုင်ပေသည်။

“ငရဲတစ္ဆေဘုရင်ဆိုတာ ကမ္ဘာပေါ်မှာ ပုန်းကွယ်နေတဲ့အသန်မာဆုံး တစ္ဆေဘုရင်ပဲ သူက အမတရတနာတစ်ခုကို စောင့်ရှောက်တယ်” အနက်ရောင်၀တ်စုံနှင့်လူ သာမန်အတိုင်း ပြောလိုက်သည်။

ထို့နောက် အနက်ရောင်၀တ်စုံနှင့်လူတစ်ယောက် တောင်ပေါ်မှဆင်းလာကာ တစ်လှမ်းခြင်း ကျန်းချောင်နားသို့ ချဉ်းကပ်လာခဲ့၏။

ကျန်းချောင် စိတ်သောကရောက်နေချိန်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားသောကြောင့် သူမမျက်လုံးများကို အလိုလိုမှိတ်လိုက်မိသည်။

လေပြင်းဖြတ်သွားပြီးချိန်တွင် သူမကိုယ်ပေါ်ရှိ ဒဏ်ရာများ ယူပစ်သလိုပျောက်သွားသောကြောင့် ကျန်းချောင် အံ့အားသင့်သွားပြီး ထိုအရာက ပုံရိပ်ယောင်လော အစစ်အမှန်လော တွေးနေမိ၏။

သူမမျက်လုံးကို အမြန်ပြန်ဖွင့်လိုက်သောအခါ သူမရှေ့ရှိ ကျင့်ကြံသူများ ထူးဆန်းစွာ ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရလေသည်။

တစ္ဆေမိခင်၏ ဝိညဉ်ခန္ဓာမှာလည်း လေပေါ်မှ မြေပေါ်မှ ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့၏။

ကျန်းချောင် မတုန့်ပြန်နိုင်ခင်မှာပင် အဝေးမှ လေတိုးသံကြီးနှင့်အတူ သွေးနီရောင်ဘုရားကျောင်းတစ်ခုသည် ကောင်းကင်ပေါ်မှတစ်ဆင့် သူ့ရှေ့သို့ကျလာခဲ့ရာ သူမအလိုလိုနောက်ဆုတ်လိုက်မိသည်။

ထို့နောက် သွေးနီရောင်ရတနာဘုရားကျောင်းမှ အားကောင်းလွန်းသော သွေးရောင်မြူခိုးများထွက်ပေါ်လာပြီး ကျန်းချောင်အား ဘုရားကျောင်းထဲသို့ ဆွဲခေါ်သွားခဲ့၏။

ကျန်းချောင်မျက်နှာပေါ်တွင် အကြောက်တရားများဖြင့် ပြည့်နှက်နေစဉ်တွင် သူ့နားထဲ အသံတစ်သံကို ကြားလိုက်ရလေသည်။

“မကြောက်နဲ့”

ထိုစကားကြောင့် ကျန်းချောင် ချက်ချင်းစိတ်အေးသွားမိ၏။

ဆရာသခင်ဓားအရှင်!

သူလည်းလာခဲ့တာပဲ!

သွေးနီရောင်ရတနာဘုရားကျောင်းထဲ စုပ်ယူခံလိုက်ရပြီးသည့်နောက် ကျန်းချောင်၏ပုံရိပ်ပျောက်ကွယ်သွားခဲ့လေသည်။

တစ္ဆေမိခင်မှာတော့ မြေပေါ်ပြန်ကျလာပြီးသည့်နောက် ကျန်းချောင်ပျောက်ကွယ်သွားသည့်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ စိုးရိမ်မှုများဖြင့် ပြည့်နေခဲ့၏။

……

ဆည်းဆာချိန်သို့ ချဉ်းကပ်လာခဲ့သည်။

ကမ္ဘာခြားနတ်မြို့တော်ကြီးသည် ဂိတ်တံခါးလေးပေါက်လုံးကို ဖွင့်ထားပြီး ထီးထီးကြီးတည်ရှိနေကာ ဂိတ်တံခါးများမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေခဲ့ကြသည်။ သူတို့ထွက်လာပုံအရ သူတို့ဖာသာထွက်လာပုံမရဘဲ မြို့ထဲရှ်ိအားတစ်ခုခုက သူတို့ကို တွန်းထုတ်လိုက်ပုံ ပေါ်နေ၏။

လီယ တောင်စောင်းတစ်ခုတွင်ရပ်နေစဉ် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်က သူ့ပုခုံးပေါ်တွင်ရပ်နေကာ သူ့ကို ကာကွယ်ပေးထားခဲ့သည်။

ထိုစဉ် ပုံရိပ်နှစ်ခု သူ့ဘေးတွင်ပေါ်လာခဲ့ပြီး တစ်ယောက်မှာ ချိပိုင်ဖြစ်ကာ နောက်တစ်ယောက်မှာ တန်ဖိုးကြီးအဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။

“ငါက ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ ကြယ်သခင် နန်ဖုန့်ထျန်း ပါ ဒီတိုက်ပွဲပြီးသွားရင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက မင်းကို အညှိုးအတေးထားမှာ အသေအချာပဲ မင်းက အမတရတနာကိုပိုင်ဆိုင်ထားတယ် အဲ့တာကို မင်းကိုယ်ပိုင်အင်အားနဲ့ကာကွယ်ဖို့က မလုံလောက်ဘူး ငါတို့နဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းကိုလိုက်ခဲ့ ငါတို့မင်းကို အစစ်အမှန်တပည့်တစ်ယောက်လို လေ့ကျင့်ပေးမယ် မင်းကို ရွှမ်ထျန်းယီထက် ကောင်းကောင်းဆက်ဆံမယ်” အဖြူရောင်၀တ်စုံ၀တ်လူ ပြောလိုက်သည်။

ချိပိုင်လည်း လိုက်ပြောလိုက်၏။ “ကြယ်ပင်လယ်အဖွဲ့အစည်းက ကြီးမြတ်တဲ့လမ်းမှန်ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ မင်းတို့ အဓိပတိဂိုဏ်းက မင်းစီနီယာတွေအများကြီးလည်းရှိတယ် အဲ့တာကြောင့် မင်းစိတ်ပူစရာမလိုဘဲ ၀င်လို့ရတယ်”

လီယ ကမ္ဘာခြားနတ်မြို့တော်ကိုကြည့်ကာ ပြောလိုက်သည်။

“ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်လည်း ကြယ်ပင်လယ်အဖွဲ့အစည်းကို၀င်ချင်ပါတယ် ဒါပေမယ့် ကျွန်တော်အရင်ဆုံး အဲ့ဒိီကိုမလုိက်ခင် အဓိပတိဂိုဏ်းကို အလည်သွားလို့ရမလား”

သူသည်အရူးတစ်ယောက်မဟုတ်ပေ။ဤတိုက်ပွဲပြီးဆုံးသွားသည့်နောက် သူအင်အားစုတစ်ခုခုကို မှီခိုရမည်မှန်း သိ၏။ လုပိုင်ထျန်းကလည်း သူ့ဆီသို့ သတင်းစကားတစ်ခုပို့ကာ ကြယ်ပင်လယ်အဖွဲ့အစည်းသို့၀င်ရန် အကြံပေးထားခဲ့သည်။

နန်ဖုန့်ထျန်းပြုံးလိုက်ကာ “ဒါပေါ့ ငါတို့လည်း အဓိပတိဂိုဏ်းကို လိုက်လည်ချင်တယ် ငါကြားတာတော့ အဓိပတိဂိုဏ်းမှာ အချုပ်အနှောင်အဲ့အမတအဆင့်ထက် သာလွန်တဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ဆရာသခင်ဓားအရှင် ပုန်းအောင်းနေတယ်တဲ့ အဲ့တာက အဓိပတိဂိုဏ်းမှာ မဟာချီကံကြမ္မာရှိနေတယ်ဆိုတာ ညွှန်ပြနေတယ် အဲ့တာက ရတနာနယ်မြေတစ်ခုပဲ”

လီယပြုံးလိုက်ကာ ဆရာသခင်ဓားအရှင်သည် သူ့မူလဘိုးဘေးဟု တွေးနေမိသည်။ ထိုအရာသည် အဓိပတိဂိုဏ်း၏ ချီကံကြမ္မာမဟုတ်ဘဲ သူတို့လီမိသားစု၏ ကံကြမ္မာဖြစ်ကာ အဓိပတိဂိုဏ်းက သူတို့လီမိသားစု၏ ကံကြမ္မာမှ အကျိုးအမြတ်ရနေခြင်း ဖြစ်၏။

ဒါပေါ့ သူ့မူလဘိုးဘေးပြဿနာမဖြစ်စေရန် သူထိုအရာကို ထုတ်ပြောမည်တော့ မဟုတ်ပေ။

ထို့နောက် သူဆက်ပြောလိုက်သည်။ လီယသည် သူ့အဖော်နှစ်ယောက်ဖြစ်သော ကျန်းပုကူနှင့် ကုအန်ကို ကြယ်ပင်လယ်အဖွဲ့အစည်းသို့ ခေါ်ချင်နေခြင်း ဖြစ်၏။

ကုအန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သာ ဖြစ်မှန်းသိသောအခါ သူ့ကျင့်ကြံခြင်းသည် နိမ့်လွန်း‌ေသာ‌ေကြာင့် နန်ဖုန့်ထျန်းကုအန်အား မခေါ်ဖို့ အကြံပေးခဲ့သည်။ စိတ်ဝိညဉ်အခြေတည်အဆင့်မဟုတ်ဘဲ ကြယ်ပင်လယ်အဖွဲ့အစည်းထဲသို့ ၀င်ခြင်းမှာ အဆင်အခြင်မဲ့ခြင်းသာဖြစ်ပြီး လီယကလည်း ကုအန်ကို အမြဲစောင့်ရှောက်နေနိုင်မည် မဟုတ်ပေ။

ကျန်းပုကူအတွက်တော့ သူ့သန်မာလှသော ချီသွေးများ‌ေကြာင့် သူ့ကို ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်၍ ရပေသည်။

လီယမျက်မှောင်ကြုံ့သွားပြီး သိပ်တော့မပျော်တော့ပေ။

ချိပိုင်ကသူ့အား ကြယ်ပင်လယ်အဖွဲ့အစည်းအကြောင်းသေချာပြောပြမှသာ လီယ လက်လျှော့သွားခဲ့၏။

တတိယတောင်ကြားတွင် ဆေးပင်များရိတ်သိမ်းနေရင်း ကုအန် နှုတ်ခမ်းဆူသွားခဲ့သည်။

ဘာအခြေခံတည်ဆောက်ခြင်းအဆင့်လဲ!

ငါအမြုတေဖွဲ့တည်ပြီးသွားပါပြီကွ!

ကုအန် ကြိတ်၍လှောင်ပြောင်လိုက်သော်လည်း ကြယ်ပင်လယ်အဖွဲ့အစည်းသို့ ၀င်ချင်စိတ်တော့ မရှိပေ။

ကြယ်ပင်လယ်အဖွဲ့အစည်းတွင် မွန်းစတားအိုကြီးများ များလှပြီး လုံခြုံသည်ဟု မခံစားရပေ။

အဓိပတိဂိုဏ်းနှင့် မတူသည်မှာ အဓိပတိဂိုဏ်းတွင်တော့ သူကအသန်မာဆုံး ဖြစ်၏။ ထို့ကြောင့် ဤနေရာတွင်နေရခြင်းက သူ့အတွက် လုံခြုံသည်ဟု ခံစားရသည်။

လီယ ကြယ်ပင်လယ်အဖွဲ့အစည်းနှင့် ချိတ်ဆက်မိသွားသည်ကို မြင်မှသာ ကုအန်စိတ်အေးသွားခဲ့၏။

ကမ္ဘာဦးနတ်မြို့တော်ထဲတွင် ကုအန် သက်တမ်း ၁.၅သန်းလောက် ရိတ်သိမ်း၍ ရခဲ့ပြီး သူ့သက်တမ်းမှာ ၁၀သန်းပြန်ကျော်‌ေတာ့မည် ဖြစ်သောကြောင့် သူကျေနပ်နေခဲ့သည်။

အချိန်အနည်းငယ်ကြာ‌လျှင် ကမ္ဘာခြားနတ်မြို့တော်ထဲပြန်သွားဖို့ ကုအန် စီစဉ်ထားခဲ့၏။

အကယ်၍ လီယပင်လယ်ရပ်ခြားသို့ ရောက်သွားလျှင်တောင် သူ့ကျင့်ကြံခြင်းနှင့်ဆိုပါက ကုအန် နတ်အာရုံမှလွတ်မြောက်ဖို့မလွယ်လှပေ။ ကုအန်သည် ကမ္ဘာခြားနတ်မြို့တော်နှင့် စိတ်ဝိညဉ်ချင်းဆက်နွယ်နေသောကြောင့် ထိုအရာဘယ်နေရာရောက်ရောက် သူအာရုံခံနိုင်ပေသည်။

ကမ္ဘာခြားနတ်မြို့ဝောာ်ထဲတွင် ကုအန် ကျန်းချောင်ကိုသာ အမတရတနာတစ်ခုပေးခဲ့ခြင်းမဟုတ်ဘဲ ကျန်းချင်ကိုလည်း တစ်ခုပေးခဲ့၏။

အမတရတနာများသည် ခန္ဓာကိုယ်နှင့်ပေါင်းစပ်နိုင်ပြီး ထိုအရာကို ‌စစ်ဆေးထောက်လှမ်းဖို့ ခက်ခဲလှသည်။

ရီလန့်အတွက်တော့ သူ့စည်းကိုဖြေပြီးလို့ သက်တမ်းအကန့်အသတ်တိုးလာမှသာ အမတရတနာတစ်ခု ပေးမည်ဖြစ်၏။

ကမ္ဘာခြားနတ်မြို့တော်ထဲတွင် ရတနာများစွာ ရှိပေသည်။ ထို့ကြောင့် နတ်မြို့တော်ကိုထိန်းချုပ်နိုင်ခြင်းက အကျိုးအမြတ်များစွာ ရှိ၏။

ကုအန်သည် ဆေးတောင်ကြားထဲတွင်သာ ပုန်းနေခြင်းဖြစ်သော်လည်း သူ့ဘေးနားမှလူများအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းအောင် လုပ်ပေးနိုင်ခဲ့သည်။ ထိုအရာ‌က သူ့ကိုကျေနပ်သွားစေခဲ့၏။

သူ့လုပ်ရပ်များနှင့်နာမည်ကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခြင်း!

တစ်နေ့တွင် သူ့ဘေးနားရှိလူများသာ သူ့လုပ်ရပ်များကို သိရှိသွားခဲ့လျှင် မည်မျှသူ့ကိုကျေးဇူးတင်စိတ် ဖြစ်သွားကြလိမ့်မည်နည်း။

ကုအန် ထိုအကြောင်း စတင်စိတ်ကူးယဉ်လေတော့သည်။

ညအချိန်ကျရောက်လာကာ ညတစ်ညကကုန်ဆုံးသွားခဲ့၏။

အာရုံတက်ချိန်တွင် လီယ ကမ္ဘာခြားနတ်မြို့တော်ကို သူကိုယ်ထဲထည့်သိမ်းလိုက်ကာ နန်ဖုန့်ထျန်း တို့၏လမ်းပြမှုအောက်တွင် အဓိပတိဂိုဏ်းသို့ ပြန်လာ‌ေနသည်ကို တွေ့လိုက်ရသည်။

သူတို့သည် အန္တရာယ်ဖြစ်နိုင်ချေများကို ရှောင်ရန် ဤကုန်းမြေတိုက်ကြီးမှ အမြန်ထွက်ခွာနေလိုခဲ့၏။

ကုအန် ဆန်းကြယ်တောင်ကြားသို့ မနက်စောစောအချိန်တွင် ရောက်လာခဲ့ပြီး တပည့်များနှင့်အတူ လေ့ကျင့်ခန်းလုပ်နေခဲ့သည်။

သူတို့လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း လီယ မိုးကုတ်စက်ဝိုင်းမှ ပျံသန်းလာပြီး ဆန်းကြယ်တောင်ကြားသို့ တိုက်ရိုက်ရောက်ရှိလာခဲ့၏။

အပိုင်း(၂၂၆)

ကုအန်နှင့် ဆရာသခင်ဓားအရှင်

ဆန်းကြယ်တောင်ကြားရှိ အိမ်တစ်လုံးထဲတွင်

ထပ်!

လီယ မြို့အသေးလေးတစ်ခုအား စားပွဲပေါ် ချပြလိုက်၏။ ထိုမြို့လေးသည် လက်ဖဝါးတစ်ခုစာသာရှိသော်လည်း သေချာကြည့်ပါက အလွန်အသေးစိတ်ကျကာ ရှုပ်ထွေးလှမှန်း တွေ့ရပေလိမ့်မည်။

ထိုအရာမှာ ကမ္ဘာခြားနတ်မြို့တော်၏ အသေးစားပုံစံလေးသာ ဖြစ်ပေသည်။

လီယ မေးကိုမော့ထားရင်း အလွန်ဂုဏ်ယူနေမိ၏။

ကုအန် ကမ္ဘာခြားနတ်မြို့တော်ကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်သည်။

“ဒါက ဘယ်လိုလက်မှုပညာမျိုးလဲ”

လီယ ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“ဒါက ကမ္ဘာခြားနတ်မြို့တော်ကွ!”

ထိုစကားကြောင့် ကုအန် တုန်လှုပ်သွားပြီး လီယမှာတော့ ကုအန်အမူအရာကြောင့်ကျေနပ်နေစဉ်တွင် ကုအန်နောက်စကားက သူ့အား ဒေါသပင်ထွက်သွားစေခဲ့သည်။

“အံ့ဩစရာပဲ စီနီယာအစ်ကိုကြီး အစ်ကိုကြီးတကယ်ကြီးကို ကမ္ဘာခြားနတ်မြို့တော်အတုကို လုပ်နိုင်ခဲ့တာပဲ”

“ဘာအတုလဲ ဒါအစစ်ကွ! မင်းငါ့ကိုမယုံဘူးလား ငါမင်းကို အမတစိတ်ဝိညဉ်ကိုခေါ်ပြမယ်!”

ပြောပြီးသည်နှင့် လီယ အမတစိတ်ဝိညဉ်ကိုစိတ်ထဲတွင် ခေါ်လိုက်သော်လည်း သူမည်မျှခေါ်နေပါစေ အမတစိတ်ဝိညဉ်သည် ထွက်မလာခဲ့ပေ။

သူရုတ်တရက် စိတ်ညစ်လာမိ၏။

ဘာတွေဖြစ်နေတာလဲ!

မင်းကဘာလို့ ဒီလိုအရေးကြီးတဲ့အခြေအနေမျိုးမှာမှ သေချင်ယောင်လာဆောင်နေတာလဲဟ!

ကုအန် အော်ရယ်ချင်နေသော်လည်း ဤနှစ်များအတွင်း သရုပ်ဆောင်ခဲ့ရမှုတွေကြောင့် သူ့သရုင်ဆောင်စွမ်းရည်မှာ အပြစ်အနာအဆာရှိမနေခဲ့ပေ။ သူပဟေဠိဖြစ်နေဟန်ဖြင့် ကမ္ဘာခြားနတ်မြို့တော်ကို မဖို့ ကြိုးစားလိုက်၏။ ထိုအခါ အိမ်တစ်ခုလုံး တုန်ခါလာသော်လည်း သူမမရ‌ခဲ့ပေ။

“တကယ်အစစ်ကြီးလား” ကုအန် ခပ်တိုးတိုးရေရွတ်လိုက်လေသည်။

လီယ အမတစိတ်ဝိညဉ်ကို ကြိတ်၍ ကျိန်ဆဲနေရင်း ဂုဏ်ယူစွာ ပြောလိုက်၏။

“ဒီကမ္ဘာခြားနတ်မြို့တော်ထဲမှာ ကြီးမြတ်တဲ့ကျင့်ကြံသူ ဘယ်လောက်များများရှိလဲ မင်းသိလား”

သူ သူ့အတွေ့အကြုံများအား စတင်ပြောကြလေတော့သည်။ ပြောပြရာတွင် အမတစိတ်ဝိညဉ်က သူ့ကိုအရင်ချဉ်းကပ်လာသည်ကို မပြောဘဲ အမတစိတ်ဝိညဉ်၏အသိအမှတ်ပြုမှုကိုရဖို့ သူ့စမ်းသပ်ပွဲမည်မျှကို အနိုင်ရအောင်လုပ်ခဲ့ရ‌မှန်း လျှောက်ကြွားနေခဲ့၏။

ကုအန်လည်း အားကျနေဟန်ဖြင့် နားထောင်နေခဲ့သည်။

အကယ်၍ ထိုနတ်မြို့တော်ကသာ သူကိုယ်တိုင်လီယကို ပေးခဲ့ခြင်း မဟုတ်လျှင် သူလည်းလီယစကားများကို ယုံကောင်းယုံနေမိမည် ဖြစ်၏။

ကုအန် စိတ်ထဲတွင်သာ ကြိတ်၍စနောက်နေသော်လည်း အပြင်ပိုင်းတွင်တော့ အားကျနေဟန်ဖြင့်သာ နားထောင်နေခဲ့သည်။

လီယသည် သူနှင့်ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ အမတများ၏တိုက်ပွဲအကြောင်းပြောသည့် အခါမျိုးတွင် ကုအန် အံ့ဩတကြီးရေရွတ်သံများပင် ထွက်လာခဲ့၏။

နှစ်နာရီခန့်ပြောပြီးမှသာ လီယ မရပ်ချင်ရပ်ချင်ဖြင့် ရပ်တန့်လိုက်လေသည်။

ကျေနပ်စရာကောင်းလိုက်တာ!

ညီကိုတစ်ယောက်ကို ကြွားရတာ အမြဲစိတ်လှုပ်ရှားစရာကောင်းနေတာပဲ!

ကုအန်သူ့အတွက် လက်ဖက်ရည်ငှဲ‌့ပေးနေတာကိုကြည့်ပြီး လီယ မပြုံးဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ နှစ်ပေခန့်ရှည်ကာ အဖြူရောင်သန်းသော ကျောက်စိမ်းပေတံတစ်ချောင်းကို ထုတ်လိုက်၏။

“ဒါက အဆင့်မြင့်အဆင့် မှော်အသုံးအဆောင်တစ်ခုပဲ ငါမင်းကို အမတရတနာတစ်ခုပေးချင်ပေမယ့် မင်းကျင့်ကြံခြင်းက နိမ့်လွန်းနေတယ် အမတရတနာကမင်းကို ပြဿနာတွေပဲ ယူလာပေးလိမ့်မယ်” လီယ လေးလေးနက်နက်ပြောလိုက်ပြီး သူ့အိတ်ထဲမှ ကောင်းကင်နှင့်မြေပြင်ရတနာ စိတ်ဝိညဉ်ပင်များ တစ်ခုပြီးတစ်ခု ထုတ်ပေးခဲ့လေသည်။

ကုအန် ခံစားသွားခဲ့ရ၏။

ကမ္ဘာခြားနတ်မြို့တော်သည် သူ့ဟာ ဖြစ်သော်လည်း အမှန်တရားကိုမသိသော လီယသည် သူ့အတွက် အများကြီးဂရုစိုက်ပေးနေလေရာ လီယ၏သူ့အပေါ် သစ္စာရှ်ိမှုက ထင်ရှားနေခဲ့သည်။

“ငါကြယ်ပင်လယ်အဖွဲ့အစည်းကို သွားရတော့မယ် ပြန်လာဖို့ နှစ်၁၀၀လောက်တော့ ကြာလိမ့်မယ် ငါ့ကိုအများကြီး သတိရမနေနဲ့ဦး” လီယ ဂုဏ်ယူစွာပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ထွက်သွားဖို့ တွန့်ဆုတ်နေမိ၏။

နှစ်တစ်ရာသည် ရှည်ကြာလွန်းလှပြီး ထိုနှစ်တစ်ရာအတွင်း ဘာတွေဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

သူကုအန်ကိုလည်း စိတ်ပူသော်လည်း သူ့တွင် လျှောက်လှမ်းရမည့် ကိုယ်ပိုင်လမ်းစဉ်က ရှိနေသေးသည်။

ကုအန်ခေါင်းညိတ်ကာ ပြောလိုက်၏။

“နှစ်တစ်ရာကြာပြီးလို့ အစ်ကိုကြီးပြန်လာတဲ့အချိန်ထိ ကျွန်တော်ဒီမှာပဲ စောင့်နေမှာပါ အခုဆိုကျွန်တော်က အမြုတေဖွဲ့တည်ပြီးသွားပြီ နှစ်ရာဂဏန်းအနည်းငယ်နေဖို့က မခက်ခဲတော့ပါဘူး”

လီယပြုံးလိုက်ကာ သူတို့ သာမညောင်ညလေးများဖြစ်ခဲ့စဉ်က အကြောင်းများကို ပြန်ပြောကြလေတော့သည်။

နောက်တစ်နာရီခန့်ကြာသောအခါ လီယ ပြတင်းပေါက်မှတဆင့် ထွက်ခွာသွားခဲ့၏။

ကုအန် ပြတင်းပေါက်ဘောင်ကိုကြည့်ကာ လီယတမင်လုပ်သွားသည်ဟုပင် ခံစားနေခဲ့သည်။

မဖြစ်တော့ဘူး ဒီလူ့ကို သင်ကြား‌ေပးဖို့ အမတစိတ်ဝိညဉ်ကို နည်းနည်းတော့ အနိုင်ကျင့်ခိုင်းမှ ရတော့မယ်!

ထို့နောက် ကုအန် အမတစိတ်ဝိညဉ်အား ဆက်သွယ်၍ တိုက်ရိုက်အမိန့်ပေးလိုက်၏။

……..

ညနေခင်းတွင်

ကျန်းပုကူ ကုအန်ဆီသို့အလည်ရောက်လာခဲ့သည်။ သူလီယနှင့် အချိန်ခွဲ၍လာရန် ကြိုစီစဉ်ထားခဲ့ခြင်း ဖြစ်၏။

သူ့တွင် ကုအန်နှင့်ဆွေးနွေးရန် ပုဂ္ဂိုလ်ရေးကိစ္စများရှိနေသလို လီယမှာလည်း သူတို့ကြား ဝါစဉ်ကိစ္စများကြောင့် အတူမရှိချင်ခဲ့ပေ။ ထို့အပြင် အခန်းတစ်ခုထဲ လူသုံးယောက်ရှိနေသည်မှာလည်း လူများလွန်းလှသည်။

မျှော်လင့်ထားသလိုပင် ကျန်းပုကူသည် လီယအထုပ်များကို ဖြည်ချခဲ့ပြီး လီယသည် ကံကောင်းသွားခဲ့ခြင်းဖြစ်ပြီး အမတစိတ်ဝိညဉ်က သူ့ကိုအရင်လာရှာခြင်းဖြစ်မှန်း ပြောပြခဲ့၏။ သို့သော် သူလီယအပေါ် မနာလိုခြင်းတော့ မဖြစ်ခဲ့ပေ။ အကယ်၍ လီယသာ လုံလောက်အောင်မသန်မာနေပါက ဤခရီးတွင် သူတို့သေပင် သေသွားနိုင်ခဲ့သည်ဟူ၍ပင် ပြောခဲ့သေးသည်။

နောက်ဆုံးတွင် ကျန်းပုကူလည်း ကုအန်အတွက် ကောင်းကင်နှင့်မြေပြင်ရတနာ စိတ်ဝိညဉ်ပင်များ ထုတ်ပေးခဲ့ပြီး ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးခဲ့၏။

ကုအန် ငြင်းဖို့ကြိုးစားခဲ့သေးသော်လည်း ကျန်းပုကူက အတင်းပေးနေသောကြောင့် နောက်ဆုံးတွင် လက်ခံခဲ့လိုက်ရသည်။

ကုအန်အား ပြန်လည်ပေးဆပ်နေရခြင်းကြောင့် ကျန်းပုကူလည်း ပျော်ရွှင်နေခဲ့၏။ ထို့နောက် ယခုလို သူ့အောင်မြင်နေသည်ကို သူ့အဖေမြင်စေလိုကြောင်းများကို ကုအန်အား စတင်ပြောပြလေတော့သည်။

နှမြောစရာကောင်းလိုက်တာ!

ညနေခင်းမရောက်ခင် ကျန်းပုကူ ပြန်သွားခဲ့၏။

…..

နှင်းဖွဲများ ကျသလို အဓိပတိဂိုဏ်းသားများ ဂိူဏ်းသို့ပြန်လာခဲ့ကြသည်။ ကျန်းချင်လည်း ကုအန်ဆီသို့ ရောက်လာခဲ့ပြီးသူ့အတွက် ဆေးပင်များ ယူလာခဲ့၏။

ကုအန်ရယ်သာရယ်မောလိုက်မိပြီး မငြင်းဆန်ခဲ့ပေ။

လေးရက်ကြာသောအခါ နောက်ထပ်လူတစ်ယောက် ကုအန်ဆီရောက်ရှိလာခဲ့ပြန်သည်။

ထိုသူမှာ ကျန်းချောင်သာ ဖြစ်၏။

သူတို့နှစ်ယောက်စကားပြောရန် သဘာ၀ဂူရှစ်လုံးထဲသို့ ၀င်သွားခဲ့ကြသည်။

“ဒီနှစ်တွေထဲ အဆင်ပြေရဲ့လား ဆရာဘွားဘွား” ကုအန် နွယ်စိမ်းပင်ရှေ့တွင်ထိုင်ကာ နူးနူးညံ့ညံ့မေးလိုက်သည်။

ထိုစဉ် နွယ်စိမ်းပင်မှ နွယ်ကြိုးနှစ်ကြိုးကျလာပြီး ကုအန်ပုခုံးအား နှိပ်ပေးနေခဲ့၏။

ကျန်းချောင်အခုလို ဇိမ်ခံနေသည်ကိုတွေ့သောအခါ ကျန်းချောင် မျက်လုံးလှန်ကြည့်လိုက်မိသည်။

ကျန်းချောင်ပြန်မဖြေရသေးခင်တွင် ဆေးအမွှေးတိုင်အိုးတစ်အိုးကိုထုတ်ကာ မီးမွှေးလိုက်ပြီး ရေများလောင်းထည့်လိုက်၏။

“အတော်လေးအဆင်ပြေပါတယ် ငါကမ္ဘာခြားနတ်မြို့တော်ကိုသွားပြီး အကျိုးအမြတ်အတော်လေး ရခဲ့တယ်”

ထို့နောက် သူလိုအပ်သောဆေးပစ္စည်းအမယ်များကို အိုးထဲထည့်နေခဲ့သည်။

ကုအန်ချက်ချင်း သူမအားဂုဏ်ပြုစကားပြောလိုက်၏။

“ငါအခု ဘယ်သူ့ဆီမှာအမှုထမ်းနေလဲ သိလား” ကျန်းချောင် သာမန်အတိုင်းမေးလိုက်သည်။

ကုအန် ခေါင်းခါလိုက်ကာ ပြောလိုက်၏။

“ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ ကျွန်တော်က ဒီအမတကျင့်ကြံခြင်းကမ္ဘာမှာ ကြီးမြတ်တဲ့ကျင့်ကြံသူနည်းနည်းပဲသိတဲ့ သာမန်ကျင့်ကြံသူလေးပဲဟာကို”

“ဆရာသခင်ဓားအရှင်”

“ဘယ်လို”

ကုအန် တုန်လှုပ်သွားခဲ့သည်။ စိတ်ထဲတွင်တော့ကြိတ်၍ ကျိန်ဆဲနေခဲ့၏။

ငါနင့်ကိုဘယ်သူ့မှမပြောနဲ့လို့ပြောထားတာကို ဘာလို့အဲ့လောက်လွယ်လွယ်လေး ထုတ်ပြောလိုက်တာလဲဟ!

အကယ်၍ ကျန်းချောင်က ဒီနေ့သူကိုပြောလျှင် နောက်နေ့ အခြားသူကို ပြော‌နိုင်ပေသည်။ သူမည်သို့ မစိုးရိမ်ဘဲ နေမည်နည်း။

ဒါပေါ့ အကယ်၍ ကျန်းချောင်တစ်ယောက်ယောက်ကို ပြောလိုက်လျှင်တော့ ကုအန်အတွက်တော့ ခြိမ်းခြောက်မှုဖြစ်လာနိုင်မည်မဟုတ်ပေ။ သို့သော် ကျန်းချောင်အတွက်တော့ ပြဿနာများ ဖြစ်လာနိုင်ပေသည်။

“ငါနင့်ကိုပဲ ပြောပြတာ အဲ့တာကြောင့် ဒီသတင်းကိုမဖြန့်လိုက်နဲ့” ကျန်းချောင်ပြောလိုက်ပြီး ကုအန်ကို ခပ်တည်တည်ကြည့်လိုက်သည်။

ကုအန် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“ဆရာဘွားဘွားကျွန်တော့်ကို ပြောမပြခဲ့သင့်ဘူး တကယ်လို့သူသာကြားသွားရင် ကျွန်တော်လည်း ဒုက္ခရောက်မသွားနိုင်ဘူးလား”

ကျန်းချောင်ရယ်မောကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့ ဆရာသခင်ဓားအရှင်ကဘယ်သူ့ကိုမှမသတ်ဘူး ငါကလည်းနင့်ကိုပဲပြောပြတာ”

ထို့နောက်သူမ ကမ္ဘာခြားနတ်မြို့ဝောာ်ထဲရှိ အတွေ့အကြုံများအကြောင်း ပြောပြခဲ့လေသည်။

“ဒီကမ္ဘာခြားနတ်မြို့တော်ခရီးက အန္တရာယ်တွေနဲ့ပြည့်နေတာ ငါသေမလိုတောင်ဖြစ်ခဲ့သေးတယ် တကယ်လို့ဆရာသခင်ဓားအရှင်သာ ၀င်ကယ်မပေးရင် နင်ဒီနေ့ငါ့ကိုမြင်ရတော့မှာမဟုတ်ဘူး” ကျန်းချောင် အနည်းငယ်စိတ်အားငယ်နေသေးဟန်ဖြင့် ပြောလိုက်သည်။

ကုအန်သူမကို နှစ်သိမ့်လိုက်၏။

“ဆရာဘွားဘွားအခု ပြန်ရောက်နေပြီပဲ ဒီလိုကံကြမ္မာနဲ့ဆို တစ်နေ့မှ အမတတစ်ပါးတောင်ဖြစ်လာနိုင်တယ်”

ကျန်းချောင်ခေါင်းယမ်းကာ ပြောလိုက်သည်။

“အမတတစ်ပါးတဲ့လား အဲ့တာကခက်ခဲလွန်းပါတယ်

နင်အမြင့်ကိုရောက်လေလေ ပိုကြောက်လာရလေလေပဲ စကားမစပ် ဆရာသခင်ဓားအရှင်ကဘာလို့ငါ့ကိုအရမ်းဂရုစိုက်နေတာလို့ ထင်လဲ သူငါ့ရုပ်ရည်ကို ကြွေနေတာဖြစ်နိုင်လား”

သူကုအန်တုန့်ပြန်မှုကို စိတ်၀င်စားဟန်ဖြင့်ကြည့်နေခဲ့သည်။

ကုအန်မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“ဘယ်ဟုတ်နိုင်ပါ့မလဲ သူကဒီလောက်စွမ်းအားကြီးပြီး ကျော်ကြားတာ သူ့အတွက်ဘယ်လိုလုပ် မိန်းကလေးရှားမှာလဲ”

ငါနင့်ကိုဂရုစိုက်တာ နင်ငါ့ကို မှော်ဂါထာတွေအများကြီး သင်ပေးခဲ့လိုကွ!

ဒီလိုတွေးနေတာကတော့ တကယ်နာကျင်စရာပဲ!

ကုအန် စော်ကားခံလိုက်ရသလိုခံစားလိုက်ရသည်။ အဘယ်ကြောင့် ဆရာသခင်ဓားအရှင်က ထိုမျှအပေါ်ယံဆန်ဆန် ပြုမူပါ့မည်နည်း။

ကုအန်မျက်မှောင်ကြုံ့သွားသည်ကိုကြည့်ကာ ကျန်းချောင်အနည်းငယ်စိတ်သက်သာသွားသော်လည်း ကုအန် မှတ်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

“ကမ္ဘာပေါ်မှာ မိန်းမတွေအများကြီးရှိပေမယ့် ငါ့ထက်လှတဲ့သူ ဘယ်နှစ်ယောက်များ နင်မြင်ဖူးလို့လဲ” ကျန်းချောင်ပြောလိုက်ရင်း ကုအန်နားသို့ကပ်လာကာ ငုံ့လိုက်ပြီး ကုအန်ကိုစိုက်ကြည့်နေခဲ့၏။

သူတို့မျက်နှာများသည် ၁၀စင်တီမီတာလောက်သာကွာတော့သောကြောင့် မြေပေါ်တွင်ထိုင်နေသောကုအန် ဘေးသို့ ရွှေ့လိုက်ရသည်။

ကျန်းချောင် ဘယ်ခြေထောက်ကိုမြှောက်လိုက်ကာ ကုအန်နားနားတွင် ကပ်၍ ကုအန်နောက်ရှိသစ်ပင်ကိုထောက်လိုက်ပြီး သူရှောင်မရအောင် လုပ်လိုက်၏။

“နင်ဘာလို့ရှောင်နေတာလဲ ဘာလဲ နင့်ဆရာဘွားဘွားက မနှစ်မြို့စရာကောင်းတယ်ထင်လို့လား” ကျန်းချောင် ထေ့ငေါ့လိုက်သည်။

ကုအန် အူကြောင်ကြောင်ပြန်ပြောလိုက်၏။

“မနှစ်မြို့စရာလား ဘယ်တော့မှအဲ့လိုထင်မှာမဟုတ်ပါဘူး ကျွန်တော်ကဆရာဘွားဘွားကို စော်ကားမိမှာကြောက်လို့ပါ”

ထိုစဉ် သူ့မျက်လုံးများ အောက်ဘက်သုိ့တစ်ချက်ရောက်သွားမိသည်။

ကျန်းချောင်သည် စကပ်တစ်ထည်ကို၀တ်ထားခြင်းဖြစ်ပြီး စကပ်အောက်တွင် ဘောင်းဘီများပါနေသော်လည်း သူမအပြုအမူမှာ အတော်လေး မသင့်‌ေလျ‌ာ်ဖြစ်နေခဲ့သည်။

“စော်ကားတာလား”

ကျန်းချောင် သူမခြေထောက်ကိုပြန်ရုတ်လိုက်ပြီး ကုအန်ရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်ကာ ကုအန်အ၀တ်အစားများအား စတင်ဆွဲယမ်းလေတော့သည်။

“ဆရာဘွားဘွားဘာလုပ်နေတာလဲ” ကုအန် ကြောက်လန့်တကြားရေရွတ်လိုက်မိ၏။

ကျန်းချောင်ပြန်ပြောလိုက်သည်။

“တကယ်လို့ သူသာတကယ်ကြီးငါ့ကိုမျက်စိကျနေခဲ့ရင် ငါဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ အဲ့လိုမျိုးဖြစ်မသွားခင် နင့်ကိုဖြည့်ဆည်း…”

ဆရာသခင်ဓားအရှင်သည် သန်မာသော်လည်း ကုအန်သည်သူ့အတွက် ပိုအရေးပါပေသည်။ အရေးအကြီးဆုံးပင် ဖြစ်နေသေး၏။

ကုအန် တွားသွားကာ အဝေးသို့ထွက်သွားဖို့ ကြိုးစားနေသော်လည်း ကျန်းချောင်နှင့်သူ့အား ခွန်အားကွာခြားမှုကြီးမားလွန်းသဖြင့် သူ့ကျင့်ကြံခြင်းအစစ်ကို မထုတ်သရွေ့ ရုန်းနိုင်မည် မဟုတ်ပေ။

“ရပ်လိုက်ပါ…ဒါကြီးကမမှန်ဘူး…” ယခုအခါ ကုအန် ၀တ်စုံ ဖရိုဖရဲဖြစ်နေပြီး သူ့ဆံပင်ပင် ပြေကျနေပြီဖြစ်ကာ သူ့မျက်နှာရှက်ရွံ့မှုကြောင့် နီမြန်းလာခဲ့သည်။

ကျန်းချောင်ရယ်မောလိုက်ကာ သူ့လှုပ်ရှားမှုများကိုရပ်တန့်လိုက်ပြီး ပြောလိုက်၏။

“ဒီည နင်မလိုက်လျောရင်တောင် ကိစ္စမရှိပါဘူး လိုအပ်ရင်ငါကအတင်းအကြပ်လုပ်မှာပဲ…”

“မင်းး….”

ကုအန် ထိတ်လန့်လာခဲ့သည်။ သူမထိုအရာကို အမှန်တကယ်ကြီး လုပ်တော့မည်လော။

ငါ့ဂျူနီယာညီမလေးနဲ့တောင် ဘာမှမဘာရသေးတာ ဘယ်လိုလုပ်ခင်ဗျားလိုစုန်းမတစ်‌ေယာက်နဲ့ ဘာလို့ဖြစ်မှာလဲ!

ကုအန် ဆရာသခင်ဓားအရှင်ကို ခေါ်ဖို့ပင် ပြင်လိုက်လေသည်။

ထို့နောက် ကျန်းချောင်ရပ်တန့်လိုက်ပြီး ဒေါသတကြီးပြောလိုက်၏။

“နင့်ကိုယ်နင်ကြည့်ပါဦး သူရဲဘောကြောင်လိုက်တာ မတ်မတ်ပြန်ရပ်ပြီး ဆေးအိုးထဲ၀င် ငါကတကယ်ကြီး နင်နဲ့တစ်ခုခုလုပ်မယ်ထင်နေတာလား ငါကနင့်အတွက် သင့်တော်တဲ့ခန္ဓာကိုယ်အခြေအနေရအောင် ပြင်ဆင်ပေးနေရုံပဲ”

ကုအန်တခဏကြက်သေသေသွားပြီးမှ သက်ပြင်းချလိုက်မိပြီး အမြန်ထရပ်လိုက်သည်။

သူဆေးအိုးထဲ၀င်ဖို့ ကျန်းချောင်နားက ဖြတ်သွားစဉ်တွင် ဖင်ကိုပင်ကန်ခံလိုက်ရ၏။

“အမြန်သွား!”

ကျန်းချောင် စိတ်မရှည်စွာပြောလိုက်ပြီး တကယ်လည်း စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။

တကယ်တော့ သူမအမှန်တကယ်လုပ်ဖို့ကြံနေခဲ့ခြင်းဖြစ်ပြီး ကုအန်၏ ကြောက်ရွံ့နေသောမျက်နှာကိုမြင်သောအခါမှ မလုပ်ရက်ခဲ့ခြင်း ဖြစ်သည်။

ထိုအရာက သူမကို ရှက်ရွံ့သွားစေခဲ့သလို ဒေါသလည်းထွက်သွားစေခဲ့၏။

ဤကလေးသည် အမှန်တကယ်သူမအား မကြိုက်ခြင်းပေလော။

ဤအရာသည် ကျင့်၀တ်ထုံးတမ်းများကြောင့် ဖြစ်နိုင်ပါသလော။

ကုအန်သည် လမ်းမှန်ဂိုဏ်း ပတ်၀န်းကျင်တွင် မည်သို့ကြီးပြင်းလာခဲ့ပုံကို တွေးမိပြီး ထိုအရာသည် ကျင့်၀တ်ထုံးတမ်းများကြောင့် ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။

သူမကတော့ မိစ္ဆာဂိုဏ်းမှလာခဲ့ခြင်းဖြစ်သောကြောင့် ထိုအရာကို လေးစားမှုမရှိပေ။

ထိုသို့တွေးလိုက်မိမှ သူမစိတ်အခြေအနေပြန်လည်ကောင်းမွန်လာခဲ့၏။

နောက်ဆုံးတွင် ကုအန်၌သာ ဘာအတွေးမှရှိမနေပါက သူအဘယ်ကြောင့် သူမခြေထောက်ဖြင့်ကာထားခဲ့စဉ်က အောက်ကိုတစ်ချက်ကြည့်ခဲ့မည်နည်း။

ကျန်းချောင်ပြုံးလိုက်မိသည်။

ကုအန် ဆေးအိုးနားရောက်သောအခါ ကိုယ်ကိုမတ်လိုက်ပြီး ဆေးအိုးထဲခုန်၀င်လိုက်ရာ အိုးထဲမှရေများပင် ဘေးသို့စင်သွားခဲ့သည်။

“အဲ့တာကနည်းနည်းပူတယ်” ဆေးအိုးထဲမှ ကုအန်အသံ ထွက်ပေါ်လာခဲ့၏။

‌ကျန်းချောင်အေးစက်စက်ပြောလိုက်သည်။

“တောင့်ခံထား ဒီလောက်နာကျင်မှုသေးသေးလေးကိုတောင် ကြောက်နေတာလား”

ကုအန်တိတ်ဆိတ်နေခဲ့ပြီး ဘာမှဆက်မပြောရဲတော့ပေ။

သဘာ၀ဂူ၈လုံးသည် တိတ်ဆိတ်သွားခဲ့သည်။

ဆေးအမယ်များအားလုံးကို ဆေးအိုးထဲထည့်ပြီးသောအခါ ကျန်းချောင် သွေးနီရောင်မျှော်စင်တစ်ခုကို ထုတ်လိုက်၏။ ထို့နောက် သူမထိုင်ချလိုက်ပြီး မျှော်စင်ကိုဂရုတစိုက်စစ်ဆေးနေခဲ့သည်။

ကုအန်ဆေးအိုးထဲမှ ခေါင်းပြူထွက်လာပြီး မေးလိုက်၏။

“ဒါက ဘာရတနာလဲ ဆရာဘွားဘွား”

ကျန်းချောင် သွေးနီရောင်မျှော်စင်ကိုစိုက်ကြည့်နေရင်း ဖြေလိုက်သည်။

“ဒါက အမတရတနာတစ်ခုဖြစ်တဲ့ သွေးပိုင်နက်ဝိညဉ်ဖိနှိပ်မျှော်စင်ပဲ အဲ့တာက မယုံနိုင်လောက်အောင်စွမ်းအားကြီးတယ် ငါဒါကိုမမျှော်လင့်ဘဲ ရခဲ့တာ”

All Chapters