အခန်း (၂၃၃-၂၃၄)
Vol. 18 Ch. 233-234
အပိုင်း(၂၃၃)
ကမ္ဘာဖျက်ကပ်ဘေးကြီး လာနေတယ်
လုပိုင်ထျန်း ထိုင်လိုက်ပြီး ကုအန်အား ကျင့်ကြံသူများအား ဆွဲဆောင်ရန် မည်သို့သော ပွဲမျိုးထပ်မံကျင်းပရမလဲဆိုတာ မေးမြန်းခဲ့လေသည်။
ရီလန် ကျန်းချင်နှင့် ရှန်းကျန်တို့မှာတော့ ဘေးတွင်ရပ်ကာ ကုအန် လုပိုင်ထျန်းအတွက် မည်သို့ ဗျူဟာဆွဲပေးလဲဆိုတာ စိတ်၀င်စားနေခဲ့၏။
ကုအန် တွေးတောလိုက်ကာ ပြောလိုက်သည်။
“အဓိပတိဂိုဏ်းက ပြိုင်ပွဲတွေအများကြီး ကျင်းပပြီးပြီ ပြိုင်ပွဲပုံစံတွေ ပြောင်းနေတယ်ဆိုပေမယ့် တပည့်အများစုက စိတ်ဝင်စားမှု အများကြီး မရှိတော့ဘူး အခြားဂိုဏ်းတွေကလည်း ကျွန်တော်တို့လို ပြိုင်ပွဲပုံစံတွေ လိုက်အတုခိုးနေတော့ ကျွန်တော်တို့အတွက် ဘာပြိုင်ပွဲပဲ ကျင်းပကျင်းပ လွှမ်းမိုးနိုင်ဖို့ ခက်လိမ့်မယ်”
လုပိုင်ထျန်း ခေါင်းညိတ်ပြလိုက်၏။ သူလည်းထိုကိစ္စအတွက် ဒုက္ခများနေခြင်း ဖြစ်သည်။
အခြားဂိုဏ်းများသည် အရူးများ မဟုတ်ကြပေ။ အဓိပတိဂိုဏ်းသည် ပွဲများကျင်းပခြင်းမှ အကျိုးအမြတ်များရနေသည်ကို တွေ့လိုက်ရသောအခါ သူတို့လည်း ပြိုင်ပွဲများ လိုက်ကျင်းပခဲ့ကြ၏။ အထူးသဖြင့် ခန်းထျန်ဂိုဏ်းဖြစ်သည်။ သူတို့သည်လည်း ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ကုန်းမြေတိုက်ကြီးရှိ ဂိုဏ်းအတော်များများ ၀င်ပြိုင်ကြသောကြောင့် အဓိပတိဂိုဏ်း၏ ပြိုင်ပွဲသက်ရောက်မှုမှာ သိသိသာသာ လျော့ကျလာခဲ့၏။
ယနေ့တွင် ခန်းထျန်ဂိုဏ်းသည် မင်းဆက်သုံးခုတွင် ထိပ်ဆုံးဂိုဏ်းဟူသော နေရာတွင် ရှိနေဆဲဖြစ်သည်။
ရှန်းကျန်လည်း အတွေးနွံနစ်သွားခဲ့၏။
မဟာယုမင်းဆက် မရှိတော့သော်လည်း တာအိုဂိုဏ်းကတော့ ရှိနေသေးသည်။ ယခုအခါ တာအိုဂိုဏ်းသည် အဓိပတိဂိုဏ်းနှင့် နီးကပ်လှသော မဟာမိတ်ဆက်ဆံေရးတည်ဆောက်ထားလေရာ အဓိပတိဂိုဏ်းအကျိုးရှိလေလေ သူတို့လည်း အကျိုးဖြစ်ထွန်းလေလေပင်။
ကုအန် ဆက်ပြောလိုက်သည်။
“တကယ်တော့ အခုကျွန်တော်တို့က အကောင်းဆုံးအခြေအနေမှာရှိနေတာ ကျွန်တော်တို့မှာ မဟာယနအဆင့် ၂ ယောက်ရှိပြီး ဆန်းကြယ်တဲ့ဆရာသခင်ဓားအရှင်လည်း ရှိတယ် အဲ့ဒီနေရာမှာ ခန်းထျန်ဂိုဏ်းက ကျွန်တော်တို့ကို မယှဉ်ပြိုင်နိုင်ဘူး တကယ်လို့ ဂိုဏ်းချုပ်က ခန်းထျန်ဂိုဏ်းကို ကျော်တက်ချင်ရင် ဘာလို့ ထျန်းပန်ပြိုင်ပွဲ မကျင်းပတာလဲ အသက်အကန့်အသတ်မရှိဘူး ကျင့်ကြံခြင်းအကန့်အသတ်မရှိဘူး ထိပ်ဆုံးအယောက် ၁၀၀ ကို တိုက်ခိုက်ပြီး ဆုံးဖြတ်မယ် ကျွန်တော်တို့သာ အဲ့တာကိုထုတ်ပြန်လိုက်ရင် ကျင့်ကြံသူတွေအကုန်လုံး လှုပ်ရွကုန်ကြမှာပဲ ပြိုင်ပွဲမှာ ၀င်မပြိုင်ရဲတဲ့ဂိုဏ်းကလည်း ငကြောက်တွေအဖြစ် စော်ကားခံရလိမ့်မယ်”
“တကယ်လို့ ခန်းထျန်ဂိုဏ်းက ၀င်မပြိုင်ရဲရင် သူတို့ဂိုဏ်းက ကျွန်တော်တို့ထက် အားနည်းတယ်လို့ တစ်ကမ္ဘာလုံးက ကျင့်ကြံသူတွေက မြင်သွားကြမှာပဲ တကယ်လို့ သူတို့၀င်ပြိုင်ရင်တော့ သာမန်ပြိုင်ပွဲတစ်ခုလုပ်ပေးပြီး သူတို့ တာအိုသခင်က ကျွန်ဝောာ်တို့ စီနီယာရွှမ်နဲ့ စီနီယာချောင်ကို နိုင်မှာလား ကြည့်လိုက်ကြတာပေါ့”
ထိုစကားကိုကြားသောအခါ လုပိုင်ထျန်း မျက်လုံးများတောက်ပသွားသော်လည်း တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်သည်။
“မဟာယနအဆင့်တွေ တိုက်ပွဲလား တကယ်က တိုက်ပွဲအခြေအနေတွေက တင်းမာလာရင် ငါတို့ဘယ်လိုထိန်းချုပ်ကြမှာလဲ”
ကုအန်တခဏစဉ်းစားလိုက်ပြီး ပြောလိုက်၏။
“ပြိုင်ပွဲကို အပြင်စည်းဂိုဏ်းမှာကျင်းပရင်ရော ဘယ်လိုလဲ ကျွန်တော်တို့ ဆရာသခင်ဓားအရှင်နာမည်သုံးပြီး သူတို့ကို ခြောက်လှန့်ထားလို့ ရတယ်”
လုပိုင်ထျန်း မျက်မှောင်ကြုံ့လိုက်ပြီး တွန့်ဆုတ်နေဆဲပင်။
အဓိပတိဂိုဏ်းရှိ အထက်ပိုင်းပုဂ္ဂိုလ်များသည် ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုရှိကြသော်လည်း ဘယ်သူမှ ဆရာသခင်ဓားအရှင်၏ရည်ရွယ်ချက်ကိုရော သရုပ်မှန်ကိုသော မသိကြပေ။
အရင်က ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းမှ မွေးထုတ်ပေးလိုက်သူဟု သူတို့စိတ်ကူးယဉ်မိကြသော်လည်း နောက်ပိုင်း အမတအဆင့်များ ပေါ်လာသောအခါ ထိုအရာက မဖြစ်နိုင်သည်ကို သူတို့လက်ခံလိုက်ရသည်။ သူတို့ဂိုဏ်းသည် အမတများကို မွေးထုတ်မပေးနိုင်ပေ။ ဆရာသခင်ဓားအရှင်သည် ထိုအမတများကို ဖိနှိပ်နိုင်အောင်ပင် သန်မာနေသောအခါ အမှန်တရားကို သူတို့လက်ခံလိုက်ကြရ၏။
“တကယ်လို့ ဂိုဏ်းချုပ်က ဆရာသခင်ဓားအရှင်ကို စော်ကားမိမှာကြောက်နေတာဆိုရင် ထျန်းပန်ပြိုင်ပွဲကရတဲ့ အကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို ကောင်းကင်ပြုပြင်စင်မြင့်ေပါ်မှာပဲ ဆရာသခင်ဓားအရှင်ကို လေးစားကြောင်း ပြသတဲ့အနေနဲ့ သူနဲ့ခွဲယူလို့ရတယ်” ကုအန် အကြံပြုလိုက်သည်။
လုပိုင်ထျန်း တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်၏။
“အဲ့တာက အဆင်ပြေပါ့မလား”
ကုအန်ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့ အဲ့ဒီအကြောင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့မှာ အရင်သွားတောင်းဆိုကြည့်လို့ရတယ် ဆရာသခင်ဓားအရှင်က အမတတစ်ပါးပဲ သူကြားမှာသေချာတယ် ဂိုဏ်းချုပ်ကသာ အကျိုးအမြတ်တွေကို ရှင်းရှင်းလင်းလင်းခွဲဝေပေးနေနိုင်သရွေ့ သူလည်းသဘောတူမှာသေချာတယ်”
“ထျန်းပန်ပြိုင်ပွဲသာ ကျင်းပပြီးသွားရင် အဓိပတိဂိုဏ်းကသာ ထိပ်ဆုံးနေရာကို ရနေသရွေ့ ဘယ်ဂိုဏ်းကမှ နောက်ထပ်ထျန်းပန်ပြိုင်ပွဲကို ကျင်းပလို့ရမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးဂိုဏ်းကပဲ ထျန်းပန်ပြိုင်ပွဲကို ကျင်းပနိုင်မှာမလို့ပဲ တကယ်လို့ ခန်းထျန်ဂိုဏ်းသာ ထိပ်ဆုံးနေရာကို မရခဲ့ရင် သူတို့ဂိုဏ်းရဲ့
စိတ်ဓာတ်တွေလည်း ကျကုန်ကြလိမ့်မယ်”
“အရင် ရွှေစာရင်းညီလာခံလိုပဲ ထျန်းပန်ကိုလည်း မှတ်တမ်းတင်ထားရမယ် ကမ္ဘာကြီးတစ်ခုလုံးကို ပျံ့နှံ့သွားအောင် စိတ်ဝိညဉ်ကျောက်တုံးမကောက်ခံဘဲ အဲ့ဒီမှတ်တမ်းကို အလကားဖြန့်နိုင်ရင် အကောင်းဆုံးပဲ ဒုတိယအကြိမ်မြောက် ကျင်းပမယ့် ထျန်းပန်ပြိုင်ပွဲမှတ်တမ်းကျမှ အကျိုူအမြတ်အတွက် စိတ်ဝိညဉ်ကျောက်တုံးတွေကို သဲ့ယူရမယ်”
သမိုင်းတစ်လျှောက်လုံးတွင် ဘယ်ဂိုဏ်းမှ ထိုသို့လုပ်ဖို့ မတွေးရဲကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးရှိ အစွမ်းအထက်ဆုံးကျင့်ကြံသူများကိုခေါ်၍ ပြိုင်ခိုင်းဖို့ဆိုသည်မှာ အလွယ်တကူပင် ထိန်းချုပ်မှုလွတ်သွားပြီး ဂိုဏ်းတစ်ခုလုံးအပျက်အဆီးဖြစ်သွားနိုင်သည့်အရာ ဖြစ်သောကြောင့် ဖြစ်သည်။
အဓိပတိဂိုဏ်းကတော့ မတူပေ။ သူတို့တွင် မျှခြေကို ထိန်းညှိပေးမည့် ဆရာသခင်ဓားအရှင် ရှိနေခဲ့၏။
ရှန်းကျန် မေပြာဘဲမနေနိုင်တော့ပေ။ “ဒီအကြံက အဝောာ်လေး စဉ်းလဲတယ် ကမ္ဘာပေါ်က ဘယ်ဂိုဏ်းမှငြင်းနိုင်မှာမဟုတ်ဘူး တကယ်လို့ သူတို့က ထိပ်ဆုံးနေရာကိုမရနိုင်တာသိနေရင်တောင် ၀င်ပြိုင်ရလိမ့်မယ်”
လုပိုင်ထျန်းထိုအကြောင်းတွေးလေလေ ဖြစ်နိုင်လေလေဟု ခံစားလာရလေလေပင်။ အဓိပတိဂိုဏ်းသည် ထိပ်ဆုံးနေရာကို ရယူနိုင်သရွေ့ အနာဂတ်တွင်လည်း ကြီးမြတ်သည့်ကျင့်ကြံသူများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
“တကယ်လို့ မြင့်မြတ်ကုန်းမြေ ဒါမှမဟုတ် ပင်လယ်ရပ်ခြားက ကျင့်ကြံသူတွေ၀င်ပြိုင်ရင်ရော ဘယ်လိုလုပ်မှာလဲ” လုပိုင်ထျန်း တွန့်ဆုတ်ဟန်ဖြင့် မေးလိုက်၏။
ကုအန်ပြုံးကာ ပြောလိုက်သည်။
“အဲ့လိုသာဆို အဓိပတိဂိုဏ်းရဲ့ လွှမ်းမိုးမှုကို ပိုပြီးတောင်ဖော်ပြနိုင်လိုက်တာမဟုတ်လား မြင့်မြတ်ကုန်းမြေက ကျင့်ကြံသူတွေတောင် ၀င်မပြိုင်ဘဲ မနေနိုင်ဘူးလေ ကျွန်တော်တို့ အဓိပတိဂိုဏ်းက ကျင့်ကြံသူက မင်းဆက်သုံးခုမှ ထိပ်ဆုံးနေရာရနေရင် လုံလောက်ပြီ ပင်လယ်ရပ်ခြားကလူတွေကို ထည့်တွက်စရာမလိုဘူး”
လုပိုင်ထျန်းထိုအရာကို အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပြီး အသေးစိတ်အချက်အလက်များကို ကုအန်နှင့် စတင်ဆွေးနွေးလေတော့သည်။
ပြိုင်ပွဲတွင် ကျင့်ကြံသူများ ပါ၀င်ယှဉ်ပြိုင်ဖို့အတွက်ဆိုလျှင် သူတို့စကားလောက်က မလုံလောက်နိုင်ဘဲ ပြိုင်ပွဲ၀င်များအတွက် မြင်သာသည့် ဆုလဒ် အကျိုးအမြတ်မျိုးလည်း လိုအပ်သေး၏။
ရီလန် ကုအန်နှင့်လုပိုင်ထျန်းတို့ ကမ္ဘာ့ရေးရာကိစ္စများ တိုင်ပင်နေကြသည်ကို ကြည့်ရှုနေခဲ့သည်။ ကြည့်နေရင်း သူမ စိတ်မကောင်းဖြစ်သလိုခံစားလိုက်ရ၏။ သူမထင်ထားသလိုပင် သူမစီနီယာအစ်ကိုကြီးသည် သာမန်လူတစ်ယောက်အဖြစ်နေထိုင်ဖို့ မွေးဖွားလာသူ မဟုတ်ပေ။
တစ်ဖက်ရှိ ကျန်းချင်မှာတော့ ဘာမှအများကြီးစဉ်းစားမနေဘဲ ထျန်းပန်ပြိုင်ပွဲအကြောင်းကာ စိတ်ကူးယဉ်၍ စိတ်၀င်စားနေခဲ့သည်။
မည်သူက ကမ္ဘာ့နံပါတ်၁ မဖြစ်ချင်သူ ရှ်ိမည်နည်း။
သူမသည် ၀င်ပြိုင်ရန် အရည်အသွေးမမှီသေးသော်လည်း ဘယ်သူထိုနေရာကို ရသွားမလဲဆိုတာတော့ သိချင်နေမိ၏။
တစ်နာရီခန့်ကြာမှ လုပိုင်ထျန်း အလောတကြီးပြန်သွားခဲ့ပြီး နွေဦးပွဲတော်ပင် ဆင်နွှဲမသွားတော့ပေ။
ကုအန်မှာတော့ အမျိုးသမီးသုံးယောက်ကို ခေါ်ကာ တောင်ကြားထဲဆင်း၍ နွေဦးပွဲတော်လေထုကို ခံစားနေခဲ့၏။ ဤနှစ်တွင် ဆေးတောင်ကြားတပည့်များက ဈေးတစ်ခုပင် ပြုလုပ်ထားသေးရာ အတော်လေးစည်းကားနေခဲ့သည်။
နေစောင်းခါနီးအချိန်တွင် လုလင်ကျွမ်းပြန်လာခဲ့၏။ သူမနှင့် ရီလန်တို့ကြား ကျင့်ကြံခြင်းကွာဟချက်များသောကြောင့် သူတို့ကြား မည်သည့်ပဋိပက္ခမှာတော့ ဖြစ်မသွားခဲ့ပေ။ သူမသည် ရီလန်တို့နှင့်ကုအန်ကြား ဆက်ဆံရေးကို စိတ်၀င်စားမှုလည်း ရှိမနေပေ။
ကုအန်အရင်ဆုံး ဆန်းကြယ်တောင်ကြားသို့ပြန်ပြီး တပည့်များနှင့် သောက်ခဲ့ပြီးမှ တတိယတောင်ကြားသို့ပြန်၍ အခြားသူများနှင့်နွေဦးပွဲတော်ကို ဆင်နွှဲခဲ့လေသည်။
နောက်တစ်နေ့မနက်တွင် ဧည့်သည်များအားလုံးပြန်သွားကြပြီး တပည့်များလည်း နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ပြန်အလုပ်ရှုပ်နေခဲ့ကြ၏။ လုလင်ကျွမ်းမှာတော့ ဆေးတောင်ကြားမှထွက်သွားကာ ဂိုဏ်း၏ ပင်မမြို့တော်ဆီသို့ ပျံသန်းသွားခဲ့သည်။
ရက်ပေါင်းများစွာကြာပြီး တစ်ညတွင် လုပိုင်ထျန်း အကြီးအကဲခန်းမမှ အဖွဲ့၀င် ဒါဇင်များစွာကိုခေါ်ကာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့ ရောက်လာသည်ကို ကုအန် တွေ့လိုက်ရ၏။ သူတို့သည် စင်မြင့်ပေါ်မှ အခြားတပည့်များ မမြင်နိုင် မကြားနိုင်စေရန် အရင်ဆုံး ၀င်္ကပါတစ်ခု တည်ဆောက်ခဲ့သည်။
သူတို့ ထျန်းပေါင်ပြိုင်ပွဲအကြောင်းရှင်းပြပြီးသည့်နောက်တွင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်က ငြိမ်သက်နေသေးသောကြောင့် ထိုအရာကို ဆရာသခင်ဓားအရှင်က လက်ခံလိုက်သည်ဟု ယူဆလိုက်ကြ၏။
ကုအန်လည်း ထျန်းပေါင်ပြိုင်ပွဲမှ ရမည့်အကျိုးအမြတ်များကို မျှော်လင့်မိနေပြီး ထိုအရာများနှင့်ဆိုလျှင် သူအဆင့်မြင့်ဆေးပင်များ ထပ်၀ယ်နိုင်မည်ဖြစ်သည်။
ဒုတိယနံနက်ခင်းတွင် ကုကျုံး ကျင့်ကြံသူတစ်အုပ်ကိုခေါ်ကာ လုလင်ကျွမ်းကို လာရှာခဲ့၏။ ထိုကျင့်ကြံသူများထဲမှ အနိမ့်ဆုံးကျင့်ကြံသူမှာပင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ဖြစ်ပြီး အရေအတွက်မှာ ၁၀၀ ကျော်ပေသည်။
လုလင်ကျွမ်းချက်ချင်းပင် ထိုကျင့်ကြံသူ အုပ်စုကို ဦးဆောင်ကာ ခေါ်သွားခဲ့လိုက်၏။ ကုကျုံးလည်း ကုအန်နှင့် နှုတ်ဆက်စကားအနည်းငယ်ပြောပြီးသည့်နောက် ထွက်ခွာသွားခဲ့သည်။
ကုအန် လုလင်ကျွမ်း ဘာလုပ်နေလဲဆိုတာ မမေးခဲ့ပေ။ မေးစရာပင်မလိုဘဲ ထိုအရာသည် ပင်လယ်ရပ်ခြားမှ တက်လှမ်းသူများနှင့်ဆိုင်မှန်း သိသာလှသည်။
တစ်လကြာသောအခါ
အဓိပတိဂိုဏ်းသည် ထျန်းပန်ပြိုင်ပွဲအကြောင်း ကြေငြာခဲ့ပြီး ထိုသတင်းက အလျင်အမြန်ပင် အမတကျင့်ကြံခြင်းကမ္ဘာရှိ မြို့များထဲ ပျံ့နှံ့သွားခဲ့၏။ တစ်ချိန်တည်းမှာပင် လုပိုင်ထျန်း များစွာသော ဂိုဏ်းများဆီသို့ ပြိုင်ပွဲဖိတ်စာများ ပို့ပေးခဲ့လေသည်။
ကမ္ဘာကြီး လှုပ်ရွသွားခဲ့ချေပြီ!
ဂိုဏ်းအသီးသီးမှ အထက်ပိုင်းလူကြီးများ အဓိပတိဂိုဏ်းအား သုတို့၏အရှက်မဲ့မှုေကြာင့် ဆဲဆိုနေကြပြီး အဆင့်နိမ့်နှင့်အလယ်အလတ်အဆင့် ကျင့်ကြံသူများမှာတော့ ၀မ်းသာနေခဲ့ကြ၏။
ဆရာသခင်ဓားအရှင်မှလွဲပြီး မည်သူက ဤကုန်းမြေတိုက်ကြီးတွင် နံပါတ်၁ လဲဆိုတာ လူအတော်များများက စိတ်၀င်စားနေခဲ့ကြသည်။
ဆရာသခင်ဓားအရှင်သည် အလွန်စွမ်းအားကြီးလွန်းပြီး မင်းဆက်သုံးခုရှိကျင့်ကြံသူများ အပြင်ဘက်မှလူဟု သတ်မှတ်ခံထားရသူဖြစ်သည်။ တိုက်ကြီး၏ မူလနေထိုင်သူများအနက် မည်သူက နံပါတ်၁လဲဆိုတာတော့ သေချာမဆုံးဖြတ်ရသေးပေ။
ကုအန်သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းကာ အပြင်စည်းမြို့သို့ရောက်သွားချိန်တွင် သူတို့နားကဖြတ်သွားသောတပည့်တိုင်း ထိုအကြောင်းကိုစိတ်လှုပ်ရှားစွာ ဆွေးနွေးနေခဲ့ကြ၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်ဘေးမှလိုက်လာသော ယန်ကျင်းလည်း သွေးများပင် ဆူပွက်လာခဲ့သည်။
သူ့ဘ၀တွင် ထျန်းပန်ပြိုင်ပွဲ၌ တစ်ကြိမ်လောက် ၀င်ပါခွင့်ရဦးမလားဆိုတာကိုပင် သူသိချင်နေခဲ့၏။
လမ်းတစ်လျှောက်လုံးတွင် ကုအန်သည် လူအတော်များများကို နှုတ်ဆက်နေသည်ကို သူတွေ့ခဲ့ရသည်။ ကုအန်သည် လူအတော်များများနှင့်သိနေပြီး နောက်လိုက်အစေခံများပါ ပါနေသောကြောင့် ယန်ကျင်း ကုအန်ကိုပို၍ လေးစားသွားခဲ့ရ၏။
ဤမနက်တွင် ကုအန် ရှောင်ချွမ့်ကို သတင်းပါးကာ ယန်ကျင်းကို သူအပြင်စည်းမြို့ထဲခေါ်သွားမည်ဟု ပြောခဲ့ခြင်းဖြစ်ပြီး ထိုအရာက ယန်ကျင်းကို စိတ်လှုပ်ရှားနေစေခဲ့သည်။
ဤအရာသည် ကုအန်က သူ့ကိုအမှန်တကယ်လက်ခံလိုက်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
သူတင်မဟုတ်ဘဲ အခြားအစေခံတပည့်များကလည်း ထိုသို့သာ တွေးမိကြပြီး သူ့ကိုအတုယူကာ စိတ်ဝိညဉ်ကြွက်ဖြူနားတွင် ဝိုင်းနေကြသောကြောင့် အန်းရှင်းပင် အကူအညီမဲ့သလို ခံစားနေခဲ့ရ၏။
“ယန်ကျင်း မင်းငါ့ရဲ့ တပည့် တကယ်ဖြစ်ချင်လား”
ကုအန် ရုတ်တရက်ေမးလိုက်ရာ ယန်ကျင်း နေ့အိပ်မက်မက်နေသလို အေးခဲသွားခဲ့သည်။ ထို့နောက် သူကြောင်အကာ အလိုလိုပြန်မေးလိုက်မိဧ်။်။
“ဘယ်လို”
ကုအန် သူ့ကိုတစ်ချက်လှည့်ကြည့်လိုက်ရာ သူကြောက်လန့်သွားပြီး ချွေးအေးများပင် ထွက်သွားခဲ့လေသည်။
“အရူး သခင်ကမင်းကို သူ့တပည့် တကယ်ဖြစ်ချင်လားလို့ မေးနေတာ!” သွေးအကျဉ်းထောင်မဟာသူတော်စင် လှောင်ပြောင်ဟန်ဖြင့်ပြောလိုက်ပြီး တကယ်တော့ ထိုအရာကသူယန်ကျင်းကို ဂရုစိုက်သည့်ပုံစံ ဖြစ်၏။
ယန်ကျင်းသည် သူ့ကို ၅နှစ်လုံးလုံး ပြုစုလာခဲ့လေရာ သူယန်ကျင်းအပေါ် နှစ်သက်မှုရှိပြီး သူ့ကိုကူညီလိုခြင်း ဖြစ်သည်။
အခြားသူများက ကုအန်၏ ကျင့်ကြံခြင်းအဆင့် အစစ်ကိုမသိသော်လည်း သူကတော့ ကောင်းကောင်းကြီးသိ၏။
အဓိပတိဂိုဏ်းတွင် အသန်မာဆုံးပုဂ္ဂိုလ်မှာ ကုအန်ဖြစ်ကာ ဆန်းကြယ်လှသော ဆရာသခင်ဓားအရှင်မှာလည်း ကုအန်ဟုပင် သူသံသယရှိပေသည်။
“အာ ကျွန်တော်ဖြစ်ချင်ပါတယ်! ကျွန်တော်ဖြစ်ချင်ပါတယ်! ဆရာကျေးဇူးပြုပြီး ကျွန်တော် ကန်တော့တာကို လက်ခံပေးပါ!”
ယန်ကျင်းအပျော်လွန်သွားပြီး လမ်းပေါ်တွင် ဒူးထောက်ချလိုက်၏။
ဖြတ်သွားသော တပည့်များက သူ့ကိုထူးဆန်းသောအကြည့်ဖြင့် ကြည့်သွားခဲ့ကြသည်။
ကုအန်ရှက်သည်ဟု မခံစားရဘဲ သူ့ကန်တော့ခြင်းကို လက်ခံလိုက်ပြီး သုံးကြိမ်ကန်တော့ပြီးမှ ပြန်ထခိုင်းလိုက်၏။
ထို့နောက် သွေးအကျဉ်းထောင်မဟာသူတော်စင် ရှေ့မှသွားနေရင်း ယန်ကျင်းသူ့နောက်မှကပ်လိုက်နေကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေခဲ့သည်။
သူသည် တတိယတောင်ကြားတွင် ငါးနှစ်နေလာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ကုအန်ကို အတော်လေး အထင်ကြီးနေခဲ့ပြီး ဖြစ်၏။ ကုအန်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သာ ရှိပါသေးသော်လည်း တောင်ကြားထဲတွင် ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ပင် ပုန်းအောင်းနေသောကြောင့် သူပို၍ စိတ်ကူးယဉ်မိလာခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် တုန်ရီနေသော ယန်ကျင်းကိုကြည့်ကာ စိတ်ထဲတွင် အနည်းငယ်ချဉ်သလို ခံစားသွားခဲ့ရ၏။
ဘာလို့လဲ!
ဒီကလေးက အထင်ကြီးစရာလည်းမရှိဘဲ အတော်လေး သာမန်ဆန်ပုံပါပဲ!
ထိုကဲ့သို့သော လူမျိုးပင် ကုအန်၏တပည့်ဖြစ်လာနိုင်ပြီး သူ့လိုကြီးမြတ်သည့် တက်လှမ်းသူတစ်ယောက်ကတော့ စီးတော်သားရဲသာ ဖြစ်လာခဲ့ရသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်ခံစားချက်ပွတ်တိုက်မှုများ ဖြစ်ပေါ်နေခဲ့၏။
သူသာ အစက လီယနှင့်ကျန်းပုကူတို့ကို အဆင်အခြင်မဲ့လိုက်မဖမ်းခဲ့ပါက ယခုလို ဖြစ်ရပ်မျိုးနှင့် အဆုံးသတ်ရမည် မဟုတ်ပေ။
သို့သော် ပြန်တွေးကြည့်သောအခါတွင်လည်း သူနှစ်၁၀၀၀လောက်ကျင့်ကြံပြီးလျှင်ပင် ကုအန်လို ကျင့်ကြံသူမျိုးနှင့် တွေ့နိုင်ရန် မလွယ်ပေ။ အကယ်၍ တွေ့ခဲ့လျှင်လည်း သူသတ်ခံရပေလိမ့်မည်။
ထို့ကြောင့် ဤအရာကိုကောင်းချီးတစ်ခုဟုသာ သူသတ်မှတ်လိုက်၏။
“သူ့မှာတပည့်တွေအများကြီးရှိနိုင်ပေမယ့် စီးတော်သားရဲကတော့ ငါတစ်ကောင်တည်းရှိနိုင်တာလေ အဲ့တာကမတူဘူး” သွေးအကျဉ်းထောင်မဟာသူတော်စင်ထိုသို့ တွေးလိုက်မိပြီး တစ်ဖန်စိတ်လှုပ်ရှားလာခဲ့ပြန်သည်။
ခွေးကိုရိုက်ချင် သခင်မျက်နှာကိုကြည့် ဟူသော စကားပုံလည်း ရှိသည်မဟုတ်ပါလော….
တပည့်များသည် တဖြည်းဖြည်းနှင့် ဘွဲ့ရသွားမည်ဖြစ်သော်လည်း စီးတော်သားရဲဆိုတာကတော့ တစ်သက်လုံး ချည်နှောင်ထားရမည့် ဆက်ဆံရေးတစ်ခုသာ ဖြစ်၏။
အကယ်၍ ကုအန်ကသူ့ကို နောင်နှစ်၁၀၀၀ကြာပြီး လွတ်လပ်ခွင့်ပေးလိုက်လျှင်တောင် သူကုအန်ကို သစ္စာရှိပါမည်ဟု ကျိန်ဆိုကာ ကုအန် စီးတော်သားရဲသာဆက်လုပ်ဖို့ ပြောမည် ဖြစ်မည်။
သုကုအန်ကို ဤမဟာကောင်းကင်စိတ်ဝိညဉ်နယ်မြေတွင် သူ့နောက်ခံ ဖြစ်စေချင်နေခဲ့သည်။
ထိုအကြောင်းကိုတွေးလေလေ သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး သူ့နွားသိုးကိုယ်ကြီးပင် တုန်ရီလာခဲ့၏။
ကုအန်သူ့ကို ငုံ့ကြည့်လိုက်ပြီးနောက် ယန်ကျင်းကို ကြည့်လိုက်လေသည်။ သူရုတ်တရက် ယန်ကျင်းသည် ထိုနွားသိုးကြောင့် ပျက်ဆီးသွားမည်ကိုပင် စိတ်ပူသွားမိလေသည်။
ထို့စဥ် ညစ်ပတ်ပေရေနေသော အ၀တ်အစားများ၀တ်ထားသည့် အဖိုးကြီးတစ်ယောက် သွေးအကျဉ်းထောင်မဟာသူတော်စင် ရှေ့က ပိတ်ရပ်ထားခဲ့၏။ သူကုအန်ကို ပြူးကြောင်နေသောမျက်လုံးများဖြင့် ကြည့်လိုက်ကာ
“သေမျိုးကမ္ဘာကပ်ဘေးက လာနေပြီ သမုဒ္ဒရာက အားလုံးကိုဖုံးလွှမ်းသွားလိမ့်မယ် ကမ္ဘာပျက်ကပ်ဘေးက နီးလာပြီ…”
သွေးအကျဉ်းထောင်မဟာသူတော်စင်ရပ်တန့်လိုက်ပြီး သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ယန်ကျင်းလည်း သူ့ကိုကြည့်လိုက်ပြီး သူ့စကားလုံးများကြောင့် ဆွဲဆောင်ခံလိုက်ရ၏။
အဖိုးကြီးပြောပြီးသည်နှင့် လှည့်ထွက်သွားကာ အခြားကျင့်ကြံသူများရှေ့ရပ်ပြီး ထိုစကားလုံးကိုသာ ထပ်ခါတလဲလဲ ပြောနေခဲ့လေသည်။
အပိုင်း(၂၃၄)
ကောင်းကင်ကျက်သရေဆောင် ပါရမီရှင်
ကမ္ဘာပျက်ကပ်ဘေးအကြောင်း လျှောက်အော်နေသော အဖိုးကြီးကြောင့် လမ်းတွင်ဖြတ်သွားကြသော ကျင့်ကြံသူများ ထိုအကြောင်းဆွေးနွေးကုန်ကြ၏။ အများစုကတော့ ထိုလူကြီးပြောသည်ကို မယုံကြဘဲ အချို့ကတော့ အဓိပတိဂိုဏ်းတွင်ထိုသို့လာပြောရဲသော အဘိုးကြီးဘယ်ကလာသလဲဆိုတာ သိချင်နေခဲ့ကြသည်။
ကုအန်မှာတော့ ယုံတစ်၀က် မယုံမ၀က်ပင်။
သမုဒ္ဒရာကြီးကအားလုံးကို ဝါးမြိုသွားမှာတဲ့လား!
သူအရင်ကတည်းက ထိုဒဏ္ဍာရီမျိုးကိုကြားဖူးပြီး ထိုကဲ့သို့သော ဒဏ္ဍာရီမျိုးက ထူးဆန်းသောအရာတော့ မဟုတ်ပေ။ ဤနှစ်များအတွင်း သမုဒ္ဒရာအက်ကွဲကြောင်းကြီး ပေါ်ပေါက်လာမှုကြောင့် ထိုအရာကို မယုံဖို့ကလည်း ခက်နေခဲ့၏။
“ငါက အသက်လေး ၁၂၇နှစ်ပဲရှိသေးတာပါ ဘာလို့ ဒီလောက်အခက်အခဲတွေများနေတာလဲ”
ကုအန်အကူအညီမဲ့စွာ တွေးလိုက်မိသည်။ သို့သော်လည်း အရင်က ကပ်ဘေးများသည် သေမျိုးကမ္ဘာ၏ကပ်ဘေးများမဟုတ်ကြဘဲ အမတအင်အားစုများ၏ လုပ်ရပ်များသာဖြစ်ပြီး ထိုကဲ့သို့သောအရာမျိုးက ဒီကမ္ဘာတွင် ရှားတော့မရှားပေ။
ဤတစ်ကြိမ်တွင်တော့ သမုဒ္ဒရာကပ်ဘေးသည် သူ သို့မဟုတ် မင်းဆက်သုံးခုကို ပစ်မှတ်မထားဖို့ သူမျှော်လင့်နေခဲ့ဧ။။် အကယ်၍ ထိုသို့သာဖြစ်လာရင်တော့ ကောင်းကင်တာအိုသည် သူ့အားတမင်အကွက်ချ ကြံစည်နေသလားဆိုတာ သူပိုတွေးဖို့ လိုလာပေလိမ့်မည်။
တကယ်တော့ သူသည် သေမျိုးကမ္ဘာကိစ္စများတွင် အများကြီး ပါ၀င်ပတ်သက်ခဲ့ခြင်းတော့ မဟုတ်ပေ။ ကောင်းကင်ကပ်ဘေးကိုမဖြတ်ကျော်ဘဲ အချိန်တိုအတွင်း ရူးသွပ်စရာကောင်းအောင် သန်မာလာခြင်းက ကောင်းကင်ကပ်ဘေးကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိခြင်း ဖြစ်နိုင်ပါသလော။
သေမျိုးကမ္ဘာရှိ ဘယ်နေရာမှာမှန်းသူမသိသော စိတ်ရှုပ်စရာတစ်ခုကို ရှင်းလင်းပစ်ဖို့အတွက် အကောင်းဆံူးနည်းလမ်းမှာ ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ထုတ်လွှတ်လိုက်ရုံသာ ဖြစ်ပေသည်။
သက်ရှိများအားလုံးအတွက် ကပ်ဘေးဆိုသည်မှာ ကြောက်စရာကောင်းလှသော်လည်း ကောင်းကင်နှင့်မြေပြင်ကိုယ်တိုင်အတွက်တော့ ထိုအရာသည် အကြီးအကျယ်သန့်ရှင်းရေး လုပ်ခြင်း တစ်ခုသာ ဖြစ်၏။
ကုအန် အတွေးနွံနစ်နေပြီး မကြာခင် ဥပဒေရေးရာခန်းမမှတပည့်များက လျှောက်အော်နေသော အဖိုးကြီးကိုအဝေးကို ခေါ်သွားကြသည်ကို တွေ့လိုက်ရသည်။
“သမုဒ္ဒရာက အရာအားလုံးကို ဝါးမြိုသွားလိမ့်မယ်…”
ထိုမျှ ကိစ္စအပိုင်းသေးသေးလေးက လူများစွာ၏စိတ်ထဲ အကြာကြီးတော့ နေရာယူမနေပေ။ ထိုအရူးစကားထက်စာလျှင် သူတို့သည် ထျန်းပန်ပြိုင်ပွဲ(ကောင်းကင်အဆင့်ပြိုင်ပွဲ)အကြောင်း ပို၍ စိတ်၀င်စားကြ၏။
ကမ္ဘာ့နံပါတ် ၁ ဟူသော ဘွဲ့က ကျင့်ကြံသူပေါင်းများစွာ၏ ရင်ကိုလှုတ်ခတ်နေစေခဲ့သည်။
ကုအန်လည်း အများကြီးစိုးရိမ်နေခြင်းတော့ မရှိပေ။ ထိုအဖိုးကြီးသည် ကျင့်ကြံခြင်းကိုဖုံးကွယ်မထားသလို သက်တမ်းအကန့်အသတ်အများကြီးလည်းရှိမနေဘဲ သူ့ကျင့်ကြံခြင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ဖြစ်၏။
ကုအန် ယန်ကျင်းအား ဆေးခန်းမသို့ခေါ်သွားလိုက်ပြီး ဂရုတစိုက်ကြည့်ရှုမှတ်သားကာ နားထောင်ဖို့ ညွှန်ကြားလိုက်လေသည်။ အနာဂတ်တွင် ကုအန်ကိုထိုကိစ္စများနှင့်ပတ်သက်ပြီး ယန်ကျင်းက ကူညီရမည် ဖြစ်၏။
ထိုအရာက ယန်ကျင်းကို စိတ်လှုပ်ရှားမှုရော ထိတ်လန့်မှုကိုရော ဖြစ်သွားစေခဲ့ကာ သူအမှားလုပ်မိပြီး ကုအန်စိတ်ပျက်သွားမှာကို ကြောက်ရွံ့နေခဲ့မိသည်။
ညနေခင်းမတိုင်ခင်တွင် သူတို့ ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့ကြ၏။
နွေဦးကုန်ဆုံးကာ နွေရာသီသို့ရောက်ရှိလာခဲ့ပြီး ကုအန်သက်တမ်းက ၁၂၈နှစ်သို့ ရောက်ရှိလာခဲ့သည်။
ထျန်းပန်ပြိုင်ပွဲအကြောင်းသတင်းသည် ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပါသော်လည်း ပြိုင်ပွဲစတင်မည့်အချိန်ကိုတော့ မသတ်မှတ်ရသေးပေ။ အဓိပတိဂိုဏ်း၏ လုပ်ဆောင်မှုကြောင့် ထိုပြိုင်ပွဲအကြောင်း အမတကျင့်ကြံခြင်းကမ္ဘာရှိကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းလောက်က သိနေပြီ ဖြစ်၏။
ဘယ်သူက ကမ္ဘာ့နံပါတ် ၁ ဖြစ်လာမလဲဆိုသည်မှာ ကျင့်ကြံသူများ ပျင်းလျှင်ပြောကြသည့်စကားဝိုင်းရှိ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ထိုနေ့တွင်
ကုအန် အမတရှာဖွေကျွန်းသို့ ရောက်ရှိလာခဲ့၏။ သူရောက်ရောက်ချင်းပင် တစ်ယောက်ယောက်သည် ထောင်စုနှစ်မဟာပင်လယ်လှိုင်းကြီးအကြောင်း ဆွေးနွေးနေသည်ကို ကြားလိုက်ရသည်။
ဒဏ္ဍာရီများက ပြောသည်မှာ ထောင်စုနှစ်တစ်ခုကြာတိုင်း သမုဒ္ဒရာရေတက်လာလေ့ရှိပြီး ကုန်းမြေများကို ဖုံးလွှမ်းသွားတတ်သည်ဟုဆိုကြ၏။ ရေများသည် နှစ်ရာချီကြာမှသာ ပြန်ကျသွားလေ့ရှိကြသည်။ သို့သော် ပင်လယ်လှိုင်းတိုင်းသည် တူညီနေသည်တော့ မဟုတ်တော့ မဟုတ်ပေ။ အဆိုးဆုံးအခြေအနေများတွင် ပင်လယ်ရေလှိုင်းများက ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားတတ်ပြီး ထိုအဖြစ်အပျက်ကတော့ နှစ်တစ်သန်းမှ တစ်ကြိမ်သာ ဖြစ်တတ်၏။
ယနေ့ခေတ်ကျင့်ကြံသူများသည် နောက်ဆုံး ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးသည် မည်သည့်အချိန်ကရောက်လာသည်ကို မတွက်ချက်နိုင်ကြသောကြောင့် စိုးရိမ်ပူပန်နေခဲ့ကြသည်။
သမုဒ္ဒရာရှိ လူတိုင်းက ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးက ကျရောက်လုဆဲဆဲဖြစ်နေဟည်ဟုပင် မှတ်ယူနေခဲ့ကြ၏။ ထိုလူများသည် ဂိုဏ်းအသီးသီးမှဖြစ်ကြပြီး ကမ္ဘာကြီး၏နိမိတ်ဆိုးများနှင့် ကမ္ဘာဖျက်ကပ်ဘေးကြီးကို ကျင့်ကြံနေရင်း အိပ်မက်ထဲတွင် အာရုံခံမိခဲ့ကြခြင်း ဖြစ်သည်။ ပိုအားနည်းသော ကျင့်ကြံသူများကတော့ ထိုသို့သောအိပ်မက်ကြောင့် ကျင့်ကြံခြင်းဖောက်ပြန်ကာ ရူးပင်ရူးသွပ်ကုန်ကြ၏။
အချို့လူများကတော့ သမုဒ္ဒရာထဲရှိ အက်ကွဲကြောင်းကြီး ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးနှင့် ဆက်စပ်နေသည်ဟု ယူဆနေခဲ့ကြသည်။
ကုအန် ဟူရှောင်ကျင်းနှင့်တွေ့သောအခါ ဟူရှောင်ကျင်းလည်း ထိုကိစ္စအကြောင်းပြောနေပြီး သူ့မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နေခဲ့၏။
“ကမ္ဘာကြီးက အခုဆို တကယ့်ကိုဖရိုဖရဲဖြစ်နေပြီ အရင်ဆုံး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ကြယ်ပင်လယ်အဖွဲ့အစည်းကြား ပဋိပက္ခတွေဖြစ်ပြီး တိုက်ပွဲတွေနေရာတိုင်းမှာ ဖြစ်ကြတယ် အခုလည်း ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးက ကျရောက်လုဆဲဆဲဖြစ်နေပြန်ပြီတဲ့ ကျွန်တော်တို့ကတကယ်ကို အဆိုးရွားဆုံးကာလမှာ နေနေကြရတာပဲ” ဟူရှောင်ကျင်း သက်ပြင်းချလိုက်လေသည်။
ကုအန်သူ့ကိုနှစ်သိမ့်ပေးလိုက်၏။ “ဘာကမှမသေချာသေးပါဘူး အတွေးမလွန်ပါနဲ့”
သတင်းများက ပျံ့နှံ့နေသော်လည်း ပင်လယ်ရေမျက်နှာပြင်က ကျဆင်းသွားခြင်းမရှိေသးဘဲ အနည်းဆုံးတော့ မင်းဆက်ကုန်းခုရှိသည့် ကုန်းမြေတိုက်ကြီးပေါ် ဘာသက်ရောက်မှုမှ ရှိမနေခဲ့ပေ။
ဒဏ္ဍာရီများအရ ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးရောက်မလာခင် သက်ရှိတိုင်းသတိထားမိနိုင်သော ပြင်ဆင်ချိန် နှစ်ရာချီပေးသည်ဟု ဆိုကြသည်။ ပြောကြသည်မှာ ထိုအချိန်တွင် ပင်လယ်ပြင်မှစိတ်ဝိညဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ စိတ်ဝိညဉ်စွမ်းအင်များက ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီး သက်ရှိတိုင်း၏ကျင့်ကြံခြင်းအလျင်ကို တိုးမြှင့်ပေးမည် ဖြစ်သည်။ ထိုအရာမှာ ကောင်းကင်၏ သက်ညှာမှုတစ်ခုသာ ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်က ထိုကာလအတွင်း ဤကမ္ဘာပေါ်မှ လွတ်မြောက်သွားနိုင်ပါက ကပ်ဘေးမှလွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော် ထိုအရာက အဆင့်မြင့်ကျင့်ကြံသူများအတွက်သာ ဖြစ်ပေသည်။ ကောင်းကင်ဈာန်အမတအဆင့်ကို နှစ်ရာဂဏန်းအတွင်း တက်နိုင်ဖို့ဆိုသည်မှာ အနည်းဆုံး မြေလျှောက်အမတအဆင့်သို့ ရောက်နေမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ကုအန်နှင့်ဟူရှောင်ကျင်းတို့ လမ်းပေါ်တွင် လျှောက်သွားနေရင်း ပြောနေခဲ့ကြ၏။
ထိုစဉ် ရုတ်တရက် သူတို့ရှေ့တွင် အဝါရောင်၀တ်စုံ၀တ် အမျိုးသမီးတစ်ယောက်ပေါ်လာခဲ့လေသည်။ ထိုအမျိုးသမီးသည် ဂုဏ်သိက္ခာရှိကာ သာမန်မဟုတ်သော အရှိန်အဝါမျိုး ရှိ၏။ သူမအသွင်အပြင်မှာ ထိပ်တန်းပင်။ သူမကျင့်ကြံခြင်းအဆင့်မှာလည်း ဆန်းကြယ်နှလုံးသားအဆင့် ဖြစ်ပေသည်။
“စီနီယာမုန့်လန်လားဆိုတာ သိပါရစေ ကျွန်မအရှင်က စီနီယာ့ကိုဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်နေပါတယ် ကျွန်မအရှင်က သူတော်စင်ထန်ဟိုင်ပါ” အဝါရောင်၀တ်အမျိုးသမီးလေးလေးစားစား ပြောလိုက်၏။
ဆန်းကြယ်နှလုံးသားအဆင့် အမျိုးသမီးတစ်ယောက်ကို အစေခံအဖြစ်သုံးတာလား!
ဒီလိုကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်မျိုးက!
ကုအန်တွေးနေရင်း ဟူရှောင်ကျင်း တိတ်တဆိတ်မိတ်ဆက်ပေးလိုက်လေသည်။
“သူတော်စင်ထန်ဟိုင်က အမတရှာဖွေကျွန်းပေါ်က ပင်လယ်ကာကွယ်စံအိမ်ရဲ့ ဂုဏ်သိက္ခာရှိအကြီးအကဲတစ်ယောက်ပါ သူက သူ့ရဲ့ဖြောင့်မတ်တဲ့လုပ်ရပ်တွေနဲ့ ဂုဏ်သတင်းကြောင့် လူသိများပါတယ်”
သူဆိုလိုသည်မှာ ထိုလူသည် ယုံကြည်ရသည် ဟူ၍ပင်။
ကုအန် အဝါရောင်၀တ်အမျိုးသမီးကို မကြည့်ခင် ဟူရှောင်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ရှေ့ကသွား”
ထို့နောက် ကုအန် အမျိုးသမီးကိုသက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်သည်။ ထိုအခါ အမျိုးသမီး၏ သက်တမ်း အကန့်အသတ်မှာ ၂၀၀၀ ကျော်ရှိသည်ကို တွေ့လိုက်ရပြီး ထိုမျှပမာဏသည် သူတို့ကုန်းမြေကြီးတွင်ဆိုပါက ကောင်းကင်ကံကြမ္မာရှင်ဟု ယူဆခံရမည့် သက်တမ်းဖြစ်သည်။ သို့သော်လည်း ဤနေရာတွင်တော့ အစေခံသာ ဖြစ်နေ၏။
အဝါရောင်၀တ်အမျိုးသမီး ဦးညွတ်အရိုအသေပေးလိုက်ပြီး ရှေ့မှဦးဆောင်သွားခဲ့လေသည်။
နာရီ၀က်ခန့်ကြာသောအခါ သူတို့စံအိမ်တစ်ခုထဲ ၀င်သွားခဲ့ကြ၏။ ဟူရှောင်ကျင်းမှာတော့ အပြင်တွင်ရပ်စောင့်ဖို့သာ ဆုံးဖြတ်လိုက်သည်။
ထန်ဟိုင်စံအိမ်သည် အလွန်ကျယ်၀န်းလှပြီး အစေခံများ အများအပြားရှိပြီး အစေခံများထဲအနိမ့်ဆုံးကျင့်ကြံခြင်းမှာပင် ဝိညဉ်အခြေတည်အဆင့်ဖြစ်၏။
အဝါရောင်၀တ်စုံ၀တ်အမျိုးသမီး၏ လမ်းပြမှုနှင့်အတူ ကုအန် ခြံ၀န်းတစ်ခုထဲသို့ ရောက်ရှိလာပြီး အပြာရောင်အ၀တ်အစားများကို၀တ်ဆင်ထားသော လူကြီးတစ်ယောက် ခြံ၀န်းထဲရှိ စားပွဲတွင် လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူ့ ပုံစံမှာ ပညာရှိပုံစံပေါက်ပြီး ကျက်သရေရှိနေခဲ့၏။
[သူတော်စင်ထန်ဟိုင်(အချုပ်အနှောင်မဲ့အမတအဆင့် ၅) : ၈၉၀၈/၂၇၀၀၀/၂၇၅၀၀]
အဝါရောင်၀တ်အမျိုးသမီးခြေလှမ်းများကိုရပ်တန့်လိုက်ကာ သူတော်စင်ထန်ဟိုင်ကို ဦးညွတ်အရိုအသေပေးလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
သူတော်စင်ထန်ဟိုင် ကုအန်ကိုကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်အရိုအသေပေးလိုက်၍ ပြောလိုက်၏။
“တာအိုမိတ်ဆွေ ကျွန်တော့်ဖိတ်ခေါ်မှုကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်”
ကုအန်လည်း စားပွဲဆီချဉ်းကပ်လာခဲ့ပြီး လက်မြှောက်၍ အရိုအသေပေးလိုက်ကာ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး ကျွန်တော့်မှာလည်း လုပ်စရာမှအများကြီးရှိမနေဘဲ”
ထို့နောက် သူတို့နှစ်ယောက်လုံးစားပွဲတွင်ထိုင်ကာ စတင်စကားပြောခဲ့ကြ၏။
သာမန်စကားအချို့ပြောပြီးသောအခါ သူတော်စင် ထန်ဟိုင် နောက်ဆုံးတွင် ပြောလိုက်သည်။ “တာအိုမိတ်ဆွေ မိတ်ဆွေဒီနှစ်တွေထဲ ၀ယ်ခဲ့တဲ့ ကောင်းကင်နဲ့မြေပြင် စိတ်ဝိညဉ်အပင်အရေအတွက်က အရမ်းများလွန်းလို့ လူအတော်များများက မိတ်ဆွေအကြောင်းသိချင်နေကြတယ် ဒါပေမယ့် စိတ်အေးအေးထားပါ အမတရှာဖွေကျွန်းပေါ်မှာ ဘယ်သူမှပြဿနာမရှာရဲပါဘူး သူတို့ထဲကအချို့ကိုလည်း ကျွန်တော် ကူညီပြီးတားဆီပေးထားပါတယ်”
ကုအန် သူဘာကိုဆိုလိုချင်နေလဲဆိုတာနားမလည်သောကြောင့် ကျေးဇူးသာ တင်လိုက်၏။
အမတရှာဖွေကျွန်းမှ အသန်မာဆုံးသူမှာပင် မြေလျှောက်အမတအဆင့်သာ ဖြစ်သောကြောင့် သူဤကျွန်းပေါ်ရှိ လူများကို သိပ်အများကြီး အလေးအနက်ထားမနေပေ။
“အခုတလော ကမ္ဘာဖျက်ပင်လယ်လှိုင်းရဲ့ သတင်က ကျယ်ပြန့်လာတယ်လေ အဲ့တာက မှန်မှန်မှားမှား ကမ္ဘာကြီးကတော့ ဖရိုဖရဲဖြစ်နေပြီ အဲ့ဒီလိုအချိန်မှာ ကျွန်တော်တို့ ကျင့်ကြံသူတွေက နွေးနွေးထွေးထွေးစုစည်းနေနိုင်ကြရင် အကောင်းဆုံးပဲ အဲ့တာကြောင့် ကျွန်တော်အခုကစပြီးနောင်ဆယ်နှစ် ဒီနေရာမှာ သီးသန့်လေလံပွဲလေးလုပ်ဖို့ စီစဉ်ထားတယ် အဲ့ဒီပွဲမှာ အမတအဆင့်စိတ်ဝိညဉ်ပင်ပါပါမယ် တကယ်လို့ တာအိုမိတ်ဆွေကစိတ်၀င်စားမယ်ဆို တက်ရောက်နိုင်ပါတယ် တကယ်ပေးချေရမယ့် ပမာဏက လေလံနောက်ဆုံးပမာဏရဲ့ ၇၀% ပဲပေးရမယ် အဲ့တာကို မိတ်ဆွေအတွက် ကျွန်တော့်ရဲ့ တွေ့ဆုံလက်ဆောင်အဖြစ် မှတ်ယူလိုက်ပေါ့” သူတော်စင်ထန်ဟိုင် သူ့မိတ်ဆွေကိုဆွဲကာ ပြုံး၍ ပြောလိုက်ရင်း သူ့အပြုံးမှာ နွေဦးလေပြေလေးလို သက်တောင့်သက်သာ ရှ်ိလှသည်။
ကုအန်လည်း ထိုစကားကြောင့် ပြုံးလိုက်မိပြီး ကျေးဇူးထပ်တင်လိုက်၏။
အမတအဆင့်စိတ်ဝိညဉ်ရတနာတဲ့လား!
သူတကယ်ပဲ စိတ်ဝင်စားမိသည်။
သူ့တွင်ရှိသော အဆင့်အမြင့်ဆုံး အပင်မှာ အဆင့်၉အပင်သာ ဖြစ်၏။ ထို့ကြောင့် အမတအဆင့်အပင်က ဘယ်လိုလဲဆိုတာ သူသိချင်နေမိသည်။
ကုအန်သဘောတူလိုက်သည်ကိုတွေ့သောအခါ သူတော်စင်ထန်ဟိုင်လည်း စိတ်အားတက်ကြွလာခဲ့၏။
သူတို့နှစ်ယောက် အချိန်အတန်ကြာစကားပြောပြီးမှ သူတော်စင်ထန်ဟိုင် သူ့ဆန္ဒကို ထုတ်ပြောခဲ့ပြီး သူ့ဆန္ဒမှာ အချုပ်အနှောင်မဲ့အမတများစုစည်း၍ အသိုက်အ၀န်းလေးတစ်ခုလုပ်ကယ အမတလျှို့ဝှက်နယ်မြေများသို့ စွန့်စားခန်းထွက်လိုခြင်း ဖြစ်သည်။
တစ်နာရီခန့်ကြာမှသာ ကုအန် ထန်ဟိုင်စံအိမ်မှ ထွက်လာခဲ့၏။
ဟူရှောင်ကျင်းလည်း သူ့နောက်မှ ဘာတစ်ခွန်းမှမပြောဘဲ လိုက်လာခဲ့လေသည်။
……
ဆောင်းဦးလေပြေလေးများက တတိယတောင်ကြားတွင် တိုက်ခတ်နေခဲ့၏။
ယန်ကျင်း သစ်သားခြံစည်းရိုးရှေ့တွင်ရပ်ကာ ကုအန်အိမ်ကို စိုက်ကြည့်နေခဲ့မိသည်။
သူကုအန်တပည့်ဖြစ်တာ အချိန်များစွာကြာသွားပြီဖြစ်သော်လည်း ကုအန်က သူ့ကို မည်သည့်နတ်သိုင်း ကျင့်စဉ်မျိုးမှ သင်မပေးသေးသောကြောင့် သူမချင့်မရဲဖြစ်နေမိ၏။
သူ့အသက်သည် ၂၁နှစ် ဖြစ်နေပြီဖြစ်သော်လည်း သူ့ကျင့်ကြံခြင်းက ချီကျင့်ကြံခြင်းအဆင့် ၃ သာရှိသေးပြီး ထိုအရာကသူ့ကို သောကရောက်နေစေခဲ့သည်။
သူကြားဖူးသည်မှာ အဓိပတိဂိုဏ်း၏ထိပ်တန်းပါရမီရှင်အန်းဟောင်ဆိုလျှင် သူ့အရွယ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် ရောက်နေပြီ ဖြစ်၏။
အချိန်များသည် သူ့အတွက် နေ့အိပ်မက်မက်နေသလို ကုန်ဆုံးသွားခဲ့သည်။
ညနေမစောင်းခင်တွင် ယန်ကျင်း သစ်သီးများကိုဆေးကြောကာ သစ်သားပန်းကန်ပြားတစ်ချပ်ပေါ်တင်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ဘေးသို့ ယူသွားပေးခဲ့၏။
ထို့နောက် သူထွက်သွားရန်ပြင်လိုက်ချိန်တွင် ကုအန်အသံ ထွက်ပေါ်လာခဲ့သည်။
“ကျင်းအာ ညေရာက်ရင် ငါ့ကိုလှေကားအောက်မှာစောင့်နေ”
ထိုစကားကိုကြားသေအခါ ယန်ကျင်းစိတ်လှုပ်ရှားသွားခဲ့ပြီး အိမ်ဘက်သို့ ဦးညွတ်၍ အရိုအသေပေးလိုက်သည်။ အခြားတပည့်များကြားသွားမည်စိုးသောကြောင့် သူအကျယ်ကြီးတော့ အော်မပြောခဲ့ပေ။
တစ်နာရီခန့်ကြာသောအခါ သန့်ရှင်းသောအ၀တ်အစားများကို ၀တ်ဆင်ထားသော ယန်ကျင်း လှေကားအောက်ရောက်ရှိလာခဲ့ပြီး သူ့အကြည့်က မကြာခဏဆိုသလို အိမ်ပြတင်းပေါက်သို့ လှမ်းကြည့်နေခဲ့မိသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်ထိုအရာကိုရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး စနောက်လိုက်ရာ ယန်ကျင်းမျက်နှာနီသွားပြီး ဘယ်လိုပြန်တုန့်ပြန်ရမလဲ မသိတော့ပေ။
ရုတ်တရက် တံခါးပွင့်လာရာ ယန်ကျင်းကိုယ်ကို မတ်မတ်ရပ်ထားလိုက်၏။
ကုအန်လှေကားမှဆင်းလာပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာသို့ သွားသောအခါ ယန်ကျင်းနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူ့နောက်မှ လိုက်သွားခဲ့ကြသည်။
နွားသိုးတစ်ကောင်နှင့် လူနှစ်ယောက်သည် ဆန်းကြယ်တောင်ကြားသို့ ရောက်ပြီးသောအခါ တောတောင်များဆီသို့ ဆက်သွားခဲ့၏။
နွားသိုးပေါ်ရှိ ကုအန်ကိုကြည့်ရင်း ယန်ကျင်း အလွန်ကြောက်ရွံ့နေမိသည်။ သူ့ကို သူ့ဆရာက ဘာကျင့်စဉ်သင်ပေးမှာလဲဆိုတာ မေးချင်နေသော်လည်း သူမမေးရဲဘဲ ဖြစ်နေခဲ့၏။
သူတို့တစ်ညလုံး လမ်းလျှောက်လာခဲ့ကြသည်။
အာရုံတက်ချိန်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်အား ကြီးမားသော မြစ်တစ်စင်းေဘးတွင် ရပ်တန့်ခိုင်းလိုက်၏။ မြစ်ရေများသည် ကြည်လင်နေကာ ရေထဲရှိငါးများ ဂဏန်းများကိုပင် မြင်နေခဲ့ရသည်။
ကုအန် တိုးထွက်လာသော နေလုံးကိုကြည့်ကာ မေးလိုက်၏။
“ကျင်းအာ မင်းအရမ်းအစွမ်းထက်တဲ့ကျင့်စဉ်တွေသင်ချင်လား”
ယန်ကျင်း အူကြောင်ကြောင်ဟန်ဖြင့် ခေါင်းကုတ်လိုက်ကာ ပြောလိုက်သည်။
“အဲ့လိုဟာမျိုးရှိရင်တော့ ကျွန်တော်သင်ချင်တာပေါ့…”
ကုအန်သူ၏ ရိုးသားသော အူကြောင်ကြောင်အပြုအမူကို မနှစ်သက်မဖြစ်မိပေ။
သူယန်ကျင်းကိုကြည့်ကာမေးလိုက်၏။
“မင်းအမတကျင့်ကြံခြင်းအတွက် ဘယ်အရာကို စတေးချင်လဲ”
သူယန်ကျင်းကို ကောင်းေကာင်းပျိူးထောင်ပေးဖို့ စီစဉ်ထားပြီး အန်းဟောင်ပင်မရခဲ့သည့် အနီးကပ်ပျိုးထောင်ပေးမှုမျိုးနှင့် ဖြစ်သည်။
ယန်ကျင်းတခဏကြောင်အသွားပြီး ပြောလိုက်၏။
“ကျွန်တော့်မှာ ဘာမှတော့မရှိပါဘူး ဒါပေမယ့် ကျွန်တော်ကျင့်ကြံခြင်းအတွက် ကျွန်တော့်ဘ၀ကိုပေးရမယ်ဆိုရင်တောင် ကျင့်ကြံဖို့ဆန္ဒရှိပါတယ်”
ကုအန် အေးအေးဆေးဆေးပြောလိုက်သည်။
“မင်းစိတ်ဝိည်အမြစ်နဲ့အရိုးတွေက ထူးခြားတယ် စွမ်းအင်စုပ်ယူဖို့ခက်ခဲလိမ့်မယ် မင်းလည်းအဲ့တာကိုခံစားမိမှာပါ”
ထိုစကားကိုကြားသောအခါ ယန်ကျင်းမျက်နှာမည်းမှောင်သွားခဲ့ရသည်။
သူ့ပါရမီသည် သာမန်ဖြစ်ရုံသာမဟုတ်ဘဲ တတိယတောင်ကြားထဲတွင်ပင် အောက်ဆုံးအဆင့်ဟု သတ်မှတ်နိုင်၏။ တောင်ကြားတွင် နှစ်ပေါင်းများစွာကြာအောင် နေခဲ့သော်လည်း သူသည်အဆင့်ငယ်လေးတစ်ခုပင် မချိုးဖျက်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း သူအဆင့်မြင့်ကျင့်စဉ်များကို ပိုတောင့်တမိနေခြင်း ဖြစ်သည်။
“ငါမင်းကို ပါရမီရှင်တစ်ယောက်ဖြစ်လာအောင် ပြောင်းလဲပေးနိုင်တယ် ဒါပေမယ့် မင်းစိတ်ကူးမယဉ်နိုင်လောက်တဲ့ နာကျင်မှုမျိုးကို တောင့်ခံနိုင်ရမယ် အဲ့ဒီအရာက မင်းခန္ဓာကိုယ်ကိုတောင် ဖျက်ဆီးသွားနိုင်တယ် မင်းဆန္ဒရှိသလား” ကုအန် ယန်ကျင်းကိုကြည့်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်၏။
“ဆရာ တပည့်ကိုခြောက်လှန့်နေတာလား” ယန်ကျင်း သတိထား၍ မေးလိုက်သည်။
ခန္ဓာကိုယ်ပျက်ဆီးခြင်းဆိုသည့် အသံမှာ အတော်လေး ကြောက်စရာကောင်းပေသည်။
ကုအန်ပြောလိုက်၏။
“လူတစ်ယောက်ရဲ့ ကံကြမ္မာကို ကောင်းကင်ကိုဖီဆန်ပြီးပြောင်းလဲဖို့က မလွယ်ကူဘူး
တကယ်လို့မင်းကြောက်ရင်လည်း ငါမင်းကိုအတင်းမတိုက်တွန်းပါဘူး ငါမင်းကို သင့်တော်တဲ့ ကျင့်စဉ်နဲ့မှော်သိုင်းတွေသင်ပေးဦးမှာပဲ ဒါပေမယ့် မင်းတိုးတက်မှုကတော့ နှေးလိမ့်မယ်”
ယန်ကျင်းမေးလိုက်သည်။
“ဆရာ အခြားစီနီယာအစ်ကို အစ်မတွေရော အောင်မြင်ဖူးတဲ့သူရှိလား”
ကုအန်ခေါင်းယမ်းကာ ပြောလိုက်၏။
“ငါ့မှာ တပည့်ရင်းနှစ်ယောက်ပဲရှိတယ် အခြားသူတွေက ဒီတိုင်းဆေးတွေထောက်ပံ့ရုံလောက်ပဲ နောက်ပြီး မင်းစီနီယာအစ်ကိုက ကမ္ဘာကျော် ပါရမီရှင်တစ်ယောက်ဖြစ်နေပြီးပြီ”
ကမ္ဘာကျော်တဲ့လား!
ယန်ကျင်း စိတ်ရှုပ်ထွေးမှုများကြောင့် သူ့ပါးစပ်ကိုဟလိုက်မိ၏။
သူ့ဆရာသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သာ မဟုတ်ပေလော။
အဘယ်ကြောင့်သူ့တွင်အလွန်အစွမ်းထက်သော တပည့်တစ်ယောက်ရှိနေရသနည်း။
ကမ္ဘာကျော်!
သူသည် အဓိပတိဂိုဏ်း၏ ဒဏ္ဍာရီလာ နံပါတ်၁ ပါရမီရှင် အန်းဟောင်နဲ့ရော ယှဉ်နိုင်မည်လော။