← Chapters

ပိုင်ဖုန်းလွင်ပြင်

Vol. 78 Ch. 1062

ပိုင်ဖုန်းလွင်ပြင်

Vol. 78 Ch. 1062

ထျန်ယုနတ်ဘုရားနယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ယီထျန်းယွမ်သည် ကြာရှည်စွာ မနေထိုင်ဘဲ တံဆိပ်ပြားပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း ထျန်းချွမ်နတ်ဘုရားနယ်မြေ တည်ရှိရာ ဒေသသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

သူသည် ဝိညာဉ်လှေကို ထုတ်ယူကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေခဲ့သည်။ နောက်ပိုင်း အချိန်များတွင် သူသည် ခရီးနှင်ခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့ပြီး လမ်းခရီးတွင် ထျန်းချွမ်နတ်ဘုရားနယ်မြေသို့ ရောက်ရှိရန် ဒေသအမြောက်အများကို ဖြတ်ကျော်ခဲ့ရသည်။

အဆင့် ၁ နတ်ဘုရားနယ်မြေနှင့် အဆင့် ၂ နတ်ဘုရားနယ်မြေများအကြားတွင် အလွန်ဝေးကွာသော အကွာအဝေးရှိပြီး ကမ္ဘာသစ်တစ်ခုသို့ ခြေလှမ်းလှမ်းလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။ ယခင်က နတ်ဘုရားတိုက်ပွဲကွင်းပြင်သည်ပင်လျှင် အဆင့် ၁ နတ်ဘုရားနယ်မြေတွင်သာ တည်ရှိခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော တိုက်ပွဲကြီးများကို အဆင့် ၁ နတ်ဘုရားနယ်မြေများ၌သာ ကျင်းပလေ့ရှိပြီး အဆင့် ၂ နတ်ဘုရားနယ်မြေတွင် ကျင်းပခြင်း မရှိချေ။ သို့မဟုတ်ပါက အဆင့် ၂ နတ်ဘုရားနယ်မြေသို့ ရောက်ရှိရန် အလွန်ဝေးကွာသော အကွာအဝေးကို ပျံသန်းရပေလိမ့်မည်။

“ဒီလို စမ်းသပ်မှုမျိုးက တကယ်ကို အချိန်ကုန်လွန်းတယ်...”

ယီထျန်းယွမ်သည် ဝိညာဉ်လှေပေါ်တွင် ဆေးလုံးများ ဖော်စပ်ခြင်း သို့မဟုတ် လက်နက်များ သွန်းလုပ်ခြင်းတို့ကိုသာ လုပ်ဆောင်နေခဲ့သည်။ ဤသို့ဖြင့် ကျွမ်းကျင်မှုအမှတ်များ သာမက အတွေ့အကြုံမှတ်များကိုပါ ရရှိနိုင်သည်။ သူသည် ဘာမှမလုပ်ဘဲ နေလေ့မရှိသလို အခြားသူများကဲ့သို့ ကြယ်တာရာစွမ်းအားကို ဖြည်းဖြည်းချင်း စုပ်ယူ၍ ကျင့်ကြံနေမည့်အစား ရန်သူများကို သတ်ဖြတ်ခြင်းက အတွေ့အကြုံမှတ် အရဆုံးဖြစ်ကြောင်း သူ သိရှိထားသည်။

အချိန်များမှာ ခြောက်လခန့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ သူသည် ဝိညာဉ်လှေပေါ်တွင် ခြောက်လကြာ နေထိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း သူသည် သံသရာအဆင့် အခြေခံလက်နက်များနှင့် အဆင့်မြင့် ဆေးလုံးအမြောက်အများကို ဖော်စပ်ခဲ့သည်။ သူ၏ ကဏ္ဍစုံ ကျွမ်းကျင်မှုများ တိုးတက်လာမှသာ ၎င်းတို့ကို ထုတ်လုပ်နိုင်ခြင်း ဖြစ်ပြီး အရင်ကဆိုလျှင်မူ သူ ဖော်စပ်၊ ဖန်တီးနိုင်မည် မဟုတ်ချေ။

“ဟေး... မိတ်ဆွေ... ခဏလောက် စောင့်ပါဦး...”

ထိုအချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ယီထျန်းယွမ်သည် ဝိညာဉ်လှေကို ရပ်တန့်ကာ အပြင်ဘက် အခြေအနေကို စစ်ဆေးလိုက်ရာ ကျင့်ကြံသူတစ်ဦးက သူ၏ရှေ့တွင် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်ကာ ဝိညာဉ်လှေအတွင်းမှ ထွက်လာပြီးနောက် ၎င်းကို ပြန်လည်သိမ်းဆည်းကာ သံသယဖြင့် မေးမြန်းလိုက်သည်။

“မိတ်ဆွေ... ဘာကိစ္စရှိလို့လဲ...”

သူ၏ရှေ့တွင် ပိတ်ဆို့ထားသူမှာ လူသားမျိုးနွယ် မဟုတ်ဘဲ သစ်ပင်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ပြီး တစ်ကိုယ်လုံးတွင် သစ်မြစ်များ ရစ်ပတ်ထားသည်။

“လူသားမျိုးနွယ်လား...”

ထိုသစ်ပင်မျိုးနွယ်စုဝင်သည် ယီထျန်းယွမ်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အထင်သေးသည့် အရိပ်အယောင်များ မရှိဘဲ အံ့အားသင့်မှုများသာ ပြည့်နှက်နေသည်။

“ပြဿနာတော့ မရှိပါဘူး... မင်းက ဒီဝိညာဉ်လှေနဲ့ ကြယ်တာရာနယ်မြေကို တစ်ယောက်တည်း ဖြတ်သွားမလို့လား...”

“ကြယ်တာရာနယ်မြေ ဟုတ်လား...”

ယီထျန်းယွမ်က သံသယဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်တယ်... မင်းက ဒီနေရာအကြောင်း ဘာမှ မသိသေးပုံပဲ... ဒီဒေသကို ဖြတ်ပြီး အဆင့် ၂ နတ်ဘုရားနယ်မြေ ဒေသကို ရောက်ချင်တယ်ဆိုရင် ငါတို့ရဲ့ သင်္ဘောကို စီးမလား... အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ဖို့ ငါတို့ အာမခံတယ်... တကယ်လို့ မဖြတ်ကျော်နိုင်ဘူးဆိုရင် မင်းဆီက ပိုက်ဆံ တစ်ပြားမှ မယူပါဘူး...”

ထိုသစ်ပင်မျိုးနွယ်စုဝင်သည် သူ၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ထုတ်ပြောလိုက်တော့သည်။

ယီထျန်းယွမ်သည် ရှေ့သို့ မော့ကြည့်လိုက်ရာ မနီးမဝေးတွင် အဆက်မပြတ် လိမ့်ဆင်းနေသော ဥက္ကာခဲ အမြောက်အများကို တွေ့လိုက်ရသည်။ အလွန်ပင် ထူထပ်လှပြီး သတိမထားမိဘဲ အတိုက်ခံရပါက သေချာပေါက် အသက်အန္တရာယ် ရှိနိုင်သည်။

ထိုနေရာရှိ အခြေအနေကို မြင်သောအခါ သူသည် အရင်က သတိထားမိခဲ့သော အခြေအနေများကို ချက်ချင်း သတိရသွားသည်။ ကြယ်တာရာနယ်မြေ ဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် ဥက္ကာခဲ အမြောက်အများ အဆက်မပြတ် လိမ့်ဆင်းနေသည့်အပြင် အတွင်းဘက်တွင် ကြယ်တာရာပင်လယ် တစ်ခုလည်း ရှိနေသည်။ အကယ်၍ ၎င်းအတွင်းသို့ ဆွဲဝင်ခံရပါက ကောင်းကင်အရှင်များပင်လျှင် သေဆုံးသွားနိုင်သည်။

အကယ်၍ သာမန် ဝိညာဉ်လှေနှင့် ဝင်ရောက်မည်ဆိုပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။ ကံအလွန်ကောင်းမှသာ လွတ်မြောက်နိုင်ခြေ ရှိသော်လည်း အများစုမှာမူ ဖြတ်ကျော်ရန် ခက်ခဲလှသည်။ ထိုဒေသကို ဖြတ်ကျော်နိုင်ရန်အတွက် သင်္ဘောသားများ၏ အကူအညီ လိုအပ်ပေသည်။

သိသာထင်ရှားသည်မှာ သူ၏ရှေ့မှ သစ်ပင်မျိုးနွယ်စုဝင်သည် ခရီးသည် ရှာဖွေနေသော သင်္ဘောသား တစ်ဦးပင် ဖြစ်သည်။

“ငါလိုက်ခဲ့မယ်...”

ယီထျန်းယွမ်က ဘာမှ ထပ်မပြောတော့ချေ။ ကြည့်ရသည်မှာ လမ်းခရီးက အမှန်ပင် ခက်ခဲပုံရပြီး ခိုင်ခံ့သော ဝိညာဉ်လှေနှင့် အတွေ့အကြုံရှိသော လမ်းပြရှိမှသာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။

“ကောင်းပြီ... ငါ့နောက်ကို လိုက်ခဲ့...”

ထိုသစ်ပင်မျိုးနွယ်စုဝင်သည် ဝမ်းသာအားရ ပြုံးလိုက်ပြီးနောက် သူ့အား ဘေးဘက်သို့ ခေါ်ဆောင်သွားသည်။ မနီးမဝေးတွင် ဧရာမ ဝိညာဉ်သင်္ဘောကြီး တစ်စင်း ရှိနေပြီး ယီထျန်းယွမ်၏ ဝိညာဉ်လှေထက် များစွာ ပိုမိုကျယ်ဝန်းလှသည်။

အဓိကမှာ ၎င်းသည် အခြေခံကောင်းကင်အဆင့် ဝိညာဉ်သင်္ဘော ဖြစ်နေခြင်းပင်။ သူ၏ စုတ်ပြတ်နေသော ဝိညာဉ်လှေထက် အဆပေါင်းများစွာ သာလွန်လှသည်။

ထို ဧရာမ ဝိညာဉ်သင်္ဘောပေါ်သို့ ရောက်ရှိသွားချိန်တွင် ယီထျန်းယွမ်သည် သူ့ထံသို့ ရောက်ရှိလာသော အကြည့်အမြောက်အများကို ခံစားလိုက်ရသည်။ အချို့က အံ့အားသင့်နေကြသော်လည်း အများစုမှာမူ အကြည့်များကို ပြန်လည်လွှဲဖယ်သွားကြပြီး ဂရုမစိုက်ကြတော့ချေ။

ယီထျန်းယွမ်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ အားလုံးမှာ သူစိမ်းများ ဖြစ်ကြပြီး ဤဝိညာဉ်သင်္ဘောကို စီးနင်းသူလည်း မနည်းလှချေ။ အနည်းဆုံး လူပေါင်း ရာနှင့်ချီ၍ ဤကြယ်တာရာနယ်မြေကို ဖြတ်ကျော်ကာ အဆင့် ၂ နတ်ဘုရားနယ်မြေ ဒေသသို့ သွားရောက်ရန် စောင့်ဆိုင်းနေကြသည်။

လူတိုင်း၏ ကျင့်ကြံခြင်းနယ်ပယ်မှာ အခြေခံအားဖြင့် မြေကမ္ဘာအရှင် အဆင့် ၄ သို့မဟုတ် ၅ ခန့်တွင် ရှိကြပြီး ကြယ်တာရာနယ်မြေကို ဖြတ်ကျော်ရန် ပြင်ဆင်နေကြသော ကောင်းကင်အရှင် အချို့ကိုလည်း တွေ့ရသည်။

“ရှုဖုန်း... အခုထိ မထွက်သေးဘူးလား...”

ကျင့်ကြံသူ အချို့မှာ စတင်၍ စိတ်မရှည် ဖြစ်လာကြသည်။ သိသာထင်ရှားသည်မှာ သူတို့ ဤနေရာတွင် စောင့်ဆိုင်းနေရသည်မှာ ကြာပြီ ဖြစ်သည်။

“ပြင်ဆင်နေပါပြီ... ပြင်ဆင်နေပါပြီ...”

လမ်းပြဖြစ်သူ သစ်ပင်မျိုးနွယ်စုဝင်၏ အမည်မှာ ရှုဖုန်း ဖြစ်သည်။

“အားလုံးပဲ နောက်ထပ် တစ်ရက်လောက်ပဲ သည်းခံပြီး စောင့်ပေးပါဦး... ဘယ်သူမှ ထပ်မလာတော့ရင်တောင် ငါတို့ သေချာပေါက် ထွက်ပါမယ်...”

ထိုအခါမှသာ လူအများမှာ မကျေနပ်မှုများကို မျိုသိပ်ကာ ဆက်လက် စောင့်ဆိုင်းလိုက်ကြသည်။ ရှုဖုန်းတို့မှာလည်း အမြန်ထွက်ခွာလိုသော်လည်း လူမပြည့်ဘဲ ထွက်ပါက တွက်ချေမကိုက်နိုင်ချေ။ ဤကြယ်တာရာနယ်မြေကို ဖြတ်ကျော်ရန်အတွက် အသုံးစရိတ်မှာ များပြားလှပြီး အထူးသဖြင့် မာကျောသော ဥက္ကာခဲများ၏ တိုက်ခိုက်မှုကြောင့် ဝိညာဉ်သင်္ဘောကို ပြန်လည်ပြုပြင်ရမည့် စရိတ်လည်း ရှိနေသေးသည်။

ထို့ကြောင့် တွက်ခြေကိုက်စေရန် ခရီးသည် အလုံအလောက် တင်ဆောင်ရခြင်း ဖြစ်သည်။

“မင်းက ကြယ်ကျောက်တုံးနဲ့ ပေးမှာလား... ဒါမှမဟုတ် ရတနာနဲ့ ပေးမှာလား...”

ရှုဖုန်းက ယီထျန်းယွမ်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

“လက်နက်နဲ့ပဲ ပေးမယ်...”

ယီထျန်းယွမ်က တွေးမနေဘဲ ဖြေကြားလိုက်သည်။

“ဒါဆိုရင်တော့ အခြေခံသံသရာအဆင့် လက်နက်ဆိုရင် အခု ၃၀ လိုအပ်ပြီး၊ အလယ်ဆင့်ဆိုရင် ၅ ခု၊ အထက်ဆင့်ဆိုရင်တော့ ၁ ခုပဲ လိုအပ်ပါတယ်...”

ရှုဖုန်းက ဈေးနှုန်းကို ပြောလိုက်သည်။

“ဒီလောက်တောင် ဈေးကြီးတာလား...”

ယီထျန်းယွမ်မှာ အံ့အားသင့်သွားခဲ့သည်။ ဤအတိုင်းဆိုလျှင် တစ်ခေါက်သွားရုံနှင့်ပင် အမြတ်အစွန်းများစွာ ရရှိနိုင်ပေလိမ့်မည်။ လူပေါင်း ရာနှင့်ချီ ရှိနေသည်ဖြစ်ရာ အားလုံးက အောက်ဆင့် သံသရာအဆင့် လက်နက်များ ပေးမည်ဆိုပါက လက်နက်ပေါင်း သောင်းနှင့်ချီ ရရှိနိုင်ပေသည်။

“ဒီဧည့်သည်လေး... မင်းက ဒီကို ပထမဆုံးအကြိမ် လာဖူးတာ ထင်တယ်... ဒီဈေးနှုန်းက တခြားနဲ့ယှဉ်ရင် အတော်လေး သက်သာပါသေးတယ်... ငါတို့ရဲ့ အသုံးစရိတ်က မင်းထင်ထားတာထက် အများကြီး ပိုပါတယ်... ဝိညာဉ်သင်္ဘောကို တစ်ခါ ပြုပြင်ဖို့ဆိုရင် ကုန်ကြမ်းတွေ အများကြီး လိုအပ်တာလေ...”

ရှုဖုန်းက လက်ဝါးချင်းပွတ်ကာ ပြုံးလျက် ရှင်းပြလိုက်သည်။

သူတို့ အရှုံးပေါ်နေသည်ဆိုသည်ကို ယီထျန်းယွမ်က လုံးဝ မယုံကြည်သော်လည်း ကြယ်တာရာနယ်မြေကို ဖြတ်ကျော်လိုပါက ဤသို့သာ လုပ်ဆောင်ရမည် ဖြစ်သည်။ မဟုတ်ပါက သူကိုယ်တိုင် အားစိုက်ထုတ်ကာ ဖြတ်ကျော်ရန်မှာ မလွယ်ကူလှချေ။

ကောင်းကင်အဆင့် ဝိညာဉ်သင်္ဘော မရှိပါက လမ်းခရီးတစ်လျှောက် ဥက္ကာခဲများ၏ အနှောင့်အယှက်ကြောင့် အလွန်ပင် စိတ်ရှုပ်ရပေလိမ့်မည်။

“မပေးနိုင်ရင်လည်း ဆင်းသွားစမ်းပါ... အဲဒီမှာ လာပြီး စကားများမနေနဲ့... လူသားမျိုးနွယ်ဆိုတာ လူသားမျိုးနွယ်ပါပဲ... တကယ့်ကို ဆင်းရဲသားတွေပဲ...”

ဘေးရှိ ဧရာမကျောက်ဆောင်မျိုးနွယ်စုဝင် တစ်ဦးမှာ စောင့်ဆိုင်းရသည်မှာ ကြာပြီဖြစ်သဖြင့် စိတ်တိုနေစဉ် ယီထျန်းယွမ်က ဈေးစကားများနေသည်ကို မြင်သောအခါ အလွန်ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။

ယီထျန်းယွမ်၏ အကြည့်များမှာ အေးစက်သွားခဲ့သည်။ သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးမှ လူတစ်ဦးက ထရပ်ကာ အေးစက်စွာ ဆိုလိုက်သည်။

“ကောင်းကင်အရှင်ရန်လုံ... မင်းက တအား မောက်မာနေတာပဲလား... ငါတို့ လူသားမျိုးနွယ်တွေက မပေးနိုင်ဘူးလို့ ဘယ်သူပြောလဲ... သူ မပေးနိုင်ရင် ငါ စိုက်ပေးမယ်...”

ထိုအချိန်တွင် လူသန်ကြီးတစ်ဦး ဘေးမှ ထရပ်ကာ ကောင်းကင်အရှင်ရန်လုံအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ကောင်းကင်အရှင်ဖာဝမ်ကိုး... ကြည့်ရတာ လူသားမျိုးနွယ်တွေက အုပ်စုလိုက်နေရတာကို ကြိုက်ပုံပဲ...”

ကောင်းကင်အရှင်ရန်လုံက အထင်သေးစွာ ဆိုလိုက်သည်။

“ငါက အမှန်အတိုင်း ပြောတာပဲ... ဒီကြယ်တာရာနယ်မြေကို ဖြတ်ကျော်ဖို့ဆိုတာ အလွယ်လေး ထင်နေတာလား... ဒီဈေးနှုန်းက အတော်လေး သင့်တော်ပါတယ်... ပိုက်ဆံမရှိရင် မစီးနဲ့...”

“ငါ မပေးနိုင်ဘူးလို့ ဘယ်သူပြောလဲ...”

ယီထျန်းယွမ်က သူ့အား အေးစက်စွာ ကြည့်လိုက်သည်။

အခန်း ၁၀၆၂ ပြီးပါပြီ။

All Chapters