အခန်း (၂၃၅-၂၃၆)
Vol. 19 Ch. 235-236
အပိုင်း(၂၃၅)
ကောင်းကင်ဈာန်အမတအထက်ကဘာအဆင့်လဲ!
ကုအန် ယန်ကျင်း၏အတွေးများကို ဖောက်မြင်နေရပါသော်လည်း ရှင်းမပြဘဲ သူ့ကိုသာရွေးချယ်ခွင့် ပေးထားလိုက်သည်။
ယန်ကျင်း၏ အရိုးများသည် ထူးခြားလှသောကြောင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့အတွက် များပြားလှသော စိတ်ဝိညဉ်ပမာဏများ လိုအပ်၏။ ထိုဖြစ်စဉ်က သူ့ကိုစိတ်ကူးမထားနိုင်လောက်သော နာကျင်မှုမျိုးကို ခံစားရပေလိမ့်မည်။ ထို့ကြောင့် ကုအန်သူ့ကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်ပေသည်။
မည်မျှပင် ပါရမီကောင်းနေပါစေ ခိုင်မာသောစိတ်ဓာတ်မရှိပါက သူ့အမတကျင့်ကြံခြင်းလမ်းစဉ်က ခက်ခဲနေလိမ့်မည်သာ။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ထိုကောင်လေးဘာရွေးမလဲဆိုတာကို လှောင်ပြောင်ဟန်ဖြင့် ကြည့်နေခဲ့သည်။
ယန်ကျင်းအံကိုတင်းတင်းကြိတ်လိုက်ကာ ပြောလိုက်သည်။
“နတ်ဘုရားတို့၏ရာထူးများထဲက ယန်ကျင်းက သူ့အမေကိုကယ်ဖို့ တောင်ကိုနှစ်ခြမ်းခွဲပြီး ကောင်းကင်ကိုဆန့်ကျင်ခဲ့တယ် အခုကျွန်တော်က သူ့နာမည်ကို ယူထားပြီးပြီဆိုတော့ ဒီနာမည်ကိုအရှက်ကွဲစေလို့မဖြစ်ဘူး တကယ်လို့ ကျွန်တော့်ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့ရင်တောင် ကျွန်တော်နောင်တရမှာမဟုတ်ဘူး ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကံကြမ္မာကိုဖီဆန်နိုင်ဖို့ ကူညီပေးပါ”
ပြောပြီးသည်နှင့် သူရုတ်တရက် ဒူးထောက်ချလိုက်၏။
ထိုစဉ် ကုအန်နှုတ်ခမ်းထောင့်စွန်းများ တွန့်ေကွးသွားပြီး ယန်ကျင်းကိုယ်အား စွမ်းအားတစ်ရပ်က ဖုံးလွှမ်းသွားသောကြောင့် သူကြက်သီးမွှေးညှင်းထသွားခဲ့ရသည်။
ဘာမှမတွေးနိုင်ခင်မှာပင် ကမ္ဘာကြီးသည် ရုတ်တရက် ပုံသဏ္ဍာန်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသောကြောင့် သူ့အတွင်းအင်္ဂါများ ယမ်းခါသွားခဲ့ရ၏။
နောက်တစ်စက္ကန့်တွင် ကမ္ဘာကြီးသည် ပုံမှန်ပြန်ဖြစ်သွားကာ သူ့ခြေထောက်က ကမ္ဘာမြေကြီးနှင့် ထိသွားသည်ကို ခံစားလိုက်ရသည်။ ထို ဘာအလေးချိန်မှမရှိတော့သလို ခံစားလိုက်ရသည့် ဖြစ်ရပ်ကြီးကြောင့် သူပျို့ပင်အန်ချင်သွားခဲ့သည်။
သူ့ကိုယ်သူ ထိန်းထားလိုက်ပြီး သူ့ဆရာကိုအလိုလိုကြည့်လိုက်မိသောအခါ သူ့ဆရာသည် နွားသိုးပေါ်တွင်သာ ထိုင်နေမှန်း တွေ့လိုက်ရ၏။ ထိုအခါမှ သူသက်ပြင်းချလိုက်နိုင်ခဲ့သည်။ ထို့နောက် သူပါးစပ်ဟကာ မေးဖို့ ပြင်လိုက်၏။
“ဆရာ အခု…”
သူ့စကားမဆုံးသေးခင်မှာပင် ပင်လယ်လေညှင်းတစ်ချက် တိုက်ခတ်သွားသောကြောင့် ရုတ်တရက်သူ့စိတ်ရှင်းလင်းသွားခဲ့လေသည်။
သူ့မတ်တပ်ရပ်လိုက်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်မိလေရာ မြင်လိုက်ရသည့်အရာကြောင့် ကြောင်အသွားခဲ့ရ၏။
သူဘာကိုမြင်ခဲ့ရသနညး်။
“ပင်လယ်….ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
ယန်ကျင်းသူ့ရှေ့ရှ်ိ ကျယ်ပြန့်လှသော ပင်လယ်ကြီးကိုကြည့်ကာ ကြက်သေသေနေခဲ့သည်။
သူပင်လယ်ကိုတစ်ခါမှမမြင်ဖူးသော်လည်း ထိုအရာသည် ကန်ကြီးများထက်ကြီးကာ အကန့်အသတ်မဲ့ကြောင်း ပုံပြင်များ ကြားခဲ့ဖူး၏။
သွေးအကျဉ်းထောင်မဟာသူတော်စင် အရင်ကလည်း အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကို ခံစားဖူးသော်လည်း ကြုံတွေ့လိုက်ရတိုင်း သူအံ့အားသင့်သွားခဲ့ရသည်။
ဤနတ်သိုင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာကောင်းလှ၏။
မည်သည့်အသိပေးချက်မှမရှိဘဲ ထိုအရာမှာ မြန်ဆန်လွန်းလှပြီး သူ့လို မဟာယနအဆင့်တစ်ယောက်ပင် ဘာမှမတုန့်ပြန်နိုင်ခဲ့ပေ။
ကုအန် နွားသိုးပေါ်မှဆင်းလိုက်ကာ ကျွန်းဆီသို့ ရှေ့မှလျှောက်သွားလိုက်ရင်း ပြောလိုက်သည်။
“ငါ့နောက်က လိုက်ခဲ့”
ယန်ကျင်း အသိစိတ်ပြန်၀င်သွားခဲ့ပြီး ကုအန်နောက်မှ လိုက်သွားခဲ့လိုက်၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း လိုက်သွားခဲ့ပြီး ကုအန် ယန်ကျင်းကို ကံကြမ္မာဖီဆန်နိုင်အောင် မည်သို့လုပ်မလဲဆိုတာ စိတ်၀င်စားနေခဲ့သည်။
သာမန်ပါရမီသာရှိသော သူတစ်ယောက်ကို ကောင်းကင်ရွေးချယ်ခံဖြစ်အောင် အမှန်တကယ်ပင် ပြောင်းလဲ၍ ရနိုင်သည်လော။
သူသံသယများဖြင့် ပြည့်နှက်နေခဲ့၏။
ယန်ကျင်းမှာတော့ စိတ်ရှုပ်ထွေးမှုကို ခံစားနေရပြီး စိတ်လှုပ်ရှားမှုရော ကြောက်စိတ်ကိုပါ ခံစားနေခဲ့ရသည်။
ခုနကဖြစ်ခဲ့သော ဖြစ်ရပ်အရ သူ့ဆရာသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်သာ မဟုတ်နိုင်တော့ပေ။
တနည်းအားဖြင့်ဆိုသော် သူ့ဆရာ၏စကားများမှာ အမှန်တရားများ ဖြစ်၏။
သူသည် အမှန်တကယ်ပင် ကောင်းကင်ကြမ္မာကို ဖီဆန်နိုင်မည်ဖြစ်ပြီး အရိုးကြေလုမတတ် နာကျင်မှုမျိုးကို ခံစားရမည်ဖြစ်သည်။ ထိုအတွေးကပင် သူ့ခြေထောက်များကို တုန်ရီစေသွားခဲ့၏။
ကုအန် ယန်ကျင်းခံစားချက်ကို သတိထားမိသော်လည်း သူ့ကိုနှစ်သိမ့်မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူထိုအရာကို အမှန်တကယ်ပင် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
တောအုပ်ထဲသို့ ရောက်သောအခါ ယန်ကျင်းအာရုံ ဆွဲဆောင်ခံလိုက်ရသည်။ ဤနေရာတွင် စိတ်ဝိညဉ်စွမ်းအင်များ အလွန်ပင် ကြွယ်၀ပြီး ကျွန်းပေါ်ရှိ သတ္တဝါများမှာလည်း သာမန်သတ္တဝါများ မဟုတ်ကြပေ။ သူအပြာရောင်အမွှေးဖားဖားဖြင့် လျှပ်စီးလက်သလိုမြန်သော ယုန်တစ်ကောင်ကို တွေ့ခဲ့ရ၏။
ကျောက်စိမ်းဖြူနှင့်တူသော မြွေများရှိသလို ရတနာကျောက်တုံးများနှင့်တူသော ပင့်ကူများလည်း ရှိနေပြီး ကောင်းကင်တွင် ရေနဂါးများနှင့်တူသော ရှည်မျောမျောသတ္တဝါများကိုလည်း တွေ့ခဲ့ရသည်။ ထိုအသစ်အဆန်းမြင်ကွင်းများက သူ့အာရုံကို ဆွဲဆောင်နေခဲ့သည်။
တစ်နာရီခန့်လမ်းလျှောက်ပြီးသောအခါ ကုအန် တောနက်ထဲရှိ ရေကန်ကြီးတစ်ခုဘေးတွင် ရပ်လိုက်၏။ ထို့နောက် ရေကန်ဘေးတွင်ရပ်ကာ ဆေးအမွှေးတိုင်အိုးတစ်အိုးကို ထုတ်လိုက်ပြီး မီးမွှေးလိုက်လေသည်။
ယန်ကျင်း ကုအန်လက်ထဲမှ အပြာရောင်မီးတောက်များ ထွက်ပေါ်လာသည်ကိုကြည့်ကာ အံ့အားသင့်နေခဲ့၏။
“ဆရာ ဆရာကဘယ်အဆင့်မှာလဲ” ယန်ကျင်း အားတင်းကာ မေးလိုက်သည်။
ကုအန်ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
“အချုပ်အနှောင်မဲ့အမတအဆင့်”
“အချုပ်အနှောင်မဲ့အမတဆိုတာဘာလဲ”
“ချီကျင့်ကြံခြင်း အခြေခံတည်ဆောက်ခြင်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်း ဝိညဉ်အခြေတည် နတ်အသွင်ပြောင်းခြင်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း တစ်သားတည်းဖြစ်ခြင်း ဆန်းကြယ်နှလုံးသား မဟာယန အဲ့တာတွေက သေမျိုးအဆင့်တွေပဲ အဲ့ဒီအထက်မှာ အမတလမ်းစဉ်အဆင့်ရှ်ိတယ် နိဗာနအဆင့်ကအမတလမ်းစဉ်အဆင့်ရဲ့ ပထမအဆင့် ဒုတိယအဆင့်က အချုပ်အနှောင်မဲ့အမတအဆင့်”
ကုအန်ရှင်းပြလိုက်ကာ ယန်ကျင်းအံ့အားသင့်မှုကြောင့် ပါးစပ်ဟနေခဲ့မိသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း အမတလမ်းစဉ်အဆင့်များအကြောင်း အခုမှကြားဖူးခြင်း ဖြစ်၏။
သူသခင်သည် အမှန်တကယ်ပင် သူ့ထက် ၂ဆင့်သာ မြင့်ခြင်းပေလော။
သွေးအကျဉ်းထောင်မဟာသူတော်စင် ကုအန်တစ်ခုခုဖုံးကွယ်ထားသည်ဟု သံသယရှိနေခဲ့သည်။
ကံကောင်းစွာဖြင့် ရိုးသားလှသော ယန်ကျင်းက သူသိလိုသည်ကို ဆက်၍မေးမြန်းလိုက်၏။
“အချုပ်အနှောင်မဲ့အမတအဆင့် အထက်မှာရော ဘာအဆင့်တွေရှိလဲဆရာ”
“အဲ့တာက အနာဂတ်မှာမင်းကုိယ်တုိင်ရှာဖွေရမယ့် အရာပဲ”
ကုအန်ဖြေလိုက်သည်။ သူ သူ့စွမ်းအားတစ်စိတ်တပိုင်းကို ထုတ်ပြလိုက်သော်လည်း အကုန်ထုတ်ပြဖို့တော့ စိတ်ကူးမရှိပေ။ နေရာတိုင်းတွင် တစ်ကွက်ချန်ထားဖို့တော့ လိုပေသည်။
သူလတ်တလော နောက်အဆင့်တစ်ခုသို့ ချိုးဖျက်ဖို့ပင် စဉ်းစားနေခဲ့၏။ အကယ်၍ ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးသာ ပေါ်လာခဲ့ပါက ကောင်းကင်ဈာန်အမတအဆင့်က မလုံလောက်မည်ကို သူကြောက်နေခဲ့သည်။
သူအရမ်းကြီး စိတ်ပူနေတာတော့မဟုတ်ပေ။ အကယ်၍ သေမျိုးကမ္ဘာတစ်ခုလုံး သမုဒ္ဒရာကြီး၏ဖုံးလွှမ်းခြင်း ခံလိုက်ရလျှင်တောင် သူကောင်းကင်အပြင်ထွက်၍ လွတ်မြောက်နိုင်သေးသည်။ သို့မဟုတ် ပင်လယ်အောက်တွင် ကမ္ဘာငယ်လေးတစ်ခုဖွင့်ကာ သူနှင့်ရင်းနှီးသူများကို ထိုထဲထည့်ထားပေးလို့လည်း ရသေးသည်။
ယန်ကျင်း သူသိလိုသည့် အဆင့်များအကြား ကွာဟချက်များကို ဆက်မေးနေခဲ့ပြီး ကုအန်ကလည်း စိတ်ရှည်ရှည်ပြန်ဖြေပေးနေသောကြောင့် သူပို၍ရဲလာခဲ့၏။
သူ့ဆရာသည် သူအရင်ကတွေးထားသလောက် ကြောက်စရာမကောင်းဘဲ အတော်လေးသဘောကောင်းသူဟူ၍ပင် သူထင်လာခဲ့သည်။
ကုအန် ဆေးရွက်များပြင်ဆင်ပြီးသည့်နောက် ယန်ကျင်းအား ဆေးအိုးထဲ၀င်ခိုင်းလိုက်၏။
ယန်ကျင်း အ၀တ်အစားများချွတ်ရန်လိုသေးလားဟု မေးခဲ့ပြီး ကုအန်က မလိုဘူးဟု ပြန်ဖြေခဲ့သည်။
သာမန်အ၀တ်အစားများသည် စိတ်ဝိညဉ်စွမ်းအင်ကို တားဆီးနိုင်မည် မဟုတ်ပေ။
ယန်ကျင်း ဆေးအိုးထဲ၀င်ထိုင်လိုက်ကာ ကြောက်ရွံ့နေသောကြောင့် သူ့၀တ်စုံထောင့်စွန်းများကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး သူ့နှဖူးမှ ပဲေစ့အရွယ်ချွေးများ ကျလာခဲ့သည်။
ထိုစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင် ထရပ်လာပြီး သူ့ခွာများကို ဆေးအိုးနှုတ်ခမ်းပေါ် တင်လိုက်ကာ ပြောလိုက်၏။ “ကောင်လေး အမတကျင့်ကြံခြင်းလမ်းစဉ်က ကြမ်းတမ်းတယ် အကြိမ်တိုင်း မင်းတွေးဖို့လိုတာက နည်းနည်းလောက်လေးပဲ ဆိုတာပဲ နည်းနည်းလောက်လေးပဲ လို့သာတွေး မင်းတောင့်ခံနေရတဲ့ နာကျင်မှုက မကြာခင် ပြီးဆုံးသွားလိမ့်မယ်”
ယန်ကျင်း အသက်ပြင်းပြင်းရှူလိုက်ကာ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ကြည့်ပြီး မေးလိုက်သည်။
“စီနီယာနျူ စီနီယာကရော ဘယ်အဆင့်မှာလဲ သိခွင့်ရှိမလား”
သူ့ဆရာသည် အချုပ်အနှောင်မဲ့အမတအဆင့်ဖြစ်သောကြောင့် စီးတော်သားရဲကလည်း သန်မာနေမှာ သေချာပေသည်။
မဟုတ်လျှင် သူ့ဆရာက ထိုစီးတော်သားရဲကို အဘယ်ကြောင့် ခေါ်ထားမည်နည်း။
သွေးအကျဉ်းထောင်မဟာသူတော်စင် ကုအန်ကိုတစ်ချက်ကြည့်လိုက်ကာ ကုအန်ခေါင်းညိတ်ပြတာမြင်၍ ပြုံးလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။
“ငါက မဟာယနအဆင့် ၈ ကွ နောက်ပြီးငါကသာမန်နွားရိုင်းမိစ္ဆာတစ်ကောင်မဟုတ်ဘူး ငါက အဆင့်နိမ့်နယ်မြေကနေ တက်လှမ်းလာခဲ့တဲ့ သွေးအကျဉ်းထောင်မဟာသူတော်စင်….”
သူ သူ့အတိတ်အောင်မြင်မှုများကို အဆုံးမဲ့အောင်ပြောပြနေပြီး ယန်ကျင်းလည်း ပါးစပ်အဟောင်းသားဖြင့် နားထောင်နေခဲ့သည်။
မဟာယနအဆင့် ၈!
အဓိပတိဂိုဏ်းတွင်ပင် မဟာယနအဆင့် ၂ ယောက်သာ ရှိမှန်း သူသိ၏။
သူ့ဆရာ ပျိုးထောင်ခဲ့သော နွားသိုးကလည်း မဟာယနအဆင့် ၈ တစ်ယောက်ဖြစ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။
ယန်ကျင်းပျော်ရွှင်မှုကြောင့် မင်သက်နေခဲ့ကာ သူအိပ်မက်မက်နေသလိုပင် ခံစားနေခဲ့ရသည်။
ထိုစဉ် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ဘေးဖယ်ဖို့ပြောလိုက်ပြီး နွားသိုးလည်း ရွေးစရာမရှိဘဲ ပါးစပ်ပိတ်နေလိုက်ရ၏။
ထို့နောက် ကုအန် ဆေးတစ်မျိုးကိုထုတ်ကာ ယန်ကျင်းကို ပေးလိုက်လေသည်။
“ဒီဆေးကိုသုံးပြီးရင် ငါပြောတဲ့ စိတ်ကျင့်စဉ်အတိုင်း လိုက်လုပ်ပြီး စွမ်းအင်ကျင့်ကြံရမယ် ငါကမင်းကို လမ်းညွှန်ပေးမယ် ဘယ်လောက်ပဲနာကျင်ပါစေ ငါ့လမ်းညွှန်ချက်ကိုလိုက်ပြီး မင်းဆက်စွမ်းအင်စုပ်ရမယ် မဟုတ်ရင်တော့ မင်းပျောက်ကွယ်သွားရလိမ့်မယ် အဲ့ဒီအခါ အမတတာလော်တောင် မင်းကို ကယ်တင်နိုင်မှာမဟုတ်ဘူး”
ယန်ကျင်း အမတတာလော်ဆိုတာဘယ်သူလဲ မေးချင်သော်လည်း ကုအန်က နောက်ပြန်လှည့်သွားသောကြောင့် ဆေးကိုသာ ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။
ဆေးပါးစပ်ထဲရောက်သွားသည်နှင့် ထိုအရာက အရည်ပျော်သွားကာ ယန်ကျင်း သူ့လည်ချောင်း လောင်ကျွမ်းလာသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ပူလောင်လာခဲ့၏။
ထိုအခိုက်တွင် ကုအန်အသံက အသံပို့လွှတ်ခြင်းနည်းစနစ်မှတစ်ဆင့် သူ့နားထဲရောက်လာခဲ့ပြီး သူ့က်ိုယ်ထဲ၀င်သွားေသာ လွှမ်းမိုးနုိင်သည့် အားတစ်ရပ်နှင့်အတူ သဘာ၀စိတ်ဝိညဉ်စွမ်းအင်များကို စုပ်ယူရန် လမ်းညွှန်ပေးနေခဲ့သည်။
ကုအန်သူ့အား အရာအားလုံး၏ ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ် ကိုသင်ကြားပေးနေခဲ့ခြင်း ဖြစ်၏။
ထိုပညာရပ်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်မှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး အဓိကအားဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးသည့် ကျင့်စဉ်ဖြစ်သည်။ ကုအန်သည် အနီးကပ်တိုက်ပွဲတိုက်ခိုက်တာ ရှားသော်လည်း သူ့အပြင်ခန္ဓာအင်အားမှာတော့ အလွန်သန်မာပေသည်။
ထို့အပြင် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်က လူတစ်ယောက်၏ ကျင့်ကြံခြင်းကိုလည်းဖုံးကွယ်ပေးထားနိုင်ပြီး ထိုအရာက အနာဂတ်တွင် ယန်ကျင်းကို သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်နိုင်အောင် ကူညီပေးပေလိမ့်မည်။
ယန်ကျင်း ကုအန်စိတ်ကျင့်စဉ်ကို လေ့ကျင့်ရင်း သူ့ကိုယ်ထဲရှိ စွမ်းအားကိုလိုက်၍ စွမ်းအင်များကို စုပ်ယူနေခဲ့၏။
အချိန်များကုန်လွန်သွားခဲ့ပြီး ဆေးအိုးထဲရှိ ဆေးရည်များ ဆူပွက်လာခဲ့လေသည်။ ယန်ကျင်းအရေပြားနီရဲလာခဲ့သော်လည်း ထိုနာကျင်မှုသည် သူ့ကြွက်သားနှင့်အရိုးများကို ဆွဲဖြဲနေသည့် နာကျင်မှုနှင့် ယှဉ်ပါက မပြောပလောက်ပေ။
နာကျင်မှု!
စိတ်ကူးနိုင်သည်ထက်ကျော်လွန်သော နာကျင်မှု!
ပိုးမွှားအကောင်ထောင်ချီ သူ့အရိုးများကို ကိုက်ခဲနေကာ ကြွက်သားများကို ဆွဲဖြဲနေသည့် နာကျင်မှုမျိုးဖြစ်ပြီး ထိုအရာကို ဖော်ပြ၍ပင် မရနိုင်ပေ။
ထိုစဉ် သူ့ဆရာအသံက သူ့စိတ်ထဲဟိန်းထွက်နေပြီး အကြောက်တရားကို လျှော့ချပေးနေခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်ပြောခဲ့သလိုပင် နည်းနည်းလောက်လေးပဲတောင့်ခံထားပါက ထိုအရာသည် ပြီးဆုံးသွားပေလိမ့်မည်။
နာကျင်မှုသည် တဖြည်းဖြည်းနှင့်ပိုတိုးလာခဲ့ပြီး ယန်ကျင်းအံကို တင်းတင်းကြိတ်ထားလိုက်ရ၏။
သူ့ဆံပင်များက လွင့်နေ၍ မျက်နှာပေါ်တွင် သွေးကြောများက ဖောင်းကားထွက်လာပြီး သူ့တစ်ကိုယ်လုံးကရွှဲရွှဲစိုနေကာ ချွေးများလား ဆေးရည်များလားပင် မသဲကွဲတော့ပေ။
ခရက်….
သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ကြိတ်သံများထွက်ပေါ်လာပြီး သူ့အရိုးများသည် တစ်ခုနှင့်တစ်ခု ကြိတ်နေကြသလိုပင်။ သွေးအကျဉ်းထောင်မဟာသူတော်စင်ပင် ကြက်သီးထသွားခဲ့ရသည်။
“သူတကယ်ကြီး ကံကြမ္မာကို ဖီဆန်နိုင်မှာလား”
သွေးအကျဉ်းထောင်မဟာသူတော်စင် တုန်လှုပ်စွာ တွေးနေမိသည်။
ထို့နောက် သူကုအန်၏ ဆေးအိုးကိုကျောပေးထားကာ အေးဆေးဖြစ်သော အမူအရာကို လှည့်ကြည့်လိုက်မိ၏။ ထိုအခါ ကုအန် အေးဆေးဖြစ်နေမှုကြောင့် သူပို၍ပင် အထင်ကြီး လေးစားသွားခဲ့ရသည်။
ကုအန်အတွက်တော့ ကြမ္မာကိုဖီဆန်ရခြင်းမှာ ဘာမှခက်သောအလုပ်ဟုတ်မနေသလိုပင်။
သူမသိသည်မှာ ကုအန်သည် ယန်ကျင်းကို ကြမ္မာဖီဆန်နိုင်အောင် လုပ်ပေးနေခြင်းမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကိုသာ နိုးထလာအောင်လုပ်ပေးနေခြင်း ဆိုတာကိုပင်။
ထိုအခိုက်တွင် ကုအန် အလုပ်နှစ်ခုလုပ်နေခြင်းဖြစ်ပြီး ယန်ကျင်းကို ညွှန်ကြားနေရင်း သမုဒ္ဒရာကို စစ်ေဆးနေခြင်း ဖြစ်သည်။
သူသည် သူ့နောက်တစ်ကြိမ်အဆင့်ချိုးဖျက်ဖို့အတွက် သင့်တော်သောနေရာ ရှာနေခြင်း ဖြစ်၏။
“ကောင်းကင်ဈာန်အမတအဆင့်အထက်က ဘာအဆင့်လဲဆိုတာ သိချင်မိတယ်…”
ကုအန် မျှော်လင့်ချက်ဖြင့် တွေးတောနေမိသည်။ သက်တမ်း ၁၆သန်းကျော်နှင့်တော့ သူအဆင့်ချိုးဖျက်၍ ရသင့်သည်ဟု ခံစားနေခဲ့ရ၏။
သို့သော်လည်း သူ့ကျင့်စဉ်များ နတ်သိုင်းများကိုလည်း အဆင့်မြှင့်သင့်သလားဆိုတာကိုတော့ သူတွန့်ဆုတ်နေမိသည်။ ထိုအရာများကို အဆင့်မြှင့်ခြင်းက တစ်ခုကို သက်တမ်းသိန်းချီ၍ ကုန်မည်ဖြစ်ပြီး ထိုထက်ပင် များလာနိုင်သေးသည်။
ထို့ကြောင့် ထိုအရာများကို အဆင့်မြှင့်ပြီး အဆင့်ချိုးဖြတ်ရန် သက်တမ်းမကျန်တော့မည်ကို သူကြောက်နေမိသည်။
“အားးး”
ယန်ကျင်း ရုတ်တရက်အော်ဟစ်လိုက်သောကြောင့် သွေးအကျဉ်းထောင်မဟာသူတော်စင် နှလုံးသားတင်းကြပ်သွားခဲ့၏။
ဤအရာမှာ သူနတ်သားရဲ၏ သွေးအဆီအနှစ်ကိုစုပ်ယူခဲ့စဉ်ကထက်ပင် နာကျင်ဦးမည့်ပုံပင်။
ကုအန်ယန်ကျင်းကို စိတ်မပူဟန်ဖြင့် လှည့်မကြည့်ခဲ့ပေ။
သူယန်ကျင်းအားပေးခဲ့သောဆေးသည် အထွတ်အထိပ်အဆင့်ဝိညဉ်ကျောက်တုံး ၁၀၀ တန်သော ဆေးဖြစ်၏။ထိုအရာက ထိပ်တန်းအဆင့် ဝိညဉ်ကျောက်တုံး ၁၀၀၀၀ နှင့်ညီမျှပေသည်။
အဆင့်နိမ့်ဝိညဉ်ကျောက်တုံးနှင့်ဆိုပါက သန်းတစ်ရာ ဖြစ်၏။
ဤဆေးနှင့်ဆိုပါက ယန်ကျင်းသည် တိုက်ရိုက်ပင် အဆင့်ချိုးဖြတ်နိုင်ပြီး သူ့ခန္ဓာကိုယ်က ဆေးအစွမ်းကို မည်မျှစုပ်ယူနိုင်မလဲဆိုတာအပေါ်သာ မူတည်ပေသည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့်ကုန်ဆုံးသွားခဲ့၏။
တခဏကြာအော်ဟစ်ပြီးနောက် ယန်ကျင်းအော်သံ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း တုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
ယန်ကျင်း တရားထိုင်နေသည့်ပုံစံအတိုင်း ဖြည်းဖြည်းချင်း ဆေးအိုးထဲမှ တက်လာခဲ့သည်။ သူ့ဆံပင်များက လွင့်မျောနေပြီး သူ့အရေပြားက နီမြန်းနေခဲ့၏။ ထူးဆန်းစွာဖြင့် သူ့ကိုယ်မှ အန္တရာယ်ရှိသော အရှိန်အဝါတစ်မျိုးထွက်ပေါ်နေပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ကြောက်လန့် သွားစေခဲ့သည်။
ထိုခံစားချက်မှာ ပြေးမလွတ်သော သူ့ကြမ္မာ၀ဋ်ကြွေးတစ်ခုနှင့် ရင်ဆိုင်နေသလို ခံစားချက်ပင်။
ဂျိန်းးး
ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာပြီး အားကောင်းလှသော အားလှိုင်းကြီးတစ်ခုဖြစ်တည်လာခဲ့သည်။
“သူ့ကို ဘယ်လိုအရာမျိုးဖြစ်အောင် ပြောင်းလဲခံလိုက်ရတာလဲ ဒါကြီးက လွှမ်းမိုးနိုင်လွန်းတယ်”
သွေးအကျဉ်းထောင်မဟာသူတော်စင် အံ့အားသင့်စွာ တွေးနေမိသည်။ သူ့နတ်သားရဲသွေးအဆီအနှစ်ကို စုပ်ယူထားသည့် ခန္ဓာကပင် ယန်ကျင်းတည်ရှိမှု၏ ခြိမ်းခြောက်ခြင်းကို ခံနေရပြီး ထိုအရာက ယန်ကျင်းခန္ဓာသည် မည်မျှကြောက်စရာကောင်းလာသလဲဆိုတာကို ညွှန်ပြနေခဲ့သည်။
ထို့နောက် ကောင်းကင်စွမ်းအားကိုစိတ်ပင်၀င်စားဟန်မရဘဲ ကြည့်ပင်မနေသည့် ကုအန်ကို လှည့်ကြည့်လိုက်လေသည်။
အပိုင်း(၂၃၆)
ငါ့တပည့်ရဲ့ သေခြင်းရှင်ခြင်းကို ငါပဲဆုံးဖြတ်နိုင်တယ်
ဂျိန်းးး ဂျလိန်းးး
မိုးခြိမ်းသံများက ဆက်လက်ထွက်ပေါ်နေပြီး ဤသမုဒ္ဒရာတစ်ဝိုက်ရှ်ိ ကျွန်းများပင် ယမ်းခါနေကာ မုန်တိုင်းတစ်ခုချဉ်းကပ်လာသလို ဝုန်းဒိုင်းကြဲနေခဲ့သည်။
ကုအန် ယန်ကျင်းကို ကျောပေးထားရင်း သူ့နတ်အာရုံက ပတ်ပတ်လည်မိုင်တစ်ထောင်ကို ဖုံးလွှမ်းထားကာ ကြီးမြတ်သောကျင့်ကြံသူများ ၀င်လာမည့်ရန်မှ ကာကွယ်ပေးထားခဲ့သည်။
ကုအန် ယန်ကျင်းကြောင့် ဖြစ်ပေါ်လာရသော ကပ်ဘေးကိုတော့ သိပ်စိတ်မပူမိပေ။ ထိုသို့သောကပ်ဘေးမျိုးသည် သမုဒ္ဒရာတွင် ထင်ရှားလှသောအရာများမဟုတ်ကြပေ။ ထိုအရာသည် အဆင့်နိမ့်ကျင့်ကြံသူများလောက်ကိုသာ ခြိမ်းခြောက်နိုင်သောအရာ ဖြစ်၏။
ယန်ကျင်း မျက်လုံးပိတ်ထားရင်း လေထဲတွင် တရားထိုင်နေခဲ့သည်။သူ့၀တ်စုံက လေနှင့်အတူလွင့်နေရင်း သဘာ၀စိတ်ဝိညဉ်စွမ်းအင်များက သူ့ပါးစပ် နှာခေါင်းများမှ တစ်ဆင့် သူ့ကိုယ်ထဲတိုး၀င်နေခဲ့ကြသည်။ တဖြည်းဖြည်းနှင့် သူ့မွှေးညှင်းပေါက်များထဲမှပင် လောင်ကျွမ်းနေသော ချီများထွက်ပေါ်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ သူ့ပုံစံမှာ အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိနေခဲ့၏။
သူ့မျက်ခုံးများကိုတော့ တင်းကြပ်နေအောင် ကြုံ့ထားပြီး စိတ်ကူး၍မရလောက်သော နာကျင်မှုကို တောင့်ခံထားခဲ့သည်။ သူ့အာရုံတစ်ခုလုံးသည် သူ့အတွင်းပိုင်းတွင်သာရှိနေပြီ အပြင်ကမ္ဘာတစ်ခုလုံးကို လုံး၀ သတိထားမိမနေခဲ့ဘဲ သူလေထဲတွင်ရောက်နေသည်ဆိုတာကိုပင် သတိမထားမိခဲ့ပေ။
ကောင်းကင်နတ်ဘုရားတစ်ပါးဟိန်းဟောက်နေသကဲ့သို့ မိုးခြိမ်းသံများမှာ ဆက်လက်ထွက်ပေါ်နေဆဲပင်။
သွေးအကျဉ်းထောင်မဟာသူတော်စင် မြေပြင်ပေါ်တွင် ၀ပ်နေရပြီး ယခုအခါ သူ့စိတ်ထဲ စိတ်၀င်စားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ယန်ကျင်းသည် မည်သို့သော ကြမ္မာဆန့်ကျင်သည့်အရာမျိုးကို ဖန်တီးခဲ့လဲဆိုတာ သူအသည်းအသန်သိချင်နေခဲ့မိသည်။
ဝုန်းး!
ရုတ်တရက် မိုးကြိုးတစ်စင်းကျဆင်းလာပြီး ယန်ကျင်းကို ထိမှန်သွားခဲ့၏။ ချက်ချင်းပင် သူ့၀တ်စုံက ပြာဖြစ်သွားကာ တစ်ကိုယ်လုံး တူးခြစ်သွားခဲ့သည်။ သူ့ကိုယ်ပေါ်က မိုးကြိုးမရှိတော့သောအခါ သူ့အရေပြားမှသွေးများ စတင်စိမ့်ထွက်လာပြီး သူ့ပုံစံမှာအတော်လေး ဆိုးရွားနေခဲ့၏။ အသက်သုံးရှိုက်အတွင်းပင် သူ့ပုံစံသည် သွေးများဖြင့်စိုရွှဲနေသော ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ကုအန် ယန်ကျင်းကို လှည့်ကြည့်လိုက်ပြီး သူ့ပုံစံက အေးဆေးဖြစ်နေဆဲပင်။
ယန်ကျင်းပုံစံက သေဘေးနှင့်ဝေးနေသောကြောင့် သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း စိတ်အေးနေဆဲဖြစ်သည်။
ထို့နောက် မိုးကြိုးများတစ်စင်းပြီးတစ်စင်း ထပ်မံ ကျဆင်းလာခဲ့၏။
ထိုမိုးကြိုးများတွင် ဒြပ်ငါးမျိုးစိတ်ဝိညဉ်စွမ်းအားများ ပါနေမှန်း ကုအန်ရုတ်တရက် သတိထားမိသွားခဲ့သည်။
ယန်ကျင်း၏ ခန္ဓာသည် ဒြပ်ငါးမျိုးစလုံးကို တိုက်ရိုက်စုပ်ယူနိုင်ခြင်း ဖြစ်နိုင်ပါသလော။
သူ့အရိုးများက စိတ်ဝိညဉ်စွမ်းအားပမာဏ ထိုမျှများများ စုပ်ယူနိုင်ဖို့ လိုနေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
သူသည် မွန်းစတားဆန်လွန်းလှ၍ ကောင်းကင်တာအိုက လက်မခံနိုင်ခြင်း ဖြစ်နိုင်ပါသလော။
ကုအန် ယန်ကျင်းအပေါ် မျှော်လင့်ချက်ပိုကြီးမားလာခဲ့ရသည်။ ယန်ကျင်းသည် မည်သို့သော ပြောင်းလဲမှုအခြေအနေတွင် ရောက်နေသလဲဆိုတာ ကုအန် သိချင်နေခဲ့မိ၏။
ယန်ကျင်း မိုးကြိုးများကို ဆက်လက်တောင့်ခံနေပြီး သူ့အရေပြားများ အသားများ နှစ်ခြမ်းကွဲကာ သွေးများစီးကျနေသော်လည်း သူ့အရှိန်အဝါက အားနည်းမသွားခဲ့ပေ။ ထိုအစား ပို၍ပင် သန်မာလာသေးသည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ယန်ကျင်းဆံပင်များက ရှုပ်ပွနေခဲ့ပြီး သူ့အရေပြားများက လုံး၀ တူးခြစ်နေကာ အဆစ်နေရာများတွင် အရိုးဖြူများကိုပင် ဝိုးတဝါးမြင်လာခဲ့ရသည်။
ကောင်းကင်မိုးကြိုး၏ အင်အားမှာလည်း ပိုမိုကြီးမားလာခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ပင် ယန်ကျင်း ရုတ်တရက်သေဆုံးသွားမှာကို ကြောက်ရွံ့လာခဲ့သည်။
ထိုအခိုက်တွင်
ကုအန် အရှိန်အဝါတစ်ခုချဉ်းကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ထိုလူသည် နိဗာနအဆင့်ဖြစ်ပြီး သိပ်မသန်မာလှပေ။
အချုပ်အနှောင်မဲ့အမတအထက် အဆင့်များပေါ်မလာသေးသရွေ့ ကုအန် ယန်ကျင်းကို အဝေးသို့ခေါ်သွားရန် လိုမည် မဟုတ်ပေ။
မကြာခင်တွင် ကျွန်းပေါ်သို့ ပုံရိပ်တစ်ခုရောက်ရှိလာခဲ့ပြီး တောအုပ်ကိုဖြတ်သန်းကာ ကန်ဘေးသို့ ဆင်းသက်လာခဲ့သည်။ ထိုသူသည် ကုအန်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုမကြည့်ဘဲ သူ့အကြည့်က ယန်ကျင်းဆီသာ ရှိနေပြီး အံ့အားသင့်သည့်အကြည့်ဖြင့် ကြည့်နေခဲ့၏။
[အမတရှာဖွေတာအိုပညာရှင်(နိဗာနအဆင့် ၉): ၂၀၄၈၉/၂၅၀၀၀/၃၀၀၀၀၀]
အမတရှာဖွေတာအိုပညာရှင်လား!
ဤနာမည်သည် ကုအန်နှင့် ရင်းနှီးသလို ဖြစ်နေခဲ့သည်။
ကုအန် ဝူရှင်းပြောခဲ့သည့် သူ့ကို အမတရှာဖွေတာအိုပညာရှင် ဟုခေါ်သော ဘုန်းကြီးတစ်ပါးက တာအိုဖြန့်ကျက်ကျင့်စဉ် ပေးခဲ့သည်ဟူသော စကားကိုပြန်သတိရသွားခဲ့သည်။
ထိုလူသည် နိဗာနအဆင့်ဟု ကုအန် ထင်မထားခဲ့ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူအားနည်းခဲ့စဉ်အချိန်ကတည်းက မင်းဆက်သုံးခုတွင် နိဗာနအဆင့်တစ်ယောက် ရှိနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ အဆင်အခြင်နဲ့ သက်တမ်းစုဆောင်းပြီး အလျင်အမြန်ကြီးထွားလာခဲ့ပါက သူသည် ထိုနိဗာနအဆင့်လက်ထဲတွင် သေသွားနိုင်၏။
ဤအရာက ကုအန်ကို သူသိုသိုသိပ်သိပ်နေခဲ့မိတာ ကံကောင်းသည်ဟု ခံစားသွားစေခဲ့သည်။
တာအိုပညာရှင်ဟု ဆိုသော်လည်း အမတရှာဖွေတာအိုပညာရှင်သည် ဘုန်းကြီးတစ်ပါးနှင့်ပိုတူပြီး ဝါညစ်ညစ်အရောင် သင်္ကန်းကို၀တ်ဆင်ထားကာ ငယ်ရွယ်ပြီး ခန့်ညားသော ရုပ်သွင်မျိုး ရှိ၏။
ကုအန် တိတ်ဆိတ်နေသော်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ မကျေနပ်ခဲ့ပေ။ သူမကျေမနပ်ပြောလိုက်သည်။
“ဟေး အနံ့အသက်မကောင်းတဲ့ ဘုန်းကြီး ဘယ်သူကခင်ဗျားကို ၀င်ခွင့်ပြုလို့လဲ ခင်ဗျားကနှုတ်တောင်မဆက်ဘဲ ၀င်လာရလား”
သူ့ကိုယ်သူ ကုအန်၏သားရဲဟု သတ်မှတ်ပြီးကတည်းက သူ့စိတ်နေစိတ်ထားသည် ပြောင်းလဲသွားပြီ ဖြစ်သည်။
ဘုန်းကြီးသည် သူ့ကိုမလေးမစားလုပ်၍ရသော်လည်း သူ့သခင်ကိုတော့ မရပေ။
အမတရှာဖွေတာအိုပညာရှင် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုကြည့်၍ ပြုံးလိုက်ကာ ကုအန်ဘက်လှည့်ပြီး လက်သီးဆုပ်လိုက်ကာ
“ဒီနိမ့်ချတဲ့ တာအိုပညာရှင်နာမည်က အမတရှာဖွေတာအိုပညာရှင်ပါ ဒီက တာအိုမိတ်ဆွေရဲ့ ဂုဏ်သရေရှိ နာမည်ကို သိပါရစေ နောက်ပြီး မိတ်ဆွေနဲ့ ဒီပုဂ္ဂိုလ်ကြားက ဆက်ဆံရေးကရော ဘာများလဲ”
ကုအန် အေးအေးဆေးဆေးဖြေလိုက်သည်။
“ကျွန်တော့်နာမည်က မုန့်လန်ပါ သူက ကျွန်ေတာ့်တပည့်ပဲ”
ကုအန်၏ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဟူ၍သာ ပြသထားသော်လည်း သူမယုံပေ။ ပို၍ပင် စိတ်၀င်စားသွားသေးသည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းအစစ်ကို မတွေ့နိုင်ခြင်းမှာ သူသည် တစ်ဖက်လူထက် အများကြီးနိမ့်နေသည်ဟု ဆိုနေသည် မဟုတ်ပါလား။
သူပြုံးလိုက်၏။
“တာအိုမိတ်ဆွေမုန့် မိတ်ေဆွ တပည့်ကသာမန်မဟုတ်ဘူး သူ့ကောင်းကင်ကံကြမ္မာက ဒီကမ္ဘာကို ကျော်လွန်နေတယ် တကယ်ဆို သူကဒီအတိုင်းပဲ မြှုပ်နှံခံထားသင့်တာ ဒါပေမယ့် မိတ်ဆွေက သူ့ကိုရှာတွေ့ခဲ့တယ် အဲ့ဒီအရာက ဒီကမ္ဘာကြီးကို အနာဂတ်မှာပြောင်းလဲသွားစေလိမ့်မယ်”
ကုအန်မေးလိုက်သည်။
“အို့ ကျွန်တော်အမှားတစ်ခုခုလုပ်ခဲ့မိတာလား”
“လုံး၀ မဟုတ်ပါဘူး ကောင်းကင်နဲ့မြေပြင်ရဲ့ ကိစ္စတွေဆိုတာ ပြောင်းလဲနေတာပါပဲ အဟောင်းတွေသွားပြီး အသစ်တွေလာကြတယ် အရာအားလုံးက နေ့တိုင်းပြောင်းလဲနေကြတာပဲ မှန်တာ မှားတာဆိုတာ မရှိပါဘူး” အမတရှာဖွေတာအိုပညာရှင်ပြုံးလိုက်ကာ သူ့အကြည့်က ယန်ကျင်းဆီပြန်ရောက်သွားပြီး အံ့ဩတကြီးကြည့်နေမိသည်။
ကုအန် မေးမြန်းလိုက်၏။
“တာအိုမိတ်ဆွေသူ့ခန္ဓာက ဘာခန္ဓာလဲဆိုတာသိလား”
အမတရှာဖွေတာအိုပညာရှင် စဉ်းစားလိုက်သည်။
“ဒီနိမ့်ကျတဲ့ တာအိုပညာရှင်က ဆုံးဖြတ်ဖို့ခက်လှပါတယ် သူ့မှာ ရှေးဟောင်းဒြပ်ငါးမျိုးရတနာခန္ဓာရဲ့ ဆန်းကြယ်မှုတွေနဲ့ ကမ္ဘာဦးအာဏာရှင်ခန္ဓာရဲ့ ကြမ်းတမ်းတဲ့ ချီသွေးတွေ ရှိနေတယ်”
ဒြပ်ငါးမျိုး ရတနာခန္ဓာလား!
ကုအန် အရင်က ထိုခန္ဓာကို ပိုင်ဆိုင်ခဲ့ဖူးပေသည်။ ထိုခန္ဓာမှ မူလတာအိုခန္ဓာသို့ပြောင်းခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် လက်ရှိ ဆန်းကြယ်မြင့်မြတ်ခန္ဓာကို ရရှ်ိခဲ့ခြင်း ဖြစ်၏။
“ဒြပ်ငါးမျိုးရတနာခန္ဓာနဲ့ ကမ္ဘာဦးအာဏာရှင်ခန္ဓာက စွမ်းအားကြီးလား” သွေးအကျဉ်းထောင်မဟာသူတော်စင်မေးလိုက်ပြီး ကုအန်လည်း ကျေနပ်သွားခဲ့သည်။
မဆိုးဘူး ဒီကောင့်မှာ အလားအလာရှိတယ်!
အကယ်၍ ကုအန်သာ ကိုယ်တိုင်မေးလိုက်ပါက သူ့အဆင့်ကို နှိမ့်ချလိုက်သလို ဖြစ်သွားပေလိမ့်မည်။
အမတရှာဖွေတာအိုပညာရှင်ပြုံးကာ ပြောလိုက်၏။
“ပုံမှန်အားဖြင့် ရှေးခေတ်အချိန်တုန်းက ပါရမီကို စိတ်ဝိညဉ်အမြစ်ရဲ့ အထူးပြုမှုနဲ့ အရည်အသွေးအပေါ်မှာပဲ မူတည်ပြီးဆုံးဖြတ်တာမဟုတ်ဘူး ခန္ဓာကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါ၀င်တယ် စိတ်ဝိညဉ်အမြစ်အရည်အသွေးမကောင်းရင်တောင် အဲ့ဒီရတနာခန္ဓာပိုင်ရှင်တွေက နောက်ဆုံးမှာ ဒဏ္ဍာရီလာ အမတလမ်းစဉ်ကို အုပ်ချုပ်တဲ့သူတွေ ဖြစ်လာကြတယ်”
ထို့နောက် သူသိသမျှ ရတနာခန္ဓာများအကြောင်း စတင်ပြောပြခဲ့၏။
သိမ်မွေ့သောရတနာခန္ဓာ ထိုခန္ဓာသည် မြင့်မားသောနားလည်နိုင်စွမ်းရှိပြီး ခန္ဓာပိုင်ရှင်ကို မကောင်းဆိုးဝါးစွမ်းအားများ မလွှမ်းမိုးနိုင်ပေ။
ကမ္ဘာဦးမီးတောက်ရတနာခန္ဓာ ထိုခန္ဓာသည် ခန္ဓာမှနေအလင်းရောင်များ ဖြာထွက်နေသလိုဖြစ်နေသော ခန္ဓာမျိုးဖြစ်ပြီး သူ့အထွတ်အထိပ်အချိန်တွင် တောက်ပလွန်းသော နေမင်းကြီးအဖြစ်ပင် ပြောင်းလဲနိုင်ပေသည်။
သွေးဖီဆန်ရတနာခန္ဓာ ထိုခန္ဓာသည် သေခြင်းရှင်ခြင်းအချိန်မျိုးတွင် များပြားလွန်းသော စွမ်းအားများ ထွက်လာနိုင်သောခန္ဓာမျိုးဖြစ်ပြီး ထိုစွမ်းအားများက အစဉ်အမြဲတည်ရှိသွားနိုင်တာမျိုးပင် ဖြစ်သွားနိုင်သည့် ခန္ဓာဖြစ်သည်။
ထိုအပြင် အခြားခန္ဓာများလည်း ရှိနေသေးသည်။
အမတရှာဖွေတာအိုပညာရှင်သည် စုစုပေါင်း ရတနာခန္ဓာ ၈မျိုးအကြောင်းပြောခဲ့ခြင်းဖြစ်ပြီး ကုအန်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်တို့ အံ့အားသင့်သွားခဲ့ကြရသည်။
သူ့ပုံပြင်များအရ ရှေးဟောင်းအမတကျင့်ကြံခြင်းကမ္ဘာကြီးသည် ယနေ့ခေတ်ထက် အများကြီးပိုသန်မာပုံရပြီး အမျိုးမျိုးသော ရတနာခန္ဓာများ အဆုံးမဲ့သော လမ်းစဉ်များနှင့် ပြန်လည်မွေးဖွားခြင်းစက်၀န်းပင် တည်ရှိကာ အင်အားကြီးသူများက အမတအခွင့်အလမ်းများကို ပြန်လည်မွေးဖွားခြင်းဖြင့်ပင် ရှာဖွေနိုင်ပေသည်။
“တာအိုမိတ်ဆွေ ဒီနေ့အဖြစ်အပျက်က ကျွန်တော်တို့ နှစ်ယောက်ကြားမှာပဲ ရှိနေဖို့ မျှော်လင့်ပါတယ်” ကုအန် ပြောလိုက်၏။
အမတရှာဖွေတာအိုပညာရှင်သည် သူတို့အပေါ် မည်သည့်ရန်လိုမှုမှမပြသလို ရှေးဟောင်းအဖြစ်အပျက်များအကြောင်းပင် ပြောပြထားသောကြောင့် ထိုလူအား ရန်သွားမစခြင်းမှာ အကောင်းဆုံးဖြစ်သည်။
အမတရှာဖွေတာအိုပညာရှင် ခေါင်းညိတ်လိုက်၏။
“စိတ်ချပါ ဒီနိမ့်ကျတဲ့ တာအိုပညာရှင်ကလည်း ဒီလို ပါရမီရှင်မျိုးကြွေလွင့်သွားမှာမျိုးကို မမြင်ချင်ပါဘူး”
ဝုန်းး!
ရုတ်တရက် ယန်ကျင်းကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး တောအုပ်ပင်တုန်ခါသွားကာ အနီးရှိရေကန် လှိုင်းထသွားခဲ့ရသည်။
မိုးကြိုးတိမ်တိုက်များကလည်း အနီရောင်တောက်လာခဲ့၏။ ထို့နောက် ကြောက်မက်ဖွယ် အနီရောင်မိုးကြိုးတစ်စင်းယန်ကျင်းပေါ် ကျရောက်လာလေရာ ယန်ကျင်း နာကျင်လွန်း၍ အသံကုန်ခြစ် အော်လိုက်ရသည်။
“ဆန်းကြယ်ကောင်းကင်နက် ကပ်ဘေး….” အမတရှာဖွေတာအိုပညာရှင် မျက်မှောင်ကြုံ့သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးလား!
ကုအန် ထိုနာမည်ကိုမှတ်မိပေသည်။ ထိုအရာသည် သူဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့တက်ခဲ့စဉ်က ပေါ်လာခဲ့သော ကပ်ဘေးနာမည် ဖြစ်၏။
“ဒီကပ်ဘေးက ကြမ်းလွန်းတယ် သူ့ကျင့်ကြံခြင်းကဆွဲဆောင်နိုင်တဲ့ ကပ်ဘေးရဲ့ အလွန်မှာဖြစ်နေတယ် ဒါက သေချာပေါက် သေဖို့သေချာတဲ့ ကပ်ဘေးပဲ!” သွေးအကျဉ်းထောင်မဟာသူတော်စင် ကြောက်လန့်တကြား အော်လိုက်လေသည်။
ဤကပ်ဘေးသည် သူ့တစ်သားတည်းဖြစ်ခြင်းအဆင့်တုန်းက ကပ်ဘေးထက်ပင် ပြင်းထန်နေသေး၏။
ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးသည် စွမ်းအားများကိုစုစည်းနေဆဲဖြစ်ကာ တကယ့်ကြောက်စရာအစစ်က မလာသေးမှန်းလည်း သူခံစားမိနေခဲ့သည်။
အမတရှာဖွေတာအိုပညာရှင် သက်ပြင်းချလိုက်ကာ ပြောလိုက်၏။ “တကယ်ပဲ သေဖို့သေချာတဲ့ကပ်ဘေးပဲ ကြည့်ရတာ ကောင်းကင်က သူ့ကိုကြီးထွားခွင့်ပေးမှာ မဟုတ်ဘူး”
ကုအန် သက်တမ်းအကန့်အသတ် ၉၉၉၉ ရှိသော အန်းဟောင်၏ ကပ်ဘေးကိုတွေးလိုက်မိသည်။ သူ့ကပ်ဘေးပင် ယခုလောက်ပြင်းထန်မနေပေ။
သက်တမ်းအကန့့်အသတ် ၉၉၉၉ တူသော်လည်း ပါရမီများက အမျိုးမျိုးကွဲပြားနိုင်နေခြင်း ဖြစ်နိုင်ပါသလော။
ထိုနံပါတ်များသည် လူသား၏အကန့်အသတ်ဖြစ်ပြီး ပါရမီကတော့ အကန့်အသတ်မရှိပေ။
အမတရှာဖွေတာအိုပညာရှင် ကုအန်ကို ပြောလိုက်၏။
“ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးက ကမ္မကပ်ဘေးတစ်မျိုးပဲ အတင်းအကြပ် ပယ်ဖျက်ပစ်လို့မရဘူး တကယ်လို့ တစ်ယောက်ယောက်က ၀င်ပါမိရင် သူ့အပေါ် ကမ္မစွမ်းအားတွေ စွန်းထင်းသွားလိမ့်မယ် အဲ့ဒီအခါ သူအဆင့်ချိုးဖြတ်တဲ့အခါ အခုလိုကပ်ဘေး ဒါမှမဟုတ် ဒီထက်ပိုသန်မာတဲ့ ကပ်ဘေးနဲ့ ကြုံတွေ့ရလိမ့်မယ်…”
သူ့အမူအရာမှာ နောင်တများဖြင့် ပြည့်နေခဲ့သည်။
ယခုလို မျိုးစေ့ကောင်းလေးအတွက် မည်မျှနှမြောစရာကောင်းသောအရာ ဖြစ်သနည်း။
ကုအန် ယန်ကျင်းကိုကြည့်ကာ တိတ်ဆိတ်နေခဲ့၏။
ကောင်းကင်ကပ်ဘေးက ကမ္မစွမ်းအားလား!
စိတ်မကောင်းစရာမှာ သူသည် ကပ်ဘေးများ ကျော်ဖြတ်စရာမလိုပေ။ ထို့အပြင် ဤသို့သော တူညီသည့်ကပ်ဘေးမျိုးကိုလည်း သူကျော်ဖြတ်ဖူးပြီး မည်သည့်အကူအညီမှမလိုဘဲ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ထပ်မိုးကြိုးတစ်ချက်ထပ်မံကျရောက်လာခဲ့ပြီး ထိုမိုးကြိုးက ပို၍ပင် ကြောက်စရာကောင်းနေသေး၏။
ထိုစဉ် ကုအန် မျက်လုံးများထက်ရှသွားကာ အင်္ကျီလက်အိုးကို ယမ်းခါလိုက်လေသည်။
သူ့အင်္ကျီလက်အိုးရှည်ကြီး ယမ်းခါသွားသည်နှင့် ကောင်းကင်မှမိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားကာ ယန်ကျင်းပေါ် နေရောင်များ ထိုးကျလာခဲ့၏။
ကပ်ဘေးသည် ရုတ်ချည်းပြိုကွဲသွားခဲ့ချေပြီ!
အမတရှာဖွေတာအိုပညာရှင် မျက်လုံးများပြူးကျယ်သွားကာ ဘာမှမထူးခြားသလိုအေးအေးဆေးဆေးသော ဖြစ်နေသောကုအန်ကို မယုံနိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်မိသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ကုအန်ဘက်လှည့်ကာ တစ်ခုခုပြောချင်မိသော်လည်း အောင့်ထားခဲ့လိုက်၏။
အမတရှာဖွေတာအိုပညာရှင် လွင့်ပါးသွားသော အရှိန်အဝါကိုခံစားလိုက်မိကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူသက်ပြင်းချလိုက်မိပြီး ပြောလိုက်၏။
“တာအိုမိတ်ဆွေ ဘာလို့ဒီလောက်ထိလုပ်ခဲ့ရတာလဲ…”
ကုအန် သွေးများစိုရွှဲနေသော ယန်ကျင်းကိုကြည့်ကာ ပြောလိုက်သည်။
“အမတကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူတွေက ကပ်ဘေးတွေကိုကျော်ဖြတ်ကြရတာပဲ နောက်ထပ်ကောင်းကင်ကပ်ဘေးတစ်ခုကို ပြောင်းလိုက်လို့ ဘာများဖြစ်မှာမလို့လဲ ငါ့တပည့်ရဲ့ သေခြင်းရှင်ခြင်းကို ငါပဲဆုံးဖြတ်နိုင်တယ်…”
လွှမ်းမိုးနိုင်လိုက်တာ!
သွေးအကျဉ်းထောင်မဟာသူတော်စင်သွေးများဆူပွက်လာသလိုခံစားလိုက်ရကာ ထိုကဲ့သို့သောလူမျိုးနောက် လိုက်ရခြင်းမှာ ကောင်းချီးတစ်ခုဟု ခံစားလိုက်ရသည်။
အမတရှာဖွေတာအိုပညာရှင်ကုအန်ကိုကြည့်လိုက်ကာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတော့ ဘာမှမပြောခဲ့ပေ။ သူ့လက်ကိုမြှောက်ပြီး ဦးညွတ်လိုက်ရင်းသာ လေးစားကြောင်း ပြသလိုက်၏။
ထို့နောက် သူတို့နှစ်ယောက် ယန်ကျင်း နိုးလာတာကို စောင့်နေခဲ့ကြသည်။
သူတို့ ယန်ကျင်း၏ချီသွေးများ အလျင်အမြန်သန်မာလာနေခြင်းကို ခံစားမိနေခဲ့သည်။ ကပ်ဘေးပြီးသွားသည်နှင့် သဘာ၀စိတ်ဝိညဉ်စွမ်းအားများက သူ့ဆီအရူးအမူးတိုး၀င်နေခဲ့ပြီး သူ့အရိုးများနှင့် ခြင်ဆီများကို ပြောင်းလဲပေးနေခဲ့သည်။
အချိန်အတန်ကြာသောအခါ
အမတရှာဖွေတာအိုပညာရှင် ကုအန်ကိုမေးလိုက်သည်။
“ဒီကတာအိုမိတ်ဆွေက ဘယ်ကလဲဆိုတာ သိပါရစေ”
“အနောက်အရပ်က”
“ဘယ်အနောက်အရပ်ကလဲ”
“မိတ်ဆွေ အမတရှာဖွေကျွန်းကို ကြားဖူးလား”
ကုအန် အမတရှာဖွေတာအိုပညာရှင်ကို ဖြတ်ကနဲကြည့်ကာ ပြောလိုက်၏။
အမတရှာဖွေကျွန်း အမတရှာဖွေတာအိုပညာရှင် သူတို့ကြားထဲ ဆက်စပ်မှုတစ်ခုခု ရှိနေနိုင်ပါသလော။
အမတရှာဖွေတာအိုပညာရှင် ပြုံးလိုက်သည်။
“ဆိုတော့ တာအိုမိတ်ဆွေလည်း အမတရှာဖွေကျွန်းကိုသိတယ်ပေါ့ အရိုးသားဆုံးပြောရရင် ကျွန်တော်အဲ့ဒီကျွန်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တည်ထောင်ခဲ့တာ နောက်တော့ ကျွန်တော့်တပည့်ကို လက်လွှဲပေးလိုက်တယ် အခုရရှိနေတဲ့ ဂုဏ်သတင်းနဲ့ အောင်မြင်မှုတွေကတော့ သူ့ကြောင့်ပါပဲ ကျွန်တော်နဲ့မဆိုင်ပါဘူး”
အမတရှာဖွေကျွန်းသခင်သည် မြေလျှောက်အမတအဆင့်ဖြစ်ကာ အမတရှာဖွေတာအိုပညာရှင်ကတော့ နိဗာနအဆင့်သာ ဖြစ်၏။
အမှန်တကယ်တွင် လူတစ်ယောက်ကို ကျင့်ကြံခြင်းစွမ်းအားသက်သက်ဖြင့်သာ ဆုံးဖြတ်၍မရဘဲ သူ့နောက်ခံ အဆက်အသွယ်များကိုလည်း ထည့်၍ ရေတွက်ရဦးမည် ဖြစ်သည်။
ကုအန်ထိုအကြောင်းတွေးလိုက်မိပြီး အမတရှာဖွေတာအိုပညာရှင်နဲ့ ယဉ်ယဉ်ကျေးကျေးပင် စကားဆက်ပြောနေခဲ့၏။
နောက်တစ်နေ့မနက်စောစောမရောက်ခင်တွင် ယန်ကျင်း၏ ပြောင်းလဲခြင်း ပြီးဆုံးသွားခဲ့သည်။ သူသည် ရေကန်ထဲသို့ ခုန်ဆင်းသွားပြီး သန့်စင်ပြီးမှ ကမ်းခြေပေါ် တစ်လှမ်းခြင်း တက်လာခဲ့၏။
နေရောင်အောက်တွင် သူ့အရပ်သည် လက်မအနည်းငယ်ပိုမြင့်လာကာ သူ့အသားများက ဖြူဖွေးနေပြီး ကြွက်သားများမှာ ထွင်းထုထားသလို သပ်ရပ်နေပြီး အပေါ်ပိုင်းခန္ဓာကို ကြည့်လိုက်ရုံနှင့် သန်မာသူဖြစ်မှန်း ပေါ်လွင်နေခဲ့သည်။