← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 19 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 19 Ch. 237-238

အပိုင်း(၂၃၇)

အဆင့်မချိုးဖြတ်မီ အားလပ်ရက်

အရင်နှင့် လုံး၀ ကွဲပြားသွားသော ယန်ကျင်းကိုကြည့်ကာ ကုအန်ပြုံးလိုက်မိသည်။

ယန်ကျင်းသည် တစ်ချက်တည်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၅ သို့ ရောက်ရှိသွားခဲ့သည်။ သူ့ချီသွေးများသည် ပုံမှန် အခြေခံတည်ဆောက်ခြင်းအဆင့်များထက် သန်မာနေခြင်းမှာ ကုအန်၏ဆေးနှင့် ဆေးရွက်များ အလဟသဖြစ်မသွားမှန်း ဖော်ပြနေခဲ့သည်။

ဒါပေါ့ ယန်ကျင်း၏ခန္ဓာသည် အနာဂတ်ကျင့်ကြံခြင်းလမ်းတွင် ဖော်ထုတ်ရမည့် ဆန်းကြယ်မှုများစွာ ကျန်ရှိနေသေးပေသည်။

ကုအန် အပြာရောင်၀တ်စုံတစ်ထည်ကို ပစ်ပေးလိုက်ပြီး ယန်ကျင်းလည်း အမြန်၀တ်လိုက်၏။

အမတရှာဖွေတာအိုပညာရှင် အမြန်ပင် ယန်ကျင်းနားလျှောက်သွားလိုက်ပြီး သူ့ကိုဂရုတစိုက်ကြည့်နေခဲ့သည်။ သူကြည့်လေလေပို၍ ပျော်ရွှင်လာလေလေပင်။ သူသည် ယန်ကျင်းလား ရှားပါးရတနာတစ်ခုလို သေချာစိုက်ကြည့်နေခြင်းကြောင့် ယန်ကျင်းပင် အနေခက်လာခဲ့၏။

“မိတ်ဆွေလေး မင်းဆရာက မင်းအပေါ်ကောင်းတယ်ဆိုတာထက် ပိုပါတယ် မင်းဘယ်လို ကပ်ဘေးမျိုးကို ကျော်ဖြတ်ခဲ့ရလဲ သိရဲ့လား”

အမတရှာဖွေတာအိုပညာရှင်ပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ ယန်ကျင်း သူဘယ်လိုကပ်ဘေးမျိုး ကျော်ဖြတ်ခဲ့ရလဲဆိုတာ မမေးဘဲ မနေနိုင်ခဲ့ပေ။

ထို့နောက် အမတရှာဖွေတာအိုပညာရှင် ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေး‌အကြောင်း စတင်ပြောပြခဲ့ပြီး ကုအန်သည် သူ့ကပ်ဘေးကိုဖယ်ရှားပေးလိုက်ခြင်းကြောင့် ကောင်းကင်ကပ်ဘေး၏ အကျိုးဆက်များကို ရရှိသွားခဲ့ကြောင်းပါ ပြောလိုက်လေသည်။

ထိုစကားကြောင့် ယန်ကျင်းမျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့ရသည်။ ထို့နောက် သူအမတရှာဖွေတာအိုပညာရှင်ကိုကျော်ကာ ကုအန်ရှေ့ရောက်သွားပြီး ဒူးထောက်ချလိုက်၏။

“ဆရာ….ဒီတပည့်က ဆရာ့ရဲ့ဒီလိုလုပ်ဆောင်ပေးမှုတွေနဲ့ မတန်ပါဘူး….ဒီတပည့်က ဆရာ့ကို ဒုက္ခရောက်စေခဲ့မိတယ်….”

ယန်ကျင်း နှဖူးကိုမြေကြီးနှင့်ထိထားရင်း ခံစားချက်များ ပြည့်နေသောအသံဖြင့် ပြောလိုက်သည်။

သူ့နှလုံးသားထဲတွင် ၀မ်းသာကြည်နူးမှုရော အပြစ်ရှိစိတ်ကိုပါ ခံစားနေခဲ့ရ၏။ သူ့ဆရာသည် သူ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့ရာတွင် ဆေးများဆေးရွက်များ အသုံးပြုပေးခဲ့ရုံသာမကဘဲ ကောင်းကင်ကပ်ဘေး၏ ကမ္မစွမ်းအားများကိုပင် အစားခံပေးခဲ့သေးသည်။ ထိုကြင်နာမှု၏ အနက်မှာ အလွန်ပင် နက်ရှိုင်းလွန်းလှသည်။

သူသည် ငယ်စဉ်ကတည်းက ကြှီးလာသည်အထိ မည်သည့်ခက်ခဲမှုကိုမှ မခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာခဲ့ရသူဖြစ်၏။ သို့သော် သူ့စိတ်ဝိညဉ်အမြစ်ကို စမ်းသပ်ခဲ့သည့်အချိန်မှစ၍ သူ့ဘ၀ကြီးက မည်းမှောင်သွားခဲ့ခြင်း ဖြစ်သည်။ သူ့ဆရာသည် ထိုဘ၀တွင်ရောက်နေသော သူ့အတွက် မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့ရုံသာမကဘဲ မျှော်လင့်ချက်ကိုလည်း ဖြည့်ဆည်းပေးခဲ့သူ ဖြစ်၏။

သူ့ဆရာသည် အခြားတပည့်များကိုလည်း ရွေးချယ်နိုင်ပြီး သူ့ကိုရွေးချယ်ရမည်ဟူ၍ တာ၀န်ရှိမနေသောကြောင့် ထိုကြင်နာမှု၏ အလေးချိန်က ပိုလေးလံသွားခဲ့သည်။

ကုအန်သူ့ကိုငုံ့ကြည့်ကာ ပြောလိုက်၏။

“မင်းကငါ့ကို ဆရာအဖြစ်သတ်မှတ်ပြီးထားမှတော့ ဒါကဆရာတစ်ယောက်လုပ်သင့်တဲ့ အပြုအမူပါပဲ အခုထတော့ ငါအနာဂတ်မှာ မင်းရဲ့ပြန်ပေးဆပ်မှုတွေကို မလိုချင်ပါဘူး မင်းဆရာအတွက် ပြဿနာတွေသာယူမလာနဲ့”

ယန်ကျင်းမော့ကြည့်လိုက်ကာ သူ့ဆရာသူ့ကို မျက်တောင်ခတ်ပြသည်ကို မြင်လိုက်ရလေသည်။ သူရုတ်တရက် သူ့ဆရာသည် အနောက်အရပ်သို့ခရီးသွားခြင်းထဲက ဖူးတိ စွန်းဝူခုံးကို စနောက်သလို စနောက်နေခြင်းဖြစ်မှန်း နားလည်သွားခဲ့၏။

“ဆရာ…”

“အခုထတော့ ယောင်္ကျားအစစ်တစ်ယောက်က မငိုရဘူးကွ ဒါကဘယ်လိုအပြုအမူမျိုးလဲ”

“ဟုတ်ကဲ့ပါ ဆရာ…”

ကုအန်နှင့်ယန်ကျင်းတို့ကို ကြည့်ကာ အမတရှာဖွေတာအိုပညာရှင်လည်း ရင်ထဲထိသွားခဲ့ရသည်။ အနာဂတ်တွင် ယန်ကျင်း၏အမည်က ကမ္ဘာတစ်ခုလုံးကို လှုပ်ခါသွားစေသောအခါ ယခုအဖြစ်အပျက်က ပုံပြင်တစ်ပုဒ်ဖြစ်လာလိမ့်မည်ဟု သူခံစားနေခဲ့ရ၏။

သူရှေ့သို့ နှစ်လှမ်းလှမ်းလိုက်ပြီး ပြောလိုက်သည်။ “တာအိုမိတ်ဆွေ ကျွန်တော်တို့တွေ့ဆုံမှုက ကံကြမ္မာပါပဲ ကျွန်တော့်မှာ မိတ်ဆွေရဲ့တပည့်ကိုပေးချင်တဲ့ နတ်သိုင်းတစ်ခုရှိပါတယ် မိတ်ဆွေစိတ်ရှိမှာလား”

ကုအန်ပြောလိုက်၏။

“ကျင်းအာ စီနီယာကို အမြန်ကျေးဇူးတင်လိုက်လေ”

ထိုစကားကိုကြားသောအခါ ယန်ကျင်း လှည့်လိုက်ကာ ဦးညွှတ်၍ လက်သီးဆုပ်အရိုအသေပေးလိုက်ပြီး နတ်သိုင်းအတွက် ကျေးဇူးတင်လိုက်လေသည်။

အမတရှာဖွေတာအိုပညာရှင် အင်္ကျီလက်အိုးထဲမှ လျှို့ဝှက်စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ယန်ကျင်းကို ပေးလိုက်၏။

“မိတ်ဆွေလေး မိတ်ဆွေလေးရဲ့နာမည်က ဘယ်သူများလဲ ဒီတာအိုပညာရှင်က အနာဂတ်မှာ မိတ်ဆွေလေးရဲ့အောင်မြင်မှုတွေကို စောင့်ကြည့်နေပါ့မယ်”

ယန်ကျင်း စာအုပ်ကိုယူလိုက်ကာ အရင်ဆုံး ကုအန်ကိုကြည့်လိုက်၏။ ကုအန်ခေါင်းညိတ်ပြလိုက်မှ ပြန်ဖြေလိုက်သည်။

“ကျွန်တော့်နာမည်က ယန်ကျင်းပါ”

“ယန်ကျင်းတဲ့လား”

အမတရှာဖွေတာအိုပညာရှင် နာမည်ကိုမှတ်ထားလိုက်ပြီး ထိုနာမည်ကို စာအုပ်တစ်အုပ်ထဲတွင် ကြားဖူးနေသလို ခံစားနေခဲ့ရ၏။

ထို့နောက်တွင်တော့ အမတရှာဖွေတာအိုပညာရှင် သူတို့ဆရာတပည့်နှစ်ယောက်ကို မနှောင့်ယှက်တော့ဘဲ ထွက်ခွာသွားခဲ့လေသည်။

ကုအန် ယန်ကျင်းအား ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ် သင်ကြားပေးနေခဲ့၏။

အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်နှင့် ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်သည် ကုအန်၏ အခြေခံအုတ်မြစ်သိုင်းများဖြစ်လေရာ အန်းဟောင်ကိုပင် အဆင့်နိမ့်ကျင့်စဉ်ကိုသာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတော့ ယန်ကျင်းကို ထိုကျင့်စဉ်များပင် သင်ကြားပေးနေလေရာ သူယန်ကျင်းကိုမည်မျှတန်ဖိုးထားမှန်း သိသာနေခဲ့၏။

ယန်ကျင်းသည် တောင်ကြားတွင် နှစ်ပေါင်းများစွာနေခဲ့ပြီး သူ့တွင်ပြောစမှတ်ပြုရလောက်သော အကျင့်စရိုက်မျိုးရှိမနေသော်လည်း သူ့ရိုးသားမှုကို ကုအန် နှစ်သက်ပေသည်။

ထိုကောင်လေးတွင် ရည်မှန်းချက်များ ရှိသော်လည်း ကိစ္စများကို ဖြည်းဖြည်းနှင့်အေးအေးသာ လုပ်တတ်သူလည်း ဖြစ်၏။

သူကုအန်နှင့် နီးကပ်ချင်တာရှင်းလင်းနေသော်လည်း သူကုအန်နှင့် မျက်နှာချင်းဆိုင်တွေ့ရဖို့ အခွင့်အရေးတစ်ခုမှ မရှာခဲ့ပေ။ ထိုအစား ကုအန်၏ စီးတော်သားရဲနှင့် အိမ်မွေးစိတ်ဝိညဉ်သားရဲကိုသာ ပြုစုပေးခဲ့လေရာ ထိုအရာက ရယ်စရာကောင်းသည်ဟု ကုအန်ခံစားခဲ့ရသည်။

ကုအန်မျက်လုံးထဲတွင် ယန်ကျင်းသည် မတိုက်ချွတ်ရ‌သေးသော ရတနာတစ်ခုဖြစ်ပြီး သူ့အနီးကပ်ဂရုစိုက်ပေးမှုများအောက်တွင် မည်သို့သောသူ ဖြစ်လာမလဲဆိုတာ ကုအန်စိတ်၀င်စားနေမိသည်။

ကုအန် ယန်ကျင်းကို သင်ကြားပေးခြင်းမှာ အနာဂတ်တွင် သူ့ဆီမှ ပြန်လည်ပေးဆပ်မှုများ လိုချင်၍လည်း မဟုတ်ပေ။ ယန်ကျင်းကို သင်ကြားပေးခြင်းသည် သူ့ပျင်းစရာဘ၀ကို အပျင်းဖြေရုံသာ ဖြစ်၏။

သူတပည့်တစ်ယောက်ကိုသင်ကြားပေးချင်ရုံကလွဲပြီး ဘာစိတ်ကူးမှ ရှိမနေပေ။

….

ညနေခင်းချိန် တတိယတောင်ကြားတွင်

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးကာ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ထွက်လာခဲ့ပြီး သူ့ဘေးတွင် ယန်ကျင်းပါလာခဲ့သည်။

“ဆရာ ဘယ်တွေသွားနေတာလဲ ကျွန်မဆရာ့ကို မတွေ့တာ လေးရက်လောက်ရှိနေပြီ” ဖြတ်သွားသော အန်းရှင်း စိတ်၀င်တစားမေးလိုက်၏။

သူ့မျက်လုံးများက ယန်ကျင်းဆီရောက်နေပြီး ယန်ကျင်းကိုသေချာအကဲခတ်နေရင်း ပြူးကျယ်လာခဲ့သည်။

“ဒီတိုင်း လမ်းထွက်လျှောက်တာပါ”

ကုအန် သာမန်အတိုင်းဖြေလိုက်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်မှဆင်းကာ သူ့အိမ်သို့ လမ်းလျှောက်သွားခဲ့၏။

ထိုစဉ် အန်းရှင်း ယန်ကျင်းနား ချဉ်းကပ်လာခဲ့ပြီး မေးလိုက်သည်။

“နင်ကတကယ်ကြီး ယန်ကျင်းလား နင်ဘယ်လိုလုပ်ဒီလောက်အများကြီး ပြောင်းလဲသွားတာလဲ”

ယန်ကျင်းသည် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်ကို တတ်မြောက်သွားပြီဖြစ်ပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားပြီး ဖြစ်သော်လည်း သူ့အသွင်သဏ္ဍာန်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။

သူကြောက်လန့်တကြား ပြောလိုက်၏။

“ဆရာက ကျွန်တော့်ကို အရိုးတွေ ကြွက်သားတွေ သန်မာစေတဲ့ ဆေးတစ်မျိုးပေးလိုက်လို့ပါ အဲ့တာကြောင့် ကျွန်တော့်အသားက နည်းနည်းဖြူလာတာ”

“ငါသိပြီ ကြည့်ရတာဆရာကနင့်ကို အနီးကပ်တပည့်တစ်ယောက်အဖြစ် လက်ခံလိုက်ပြီထင်တယ်” အန်းရှင်းပြုံးလိုက်လေသည်။ သူမနာလိုတော့ မဖြစ်ခဲ့ပေ။ သူမဆရာသည် ကုအန်ထက် အများကြီးပိုသန်မာသောကြောင့် ဖြစ်၏။

တောင်ကြားမှတပည့်များသည် ကုအန်ကို ဆရာဟုခေါ်သော်လည်း ထိုအရာသည် လေးစားမှုအရခေါ်ရုံသာ ဖြစ်ကြပြီး သူတို့ကြားထဲ ပတ်သက်မှုခိုင်ခိုင်မာမာ မရှိလှပေ။

ယန်ကျင်း ခေါင်းကုတ်ကာ ပြုံးလိုက်သည်။ သူသည်အရင်လိုရှက်တတ်နေဆဲဖြစ်သော်လည်း ယခုအခါ ယုံကြည်မှုပိုရှိလာပုံတော့ ပေါ်နေခဲ့သည်။

သူတို့နှစ်ယောက်စကားခဏပြောနေကြပြီးနောက် တပည့်များတစ်ယောက်ပြီးတစ်ယောက် ယန်ကျင်းကိုသတိပြုမိသွားပြီး စပ်စုရန်သူ့အနား ဝိုင်းလာခဲ့ကြ၏။

ရက်အနည်းငယ်အတွင်း ယန်ကျင်းသည် တောသားလေးတစ်ယောက်ပုံစံမှ ခန့်ညားသော လူကြီးလူကောင်းတစ်ယောက်ပုံပြောင်းသွားသောကြောင့် သူ့ကိုသိသော တပည့်တိုင်း အံ့အားသင့်ကုန်ခဲ့ကြသည်။

မကြာခင်တွင် ယန်ကျင်းသည် ကုအန်၏အနီးကပ်တပည့်ဖြစ်လာသည်ဟူသော သတင်းက ပျံ့နှံ့သွားခဲ့ပြီး ယန်ကျင်း၏ပြောင်းလဲသွားမှုကြောင့် ကုအန်ပုံရိပ်က တပည့်များကြားထဲပို၍ပင် ဆန်းကြယ်လာခဲ့၏။

နောက်ရက်များတွင် ယန်ကျင်းအခြားတပည့်များလိုပင် နေ့စဉ်တာ၀န်များကို လုပ်ဆောင်သော်လည်း အားလပ်ချိန်များတွင်တော့ သူ့အခန်းထဲတွင်သာ ကျင့်ကြံနေတော့သည်။ သူလွတ်လွတ်လပ်လပ်ကျင့်ကြံနိုင်စေရန် ကုအန်သူ့အတွက် ခြံ၀န်းတစ်ခု စီစဉ်ပေးထားခဲ့၏။

ကုအန်၏တပည့်ဖြစ်လာပြီးသည့်နောက် ယန်ကျင်းသူ့ရာထူးအနေအထားပါပြောင်းလဲသွားသလို ခံစားလိုက်ရပြီး ကုအန်ကို ပို၍ပင် ကျေးဇူးတင်သွားမိခဲ့သည်။

အချိန်များ ကုန်ဆုံးသွားခဲ့၏။

နောက်ထပ် နွေဦးပွဲတော်အသစ်သို့ပင် ရောက်ရှိလာခဲ့ပြန်သည်။ အမတကျင့်ကြံခြင်းကမ္ဘာသည် ထျန်းပန်ပြိုင်ပွဲ၏ လွှမ်းမိုးခြင်းကို ခံထားရပြီး အဓိပတိဂိုဏး်က ပြိုင်ပွဲကို နွေဦးပွဲတော်အပြီး ဆယ်နှစ်အတွင်းကျင်းပမည်ဟု ကြေငြာခဲ့၏။

ရီလန်နှင့်ကျနး်းချင်တို့ တတိယတောင်ကြားသိုအလည်လာသောအခါ ကုအန် ယန်ကျင်းအား သူ့တပည့်အဖြစ် မိတ်ဆက်ပေးခဲ့သည်။

ထို့ကြောင့် ရီလန်သူ့အား မှော်အသုံးအဆောင်တစ်ခုပင် လက်ဆောင်အဖြစ်ပေးခဲ့သေး၏။

ကျန်းချင်မှာတော့ အလွန်ပျော်နေပြီး သူ့ကိုယ်သူ စီနီယာအစ်မအဖြစ်သတ်မှတ်လိုက်ကာ ယန်ကျင်းအား တစ်ခုခုလိုလျှင် သူ့ကိုအတွင်းစည်းဂိုဏ်းထဲတွင် လာရှာဖို့ပင် ပြောလိုက်သေးသည်။

သူတို့မသိသည်မှာ ကုအန် သူတို့အားယန်ကျင်းနှင့်မိတ်ဆက်ပေးခြင်းမှာ သူတို့အတွက်အနာဂတ်တွင် နောက်ခံတစ်ခုရလာစေရန်အတွက် ဖြစ်သည်။

သူ့ခန္ဓာနိုးထလာပြီးကတည်းက ယန်ကျင်းသည် နှစ်၀က်ကျင့်ကြံခဲ့ပြီး သူ့ကျင့်ကြံခြင်းက ‌အခြေခံတည်ဆောက်ခြင်းအဆင့် ၅ မှ အဆင့်၆သို့ ရောက်ရှိသွားခဲ့၏။ ထိုအလျင်မှာ အတော်လေးမြန်ပြီး ထျန်းပန်ပြိုင်ပွဲမတိုင်ခင် သူ့အမြုတေကို ဖွဲ့စည်းနိုင်မည်ဟုပင် တွက်ဆထား၍ ရပေသည်။ သိသင့်သည်မှာ သူသည် လွန်ခဲ့သောနှစ်က ချီကျင့်ကြံခြင်းအဆင့် ၃ သာရှိသေးခြင်း ဖြစ်၏။

ကျင့်ကြံခြင်းအဆင့်တိုးတက်လာရုံသာမကဘဲ ယန်ကျင်း၏ အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်တွင် နားလည်မှုမှာလည်း အလွန်လျင်မြင်လှပေသည်။ သူသည် သဘာ၀အားဖြင့် ခန္ဓာကိုယ်သန့်စင်ဖို့ မွေးဖွားလာသူ ဖြစ်ပုံပေါ်၏။

လုပိုင်ထျန်းလည်း တတိယတောင်ကြားသို့ အလည်ရောက်လာခဲ့ရာ ကုအန်သူ့အား ယန်ကျင်းနှင့် မိတ်ဆက်ပေးခဲ့သည်။

အခန်းထဲတွင် လုပိုင်ထျန်း တက်ကြွနေသော ယန်ကျင်းကိုကြည့်ကာ အံ့အားသင့်နေခဲ့၏။

ဒီချီသွေးက သာမန်မဟုတ်ဘူးပဲ!

ယန်ကျင်းသည် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသော်လည်း သူ့အရှိန်အဝါကြောင့် တစ်ချက်ကြည့်ရုံဖြင့် သူသည် သာမန်မဟုတ်မှန်း သိရှိနိုင်ပေသည်။

ဤလူသည် ဂိုဏ်းချုပ်မှန်းသိသွားသောအခါ ယန်ကျင်း အံ့အားသင့်သွားခဲ့၏။ သို့သော် အရင်ကထက်စာလျှင် သူလူများနှင့်ဆက်‌ဆံရာ၌ ပိုတည်ငြိမ်လာပြီး ထိုအရာမှာ ခွန်အားမှရလာသည့် ယုံကြည်မှု ဖြစ်သည်။

ထို့အပြင် သူ့ဆရာသည် အချုပ်အနှောင်မဲ့အမတဖြစ်မှန်း သူသိထားပြီး အဓိပတိဂိုဏ်းထဲတွင် စွမ်းအားအကြီးဆုံးသူ ဖြစ်၏။

ဤလျှို့ဝှက်ချက်ကို သူနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်သာ သိခြင်းဖြစ်ရာ သူပို၍ပင် ဂုဏ်ယူနေခဲ့မိသည်။

“မင်းတပည့်က အထင်ကြီးစရာပဲ မင်းတပည့်ဖြစ်နေတာ ဖြုန်းတီးပစ်နေသလိုပဲ ဘာလို့သူ့ကိုလေ့ကျင့်ဖို့ အတွင်းစည်းဂိုဏ်းကို မပို့တာလဲ” လုပိုင်ထျန်း ပြောလိုက်၏။

ကုအန် မဖြေနိုင်သေးခင်တွင် ယန်ကျင်း အမြန်တုန့်ပြန်လိုက်လေသည်။

“ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ဒါပေမယ့်ကျွန်တော်က ဆရာ့ဆီမှာပဲ အလုပ်အကျွေးပြုချင်ပါတယ် ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ ဒုတိယဆရာတစ်ယောက် ထပ်ထားမှာမဟုတ်ပါဘူး”

လုပိုင်ထျန်း အမူအရာစတင်ထူးဆန်းလာခဲ့သည်။

ကုအန်ခပ်ဟဟရယ်မောလိုက်ကာ ပြောလိုက်၏။

“လူဆိုးလေး ငါနဲ့ဂိုဏ်းချုပ်စကားပြောနေချိန် ဖြတ်ပြောရဲရလား”

လုပိုင်ထျန်း ကုအန်ကိုမကြည့်ဘဲ မနေနိုင်ခဲ့ပေ။ အကြောင်းပြချက်အချို့ကြောင့် သူကုအန်ပြောင်းလဲသွားသလို ခံစားနေခဲ့ရသည်။

ထိုပြောင်းလဲမှုမှာ အတိအကျပြောဖို့ ခက်ခဲလှသည်။

အရှိန်အဝါတွေ!

ဟုတ်တယ်!

ထိုခံစားချက် ဖြစ်ပေသည်။ သူအခန်းထဲ၀င်လာကတည်းက ယန်ကျင်းနှင့်ကုအန်တွင် တူညီသောအရှိန်အဝါများရှိနေပြီး ကောင်းကင်၏ဂုဏ်အယူရဆုံး သူများသာ ပိုင်ဆိုင်နိုင်သည့် အရာမျိုးဖြစ်၏။

ကုအန် အခွင့်အလမ်းကြီးတစ်ခုနှင့်ကြုံလာခြင်း ဖြစ်နိုင်ပါသလော။

လုပိုင်ထျန်းတွေးရင်း ပြုံးလိုက်ကာ

“ကိစ္စမရှိပါဘူး မင်းတပည့်ဆိုမှတော့ ငါလည်းအတင်းအကြပ်မလုပ်ပါဘူး ထျန်းပန်ပြိုင်ပွဲအကြောင်း ပြောကြတာပေါ့”

ကုအန်ခေါင်းညိတ်ပြလိုက်ကာ သူတို့နှစ်ယောက် ထျန်းပန်ပြိုင်ပွဲအကြောင်း စတင်ဆွေးနွေးလေတော့သည်။

ထိုအချိန်မှသာ ထျန်းပန်ပြိုင်ပွဲသည် သူ့ဆရာအကြံအစည်ဖြစ်မှန်း ယန်ကျင်းသိလိုက်ရ၏။

အနည်းငယ်အံ့အားသင့်သွားသော်လည်း သူတုန်လှုပ်တော့ မသွားခဲ့ပေ။

ထျန်းပန်ပြိုင်ပွဲသည် ဤအရာနှင့် ယှဉ်ပါက မည်မျှအံ့ဩစရာကောင်းနေမည်နည်း။ သူ့ဆရာသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးသူဖြစ်ကာ ဆန်းကြယ်လှသော ဆရာသခင်ဓားအရှင်ပင် သူ့ဆရာပြိုင်ဘက်မဖြစ်နိုင်ပေ။

ဆရာသခင်ဓားအရှင်၏ တိုက်ပွဲများမှာ ကျော်ကြားသော်လည်း တစ်ဖက်ရန်သူ၏ အဆင့်ကိုတော့ ဘယ်သူမှသေချာမသိကြပေ။ အနည်းဆုံးတော့ ယန်ကျင်းမသိပေ။

တစ်နာရီခန့်ကြာမှ သူတို့သုံးယောက် အိမ်ပေါ်မှဆင်းလာခဲ့ကြ၏။ လုပိုင်ထျန်းလည်း မပြန်ခဲ့ဘဲ တတိယတောင်ကြားတွင်သာ ကုအန်နှင့်စကားပြောရင်း နွေဦးပွဲတော်ကို ဆင်နွှဲခဲ့လေသည်။

ယန်ကျင်းမှာတော့ တပည့်များ၏ဝိုင်၀န်းချီးကျူးခြင်းကို ခံနေရပြီး သူ့လက်ထဲတွင် ဝိုင်ခွက်မပြတ်ဖြစ်နေခဲ့ကာ သူ့ဘ၀တွင် အပျော်ရွှင်ဆုံးနွေဦးပွဲတော်အဖြစ် ဖန်တီးပေးနေခဲ့၏။

….

ညဉ့်နက်ချိန်တွင် ကုအန် ဝိုင်နှင့်အစားအသောက်များယူကာ နျန်းချူဂူသို့ ရောက်လာခဲ့သည်။ သူ ထျန်းယောင်အာ ထျန်းချင်း ထျန်းပိုင်တို့နှင့်အတူ ကျောက်စားပွဲတွင် ဝိုင်းထိုင်ခဲ့၏။

“ဖြည်းဖြည်းစားပါ အများကြီးကျန်သေးတယ်” ကုအန် မိစ္ဆာသုံးကောင်စားသောက်နေပုံကိုကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။

သူမျက်နှာဖုံး၀တ်ဆင်ထားသော်လည်း သူ့မျက်နှာဖုံးက ပါးစပ်ကိုဖော်ထားသော မျက်နှာဖုံးဖြစ်ရာ ဝိုင်သောက်၍ ရ၏။

ထျန်းယောင်အာ သိုးခြေထောက်တစ်ချောင်းကိုချလိုက်ကာ ဆီဝေ့နေသော သူ့နှုတ်ခမ်းထောင့်များကိုသုတ်လိုက်ပြီး မေးလိုက်သည်။

“သခင် ပျော်နေပုံပေါ်နေပါလား”

“အင်း မဆိုးပါဘူး ငါလွန်ခဲ့တဲ့နှစ်၀က်တုန်းက တပည့်တစ်ယောက်လက်ခံထားတယ် သူ့ပါရမီကအရမ်းကောင်းပြီး ငါ့ကိုဆက်တိုက်အံ့အားသင့်သွားစေခဲ့တယ် အဲ့တာကြောင့် ငါခံစားချက်ကောင်းနေတယ်” ကုအန် ‌ေဲဖြလိုက်၏။

ထျန်းယောင်အာ မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

“တပည့်လား ယောင်္ကျားလားမိန်းမလား”

“ယောင်္ကျားပါ ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး စိတ်မပူပါနဲ့သခင် ကျွန်မလည်း သခင့်ကိုစိတ်မပျက်စေရပါဘူး ကျွန်မသခင့်တပည့်နဲ့ အနာဂတ်မှာ တစ်ခါတလေ လာလေ့ကျင့်ပေးမယ်” ထျန်းယောင်အာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

ကုအန်ပြုံးလိုက်ကာ သူမတောင်းဆိုချက်ကို သဘောတူလိုက်၏။

ထျန်းယောင်အာ၏ သက်တမ်းအကန့်အသတ်သည် ယန်ကျင်းထက် များသော်လည်း သူမသည် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ထိုအရာကယှဉ်စရာမဟုတ်ပေ။ ပါရမီသာ ယှဉ်ပါက သူမသည် ယန်ကျင်း၏ပြိုင်ဘက်မဟုတ်‌ပေ။

ထိုအစား ကုအန် ယန်ကျင်းနှင့်အန်းဟောင်ကြား ပြိုင်ဆိုင်မှုကို ပို၍မြင်ချင်ပေသည်။

ပွဲတော်ပြီးလျှင်တော့ သူ‌နေရာတစ်ခုရှာ၍ အဆင့်ချိုးဖြတ်ကာ အန်းဟောင်ဆီသွားလည်ဦးမည်ဟု စီစဉ်ထားခဲ့၏။

အပိုင်း(၂၃၈)

အပူအပင်မဲ့အမတအဆင့် ၉ သို့ချိုးဖြတ်ခြင်း!

နှစ်သစ်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်သည် အားအင်အပြည့်ဖြင့် ပြန်လည်လည်ပတ်လာနေခဲ့၏။

ကုအန် လေထဲတွင်ဖြတ်၍ ‌လမ်းလျှောက်လာရင်း လမ်းတစ်လျှောက်ရှိ သမုဒ္ဒရာရှုခင်းများကို ခံစားနေခဲ့သည်။

ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီး လာတော့မည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသော်လည်း သမုဒ္ဒရာကြီးသည် အေးဆေးတည်ငြိမ်နေဆဲဖြစ်ကာ ကပ်ဘေးဖြစ်မည့် အရိပ်အယောင်အနည်းငယ်မှ ရှိမနေပေ။

ကုအန် နတ်အာရုံကိုဖြန့်ကာ အဆင့်ချိုးဖြတ်ဖို့ သင့်တော်မည့်နေရာကို ရှာဖွေနေခဲ့သည်။ သူသည် ကုန်းမြေတိုက်ကြီးနှင့် အလွန်ဝေးသောနေရာသို့ ရောက်နေပြီဖြစ်ပြီး အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းဖြင့် ခြေလှမ်း ၁၀၀ ကျော်လှမ်းလာခဲ့ပြီး ဖြစ်၏။ သူ့ခြေတစ်လှမ်းတည်းဖြင့် ကုန်းမြေတိုက်ကြီးနှင့် အဆပေါင်းများစွာဝေးသောနေရာသို့ သွားနိုင်လေရာ ခြေလှမ်း ၁၀၀ဆိုလျှင် မည်မျှဝေးနေမလဲ စဉ်းစား၍ ရပေသည်။

သမုဒ္ဒရာထဲရှိ သက်ရှိများ၏စိတ်ဝိညဉ်စွမ်းအားမှာ ကုန်းမြေရှိ ကျင့်ကြံသူများထက် ပို၍ သိပ်သည်းကြပေသည်။ ထို့အပြင် ပင်လယ်သားရဲများ၏ ကျင့်ကြံခြင်းကလည်း အလွန်မြင့်ကြ၏။ သူကုန်‌းမြေတိုက်ကြီး တစ်၀က်စာလောက်ကြီးသော အချုပ်အနှောင်မဲ့အမတအဆင့် ဝေလငါးကြီးတစ်ကောင်ကိုပင် မြင်ခဲ့ရပြီး သူ့တစ်ကိုက်စာတည်းနှင့်ပင် ကုန်းမြေတိုက်ကြီးကိုတစ်ခုလုံးကို ဝါးမြိုပစ်နိုင်မည့်ကောင်မျိုး ဖြစ်သည်။

ဤနေရာတွင် လူသားများကိုတွေ့ရန် ခက်ခဲလှပြီး တစ်ခါတရံမှသာ အမတလမ်းစဉ်အဆင့် တစ်ယောက်နှစ်ယောက်လောက်ကို တွေ့ရ၏။

နိဗ‌ာနအဆင့်အောက် ကျင့်ကြံခြင်းရှိသူများသည်လည်း ဤနေရာသို့လာနိုင်ကြမည် မဟုတ်ပေ။

နောက်ဆုံးတွင် ကုအန်အကြည့်က ကျွန်းကြီးတစ်ကျွန်းပေါ် ရောက်ရှိသွားခဲ့သည်။ ထိုကျွန်းတွင် သက်ရှိများစွာရှိနေပြီး မိစ္ဆာသိန်းချီ၍ စုစည်းထားမှုကြောင့် အင်အားစုတစ်ခုပင် ဖြစ်နေပြီး မိစ္ဆာစစ်သည်အများစုက မြေပြန့်တွင် လေ့ကျင့်နေခဲ့ကြသည်။ ကျွန်းပေါ်တွင် အသန်မာဆုံးမိစ္ဆာမှာ အချုပ်အနှောင်မဲ့အမတအဆင့် ၂ သာ ဖြစ်၏။

ကောင်းကင်ဈာန်အမတအဆင့် ၉ ကုအန်တစ်ယောက် ကျွန်းပေါ်ရှိ တောအုပ်တစ်ခုထဲသို့ခိုး၀င်ကာသစ်ပင်တစ်ပင်အောက်တွင်တရားထိုင်၍ သက်တမ်းအလွှာကို ဖွင့်လိုက်လေသည်။

သူချက်ချင်းအဆင့်မချိုးဖြတ်သေးဘဲ အရင်ဆုံး သူ့ဘေးပတ်ပတ်လည်ရှိ နေရာများကို နတ်အာရုံသုံး စစ်ဆေးကြည့်လိုက်၏။

သူ့နတ်အာရုံရောက်နိုင်သော အကွာအဝေးထဲတွင် မြေလျှောက်အမတတစ်ပါးကို တွေ့ခဲ့ရပြီး ကံကောင်းစွာဖြင့် ကောင်းကင်ဈာန်အမတတော့ ရှိမနေခဲ့ပေ။

ကောင်းကင်ဈာန်အမတများသည် အရေအတွက်နည်းပါးပြီး ကောင်းကင်အပြင်ထွက်နိုင်သူများဖြစ်ကြသောကြောင့် သေမျိုးကမ္ဘာတွင် မမြင်ကြရပေ။

ကုအန် သူ့နတ်အာရုံကို အဆုံးထိဆန့်ထုတ်လိုက်ပြီးသည့်အခါတွင်လည်း ကောင်းကင်ဈာန်အမတများကို မမြင်ရသောကြောင့် သူစိတ်အေးသွားမိ၏။

သူပင်လယ်တွင် ကောင်းကင်ဈာန်အမတများကို မမြင်ရသော်လည်း ကောင်းကင်သို့ကြည့်လိုက်လျှင်တော့ ကောင်းကင်အပြင်သို့ သွားလာနေကြသော ကောင်းကင်ဈာန်အမတများကို နေ့တိုင်းတွေ့မြင်နိုင်ပေသည်။

ကုအန် နတ်အာရုံကိုပြန်ရုတ်လိုက်ကာ စနစ်ကိုဖွင့်လိုက်၏။

[အမည်: ကုအန်]

[သက်တမ်း: ၁၂၈/၁၆၈၉၀၇၆၄]

[ခန္ဓာ: ဆန်းကြယ်မြင့်မြတ်ခန္ဓာ]

[ကျင့်ကြံခြင်းအဆင့်: ကောင်းကင်ဈာန်အမတအဆင့်၉]

….

ငါ သက်တမ်း ၁၀သန်းလောက်သုံးလိုက်ရင် အဆင့်ချိုးဖြတ်နိုင်လောက်တယ်မလား!

ကောင်းကင်ဈာန်အမတအဆင့် ၈ မှ အဆင့်၉သို့ချိုးဖြတ်ရန် သက်တမ်း ၃၀၀၀၀ လိုအပ်ပေသည်။ ပိုမြင့်သည့်အဆင့်များသို့ရောက်ရန် တစ်ခါကျရှုံးတိုင်း အနည်းဆုံး နောက်ထပ် ၃သောင်းတော့ သုံးရမည်ဟု ဆိုလိုနေ၏။

အကြိမ်တစ်ရာကျရှုံးရင် သက်တမ်း ၃သန်းကုန်ဆုံးမည်ဖြစ်ပြီး ထိုအကြောင်းတွေးမိရုံနှင့်ပင် ကုအန်ကြက်သီးများ ထသွားခဲ့ရသည်။

အကယ်၍ သူသာ ၁၀သန်းတည်းနှင့် အဆင့်ချိုးဖြတ်နိုင်လျှင် ကံကောင်းသည်ဟု သတ်မှတ်ရမည် ဖြစ်၏။

ထို့ကြောင့် သူကျင့်ကြံခြင်း နတ်သိုင်းများနှင့် ခန္ဓာကိုအဆင့်မမြှင့်ရဲတော့ပေ။

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မြေစမ်းခရမ်းပျိုးသည့်အနေနှင့် သက်တမ်း ၁သန်းသုံးလိုက်လေသည်။

[သင်သည် နှစ်ပေါင်း ၅၀၀၀၀ကြာ စွမ်းအင်ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်တွင် အောင်မြင်မှုများ ရရှ်ိခဲ့ကာ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။ သင်သည် ကပ်ဘေးကျော်ဖြတ်ရန် စတင်ခဲ့သော်လည်း အန္တိမပြန်လည်မွေးဖွားခြင်း ကပ်ဘေးတွင် ကျရှုံးခဲ့ရသည်]

[သင်သည် နှစ်ပေါင်း ၁၀၀၀၀၀ကြာ စွမ်းအင်ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်တွင် အောင်မြင်မှုများ ရရှ်ိခဲ့ကာ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။ သင်သည် ကပ်ဘေးကျော်ဖြတ်ရန် စတင်ခဲ့သော်လည်း အန္တိမပြန်လည်မွေးဖွားခြင်း ကပ်ဘေးတွင် ကျရှုံးခဲ့ရသည်]

……

နှစ်ငါးသောင်းမှာတစ်ခါ ကပ်ဘေးကျော်ဖြတ်တာလား!

နည်းနည်းတော့ ပြင်းထန်တာပဲ!

ကုအန်သူ့ရှေ့တွင်ပေါ်လာသော ကျရှုံးသည့်စာကြောင်းများကိုကြည့်ကာ ထိတ်လန့်လာခဲ့မိသည်။

သက်တမ်း ၁ သန်းက အခါနှစ်ဆယ်ကျရှုံးစာပဲ ရှိတာပဲ…..

အခါ ၁၀၀ ကျရှုံးရန် သက်တမ်း ၅သန်း ခန့်လို၏။

ကုအန်ထိုအကြောင်းတွေးလေလေ သောကရောက်လာလေလေပင်။ ထို့နောက် သူ့စိတ်ကိုတင်းထားလိုက်ပြီး သက်တမ်း ၅ သန်းပေါင်းထည့်လိုက်လေသည်။

ကျရှုံး!

ကျရှုံး!

စာတန်းများအားလုံးသည် ကျရှုံးများသာဖြစ်နေသောကြောင့် ကုအန် သေချာပင် မကြည့်မိတော့ပေ။

နောက်ဆုံးတွင် သက်တမ်း ၅သန်းကလည်း ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် အကြိမ်၁၀၀ ကျရှုံးသွားခဲ့ပြန်သည်။

ဤအပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သည် အမှန်တကယ်ပင် ချိုးဖြတ်ရန် ခက်လွန်းလှ၏။ သူတကယ့်ကမ္ဘာကြီးတွင် ထိုအဆင့်တစ်ယောက်မှ မမြင်ဖူးခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ ပင်လယ်ပြင်တွင် ကောင်းကင်ဈာန်အမတများအကြောင်း ပုံပြင်များရှိသော်လည်း အပူအပင်မဲ့ကမ္ဘာဦးအမတအကြောင်းကတော့ ပုံပြင်ပင် ရှိမနေခဲ့ပေ။

ကုအန် စနစ်ကိုဖွင့်ကြည့်လိုက်ပြီး သူ့တွင်သက်တမ်း ၁၀သန်းကျန်သေးသည်ကို ကြည့်လိုက်မိမှ စိတ်နည်းနည်းသက်သာသွားခဲ့သည်။

နောက်ထပ် ၅ သန်းပေါ့!

သူအဆင့်မချိုးဖြတ်နိုင်ဘူးဟု သူမယုံပေ။

စာတန်းများရူးသွပ်စွာ ပေါ်လာခဲ့ပြီး သက်တမ်းအလွှာအတွင်းမည်သည့်စိတ်ဝိညဉ်စွမ်းအင်မှ တက်မလာခဲ့ဘဲ သူ့ခေါင်းပေါ်တွင်သာ လေတိုက်ခတ်မှုကြောင့် ‌သစ်ရွက်များလေနှင့်အတူ ပါနေကြပြီး တရှပ်ရှပ်အသံကို ထုတ်လွှတ်နေကာ ထိုအသံက ကုအန်ကို စိတ်ရှုပ်နေစေခဲ့သည်။

ထိုအရာမှာ သက်တမ်းအလွှာကပင် သူ့ကိုလှောင်ပြောင်နေသလိုပင်။

ဒုတိယအကြိမ်မြောက် သက်တမ်း ၅သန်းမှာလည်း ကျရှုံးမှုများအပြည့်ဖြင့် ကုန်ဆုံးသွားခဲ့ပြန်၏။

သူသည် သက်တမ်း ၁၁သန်းအသုံးပြုပြီးဖြစ်ပြီး ကျရှုံးမှု အကြိမ် ၂၂၀ ကြုံခဲ့ရပြီ ဖြစ်သည်။

အကယ်၍သူသာ ကျင့်စဉ်များနှင့် ခန္ဓာကိုသာ အရင်အဆင့်မြှင့်ခဲ့လျှင် ဒီနေ့သူအဆင့်မချိုးဖြတ်နိုင်တာမျိုးပင် ဖြစ်သွားနိုင်ခဲ့၏။

ကုအန် ထိုကဲ့သို့သော ရှူံးနိမ့်မှုမျိုးကို လက်မခံနိုင်ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသက်တမ်း ၅၀၀၀၀၀ ပေါင်းထည့်လိုက်ပြန်သည်။

ကျရှုံးမှုများသာ ဆက်လက်ပေါ်ထွက်လာပြီး နောက်ဆုံးတွင်တော့ စာကြောင်းတစ်ကြောင်းက ကုအန်ကို ပျော်သွားစေခဲ့၏။

အလုပ်ဖြစ်တယ်!

[သင်သည် နှစ်ပေါင်း ၃၅၀၀၀၀ ကျင့်ကြံခဲ့ကာ ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်တွင် အောင်မြင်မှုများရရှိခဲ့ပြီး အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။ သင်သည် ကပ်ဘေးကို စတင်ကျော်ဖြတ်ခဲ့ပြီး အန္တိမပြန်လည်မွေးဖွားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ကာ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၁ သို့ရောက်ရှိသွားခဲ့သည်]

[သင်သည် နှစ်ပေါင်း ၄၁၀၀၀၀ ကြာစွမ်းအင်ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၂သို့ ရောက်ရှိသွားခဲ့သည်]

[သင်သည် နှစ်ပေါင်း ၄၇၀၀၀၀ကြာစွမ်းအင်ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၃သို့ ရောက်ရှိသွားခဲ့သည်]

[သင်သည် နှစ်ပေါင်း ၅၀၀၀၀၀ကြာ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းက တိုးတက်လာခဲ့သည်]

အဆင့်ငယ်တစ်ဆင့်ကို သက်တမ်း ၆၀၀၀၀ တောင်လား ဒီအပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကို တကယ်ကို ကြမ်းတာပဲ!

ကုအန် အလွန်ပြင်းထန်သည်ဟုခံစားလိုက်ရပြီး သက်တမ်းအလွှာကလည်း စတင်အလုပ်လုပ်လာကာ မြေကြီးစိတ်ဝိညဉ်စွမ်းအင်များ သူ့ကိုယ်ထဲ တိုး၀င်လာခဲ့လေသည်။

သူထိုအရာဖြင့် ရပ်မနေဘဲ ဆက်လက်၍ သက်တမ်းများ ပေါင်းထည့်လိုက်၏။

သူ့ကျင့်ကြံခြင်းတွင် အဆင့်ငယ်သည် အဆင့် ၉၌သာရှိသင့်ပြီး အဆင့်၈အောက်တွင်ရှိပါက မလုံခြုံဘူးဟု ကုအန်ခံစားရသည်။

ထို့နောက် ကုအန် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉သို့ရောက်ရှိရန် သက်တမ်း ၄၉၀၀၀၀ ထပ်သုံးလိုက်ရ၏။

အဆင့် ၈မှ အဆင့်၉သို့ တက်ရာတွင် တုန်လှုပ်စရာကောင်းစွာပင် သက်တမ်း ၁၅၀၀၀၀ တောင်သုံးခဲ့ရသည်။

ဤအကြိမ်ကျင့်ကြံခြင်းတွင် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ ရောက်ရှိရန် သက်တမ်း ၁၂သန်းနီးနီး သုံးခဲ့ရပြီး ပမာဏမှာ ကြောက်စရာပင်။

ဝုန်းး!

ကမ္ဘာကြီး လှုပ်ယမ်းလာကာ စိတ်ဝိညဉ်စွမ်းအင်များသည် ဒီရေနှယ်ထိုးတက်လာပြီး အလွှာတွင်းရှိ မြက်များကို ဖုံးအုပ်သွားလေတော့သည်။

ကျွန်းတစ်ကျွန်းလုံးရော ထိုကျွန်းပတ်ပတ်လည်ရှိ ပင်လယ်များမှ စိတ်ဝိညဉ်စွမ်းအင်များပါ ထိုးကျကုန်ကြပြီး သက်ရှိများအားလုံး စတင်ကြောက်ရွံ့ကာ ဖရိုဖရဲဖြစ်ကုန်ကြ၏။

ကောင်းကင်ဈာန်အမတအဆင့် ၉မှ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၉သို့ ရောက်ရှိရန် လိုအပ်သော စိတ်ဝိညဉ်စွမ်းအားပမာဏမှာ များပြားလွန်းလှသည်။ အသက်ရှူကြိမ်အနည်းငယ်ကြာသောအခါ သမုဒ္ဒရာအောက်ရှိ မိစ္ဆာများပင် ထိုးတက်လာခဲ့ကြ၏။

ကောင်းကင်နှင့်မြေပြင်သည် ဝုန်းဒိုင်းကြဲနေခဲ့သည်။

ကျွန်းကြီးတစ်ကျွန်းလုံးမှာလည်း မိစ္ဆာများ၏ နားကွဲလုမတတ်အော်သံများကြောင့် ဆူညံနေခဲ့၏။

ကုအန် အသွင်ပြောင်းမိစ္ဆာတစ်ကောင် သူတို့ကျွန်းကိုရန်သူတိုက်ခိုက်သည်အထင်နှင့် တောအုပ်ပေါ်မှ ပျံသန်းသွားသည်ကိုပင် မြင်ခဲ့ရသည်။

ထို့နောက် သူ့မျက်လုံးကိုပိတ်လိုက်ကာ သူ့အတွင်းပိုင်းပြောင်းလဲမှုများကိုသာ အာရုံခံလိုက်၏။

အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သည် အဘယ်ကြောင့် ချိုးဖြတ်ရတာ ထိုမျှခက်ခဲနေမှန်း သူသိချင်ပေသည်။

မိနစ်သုံးဆယ်ခန့်ကြာသောအခါ ကုအန်စိတ်ထဲ နက်နဲလှသောညဏ်အလင်းများသည် စကြာ၀ဠာကြီးပေါက်ကွဲဖြစ်ပေါ်လာသလို မရေတွက်နိုင်သော အချက်အလက်များသူ့အသိစိတ်ထဲ တိုး၀င်လာခဲ့ကြ၏။

ကောင်းကင်မြေပြင်နိယာမများ!

ကောင်းကင်ဈာန်အမတများသည် ပိုမြင့်သောအဆင့်ကိုလေ့လာနိုင်ရန် ဒြပ်ငါးမျိုးလမ်းစဉ်ကို ကျင့်ကြံရပေသည်။ ဒြပ်ငါးမျိုးလုံးပြည့်စုံသွားပါက ထိုသူသည် ကောင်းကင်နှင့်မြေပြင်နိယာမများကို လေ့လာနိုင်၏။

ကမ္ဘာပေါ်ရှိအရာအားလုံးကို မမြင်တွေ့နိုင် မထိတွေ့နိုင်သော နိယာမစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဒြပ်ငါးမျိုးသည် အခြေခံအုတ်မြစ်ဖြစ်ပြီး တောက်တဲ့ကျမ်းထဲတွင် ဖော်ပြထားသည်မှာ တာအိုသည် ၁ ကိုမွေးဖွားပြီး ၁ က ၂ကိုမွေးဖွားကာ ၂ က၃ကိုမွေးဖွား၍ ၃က အရာအားလုံးကို မွေးဖွားသည်ဟု ဆို၏။

အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သည် ကောင်းကင်နှင့်မြေပြင်နိယာမများကို လေ့လာရသည့်အဆင့် ဖြစ်ပေသည်။ ဤအဆင့်ကိုရောက်ခြင်းက ကောင်းကင်နှင့်မြေပြင် အချုပ်အနှောင်များမှ ချုပ်နှောင်ခြင်းမခံရတော့ဘဲ လုံး၀ အပူအပင်မဲ့သွားပြီဟု ဆိုလိုခြင်းလည်း ဖြစ်သည်။ ထိုအဆင့်တွင် မူလဝိညဉ်က ကောင်းကင်နှင့်မြေပြင်နိယာမများ၏ အသိအမှတ်ပြုခြင်းကိုခံလိုက်ရပြီး ရုပ်စကြာ၀ဠာမှ လွန်မြောက်သွားခဲ့၏။

သူ့ရွှေအမြုတေနှင့် ဆန်းကြယ်နှလုံးသားများကလည်း ပိုမြင့်သော တည်ရှိမှုအဖြစ် ပြောင်းလဲနေခဲ့ကြသည်။

ရွှေအမြုတေသည် သူ့တာအိုကို ဖွဲ့တည်ရန် ကောင်းကင်နှင့်မြေပြင်နိယာမများကို စုဆောင်းနေခဲ့၏။

တာအိုဆိုတာ မည်သည့်အရာဖြစ်သနည်း။

တာအိုသည် အရာအားလုံးဖြစ်ပြီး ကျင့်စဉ်များ မှော်သိုင်းများ နတ်သိုင်းများ အစရှိသဖြင့် သူ့တည်ရှိမှုတိုင်းသည် သူ့တာအို ဖြစ်သည်။

ထို့‌ေနာက် ရွှေအမြုတေသည် တာအိုကို‌မွေးဖွားခဲ့ကာ ယွမ်တန်အဖြစ် ပြောင်းလဲသွားခဲ့၏။

အခြေတည်ဝိညဉ်နှင့် ရွှေအမြုတေသည် သီးခြားရပ်တည်နေနိုင်ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ ကျင့်ကြံခြင်းတွင် အခြေတည်ဝိညဉ်က မူလဝိညဉ်အဖြစ်ပြောင်းလဲသွားပြီး ရွှေအမြုတေကတော့ ယွမ်တန်အဖြစ်ပြောင်းလဲသွားခဲ့သည်။ အနာဂတ် အဆင့်တစ်ခုခုတွင် ထိုနှစ်ခုသည် ပေါင်းစပ်သွားကာ တာအို၏ စံနမူနာပြယုဂ်တစ်ခု ဖြစ်လာမည်ဟူ၍ပင် ကုအန် ထင်နေခဲ့သည်။

အချိန်များ လျင်မြန်စွာကုန်ဆုံးသွားခဲ့၏။ စိတ်ဝိညဉ်စွမ်းအင်များက ပို၍လျင်မြန်စွာပင် ကျဆင်းနေခဲ့ပြီး အထက်ရှိ တိမ်တိုက်များက ခပ်ကြမ်းကြမ်း ဝဲလည်နေကာ စိတ်ဝိညဉ်စွမ်းအင်များနှင့် အတူပြိုကွဲသွားတော့ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ကျွန်းပေါ်ရှိ မိစ္ဆာများလည်း ကြောက်လန့်ကုန်ကြပြီး ၀င်္ကပါများဖွဲ့စည်း၍ အကုန်ထိုထဲ ၀င်နေကြကာ ဘယ်သူမှ ထွက်မလာရဲတော့ပေ။

ကံကောင်းစွာဖြင့် မည်သည့်မိစ္ဆာကမှ သက်တမ်းအလွှာကို လာမတိုက်မိခဲ့ပေ။

တစ်နာရီခန့်ကြာသောအခါ ကုအန် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့လေသည်။

ကောင်းကင်နှင့်မြေပြင်နိယာမများမှ ချိုးဖြတ်ပြီး စစ်မှန်သော အပူအပင်မဲ့ခြင်း!

တာအိုရှ်ိနေသည့် နေရာတိုင်းတွင် စိတ်ရောက်နိုင်ခြင်း!

တာအို၏ တည်ရှ်ိမှုဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။

ကုအန်၏ တာအိုကိုအမွေဆက်ခံသည့် သက်ရှိများနှင့်နေရာများရှိသည့်နေရာတိုင်းသည် ကုအန်၏ တာအိုတည်ရှိသည့်နေရာဖြစ်သည်။ တာအိုက ထိုသူတို့၏ ကမ္မစွမ်းအားများကို ကုအန် ထိန်းချုပ်နိုင်ရန် အထောက်အပံ့ပေး၏။

ကမ္မစွမ်းအားများသည် အတုမဲ့သည့် တာအိုမှော်ပညာတစ်မျိုးသာ ဖြစ်မှန်း ကုအန်သိရှိသွားခဲ့သည်။ သူ့အဆင့်မြင့်လာသည်နှင့် သူ့ကမ္မစွမ်းအားအ‌‌ေပါ် နားလည်ကျွမ်းကျင်မှုကလည်း နက်ရှိုင်းလာမည်သာ။

ကမ္မစွမ်းအားဟု ခေါ်သောအရာသည် သက်ရှိတို့၏ ပတ်သက်ဆက်နွယ်မှုက ထုတ်လွှတ်လိုက်သည့် မမြင်နိုင်သောအားတစ်မျိုးသာ ဖြစ်ပေသည်။ ထိုအဆံုးမဲ့‌ေသာ ကမ္မစွမ်းအားများအားလုံးကို အတူတကွပေါင်းစည်းလိုက်ခြင်းမှ ကမ္ဘာကြီးဖြစ်လာခဲ့၏။

အဆင့်ကြီးတစ်ခုချိုးဖြတ်ပြီးသည့်နောက် ကုအန်၏ကျင့်ကြံခြင်းကလည်း စတင်မြင့်တက်လာခဲ့သည်။

ယွမ်တန်က သူ့တာအိုကို ဆင်ခြင်ကာကောက်ချက်ချထားပြီးသားဖြစ်ပြီး သူနှင့်ဆက်စပ်နေသည့် ကမ္မစွမ်းအားများအားလုံးက သူ့တာအိုထဲတွင် ပေါ်လာခဲ့ပေလိမ့်မည်။ သူသည် အတိုင်းအဆမရှိ တန်ဖိုးကြီးမားသော အဆင့်သို့ ဆက်လက်‌ရွေ့လျားနေခဲ့၏။

အရင်ဆုံးသူသည် သူ့ကမ္မစွမ်းအားများကို နားလည်ထားပြီး ပိုမြင့်သောအဆင့်သို့ရောက်ပါက သူသည် ကမ္မစွမ်းအားများအားလုံးကို နားလည်မသွားဘူးဟု မည်သူသိနိုင်မည်နည်း။

သုံးနာရီခန့်ကြာပြီး ညအချိန်ရောက်ရှိလာသောအခါ ကုအန် နောက်ဆုံးတွင် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉ သို့ရောက်ရှိသွားခဲ့သည်။

သူ့နတ်အာရုံက ဆက်လက်ကျယ်ပြန့်လာနေပြီး သူ့သက်တမ်းအလွှာ၏ မြေကြီးစိတ်ဝိညဉ်စွမ်းအင်များကို စုပ်ယူသည့် အကွာအဝေးကလည်း ကောင်းကင်ဈာန်အမတအဆင့်တုန်းကထက် အများကြီးပို၍ ကျယ်ပြန့်လာခဲ့၏။

ဤကြီးမားလှသော နယ်ပယ်ကြီးကြောင့် ဘယ်သူမှ စိတ်ဝိညဉ်စွမ်းအင်များ သက်ဆင်းသွားသည့် အဓိကနေရာကို အာရုံခံမိနိုင်တော့မည် မဟုတ်ပေ။

သူ့ကိုယ်ထဲသို့ မြေကြီးစိတ်ဝိညဉ်စွမ်းအင်များ စီးဆင်းနေခြင်းရပ်တန့်သွားသောအခါ ကုအန် ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်ကာ မျက်လုံးဖွင့်လိုက်လေသည်။

ထို့စဥ် သူရုတ်တရက်ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

ထို့နောက်တွင်တော့ သူစံအိမ်တစ်ခုရှေ့ ရောက်ရှိလာခဲ့လေသည်။ ညဉ့်နက်နေပြီဖြစ်သောကြောင့် လမ်းပေါ်တွင် ဘယ်သူမှမရှိသော်လည်း စံအိမ်ထဲတွင်တော့ လင်းထိန်နေခဲ့၏။

ကုအန် မော့ကြည့်လိုက်ပြီး စာလုံးကြီးနှစ်လုံးရေးထားသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။

ကျိစံအိမ်!

သူယွမ်တန်၏တာအိုမှတစ်ဆင့် သူ့ကမ္မစွမ်းအားတည်ရှိရာ ကျိစံအိမ်သို့ ‌သူရောက်ရှ်ိလာခြင်း ဖြစ်၏။

မှန်ပေသည်။ ရောက်ရှ်ိလာခြင်းဖြစ်ပြီး တည်နေရာခုန်ကူးလာခြင်း မဟုတ်ပေ။

ရောက်ရှိလာခြင်းဆိုသည်မှာ နေရာနှစ်ခုလုံးတွင် မည်သည့် အရိပ်အယောင်မှပေါ်မလာစေဘဲ ကောင်းကင်နှင့်မြေပြင်နိယာမများကို ချိုးဖြတ်ပြီး ပိုမြင့်သော ဒိုင်မေးရှင်းတစ်ခုမှတစ်ဆင့် အခြားနေရာတစ်ခုသို့ ရောက်ရှိလာခြင်းမျိုး ဖြစ်သည်။

ထိုခံစားချက်မှာ အမှန်တကယ်ပင် အံ့ဖွယ်ဖြစ်၏။

ကုအန် သူမွေးဖွားရာနှင့် ငယ်ဘ၀ကုန်ဆုံးရာဖြစ်သော ကျိစံအိမ်ထဲသို့ လျှောက်၀င်လာခဲ့သည်။

အဓိကဂိတ်ကိုဖြတ်လိုက်ပြီး သူခြံ၀န်းထဲ လမ်းလျှောက်နေခဲ့၏။

ထိုစဉ် မီးအိမ်တစ်ခုကိုသယ်လာသော အစေခံအိုကြီးတစ်ယောက် ကုအန်ဆီဦးတည်လျှောက်လာကာ သူ့ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့လေသည်။

ဤအရာမှာလည်း အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၏ ဆန်းကြယ်သော သဘာ၀တစ်ခု ဖြစ်၏။

သေမျိုးများသည် သူတို့ကိုမမြင်တွေ့နိုင်သလို ထိလည်းမထိတွေ့နိုင်ပေ။

အပူအပင်မဲ့ကမ္ဘာဦးအမတများအကြောင်း ဒဏ္ဍာရီများ ရှိမနေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ ပထမဆုံးအနေဖြင့် ကုအန် ပြိုင်ဘက်ကင်းသော ခံစားချက်ကို ခံစားလိုက်ရ၏။

All Chapters