← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 19 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 19 Ch. 239-240

အပိုင်း(၂၃၉)

ကျိမိသားစုဘိုးဘေး ဝိညာဉ်

ညဉ့်နက်ချိန်တွင် ကျိမိသားစုစံအိမ်၌ အလင်းရောင်အနည်းငယ် ရှိနေခဲ့သည်။ ကုအန် စင်္ကြန်များပေါ် ဖြတ်လျှောက်နေရင်း သူ့ငယ်ဘ၀မှတ်ညဏ်များက မျက်စိထဲ ပြန်ပေါ်လာခဲ့၏။

သူ့ဘ၀၏စမှတ်ဖြစ်သောကြောင့် ကုအန် ကျိမိသားစုစံအိမ်အပေါ် ခံစားချက်နက်နက်ရှိုင်းရှိုင်းရှိပေသည်။ ငယ်ဘ၀မှစ ကြီးသည်အထိ သူကျိမိသားစုစံအိမ်တွင် ကောင်းကောင်းနေခဲ့ရ၏။ သူပန်းအိုးလွတ်ကျသွားပြီး အပြစ်သေးသည့်အနေနှင့် လက်အဖြတ်ခံရတော့မလို ဖြစ်သည်ကလွဲပြီး အခြားကျိမိသားစု၀င်များ၏ အနိုင်ကျင့်ခြင်းမခံခဲ့ရဘဲ ကောင်းမွန်စွာ နေခဲ့ရသည်။ တစ်ခါတစ်ရံ အစေခံများကြားတွင် ပဋိပက္ခများဖြစ်တတ်သော်လည်း ထိုအရာများက အသက်ဘေးအထိ ဦးတည်မသွားတတ်ပေ။

နှစ်တစ်ရာလောက် ပြန်မလာခဲ့သည့်နောက် ကျိမိသားစုစံအိမ်က သူ့အတွက် ရင်းလည်းရင်းနှီးသလို စိမ်းလည်းစိမ်းနေခဲ့သည်။

ရင်းနှီးသည်မှာ စံအိမ်၏ ပရိဘောဂများ အဆောက်အဦးများသည် ပြောင်းလဲခြင်းသိပ်မရှိသောကြောင့် ရင်းနှီးနေခြင်း ဖြစ်ပြီး စိမး်သည်မှာတော့ စံအိမ်ထဲရှိလူများ ဖြစ်၏။

ကျိမိသားစုတွင် မိသားစုခွဲများစွာရှ်ိပြီး သူနေခဲ့ရသော ကျိမိသားစုသည် မျိုးဆက်သုံးဆက်ကွာသော ထိုမိသားစုခွဲများထဲမှ တစ်ခုသာ ဖြစ်သည်။

မိစ္ဆာကပ်ဘေးမတိုင်ခင်က ကျိမိသားစုသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် သွားပုန်းနေခဲ့ကြ၏။ ထိုသည်မှာ အဓိကမိသားစု၊ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ပါရမီရှင်များသာ သွားပုန်းနေခဲ့ကြခြင်း ဖြစ်သည်။ မိစ္ဆာကပ်ဘေးပြီးဆုံးသည့်နောက် ထိုပုန်းအောင်းနေသူများသည် သက်ဆိုင်ရာမိသားစုများဆီသို့ ပြန်ကာ မိသားစုတိုးတက်ဖွံ့ဖြိုးရေးကို ပြန်လည်ဆောင်ရွက်ခဲ့ကြသည်။

ကုအန် သမုဒ္ဒရာထဲတွင်ပင် ကျိမိသားစု မိသားစုခွဲတစ်ခုကို ‌တွေ့ခဲ့ရသေး၏။ သူတို့သည် အဓိကကုန်းမြေကြီးနှင့် နီးပြီး ပင်လယ်ပြင်တွင် မကြာခဏဆိုသလို စွမ်းအားကြီးသားရဲကြီးများ ထွက်ပေါ်လာတတ်သောကြောင့် အဝေးကြီးထိတော့ မသွားရဲကြပေ။

ကျိမိသားစုထဲတွင် ကျင့်ကြံခြင်းအမြင့်ဆုံးသူမှာ တစ်သားတည်းဖြစ်ခြင်းအဆင့် ဖြစ်ပေသည်။ အရင်ကတော့ ထိုအဆင့်တွင်ရှိသောသူများမှာ ကုအန် မော့ကြည့်ရသောသူများ ဖြစ်ကြပေသည်။

ရုတ်တရက်

ကုအန် စိတ်၀င်စားစရာကောင်းသော ဝိညဉ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ သူချက်ချင်း ထိုအရှိန်အဝါရှိရာသို့ ဦးတည်လျှောက်သွားလိုက်သည်။

လမ်းတစ်လျှောက်လုံးတွင် လူပေါင်းများစွာ သူ့ကိုဖြတ်သွားကြပြီး သူနံရံတစ်ခုကိုပင် ဖြတ်သွားခဲ့သေးပြီး သူ့အတွက်အရာအားလုံးက ပုံရိပ်ယောင်တစ်ခုလိုပင်။

ကုအန် အရင်ကသူ့လက်ကိုဖြတ်လုဆဲဆဲဖြစ်ခဲ့သော ရင်းနှီးနေသည့် တရားရေးအစောင့်မျက်နှာကိုပင် မြင်ခဲ့ရသေးသည်။

နှစ်တစ်ရာကြာခဲ့ပြီးသည့်နောက် ထိုအစောင့်ဆံပင်များ ဖြူဖွေးသွားခဲ့ပြီး အသက်အရွယ်ကြီးရင့်ပုံ ပေါ်နေခဲ့သည်။ သူ့တွင်အရင်ကလို ကြမ်းတမ်းသည့်အမူအရာမျိုးမရှိတော့ဘဲ သဘောကောင်းကာ ကြင်နာတတ်သည့် အမူအရာမျိုးသာ ရှိတော့၏။

ကုအန်သူ့ကို တစ်ချက်သာကြည့်ခဲ့ပြီး ကလဲ့စားချေဖို့ အစီအစဉ်မရှိခဲ့ပေ။ တကယ်တော့ ပန်းအိုးကိုကွဲအောင်လုပ်ခဲ့ခြင်းမှာ သူ့အမှားသာဖြစ်ပြီး တရားရေးအစောင့်က သူ့အလုပ်သူလုပ်ခဲ့ခြင်းသာ ဖြစ်သည်။ ယခုအခါ သူတို့အဆင့်များကလည်း ကမ္ဘာခြားနေပြီ ဖြစ်၏။ အဘယ်ကြောင့် သူအငြှိုးအတေးများ ထားနေရမည်နည်း။

ကျိမိသားစုစံအိမ်သည် ကြီးမားလွန်းလှပြီး ကုအန်သာမန်အတိုင်းသာ လျှောက်ပတ်ကြည့်နေခဲ့လိုက်သည်။

တစ်နာရီခန့်ကြာသောအခါ ကုအန် ကျိမိသားစုဘိုးဘေးခန်းမဖြစ်သော ဆန်းကြယ်သည့် ဝိညဉ်နားခိုရာ နေရာသို့ ရောက်ရှိလာခဲ့၏။

သူတံခါးမှဖြတ်သွားလိုက်ပြီးနောက် ကျိမိသားစုဘိုး‌ေဘးများဧ။် ဝိညဉ်ကမ္ဗည်းတိုင်အတန်းလိုက်ကို တွေ့လိုက်ရကာ ဝိညဉ်သည် အဓိကကမ္ဗည်းတိုင်ထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။

ကုအန် ကမ္ဗည်းတိုင်ဆီချဉ်းကပ်သွားလိုက်ပြီး ထိုအပေါ်ရှိ နာမည်ကို မှတ်ထားလိုက်၏။

ကျိကျန်း!

ဝိညဉ်သည် ဝိညဉ်ကမ္ဗည်းတိုင်ထဲတွင် နက်နက်ရှိုင်းရှိုင်းပုန်းနေပုံရပြီး လှဲလျောင်းကာ တစ်ရေးတမော အိပ်နေပုံရသည်။

သူသည် ကမ္မစွမ်းအားများထဲတွင် ပုန်းအောင်းနေခြင်းဖြစ်ပြီး သာမန်ကမ္ဘာခြားနေရာလွတ်တစ်ခုထဲတွင် ပုန်းအောင်းနေခြင်းမဟုတ်သောကြောင့် သူ့ကို နတ်အာရုံဖြင့် အာရုံခံ၍ ရမည်မဟုတ်ပေ။

ကျိကျန်း အိပ်နေရင်း အိပ်မက်မက်နေသလို ဟိုလှည့်ဒီလှည့်ပင် လှည့်လာသေးပြီး သူ့ကိုတစ်ယောက်ယောက်က ထောက်လှမ်းနေတာကို သတိမထားမိခဲ့ပေ။

ကုအန်သူ့ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်ခဲ့သော်လည်း မည်သည့်ဂဏန်းမှပေါ်မလာဘဲ သူ့အဆင့်ကိုပင် မဖော်ပြခဲ့ပေ။

ကျိကျန်းတွင် ကျိမိသားစုတစ်ခုလံုးနှင့် မရေတွက်နိုင်သော ကမ္မကြိုးမျှင် အဆက်အသွယ်များရှိနေပြီး ထိုထဲမှ တစ်ခုမှာ ကျိရှောင်ယုနှင့် ဖြစ်သည်။

ကျိကျန်းသည် ကျိရှောင်ယု၏ သွေးမျိုးဆက်ဘိုးဘေးသာ ဖြစ်၏။

ကုအန် ကျိရှောင်ယု၏ ကမ္မအကြောင်းအကျိုးမျဉ်းများကို လိုက်ကြည့်လိုက်သောအခါတွင်မူ သူ့မျက်လုံးထဲတွင်ပင် အလွန်မှုန်ဝါးနေသော အစိတ်အပိုင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ကျိရှောင်ယုဧ။် ကမ္မအကြောင်းအကျိုးများကို ပိတ်ထားပုံရပြီး ထိုအရာက ကုအန်အား ခြောက်ခြားသွားသည့်ခံစားချက်တစ်ခုကိုပေးခဲ့ပြီး ရုတ်တရက် ကျိရှောင်ယုက အဆင့်တစ်ခုတွင်ရောက်နေသူတစ်ယောက် ဖြစ်လာသလိုပင်။

သေချာအနီးကပ်ကြည့်လိုက်သောအခါ အပြောင်းအလဲက ကျိရှောင်ယုဆယ်နှစ်သမီးတွင် ဖြစ်ပွားခဲ့သည်ကို ‌တွေ့လိုက်ရသည်။

ဤနေရာတွင် ကျိ‌ေရှာင်ယုကို စုံစမ်းရန်‌ေရာက်လာခြင်းမဟုတ်‌ေသာ‌ေကြာင့် သူထိုအရာကို လိုက်ကြည့်မနေတော့ပေ။ ကျိရှောင်ယုသည် ကမ္ဘာဦးတာအိုအဆောင်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ ထူးဆန်းသော ကမ္မအကြောင်းအကျိုးမှာရှိနေခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။

ကုအန် အကြာကြီးမနေတော့ဘဲ ဘိုးဘေးခန်းမထဲမှ အမြန်ထွက်သွားခဲ့လိုက်၏။

ဝိညဉ်ကမ္ဗည်းတိုင်ထဲတွင် ကျိကျန်း ရုတ်တရက် ထထိုင်လိုက်လေသည်။ ထို့နောက် သူ့ခေါင်းကိုကုတ်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်၏။

“ထူးဆန်းလိုက်တာ အခုပဲ ငါမလွယ်ကူဘူးလို့ ခံစားရတဲ့ အာရုံတစ်ခုကို ခံစားလိုက်ရသလိုပဲ ကျိမိသားစုနောက်ထပ်ကပ်ဘေးတစ်ခု ကြုံနေရတာများလား”

“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကိုပဲ အပြစ်တင်ရမယ် ဟူးး လက်ရှိမျိုးဆက်က တကယ်ပဲ ရည်ရွယ်ချက်ကင်းမဲ့ကြတယ် အမြဲ သူများအပေါ်ပဲ မှီခိုချင်နေကြတယ် သူမ ကျိမိသားစုရဲ့ အရင်အောင်မြင်မှုတွေကို ပြန်လည်ယူဆောင်လာပေးနိုင်ဖို့ပဲ ငါစောင့်ကြည့်ပြီး မျေှာ်လင့် နေရတော့မယ်”

ထို့နောက် ကျိကျန်းပြန်လှဲလိုက်ပြီး ဆက်အိပ်နေခဲ့၏။

သူ့အတွက်အချိန်ဆိုသည်မှာ အဓိပ္ပာယ်မရှိခဲ့ပေ။ သူသည် အိပ်မက်များထဲတွင်သာ မွေ့လျော်နေတတ်ပြီး သူ့အတွက်သူကိုယ်တိုင်ဖန်တီးထားသော ပြန်လည်မွေးဖွားခြင်းများကို ခံစားနေခဲ့သည်။

…….

အာရုံတက်ချိန်တွင် နေရောင်က မိုးကုတ်စက်ဝိုင်းမှ ဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။

ချိပိုင်းကမ်းခြေတွင်ရပ်နေရင်း မျက်မှောင်ကြုံ့ကာ အဝေးသို့ ကြည့်နေခဲ့၏။ သူ့မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။ ကမ္ဘာခြားနတ်မြို့တော်တိုက်ပွဲအတွင်း သူသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ အမတဝါးမြိုကင်းမြှီးကောက်၏ အဆိပ်မိသွားခဲ့ပြီး ထိုအဆိပ်က အခုထိ သူ့ကိုယ်ထဲမှအပြည့်အ၀ ထွက်မသွားခဲ့သေးပေ။

ထိုစဉ် သူ့နောက်ရှိသစ်တောထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့၏။ ထိုသူသည် ကြယ်ပင်လယ်အဖွဲ့အစည်း၏ ပါရမီရှင်တစ်ယောက်ဖြစ်သော ချိကျူရှောင်သာ ဖြစ်ပေသည်။

“ဆရာ အန်းဟောင်အဲ့ဒီကလေးက တကယ်ပဲ လွန်လွန်းတယ် ကျွန်တော်သူ့ကို ကျွန်တော့်နတ်သိုင်းသင်ပေးခဲ့တာ သူကအဲ့တာကို မနေ့ညကပဲ တတ်သွားတယ် အဲ့တာကြီးက‌ အတော်လေး သဘာ၀မကျ…”

ချိကျူရှောင် သူ့ဆီချဉ်းကပ်လာရင်း ကျိန်‌ဆဲနေကာ အန်းဟောင်၏ပါရမီကို မကျေမနပ်ဖြစ်နေခဲ့၏။

သူအမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်ပြီး အန်းဟောင်၏ ပါရမီနှင့်နားလည်နိုင်စွမ်းကို သူအသိအမှတ်ပြုပေးခဲ့ရသည်။

ချိပိုင်မတုန့်ပြန်ဘဲ အဝေးသို့သာ စိုက်ကြည့်နေခဲ့၏။

“ဆရာ ဘာကိုကြည့်နေတာလဲ” ချိကျူရှောင် သူ့ဆရာအတွေးနွံနစ်နေသည်ကိုတွေ့သောအခါ မမေးဘဲ မနေနိုင်တော့ပေ။

ချိပိုင်လည်း အသိပြန်၀င်လာပြီး ပြောလိုက်သည်။

“ပင်လယ်ပြင်က စိတ်ဝိညဉ်စွမ်းအင်က သာမန်ဟုတ်မနေတဲ့ပုံပဲ တစ်နေရာရာမှာ ထူးခြားတာတစ်ခုခုဖြစ်နေတာလို့ ငါသံသယရှိမိတယ် ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးနဲ့ ဆက်စပ်နေတာမျိုး ဖြစ်နိုင်တယ်”

ချိကျူရှောင်မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“ဘာကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးလဲ အဲ့တာက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ပြဿနာဖြစ်အောင်လုပ်နေတာ သေချာတယ် အဲ့ဒီဧရာမ အက်ကွဲကြောင်းကြီးပေါ်လာတာက တိုက်ဆိုင်လွန်းတယ်”

ချိပိုင်ပြန်မပြောဘဲ ဆက်သာတွေးနေခဲ့သည်။

ထိုအခိုက်တွင် ရောင်စဉ်ခုနှစ်မျိုးပါသော ရောင်စဉ်တန်း ကောင်းကင်ပေါ်မှ သူတို့ဘေးသို့ဆင်းသက်လာသောကြောင့် သူတို့အာရုံကို ဖမ်းစားသွားခဲ့၏။ သူတို့လှည့်ကြည့်လိုက်ရာ ရောင်စဉ်တန်းထဲရှိ ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။

ထိုအရာသည် ခရမ်းရောင်ချီများ၀န်းရံထားသည့် ဆန်းကြယ်သော ပုံရိပ်တစ်ခု ဖြစ်၏။

ချိကျူရှောင်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဆရာသခင်ဓားအရှင်!”

ချိပိုင်လည်း ကုအန် မြေလျှောက်အမတနှစ်ပါးကို အလွယ်လေးသတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကို မမေ့နိုင်သေ‌းသောကြောင့် ချက်ချင်း ဦးညွှတ်အရိုအသေပေးလိုက်၏။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူသည် သူ့အသက်ကိုကယ်တင်ထားခြင်းဖြစ်ရာ သူလေးစားမှုပြဖို့ လိုပေသည်။

“ငါ့တပည့်ကို ဒီနှစ်တွေမှာစောင့်ရှောက်ထားပေးလို့ ကျေးဇူးတင်ပါတယ်” ကုအန် ပြောလိုက်၏။

ချိပိုင်ပြန်ပြောရန်ပြင်လိုက်စဉ်တွင် ကုအန်သူ့ရှေ့၌ ရုတ်တရက်ပေါ်လာခဲ့ပြီး ညာလက်မြှောက်၍ လက်နှစ်ချောင်းနှင့်သူ့ရင်ဘတ်ကိုထိုးလိုက်ရာ ချိပိုင် ချက်ချင်း မလှုပ်ရှားနိုင်ဖြစ်သွားခဲ့ရသည်။

“ဆရာ!”

ချိကျူရှောင် အံ့အားသင့်သွားပြီး အလိုလိုသူ့ဆရာဆီပြေးလာချင်သွားခဲ့၏။

“အဲ့ဒီမှာပဲနေ!”

ချိပိုင်အော်ပြောလိုက်ပြီး သူ့လင်းရှီသုံး၍ပင် ချိကျူရှောင်ကို ချုပ်ထားလိုက်သေးသည်။

“စီနီယာက ငါ့ကိုအဆိပ်ဖြေပေးနေတာ…” ချိပိုင် အသက်ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်းပြောလိုက်ပြီး သူ့မျက်လုံးများက ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့၏။

ကုအန်၏ လင်းရှီသူ့ခန္ဓာကိုယ်ထဲ၀င်သွားသောအခါ ရုတ်တရက် သူ့ကိုယ်သူအလွန်သေးငယ်သွားသလို ခံစားလိုက်ရသည်။

ဤစွမ်းအားနှင့်ရင်ဆိုင်လိုက်ရသောအခါ မြေလျှောက်အမတအဆင့်သည် အလွန်အားနည်းသွားပြီး ယှဉ်ဖို့ပင် တန်မနေပေ။

ကောင်းကင်ဈာန်အမတများသည် မည်မျှစွမ်းအားကြီးနေပါသနည်း။

ချိပိုင်သည် မြေလျှောက်အမတတစ်ပါးဖြစ်သော်လည်း ကောင်းကင်ဈာန်အမတအဆင့်သို့ရောက်ဖို့ သူ့ကိုယ်သူ ယုံကြည်ချက်မရှိခဲ့ပေ။ ထိုအရာသည် အဆင့်ကြီးတစ်ခုသာခြားခြင်းဖြစ်သော်လည်း ထိုအဆင့်သို့မည်သို့ချိုးဖြတ်ရမည်ဆိုတာကို သူစိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။

ချိကျူရှောင်လည်း သူ့ဆရာစကားကြောင့် အလွန်ပျော်သွားခဲ့၏။

သူလည်း သူ့ဆရာ၏အဆိပ်ကြောင့် အကူအညီမဲ့သလိုခံစားရ၍ စိတ်ပူကာ သောကရောက်နေရခြင်း ဖြစ်သည်။ အန်းဟောင်ဆရာက သူ့ဆရာအဆိပ်ကိုထုတ်ပေးနိုင်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမထားမိပေ။

အသက်ရှူကြိမ်အနည်းငယ်ကြာသောအခါ ကုအန် သူ့လက်ကိုရုတ်လိုက်၏။

“ငါအချိန်နည်းနည်းလောက် ငါ့တပည့်နဲ့နှစ်ယောက်တည်း ကုန်ဆုံးဦးမယ်”

ထို့နောက် သူ့လှည့်ကာ တောအုပ်ထဲ၀င်သွားခဲ့လေသည်။ ချိ‌ကျူရှောင်လည်း အမြန်ဦးညွှတ်အရိုအသေပေးလိုက်ပြီး မတားရဲခဲ့ပေ။

ချိပိုင် သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်များပျောက်ကွယ်သွားသည်ကိုခံစားလိုက်ရပြီး သူ့နှလုံးသား ပေါ့ပါးသွားခဲ့ရသည်။ သူကုအန်အား အံ့အားသင့်နေသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။

ထိုကဲ့သို့သော ကြောက်စရာအဆိပ်မျိုးကို အလွယ်တကူ ထုတ်နိုင်ခြင်း….

သူမသိသည်မှာ ကုအန်သည် သူ့အဆိပ်ကို ချက်ချင်းပင်တစ်ချက်တည်းနှင့် ထုတ်ပေးနိုင်သော်လည်း တမင်အချိန်ကြာအောင် လုပ်ခဲ့ခြင်း ဆိုတာကိုပင်။

ချိကျူရှောင်လည်း ချိပိုင်ဘေးအမြန်ရောက်လာခဲ့ပြီး သူ့အခြေအနေကို စပ်စုလိုက်လေသည်။

ကျွန်းအနက်ပိုင်းရှိ တောင်များနှင့် မိုင်ရာချီဝေးသောနေရာရှိ တောင်ဆင်ခြေလျှောတစ်ခုပေါ်တွင် အန်းဟောင် ကျင့်ကြံနေခဲ့၏။

နတ်အသွင်ပြောင်းခြင်း အဆင့် ၄!

အံ့ဩစရာကောင်းနေတုန်းပဲ!

ကုအန် အန်းဟောင်နောက်တွင်ရပ်ကာ သူ့လက်ရှိကျင့်ကြံခြင်းကို အကဲခတ်နေခဲ့သည်။

အန်းဟောင်သည် အသက် ၉၄နှစ်သာ ရှိသေးပြီး နတ်အသွင်ပြောင်းခြင်းအဆင့် ၄သို့ရောက်ရှိနေပြီ ဖြစ်ကာ ထိုအရာက လီရွှမ်တောက်ကိုပင် ကျော်လွန်သွားခဲ့သည်။ အန်းဟောင်သည် ကုအန်သိသမျှထဲ ကျင့်ကြံခြင်းအလျင် အမြန်ဆုံးသူသာ ဖြစ်နေသေး၏။

အသက်၁၂၈နှစ်အရွယ်တွင် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ရောက်နေသူ ကုအန်ပြောလိုက်သည်။

“မင်းကျင့်ကြံခြင်းအရတော့ ဒီနှစ်တွေထဲ အပျော်အပါးမက်မနေဘူးပဲ”

အန်းဟောင် မျက်လုံးများရုတ်ချည်းပွင့်သွားခဲ့ပြီး နောက်လှည့်ကြည့်လိုက်ရာ အံ့အားသင့်ပြီး အပျော်လွန်သွားသည့် အမူအရာများ သူ့မျက်လုံးထဲ ပေါ်လာခဲ့လေသည်။ သူအမြန်ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“ဆရာ ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ”

ကုအန် ပြန်ပြောလိုက်သည်။

“ငါမင်းကို လာကြည့်တာ”

ထိုစကားကြောင့် အန်းဟောင်ပို၍ပင် အပျော်လွန်သွားပြီး ကုအန်ဆီပြောသွားခဲ့ကာ အမျိုးမျိုးသောမေးခွန်းများ မေးနေခဲ့ပြီး ပုံမှန်အားဖြင့်တည်ငြိမ်သော သူ့ပုံစံပင် ပျောက်ဆုံးသွားခဲ့၏။

ကုအန်ရှေ့တွင်သူသည် တက်ကြွကာ အမှားလုပ်တတ်သော ကောင်လေးတစ်ယောက်လိုပင်။

ဆရာတပည့်နှစ်ယောက်စကားအတန်ကြာအောင်ပြောခဲ့ပြီးနောက် ကုအန် အဓိကအချက်ကို ပြောလိုက်သည်။

“မင်းရဲ့ ယန်သစ်သားကမ္ဘာဦးကျင့်စဉ်ကို ကျင့်ကြံတာ ဘယ်လိုနေလဲ”

အန်းဟောင်၏ စိတ်ဝိညဉ်အမြစ်များသည် အလွန်သန်မာပြီး သူသန်မာသည်မှာ ဒြပ်တစ်ခုတည်းကိုပဲ အခြေပြု၍ မဟုတ်ပေ။ သူ့စိတ်ဝိညဉ်အမြစ်၏ဒြပ်ငါးမျိုးလုံးက ကောင်းကင်အဆင့်ဖြစ်နေခြင်းဖြစ်ပြီး ထိုအရာက သူလည်း ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်ကို ကျင့်ကြံ၍ ရသည်ဟု ဆိုလိုနေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်ကို ကျင့်ကြံရာတွင်လည်း ယန်သစ်သားကမ္ဘာဦးကျင့်စဥ်နှင့် ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဥ်သည် မူလတစ်ခုတည်းမှ လာခြင်းဖြစ်‌‌ေသာ‌ေကြာင့် လက်ရှိကျင့်ကြံထားမှုများကို ဖယ်ရှားပစ်စရာမလိုပေ။

“အရမ်းအဆင်ပြေပါတယ် ကျွန်တော်ယန်သစ်သားကိုတောင် ကျင့်ကြံပြီးပြီ စိတ်ဝိညဉ်သစ်သားက စိတ်ဝိညဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး အဲ့တာကအတော်လေး လွှမ်းမိုးနိုင်….”

အန်းဟောင် သူ့ဆရာစိတ်ပျက်မသွားစေရန် သူ့အောင်မြင်မှုများကို အားရပါးရ ပြောပြလေတော့သည်။

သူပြောပြီးနောက် ကုအန်ပြောလိုက်၏။

“ငါမင်းကို ပိုအဆင့်မြင့်တဲ့ကျင့်စဉ်တစ်ခုသင်ပေးမယ် ယန်သစ်သားကမ္ဘာဦးကျင့်စဉ်က အဲ့ဒီကျင့်စဉ်ရဲ့ အခြေခံတစ်ခုပဲ”

ထိုစကားကိုကြားသောအခါ အန်းဟောင်မျက်လုံးများတောက်ပလိုက်ပြီး အမြန်ခေါင်းညိတ်လိုက်လေသည်။

“ဒီကျင့်စဉ်က အပြင်ကိုထုတ်ပြလို့မရဘူး ထုတ်ပြလိုက်ရင် ကပ်ဘေးတွေကိုဆွဲဆောင်သွားလိမ့်မယ် မင်းရဲ့ ကောင်းကင်ကပ်ဘေးကလည်း အခြားအဆင့်တူတွေရဲ့ ကောင်းကင်ကပ်ဘေးထက် ပိုကြောက်စရာကောင်းလာလိမ့်မယ် အဲ့ဒီတော့ မင်းစိတ်ကိုကြိုတင်ပြင်ဆင်ထား”

ကုအန်သူ့ကို သတိပေးလိုက်၏။

အန်းဟောင် ရုတ်တရက်နားလည်သွားခဲ့သည်။

“ကောင်းကင်ကပ်ဘေးက ကျင့်စဉ်နဲ့ဆက်စပ်နေတာလား ကျွန်တော့်ကပ်ဘေးက အခြားသူတွေကို အံ့အားသင့်စေတာ အံ့ဩစရာမဟုတ်တော့ပါဘူး”

ကုအန်ဆက်ပြောလိုက်သည်။

“လတ်တလော ငါတပည့်အသစ်တစ်ယောက်လက်ခံထားတယ် မင်းဂျူနီယာလေးရဲ့ အရည်အသွေးကလည်း အရမ်းကောင်းတယ် မင်းအောက်မကျဘူး စီနီယာတစ်ယောက်အနေနဲ့ မင်းကသူ့အတွက် သာဓကဖြစ်နေရမယ် သူကျော်တက်သွားတာခံလို့မရဘူး”

ဂျူနီယာတစ်ယောက်လား!

အန်းဟောင်မျက်မှောင်ကြုံ့လိုက်ပြီး ရုတ်တရက်တင်းမာမှုတစ်ခုကို ခံစားလိုက်ရလေသည်။

အကယ်၍ တစ်ယောက်ယောက်ကထိုသို့ပြောလျှင်တော့ သူယုံမည်မဟုတ်ပေ။ သူ့ပါရမီအရည်အသွေးကိုယှဉ်နိုင်မည့်သူ ရှိမည်ဟု သူမယုံပေ။

သို့သော် ထိုစကားကို သူ့ဆရာဆီမှကြားလိုက်ရခြင်းဖြစ်သောကြောင့် သူသံသယမရှ်ိခဲ့ပေ။ သူနှင့်ပါရမီချင်းယှဉ်နိုင်သော သူတစ်ယောက်ရှိနေပြီး ထိုသူကလည်းသူ့ထက်ငယ်နေလေရာ အန်းဟောင် အလောတကြီးဖြစ်မှုတစ်ခုကို ခံစားလိုက်ရသည်။

“ဆရာ ကျွန်နော့်ဂျူနီယာလေးရဲ့ နာမည်က ဘာများလဲ” အန်းဟောင် သတိထား၍ မေးလိုက်၏။

“တစ်နေ့မင်းသူနဲ့တွေ့ပြီး တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းလာမှာပါ ဘာလို့လဲဆိုတော့မင်းတို့က နည်းစနစ်တစ်ခုတည်းကို ကျင့်နေကြလို့ပဲ” ကုအန် ဖြေလိုက်သည်။

ထိုသူသည် လီယဖြစ်နိုင်ပါသလော။

အန်းဟောင် လီယသုံးသော ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို တွေးလိုက်မိ၏။

မကြာခင်တွင် ထိုထင်မြင်ချက်ကို သူပယ်ဖျက်လိုက်သည်။ လီယသည် သူ့ထက်အသက်ကြီးပြီး ပါရမီရှင်တစ်ယောက်ဟုလည်း မသတ်မှတ်နိုင်ပေ။ အနည်းဆုံးတော့ သူ့မျက်လုံးထဲတွင် လီယသည် အတော်လေး သာမန်ဆန်လှပေသည်။

အပိုင်း(၂၄၀)

ကောင်းကင်အပြင်တွင် ၇ ရက်၊ ကျယ်ပြောလွန်းသော မဟာကောင်းကင်နှင့်မြေပြင်

ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်ကို ပေးပြီးသည့်နောက် ကုအန် ဆက်မနေတော့ဘဲ ကျွန်းပေါ်မှ ထွက်ခွာလာခဲ့၏။

သူကောင်းကင်ပေါ်တွင် ရှိနေစဉ် အဝေးတွင်သမုဒ္ဒရာလှိုင်းကြီးများ ဖြစ်ပေါ်နေသည်ကို မြင်ခဲ့ရသည်။ ထိုလှိုင်းကြီးများသည် သူအဆင့်ချိုးဖြတ်ခဲ့သည့်နေရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူအဆင့်ချိုးဖြတ်စဉ်က ကုန်ကျခဲ့သော စိတ်ဝိညဉ်စွမ်းအင်ပမာဏကအလွန်များပြားသောကြောင့် ကောင်းကင်နှင့်မြေပြင်၏စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းသွားခဲ့ပြီး ထိုနေရာရှိ သမုဒ္ဒရာကြီးကို လှုပ်ခါသွားစေခဲ့ခြင်း ဖြစ်၏။

ကံကောင်းစွာဖြင့် ထိုပင်လယ်ဒေသတွင် လူသားများနေထိုင်သော ကျွန်းများမရှိဘဲ မိစ္ဆာများကလည်းသူတို့ကျင့်ကြံခြင်းအဆင့်နှင့် ရှင်သန်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ရေကြီးမှုဖြစ်ပေါ်လာရင်တောင် သူတို့သေကြမည် မဟုတ်ပေ။ ထို့အပြင် ပင်လယ်ပြင်သည်လည်း လှိုင်းများသာ ထန်နေခြင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်က တက်မလာခဲ့ပေ။

ကုအန်ထိုနေရာသို့ တစ်ချက်သာကြည့်လိုက်ပြီး ထိုအကြောင်းအများကြီးတွေးမနေတော့ပေ။

သူသည် ရည်ရွယ်ချက်ကောင်းရှိပြီး တတ်နိုင်သလောက် အပြစ်မဲ့သက်ရှိများကို အန္တရာယ်မပေးမိအောင် ရှောင်ရှားသူဖြစ်သည်။ သို့သော် သူ့ကျင့်ကြံခြင်းက ထိုသက်ရှိများကို အန္တရာယ်ဖြစ်စေနေမည်ဆိုလျှင်တော့ သူလည်း မတတ်နိုင်ပေ။ထိုအတွက်တော့ သူ့လမ်းစဉ်ကို ရပ်တန့်ပစ်လိုက်မှာ မဟုတ်ပေ။

အဓိပတိဂိုဏ်းသို့ပြန်ရောက်ပြီးသည့်နောက် ကုအန် ‌ဆန်းကြယ်တောင်ကြားတွင် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ တောင်ကြားတွင် လုကျိကျားနှင့်အခြားအစေခံတပည့်များသည် ကုအန်မရှ်ိဘဲ ကောင်းမွန်စွာ နေထိုင်နိုင်နေပြီဖြစ်သည်။ ကုအန်သည် ဆန်းကြယ်တောင်ကြားသို့မကြာခဏအလည်လာသော်လည်း သူ့အာရုံက အတွင်းစည်းဂိုဏ်းရှိ ဆေးတောင်ကြားတွင်သာရှိမှန်း သူတို့နားလည်ကြ၏။ ထို့ကြောင့် ကုအန်မရှိလည်း သူတို့ဖိအားကိုမခံစားရပေ။

နာရီ၀က်ခန့်ကြာ‌သွားသောအခါ ကုအန် တတိယတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။

ဆန်းကြယ်တောင်ကြားနှင့်ယှဉ်ပါက တတိယတောင်ကြားသည် အများကြီးပိုစည်ကားပေသည်။

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ထွက်လာပြီး လှည့်ပတ်ကြည့်လိုက်ရာ တပည့်များအားလုံး၏ အတိတ်များက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့ကြ၏။

သေမျိုးများ၏သက်တမ်း ရာစုနှစ်တစ်ခုဆိုသည်မှာ သူ့အတွက်တော့ မျက်စိတစ်မှိတ်စာသာ ဖြစ်သည်။

ကုအန် အန်းရှင်း၏အတိတ်သို့လည်း ချောင်းကြည့်လိုက်ပြီး အတိတ်က သူ့ကိုယ်သူတွေ့တာသေချာအောင် လုပ်လိုက်၏။

သူသည်ပင် သေမျိုးစိတ်ဝိညဉ်များ၏အတိတ်ကိုမြင်နိုင်လေရာ အခြားအပူအပင်မဲ့ကမ္ဘာဦးအမတများကလည်း မြင်နိုင်မည် ဖြစ်၏။ ထိုအချက်က သူ့ရွေးချယ်မှုကို သူပြန်ပြီးကျေးဇူးတင်သွားမိစေသည်။ ကံကောင်းစွာဖြင့် သူသည်အဓိပတိဂိုဏ်းတွင်သာ နေခဲ့မိ၏။ အကယ်၍သူကမ္ဘာကြီးကို လှည့်ပတ်သွားနေလျှင် တစ်ချိန်ချိန်တွင် ပုန်းအောင်းနေသော အပူအပင်မဲ့ကမ္ဘာဦးအမတများ၏ အာရုံစိုက်ခြင်းကို ခံလာရပေလိမ့်မည်။ ထိုကဲ့သို့သောတည်ရှိမှုမျိုးကသာ သူ့ကြီးပြင်းလာမှုကို အကျိုးအကြောင်းမသင့်ဘူးဟု ထင်သွားခဲ့ပါက သူဒုက္ခရောက်သွားမည် ဖြစ်သည်။

ကုအန်ခြံစည်းရိုးရှေ့သို့ လမ်းလျှောက်သွားလိုက်ကာ ထိုနေရာတွင်ရပ်တန့်၍ ‌ကောင်းကင်သို့မော့ကြည့်နေရင်း သူ့အမြင်အာရုံသည် အရင်ထက်ပို၍ကျယ်ပြန့်လာကာ ကောင်းကင်နှင့်မြေပြင်သည် ပိုပိုကျယ်ပြောလာမှန်း ခံစားမိလာရသည်။

မဟာကောင်းကင်နှင့်မြေပြင် ဟူသော နာမည်က အမှန်တကယ်ပင် ထိုက်တန်လှ၏။

ဤကုန်းမြေတိုက်ကြီးသည် သူ့အရင်ကမ္ဘာကြီးထက်ပိုကျယ်သော်လည်း ဤကုန်းမြေတိုက်ကြီးသည်ပင် မဟာကောင်းကင်မြေပြင်နှင့်ယှဉ်ပါက ဖုန်မှုန့်သာဖြစ်သည်။ သူ့အမြင်အာရုံပြန့်ကားလာသည်နှင့်အမျှ သွားလာနေသော ကောင်းကင်ဈာန်အမတအဆင့်မ‌ျားကိုလည်း ပိုမြင်လာခဲ့ရ၏။

သူကောင်းကင်အထက်ရှိ မြင်ကွင်းများကိုပင် မြင်နေရပြီး အသက်ရှူမှားလောက်စရာ ရင်သက်ရှုမောဖွယ် ကြီးကျယ်ခမ်းနားသော ကြယ်ပင်လယ်ကြီးတွင် မရေတွက်နိုင်သော ကြယ်များက ဇကာမှစစ်ထုတ်လိုက်သော သဲမှုန်များစီးနေသော နတ်မြစ်တစ်စင်းလိုပင် လင်းလက်နေခဲ့ကြသည်။ ဧရာမကြယ်မြူတိမ်များ(Nebulas)များကလည်း အာကာသသစ်ပင်ကြီးများနှယ် သက်ရှိများကို လမ်းပြပေးနေခဲ့၏။

ကုအန်အကြည့်က မဟာကောင်းကင်နှင့်မြေပြင်ကို အလင်းပေးနေသော နေမင်းကြီးဆီသို့ပင် ရောက်ရှိသွားခဲ့သည်။ မဟာကောင်းကင်နှင့်မြေပြင် အပြင်ဘက်တွင် နေလုံးတစ်လုံးသာရှိနေခြင်းမဟုတ်ဘဲ ကြီးမားလှသော နေလုံးကြီး ၇ စင်း ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုနေလုံးကြီးများသည် မဟာကောင်းကင်နှင့်မြေပြင်အား ဆန်းကြယ်သောနိယာမများဖြင့် လည်ပတ်နေပြီး မဟာကောင်းကင်နှင့်‌ေမြပြင်တွင် ရာသီလေးခုနှင့် နေ့ညစက်၀န်းဖြစ်ပေါ်စေရန် ထိန်းသိမ်းပေးထားခဲ့သည်။

ကုအန်အမြင်အာရုံတွင် ထိုနေမင်းကြီးတစ်စင်းစီ၌အတွင်းထဲတွင် ဆန်းကြယ်သောတည်ရှိမှုတစ်ခုပါ၀င်နေသည်ကို တွေ့ခဲ့ရ၏။ သူတို့သည် ဧရာမသတ္တဝါကြီးများဖြစ်ကာ အချို့က ငှက်များ အချို့ကသားရဲများနှင့် အချို့ဆိုလျှင် သူပုံစံသက်ရှိများပင် ပါရှိကြသေးသည်။

နေမျက်နှာပြင်တွင် စွမ်းအင်အလွှာတစ်ခုရှိပြီး ထိုအလွှာက ကုအန်အား ထိုသတ္တဝါများ၏အစစ်အမှန်ပုံစံကို မမြင်နိုင်အောင် တားဆီးသွားခဲ့သောကြောင့် သက်တမ်းစစ်ဆေးခြင်းသုံး၍လည်း မရနိုင်ပေ။

ကုအန် နေလုံးထဲရှိတည်ရှိမှုများကို နှောင့်ယှက်မိမည်စိုးသောကြောင့် တစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်၏။

အပူအပင်မဲ့ကမ္ဘာဦးအမတများသည် ကောင်းကင်ကိုဖြတ်ကာ အပြင်စကြာ၀ဠာသို့အလွယ်တကူ သွားနိုင်သော်လည်း ကုအန်အခုတော့ မသွားချင်ပေ။ အဓိပတိဂိုဏ်းတွင် နေထိုင်ရခြင်းမှာ လုံလောက်နေပြီဖြစ်သည်။ သူ့တွင် အလောတကြီးရင်ဆိုင်ရမည့်ရန်သူလည်းမရှိသောကြောင့် လျှောက်သွားနေဖို့ အရေးတကြီး မလိုအပ်ပေ။

သူသည် ယခုအခါ ကမ္ဘာကြီးထဲတွင် လွတ်လွတ်လပ်လပ်သွားလာနေနိုင်ပြီဖြစ်သည်။ သူသာဆန္ဒရှိပါက အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်အောက်ရှိ ဘယ်သူမှ သူ့ကိုမမြင်နိုင်သလို ထိနိုင်မည်လည်း မဟုတ်ပေ။

ကုအန် ကောင်းကင်သို့ကြည့်ရှုပြီးသည့်နောက် သူ့အကြည့်ကို မိုင်ပေါင်းမရေတွက်နိုင်သည်အထိ ဆန့်ကားပစ်လိုက်သည်။

သူ့အကြည့်က ကျယ်ပြောလှသော သမုဒ္ဒရာကိုကျော်လွန်သွားပြီး ပိုမိုကြီးမားသော ကုန်းမြေတိုက်ကြီးများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲများ စစ်ပွဲများအပါအ၀င် အမတကျင့်ကြံခြင်းဂိုဏ်းကြီးများကြား တိုက်ပွဲများကိုလည်း တွေ့ရှိခဲ့ရသည်။ နတ်သားရဲအဖြစ် သတ်မှတ်ခံထားရသော ဧရာမစိတ်ဝိညဉ်သားရဲကြီးများ ကမ္ဘာတစ်၀န်းလှည့်လည်သွားလာနေချိန်တွင် မရေတွက်နိုင်သော သေမျိုးများက ဒူးထောက်ကာ ကိုးကွယ်နေကြသည်ကိုပင် ‌တွေ့ခဲ့ရ၏။

သူ့အကြည့် မထိုးဖောက်နိုင်သော နေရာများလည်း ရှိနေသေးပြီး ထိုအရာက ထိုနေရာများတွင် အပူအပင်မဲ့ကမ္ဘာဦးအမတများ ရှိနေသည်ဟု ဆိုလိုနေခဲ့သည်။

ထိုကဲ့သို့သောနေရာများသည် သေမျိုးကမ္ဘာကြီး သို့မဟုတ် အလွန်ကြီးမားသော လူသားနယ်မြေ မိစ္ဆာနယ်မြေများနှင့် အလွန်ဝေးသော နေရာတွင် ရှိကြ၏။

ကုအန် အမတများနှင့်ပြည့်နေသည့် ကုန်းမြေတိုက်ကြီးတစ်ခုကိုပင် တွေ့ခဲ့ရပြီး ထိုတိုက်ကြီးတွင် အနိမ့်ဆုံးကျင့်ကြံခြင်းမှာ နိဗာနအဆင့်ဖြစ်သောကြောင့် ကုအန်ပင် အံ့အားသင့်သွားခဲ့ရသည်။

ကံကောင်းစွာဖြင့် ထိုကုန်းမြေတိုက်ကြီးသည်သူတို့နှင့် အလွန်ဝေး၏။ နိဗာနအဆင့်များပင် ထိုနေရာကိုသွားဖို့ခက်ခဲမည်ဖြစ်ပြီး လမ်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူအချုပ်အနှောင်မဲ့အမတတစ်ပါး ပင်လယ်သားရဲကြီးဝါးမြိုခြင်းကို ခံလိုက်ရသည့် မြင်ကွင်းကိုလည်း မြင်ခဲ့ရပြီး ထိုအဖြစ်အပျက်က ရုတ်ချည်းဖြစ်ပွားသွားခဲ့ခြင်း ဖြစ်၏။ အချုပ်အနှောင်မဲ့အမတသည် သေမျိုးများ၏ အမြင်အာရုံကိုကျော်လွန်သော အလျင်ဖြင့် ဖြတ်သန်းသွားခြင်းဖြစ်သော်လည်း ဝါးမြိုခံလိုက်ရပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့ရသည်။

သူလည်း စူးစမ်းလေ့လာရေးလျှောက်သွားနေပါက ထိုကဲ့သို့သောအဖြစ်မျိုး ဖြစ်လာနိုင်သည်ဟု ကုအန်ခံစားလိုက်ရသည်။ ကမ္ဘာကြီးသည် သူ့အစစ်အမှန်ပုံစံကို သူ့မျက်စိရှေ့တွင်ပြသနေခြင်းကြောင့် ကုအန် အကြည့်မလွှဲနိုင် ဖြစ်နေခဲ့၏။

အချိန်မည်မျှကြာသွားသလဲ သူမသိခဲ့ပေ။

ယုယင်ယင် သူ့ဘေးရောက်လာပြီး မေးလိုက်သည်။

“နင်ဘာတွေ တွေးနေတာလဲ ဘာလို့ အချိန်အကြာကြီးဗလာမျက်လုံးတွေနဲ့ စိုက်ကြည့်နေတာလဲ”

ကုအန်အကြည့်ကိုရုတ်လိုက်ကာ ငြင်သာစွာပြုံးလိုက်ရင်း

“ငါကြယ်ပင်လယ်အဖွဲ့အစည်းက ဘယ်လောက်ကျယ်သလဲ စဉ်းစားနေတာ နောက်ပြီးကမ္ဘာကြီးကဘယ်လောက်ကျယ်သလဲ ဆိုတာရောပေါ့”

ယုယင်ယင်ရယ်မောကာ ဖြေလိုက်၏။

“နင်သမုဒ္ဒရာကိုသွားချင်ရင် ငါစီစဉ်ပေးလို့ရပါတယ် ဒါပေမယ့် ကြယ်ပင်လယ်အဖွဲ့အစည်းဘယ်လောက်ကျယ်လဲဆိုတာကတော့ အဲ့ဒီမှာမွေးခဲ့တဲ့ငါတောင် သေချာမသိဘူး ကြယ်ပင်လယ်အဖွဲ့အစည်း ပိုင်စိုးတဲ့နယ်မြေက ဒီကုန်းမြေတိုက်ကြီးထက် အဆပေါင်းထောင်ချီ ကြီးမားတယ် နောက်ပြီး အဲ့တာက င့ါ့တွက်ချက်မှုသက်သက်ပဲ”

ကုအန် အသာအယာခေါင်းညိတ်ပြလိုက်သည်။ ကြယ်ပင်လယ်အဖွဲ့အစည်း၏နယ်မြေသည် အမှန်တကယ်ပင် ကုန်းမြေတိုက်ကြီးထက် အဆထောင်ချီ ကြီးမား၏။ သို့သော်လည်း သူသည်ထိုထက်ပို၍မြင်နိုင်သောကြောင့် သူ့အတွက်ထိုပမာဏက ကျယ်‌၀န်းသည်ဟု မဆိုနိုင်ပေ။

ကြယ်ပင်လယ်အဖွဲ့အစည်းတွင်လည်း အပူအပင်မဲ့ကမ္ဘာဦးအမတရှိနေမလားဟု ကုအန် ‌သိချင်နေခဲ့မိသည်။

အကယ်၍ရှိနေလျှင်တောင် သူတို့သည် သေမျိုးကမ္ဘာတွင်တော့မရှိလောက်ဘူးဟု ကုအန်တွေးနေခဲ့သည်။

သူသည် သေမျိုးကမ္ဘာ၏အခြားဘက်ခြမ်းအထိ မြင်နိုင်သော်လည်း အပူအပင်မဲ့ကမ္ဘာဦးအမတ၏တည်ရှိမှုကို ရှာမတွေ့ခဲ့ပေ။ ထိုအရာမှာ သူတို့ကိုတွေ့နိုင်ဖို့ခက်ခဲခြင်းလား မရှိခြင်းလားဆိုတာကိုတော့ သူမသိပေ။ အပူအပင်မဲ့ကမ္ဘာဦးအမတများသည် အချင်းချင်းမ‌ေထာက်လှမ်းနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်၏။

ထို့ကြောင့် ဤအဆင့်ကို အပူအပင်မဲ့ ဟုခေါ်ခြင်း ဖြစ်ပေသည်။

“ပြောမှပဲ ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ ဂိုဏ်းတွင်းစစ်‌‌ေဆးပွဲစတော့မယ် ဒီတစ်ကြိမ် ရွှမ်ထျန်းယီ နာမည်တစ်ခုတည်ဆောက်နိုင်မလားဆိုတာ ငါသိချင်မိတယ်” ယုယင်ယင်ပြောလိုက်ပြီး သူမမျက်နှာတွင် အတိတ်ကိုပြန်တွေးနေသည့် အရိပ်အယောင်များဖြင့် ပြည့်နေခဲ့၏။

ထိုစကားကိုကုအန်ကြားသောအခါ သူမမေးဘဲ မနေနိုင်ခဲ့ပေ။

“ဂိုဏ်းတွင်းစစ်ဆေးပွဲမှာ အနိမ့်ဆုံးကျင့်ကြံခြင်း အကန့်အသတ်ရှိလား”

လီယ ကျန်းပုကူနှင့် အန်းဟောင်တို့သည် ကြယ်ပင်လယ်အဖွဲ့အစည်းထဲ ၀င်သွားကြပြီဖြစ်သည်။ သူတို့သုံးယောက်လုံးသည် သူ့အမွေကို ဆက်ခံကြသူများဖြစ်လေရာ သူတို့ကြယ်ပင်လယ်အဖွဲ့အစည်းတွင် ထွန်းပေါက်လာပါက သူကျေနပ်မိမည်သာ။

“မရှ်ိဘူး အသက်၁၀၀၀အောက်လူတိုင်း၀င်ပြိုင်လို့ရတယ် စကားမစပ် အဓိပတိဂိုဏ်းကလီယ၀င်ပြိုင်ဖို့ မျှော်လင့်တယ် သူ့ကမ္ဘာခြားနတ်မြို့တော်က အထွတ်အထိပ်အမတရတနာအတုဆိုတော့ ပါရမီ‌ရှင်တွေက သူနဲ့ပြိုင်ဆိုင်ချင်နေကြလိမ့်မယ်”

ယုယင်ယင် ညစ်ကျယ်ကျယ်ပြုံးနေပြီး တစ်ယောက်ယောက်အရှက်ကွဲမှာကို စိတ်၀င်စားနေသည့်ပုံ ဖြစ်နေခဲ့သည်။

သူတို့နှစ်ယောက် စကားစပ်ပြောခဲ့ကြပြီး စကားဝိုင်းက ကြယ်ပင်လယ်အဖွဲ့အစည်းနားတွင်သာ ရစ်ဝဲနေခဲ့သည်။ ယုယင်ယင်သည် ကြယ်ပင်လယ်အဖွဲ့အစည်းကိုမပြန်ချင်သော်လည်း ကြယ်ပင်လယ်အဖွဲ့အစည်းအကြောင်းကိုတော့ ဂုဏ်ယူစွာပြောတတ်ပြီး မကြာခဏဆိုသလို အဓိပတိဂိုဏ်းကိုပင် အထင်သေးဟန်ဖြင့် ပြောနေသေးသည်။

ထိုအရာက ကုအန်ကို အဓိပတိဂိုဏ်း၏အနာဂတ်အကြောင်း မျှော်လင့်သွားစေမိသည်။

အနာဂတ်သည် အရှည်ကြီးဖြစ်ပြီး လောနေစရာမလိုပေ။

နောင်လာမည့် နှစ်တစ်သောင်းကြာလျှင် အဓိပတိဂိုဏ်းက ကြယ်ပင်လယ်အဖွဲ့အစည်းထက် ပိုစွမ်းအားကြီးနေမလားဆိုတာ မည်သူက ပြောနိုင်မည်နည်း။

ယုယင်ယင်နှင့်စကားပြောပြီးသည့်နောက် ကုအန် မဟာကောင်းကင်စိတ်ဝိညဉ်နယ်မြေကို ဆက်လေ့လာရန် နောက်ထပ်နေရာတစ်ခုသို့ ပြောင်းလိုက်၏။

အလွန်ဝေးသောအနောက်စူးစူးရှိ ကန္တာရထဲတွင် သဲမုန်တိုင်းများ၀န်းရံထားသည့် ထည်ဝါလှသော တောင်ကြီးတစ်လုံး တည်ရှ်ိပေသည်။ ထိုတောင်ကြီး၏ တောင်ထိပ်၌ ရွှေရောင်အလင်းတန်းများ တဖိတ်ဖိတ်တောက်နေသော ဧရာမနန်းတော်ကြီးတစ်ခု ရှိပြီး ဘုန်းကြီးများက မကြာခဏ ၀င်ထွက်သွားလာနေခဲ့ကြ၏။ ထိုနန်းတော်သည်လည်း သူ့အမြင်အာရုံမဖောက်နိုင်သော နေရာတစ်ခု ဖြစ်သည်။

ဤအရာက ထိုနန်းတော်တွင် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးရှိသည်ဟု ဖော်ပြနေခဲ့၏။

ကမ္ဘာကြီးမှာ အမှန်တကယ်ပင် ကျယ်ပြောလှပြီး မြောက်များစွာသော မဟာအင်အားစုကြီးများ တည်ရှိနေခဲ့သည်။ ကောင်းကင်ဈာန်အမတသို့မဟုတ် ပိုမြင့်သောတည်ရှိမှုတိုင်းက သေမျိုးကမ္ဘာက ထွက်ခွာသွားကြသည် မဟုတ်ပေ။

နောက်ရက်များတွင် ကုအန်အချိန်ရှိတိုင်း မဟာကောင်းကင်နှင့်မြေပြင်ကိုသာ လေ့လာကြည့်မိနေခဲ့သည်။

သူ့သတိအထားမိဆုံးအရာမှာတော့ မြောက်အရပ်ဖြစ်၏။ ထိုအရပ်တွင် ကုနး်မြေတိုက်ကြီးတစ်ခုရှိနေပြီး သူ‌မြင်ဖူးသမျှထဲ အကြီးဆုံး ဖြစ်သည်။ သူထိုကုန်းမြေတိုက်ကြီး၏ အစွန်းအဖျားကိုသာ မြင်ရပြီး သေချာကြည့်ဖို့ အနားကပ်သွားတိုင်း သူ့အမြင်အာရုံကို ဆန်းကြယ်သည့်အားတစ်ခုက ပိတ်ဆို့ထားခဲ့သည်။

ထိုအားမှာ အရာအားလုံးတွင်ရှိသည့် အဆန်းကြယ်ဆုံးသောစွမ်းအားဖြစ်သော ချီကံကြမ္မာစွမ်းအားသာ ဖြစ်၏။

အဓိပတိဂိုဏ်းတွင်လည်း တူညီသောစွမ်းအားမျိုး စုဝေးနေသော်လည်း ထိုကုန်းမြေတိုက်ကြီးနှင့်ယှဉ်ပါက တောက်ပနေသောနေလုံးကြီးနှင့် ဆန်စေ့လိုသာ ဖြစ်သည်။

ထိုကုန်းမြေတိုက်ကြီးသည် မဟာကောင်းကင်နှင့်မြေပြင်တွင် အသန်မာဆုံးနယ်မြေဖြစ်နိုင်သည်ဟု ကုအန်‌တွေးမိသော်လည်း ထိုနေရာကို သူ့အမြင်အာရုံဖြင့်သာ ကြည့်ရှုနိုင်ပေသည်။

ထိုကုန်းမြေတိုက်ကြီးသည် မင်းဆက်သုံးခုနှင့် မယုံ‌နိုင်လောက်အောင် ဝေးကွာလွန်းလှသည်။ ထိုနေရာကိုရောက်ဖို့ဆိုသည်မှာ အနောက်အရပ်သို့ခရီးသွားခြင်း ထက်ပင် ခက်ခဲနိုင်သေးသည်။

……

အပူအပင်မဲ့အမတတစ်ပါးအဖြစ်ဖြတ်သန်းခဲ့ရသော နွေဦး ကုန်ဆုံးသွားခဲ့၏။ အဆင့်သစ်တစ်ခုသို့ရောက်ခဲ့သော်လည်း ကုအန် အရင်အတိုင်းသာ နေမြဲဖြစ်ပြီး ဆေးတောင်ကြားများသို့ လှည့်ပတ်သွားကာ ဆေးပင်များရိတ်သိမ်းပြီး တစ်ခါတလေတွင် အပြင်စည်းဂိုဏ်းသို့သွားကာ စာဖတ်ပြီး မိတ်ဆွေများနှင့် သောက်လေ့ရှိသည်။

တောအုပ်တစ်ခုထဲတွင်

အပြာရောင်၀တ်စုံ၀တ်ထားသောယန်ကျင်း ကုအန်ကိုမရပ်မနား တိုက်ခိုက်နေခဲ့၏။ သူ့ရွေ့လျားမှုများမှာ အလွန်လျင်မြန်ပြီး လက်သီးချက် ခြေကန်ချက်များက ပြင်းထန်လွန်းသော်လည်း ကုအန်မှာတော့ ခပ်အေးအေးအမူအရာနှင့်သာ တိုက်ခိုက်နေခဲ့သည်။ ယန်ကျင်းမြန်လာလေလေ ကုအန်ကနှေးလာလေလေပင်။

ထို့နောက် ယန်ကျင်း ကုအန်ကန်တာ ခံလိုက်ရပြန်ပြီး လွင့်ထွက်သွားကာ သစ်ပင်တစ်ပင်နှင့်တိုက်မိသွား၍ သစ်ရွက်များစွာ ကြွေသွားခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ယန်ကျင်း ပြန်ထဖို့ခွန်အားမရှိတော့ပေ။ သူ့ချီများက မောပန်းနေပြီဖြစ်သော်လည်း သူနွမ်းလျမှုကို မခံစားရပေ။ ထိုအစား သူ့ဆရာအား မျှော်လင့်နေသည့်အကြည့်ဖြင့် ကြည့်လိုက်၏။

သူသူ့ဆရာကိုမယှဉ်နိုင်သော်လည်း သူ့ဆရာဆီမှ ချီးကျူးစကားကြားချင်နေခဲ့မိသည်။

“ခန္ဓာကိုယ်လမ်းစဉ်က မကျဉ်းမြောင်းဘူး လက်သီးတွေ ခြေထောက်တွေကပဲ မှော်အသုံးအဆောင်တွေဖြစ်လာမှာမဟုတ်ဘူး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက ဖြစ်လာနိုင်တယ်” ကုအန် ကျေနပ်နေဟန်ဖြင့် ပြောလိုက်၏။

ဤကောင်လေး၏ တိုးတက်လာနှုန်းမှာ အံ့ဖွယ်ဖြစ်ပြီး အရင်က အန်းဟောင်ထက်ပင် ကျော်လွန်နေသေးသည်။

သူထိုကလေးအတွက် ပန်းတိုင်တစ်ခုထားထား၏။

နိဗာနအဆင့်သို့ နှစ်၅၀၀ အတွင်းရောက်ရှိဖို့!

ထိုမတိုင်ခင်တွင် ယန်ကျင်းလေ့ကျင့်ရန် တောင်အောက်ဆင်းခွင့်ရမည်မဟုတ်ဘဲ အများဆုံး မိသားစုနှင့်သွားတွေ့ရုံလောက်သာ ရမည်ဖြစ်သည်။

ယန်ကျင်းမှာတော့ သူ့ဆရာပန်းတိုင်ကိုမသိဘဲ ထရပ်လိုက်ကာ ပြောလိုက်၏။

“ဆရာ ကျွန်တော် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်အင်ပုံစံ၊ ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ် ဒါမှမဟုတ် ဆရာသင်ပေးထားတဲ့ မူလတာအိုစွမ်းအင် အဲ့ဒီထဲက ဘယ်ဟာကို အဓိကထားလေ့ကျင့်ရမလဲ သူတို့အကုန်လုံးက နက်နဲတဲ့ပုံပေါ်ပြီး တတ်မြောက်ဖို့ခက်တယ်”

ကုအန်ဖြေလိုက်၏။

“အေးအေးဆေးဆေးပဲသွား အဆင့်ချိုးဖြတ်ဖို့ လောစရာမလိုဘူး မင်းခိုင်မာတဲ့အခြေခံကနေ အရင်စဖို့လိုတယ်”

ယန်ကျင်းလည်း ထိုအရာကအဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ ကုအန်ချမှတ်ပေးသော ကျင့်ကြံခြင်းလမ်းစဥ်တွင် လိုက်နေသရွေ့ သူလိုအပ်သော ဆေးများအားလုံးကိုလည်း ရရှိနေသောကြောင့် သူလောစရာလိုမနေပေ။

“ဆရာ ဘယ်တော့ထျန်းပန်ပြိုင်ပွဲမှာ ၀င်ပြိုင်ချင်မှာလဲ” ယန်ကျင်း ရုတ်တရက်မေးလိုက်ပြီး သူ့အသံကစိတ်၀င်စားမှုများဖြင့် ပြည့်နေခဲ့သည်။

All Chapters