← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 19 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 19 Ch. 241-242

အပိုင်း(၂၄၁)

ဒီတစ်ခါ ငါနိုင်ရမယ့်အလှည့်ပဲ!

သူ့ဆရာက သူ့ဘ၀အား ပြောင်းလဲသွားနိုင်သော ကံကြမ္မာကိုပေးအပ်ပြီးကတည်းက သူ့ဆရာသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးပါရမီရှင်ဟု ယန်ကျင်း ယုံကြည်သွားခဲ့သည်။ ဆရာသခင်ဓားမရှင် တာအိုသခင် သို့မဟုတ် စွမ်းအားကြီးအင်အားစုများဖြစ်သော ကြယ်ပင်လယ်အဖွဲ့အစည်းနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတို့ပင် သူ့စိတ်ထဲတွင် သူ့ဆရာနှင့် မယှဉ်နိုင်ကြပေ။

သူ့ဆရာသည် ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားနေသောမြင်ကွင်းကို သူမြင်လိုပြီး ထိုအခါတပည့်တစ်ယောက်ဖြစ်သောသူလည်း ဂုဏ်ယူနေမည်ဖြစ်သည်။

ကုအန်သူ့ကို ခပ်တင်းတင်းကြည့်ကာ ပြောလိုက်၏။

“မင်းကဂုဏ်မက်လို့ ကျင့်ကြံတာလား ထာ၀ရအသက်ရှည်ခြင်းကိုရှာဖွေချင်လို့ ကျင့်ကြံတာလား တကယ်လို့မင်းကို ဂုဏ်မက်လို့ကျင့်ကြံတာဆိုရင် သာမန်သေမျိုးလူသားတွေရဲ့ ကမ္ဘာကိုသွား အဲ့ဒီမှာဆိုမင်းက ကျွမ်းကျင်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်”

ယန်ကျင်း သူ့ဆရာဒေါသထွက်သွားပြီဟု တွေးလိုက်မိပြီး အမြန်ပြောလိုက်သည်။

“ဒါပေါ့ ကျွန်တော်က ထာ၀ကအသက်ရှည်ခြင်းကိုရှာဖွေချင်တာပါ….ဆရာ ကျွန်တော်မှားသွားပါတယ် ကျွန်တော်က အခြားတပည့်တွေထျန်းပန်ပြိုင်ပွဲအကြောင်းပြောနေကြလို့ စိတ်၀င်စားသွားမိတာပါ”

ကုအန်သူ့ကို အလွယ်လေးလွှတ်မပေးလိုက်ဘဲ ဤအခွင့်အရေးကိုသုံးကာ သူ့စိတ်သဘောထားကို ပြုပြင်ပေးမည်ဟုဆုံးဖြတ်လိုက်၏။ သူခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်။

“မင်းရဲ့ခန္ဓာက သဘာ၀နိယာမတွေကိုဆန့်ကျင်နေတယ်ဆိုတာ ပြောစရာတောင်မလိုဘူး တကယ်လို့တစ်ယောက်ယောက်ကသာ အဲ့ဒီအကြောင်းသိသွားရင် မင်းအတွက်ကပ်ဘေးကြီးတစ်ခုဖြစ်လာလိမ့်မယ် ငါကသန်မာပါတယ် ဒါပေမယ့် အပြင်လောကမှာ ငါ့လိုအချုပ်အနှောင်မဲ့အမတတွေအများကြီး ရှိနေသေးတယ် လူတစ်ယောက်က အခွင့်အလမ်းတွေကို အဆင်အခြင်မဲ့လိုက်ရှာနေဖို့ထက် ကိုယ့်မှာရှိတဲ့အရာကို ပိုတန်ဖိုးထားသင့်တယ်”

“မာန်မတက်လိုက်နဲ့ ကမ္ဘာကြီးပေါ်က သာမန်လူတွေကိုလည်း အထင်မသေးလိုက်မိစေနဲ့”

ယန်ကျင်းရှက်သွားပြီး အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

အခုတလောတွင် တောင်ကြားရှိကျင့်ကြံသူများက ချီကျင့်ကြံခြင်းအဆင့်သာရှိနေစဉ်တွင် သူကအခြေခံတည်ဆောက်ခြင်းသို့ ရောက်နေသောကြောင့် သူ့စိတ်ထဲ မာနစိတ်လေးနည်းနည်း၀င်လာခဲ့မိ၏။

“ငါမင်းဆီက ဘာပြန်လည်ပေးဆပ်မှုကိုမှ မျှော်လင့်မထားပေမယ့် မင်းကိုအဆင်အခြင်မဲ့တဲ့လူတစ်ယောက်တော့ ဖြစ်မသွားစေချင်ဘူး မင်းက အမတလမ်းစဉ်ကို ကျင့်ကြံနေပြီဆိုကတည်းက လူသားရဲ့တတ်နိုင်စွမ်းအထက်မှာ ကောင်းကင်ကံကြမ္မာရှိတယ်ဆိုတာ နားလည်ထားသင့်တယ် မင်းကလမ်းမှားကိုလျှောက်နေရင် မင်းကတဖြည်းဖြည်းကောင်းကင်ရဲ့ အပြစ်ပေးခြင်းကိုခံရမှာပဲ ငါကမင်းကို အဓိပ္ပာယ်မဲ့တဲ့အောင်မြင်မှုတွေကိုပဲ လိုက်ရှာနေတဲ့သူတစ်ယောက် ဖြစ်မလာစေချင်ဘူး မင်းနားလည်လား” ကုအန် ဆက်ပြောလိုက်ရာ ယန်ကျင်းမျက်ရည်များပင် ကျလာခဲ့သည်။

ယန်ကျင်းခံစားသွားရသည်မှာ ကုအန်၏ဆူပူမှုကြောင့်မဟုတ်ဘဲ သူ့ဆရာက သူ့ဆီမှဘာမှပြန်လည်ပေးဆပ်ဖို့မလိုဘူးဆိုတာကို တစ်ကြိမ်ထက်မကပြောသောကြောင့် သူ့ကိုယ်သူမထိုက်တန်ဘူးဟု ခံစားလိုက်ရခြင်းဖြစ်၏။

သူဘာတွေးနေမိလဲဆိုတာ သူအတိအကျသိပေသည်။ သူသည်ယခုအခါ အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့သော်လည်း သူ့နှလုံးသားထဲတွင် တစ်ကိုယ်ကောင်းဆန်သောဆန္ဒလေးများနှင့် အမှောင်ဘက်ခြမ်းတစ်ခု ရှိနေခဲ့သေးပြီး ထို့ကြောင့်လည်း သူ့ကိုယ်သူရှက်သွားမိခြင်းဖြစ်၏

သူ့ဆရာကိုကြည့်ပါက သူ့ဆရာသည် ရှင်းလင်းစွာပင် အမတတစ်ပါးဖြစ်သော်လည်း သူ့ထက်အားနည်းသူများကို အနိုင်မကျင့်သလို အဓိပတိဂိုဏ်းထဲတွင်သာ သေမျိုးများကြားထဲ မမောက်မာဘဲ နှိမ့်နှိမ့်ချချ နေထိုင်တတ်သူဖြစ်ပေသည်။

စစ်မှန်သောကျင့်ကြံသူတစ်ယောက်ဖြစ်လာစေရန် သူ သူ့ဆရာထံမှ သင်ကြားသင့်၏။

“ဆရာ ကျွန်တော်…” ယန်ကျင်း ပြောရန်ပြင်လိုက်သော်လည်း စကားမဆုံးခင် ဖြတ်ပြောခံလိုက်ရသည်။

“ပြန်ကြစို့”

ကုအန် လှည့်ထွက်သွားပြီး ယန်ကျင်းလည်း သူ့နောက်မှ လိုက်သွားခဲ့လိုက်၏။

….

နွေရာသီကုန်ချိန်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူဝောာ်စင်ကိုစီးကာ ထျန်းယတောင်ကြားမှ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် သွေးအကျဉ်းထောင်မဟာသူတော်စင် မျောက်သုံးကောင်ကိုဆဲဆိုနေပြီး ကုအန်အား သူ့ကျင့်ကြံခြင်းကို အနည်းဆုံးဗဟိုအူတိုင်ဖွဲ့စည်းခြင်းလောက်ထိ ဖွင့်ပေးဖို့ပင် တောင်းဆိုနေခဲ့၏။

“မလောပါနဲ့ ဒါကမင်းစရိုက်ကို လေ့ကျင့်ပေးဖို့ကောင်းတဲ့အရာပဲ မင်းကအရမ်းကမူးရှူးထိုးနိုင်တယ် မင်းစကားလုံးတွေက သူများကိုနာကျင်စေတယ် သင့်တော်တဲ့စိတ်သဘောထားမျိုးရှိမနေရင် မင်းက ကပ်ဘေးတစ်ခုကိုအနှေးနဲ့အမြန်ယူလာစေမိလိမ့်မယ်”

ကုအန် လျူဟွမ် လီရွှမ်တောက်ဆီမှရခဲ့သည့် ထူးဆန်းသောစာအုပ်တစ်အုပ်ကိုကိုင်ထားရင်း သာမန်အတိုင်း ပြောလိုက်သည်။

လျူဟွမ်ပြောပုံအရ ထိုစာအုပ်သည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းနှင့်ပင် ယှဉ်နိုင်သည်ဟု ဆို၏။

တကယ်တော့ မင်းဆက်သုံးခုတွင် စာပေ၌ ပါရမီပါသူများစွာရှိပြီး ရွမ်ထျန်းယီထက် ကောင်းမွန်စွာရေးနိုင်သူများလည်း ရှိနိုင်ပေသည်။

ဤစာအုပ်သည် ခရီးသွားမှတ်တမ်းတော့မဟုတ်ဘဲ နန်းတွင်းရေးရာ အချစ်ဇာတ်လမ်းများ အရှုပ်အထွေးများအကြောင်းရေးထားသော စာအုပ်ဖြစ်၏။

ကုအန်စကားများကြောင့် သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်ဓာတ်ကျသွားခဲ့ရသည်။

ဤအရာသည် သူ့အားနည်းချက်မှန်းသူသိသော်လည်း တစ်ယောက်ယောက်နှင့်ငြင်းခုန်ရတိုင်း ထိုလူ့ကို ကောင်းကောင်းမရိုက်ရမခြင်း သူစိတ်မပြေတတ်ပေ။

[ကျိုးယုသည် သင့်အပေါ် ရန်လိုစိတ်ပြင်းထန်လာပြီး သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာပါသည် သက်တမ်းစစ်ဆေးခြင်းအသုံးပြုလိုပါသလား]

ကျိုးယုလား!

သူက အရင်ကဂုဏ်သိက္ခာမျှော်စင်က အကြီးမကဲမဟုတ်လား။

ကုအန် မျက်မှောင်ကြုံ့သွားခဲ့ပြီး အဘယ်ကြောင့်ထိုလူက ရုတ်တရက်သူ့အပေါ် သတ်ဖြတ်လိုစိတ်ဖြစ်သွားသလဲ သိချင်သွားမိသည်။ ထိုအရာသည် ဝူကျဲနှင့်ဆက်စပ်နေခြင်း ပေလော။

ကျိုးမိသားစုသည် အဓိပတိဂိုဏ်းမှထွက်သွားခဲ့ပြီး ထိုအရာကြောင့်အတော်လေးပင် ဂထက်ထသွားခဲ့ရသည်။ အဓိပတိဂိုဏ်းသားများသည် ကျိုးမိသားစုကို သစ္စာဖောက်များအဖြစ်သတ်မှတ်ထားကြပြီး အထူးသဖြင့် ထိုသူတို့သည် ခန်းထျန်ဂိုဏ်းနှင့်သွားပေါင်း၍ ဖြစ်၏။

ယနေ့တွင် ခန်းထျန်ဂိုဏ်းသည် အဓိပတိဂိုဏ်း၏အကြီးဆုံးပြိုင်ဘက်ဖြစ်လာခဲ့သည်။ သူတို့ဂိုဏ်းသည် ကမ္ဘာပေါ်တွင် ထိပ်ဆုံးဂိုဏ်းဖြစ်လာဖို့ဆိုလျှင် ခန်းထျန်ဂိုဏ်းကို ကျော်ရမည်ဖြစ်မှန်း အဓိပတိဂိုဏ်းသားတိုင်း သိရှိကြ၏။

ကုအန် ဝူကျဲကိုရှာဖို့ နတ်အာရုံဖြန့်လိုက်ပြီး ချက်ချင်းပင် ရှာ‌တွေ့သွားခဲ့သည်။

ဝူကျဲသည် ထိုက်ကန်မင်းဆက်နယ်စပ်ရှိ ဘုရားကျောင်းပျက်တစ်ခုထဲတွင် ရှိနေခြင်းဖြစ်ပြီး သူ့အား ကျင့်ကြံသူများက ဝိုင်းရံထားခဲ့ကြ၏။

ထိုအခိုက်တွင် ဝူကျဲ မျက်မှောင်တင်းနေအောင်ကြုံ့ထားမိပြီး လက်သီးကိုလည်းကျစ်နေအောင် ဆုပ်ထားခဲ့သည်။

အနက်ရောင်၀တ်စံု၀တ်ထား‌ေသာ ကျိုးယု ဝူကျဲရှေ့တွင်ရပ်နေပြီး သူ့ပုံစံမှာ အာဏာရှင်ဆန်နေခဲ့၏။ အခြားကျိုးမိသားစု ကျင့်ကြံသူများကလည်း ဝူကျဲကို ခွင့်မပြုသည့်ပုံဖြင့် ကြည့်နေခဲ့ကြသည်။

“ဝူကျဲ ငါတို့ကျိုးမိသားစုက မင်းအတွက်အရင်းအမြစ်တွေအများကြီး ရင်းနှီးမြှုပ်နှံခဲ့တယ် ကျိုးမိသားစုသာမရှိရင် မင်းဒီနေ့လို ဖြစ်လာမှာမဟုတ်ဘူး မင်းက ငါတို့ကြင်နာမှုကို တကယ်ကြီးမေ့ပစ်တော့မှာလား” အမျိုးသမီးကျင့်ကြံသူတစ်ယောက် ခပ်တင်းတင်းပြောလိုက်၏။

အခြားသူများလည်း ထိုသဘောသာပြောနေကြပြီး သူတို့လေသံက ခြိမ်းခြောက်နေဟန် အပြည့်ပင်။

ဝူကျဲအံကိုကြိတ်ထားရင်း ပြောလိုက်သည်။

“အဓိပတိဂိုဏ်းကလည်း ကျုပ်ကိုကြင်နာခဲ့တာပဲ ကျိုးမိသားစုကို၀င်လိုက်ရင် အဓိပတိဂိုဏ်းကိုသစ္စာဖောက်လိုက်တာပဲမဟုတ်လား”

ကျိုးယု ခပ်ဖြည်းဖြည်းပြောလိုက်၏။

“ကျင်းအာ ကမ္ဘာကြီးကအခု ငြိမ်းချမ်းပုံပေါ်နေပေမယ့် သမုဒ္ဒရာက ကျင့်ကြံသူတွေက ပိုပိုပြီးရောက်လာနေကြတယ် အနှေးနဲ့အမြန်ကပ်ဘေးနဲ့ရင်ဆိုင်ရမှာပဲ ငါသိသလောက်ဆို အဓိပတိဂိုဏ်းမှာ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေတောင် ဆရာသခင်ဓားအရှင်ရဲ့ သရုပ်မှန်ကိုမသိကြဘူး တကယ်လို့ ဆရာသခင်ဓားအရှင်ကဂိုဏ်းကို ထားသွားတဲ့နေ့ရောက်လာရင် အဓိပတိဂိုဏ်းက ဖျက်ဆီးခံလိုက်ရမှာပဲ”

ဝူကျဲ ပြန်ပြောလိုက်သည်။

“မဖြစ်နိုင်တာ ဘာလို့အဓိပတိဂိုဏ်းတစ်ခုတည်းကပဲ ဖျက်ဆီးခံရမှာလဲ ခန်းထျန်ဂိုဏ်းကရော လုံး၀လုံခြုံလို့လား ဆရာသခင်ဓားအရှင်အပြင်အခြားကြီးမြတ်တဲ့ ကျင့်ကြံသူတွေလည်း အဓိပတိဂိုဏ်းမှာ ရှိသေးတယ် အဓိပတိဂိုဏ်းက ခန်းထျန်ဂိုဏ်းထက် ကိုသန်မာတယ်လို့ ကျွန်တော်ယုံတယ်”

ထိုသို့ပြောလိုက်ခြင်းမှာ သူသည် ယခုအခါခန်းထျန်ဂိုဏ်းအတွက် အမှုထမ်းနေသော ကျိုးယုနှင့် ဘာမှမဆိုင်တော့ဘူးဟု ဆိုလိုက်ခြင်း ဖြစ်သည်။

ကျိုးယုအမူအရာပျက်သွားပြီး ပြောလိုက်၏။

“သေချာစဉ်းစားပါ ကျိုးမိသားစုကို သစ္စာဖောက်ရင်မင်းကငါတို့ရန်သူဖြစ်လာလိမ့်မယ် ဆရာတပည့်ဆက်ဆံရေးကိုထောက်ပြီး ငါမင်းကိုဒီနေ့တော့ လွှတ်ပေးလိုက်မယ် ဒါပေမယ့်နောက်တစ်ကြိမ်ပြန်တွေ့တဲ့အခါ ကျိုးမိသားစုရဲ့ ဂုဏ်သိက္ခာအတွက်ငါမင်းကို သတ်ရလိမ့်မယ် မင်းတင်မဟုတ်ဘူး မင်းနဲ့ပတ်သက်နေတဲ့လူအားလုံးလည်း သေရလိမ့်မယ် ဥပမာ အဓိပတိဂိုဏ်းက မင်းရဲ့ တစ်ဉီးတည်းသောညီကို ကုအန်လိုပေါ့”

“ကုအန်တင်မဟုတ်ဘူး အဓိကမြို့ဝောာ်ထဲက မင်းမိတ်ဆွေတွေအားလုံး သေရလိမ့်မယ်”

ဝူကျဲ နားလည်နိုင်စွမ်းမှာ အတော်လေးကြောက်စရာကောင်းသောကြောင့် ကျိုးယုတကယ်ပဲ ဝူကျဲကိုလက်မလွှတ်ချင်ခဲ့ပေ။

ဝူကျဲသည် အန်းဟောင်၏ပြိုင်ဘက်ဖြစ်လာနိုင်သည်ဟု သူယုံကြည်နေခဲ့သည်။

ခန်းထျန်ဂိုဏ်းတွင် အန်းဟောင်နှင့်ယှဉ်နိုင်သော ပါရမီရှင်မျိုး ရှိမနေခဲ့ပေ။

ထို့အပြင် ဝူကျဲသည် နောက်ခံမရှိသည့် တစ်ကိုယ်တည်းသမားဖြစ်၏။ အနာဂတ်တွင် သူ့အား ကျိုးမိသားစုမှ အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးကာ ကျိုးမိသားစုသွေးဆက်ထဲ ပါရမီရှင်တစ်ယောက် ခေါ်သွင်း၍ ရသေးသည်။

ထိုစကားကိုကြားသောအခါ ဝူကျဲအမူအရာ မည်းမှောင်သွားခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်ကိုထိန်းလိုက်ပြီး မေးလိုက်၏။

“ဘယ်ကတည်းက ခင်ဗျားကျုပ်ကို စုံစမ်းနေခဲ့တာလဲ”

ကျိုးယု ကုအန်အကြောင်းပြောသောအခါ ဝူကျဲကြောက်လန့်သွားခဲ့မိသည်။

ထိုအရာမှာ အဓိပတိဂိုဏ်းထဲ၌ ကျိုးမိသားစု သူလျှိုများရှိနေခြင်းဟု ဆိုလိုခြင်းဖြစ်၏။

ကျိုးယု ခပ်အေးအေးပြောလိုက်သည်။

“မင်းငါ့တပည့်ဖြစ်လာတဲ့နေ့ကတည်းက ငါမင်းပတ်သက်မှုတွေအကုန်လုံးကို သိထားပြီးပြီ အခုကနောက်ပြန်လှည့်ဖို့နောက်မကျသေးပါဘူး အနာဂတ်မှာ မင်းချစ်တဲ့သူတွေအကုန်လုံးကို ခန်းထျန်ဂိုဏ်းကို ခေါ်လာလို့ရတယ်”

ဤတစ်ကြိမ်တွင်တော့ သူကုအန်အကြောင်းမပြောတော့ပေ။

သူကုအန်ကိုဆွဲမထည့်တော့ခြင်းမှာ ကုအန်သည် ဖန်းအန်ဖြစ်ပြီး လုပိုင်ထျန်းနှင့်နီးကပ်မှန်းသိထား၍ ဖြစ်သည်။

သို့သော် ကုအန်သည်၀ူကျဲနှင့် ရင်းနှီးသောကြောင့် သူ့ဆီမှတစ်ဆင့် ဝူကျဲ လုပိုင်ထျန်း၏လွှမ်းမိုးမှုခံလိုက်ရသည်ဟု တွေးလိုက်မိပြီး သူကုအန်အပေါ် သတ်ဖြတ်လိုစိတ်ပေါ်လာခဲ့၏။

အဘယ်ကြောင့် လုပိုင်ထျန်းတွင် ကုအန်နှင့်အန်းဟောင်တို့ကဲ့သို့ ပါရမီရှင်၂ယောက်လုံး ရှိနေရသနည်း။

ဝူကျဲ စိတ်ဒုက္ခရောက်သွားခဲ့ရသည်။

အကယ်၍ ကျိုးမိသားစုသည် သူ့တစ်ယောက်တည်းအတွက်လာခြင်းဖြစ်ပါက သူကြောက်စရာမလိုပေ။ သို့သော် ကုအန်ပါ၀င်လာသောအခါ သူတွန့်ဆုတ်သွားခဲ့၏။

သူ့ပါရမီနှင့်နားလည်နိုင်စွမ်းမှာ ထိပ်တန်းအဆင့်ဖြစ်၍ သူသည် တစ်ချိန်ချိန်တွင် ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်မည်ဖြစ်မှန်း သူသိပေသည်။ သို့သော် သူ့တွင်ကြီးပြင်းလာရန် အချိန်လိုသေး၏။ ယခုတော့ သူ့အတွက် ကျိုးမိသားစုဆိုသည်မှာ သူစိန်မခေါ်နိုင်သည့် ဧရာမအင်အားစုကြီး ဖြစ်သည်။

ကျိုးမိသားစုသည် အဓိပတိဂိုဏ်းထဲ၌ သူလျှိုများရှိနေပြီး သူကလည်း ကုအန်ကို အချိန်ပြည့် စောင့်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် ကျိုးမိသားစုသူလျှိုများက ကုအန်ကိုသာ တိုက်ခိုက်ခဲ့ပါလျှင်….

ထိုသို့သောမြင်ကွင်းမျိုးကို သူတွေးပင် မတွေးရဲခဲ့ပေ။

“သေစမ်းကွာ…”

ဝူကျဲလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ကျိုးယုကို စိုက်ကြည့်နေခဲ့သည်။

ကျိုးယုသက်ပြင်းချလိုက်ကာ ပြောလိုက်၏။

“တပည့် တကယ်တော့ ငါက….”

ဝုန်းး!

ရုတ်တရက် ကျိုးယုအပေါ်မိုးကြိုးတစ်ချက်ပစ်ချလာခဲ့ပြီး ဘယ်သူမှအချိန်မီမတုန့်ပြန်နိုင်ခဲ့ဘဲ အားလှိုင်းကြောင့် နောက်လွင့်ကုန်လေသည်။

ဝူကျဲ နံရံနှင့်တိုက်မိသွားသော်လည်း ချက်ချင်း ပြန်တည်ငြိမ်အောင်လုပ်လိုက်ကာ ကျိုးယုကိုကြည့်လိုက်ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

ကျိုးယုသည် ပျောက်ကွယ်သွားခဲ့ပြီး သူ့ရပ်နေသော နေရာတွင် မည်းတူးကာ မီးကျွမ်းပြီးမီးခိုးများထွက်နေသော ချိုင့်ခွက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

အခြားကျိုးမိသားစုဝင်များလည်း မျက်လုံးများပြူးကျယ်သွားကြပြီး ကြက်သေသေသွားကြ၏။

“ဆရာ”

တပည့်တစ်ယောက်အမြန်ခေါ်လိုက်သော်လည်း မည်သည့်တုန့်ပြန်မှုမှ ပြန်ရမလာခဲ့ပေ။

“မကောင်းတော့ဘူး ဒီအနားမှာ အဓိပတိအကြီးအကဲတစ်ယောက်ရှိနေတယ်” အမျိုးသမီးကျင့်ကြံသူတစ်ယောက်အော်ပြောလိုက်ကာ ချက်ချင်းပျောက်ကွယ်သွားပြီး အခြားကျင့်ကြံသူများလည်း ဝူကျဲကိုပင်မေ့ကာ ထွက်ပြေးကုန်ကြတော့သည်။

ဝူကျဲ တခဏငေးကြောင်နေမိပြီးနောက်တွင်တော့ ထွက်သွားဖို့သာ ရွေးချယ်ခဲ့၏။

လမ်းတွင် ကျိုးယု သေလားရှင်လားဆိုတာကို သူတွေးမိနေခဲ့သည်။

မည်သူက ထိုကဲ့သို့သောမိုးကြိုးမျိုးကို ပစ်ချခဲ့ပါသနည်း။

အဲ့တာကသဘာ၀မိုးကြိုးကြီးဖြစ်ပြီး ကျိုးယုက တိုက်တိုက်ဆိုင်ဆိုင်ပစ်ချခံလိုက်ရတာတော့ မဟုတ်ဘူးမလား!

တစ်နေရာတွင်

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်တွင် စီးနေရင်း ကျိုးယုကိုသတ်ဖြတ်ခြင်းမှသက်တမ်း ၉၂နှစ်သာရလိုက်၍ ပျင်းစရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။

“ကျိုးမိသားစုက သူ့နေရာသူသိပြီး ငါ့ကိုရန်လိုနေတာရပ်လိုက်ဖို့ မျှော်လင့်ပါတယ် မဟုတ်ရင်တော့ ငါ့ကိုရက်စက်တဲ့အတွက် အပြစ်မတင်ပါနဲ့…”

ကုအန်တိတ်တဆိတ်တွေးနေခဲ့သည်။ သူသည် သိုသိုသိပ်သိပ်နေရန် ရွေးချယ်ထားသူဖြစ်သော်လည်း ကျိုးမိသားစုက လာရောက်ရန်စ၍ ရသည့်သူမျိုးတော့ မဟုတ်ပေ။

ကံကောင်းစွာဖြင့် နောက်ရက်များတွင် ကျိုးမိသားစုမှဘယ်သူမှ သူ့အပေါ်ရန်လိုစိတ် ဖြစ်မလာခဲ့ကြပေ။

ဘယ်သူကမှ ကုအန်လိုလူတစ်ယောက်က တစ်သားတည်းဖြစ်ခြင်းအဆင့် ကျိုးယုကို မိုးကြိုးတစ်ချက်တည်းဖြင့် သတ်လိုက်မည်ဟု မထင်ခဲ့ကြပေ။

သူတို့ထင်သည်မှာ ဆန်းကြယ်နှလုံးသား သို့မဟုတ် မဟာယနအဆင့် တစ်ယောက်ယောက်က သတ်ဖြတ်သွားခြင်းဖြစ်ပြီး ထိုအရာက ကျိုးမိသားစုအပေါ် အဓိပတိဂိုဏ်း၏သတိပေးမှုဟုသာ ထင်မှတ်သွားခဲ့ကြသည်။

….

လင်းထိန်နေသော ခန်းမကြီးတစ်ခုထဲတွင် ကျင့်ကြံသူထောင်ချီ စုဝေးနေခဲ့ကြ၏။ ခန်းမကြီးသည် အလွန်ကျယ်၀န်းကာ ခန်းမလျှောက်လမ်းကပင် ပေတစ်ရာခန့်ကျယ်၀န်းပြီး လျှောက်လမ်းဘေးတစ်ဖက်တစ်ချက်တွင် တည်နေရာ ကူးပြောင်းခြင်းအစီအရင်များရှိနေကာ ကျင့်ကြံသူများက ထိုအစီအရင်များထဲ ၀င်‌သွားနေခဲ့ကြသည်။

အန်းဟောင်ခန်းမထဲရှ်ိ တစ်နေရာတွင်ရပ်နေရင်း ပတ်ပတ်လည်ရှိလူတိုင်းကို လိုက်ကြည့်နေခဲ့၏။

“ငါကြားတာတော့ ဒီစာမေးပွဲမှာ ကမ္ဘာခြားနတ်မြို့တော်က လီယလည်းပါမှာတဲ့”

“ကမ္ဘာခြားနတ်မြို့တော်လား အဲ့တာက အထွတ်အထိပ်အဆင့်အမတရတနာကြီးမဟုတ်လား”

“ဟုတ်တယ် အဲ့ဒီလီယကတကယ်ကံကောင်းတယ် သူက အဲ့ဒီရတနာနဲ့ဆို ဘယ်လောက်သန်မာနေမလဲ ဘယ်သူသိမှာလဲ”

“ငါတော့ သူအဲ့ဒီရတနာကိုမသုံးဖို့ မျှော်လင့်တယ် မဟုတ်ရင် ငါတို့သူနဲ့ဘယ်လိုယှဉ်ရတော့မှာလဲ”

“အထွတ်အထိပ်အမတရတနာကိုသာမသုံးရင် သူက တောကြိုအုံကြားက ကုန်းမြေတိုက်တစ်ခုက ကျင့်ကြံသူလေးတစ်ယောက်ပါပဲ ထည့်ပြောဖို့တောင်မတန်ဘူး”

အန်းဟောင် သူ့အနားရှိကျင့်ကြံသူများ၏စကားများကိုနားထောင်ရင်း ခံစားချက်များ ရောထွေးနေခဲ့၏။

သူတွေးနေစဉ်မှာပင် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

“အန်းဟောင် မတွေ့တာကြာပြီ ‌ဒီတစ်ကြိမ်က ငါနိုင်ရမယ့်အလှည့်ပဲ”

အန်းဟောင် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ဆီလျှောက်လာသော ကျင့်ကြံသူနှစ်ယောက်ကိုမြင်လိုက်ရပြီး ထိုထဲမှတစ်ယောက်ကိုယ်ထဲတွင် မိစ္ဆာစွမ်းအင်များရှိနေခဲ့၏။

ထိုသူများမှာ လီယနှင့် ကျန်းပုကူသာ ဖြစ်သည်။

လီယ ယုံကြည်မှုများပြည့်နေသော မျက်လုံးများဖြင့် အန်းဟောင်ကိုကြည့်နေပြီး ကျန်းပုကူကတော့ သူ့ကိုစိတ်၀င်စားနေဟန်ဖြင့် ကြည့်နေခဲ့သည်။

အပိုင်း(၂၄၂)

ကာကွယ်ပေးဖို့ ကျိန်ဆိုခြင်း

လီယသည် တိုက်ခိုက်လိုစိတ်များ ပြည့်နေသော်လည်း အန်းဟောင်ကတော့ မတုန်မလှုပ်ပင်။ အရင်ကဆိုရင်တော့ သူလီယနှင့် ပညာဖလှယ်ဖို့ စိတ်ဝင်စားဦးမည်ဖြစ်သော်လည်း ယခုတော့ သူ့အာရုံက မမြင်ဖူးသေးသည့် သူဂျူနီယာညီလေးဆီတွင်သာ ရောက်နေခဲ့သည်။

ယခုအခါ လီယသည် အထွတ်အထိပ်အမတရတနာတစ်ခုကို ပိုင်ဆိုင်ထားပြီး အရင်ကနှင့်မတူတော့ပေ။ ပုံမှန်အားဖြင့် သူသည် လီယ၏ပြိုင်ဘက်မဟုတ်ပေ။

သို့သော် ထိုရတနာကိုဖယ်ထားလိုက်လျှင်တော့ လီယသည် သူနှင့်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီမနေပေ။

လီယ အန်းဟောင်စိတ်မကြည်ဖြစ်နေသည်ဟု တွေးလိုက်မိကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ငါမင်းနဲ့ပညာဖလှယ်တဲ့အခါ ဒီရတနာကိုမသုံးဘူး ဒါပေမယ့်အခြားသူတွေနဲ့ တွေ့ရင်တော့ ငါညှာနေမှာမဟုတ်ဘူး အားကုန်သုံးမှာ ဒီကောင်တွေကို အဓိပတိဂိုဏ်းရဲ့ ခွန်အားကို ပြရမယ်”

သူ့ဘေးတွင်ရပ်နေသော ကျန်းပုကူ ထေ့ငေါ့လိုက်သည်။

“ကျွန်တော်ကတော့ အစ်ကိုရတနာသုံးလည်းကိစ္စမရှိဘူးနော် တကယ်တော့ ကျွန်တော်ကအဲ့တာရဲ့ ထက်ရှမှုကိုတောင် စမ်းချင်နေတာ”

အန်းဟောင် ကျန်းပုကူကို ကြည့်လိုက်၏။ သူကျန်းပုကူကို အတော်လေးစိတ်၀င်စားစရာကောင်းသည်ဟု ခံစားနေရပြီး သူ့ကိုယ်ထဲရှ်ိ ချီသွေးများ၏ သန်မာမှုကို ခံစားနေခဲ့ရသည်။ အစစ်အမှန်အင်အားခြင်းယှဉ်လျှင် သူကလီယထက်ပိုသန်မာတာ သေချာ၏။

“မင်းနာမည်ဘယ်သူလဲ” အန်းဟောင် ကျန်းပုကူကို စိုက်ကြည့်ကာ မေးလိုက်သည်။

ကျန်းပုကူ ပြန်ဖြေလိုင်သည်။

“ငါ့နာမည်က ကျန်းပုကူပါ ငါကလီယရဲ့ ညီလေးပဲ”

လီယနှုတ်ခမ်းရှုံ့မဲ့သွားသော်လည်း ဘာမှတော့မပြောခဲ့ပေ။

အန်းဟောင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘာမှမပြောဘဲ နောက်ပြန်လှည့်သွားခဲ့၏။

လီယလည်း စိတ်၀င်စားလာပြီး ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။

“ငါတို့သုံးယောက်လုံးက အဓိပတိဂိုဏ်းကလာခဲ့ကြတာ ရှုံးတာနိုင်တာတွေကိုအနာငတ်မှာထားလိုက် အခုတော့ တစ်ယောက်နဲ့တစ်ယောက်ထောက်ပံ့ပေးကြရင်ရော”

အန်းဟောင် မငြင်းဘဲခေါင်းသာညိတ်ပြလိုက်သည်။

သူ့ရင်ထဲတွင် အဓိပတိဂိုဏ်းသည် နက်ရှိုင်းသောနေရာယူထားပြီး ယခုလိုဂိုဏ်းတူချင်း ကူညီပေးခြင်းမှာ သာမန်သာ ဖြစ်၏။

လီယနှင့်ကျန်းပုကူတို့လည်း အန်းဟောင်ဘေးသွားရပ်ကာ သူတို့အတွေ့အကြုံများကို ပြောပြလေတော့သည်။ အစက အန်းဟောင်စိတ်မ၀င်စားသော်လည်း နောက်တော့ သူတို့အတွေ့အကြုံများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရ၏။

ဤနှစ်ယောက်သည် တိုက်ပွဲကို အဝောာ်လေးဆာလောင်ကြသူများ ဖြစ်ကြသည်။

မကြာခင်တွင် လီယနှင့်ကျန်းပုကူ ငြင်းခုန်ကာ တစ်ယောက်ကိုတစ်ယောက်အပြစ်ပြောကြလေတော့သည်။ အန်းဟောင်လည်း သူတို့ကိုကြည့်ကာ မနာလိုဖြစ်သွားမိသည်။

သူ့ညီမလေးအန်းရှင်းအကြောင်းတွေးလိုက်မိသောအခါ တွင်မူ သူသက်ပြင်းသာချခဲ့ရ၏။

ကောင်းကင်ကတရားမျှတမှုမရှ်ိဘူးဟုပင် သူခံစားခဲ့ရသည်။

…

လီယနှင့် အခြားသူများ ကြယ်ပင်လယ်အဖွဲ့အစည်းတွင် လှည့်ပတ်သွားနေကြချိန်တွင် အဓိပတိဂိုဏ်းရှိ ကုအန်နှင့်တပည့်များအတွက်တော့ ဆယ်နှစ်ကုန်ဆုံးသွားခဲ့ပြန်သည်။

အချိန်ဆယ်နှစ်သာ မျက်စိတ်တစ်မှိတ်အတွင်းကုန်သွားသလို မြန်လွန်းလှ၏။

ကုအန်အသက်လည်း ၁၃၉ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနွေတွင် အဓိပတိဂိုဏ်းက ထျန်းပန်ဂိုဏ်းကို ကျင်းပတော့မည်ဖြစ်ပြီး ဂိုဏ်းထဲ၌ မျှော်လင့်မထားရလောက်အောင် စည်ကားနေခဲ့၏။

တတိ‌ယတောင်ကြားရှိ အိမ်တစ်လုံးထဲတွင်

ကုအန် စနစ်ကိုဖွင့်ကြည့်ကာ သူ့သက်တမ်းက ၈သန်းပြန်ပြည့်သွားသည်ကိုကြည့်ပြီး ကြိတ်၍ ကျေနပ်နေခဲ့သည်။

သူအပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ ချိုးဖြတ်ခဲ့စဉ်က သက်တမ်းအလွှာကပင် သက်တမ်း ၁သန်းနီးနီးကုန်ကျခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဆယ်နှစ်အတွင်း သက်တမ်း ‌၄သန်းလောက်ပြန်ပြည့်လာရာတည်ငြိမ်သည်ဟု ပြော၍ ရ၏။

ကုအန် နောက်တစ်ကြိမ်အဆင့်ချိုးဖြတ်ခြင်းကိုတော့ သက်တမ်း သန်း၁၀၀ပြည့်မှသာ လုပ်တော့မည်ဟု စီစဉ်ထားခဲ့သည်။

အချိန်အနည်းငယ်အတွင်း ထိုသန်းတစ်ရာပြည့်ဖို့ မဖြစ်နိုင်သော်လည်း ကုအန်သိပ်တော့ သောကရောက်မနေပေ။ သူ့တွင် ဝှက်ဖဲဖြစ်သော အပြင်ကမ္ဘာဂူကျန်နေသေးသည်။

အဆင့် ၇ ဆေးရွက်များက သက်တမ်း ဆယ်စုနှစ်လောက်နဲ့ ရင့်မှည့်လာမည်မဟုတ်ဘဲ ကုအန်ကလည်း လတိုင်းအဆင့်မြင့်ဆေးမျို့စေ့လေးများ ၀ယ်လာကာ စိုက်ထားခဲ့သေး၏။

လတ်တလောကုအန်တွေးနေသည်ကတော့ အမတအဆင့် စိတ်ဝိညဉ်အပင်ရရှိရန် ဖြစ်သည်။

မနှစ်က သူတော်စင်ထန်ဟိုင်က သီးသန့်လေလံပွဲကျင်းပခဲ့ပြီး ထိုပွဲတွင် အမတအဆင့်စိတ်ဝိညဉ်ပင် ပေါ်လာခဲ့၏။ သို့သော် ကံဆိုးစွာဖြင့် သူ့ဈေးက မိုးထိတက်သွားခဲ့သည်။ ကုအန်လတိုင်း ဆေးမျိုးစေ့များ၀ယ်နေရသောကြောင့် ထိုဈေးကိုမလိုက်နိုင်ခဲ့ပေ။ နောက်ဆုံးရရှိသွားသူမှာ ကြယ်ပင်လယ်အဖွဲ့အစည်းမှ အိတ်ဖောင်းကာ နောက်ခံတောင့်သော ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။

ကုအန် စိတ်ဝိညဉ်ပင်လေးတစ်ပင်ကို ခိုးဖို့တော့ စိတ်ကူးမရှိပေ။ ထိုအပင်က သူ့ကို တစ်ခါတည်းနှင့် သက်တမ်း ၁သန်းပေးမှာလည်းမဟုတ်သောကြောင့် သူရန်သူများ မွေးနေစရာမလိုပေ။ ထို့အပြင် အဓိပတိဂိုဏ်းနှင့် ကြယ်ပင်လယ်အဖွဲ့အစည်းက ဆက်ဆံရေးကောင်းရှိကြသည်။ သူ့တပည့်အနး်ဟောင်နှင့် လီယတို့ပင် ကြယ်ပင်လယ်အဖွဲ့အစည်းထဲ ၀င်ထားခြင်းဖြစ်သည်။

အနာဂတ်တွင် နောက်ထပ်အခွင့်အရေးတစ်ခု ရှိလာပေလိမ့်ဦးမည်။

ဤထျန်းပန်ပြိုင်ပွဲပြီးလျှင်တော့ သူအတော်လေးကြွယ်၀လာဦးမည်ဖြစ်သောကြောင့် ထိုပြိုင်ပွဲကိုသာ စိတ်လှုပ်ရှားစွာ မျှော်လင့်နေခဲ့၏။

ထို့နောက် အသိမိတ်ဆွေတစ်ယောက် ပြန်လာတော့မည်ဖြစ်သောကြောင့် ဆန်းကြယ်တောင်ကြားသို့ ဦးတည်ရန် ပြင်လိုက်လေတော့သည်။

လှေကားမှဆင်းလာပြီးသည့်နောက် ကုအန် ယန်ကျင်းကိုခေါ်ကာ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးပြီး ဆန်းကြယ်တောင်ကြားသို့ သွားခဲ့၏။

ဆန်းကြယ်တောင်ကြားမှ တပည့်များအားလုံးသည် ဤနှစ်များအတွင်း သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် ယန်ကျင်းကို တွေ့ဖူးပြီးဖြစ်သောကြောင့် ကုအန်နှင့်သူတို့ကြားဆက်ဆံရေးကို သိရှိနေခဲ့ကြသည်။

ကုအန် အိမ်ပေါ်ထပ်သို့တက်မသွားဘဲ ထိုအစား ယန်ကျင်းနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုခေါ်ပြီးသာ ဆေးတောင်ကြားထဲ လှည့်ပတ်ကြည့်ရှုနေခဲ့၏။

ဆယ်နှစ်ကြာပြီးနောက်အသက် ၃၂နှစ်အရွယ်ယန်ကျင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၂ သို့ရောက်ရှိနေပြီ ဖြစ်သည်။ ဤအသက်တွင် ထိုကဲ့သို့သောကျင့်ကြံခြင်းရှိနေခြင်းမှာ သူ့ကို ယနေ့ခေတ်၏ ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်နိုင်၏။ ယန်ကျင်းသည် အသက် ၂၀အရွယ်က ချီကျင့်ကြံခြင်းအဆင့် ၃သာ ရှိနေသေးသောကြောင့် သူပါရမီက ‌တိုင်းတာ၍ပင် မရနိုင်ပေ။

သို့သော် ယန်ကျင်းသည် သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားကာ ချီကျင့်ကြံခြင်းအဆင့် ၇ ဟူ၍သာ ပြသထားခဲ့သည်။

ယန်ကျင်းသည် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်ကို ကျင့်ကြံသောကြောင့် သူ့ချီသွေးများမှာ အလွန်သန်မာပြီး ဝိညဉ်အခြေတည်အဆင့်များပင် သူနှင့်ခွန်အားချင်း ယှဉ်နိုင်ကြမည် မဟုတ်ပေ။

ကုအန်၏ သင်ကြားပေးမှုနှင့်အတူ ယန်ကျင်းသည် ဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပြီး မောက်လည်းမမောက်မာသလို ကမူးရှူးထိုးလည်းမလုပ်တတ်တော့ဘဲ တပည့်ရင်းတစ်ယောက်၏ အသွင်အပြင်ကိုပြသနေခဲ့သည်။

“ကျွန်တော်ကြားတာတော့ ခန်းထျန်ဂိုဏ်းက တာအိုသခင်ရောက်လာပြီတဲ့” ယန်ကျင်း သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် ထျန်းပန်ပြိုင်ပွဲအကြောင်း ပြောနေခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ထိုပြိုင်ပွဲအကြောင်းအတော်လေး စိတ်၀င်စားနေခဲ့သည်။ သူတို့သည် အချင်းချင်းပြောဆိုရာ၌ သူများအကြောင်းသာပြောပြီး ကိုယ့်ကျင့်ကြံခြင်းအကြောင်းကိုယ် မပြောကြပေ။ ထိုအရာမှာလည်း ကုအန် သင်ကြားပေးထားသော အလေ့အကျင့်လေးတစ်ခုသာ ဖြစ်၏။

တခဏအကြာတွင်

အဝေးမှပုံရိပ်တစ်ခု ပျံသန်းလာခဲ့ပြီး ထိုပုံရိပ်မှာ လီယဖြစ်သည်။

ယန်ကျင်းလည်း လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲစိတ်၀င်စားနေသည့် အရိပ်အယောင်များ ပေါ်နေခဲ့၏။

အားကောင်းလိုက်တဲ့ အရှိန်အဝါ!

လီယ ဓားပျံနှင့်အတူ ကောင်းကင်ပေါ်မှ အမတတစ်ပါးလို ဆင်းသက်လာခဲ့သည်။

ဓားပြန်သိမ်းပြီးသည့်နောက် သူကုအန်ရှိရာ ဥယျာဉ်ထောင့်စွန်းသို့ အမြန်လျှောက်သွားလိုက်ပြီး နှုတ်ဆက်လိုက်၏။

ကုအန်ပြုံးကာ ပြောလိုက်သည်။

“စီနီယာအစ်ကိုလီဘာကိစ္စရှိလို့ ရောက်လာတာလဲ ကျွန်တော့်ကိုခဏစောင့်ဦးနော်”

လီယခေါင်းညိတ်လိုက်ကာ သူ့အကြည့်ကယန်ကျင်းဆီရောက်သွားခဲ့၏။

ယန်ကျင်း ကျင့်ကြံခြင်းကနိမ့်သော်လည်း သူ့အသွင်အပြင်ကတော့ သာမန်ဟုတ်မနေခဲ့ပေ။

“ဒီလူနဲ့ ဂျူနီယာညီလေးကုကြားထဲက ဆက်ဆံရေးကဘာများလဲ” လီယ စိတ်ထဲတွေးနေခဲ့မိသည်။

တခဏကြာသောအခါ ကုအန် ဆေးရွက်များကို တပည့်တစ်ယောက်ဆီ ပေးလိုက်ပြီး ယန်ကျင်းကိုခေါ်၍ လီယဆီသွားခဲ့၏။

ထို့နောက် ယန်ကျင်းနှင့်လီယကိုမိတ်ဆက်ပေးကာ ယန်ကျင်းအား လီယကိုနှုတ်ဆက်ဖို့ ပြောလိုက်သည်။

“ယန်ကျင်းဆရာဦလေးကို နှုတ်ဆက်ပါတယ်” ယန်ကျင်းလက်သီးဆုပ်ကာ ပြောလိုက်ပြီး သူ့ပုံစံက နှိမ့်ချလည်းမနေသလို မောက်မာ၍လည်း မနေပေ။ လီယအရှိန်အဝါက သန်မာသော်လည်း ကုအန်နှင့်တော့ ယှဉ်မရပေ။ အကယ်၍ ကုအန်သာ သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်မထားပါက သူတို့နှစ်ယောက်ကို ရွယ်တူဆရာတူညီကိုများဟု သတ်မှတ်၍ရမည်မဟုတ်ပေ။

လီယထိုစကားကိုကြားသောအခါ စိတ်၀င်တစားမေးလိုက်၏။

“ဒါက နတ်ဘုရားတို့၏ရာထူးများထဲက ယန်ကျင်းလား”

ယန်ကျင်းခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကျွန်တော်က ငယ်ငယ်လေးကတည်းက နတ်ဘုရားတို့၏ရာထူးများ ဖတ်ရတာကိုကြိုက်လို့ ဂိုဏ်းထဲ၀င်ပြီးတဲ့နောက် ကျွန်တော့်ရည်မှန်းချက်ကို ဖော်ပြတဲ့အနေနဲ့ ဒီနာမည်ပြောင်းလိုက်တာပါ”

လီယပြုံးလိုက်ပြီး သိုလှောင်အိတ်ထဲမှ ရတနာဓားတစ်ချောင်းထုတ်ကာ ယန်ကျင်းကိုပေးလိုက်၏။

ယန်ကျင်းကုအန်ကိုကြည့်လိုက်ပြီး ကုအန‌်ခေါင်းညိတ်ပြမှကာ ဓားကိုယူလိုက်လေသည်။

ထို့နောက် လီယ ကုအန်ကိုအိမ်ထဲဆွဲခေါ်သွားပြီး ကုအန်က ယန်ကျင်းကိုပါလိုက်ခဲ့ဖို့ခေါ်သောအခါ လီယ တွန့်ဆုတ်သွားခဲ့သည်။

“ကျင်းအာက ကျွန်တော်သိတာမှန်သမျှ သင်ပေးထားတဲ့ တပည့်ရင်းပါ အဲ့တာကြောင့်သူ့ကိုလည်း ကျွန်တော်တို့နဲ့ခေါ်ပြီး သူ့အသိပညာမိုးကုတ်စက်ဝိုင်းကို ချဲ့ပါစေ” ကုအန် ပြုံးကာပြောလိုက်၏။

ထိုစကားကိုကြားသောအခါ လီယ ယန်ကျင်းကို နောက်တစ်ချက်ကြည့်လိုက်သည်။

သူကုအန်ဆိုလိုချင်သည်ကို နားလည်၏။

“ငါသိပြီ မင်းအပြင်ထွက်လို့ ပြဿနာတစ်ခုခုနဲ့ကြုံရတိုင်း ဒီဆရာဦးလေးဆီကိုအချိန်မရွေးလာခဲ့လို့ရတယ်” လီယ တက်ကြွမှုအပြည့်နဲ့ပြောလိုက်ပြီး ယန်ကျင်းလည်း အမြန်ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။

ကုအန် ထိုအရာကို ရယ်စရာကောင်းသည်ဟုခံစားလိုက်ရ၏။ လီယက သူ့ရည်ရွယ်ချက်ကို မှန်ကန်စွာ ခန့်မှန်းခဲ့သော်လည်း ဆက်ဆံရေးကိုခန့်မှန်းရာမှာတော့ လွဲသွားခဲ့သည်။

တကယ်က သူယန်ကျင်းအတွက် နောက်ခံရှာပေးနေခြင်း မဟုတ်ဘဲ ဒီတိုင်းအသိတိုးစေရန်သာ ဖြစ်၏။

သူတို့သုံးယောက် အိမ်ပေါ်ရောက်သွားပြီးသည့်နောက် လီယသူ၏ ကြယ်ပင်လယ်အဖွဲ့အစည်းမှ အတွေ့အကြုံများကို စတင်ပြောပြလေတော့သည်။ ယခုအခါ သူသည် တပည့်ရင်းများကြားထဲ အားအနည်းဆုံးဖြစ်သော်လည်း ကမ္ဘာခြားနတ်မြို့တော်ကိုမှီခိုပြီး တပည့်ရင်းတစ်ယောက် ဖြစ်လာပြီ ဖြစ်၏။

ယန်ကျင်းနောက်မှဂိုဏ်းထဲ ၀င်ခြင်းဖြစ်သော်လည်း ကမ္ဘာခြားနတ်မြို့တော်အကြောင်း ကြားခဲ့ဖူးသည်။

မျှော်လင့်မထားဘဲ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကမ္ဘာခြားနတ်မြို့တော်ကိုသိမ်းပိုက်သွားသူမှာ သူ့ဆရာဦးလေး ဖြစ်နေခဲ့၏။

သူရုတ်တရက် လီယထိုကမ္ဘာခြားနတ်မြို့တော်ကိုရခဲ့ခြင်းမှာ သူ့ဆရာအကူအညီကြောင့်ဟု သံသယရှိသွားခဲ့သည်။

“စကားမစပ်ကျွန်တော်ကြားတာတော့ ကြယ်ပင်လယ်အဖွဲ့အစည်းမှာ အကဲဖြတ်စစ်ဆေးပွဲ ရှ်ိတယ်ဆို အစ်ကိုရော ၀င်ပြိုင်ခဲ့သေးလား” ကုအန် ရုတ်တရက်မေးလိုက်သည်။

လီယအမူအရာ ရုတ်ချည်းသဘာ၀မကျဖြစ်သွားကာ

“ငါပြိုင်ခဲ့တယ် နောက်ပြီး အဆင့်လည်းအတော်လေးကောင်းခဲ့ပါတယ် ထိပ်ဆုံး ၁၀၀ထဲ၀င်ခဲ့တယ်လေ ငါကိုယ့်ကိုယ်ပိုင်ခွန်အားကိုအခြေခံပြီး တပည့်ရင်းတစ်ယောက်ဖြစ်လာခဲ့တာ”

ကုအန် ထိုစကားကိုမယုံပေ။ လီယ ဤနှစ်များအတွင်းကမ္ဘာခြားနတ်မြို့တော်ကို ခဏခဏသုံးနေမှန်း သူသိနေခဲ့သည်။

“ကျွန်တော်ကြားတာတော့ အန်းဟောင်လည်း ၀င်ပြိုင်တယ်ဆို သူ့အဆင့်ကရော ဘယ်လောက်လဲ” ကုအန်ဆက်မေးလိုက်၏။

လီယအမူအရာပို၍ပင် အီလည်လည်ကြီးဖြစ်လာခဲ့သည်။

ယန်ကျင်းမျက်လုံးများ အရောင်တောက်သွားပြီး မေးလိုက်၏။

“ဆရာ ဆရာပြောနေတာ အဓိပတိဂိုဏ်းရဲ့ နံပါတ်၁ ပါရမီရှင် အန်းဟောင် လား”

“ဟုတ်တယ် သူပဲ”

ယန်ကျင်း အတွေးနွံနစ်သွားခဲ့လေသည်။

လီယ မရေရာဟန်ဖြင့် ပြောလိုက်၏။

“သူ့အဆင့်ကလည်းမဆိုးပါဘူး ငါကမ္ဘာခြားနတ်မြို့တော်ကိုမသုံးရင် သူ့ကိုတကယ်ပဲ မယှဉ်နိုင်ဘူး”

ကုအန်စိတ်ဝင်တစားမေးလိုက်သည်။

“အစ်ကိုဘာကိုဆိုလိုတာလဲ အစ်ကိုတို့နှစ်ယောက် တွေ့ခဲ့တယ်လား”

လီယ စိတ်ညစ်လာခဲ့၏။ သူ့ဂျူနီယာညီလေးသည်ဤအရာကို တမင်တကာ လုပ်နေခြင်းပေလော။

သူ့အား ဂျူနီယာတစ်ယောက်ရှေ့တွင် အရှက်ခွဲရန် ကြိုးစားနေခြင်းပေလော။

သူအမှန်တကယ်ပဲ အန်းဟောင်နှင့် တိုက်ခိုက်ခဲ့သည်။

သူသည် ကမ္ဘာခြားနတ်မြို့တော်ကိုသုံး၍ ကျင့်ကြံသူများစွာကို အနိုင်ယူခဲ့သော်လည်း အန်းဟောင်နှင့်တွေ့သောအခါ မျှတစေရန်အလို့ငှာ နတ်မြို့တော်မသုံးဘဲ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ဆိုးဆိုးရွားရွားဆုံးရှုံးခဲ့ရ၏။ ထိုအဖြစ်အပျက်က ကြယ်ပင်လယ်အဖွဲ့အစည်းတစ်ခုလုံးတွင် ကျော်ကြားသွားပြီး အန်းဟောင်နာမည်က ချက်ချင်း လူသိများလာခဲ့သည်။ အန်းဟောင်သည် သူ့ကိုခြေနင်းတုံးလိုသုံး၍ ကျော်ကြားသွားသောကြောင့် လီယ စိတ်တိုနေခဲ့မိသည်။

ဒေါသထွက်သော်လည်း သူနောင်တတော့မရပေ။ အန်းဟောင်သည် အမြဲတမ်း သူ့အတွက် နောက်ကလိုက်နေစရာ ရည်မှန်းချက်ကြီးတစ်ခုသာ ဖြစ်၏။ သူတို့ခွန်အားများ ဘယ်လောက်ကွာသွားမလဲဆိုတာ သူသိချင်နေခဲ့သည်။

သူ့တပည့်က လီယကိုနိုင်သွားကြောင်းသိလိုက်ရသောကြောင့် ကုအန် ခပ်ဟဟရယ်လိုက်မိ၏။ သူ့စိတ်ထဲ ကျေနပ်သလို ခံစားလိုက်ရသည်။

ဟူး ဒီအပြုအမူမျိုးက မကောင်းဘူးပဲ!

ကုအန် စကားဝိုင်းကိုလမ်းကြောင်းလွှဲလိုက်ပြီး ထျန်းပန်ပြိုင်ပွဲအကြောင်းသာ ပြောနေခဲ့၏။

လီယပြောသည်မှာ သူပြန်လာရသည့်အကြောင်းရင်းသည် ဂိုဏ်းချုပ်က သူ့ကိုစာပို့၍ ပြန်လာခိုင်း၍ဟုဆိုသည်။ အဓိပတိဂိုဏ်းသည် ပင်လယ်ရပ်ခြားမှကျင့်ကြံသူများနှင့် ရင်ဆိုင်ရန် ကမ္ဘာခြားနတ်မြို့တော်၏ အစွမ်းကို လိုနေခဲ့၏။

နောက်ဆုံးတွင် ဤပွဲသည် အဓိပတိဂိုဏ်း၏ ပထမဆုံးအကြိမ်ကျင်းပသော ထျန်းပန်ပြိုင်ပွဲ ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်ကုန်းမြေနှင့် အခြားပင်လယ်ရပ်ခြားကျင့်ကြံသူများ ပါနေလျှင်ပင် နံပါတ် ၁ နေရာကို သူတို့ဂိုဏ်းကသာ ရချင်နေခဲ့သည်။

လုပိုင်ထျန်းလုပ်ရပ်က မမျှတဘူးဟုခံစားရသော်လည်း ကုအန်၀င်တော့ မဝေဖန်ခဲ့ပေ။ ဓမ္မရတနာများမှာ ကျင့်ကြံသူများ၏ ခွန်အားတစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ သူကလွဲပြီး ဓမ္မရတနာများအပေါ် မမှီခိုသူ မည်သူ ရှိမည်နည်း။

“စီနီယာအစ်ကိုလီ ကျွန်တော့်တပည့်ကို ဘယ်လိုထင်လဲ ကျွန်တော် နောက်နှစ်ပေါင်း ၅၀၀နေရင် သူ့ကိုလည်း ထျန်းပန်ပြိုင်ပွဲ ၀င်ပြိုင်ခိုင်းမှာ အဲ့ဒီအခါ သူကအစ်ကိုနဲ့တောင် ရင်ဆိုင်ရနိုင်တယ်” ကုအန်ပြုံး၍ ပြောလိုက်သည်။

လီယယန်ကျင်းကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏

။

“သူ့ကျင့်ကြံခြင်းက နည်းနည်းနိမ့်တယ် ကမ္ဘာ့နံပါတ်၁ နေရာကို၀င်ပြိုင်ဖို့ဆိုပေမယ့် အခွင့်အရေးကြီးတစ်ခုခု ရလာဖို့ လိုနေသေးတယ်”

ယန်ကျင်းတိတ်တဆိတ်သာ ဘာမှမပြောဘဲ ဘေးတွင်ရပ်နေခဲ့လိုက်သည်။

ကုအန်ရယ်မောကာ ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်တပည့်မှာ ချီကံကြမ္မာရှိတယ်လို့ ယုံကြည်တယ် သူကတဖြည်းဖြည်းကမ္ဘာကြီးကို အံ့အားသင့်သွားစေလိမ့်မယ် ကျွန်တော်အဲ့နေ့ကို မြင်ရဖို့မသေချာပေမယ့် အစ်ကို့တို့နှစ်ယောက် အမတကျင့်ကြံခြင်းလမ်းခရီးမှာ တစ်ယောက်နဲ့တစ်ယောက် အထောက်အပံ့ပေးသွားပြီး အတူတူလျှောက်လှမ်းကြဖို့ မျှော်လင့်ပါတယ် နောက်ဆုံးတော့ ဒီလမ်းစဉ်ဆိုတာ တစ်ယောက်တည်းလျှောက်ရတာမှ မဟုတ်ဘဲ”

ထိုစကားများက လီယကိုခံစားသွားရစေခဲ့သည်။

သူ့ဂျူနီယာညီလေး၏ ပါရမီကသာမန်ဖြစ်မှန်း သူသိ၏။ ထို့ကြောင့် ကုအန်သည် သူ့လိုအချိန်အကြာကြီးအသက်ရှင်ရမည် မဟုတ်ပေ။

လီယလေ‌းလေးနက်နက်ပြောလိုက်သည်။

“စိတ်ချပါဂျူနီယာညီလေး မင်းတပည့်ကငါ့တပည့်ပါပဲ ငါအသက်ရှင်နေသရွေ့ ငါသူ့ကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးမယ် သူ့ကို ထိခိုက်စေလိုတဲ့သူမှန်သမျှ ငါ့အလောင်းကိုအရင်ကျော်သွားရမယ်”

ယန်ကျင်း လီယကိုကြည့်နေရင်း သူ့မျက်လုံးပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့ရသည်။

All Chapters