အခန်း (၂၄၅-၂၄၆)
Vol. 19 Ch. 245-246
အပိုင်း(၂၄၅)
ဆရာသခင်ဓားအရှင်ထံမှ ဖိအား
တတိယတောင်ကြားတွင် ကုအန် အိမ်ပေါ်မှပြန်ဆင်းလာကာ ကျောက်စားပွဲသို့ပြန်သွားလိုက်ပြီး တပည့်များနှင့်အတူ ထျန်းပန်ပြိုင်ပွဲကို ကြည့်ရှုနေခဲ့လိုက်သည်။
သူဝောာ်စင်ပိလျူကိုသတ်ဖြတ်ခြင်းမှ သက်တမ်း ၇၀၀၀ကျော်ရခဲ့လိုက်ရာ သိပ်တော့မဆိုးလှချေ။
သူဝောာ်စင်ပိလျူသည် သက်တမ်း ၇၀၀၀၀ကျော်ရှင်သန်ပြီးဖြစ်ပြီး သူသည် နောက်ဆုံးနှစ်၁၀၀၀၀အတွင်း အဆင့်ငယ်တစ်ဆင့်ပင် မချိုးဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း အမတအခွင့်အလမ်းကို အသည်းအသန်ရှာဖွေနေခဲ့စဉ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ပေးသော မက်လုံးတွင် ပါသွားခဲ့ခြင်းဖြစ်သည်။
ကုအန် သူဝောာ်စင်ပိလျူအပေါ် စာနာစိတ်မျိုးတော့ မဖြစ်မိပေ။ လူတိုင်းသည် ကိုယ့်ရွေးချယ်မှုကို ကိုယ်သာတာ၀န်ပြန်ယူရမည်ဖြစ်သည်။
သူအခုစဉ်းစားနေသည့်အကြောင်းမှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့်မည်သို့ရင်ဆိုင်ရမလဲဆိုတာသာ ဖြစ်၏။
အကယ်၍ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက သူ့ကိုတိုက်ရိုက်မတိုက်ခိုက်သေးလျှင်တော့ သူကလည်းသွား၍ တိုက်ခိုက်မည်မဟုတ်ပေ။ ကုအန်အတွက်က အချိန်ဆွဲလေလေ အကျိုးပိုရှိလေသာ။
ထျန်းပန်ပြိုင်ပွဲ၏ ပထမပွဲစဉ်မှာအခုထိမပြီးသေးပေ။ ကျိုးကျူနှင့် ကုရွှမ်တို့ နှစ်ယောက်စလုံးသည် ဆန်းကြယ်နှလုံးသားအဆင့်များဖြစ်ကြပြီး အဆင့်တူများကြား အနိုင်အရှုံးဆုံးဖြတ်ဖို့က ခက်ခဲပေသည်။ ထို့အပြင် သူတို့နှစ်ယောက်ကြားထဲတွင်လည်း ရန်ငြှိုးရှိသည်မှာ ထင်ရှားနေပြီး နှစ်ယောက်လုံးက နတ်သိုင်းအမျိုးမျိုးသုံး၍ တိုက်ခိုက်နေလေရာ အတော်လေး ကြည့်ကောင်းနေခဲ့၏။
“ပြောကြတာတော့ ကျိုးမိသားစုက သူတို့တပည့်တွေအကုန်လုံးကို အဓိပတိဂိုဏ်းကထုတ်သွားတဲ့အချိန် ကုမိသားစုက အဓိပတိဂိုဏ်းကိုအပြည့်အ၀ထောက်ခံလိုက်ပြီးကတည်းက သူတို့မိသားစုနှစ်ခုက ဆန်ကျင့်ဘက်ဖြစ်သွားကြတယ် အဲ့တာကြောင့် ဒီတိုက်ပွဲက သူတို့ေရွးချယ်မှုေတွအတွက် အမှားအမှန်ကိုသက်သေပြမယ့် ဂုဏ်သိက္ခာတိုက်ပွဲလို့ ပြောကြတယ်”
“ဂိုဏ်းမှာ ဆရာသခင်ဓားအရှင်ရှိနေတာကို ဘယ်လိုဖြစ်လို့ ကျိုးမိသားစုကအဲ့လောက်အမြင်ကျဉ်းရတာလဲ”
“ခန်းထျန်ဂိုဏ်းက ကျိုးမိသားစုကို ဘယ်လိုအကျိုးအမြတ်တွေနဲ့ ဆွဲဆောင်ခဲ့လဲ ဘယ်သူသိမှာလဲ”
“ပြောကြတာတော့ အခုထိ ဆရာသခင်ဓားအရှင်ကအခြားဂိုဏ်းတွေကိုမတိုက်ခိုက်သေးတော့ သူတို့ဂိုဏ်းတွေကလည်း ဆရာသခင်ဓားအရှင်ကို ဆွဲဆောင်ကောင်းဆွဲဆောင်နိုင်လိမ့်မယ်လို့ အထင်မှားနေကြတယ်လေ”
“ဆန်းကြယ်နှလုံးသားအဆင့်တွေကြားက တိုက်ပွဲက အရမ်းကြမ်းလွန်းတယ် မဟာယနအဆင့်တိုက်ပွဲသာဆို ဘယ်လိုတောင်ဖြစ်မလဲ ငါစိတ်ကူးတောင်ကြည့်မရတော့ဘူး”
အဓိပတိဂိုဏ်းထဲတွင် ထျန်းပန်ပြိုင်ပွဲ ပထမပွဲအကြောင်းဆွေးနွေးမှုများ ကျယ်လောင်စွာထွက်ပေါ်နေခဲ့ပြီး ကျိုးမိသားစုနှင့်ကုမိသားစုကြား ရန်ငြှိုးအာဃာတရှိသည့် သတင်းမှာလည်း အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
ကုအန်ဘေးတွင်ထိုင်နေသော အန်းရှင်းနှင့်ရှောင်ချွမ်တို့လည်း ထိုအကြောင်းဆွေးနွေးနေကြပြီး ကြယ်ပင်လယ်အဖွဲ့အစည်းမှ ယုယင်ယင်ကတော့ ကျိုးမိသားစု၏ ခန်းထျန်ဂိုဏ်းအပေါ် အဓိပ္ပာယ်မဲ့ယုံကြည်မှုကို အပြစ်တင်နေခဲ့သည်။
သူမအမြင်တွင် ဆရာသခင်ဓားအရှင် အဓိပတိဂိုဏ်းတွင်နေနေခြင်းမှာ သူတို့ကြားထဲ ဆက်စပ်မှုရှိနေခြင်းကြောင့်သာ ဖြစ်၏။ မဟုတ်လျှင် ထိုသို့သောအဆင့်မျိုးကို မင်းဆက်သုံးခုပေါင်း အရင်းအမြစ်များကပင် ဆွဲဆောင်ထားနိုင်လိမ့်မည် မဟုတ်ပေ။
ယန်ကျင်းလည်း သူ့ဆရာကိုဆွဲထားနိုင်ရန် အဓိပတိဂိုဏ်းတွင် မည်သည့်နှစ်သက်ဖွယ်ရာများ ရှိနေသလဲဟု တွေးနေမိသည်။
နောက်ဆုံးတွင် ထျန်းပန်ပြိုင်ပွဲ ပထမပွဲစဉ်သည် ကုရွှမ်း၏အနိုင်နှင့် ပြီးဆုံးသွားခဲ့၏။ ထို့ကြောင့် အဓိပတိဂိုဏ်း၏ ဂုဏ်သိက္ခာလည်းပိုမိုတိုးတက်လာခဲ့ပြီး ပင်လယ်ရပ်ခြားကျင့်ကြံသူများပင် သူတို့အပေါ် အမြင်ပြောင်းလဲလာခဲ့သည်။
အဓိပတိဂိုဏ်း၏ အခြေခံအုတ်မြစ်က အားနည်းနေသေးသော်လည်း သူတို့ဂိုဏ်း၏ တိုးတက်မှုအဟုန်ကတော့ ရပ်တန့်၍ မရတော့ပေ။
ဒုတိယပွဲစဉ်မှာတော့ ပင်လယ်ကျင့်ကြံသူများအချင်းချင်းကြား ပွဲစဉ်ဖြစ်၏။ ပြိုင်ပွဲ၏ ပွဲစဉ်များကို လုပိုင်ထျန်းက တမင်ကြိုးကိုင်ပြီးလုပ်ထားသည်ဟု ကုအန် သံသယရှိသော်လည်း ထိုအရာက ကိစ္စတော့မရှ်ိပေ။ ပြိုင်ပွဲသည် ရှုံးထွက်ဖြစ်သောကြောင့် ထိပ်ဆုံးနေရာကိုရယူဖို့ ရည်မှန်းထားသူများသည် သူတို့၏ နောက်ဆုံးပွဲစဉ်အထိ ဂရုစိုက်ကြရမည် ဖြစ်သည်။ အချို့က ပွဲစဉ်ဇယားစီစဉ်မှုများအပေါ် မကျေနပ်ပါသော်လည်း တစ်ကမ္ဘာလုံးရှေ့တွင် မျက်နှာပျက်ခံ၍ ဘယ်သူကမှ ထုတ်မပြောခဲ့ကြပေ။
ယခုပွဲစဉ်သည် မဟာယနအဆင့်များကြားပွဲစဉ်ဖြစ်သောကြောင့် တိုက်ပွဲသည် အလွန်ကြမ်းတမ်းလှပြီး လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်အောက်ခြေတွင် သက်တန့်ရောင်များပင် ပေါ်ပေါက်နေခဲ့သည်။
မဟာယနအဆင့်များကြား တိုက်ပွဲက ၂နာရီနီးနီးကြာခဲ့ပြီးမှ အနိုင်ရရှိသူထွက်ပေါ်လာခဲ့သည်။ ထိုမျှအချိန်ကို ဘယ်သူကမှ ပျင်းစရာကောင်းသည်ဟု မခံစားရဘဲ စိတ်ပင်လှုပ်ရှားနေခဲ့ကြ၏။
ထျန်းပန်ပြိုင်ပွဲသည် နေ့ညမပြတ်ဆက်လက်ကျင်းပနေပြီး ညဉ့်အချိန်တွင်ပင် တိုက်ပွဲများ ရှိနေခဲ့သည်။
တတိယမြောက်နေ့တွင် ရီလန်နှင့်ကျန်းချင်တို့ ကုအန်ဆီသို့ ပြိုင်ပွဲအတူတူကြည့်ရန် လာရှာခဲ့ကြသည်။ ယနေ့တွင် လီယ၏ပွဲရှိသည်ဟု သူတို့ကြားထားသောကြောင့် လီယနတ်သိုင်းများကို အတူတူကြည့်ရှုကြဖို့ ဖြစ်၏။
ရီလန် ကုအန်ဘေးတွင်ထိုင်နေရင်း အရင်က ဆန်းကြယ်တောင်ကြားမှနေ့ရက်များအကြောင်း ပြန်တွေးနေခဲ့မိသည်။
အတိတ်ကိုပြန်တွေးကြည့်သောအခါ သူရော ကျန်းချင်ရော ယနေ့လိုနေ့မျိုးရောက်ရှိလာမည်ဟု ဘယ်သူမှ တွေးမထားခဲ့ကြဖူးပေ။ သူရော ကျန်းချင်ရောအတွက် တစ်ဘ၀လုံးတွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိလျှင်ပင် လုံလောက်နေပြီဖြစ်သည်။ သို့သော်လည်း ယခုတော့ နှစ်ယောက်လုံး အခွင့်အလမ်းကိုယ်စီတွေ့ခဲ့ကြကာ နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့အသက်နှင့် ယခုကျင့်ကြံခြင်းနှင့်ဆိုပါက သူတို့ကို ရှားပါးသောပါရမီရှင်များဟုပင် သတ်မှတ်နိုင်၏။ သို့သော်လည်း သူတို့သည် ပါရမီရှင်အစစ်များမဟုတ်ကြောင်း သူတို့ကိုယ်တိုင် သိသောကြောင့် မထောင်လွှားဘဲ အမတကျင့်ကြံခြင်းလမ်းစဉ်ကိုသာ တလေးတစားလျှောက်လှမ်းနေခဲ့ကြသည်။
ကုအန်လည်း အတိတ်နေ့များကို ပြန်လည်တွေးတောနေမိသည်။ သူ့အတွက်တော့ သူ့ဘေးနားမှလူများကို အောင်မြင်မှုတစ်ခုဆီတွန်းပို့ပေးလိုက်နိုင်ခြင်းမှာ အောင်မြင်မှုတစ်ခုသာ ဖြစ်၏။
အမတကျင့်ကြံခြင်းကို ခံစားချက်များမပါဘဲ မလျှောက်လှမ်းသင့်ပေ။ ထိုအရာက မှန်မမှန်မသိသော်လည်း အနည်းဆုံးတော့ သူအဲ့လိုခံစားရပေသည်။
မွန်းတည့်ချိန်သို့ရောက်သောအခါ လီယ အလှည့်ရောက်ရှိလာခဲ့၏။
လီယ၏နာမည် ထွက်ပေါ်လာသောအခါ အဓိပတိဂိုဏ်းတစ်ခုလုံး နားကွဲလုမတတ် ချီးကျူးဂုဏ်ပြုသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ လီယ၏ ကမ္ဘာခြားနတ်မြို့့တော်အကြောင်းက ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ သူ့ပါရမီက အန်းဟောင်လောက်မကောင်းသော်လည်း ကမ္ဘာခြားနတ်မြို့တော်ကြောင့် သူ့ကိုဘယ်သူကမှ အထင်မသေးရဲကြပေ။
လီယ၏ ဂိုဏ်းဆီပြန်လာမှုကလည်း ထျန်းပန်ပြိုင်ပွဲတွင် ပထမနေရာကို ရယူေပးဖို့အတွက်ဖြစ်မှန်း သိသာနေလေရာ တပည့်များက အဘယ်ကြောင့် သူ့ကိုမချီးကျူးဘဲ နေကြမည်နည်း။
နေရာအနှံ့မှ ချီးကျုးသံများကို နားထောင်ရင်း ကုအန်နှုတ်ခမ်းပေါ် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့၏။
လွန်ခဲ့သောနှစ်တစ်ရာက လီယ ဆန်းကြယ်တောင်ကြားမှထွက်ခွာသွားခဲ့စဉ်က သူသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျော်ကြားစေရမည်ဟု ကြွေးေကြာ်သွားခဲ့သည်။ ယခုတော့ သူ့ရည်မှန်းချက် ပြည့်မြောက်ခဲ့လေပြီ။
“အခုကစပြီး နောင်နှစ်တစ်ထောင်ကိုရောက်တဲ့အခါ အစ်ကိုအခုထက် ပိုမြင့်တဲ့နေရာကိုရောက်နေပြီး ပိုပြီးများတဲ့ ချီးကျုးဂုဏ်ပြုသံတွေရရှိစေဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ကုအန် ကောင်းကင်ရှိ အလင်းမျက်နှာပြင်ပေါ်မှလီယကိုကြည့်ကာ တွေးနေခဲ့သည်။
လူတိုင်း၏ စရိုက်များက ကွဲပြားကြသောကြောင့် အမတကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရာတွင်လည်း ကွဲပြားသွားကြသည်။ ကုအန်အတွက်တော့ အသက်ရှည်ခြင်းက အဓိကဖြစ်ပြီး ထာ၀ရအသက်ကိုမရရှိသေးသရွေ့ သူက ကျော်ကြားမှုဂုဏ်သရေများအပေါ် နှစ်သက်နေလိမ့်မည် မဟုတ်ပေ။
လီယကတော့ ကွဲပြားပေသည်။ သူက လွတ်လပ်ခြင်းနှင့် ဂုဏ်သရေကို ပိုမိုတောင့်တပြီး သူ့လမ်းစဉ်က ကုအန်နှင့် မတူပေ။ ကုအန် လီယလမ်းစဉ်က မှားသည်လို့တော့ မတွေးမိပေ။ နောက်ဆုံးတွင်လူတိုင်း၌ သူ့လိုသက်တမ်းစုဆောင်းသည့် စွမ်းရည်မျိုး ရှိနေခြင်း မဟုတ်ပေ။
အကယ်၍ သူ့တွင်ထိုစွမ်းရည်မရှိလျှင် သူလည်းယခုအချိန် ပြေးလွှား၍ အခွင့်အလမ်းများအတွက် အသက်စွန့်နေရမည် ဖြစ်သည်။
ကုအန် လီယဘယ်လောက်အမြင့်ထိရောက်ပြီး ကောင်းကင်ကံကြမ္မာကိုချိုးဖျက်ကာ နိဗာနအဆင့်သို့ ရောက်နိုင်ပါ့မလားဆိုတာကို အတော်လေး စိတ်၀င်စားနေမိခဲ့သည်။
လီယသက်တမ်းအကန့်အသတ်က အခုထိ တိုးမလာခဲ့သေးပေ။
လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်ထဲတွင် လီယ အမတစိတ်ဝိညဉ်ကို ပုခုံးပေါ်တွင် တင်ထားရင်း ဂုဏ်ယူစွာ ရပ်နေခဲ့သည်။ သူ့ပုခုံးပေါ်ရှိ တစ်ကိုယ်လုံးလက်သည်းနှင့် သွားသာမြင်ရသော မည်းနက်နေသည့် သတ္တဝါလေးက သူ့ပြိုင်ဘက်ကို မာနကြီးစွာ ကြည့်ရှုနေပုံမှာတော့ ချစ်စရာပင် ကောင်းနေသေး၏။
လီယ၏ ပြိုက်ဘက်မှာ တာအို၀တ်စုံ၀တ်ဆင်ထားသော နိဗာနအဆင့် ၃ အဖိုးကြီးတစ်ယောက်ဖြစ်သည်။ ထိုအခိုက်တွင် လီယကို မျက်နှာချင်းဆိုင်ရင်း အဖိုးကြီး၏ အမူအရာတည်ကြည်နေခဲ့၏။
သူအဓိပတိဂိုဏ်းကို သူတို့၏အရှက်မဲ့မှုအတွက် ကြိတ်ကျိန်ဆဲနေခဲ့မိသည်။
လီယနှင့် ယှဉ်ပြိုင်ရခြင်းမှာ အကယ်၍ သူနိုင်သွားလျှင်တောင် သူတို့ကြားကျင့်ကြံခြင်းကွာဟမှုကြီးမားလွန်းသောကြောင့် ဘာမှသိက္ခာရှိမည်မဟုတ်ပေ။ သူရှုံးသွားရင်တော့ အရှက်တကွဲအကျိုးနည်း ဖြစ်ရပေလိမ့်မည်။
သူတို့သည် အထွတ်အထိပ်အမတရတနာကိုပိုင်ဆိုင်ထားသော လီယအတွက် အဘယ်ကြောင့် အချုပ်အနှောင်မဲ့အမတတစ်ပါးနှင့် တွေ့မပေးသနည်း။
သူတို့သည် သူ့အား ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုချင်နေခြင်းပေလော။
တာအို၀တ်စုံ၀တ်အဖိုးအို အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူ့ဓမ္မရတနာကိုထုတ်လိုက်ပြီး တိုက်ပွဲအတွက်ပြင်ဆင်လိုက်လေသည်။
လီယကတော့ ဘာမှမပြောဘဲ ကမ္ဘာခြားနတ်မြို့တော်ကိုသာ တိုက်ရိုက်ဆင့်ခေါ်လိုက်၏။ ကမ္ဘာခြားနတ်မြို့တော်သည် သူ့ကိုယ်ထဲမှ ပျံသန်းထွက်ပေါ်လာကာ အလျင်အမြန်ပင် ကျယ်ပြန့်သွားပြီး သူ့ကိုယ်ပေါ်တွင် ပုံရိပ်ယောင်တစ်ခုအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
ကမ္ဘာခြားနတ်မြို့တော်ပေါ်ပေါက်လာမှုက အဓိပတိဂိုဏ်းတစ်ခုလုံးကို ဆူညံသွားစေခဲ့၏။
ကျင့်ကြံသူအများစုသည် ကမ္ဘာခြားနတ်မြို့တော်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားကုန်ကြသည်။
ကမ္ဘာခြားနတ်မြို့တော်ထွက်ပေါ်လာပြီးကတည်းက တိုက်ပွဲရလဒ်ကတော့ ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့၏။
ဤပြိုင်ပွဲသည် လီယနှင့် တာအို၀တ်စုံ၀တ်အဖိုးအိုကြားက ပြိုင်ပွဲဖြစ်သော်လည်း တကယ်တော့ အမတစိတ်ဝိညဉ်ကသာ လီယအစား တိုက်ခိုက်ပေးနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကမ္ဘာခြားနတ်မြို့တော်ထဲရှ်ိ လီယလည်း ဖိအားအချို့ကို တောင့်ခံထားနေခဲ့ရ၏။ အကယ်၍သူသာ မြေလျှောက်အမတတစ်ပါးနှင့် ကာလရှည်တိုက်ပွဲတစ်ခု တိုက်ခိုက်ရပါက ကမ္ဘာခြားနတ်မြို့တော် အမတစိတ်ဝိညဉ်က မရှုံးနိုင်သော်လည်း လီယကတော့ ဖိအားကြောင့် သေဆုံးသွားနိုင်ပေသည်။
ဒါပေါ့ ထျန်းပန်ပြိုင်ပွဲတွင်တော့ ကုအန်သတ်လိုက်သော မြေလျှောက်အမတမှလွဲ၍ မည်သည့်မြေလျှောက်အမတမှ မပါ၀င်ခဲ့ပေ။
တိုက်ပွဲတွင် ကမ္ဘာခြားနတ်မြို့တော်၏စွမ်းအားကို အပြည့်အ၀ မြင်တွေ့နေခဲ့ရသည်။ နတ်မြို့တော်ထဲမှ ထွက်ပေါ်လာသော နတ်ဝိညဉ်မိစ္ဆာများ၏ အရှိန်အဝါက အံ့အားသင့်စရာကောင်းသလို ကြောက်စရာလည်း ကောင်းလှ၏။
လီယ အနိုင်ရရှိပြီးသောအခါတွင်မူ ထျန်းပန်ပြိုင်ပွဲ၏လေထုက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့လေသည်။
ကုအန် ရှန်းကျန် သူမဂူရှေ့တွင် ကမ္ဘာခြားနတ်မြို့တော်ပုံကို ဆွဲနေသည်ကိုလည်း တွေ့နေခဲ့ရ၏။
……
အချိန်တစ်လသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ထျန်းပန်ပြိုင်ပွဲ ပြိုင်ပွဲ၀င်စာရင်းသည် ၅၀၀ မှ ၃၀ သို့လျော့ကျသွားခဲ့သည်။ ထိုကျန်ရှိသည့် သုံးဆယ်ထဲတွင် လီယမှလွဲ၍ အနိမ့်ဆုံးကျင့်ကြံခြင်းရှိသူမှာ မဟာယနအဆင့် ဖြစ်၏။
လီယမှလွဲပြီး ပြိုင်ပွဲတွင် အထင်ရှားဆုံးသူများမှာတော့ ၀တ်ရုံဝါအမတအရှင်နှင့် ကြယ်ပင်လယ်အဖွဲ့အစည်းမှ ယန်ချီထျန်းတို့ ဖြစ်ကြပေသည်။
ယန်ချီထျန်းသည် အချုပ်အနှောင်မဲ့အမတအဆင့် ၉ ဖြစ်ပြီး သူနှင့်ကျင့်ကြံခြင်းအဆင့်ခြင်းယှဉ်နိုင်သူမှာ ၀တ်ရုံ၀တ်အမတအရှင်သာ ရှိ၏။
ညဉ့်နက်ချိန်တွင်
အတွင်းစည်းဂိုဏ်းမြို့ထဲရှ်ိ အိမ်တစ်လုံးထဲ၌
ယန်ချီထျန်း တင်ပလ္လင်ခွေထိုင်ကာ သူ့လင်းရှီများကို ပြန်ဖြည့်ရန် ကျင့်ကြံနေခဲ့သည်။
သူသည် ကျားပုံနဂါးပုံများ ထိုးထားသော အနက်ရောင်ကိုယ်ကြပ်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့ပုံစံက အတော်လေး အထင်ကြီးစရာကောင်းလှ၏။
ထိုစဉ် ရုတ်တရက် သူခြေသံများကြားလိုက်ရသောကြောင့် မျက်လုံးဖွင့်လိုက်ရာ သူ့အခန်းထဲ ခရမ်းရောင်ချီများ၀န်းရံထားသောပုံရိပ်တစ်ခုရောက်ရှိနေသည်ကို တွေ့လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။
“ဘယ်သူလဲ” ယန်ချီထျန်း အသံခပ်နက်နက်ဖြင့် ပြောလိုက်၏။
တစ်ဖက်လူသည် သူမသိလိုက်ခင်တွင် ရောက်လာနိုင်သူ ဖြစ်နေခဲ့သည်။ ခြေသံဆိုသည်မှာလည်း တမင်သူ့ကိုသတိပေးဖို့ အသံပေးလိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့သော ကျင့်ကြံခြင်းရှိသည့်သူမျိုးအတွက် ခြေသံထွက်လာရန်မှာ မဖြစ်နိုင်ပေ။
သူတစ်ဖက်လူကို အသေးစိတ်အကဲခတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ သူ့အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ပြောလိုက်၏။
“စီနီယာက ဆရာသခင်ဓားအရှင်လား”
ကုအန် နတ်အာရုံက အိမ်တစ်ခုလုံးကိုဖုံးအုပ်ထားပြီး ဖြစ်သောကြောင့် သူတို့ကိုဘယ်သူမှ ချောင်းကြည့်နိုင်တော့မည် မဟုတ်ပေ။
ကုအန်ပြောလိုက်သည်။ “ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ပတ်သက်ပြီး တကယ့်ရပ်တည်ချက်အစစ်က ဘာလဲ”
ထိုစကားကိုကြားသောအခါမှ ယန်ချီထျနိး စိတ်အေးသွားခဲ့ရ၏။ တစ်ဖက်လူက စကားစပြောနေလေရာ သူတို့စကားပြောနိုင်သည်ဟု ဆိုလိုနေပေသည်။
ကြယ်လွှမ်းခြုံအနန္တဓားသိုင်းကို တွေ့ပြီးကတည်းက ယန်ချီထျန်းသူ့ကိုယ်သူ ဆရာသခင်ဓားအရှင်၏ပြိုင်ဘက်အဖြစ်မသတ်မှတ်တော့ပေ။ မြေလျှောက်အမတတစ်ပါးပင် သူ့ဓားတစ်ချက်ကို မခံနိုင်လေရာ သူကမည်သို့ပြိုင်ဘက်ဖြစ်နိုင်ပါတော့မည်နည်း။
သူချက်ချင်းမဖြေဘဲ ထိုအစားအတွေးနက်သွားခဲ့သည်။
ကုအန်လည်း သူ့အားသက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။
[ယန်ချီထျန်း(အချုပ်အနှောင်မဲ့အမတအဆင့် ၉): ၁၄၅၉၀/၂၅၀၀၀/၅၀၀၀၀]
သက်တမ်းအကန့်အသတ် ၅၀၀၀၀နှင့်ဆိုပါက ထိုလူ့တွင် မြေလျှောက်အမတတစ်ပါးဖြစ်လာဖို့ အခွင့်အရေးရှိနေသေးသည့်ပုံပင်။
ကုအန်ကြိတ်၍တွေးနေလိုက်ပြီး မလောဘဲ ယန်ချီထျန်း၏အဖြေကိုစောင့်နေခဲ့သည်။
တကယ်တော့ သူမေးစရာပင်မလိုပေ။ ကြယ်ပင်လယ်အဖွဲ့အစည်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့်စစ်ဖြစ်နေတာကြာပြီဖြစ်သည်။ သူက လုပ်ထုံးလုပ်နည်းများကိုလိုက်နာသည့်အနေဖြင့် ဒီတိုင်း ကြယ်ပင်လယ်အဖွဲ့အစည်းမှကျင့်ကြံသူတစ်ယောက်၏ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအပေါ်တုန့်ပြန်ပုံကိုသာ သိလိုခြင်းဖြစ်၏။
ယန်ချီထျန်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။ “အရိုးသားဆုံးပြောရရင် ကျွန်တော်တို့နဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ရန်ငြှိုးရှိလာခဲ့တာ နှစ်သိန်းချီရှိနေပြီ ကျွန်တော်တို့ကြားကအခြေအနေက စေ့စပ်ညှိနှိုင်းလို့မရနိုင်တော့ဘူး ကြယ်ပင်လယ်အဖွဲ့အစည်းက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို အားကုန်ထုတ်တိုက်ခိုက်ဖို့ကလည်း ကြာတော့မှာမဟုတ်ဘူး”
ယန်ချီထျန်း ဤကုန်းမြေတိုက်ကြီးပေါ်တွင် ဖြစ်ပျက်ခဲ့သောအရာများကိုပြန်စဉ်းစားမိပြီး ဆရာသခင်ဓားအရှင်ကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ဆန့်ကျင်ချင်နေသည်ဟု ခံစားနေခဲ့ရသည်။
ရွှမ်ထျန်းယီ အဓိပတိဂိုဏ်းမှပြန်လာခဲ့စဉ်က ဤကုန်းမြေတိုက်ကြီးပေါ်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် နေရာအနှံ့တွင်ယုတ်မာခဲ့ပုံများကို ပြန်ပြောပြခဲ့၏။
ကုအန်ပြောလိုက်သည်။
“ထျန်းပန်ပြိုင်ပွဲပြီးရင် ကြယ်ပင်လယ်အဖွဲ့အစည်းကိုပြန်ပြီး ငါ့အတွက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ အချက်အလက်တွေ စုဆောင်းခဲ့ပေး အထူးသဖြင့် သူတို့ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်တွေပဲ ငါကသတင်းသက်သက်ကိုပဲလိုချင်တာဖြစ်လို့ မင်းငါ့ကိုဘာမှ ပိုပြော လိုပြောစရာမလိုဘူး နောက်ပြီးဒါကမင်းနဲ့ငါ့ရဲ့ကြားကအပေးအယူသက်သက်ပဲ ကြယ်ပင်လယ်အဖွဲ့အစည်းနဲ့မဆိုင်ဘူး အဲ့တာကြောင့် ဒီကိစ္စဘယ်သူ့ကိုမှ မပြောရဘူး”
ထိုစကားကြောင့် ယန်ချီထျန်းစိတ်ပေါ့သွားခဲ့၏။
ဆရာသခင်ဓားအရှင်ကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ရင်ဆိုင်တော့မည်လော။
သူအမြန်သဘောတူလိုက်သည်။ “ပြဿနာမရှိပါဘူး အပေးအယူလုပ်စရာလည်းမလိုပါဘူး စီနီယာ ကျွန်တော့်စီနီယာ့အတွက်သတင်းအချက်အလက်တွေကိုအလကားစုဆောင်းပေးပါ့မယ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက စီနီယာ့ရဲ့ရန်သူလည်းဖြစ်သလို ကျွန်တော်တို့ရဲ့ရန်သူဆိုလည်း ဟုတ်ပါတယ်”
“ကောင်းပြီ ဒါပေမယ့်ဒီကိစ္စကို ကြယ်ပင်လယ်အဖွဲ့အစည်းကို အသိပေးလို့မရဘူး အနည်းဆုံးတော့အခုတော့မရဘူး”
“နားလည်ပါပြီ စီနီယာ!”
ထို့နောက် ကုအန်ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခါမှ ယန်ချီထျန်းလည်းသက်ပြင်းချနိုင်ခဲ့၏။ သူ့အတွက် ဆရာသခင်ဓားအရှင်နှင့်မျက်နှာချင်းဆိုင်နေရသည်မှာ ဖိအားများစွာရှိလှပြီး ထိုအရာမှာဓားသွားပေါ်လမ်းလျှောက်နေရသလိုပင်။
“သူတော်စင်ပိလျူကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဖိတ်ခေါ်ခဲ့တာများလား” ယန်ချီထျန်းတွေးနေခဲ့သည်။ သူသူတော်စင်ပိလျူအကြောင်းလည်း ကြားဖူးထားပြီး ထိုလူကအခြားသူတစ်ယောက်ကို ရန်စသည်ဆိုသည်မှာ အတော်လေးရှားပါးသောအရာဖြစ်၏။ ထို့ကြောင့် သူထျန်းပန်ပြိုင်ပွဲမတိုင်ခင် ဆရာသခင်ဓားအရှင်ကို စိန်ခေါ်ခဲ့သည်မှာ မကောင်းသည့်အကြံအစည်ရှိမှန်းထင်ရှားနေခဲ့သည်။
အပိုင်း(၂၄၆)
သူကတကယ်ကြီး ချီကျင့်ကြံခြင်းအဆင့်လား
ထျန်းပန်ပြိုင်ပွဲသည် အယောက် ၃၀ကျန်သော အခြေအနေသို့ရောက်လာသောအခါ ပို၍တင်းမာလာခဲ့သည်။ ထိုအဆင့်တွင် ပြိုင်ဘက်များကြား ကျင့်ကြံခြင်းကွာဟမှုအလွန်နည်းလာသောကြောင့် အနိုင်အရှုံးကိုဆုံးဖြတ်ဖို့ ခက်ခဲလာခဲ့၏။
အချိန်များ တစ်ရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။
အဓိပတိဂိုဏ်းသို့ ထျန်းပန်ပြိုင်ပွဲကြည့်ရှုရန်ရောက်လာသော ကျင့်ကြံသူအရေအတွက်က ပိုမိုတိုးပွားလာခဲ့ပြီး အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးက ထျန်းပန်ပြိုင်ပွဲအကြောင်း ဆွေးနွေးနေခဲ့ကြ၏။ ပြိုင်ပွဲတွင် အစွမ်းပြခဲ့သော ကျင့်ကြံသူများကလည်း ကမ္ဘာတစ်လှမ်းလုံးတွင်ကျော်ကြားလာခဲ့ပြီး မရေတွက်နိုင်သောကျင့်ကြံသူများ၏လေးစားခြင်းကို ခံလာကြရသည်။
လ၀က်ကြာသောအခါ ထျန်းပန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်၁၅ယောက်သာ ကျန်ရှိတော့၏။ အဓိပတိဂိုဏ်းမှ ချောင်တိုင်က ထိုအဆင့်တွင်တစ်ပွဲမှမတိုက်ခိုက်လိုက်ရဘဲ ၁၅ယောက်ထဲ ၀င်သွားသောကြောင့် ထိုကိစ္စအကြောင်းလူပြောများလာခဲ့ကြသည်။
လူတိုင်းက အဓိပတိဂိုဏ်းသည် ချောင်တိုင်အားတမင်ကာကွယ်နေသည်ကို သိနေကြသော်လည်း ချောင်တိုင်၏ချောင်မိသားစုက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှဖြစ်သောကြောင့် မေးခွန်းထုတ်ဖို့ တွန့်ဆုတ်နေခဲ့ကြ၏။
လီယလည်း ထို၁၅ယောက်အဆင့်ထဲပါလာခဲ့သော်လည်း သူ့အခြေအနေကတော့ စိတ်ပူစရာကောင်းနေခဲ့သည်။ ပြင်းထန်လှသောတိုက်ပွဲများကြောင့် သူ့ကိုယ်ထဲတွင် အတွင်းဒဏ်ရာများ ရရှိနေခဲ့ပြီး သေမျိုးစိတ်ဝိညဉ်များနှင့်မသေမျိုးစိတ်ဝိညဉ်များကြား တိုက်ခိုက်မှုကြောင့် သူ့ဝိညဉ်က ထိခိုက်ဒဏ်ရာရနေခဲ့၏။
အရာရာတိုင်းတွင် အကျိုးနှင့်အပြစ်ရှိပေသည်။ကုအန် လီယကို ကူညီပေးခဲ့သော်လည်း အများကြီးတော့ မကူညီခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လီယ သူ့ထက်စွမ်းအားကြီးသူများကိုလည်း လေးစားရန်လိုအပ်သေးသောကြောင့် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ အဓိပတိဂိုဏ်း၏ ရည်ရွယ်ချက်ကတော့ အောင်မြင်သွားခဲ့ပြီး ထိပ်ဆုံး ၁၅ယောက်ထဲတွင် ခန်းထျန်ဂိုဏ်းမှကျင့်ကြံသူတစ်ယောက်မှ မပါ၀င်ခဲ့ပေ။ အဓိပတိဂိုဏ်းမှလွဲ၍ မင်းဆက်သုံးခုတွင် အဆင့် ၃၀အတွင်း၀င်သူမှာ ခန်းထျန် ဂိုဏ်းမှအဆင့် ၂၉ ရရှိခဲ့သော တာအိုသခင်သာ ရှိပေသည်။
အဓိပတိဂိုဏ်းမှကျင့်ကြံသူနှစ်ယောက်ကတော့ အဆင့် ၁၅အတွင်း ၀င်ခဲ့လေရာ မင်းဆက်သုံးခုအတွင်းအဓိပတိဂိုဏ်း၏ နေရာမှာ ထင်ရှားသွားခဲ့၏။
ဆယ်ရက်ကြာသွားပြီးသောအခါ ထျန်းပန်ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် ၈ယောက်သာ ကျန်ရစ်တော့သည်။ ထို ၈ယောက်ထဲတွင် အဓိပတိဂိုဏ်းမှ လီယနှင့်ချောင်တိုင်တို့က နှစ်နေရာစာကိုသိမ်းပိုက်ထား၏။
၈ယောက်အဆင့် တိုက်ပွဲတွင်မူ ချောင်တိုင်က ပထမဆုံးပွဲယှဉ်ပြိုင်ခဲ့ရပြီး အဆင့် ၈ တွင်ရပ်တန့်ခဲ့ရသည်။
လီယကတော့ ကမ္ဘာခြားနတ်မြို့တော်ကိုမှီခိုပြီး အဆင့် ၄ နေရာအထိရောက်ရှ်ိလာခဲ့၏။ သို့သော် နောက်ဆုံးပြိုင်ပွဲတွင် နတ်ဝိညဉ်မိစ္ဆာများကို ဆင့်ခေါ်ပြီးသည့်နောက် သူ့ချီများပင်ပန်းနွမ်းနယ်သွားခဲ့ပြီး အဆင့် ၄နေရာတွင်သာ ရပ်တန့်သွားခဲ့ရသည်။
အဓိပတိဂိုဏ်းကတပည့်များလည်း ထိုအတွက်လီယကို စိတ်ပျက်မသွားဘဲ ဝိုင်းချီးကျူးနေခဲ့ကြ၏။
လီယသည် အသက် ၁၀၀ကျော်သာ ရှိသေးချိန်တွင် ဂိုဏ်း၏ ဂုဏ်သိက္ခာကိုထမ်းတင်နိုင်ခဲ့သူဖြစ်သည်။ သူ့အတွက် ထျန်းပန်ပြိုင်ပွဲ၏ အဆင့် ၄နေရာကို ရယူနိုင်ခဲ့ခြင်းမှာပင် အောင်မြင်မှုကြီးဖြစ်နေပြီ ဖြစ်၏။
ကုအန် ထင်ထားသလိုပင် ထျန်းပန်ပြိုင်ပွဲ၏ဗိုလ်လုပွဲကိုတော့ ၀တ်ရုံဝါအမတအရှင်နှင့် ယန်ချီထျန်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုတိုက်ပွဲကြီးသည် သုံးရက်သုံးညကြာခဲ့ပြီး နောက်ဆုံးတွင်တော့ ယန်ချီထျန်း၏ရှုံးနိမ့်မှုနှင့်အတူ ပြီးဆုံးသွားခဲ့၏။
အဓိပတိဂိုဏ်းတစ်ခုလုံးကတော့ စည်ကားသိုက်မြိုက်နေခဲ့ပြီး ပြိုင်ပွဲတွင်းရသည့် အခွန်အခများနှင့် အရင်းအမြစ်လဲလှယ်ခြင်းများကြောင့် ဂိုဏ်းချုပ်လည်း ကျေနပ်နေခဲ့သည်။ ပထမဆုံး ထျန်းပန်ပြိုင်ပွဲသည် အလွန်အောင်မြင်စွာပြီးဆုံးသွားသောကြောင့် အခြားဂိုဏ်းများကလည်း ထိုပြိုင်ပွဲကို လိုက်တုဖို့ မဖြစ်နိုင်တော့ပေ။
ဆောင်းဦးရာသီရောက်မှသာ အဓိပတိဂိုဏ်းတစ်ခုလုံးက ပြန်လည်အေးချမ်းသွားခဲ့၏။
လီယလည်း မပြန်ခင် ကုအန်ဆီလာလည်ခဲ့သေးသည်။ သူကုအန်နှင့် ၂နာရီခန့်စကားပြောပြီးမှသာ ဂိုဏ်းမှထွက်ခွာသွားခဲ့၏။
ဤတစ်ကြိမ်တွင်သူသည် အမှန်တကယ် သူရဲကောင်းဖြစ်ခဲ့ခြင်းဖြစ်ပြီး အဝောာ်လေးလည်းကျော်ကြားသွားခဲ့သည်။ ထျန်းပန်ပြိုင်ပွဲတွင် သူ့ဂုဏ်သတင်းက ၀တ်ရုံဝါအမတအရှင်နှင့် ယန်ချီထျန်းကိုပင် ကျော်လွန်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် မင်းဆက်သုံးခုမှလူဖြစ်သလို သူ့အသက်နှင့် သူဒဏ္ဍာရီဆန်ဆန်အတွေ့အကြုံများကြောင့် ဖြစ်ပေသည်။
ထိုကိစ္စများကို ကုအန်သိပ်တော့အရေးမထားခဲ့ပေ။ သူ့အတွက် ထျန်းပန်ပြိုင်ပွဲဆိုသည်မှာ သူ့ဘ၀ရဲ့ အပိုင်းတိုလေးတစ်ပိုင်းသာ ဖြစ်၏။ သူတကယ်စိတ်၀င်စားသည်မှာ ထျန်းပန်ပြိုင်ပွဲကရသည့် အကျိုးအမြတ်များ ဖြစ်သည်။ အဓိပတိဂိုဏ်းက သူ့အတွက်ဝေစုကို ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့တွင် အဆင့်မြင့်အဆင့်သိုလှောင်အိတ်တစ်လုံးဖြင့် လာထားပေးခဲ့ပြီး ကုအန် တစ်ချက်ကြည့်လိုက်ရာ ထိုထဲတွင် စိတ်ဝိညဉ်ကျောက်တုံးများစွာပါနေပြီး ဂိုဏ်းကသူ့ကိုမလှည့်စားဘဲ လေးစားမှုကိုပြသထားမှန်း တွေ့လိုက်ရသည်။
ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့က သိုလှောင်အိတ်ပျောက်ဆုံးသွားမှုကြောင့် အဓိပတိဂိုဏ်းမှ အထက်လူကြီးများလည်း စိတ်လှုပ်ရှားသွားခဲ့ကြ၏။ ထိုအရာက သူတို့နှင့် ဆရာသခင်ဓားအရှင်ကြား ဆက်ဆံရေးက ပိုမိုနီးကပ်လာသည်ဟု အချက်ပြနေသည် မဟုတ်ပါလား။
အဓိပတိဂိုဏ်းက လျင်မြန်စွာပင်လှုပ်ရှားခဲ့ပြီး ထျန်းပန်ပြိုင်ပွဲ၏အဆင့်စာရင်းစာအုပ်ကို အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးတွင် အလကားထုတ်ဝေပေးခဲ့သည်။ ထိုစာအုပ်ထဲတွင် ထျန်းပန်ပြိုင်ပွဲဝင်များ၏ ဇာတ်ကြောင်းများ ကြောက်မက်ဖွယ်ကျင့်ကြံခြင်းအဆင့်များအကြောင်းပါပြီး သံသယကင်းစွာပင် ထိုအရာကိုဖတ်မိကြသူများစိတ်ထဲတွင် အဓိပတိဂိုဏ်းပုံရိပ်က ကြီးကျယ်ခမ်းနားသွားခဲ့၏။
ထိုကဲ့သို့သော ကျင့်ကြံသူများကို ဆင့်ခေါ်နိုင်ခဲ့သည့် အဓိပတိဂိုဏ်းမှာ အမတကျင့်ကြံခြင်းကမ္ဘာကြီးပေါ်တွင် ထိပ်ဆုံးဂိုဏ်းသာ ဖြစ်ရပေလိမ့်မည်။
ထိုက်ကန်မင်းဆက် မြို့တော်ခန်းကျိုး၏ ဥယျာဉ်တစ်ခုထဲတွင်
နဂါး၀တ်စုံကို ၀တ်ဆင်ထားသော လီရွမ်တောက် စားပွဲတွင်ထိုင်နေရင်း ကောင်းကင်ဇယားကိုဖတ်ကာ ချီးကျူးလိုက်လေသည်။ “အဓိပတိဂိုဏ်းရဲ့ ဒီတစ်ကွက်က အတော်လေးကြမ်းတာပဲ ဒီစာရင်းနဲ့သာဆို အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးက အဓိပတိဂိုဏ်းက အမတတွေကိုဆင့်ခေါ်နိုင်တယ်လို့ ယုံကြည်သွားကြတော့မှာပဲ”
သူ့ရှေ့ရှိ ခုံတွင် ထိုင်နေသည်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ထိုအမျိုးသမီးက ကျန်းချောင် ဖြစ်၏။
သူမနောက်တွင် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်ထဲမှ ကျင့်ကြံသူနှစ်ယောက်ရပ်နေပြီး လီရွှမ်တောက်နောက်တွင်လည်း ကြီးမြတ်သည့်ကျင့်ကြံသူနှစ်ယောက်ရပ်နေကာ ထိုထဲမှတစ်ယောက်က ထျန်းယတောင်ကြားတွင် ကျင့်ကြံခဲ့ဖူးသော ယိလျူယွမ် ဖြစ်သည်။
ကျန်းချောင် ခပ်ဟဟရယ်လိုက်ကာ “အရှင်မင်းကြီးလည်း ဒီကိစ္စကနေ အကျိုးအမြတ်ရသွားတယ်မဟုတ်လား အခုဆိုလီယက ကမ္ဘာကျော်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ သူကအရှင်မင်းကြီးသားမှန်း ဘယ်သူကမသိလို့လဲ”
လီယအကြောင်းပြောသောအခါ သူမစိတ်ရှုပ်ထွေးသွားခဲ့၏။
သူမနှင့် တစ္ဆေမိခင်တို့လည်း ကမ္ဘာခြားနတ်မြို့တော်ထဲ သွားခဲ့သော်လည်း သေမလိုသာဖြစ်သွားခဲ့ရချိန်တွင် သူတို့ထက်ငယ်သော မျိုးဆက်သစ်လေးတစ်ယောက်က ကမ္ဘာခြားနတ်မြို့တော်ကို ရရှိသွားခဲ့သည်။ ဤအရာကို သူတို့အဘယ်သို့ အားမကျ စိတ်မပျက်ဘဲ နေနိုင်မည်နည်း။
ထိုထက်ပိုအရေးကြီးသည့် အချက်မှာ သူမ အဓိပတိဂိုဏ်း အပြင်စည်းမြို့ မဟာအကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့ရစဉ်က လီယနှင့်ကုအန်အား ဆက်ဆံရေးကိုသိရှိခဲ့ရ၏။ ကုအန်နှင့်အနီးကပ်ဆုံးသူမှာ လီယသာ ဖြစ်သည်။
ထိုကောင်လေးသည် သူ့လိုဆရာတစ်ယောက်ရှိရလောက်အောင်ကံကောင်းသည့် ချီကံကြမ္မာမျိူး ရှိသူလည်းဖြစ်၏။
သူမသာရှိနေလျှင် ကုအန် တောင်ကြားမှမထွက်ဘဲပင် အေးအေးဆေးဆေးကျင့်ကြံနိုင်ပေသည်။
ထိုအကြောင်းတွေးမိသောအခါ သူမနှုတ်ခမ်းများ ပြုံးယောင်သန်းသွားခဲ့၏။
လီရွှမ်တောက် ကောင်းကင်စာရင်းကိုဘေးကိုချလိုက်ပြီး ကျန်းချောင်ကိုကြည့်ကာ ပြောလိုက်သည်။
“ငါကျူဟွားဂိုဏ်းရဲ့ ခွန်အားကို နားလည်သွားပါပြီ ဒါပေမယ့်ငါကကမ္ဘာတစ်ခုလုံးကို စုစည်းနိုင်ခဲ့ရင်တောင် ကျူဟွားဂိုဏ်းအနေနဲ့ အဓိပတိဂိုဏ်းကို ကျော်တက်ဖို့က ခက်လိမ့်မယ်”
ကျန်းချောင်ပြန်ပြောလိုက်၏။ “ကျော်တက်စရာမလိုပါဘူး ကျွန်မတို့ဂိုဏ်းက ခိုင်ခိုင်မာမာရပ်တည်နေလို့ရရင် လုံလောက်နေပါပြီ”
သူမအဓိပတိဂိုဏ်းနှင့်ပြိုင်ဆိုင်ဖို့ရည်ရွယ်ချက် ရှိမနေပေ။
ကျူဟွားဂိုဏ်း၏ ပိုင်ရှင်အစစ်မှာ ဆရာသခင်ဓားအရှင်ဖြစ်လေရာ သူမအဘယ်ကြောင့် ပြိုင်ဆိုင်ဖို့လိုနေဦးမည်နည်း။
ထို့အပြင် သူ့ချစ်တပည့်ကုအန်မှာလည်း အဓိပတိဂိုဏ်းတွင်သာ ရှိနေသေးသည်။
လီရွှမ်တောက်ခေါင်းညိတ်ကာ ပြောလိုက်၏။
“ထျန်းဝေမင်းဆက်က ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ဘူး တကယ်လို့ မင်းတို့ကသာ ငါတို့မဟာကျင်းမင်းဆက်ကိုသိမ်းပိုက်နိုင်ဖို့ ကူညီပေးရင် ငါ့လက်ထက်မှာ မင်းတို့ကျူဟွားဂိုဏ်းကို လမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပုံရိပ်မျိုးရှိလာအောင် ကူညီတည်ဆောက်ပေးမယ်”
လီရွှမ်တောက် ကျူဟွားဂိုဏ်းကိုအတော်လေး မျှော်လင့်ထားခဲ့သည်။ ထိုဂိုဏ်း၏အင်အားမှာ သာမန်တော့ မဟုတ်ပေ။
ကျန်းချောင်းခေါင်းညိတ်ပြလိုက်ကာ ကျူဟွားဂိုဏ်း၏လိုအပ်ချက်များကို ဆက်ပြောပြနေခဲ့ပြီး လီရွှမ်တောက်လည်း ဂရုတစိုက်နားထောင်နေခဲ့၏။
ထိုစဉ် ဆောင်းဦးလေတစ်ချက်တိုက်ခတ်လိုက်သောကြောင့် ဉယျာဉ်ထဲရှိ သစ်ရွက်ခြောက်များ ပြန့်ကျဲသွားခဲ့လေသည်။
….
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
သစ်ရွက်တစ်ရွက် ကုအန်လက်ထဲပြုတ်ကျလာခဲ့၏။
ဆောင်းဦးသို့တစ်ဖန်ရောက်ရှိခဲ့ပြန်ချေပြီ။ ကုအန် သစ်သားခြံစည်းရိုးရှေ့တွင်ရပ်ကာ ဆေးတောင်ကြား၏ သဘာ၀ရှုခင်းများကို ခံစားနေခဲ့သည်။
ထျန်းပန်ပြိုင်ပွဲပြီးဆုံးတာ ၂နှစ်ကြာသွားပြီဖြစ်ပြီး ယန်ချီထျန်းက ပြန်မလာသေးသောကြောင့် ကုအန်သူဘာဖြစ်နေမလဲဆိုတာ သိချင်နေမိသည်။
ထိုစဉ် ကုအန်အနားသို့ နတ်ဘုရားတို့၏ရာထူးများထဲမှ ယန်ကျင်းကိုင်ဆောင်သော ဓားသွားနှစ်ခုပါ သုံးမြှောင့်လှံတံကို ကိုင်ဆောင်ထားသည့် ကုအန်တပည့် ယန်ကျင်း ချဉ်းကပ်လာခဲ့သည်။
နှနှစ်ကျော်လာပြီးသည့်နောက် သူ့အရှိန်အဝါက ပို၍ပင်ကြောက်စရာကောင်းလာခဲ့၏။ သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသော်လည်း ကြည့်လိုက်သည်နှင့် သွားမရှုပ်သင့်သည့်လူမှန်း သိသာစေသောသူမျိုး ဖြစ်သည်။
“ဆရာ ကျိုးတောင်းယူလို့ခေါ်တဲ့ လူတစ်ယောက်တောင်ကြားအ၀င်၀မှာရောက်နေတယ် ဆရာ့ရဲ့ အသိအကျွမ်းဟောင်းလို့ပြောတယ်” ယန်ကျင်း အဝေးသို့တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။
ကျိုးတောင်းယူ တပည့်နှစ်ယောက် စစ်တုရင်ကစားနေသည်ကို ကြည့်ရှုနေရင်း စိတ်၀င်စားနေခဲ့သည်။
ကုအန်လည်း တောင်ကြားအ၀င်၀ရှိကျိုးတောင်းယူကို လှည့်ကြည့်လိုက်၏။
သူသည် ကျိုးယုကိုသတ်ဖြတ်ထားရာ ယခုလိုကျိုးတောင်းယူနှင့် ပြန်ဆုံရာတွင် အဘယ်သို့အရင်နှင့်တူညီပါတော့မည်နည်း။
ကံကောင်းစွာဖြင့် ကျိုးတောင်းယူကတော့ ထိုအရာကို မသိပေ။
ကုအန် ကျိုးတောင်းယူဆီလျှောက်သွားလိုက်ပြီး ယန်ကျင်းလည်း သူ့နောက်မှကပ်၍လိုက်လာခဲ့၏။
အရင်ကကျိုးတောင်းယူနှင့် ကုအန်တို့တွေ့ဆုံခဲ့ပုံမှာ ဆန်းကြယ်ပြီး နှစ်ယောက်သားတိုက်ခိုက်ပြီးမှသာ ခင်မင်သွားခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ ကုအန်က သူ့ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်တွင် ကျိုးတောင်းယူကို ဒုတိယဇာတ်ကောင်အဖြစ်ထား၍ ရေးသားပေးခဲ့သည်။
ယခုလိုနှစ်ပေါင်းများစွာကြာပြီးသည့်အချိန်တွင်ပင် ကျိုးတောင်းယူက သူ့ကိုမှတ်မိနေဦးမည်ဟု ကုအန်မျှော်လင့်မထားခဲ့မိပေ။
မကြာခင်တွင် ကုအန် ကျိုးတောင်းယူရှေ့ရောက်သွားပြီး ပြုံးကာ ပြောလိုက်၏။
“တာအိုမိတ်ဆွေကျိုး မတွေ့တာကြာပြီ”
ကျိုးတောင်းယူလည်း လှည့်ကြည့်လိုက်ပြီး သူ့ကိုပြန်ပြုံးပြလိုက်လေသည်။
သူ့ပုံစံမှာ အရင်လိုပင်မောက်မာနေဆဲဖြစ်ပြီး သူ့မာနကိုလည်းဖုံးကွယ်မထားခဲ့သေးပေ။
“အဓိပတိဂိုဏ်းကိုလာမှတော့ ငါမင်းဆီလာမလည်လို့ဘယ်ဖြစ်မလဲ မင်းဆေးတောင်ကြားရဲ့ အကျယ်အ၀န်းကငါ့ကိုတကယ်ပဲ အထင်ကြီးသွားစေတယ် အသိအမှတ်ပြုစရာပဲ” ကျိုးတောင်းယူ ရယ်မောကာပြောလိုက်၏။
ထို့နောက်သူတို့နှစ်ယောက် နှုတ်ဆက်စကားများဆိုလိုက်ကြလေသည်။
ကျိုးတောင်းယူသည် အဓိပတိဂိုဏ်းသို့ သူတို့ကျူးရှန်ဂိုဏ်းကိုယ်စားလှယ်အဖြစ် အရင်းအမြစ်များကုန်သွယ်ဖို့ လာခဲ့ခြင်းဖြစ်ပြီး သူတစ်ယောက်တည်းမဟုတ်ဘဲ အခြားပါရမီရှင်များပါ ခြံရံပြီး လာခဲ့ခြင်းဖြစ်သည်။
သူကုအန်ကိုတွေးမိသွားရသည့်အကြောင်းအရင်းမှာတော့ သူလွန်ခဲ့သောနှစ်များက ကုအန်တပည့် ယိယန်နှင့် တွေ့ခဲ့ရ၍ ဖြစ်၏။
“မင်းတပည့်ကျင့်ကြံခြင်းက မမြင့်ပေမယ့် သူ့လှံနည်းစနစ်အပေါ်နားလည်နိုင်စွမ်းကတော့ အသိအမှတ်ပြုစရာကောင်းတယ် သူကလှံဆန္ဒကိုတောင် ဆုပ်ကိုင်ထားနိုင်နေပြီ” ကျိုးတောင်းယူ ယိယန်ကို ချီးကျူးလိုက်လေသည်။
ယန်ကျင်းလည်း စိတ်၀င်စားသွားခဲ့၏။ ယိယန်သည် သူ့စီနီယာအစ်ကိုပေလော။
သူနားထောင်နေရင်း တဖြည်းဖြည်း ယိယန်သည် တောင်ကြားမှအစေခံတပည့်တစ်ယောက်သာဖြစ်ပြီး သူ့ဆရာထံမှ အစစ်အမှန်လမ်းညွှန်မှုမျိုး ရခဲ့သူမဟုတ်မှန်း သိသွားခဲ့၏။ ယိယန်ကို သူ့စီနီယာအစ်ကိုဟု အမည်ခံနိုင်သော်လည်း သူ့ဆရာအမြဲပြောသည့် သူ့စီနီယာအစ်ကိုတော့ မဟုတ်ပေ။
သူ့ဆရာသည် အမှန်တကယ်ပင်အထင်ကြီးစရာကောင်းလှပေသည်။ သူ့လမ်းညွှန်မှုအနည်းငယ်နှင့်ပင် ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်နိုင်၏။
နောက်ဆုံးတွင် ကျိုးတောင်ယူအကြည့်က ကုအန်ကိုကြည့်နေရင်း တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းလာခဲ့လေသည်။
“နှစ်တွေလည်း အရမ်းကြာခဲ့ပြီဆိုတော့ ငါတို့ထပ်ပြီး ပညာဖလှယ်ကြဦးမလား ငါ့ကျင့်ကြံခြင်းကိုဖိနှိပ်ထားမယ်လေ ဘယ်လိုလဲ”
သူနှင့်ရွယ်တူများကြားထဲတွင် ကျိုးတောင်းယူသည် လုရှန်နှင့် ကုအန်ကိုသာ ရှုံးဖူးပြီး ကုအန်ကိုတော့ သူ့ကျင့်ကြံခြင်းကိုဖိနှိပ်ထား၍ ရှုံးခဲ့ခြင်း ဖြစ်သည်။
ကုအန်လည်း တွန့်ဆုတ်ချင်ယောင်ဆောင်နေလိုက်၏။
“ကျင့်ကြံခြင်းဖိနှိပ်ထားမှာလား ဒါဆိုကျွန်တော် ကျွန်တော့်အစား တိုက်ခိုက်ပေးလို့ရမလားဗျ” ယန်ကျင်းရုတ်တရက် ပြောလိုက်သည်။
ကျိုးတောင်းယူ ယန်ကျင်းကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်၏။ သူငြင်းရန်ပြင်လိုက်စဉ်တွင် ယန်ကျင်းအကြည့်ကြောင့် သူ့နှလုံးသားက ဘာကြောင့်မှန်းမသိဘဲ တုန်ခါသွားခဲ့ရသည်။
အကြောင်းပြချက်အချို့ကြောင့် သူအရင်က သူမယှဉ်နိုင်ခဲ့သော ပါရမီရှင် လုရှန်ကိုပင် ပြန်တွေးမိသွားခဲ့၏။
“ကောင်းပြီ ဒါဆိုလည်း မင်းကမင်းဆရာကိုယှဉ်နိုင်လား မယှဉ်နိုင်ဘူးလား ကြည့်လိုက်ကြတာပေါ့” ကျိုးတောင်းယူ ရယ်မောလိုက်ကာ သူ့မျက်လုံးများထဲ ကြမ်းတမ်းမှုများ ၀င်ရောက်လာခဲ့သည်။
စစ်တုရင်ကစားနေသော တပည့်နှစ်ယောက်လည်း သူတို့ကိုစိတ်၀င်တစားမော့ကြည့်နေခဲ့ကြ၏။
ကုအန်ပြောလိုက်သည်။
“နေရာလွတ်တစ်ခုရှာလိုက်ကြတာပေါ့”
ထို့နောက် သူအစေခံတပည့်နှစ်ယောက်၏ ပုခုံးအားပုတ်လိုက်ကာ ကစားပွဲတွင်ပြန်အာရုံစိုက်ဖို့ အချက်ပြလိုက်သည်။
ကျိုးတောင်းယူနှင့် ယန်ကျင်း ကုအန်နောက်မှ လိုက်လာခဲ့ကြ၏။ လမ်းလျှောက်နေရင်း ကျိုးတောင်းယူ ယန်ကျင်းအကြောင်းအား အကြီးတစ်ယောက်လို စပ်စုနေခဲ့သည်။ ယန်ကျင်းက အစေခံတပည့်တစ်ယောက်အဖြစ် အရွေးခံခဲ့ရသူဖြစ်မှန်း သိသွားမှသာ သူစိတ်အေးသွားခဲ့ရ၏။
ယန်ကျင်းသည် မြင့်မြတ်မိသားစုတစ်ခုခုမှ ကုအန်ခေါ်ထားသည့် ပါရမီရှင်တစ်ယောက်ဖြစ်မည်ကို သူတကယ်ကြောက်နေခဲ့မိခြင်း ဖြစ်သည်။
ဂိုဏ်းကြီးများတွင် စိတ်ဝိညဉ်အမြစ်စမ်းသပ်ခြင်းက ယုံကြည်ရသည့်အရာဖြစ်သောကြောင့် အစေခံတပည့်တစ်ယောက်ကတော့ ပါရမီရှင်မဖြစ်နိုင်ပေ။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ တောင်ကြားအပြင်ဘက်ရှိ တောအုပ်တစ်ခုထဲတွင်
ကျိုးတောင်းယူ သူ့ရင်ဘတ်ကို အုပ်ကိုင်ထားရင်း ခြေကန်ချက်ကိုမပင် မသိမ်းရေသးသည့် ယန်ကျင်းကို ထိတ်လန့်နေဟန်ဖြင့် ကြည့်နေမိသည်။
“မင်းကတကယ်ကြီး ချီကျင့်ကြံခြင်းအဆင့်လား” ကျိုးတောင်းယူ မမေးဘဲ မနေနိုင်ခဲ့ပေ။
ယန်ကျင်းသူ့ခြေထောက်ကိုပြန်ရုတ်လိုက်ပြီး ဖြေလိုက်၏။
“ကျွန်တော်တို့နှစ်ယောက်လုံး စိတ်ဝိညဉ်စွမ်းအားမသုံးကြဘူးလေ အဲ့တော့ အဆင့်က အရေးမပါဘူးမဟုတ်လား”
ကျိုးတောင်းယူ သူ့စကားများကြောင့် သွေးပင်အန်တော့မလို ဖြစ်သွားခဲ့ရသည်။ သူ့ရင်ဘတ်ရိုးများ ကျိုးသွားတော့မလို သူခံစားခဲ့ရခြင်း ဖြစ်၏။
အဘယ်ကြောင့် ထိုကောင့်အပြင်ခန္ဓာက အလွန်သန်မာနေရသနည်း။
ကျိုးတောင်းယူကိုယ်တိုင်ကလည်း အပြင်ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်ကာ မိစ္ဆာဖိနှိပ်ရွှေခန္ဓာ ကိုပင်ကျင့်ကြံထားခဲ့သူဖြစ်သည်။
ထို့ကြောင့် သူ့အတွက် ယန်ကျင်းက လုရှန်ထက်ပင် ပိုကြောက်စရာကောင်းပုံ ပေါ်နေခဲ့၏။