အခန်း (၂၅၁-၂၅၂)
Vol. 20 Ch. 251-252
အပိုင်း(၂၅၁)
ကောင်းကင်ကမင်းတို့ကို တရားမစီရင်ရင် ငါစီရင်မယ်
နန်းတော်ထဲတွင် တာအိုတရားသံများ ဟိန်းထွက်နေပြီး ထိုအသံများကြောင့် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများမိန်းမောနေပြီး မနိုးထနိုင်ဘဲ ဖြစ်နေခဲ့ကြသည်။
ကုအန် ဓားနှစ်လက်ကိုကိုင်ဆောင်ရင်း ရှေ့သို့ ဆက်လှမ်းလာခဲ့၏။ သူ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ရင်ဆိုင်ရာတွင် ဂိုဏ်းထဲရှိ ရှိသမျှလူအားလုံးကို သတ်ဖြတ်ပစ်မည် မဟုတ်ဘဲ အထက်ပိုင်းရှိလူများကိုသာ ရှင်းလင်းပြီး ထိုဂိုဏ်းသူတို့ကုန်းမြေပေါ်မှ ဆုတ်ခွာသွားစေရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
အကယ်၍ သူသာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတစ်ခုလုံးကိုသာ သုတ်သင်ပစ်လိုက်ပါက အနီးအနားရှိ အခြားအင်အားစုကြီးများလည်း သူ့ကိုသတိထားမိသွားမည်ဖြစ်ကာ ပိုအားကောင်းသာ တည်ရှိမှုများ၏အာရုံကိုပင် ဆွဲဆောင်သွားကောင်း သွားစေနိုင်သည်။
ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ တပည့်များကြားထဲမှ ရှေ့ဆက်လျှောက်လာခဲ့ပြီး သူရှေ့ဆက်သည့်အချိန်တိုင်း နန်းတော်မှ တာအိုတရားသံကို ဖြိုခွဲပစ်ခဲ့သောကြောင့် သူဖြတ်သန်းသွားသော နေရာတိုင်းရှိတပည့်များ နိုးထလာခဲ့ကြ၏။ နိုးထလာသောတပည့်များ ကုအန်ကိုတွေ့သောအခါအံ့အားသင့်ကုန်ကြပြီး မှော်အသုံးအဆောင်များကိုထုတ်၍ပင် တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။
ကုအန် နောက်လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လျှောက်လာခဲ့၏။
“သူကဘယ်သူလဲ”
“သူကဘာလုပ်ချင်နေတာလဲ”
“ငါသူ့ကျင့်ကြံခြင်းကို ဖောက်မမြင်နိုင်ဘူး ငါတို့ အလောတကြီးတိုက်ခိုက်လိုက်လို့မရဘူး ဒီနေရာမှာကလည်း နတ်အရှင်တစ်ပါး စံမြန်းနေသေးတယ်”
“သူက ကြယ်ပင်လယ်အဖွဲ့အစည်းကလူဖြစ်လောက်လား”
“မဟုတ်ဘူး ဒါကိုကြည့်ရတာ ထိုက်ကန်မင်းဆက် ရွက်ဝါတစ်ထောင်မျှော်စင်က မိစ္ဆာအရိပ်နတ်သိုင်းနဲ့တူတယ် ငါအဲ့တာကို အရင်ကမြင်ဖူးတယ် အဲ့သိုင်းကို အပြည့်အ၀တတ်မြောက်ထားတာ အဓိပတိဂိုဏ်းက ဆရာသခင်ဓားအရှင်…”
ဆရာသခင်ဓားအရှင်!
ထိုစကားလုံးလေးလုံးက ရင်ပြင်ပေါ်ရှိ တပည့်များအားလုံးကို ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေခဲ့သည်။
ကြယ် ၆လုံးဂူ၏ ဂူသခင် စစ်မှန်သောနတ်ဝိညဉ်ရှင်ကို အတင်းအကြပ်နောက်ဆုတ်စေခဲ့သော ဆရာသခင်ဓားအရှင်ကို မည်သူက မကြားဖူးဘဲ နေမည်နညး်။
ပြောကြသည်မှာ ထိုတိုက်ပွဲပြီးသည့်နောက် စစ်မှန်သောနတ်ဝိညဉ်ရှင် ပျောက်ဆုံးသွားပြီး ဘယ်သူမှ သူ့ကိုမမြင်ကြရတော့ပေ။ ကြယ်ခုနှစ်လုံးိစတ်ဝိညဉ်နယ်မြေတွင် စစ်မှန်သောနတ်ဝိညဉ်ရှင်ကို ဆရာသခင်ဓားအရှင်သတ်ဖြတ်သွားပြီဟူသော ကောလာဟလများပင် ထွက်ပေါ်လာခဲ့ဖူး၏။
မည်သို့ပင် ယူဆပါစေ ဆရာသခင်ဓားအရှင်သည် ကြယ်ခုနှစ်လုံးိစတ်ဝိညာဉ်နယ်မြေမှ လူများ ကြောက်ရွံ့သည့်အရာတစ်ခုဖြစ်သည်မှာတော့ သေချာပေသည်။
ဤရင်ပြင်ပေါ်ရှိ တပည့်များသည် ပါရမီရှင်များနှင့် ကြယ်ခုနှစ်လုံးစ်ိတ်၀ိညာဥ်နယ်ေမြ၏ မြင့်မြတ်မိသားစုများမှ သခင်လေးများဖြစ်သောကြောင့် အတွင်းသတင်းများကို သိကြ၏။ ဥပမာအားဖြင့် အံ့ဖွယ်အမတလင်းသည် ဆရာသခင်ဓားအရှင်လက်ထဲ သေဆုံးသွားရသည်ဟူသော သတင်းမျိုးပင်။
ဤသို့ဖြင့် တပည့်များ တစ်ယောက်ပြီးတစ်ယောက်နိုးထလာခဲ့ကြသည်။ ထိုသူများအားလုံးသည် ကျင့်ကြံခြင်းမြင့်ကြသော်လည်း ဘယ်သူမှ ဆရာသခင်ဓားအရှင်နား ကပ်ရဲကြခြင်းမရှ်ိပေ။
မကြာခင်တွင် ကုအန် နန်းတော်ရှေ့ရောက်သွားခဲ့၏။
နန်းတော်နှင့် ပိုနီးလာသောကြောင့် ကုအန်နန်းတော်၏ ခမ်းနားမှုကို ပိုပြီးသဲသဲကွဲကွဲမြင်လာခဲ့ရပြီး သူတစ်ခါမှ မခံစားခဲ့ဖူးသော တာအိုဆန္ဒကိုပင် ခံစားခဲ့ရသည်။ တာအိုဆန္ဒသည် လူတစ်ယောက်ကို တာအိုမှော်ပညာများအား လေ့လာရာတွင် ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ပြီး ကြည့်ရသည်မှာ ဤနန်းတော်၏ ပါ၀င်ပစ္စည်းများသည် သာမန်ပစ္စည်းများမဟုတ်လောက်ဘဲ စွမ်းအားကြီး ၀င်္ကပါအချို့ကိုပင် ထည့်သွင်းတည်ဆောက်ထားပုံ ရသည်။
နန်းတော်ထဲတွင်တော့ ကောင်းကင်ဈာန် အမတတစ်ပါးသာ ရှိနေခဲ့၏။
ထိုလူသည် မြေကမ္ဘာနတ်အရှင်ထက် အနည်းငယ်ပို၍ သန်မာပေသည်။
လူအများသိကြသည်မှာ ကြယ်၆လုံးဂူနှင့် ၇လုံးဂူတွင် အသန်မာဆုံး ဂူသခင်များမှာ မြေလျှောက်အမတအဆင့်သာ ဖြစ်ကြ၏။ အခုတော့ ကောင်းကင်ဈာန်အမတနှစ်ပါးပင် ပေါ်ပေါက်လာလေရာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဤတိုက်ပွဲအတွက် အချိန်အတန်ကြာ ပြင်ဆင်ထားမှန်း သိသာလှသည်။
ကံကောင်းစွာဖြင့် ကုအန်ကလည်း အလောတကြီးမလှုပ်ရှားခဲ့ပေ။ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် အပူအပင်မဲ့ကမ္ဘာဦးအမတ မရှ်ိတာသေချာမှသာ သူစတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
ကြယ်ပင်လယ်အဖွဲ့အစည်းက ကုအန်ကိုလိမ်ညာခဲ့ပုံလည်း မပေါ်ပေ။ အကယ်၍ သူတို့တွင်သာ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးရှိနေပါက အဘယ်ကြောင့် ကြယ်ပင်လယ်အဖွဲ့အစည်း၏ ဖိနှိပ်မှုကို ခံနေရမည်နည်း။
“ဆရာသခင်ဓားအရှင် မင်းမှာ ငါတို့ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ဘယ်လိုမကြေလည်နိုင်တဲ့ ရန်ငြှိုးတွေများ ရှိနေတာလဲ”
နန်းတော်ထဲမှ အိုမင်းနေသောအသံကြီးတစ်ခုက မိုးအောက်မြေပြင်တစ်ခွင်ဟိန်းထွက်လာခဲ့လေသည်။ ထိုအသံကြောင့် ရင်ပြင်ပေါ်ရှိ တပည့်များ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျကုန်ကြ၏။
ဤပုဂ္ဂိုလ်သည် ကြယ်၅လုံးဂူမှဖြစ်ကာ ပင်လယ်ရပ်ခြားတွင် ကျော်ကြားသူဖြစ်ပြီး ဆရာသခင်ဓားအရှင်ကို ရှင်းပစ်နိုင်တာ သေချာပေသည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် ကမ္ဘာငယ်လေးပေါင်းများစွာရှိပြီး တစ်ခုနှင့်တစ်ခုလည်း ချိတ်ဆက်ထားခြင်းမရှိကြပေ။ ထို့ကြောင့် ဤတပည့်များက ကျိမိသားစုရှိသော ကမ္ဘာငယ်လေးထဲတွင် ကုအန်လက်ထဲ၌ ကောင်းကင်ဈာန်အမတတစ်ပါး ကျဆုံးသွားခဲ့ရပြီးဖြစ်မှန်း မသိခဲ့ကြခြင်းဖြစ်သည်။
သူတို့မသိသော်လည်း နန်းတော်ထဲရှိပုဂ္ဂိုလ်ကတော့ ထိုအရာကို ရှင်းရှင်းလင်းလင်းသိထားခဲ့၏။
“မိစ္ဆာဘိုးဘေးကို ပျိုးထောင်တယ် မကောင်းဆိုးဝါးမိစ္ဆာတွေ ဖန်တီးတယ် သေမျိုးတွေကိုအရုပ်လိုကစားတယ် ငါတို့ကြားမှာ ရန်ငြှိုးရှိမရှိ မင်းသိချင်သေးလား”
ကုအန်အသံထွက်ပေါ်လာရာ ရင်ပြင်ပေါ်ရှိတပည့်များ၏ အမူအရာများ ပြောင်းလဲကုန်ကြသည်။
သူတို့ထိုအကြောင်းကြားဖူးကြသော်လည်း ထိုအရာကိုယုံကြည်ရန်တော့ ခက်ခဲနေကြသေးသည်။
နောက်ဆုံးတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူတို့၏ ဖြောင့်မတ်တည်ကြည်မှုအတွက် ဂုဏ်ယူကြသူများ ဖြစ်ကြ၏။
ဝုန်းး…
နန်းတော်တံခါးပွင့်သွားကာ လေပြင်းတစ်ချက် နန်းတော်ထဲမှ တိုက်ခတ်လာပြီး လေအားက ကုအန်၏မိစ္ဆာများကိုဖြတ်သန်းတိုက်ခတ်သွားကာ ရင်ပြင်ပေါ်ရှိတပည့်များနောက်သို့ အတင်းတွန်းထုတ်ခြင်းခံလိုက်ကြရသည်။
ပုံရိပ်တစ်ခုနန်းတော်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ထိုလူသည် ငှက်မွှေး၀တ်စုံကို၀တ်ဆင်ထားကာ တည်ကြည်သောမျက်နှာထားရှိပြီး သူ့အနောက်တွင် ကြိုးကြာဖြူတစ်ကောင်၏ အရိပ်ရှိနေပြီး သူ့ပုံစံမှာ အမတတစ်ပါး၏အရှိန်အဝါအပြည့်ပင်။ သူရှေ့သို့ တစ်လှမ်းခြင်းလှမ်းလာခဲ့ပြီး နန်းတော်ပေါ်မှ ကုအန်အား ငုံ့ကြည့်လိုက်၏။
“မင်းက မင်းကိုယ်မင်းမိစ္ဆာချီတွေနဲ့ ဖုံးထားပြီး မြင့်မြတ်နယ်မြေကို တရားမျှတမှုလာရှာတာလား အဲ့တာက ရယ်စရာကောင်းမနေဘူးလား”
ငှက်မွှေး၀တ်စုံနှင့်လူ မထူးခြားဟန်ဖြင့် ပြောလိုက်သည်။
[မိုင်တစ်သောင်းနတ်အရှင်(ကောင်းကင်ဈာန်အမတအဆင့်၃) ၁၅၈၀၈၂/၂၆၀၀၀၀/၃၁၀၀၀၀]
ကုအန် သူ့ရှေ့မှစာတန်းကို ကြည့်လိုက်သည်။
မိုင်တစ်သောင်းနတ်အရှင် တမင်သက်သက်အချိန်ဆွဲနေသည်ကို ကုအန်ခံစားမိနေပြီး ထိုအချိန်တွင် အခြားကောင်းကင်ဈာန်အမတများ ဤနေရာသို့ တက်သုတ်ရိုက်ချီတက်လာနေပြီ ဖြစ်သည်။ ဤသည်မှာလည်း ကုအန်လိုချင်သော အရာသာ ဖြစ်၏။
ကုအန်ပြန်ပြောလိုက်သည်။
“မိစ္ဆာကမိစ္ဆာမဟုတ်ဘူး အမတက အမတမဟုတ်ဘူး တကယ်လို့ကောင်းကင်ကမင်းတို့ကို မစီရင်ရင် ငါကစီရင်မယ်”
မိုင်တစ်သောင်းနတ်အရှင် ဟာသကြီးတစ်ခုကို ကြားလိုက်ရသလို အော်ဟစ်၍ ရယ်မောလေတော့သည်။
“အဲ့ဒီ မိစ္ဆာဘိုးဘေးက ကောင်းကင်ရဲ့ ချီကံကြမ္မာကနေ ဖြစ်ပေါ်လာတာ သူ့ကိုသတ်လို့ပဲရတယ် ထာ၀ရဖျောက်ဖျက်ပစ်လို့မရဘူး အဲ့ဒီအရာကို ဖိနှိပ်ထားဖို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက မျိုးဆက်ဘယ်နှစ်ခု အသက်စွန့်ခဲ့ရပြီးပြီလဲ မကောင်းဆိုးဝါးမိစ္ဆာတွေကလည်း တိုင်းတာလို့မရအောင် စက်ဆုပ်ဖို့ကောင်းလွန်းတယ် အဲ့ဒီကောင်တွေကိုချိတ်ပိတ်ထားဖို့ ငါတို့ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက အသက်ပေါင်းဘယ်လောက်သေဆုံးခဲ့ရလဲ”
“ဆရာသခင်ဓားအရှင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဟောဒီကုန်းမြေတိုက်ကြီးကို ကာကွယ်ဖို့ ရန်သူဘယ်လောက်ကို ရှင်းလင်းသုတ်သင်ခဲ့ရလဲသိလား တပည့်ဘယ်လောက်များများ သမုဒ္ဒရာအောက်မှာ နစ်မြုပ်ခဲ့ရပြီးပြီလဲ မင်းသိလား”
“မင်းက ဒီကုန်းမြေတိုက်ပေါ်က သေမျိုးတွေရဲ့ နာကျင်ခံစားရမှုတွေကိုပဲ မြင်တယ် ငါတို့ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဘယ်လောက်စတေးခဲ့ရလဲ မင်းမသိဘူး”
မိုင်တစ်သောင်းနတ်အရှင် မာန်ပါပါဖြင့်ပြောလိုက်ပြီး သူ့စကားများက ရင်ပြင်ပေါ်ရှိတပည့်များ၏ခံစားချက်များကို မွှေနှောက်သွားခဲ့သည်။
တကယ်တော့ အခြားသူများက ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ ဤတိုက်ကြီးကို ကာကွယ်ပေးမှုများကို မသိနိုင်သော်လည်း တပည့်များဖြစ်သော သူတို့ကတော့ မည်သို့မသိဘဲနေကြမည်နည်း။
သူတို့၏ ရင်းနှီးသော မိတ်ဆွေများ ဆွေမျိုးများလည်း ကာကွယ်ရင်း အသက်စွန့်ခဲ့ကြရဖူး၏။
ထိုစကားများကြောင့် သူတို့ကုအန်အား အပြစ်သားတစ်ယောက်လို ဒေါသမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြသည်။
သူနန်းတော်ရှေ့တွင်ရပ်ကာ မိုင်တစ်သောင်းနတ်အရှင်ကို မထူးခြားသည့်ပုံစံဖြင့်သာ ရပ်ကြည့်နေပြီး ထိုသူ့စကားဆုံးသွားမှ သူရုတ်တရက်မေးလိုက်၏။
“ကုန်းမြေတိုက်ကြီးပေါ်က မကောင်းဆိုးဝါးမိစ္ဆာတွေအကုန်လံုးကို ငါသုတ်သင်ခဲ့တာ ဒါဆိုဘာလို့ ဒီခန်းမထဲမှာ အခြားမကောင်းဆိုးဝါးမိစ္ဆာတွေ ထပ်ရှိနေရသေးတာလဲ”
ရင်ပြင်တိတ်ဆိတ်သွားကာ အကြည့်များအားလုံး မိုင်တစ်သောင်းနတ်အရှင်ဆီ ရောက်သွားခဲ့ကြသည်။
မိုင်တစ်သောင်းနတ်အရှင်အေးစက်စက်ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာ ငါကသက်ေသပြဖို့ မင်းကိုဒီနန်းတော်ထဲ ၀င်စစ်ဆေးခွင့်ပြုရမှာလား”
ဂျိန်းးး ဂျလိန်းး
ထိုစဉ် မိုးကြိုးတိမ်တိုက်များ ကောင်းကင်ကိုဖုံးလွှမ်းသွားခဲ့ပြီး ကျယ်ပြန့်လှသော အရှိန်အဝါများ ဆင်းသက်လာခဲ့ကြသည်။ ထိုအရာကိုမြင်မှ မိုင်တစ်သောင်းနတ်အရှင်လည်း သိသိသာသာစိတ်အေးသွားခဲ့ရ၏။
“ငါ့ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက သေမျိုးကမ္ဘာ အမတလမ်းစဉ်မြင့်မြတ်ခုံရုံးက တည်ထောင်ထားတဲ့ မြင့်မြတ်ကုန်းမြေတစ်ခုပဲ အဲ့လိုနေရာကို မင်းလို မိစ္ဆာတစ်ကောင်က မဟုတ်တမ်းတရားတွေ စွပ်စွဲပြောဝံ့သလား”
“ရယ်စရာကောင်းလိုက်တာ ကိုယ့်ပုံစံကိုယ်တောင် မဖော်ပြရဲတဲ့လူတစ်ယောက်က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို တစ်ယောက်တည်းရင်ဆိုင်ဖို့ ကြိုးစားနေတယ်လား”
“ငါတို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက နတ်အရှင်ကိုသတ်ဖြတ်လိုက်တာက ခွင့်လွှတ်လို့မရတဲ့အပြစ်ကို ကျူးလွန်လိုက်တာပဲ ဒီနေ့မင်း ပြန်လည်မွေးဖွားခွင့်တောင်မရဘဲ သေဆုံးရမယ်”
“နှစ်ပေါင်းလေးသိန်းအတွင်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကယ်တင်ခြင်းကိုခံလိုက်ရတဲ့သူတွေ ဘယ်လောက်တောင်ရှိလိုက်မလဲ အဲ့လိုနေရာကို မင်းကတစ်ယောက်တည်း ကိုင်လှုပ်နိုင်မယ်လို့ ထင်လား”
“မိစ္ဆာလမ်းစဉ်ပဲဖြစ်ဖြစ်လမ်းမှန်လမ်းစဉ်ပဲဖြစ်ဖြစ် အဲ့တာက မင်းဆုံးဖြတ်ပေးရမယ့်အရာမဟုတ်ဘူး”
ထည်ဝါလှသည့် အသံကြီးများ တစ်သံပြီးတစ်သံထွက်ပေါ်လာသောကြောင့် တပည့်များအားလုံး မော့ကြည့်လိုက်မိကြသည်။ ထိုအခါ သူတို့မျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့ကြရ၏။
ကောင်းကင်ရှိ တိမ်စိုင်များကြားတွင် အလင်းရောင်များ တောက်ပနေသော ပုံရိပ်များ ထွက်ပေါ်လာခဲ့ကြလေသည်။
တစ်ချိန်တည်းမှာပင်
နှင်းများ ကုန်းမြေတိုက်ကြီးပေါ် စတင်ကျဆင်းလာခဲ့ကြ၏။
နွေခေါင်ခေါင်တွင် နှင်းလွှာများ ကျဆင်းလာသောကြောင့် လူတိုင်းအံ့အားသင့်ကုန်ခဲ့ကြသည်။
တတိယတောင်ကြားတွင်
တပည့်များလုပ်နေသည့်အလုပ်များကို ရပ်ပြီး ကောင်းကင်မှကျဆင်းလာသော နှင်းလွှာများကို မော့ကြည့်လိုက်ကြ၏။
ယန်ကျင်းလည်း သစ်သားခြံစည်းရိုးရှေ့တွင်ရပ်နေရင်း ကျဆင်းလာသော နှင်းလွှာတစ်ချပ်ကို ကိုင်ကြည့်လိုက်သည်။ ထိုအခါ နှင်းလွှာကအရည်ပျော်သွားရမည့်အစား အဖြူရောင်အငွေ့အဖြစ်ပြောင်းလဲသွားခဲ့၏။
“ဒါက…” ယန်ကျင်း မျက်မှောင်ကြုံ့သွားမိပြီး နှင်းလွှာမှ ဖော်ပြ၍မရသော အရှိန်အဝါတစ်ခုကို ခံစားလိုက်မိသည်။ ထို့ကြောင့် သူစိတ်၀င်စားသွားပြီး နှင်းများကို တစ်ခုချင်း လိုက်ကိုင်ကြည့်လေတော့သည်။
အန်းရှင်းနှင့် စစ်တုရင်ကစားနေသော ယုယင်ယင်လည်း မော့ကြည့်လိုက်၏။
“နွေရာသီကနှင်း ဒါကဘယ်လိုအဖြစ်အပျက်မျိုးလဲ ဒါမျိုးကျွန်မတစ်ခါမှ မမြင်ဖူးဘူး” အန်းရှင်း ရေရွတ်လိုက်သည်။
ယုယင်ယင်လည်း နှင်းလွှာကိုဖမ်းကာ ကိုင်ကြည့်လိုက်ပြီး သူ့လက်ထဲတွင်နှင်းလွှာက အရည်မပျော်ဘဲ အငွေ့ပျံသွားခဲ့သည်။ သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားကာ ခပ်တိုးတိုးရေရွတ်လိုက်၏။
“ကောင်းကင်ကနှင်းကျတယ် နှင်းတွေက အငွေ့အဖြစ်ပြောင်းလဲသွားတယ် ဒါက သာမန်မဟုတ်ဘူး ဒါက ဒဏ္ဍာရီလာ အမတတစ်ပါးကြွေလွင့်ခြင်းများလား”
အန်းရှင်းစိတ်ဝင်တစာေးမးလိုက်သည်။
“အမတတစ်ပါးကြွေလွင့်ခြင်းဆိုတာ ဘာလဲ”
ယုယင်ယင်ပြန်ပြောလိုက်သည်။
“ငါကြားဖူးတာတော့ တာအိုအဆင့်မြင့်တဲ့ အမတတစ်ပါးသေဆုံးသွားရင် ကောင်းကင်က သူတို့ကျင့်ကြံခြင်းအောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သာမန်မဟုတ်တဲ့ ဖြစ်ရပ်တွေ ထုတ်လွှတ်ပေးတယ်တဲ့”
“အမတတစ်ပါးကြွေလွင့်ခြင်းလား အဲ့တာက ဒီကုန်းမြေတိုက်ကြီးပေါ်မှာလား ပင်လယ်ရပ်ခြားမှာလား” အန်းရှင်း စိတ်၀င်တစားမေးလိုက်ပြန်သည်။
ယုယင်ယင်ကောင်းကင်ကိုမော့ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ဖြေလိုက်၏။
“ဒီကုန်းမြေတိုက်ကြီးမှာပဲပေါ့”
ထိုစဉ် ရီလန်လည်း သူမအခန်းထဲမှထွက်ကာ ကောင်းကင်ကို မော့ကြည့်နေခဲ့မိသည်။
မိုင်ပေါင်းများစွာအဝေးရှ်ိ ဝူကျဲလည်း အလားတူပင်။ သို့သော် သူကတော့ ဆန်းကြယ်သည့်အခြေအနေတစ်ခုတွင် ၀င်ရောက်နေဟန်ရပြီး တစ်ခုခုကို နားလည်သဘောပေါက်နေပုံနှင့် တူနေခဲ့သည်။
မဟာကျင်းမင်းဆက် ကျူးဟွာဂိုဏ်းတွင်
ကျန်းချောင်နှင့် တစ္ဆေမိခင်တို့ ကမ်းပါးတစ်ခုတွင်ရပ်ကာ အေးစက်စက်နှင်းလွှာများကို ဖမ်းကိုင်ကြည့်နေခဲ့ကြ၏။
“အမတတစ်ပါးကြွေလွင့်တဲ့ လက္ခဏာ ကြည့်ရတာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းကြား ပဋိပက္ခက မဖြေရှင်းနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပြီပဲ အမတတစ်ပါးတောင် ကြွေလွင့်သွားခဲ့ရပြီ” တစ္ဆေမိခင် စိုးရိမ်နေဟန်ဖြင့် မျက်မှောင်ကြုံ့ထားရင်း ပြောလိုက်သည်။
ကျန်းချောင်ပြုံးလိုက်ကာ
“သူတို့ ပိုပြင်းပြင်းထန်ထန်တိုက်ခိုက်လေလေ ကျွန်မတို့အတွက်ပိုကောင်းလေေလပဲလေ”
ထိုစကားများကိုပြောလိုက်သော်လည်း သူမစိတ်ထဲတွင်တော့ ဆိုးဝါးတာတစ်ခုခုဖြစ်တော့မလိုခံစားနေရပြီး မလွယ်ကူမှုကို ခံစားနေခဲ့ရသည်။
…
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင်
မိုးကြိုးတိမ်တိုက်များပြိုကွဲသွားကာ ဧရာမလေပွေကြီးတစ်ခု ကောင်းကင်ထက်တွင်ပေါ်လာခဲ့သည်။ လေပွေထဲတွင် မှန်တစ်ချပ်က ပေါလောပေါ်နေပြီး ထိုမှန်၏ ထောင့်စွန်းများတွင် အမျိုးမျိုးသော နတ်သားရဲပုံများကို ထွင်းထုထားကာ မှန်မျက်နှာပြင် အပြာနက်နက်ရောင်ရှိပြီး မှန်ကိုကြက်သွေးရောင်မီးတောက်များက ၀န်းရံထားခဲ့၏။
အထွတ်အထိပ်အမတရတနာ ကြယ်ခုနှစ်လုံးကြေးမုံ!
ကြယ်ခုနှစ်လုံးကြေးမုံရှေ့တွင်မူ လူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူသည် ခရမ်းရောင်၀တ်ရုံရှည်ကို ၀တ်ဆင်ထားကာ သူ့ပုခုံးများပေါ်တွင် အနီရောင်နေလုံးများကဲ့သို့သော အလုံးနှစ်လုံး ရစ်ဝဲနေပြီး သူ့နောက်တွင်မူ လခြမ်းကွေးသဏ္ဍာန် လတစ်စင်းရှိနေကာ သူ့ပတ်ပတ်လည်တွင် ရောင်စုံတိမ်တိုက်များက ၀န်းရံထားခဲ့သည်။
သူကုအန်အား အပေါ်မှ ငုံ့ကြည့်လိုက်၏။
[ကောင်းကင်အနက်နယ်မြေသခင်(ကောင်းကင်ဈာန်အမတအဆင့် ၇): ၁၈၉၀၃၄/၄၂၀၀၀၀/၄၉၀၀၀၀]
ကုအန် ထိုလူ့သက်တမ်းကိုကြည့်ကာ အနည်းငယ်ကျေနပ်သွားခဲ့သည်။
ဤကမ္ဘာငယ်လေးထဲတွင် ကောင်းကင်ဈာန်အမတ ၇ပါး ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်အနက်နယ်မြေသခင်မှလွဲပြီး အခြားသူများသည် ကောင်းကင်ဈာန်အမတအဆင့် ၆အောက်တွင်သာရှိပြီး ကောင်းကင်ဈာန်အမတအဆင့် ၅ ရှိသူတစ်ယောက်သာ ပါပေသည်။
ကြယ်ခုနှစ်လုံးကြေးမုံပေါ်ပေါက်လာပြီးသည့်နောက် ကမ္ဘာငယ်လေးတစ်ခုလုံး ချိတ်ပိတ်ခံလိုက်ရပြီး မည်သည့် သတ္တဝါမှ ၀င်လို့လည်းမရတော့သလို ထွက်လို့လည်းမရတော့ပေ။
ရင်ပြင်ပေါ်မှ တပည့်များလည်း စိတ်ကူးမထားနိုင်လောက်သော ဖိအားကိုခံစားနေကြရပြီး ဒူးထောက်ကာ ကောင်းကင်ကိုသာ နာကျင်စွာ ကြည့်ရှုနေခဲ့ကြရ၏။
ကောင်းကင်ရှိ ကောင်းကင်ဈာန်အမတ ၆ပါးကတော့ တပည့်များ၏နာကျင်နေမှုကို ဂရုပင်မစိုက်ပေ။
မိုင်တစ်သောင်းနတ်အရှင်လည်း ထို့အတူပင်။ ဂရုမစိုက်ခဲ့ပေ။ ထိုအခိုက်တွင် သူ ၁၀ပေခန့်ရှည်သော ငွေရောင်လှံတစ်ချောင်းကို ထုတ်လိုက်လေသည်။ ထိုလှံ၏ လှံထိပ်ဖျားအောက်တွင် ဝိညဉ်အလံတစ်ခုကိုလည်း ချိတ်ဆွဲထားခဲ့၏။
ကောင်းကင်ဈာန်အမတ ၇ပါး၏ အာရုံနှင့်အကြည့်များသည် ကုအန်ဆီ ရောက်ရှိနေခဲ့ချေပြီ။
ထိုအခိုက်တွင် ကုအန်သည် ကောင်းကင်ကြီးတစ်ခုလုံးကို တစ်ယောက်တည်း ခုခံနေရသလိုပင်။
အပိုင်း(၂၅၂)
မောက်မာသော ဆရာသခင်ဓားအရှင်၊ မင်းတို့မှာ စစ်ကူရှိသေးလား
ကြယ်ခုနှစ်လုံးကြေးမုံမှ နတ်အလင်းများက အလွန်တောက်ပနေခဲ့ပြီး ရင်ပြင်ပေါ်ရှိ တပည့်များပေါ် ကျရောက်နေခဲ့သည်။ ထိုအခိုက်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှ တပည့်များ တစ်ခုခုမှားနေသည်ကို သတိထားမိကုန်ကြသည်။ အထက်လူကြီးများနှင့် ကောင်းကင်ဈာန်အမတများက သူတို့ကို ပစ်ပယ်ထားလိုက်ပုံပင်။ သူတို့ပေါ် ကျရောက်နေသော ဖိအားကို လုံး၀ဂရုမစိုက်ကြတော့ပေ။
တခဏကြာသောအခါ အော်ဟစ်ငိုယိုသံများ ခွင့်လွှတ်ပေးဖို့ တောင်းပန်သံများ ရင်ပြင်ပေါ်တွင် ပြည့်နှက်သွားခဲ့သည်။
သို့သော် ကောင်းကင်ဈာန်အမတ ၇ပါး၏ စိုက်ကြည့်ခြင်းကိုခံနေရသော ကုအန်ကတော့ သူ့လက်ထဲရှိ ရတနာဓားနှစ်ချောင်းကိုသာ ကြည့်ရှုနေခဲ့၏။
ကောင်းကင်အနက်နယ်မြေသခင် ကုအန်ကိုငုံ့ကြည့်လိုက်ကာ မေးလိုက်သည်။
“မင်းမှာပြောစရာတစ်ခုခုရှိသေးလား”
ဆရာသခင်ဓားအရှင်၏သရုပ်မှန်က ဆန်းကြယ်ပြီး သူသည် ကောင်းကင်ဈာန်အမတများကိုပင် ကြက်ကလေးငှက်ကလေးသတ်သလို သတ်နေသူဖြစ်ရာ ထိုသူ့ကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက အနည်းငယ်တော့ သတိထားနေရသည်။သူတို့သည် ဆရာသခင်ဓားအရှင်နောက်တွင် ပိုအစွမ်းထွက်သည့် ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုခုရှိနေမှာကို ကြောက်ရွံ့နေခြင်းဖြစ်ပြီး ထို့အတွက်ကြောင့်လည်း ချက်ချင်းမလှုပ်ရှားကြသေးခြင်း ဖြစ်၏။
အကယ်၍ သူ့တွင် ဘာနောက်ခံမှမရှိလျှင်တော့ ဒီနေ့ ဆရာသခင်ဓားအရှင်ကို ဤနေရာမှထွက်သွားခွင့်ပြုမည် မဟုတ်ကြတော့ပေ။
ကုအန် ခေါင်းမော့ကာ ကောင်းကင်ပေါ်ရှိ ကောင်းကင်ဈာန်အမတ ၆ပါးကိုကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့တွေအကုန်ဒီရောက်နေတာလား ဒါမှမဟုတ် စစ်ကူေတွရှိကြသေးလား”
ထိုစကားထွက်လာသည်နှင့် ကောင်းကင်ဈာန်အမတများ၏မျက်နှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ကြ၏။
မောက်မာလိုက်တာ!
သူတို့သည် နှစ်ပေါင်းသိန်းချီနေလာကြသူများဖြစ်ပြီး ဤကဲ့သို့မောက်မာသည့်လူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ကောင်းကင်ဈာန်အမတ ၇ ပါးနှင့် အထွတ်အထိပ်အမတရတနာကို ရင်ဆိုင်နေရချိန်တွင်ပင် ထိုကောင်သည် မောက်မာနိုင်နေသေးသည်လော။
ကောင်းကင်အနက်နယ်မြေသခင် ချက်ချင်း ဖြစ်နိုင်ချေများစွာကို တွေးလိုက်မိ၏။ ဆရာသခင်ဓားအရှင်သည် ကောင်းကင်ဈာန်အမတအဆင့်ကို ကျော်လွန်နေသူလားဟုပင် သူတွေးလိုက်မိသည်။ သို့သော် သူချက်ချင်း ထိုအတွေးကို ကယ်ချပစ်လိုက်၏။ ထိုကဲ့သို့သော တည်ရှိမှုမျိုးသည် အဘယ်ကြောင့် ဒီလိုကုန်းမြေတိုက်ကြီး၏ ချောင်ကြိုချောင်ကြားတွင် ပုန်းအောင်းနေလိမ့်မည်နည်း။
ထိုကဲ့သို့သော လူမျိုးသည် မဟာတာအိုအခွင့်အလမ်းကိုရှာဖွေရန် ကောင်းကင်ပြင်ပသို့ ထွက်ခွာသင့်ခြင်း မဟုတ်ပါလော။
ကြယ်ခုနှစ်လုံးကြေးမုံ၏ စွမ်းအားကိုခံစားရင်း ကောင်းကင်အနက်နယ်မြေသခင်၏ မျက်လုံးထဲတွင် ကြမ်းကြုတ်တော့မည့် အရောင်များ လက်လာခဲ့သည်။
အကယ်၍ တစ်ဖက်လူသည် ကောင်းကင်ဈာန်အမတအဆင့်ကို ကျော်လွန်နေလျှင်တောင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ နတ်အရှင်များကို သတ်သွားသည့်အမှုကို ဒီတိုင်းလွှတ်ပေးလိုက်၍တော့ မဖြစ်ပေ။
ထိုစဉ် သူ့ညာလက်ကိုရုတ်တရက်မြှောက်လိုက်ပြီး သူ့နောက်ရှိ ပေတစ်ထောင်ခန့်မြင့်မားသော ကြယ်ခုနှစ်လုံးကြေးမုံလည်း ကြမ်းကြမ်းတမ်းတမ်းတုန်ခါလာခဲ့ကာ ကြောက်မက်ဖွယ်ဖိအားက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ရင်ပြင်ပေါ်ရှိ တပည့်များ၏အော်သံများလည်း ရုတ်ချည်းတိတ်ဆိတ်သွားခဲ့ပြီး သူတို့အရည်ပြားများ လောင်ကျွမ်းကာ အသားများအရည်ပျော်သွားတော့မလို ခံစားနေခဲ့ကြရ၏။
ထိုအခိုက်တွင် ကျယ်ပြန့်လှသော စွမ်းအားတစ်ခုက သူတို့အားလုံးကိုဖုံးအုပ်သွားပြီး သူတို့အားလုံးကို အကာအကွယ်ပေးလိုက်လေသည်။ သူတို့လည်း မျက်လုံးများပြူးကျယ်သွားပြီး ထိုစွမ်းအား၏ အရင်းအမြစ်ကို အလိုလိုကြည့်လိုက်မိကြရာ ကုအန်ကို တွေ့လိုက်ကြရ၏။
“မင်းတို့အခု သိကြပြီလား ဒါကမင်းတို့တွေးထင်ခဲ့တဲ့ မြင့်မြတ်ကုန်းမြေဆိုတာလား”
ကုအန်အသံထွက်ပေါ်လာခဲ့ပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ တပည့်များ၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်သွားခဲ့ရသည်။
သူတို့သည် ကြယ်၆လုံးနှင့် ၇လုံးဂူမှ ပါရမီရှင်များဖြစ်ကြပြီး သူတို့ကိုယ်သူတို့ အဆင့်မြင့်ကာ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ အနာဂတ်အတွက် အရေးပါသူများဟု ထင်ထားခြင်းဖြစ်ကြ၏။ သို့သော် အခုတော့ သူတို့ဘာအမှားမှလုပ်မထားပါဘဲ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက သူတို့ကို ထိုနေရာတွင်သေစေရန် ပစ်ပယ်ထားခဲ့သည်။ သူတို့ထိုအရာကို မည်သို့လက်ခံနိုင်လိမ့်မည်နညး်။
ထိုစဉ် မိုင်တစ်သောင်းနတ်အရှင်လည်း ကြယ်ခုနှစ်လုံးကြေးမုံအောက်သို့ ပျံတက်သွားခဲ့သည်။ အထွတ်အထိပ်အမတရတနာအောက်တွင် ကောင်းကင်ဈာန်အမတ ၇ ပါးပေါင်း၍ တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီး သူတို့ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်နေခဲ့၏။ ထို့နောက် သူတို့ကိုယ်မှ အရှိန်အဝါများသည် ကြယ်ခုနှစ်လုံးကြေးမုံ၏ အရှိန်အဝါနှင့် ပေါင်းစပ်သွားခဲ့ပြီး ကြေးမုံ၏ ကြောက်မက်ဖွယ်ဖိအားက ပိုတိုးလာခဲ့သည်။
ကုအန် မော့ကြည့်နေရင်း တစ်မျိုးခံစားလိုက်ရ၏။
ဆိုတော့ ဒါက အထွတ်အထိပ်အမတရတနာရဲ့ စွမ်းအားလား!
ယခုအခိုက်တွင် ကြယ်ခုနှစ်လုံးကြေးမုံမှ ထုတ်လွှတ်နေသောစွမ်းအားသည် ကောင်းကင်ဈာန်အမတအဆင့်ကိုပင် ကျော်လွန်နေမှန်း ကုအန် ခံစားမိခဲ့သည်။ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၏ ပထမသုံးဆင့်ဆိုလျှင်တောင် ဤစွမ်းအားကို တောင့်ခံဖို့မဖြစ်နိုင်လောက်ပေ။
ဒါပေါ့ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးအနေနှင့် မယှဉ်နိုင်သော်လည်း ထွက်ပြေးဖို့ကတော့ လွယ်နေဦးမည် ဖြစ်သည်။
ထိုစဉ် ကုအန်ရုတ်တရက် အကြံတစ်ခုရလိုက်၏။ ထို့ကြောင့် သူခပ်ကျယ်ကျယ်အော်မေးလိုက်သည်။
“လူကြီးမင်းတို့ ကျုပ်က ဒီအနက်ရောင်ကောင်းကင်ကြီးကို ဖြိုခွဲပေးခဲ့ရင် လူကြီးမင်းတို့က ဒီကုန်းမြေတိုက်ကြီးအပေါ် တောက်ပတဲ့အလင်းရောင်ကို ဆောင်ကျဉ်းပေးလာနိုင်မလား”
ထိုစကားကိုကြားသောအခါ ကောင်းကင်ဈာန်အမတ၇ပါး မျက်မှောင်ကြုံ့သွားခဲ့ကြသည်။
ရင်ပြင်ပေါ်ရှိ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှ တပည့်များကတော့ ကြက်သေသေကုန်ကြ၏။ သူတို့မတုန့်ပြန်နိုင်ခင်မှာပင် ကုအန် သူ့ဓားကို လွှဲယမ်းလိုက်လေတော့သည်။
သူ့ညာလက်တွင် ကောင်းကင်စံအိမ်ဓားကို ကိုင်ထားစဉ် ထိုဓားဖြင့် အပေါ်သို့ပင့်၍ ခုတ်လိုက်ခြင်းဖြစ်သည်။
သူ့ကိုယ်ဟန်အမူအရာမှာ အတော်လေး သာမန်ဆန်လှပေသည်။ ထိုဓားချက်တွင် မည်သည့်အဟုန်မှ ပါပုံမပေါ်သော်လည်း ဓားချက်ကောင်းကင်ဆီရောက်သွားသောအခါ လမ်းတစ်လျှောက်ရှိ မီးတောက်များ လေလှိုင်းများအားလုံး ပြိုကွဲသွားခဲ့၏။ ကြယ်ခုနှစ်လုံးကြေးမုံအောက်ရှိ ကောင်းကင်ဈာန်အမတ ၇ပါးလည်း လုံး၀မခုခံနိုင်ခဲ့ဘဲ တိုက်ရိုက်ပင် ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝုန်းးး
ကြယ်ခုနှစ်လုံးကြေးမုံလည်း ဓားချီ၏ ခုတ်ချက်ကိုခံလိုက်ရပြီး အပြင်းအထန်တုန်ခါနေခဲ့၏။ ကြေးမုံအထက်ရှိ တိမ်စိုင်များမှာတော့ အားလုံးပြိုကွဲသွားခဲ့ပြီး တောက်ပသောနေရောင်ခြည်က ကမ္ဘာမြေဆီ ထိုးကျလာခဲ့သည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှ ပါရမီရှင်တပည့်တစ်သောင်း ကြောင်အနေကြကာ သူတို့မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားခဲ့ကြသည်။
သူတို့ ကောင်းကင်အနက်နယ်မြေသခင်နှင့် ကြယ်ခုနှစ်လုံးကြေးမုံ၏ စွမ်းအားကို ခံစားမိခဲ့ကြပြီး ထိုစွမ်းအားမှာ သူတို့လုံး၀မခုခံနိုင်သလို စိတ်ကူးပင်မယဉ်နိုင်ကြသည့် စွမ်းအားမျိုးဖြစ်၏။
ဆရာသခင်ဓားအရှင်၏ လင်းရှီကသူတို့ကိုကာကွယ်ပေးထားသော်လည်း ကြမ်းတမ်းသောတိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ကိစ္စများမှာ ထိုသို့ဖြစ်မသွားခဲ့ပေ။
သတ်ဖြတ်ဖို့ ဓားတစ်လက်!
ကြေမွခြင်းနှင့် ပျက်သုဉ်းခြင်း!
ထိုအရာသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို သတ်ဖြတ်သည်နှင့်မတူဘဲ ကောင်းကင်မှတိမ်စိုင်တစ်အုပ်ကို ရှင်းလိုက်သည်နှင့် ပိုတူနေခဲ့သည်။
ကောင်းကင်ထက်တွင် ကြယ်ခုနှစ်လုံးကြေးမုံသာ ကျန်ရစ်ခဲ့တော့သည်။
ပေတစ်ထောင်ခန့်မြင့်သော ကြေးမုံကြီးလည်း အပြင်းအထန်တုန်ခါနေပြီး တခဏအကြာတွင် သူ့အရှိန်အဝါများကိုရုတ်သိမ်းလိုက်ကာ ကောင်းကင်မှ စတင် ပြုတ်ကျလာခဲ့၏။
[သင်သည် ကောင်းကင်အနက်နယ်မြေသခင်(ကောင်းကင်ဈာန်အမတအဆင့် ၇) ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၂၅၇၀၉ နှစ်ရိတ်သိမ်းနိုင်ခဲ့ပါသည်]
[သင်သည် မိုင်တစ်သောင်းနတ်အရှင်(ကောင်းကင်ဈာန်အမတအဆင့် ၃)ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁၀၀၄၁ ရိတ်သိမ်းနိုင်ခဲ့ပါသည်]
[သင်သည် နတ်အရှင်ရှောင်လန်(ကောင်းကင်ဈာန်အမတအဆင့် ၅)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁၈၁၁၆ ရိတ်သိမ်းနိုင်ခဲ့ပါသည်]
….
စာတန်း ၆ ခု သူ့ရှေ့တွင်ပေါ်လာသောကြောင့် ကုအန်ကြိတ်၍ အံ့အားသင့်သွားခဲ့၏။
ဘာလို့ တစ်ယောက်ပျောက်နေတာလဲ!
ပျောက်နေသောသူမှာ မျက်နှာတစ်ထောင်နတ်အရှင် ဟူသော ကောင်းကင်ဈာန်အမတအဆင့်၄ ရှိသည့်သူဖြစ်မှန်း ကုအန် မှတ်မိသွားခဲ့သည်။
ကောင်းကင်ဈာန်အမတ ၇ပါးလုံး ပြာကျသွားသည်ကို သူရှင်းရှင်းလင်းလင်းမြင်ခဲ့ရသောကြောင့် တစ်ယောက်ယောက်က လွတ်မြောက်သွားဖို့ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဒီလူ့မှာ အခြားကိုယ်ပွားတစ်ခုရှိတာ ဖြစ်နိုင်လောက်လား!
ဒီလိုဆို ငါဘာလို့ သူ့သက်တမ်းကို အာရုံခံမိခဲ့တာလဲ!
ကုအန် နတ်အာရုံကို ကုန်းမြေတိုက်ကြီးတစ်ခုလုံးပေါ် ဖြန့်ကျက်လိုက်သော်လည်း မျက်နှာတစ်ထောင်နတ်အရှင်၏ အရိပ်အယောင်ကို လုံး၀ မတွေ့ရတော့ပေ။
ထိုအရာက သူ့ကို အမြင်ကျယ်သွားစေခဲ့သည်။
မျက်နှာတစ်ထောင်နတ်အရှင်သည် ဘာမဟုတ်သော ကျင့်ကြံသူလေးတစ်ယောက်ဟုသာ ထင်ရသော်လည်း ကောင်းကင်အနက်နယ်မြေသခင်ထက်ပင် လွတ်မြောက်နိုင်စွမ်း၌ ပိုအစွမ်းထက်နေကာ ကုအန်လက်ထဲမှပင် ထွက်ပြေးသွားနိုင်ခဲ့၏။
ကုအန် ချက်ချင်း သက်တမ်း ၈၀၀၀၀ ကျော်ထပ်ရသွားခဲ့သည်။ သူခုနက လျူမိသားစုကို ရှင်းလင်းစဉ်က သက်တမ်း ၅၀၀၀၀လောက်ရရှိခဲ့ပြီး အားလုံးပေါင်း သက်တမ်း ၁၃၀၀၀၀ လောက်ရရှိခဲ့ရာ ဆိုးတော့မဆိုးလှပေ။
အရေးအကြီးဆုံးအရာမှာတော့ သူ့အားခြိမ်းခြောက်နေသော အန္တရာယ်ကို ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ကုအန် လက်ကိုမြှောက်လိုက်ကာ တုန်ခါနေသေးသော ကြယ်ခုနှစ်လုံးကြေးမုံကို ဖမ်း၍ သိမ်းလိုက်၏။ သူနတ်အာရုံသုံး၍ ကြေးမုံထဲရှိ စည်းများအားလုံးကို ဖျက်ဆီးပစ်လိုက်ကာ အမတစိတ်ဝိညာဉ်ကို သူ့အား သခင်အဖြစ်သတ်မှတ်ဖို့ အတင်းအကြပ်ခိုင်းစေလိုက်လေသည်။
ကမ္ဘာငယ်လေးထဲတွင် လေပြင်းမုန်တိုင်းက ဆက်လက်တိုက်ခတ်နေဆဲဖြစ်ပြီး ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများ သူများအသက်ရှင်သန်နိုင်ခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သေးခင် ကောင်းကင်ကိုသာ မော့၍ ကြည့်ရှုနေခဲ့ကြသည်။
ထပ်!
ကျင့်ကြံသူတစ်ယောက် ရုတ်တရက်ဒူးထောက်လိုက်ပြီး ကုအန်ဘက်လှည့်ကာ ရှိခိုးလိုက်၏။
တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် အခြားသူများလည်း သူ့လိုလိုက်ရှိခိုးကြလေတော့သည်။
လူပေါင်း ၁၀၀၀၀ကျော် ကုအန်ကို ရှိခိုးကန်တော့နေသည့်မြင်ကွင်းမှာ အတော်လေး ခမ်းနား ထည်ဝါလှ၏။
“ဒီကုန်းမြေတိုက်ကြီးပေါ်က ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကို ပြောင်းလဲဖို့က မင်းတို့သဘောအတိုင်းပဲ တကယ်လို့သာ ဒီနယ်မြေက အရင်လိုပဲ မြင့်မြတ်ကုန်းမြေအမည်ခံပြီး မကောင်းဆိုးဝါးလုပ်ရပ်တွေကို ဆက်လုပ်နေခဲ့မယ်ဆိုရင် ငါပြန်လာခဲ့မယ် အဲ့ဒီအခါကျရင်တော့ သေဆုံးမှာက ဂိုဏ်းရဲ့အထက်ပုဂ္ဂိုလ်တွေပဲ မဟုတ်တော့ဘူး”
ကုအန် အသံထွက်ပေါ်လာပြီး သူ့ဘယ်လက်ရှိ ချင်းဟုန်ဓားဖြင့် နန်းတော်ကို ခုတ်ပိုင်းပစ်လိုက်၏။
ဝုန်း!
ဓားချီထွက်ပေါ်လာပြီး နန်းတော်ကို နှစ်ခြမ်းပိုင်းသွားကာ ချက်ချင်းပင် နန်းတော်တစ်ခုလုံးပြာဖြစ်သွားခဲ့သည်။
ထိုစွမ်းအားကြောင့် ဒူးထောက်နေသော ကျင့်ကြံသူများအားလုံး တုန်ရီပင်သွားကြပြီး စွမ်းအားအပေါ်လေးစားအားကျမှုပင် ဖြစ်သွားခဲ့ကြ၏။
ဆရာသခင်ဓားအရှင်သည် စွမ်းအားကြီးရုံသာမက သူတို့ကိုပါကယ်တင်ခဲ့သေးရာ သူတို့မည်သို့ သူ့အပေါ် အာဃာတထားနိုင်မည်နည်း။
အကယ်၍ သူတို့သာတစ်ယောက်ယောက်ကို မုန်းလိုလျှင် သူတို့မုန်းရမည့်လူမှာ သူတို့ကိုသတ်ဖို့ ကြံခဲ့သည့် အထက်ပုဂ္ဂိုလ်များသာ ဖြစ်ရပေလိမ့်မည်။
ထိုအခိုက်တွင် သူတို့အားလုံး၏မျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။ နန်းတော်ပြာကျသွားသည်နှင့် နန်းတော်ထဲမှ မိစ္ဆာများ ပျံထွက်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ သူတို့အရှိန်အဝါအရ ထိုကောင်များသည် မကောင်းဆိုးဝါးမိစ္ဆာများဖြစ်လောက်ပြီး အထီး အမ မိစ္ဆာသဏ္ဍာန်များဖြင့် စုံလင်လှ၏။ သူတို့သည် ပြင်းထန်စွာ တိုက်ခတ်နေသော လေထဲတွင် နာကျင်စွာ မြည်တမ်းနေခဲ့ကြသည်။
မကောင်းဆိုးဝါးမိစ္ဆာတစ်အုပ်အား သတ်ဖြတ်ခြင်းမှ ကုအန် ဘာသက်တမ်းမှ မရရှိခဲ့သော်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှ ပါရမီရှင်များကတော့ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်သွားခဲ့ကြ၏။
အဘယ်ကြောင့် မြင့်မြတ်ကုန်းမြေက မကောင်းဆိုးဝါးမိစ္ဆာအများကြီးကို မွေးမြူထားကြသနည်း။
သူတို့အသိပြန်၀င်လာသောအခါ ကုအန်ပုံရိပ်ကို မတွေ့ရတော့ပေ။
ထိုစဉ် အေ၀းတစ်ေနရာတွင် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု ပွင့်လာပြီး ကျင့်ကြံသူများ ကမ္ဘာငယ်လေးထဲ အလျိုလျို၀င်လာခဲ့ကြသည်။ ရင်ပြင်ပေါ်ရှိတပည့်များကတော့ အဖြစ်အပျက်များကို ပြန်စဉ်းစားရင်း အိပ်မက်မက်နေသလိုပင် ခံစားနေခဲ့ကြရ၏။
…
အလင်းခပ်မှိန်မှိန်နန်းတော်ထဲတွင် ခရမ်းရောင်၀တ်ရုံ၀တ်အမျိုးသမီး နံရံပေါ်ရှိ အမြင့်ဆုံးနေရာမှ မီးအိမ် ၆လုံး တစ်ပြိုင်တည်းငြိမ်းသက်သွားသည်ကိုကြည့်ပြီး သူမမျက်ခုံးများ ချက်ချင်းတွန့်ကွေးသွားခဲ့ရသည်။
သူမပုခုံးပေါ်ရှိ တစ္ဆေလေးလည်း အံ့အသင့်မှုကြောင့် မျက်လုံးများပြူးကျယ်သွားကာ ပြောလိုက်သည်။
“နယ်မြေသခင် ကျဆုံးသွားပြီလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အမြင့်ဆုံးနေရာရှိ ဆီမီးအိမ်မှာ ကောင်းကင်အနက်နယ်မြေသခင်ကို ကိုယ်စားပြုထားခြင်းဖြစ်ပြီး သူ့မီးအိမ်ကအတော်လေးလည်း ကြီးကာ ကြယ်များ၀န်းရံထားသော လမင်းနှယ်ဖြစ်နေခဲ့သည်။
ထိုအခိုက်တွင် ပုံရိပ်တစ်ခုလေထုအလွှာထဲမှ တစ်ဆင့် ခရမ်းရောင်၀တ်ရုံ၀တ်အမျိုးသမီးဘေးတွင် ပေါ်ပေါက်လာခဲ့၏။
ထိုလူထွက်ပေါ်လာပြီးပြီးချင်း ချက်ချင်း သွေးများအန်လိုက်ရလေသည်။ သူချက်ချင်းပင် တင်ပလ္လင်ခွေထိုင်ချလိုက်ကာ သူ့ကိုယ်ထဲရှိ ဗြောင်းဆန်နေသော သွေးများကို ထိနှိပ်ရန် ကျင့်ကြံလိုက်ရသည်။
ခရမ်းရောင်၀တ်အမျိုးသမီး ထိုလူ့ကိုကြည့်ပြီး သူမမျက်ခုံးများ ပို၍ပင်တွန့်ကွေးလာခဲ့၏။
“မျက်နှာတစ်ထောင်နတ်အရှင် ဘာတွေဖြစ်သွားတာလဲ ဘာလို့ နယ်မြေသခင်တွေအားလုံး သေသွားကြတာလဲ” ခရမ်းရောင်၀တ်အမျိုးသမီး မေးလိုက်သည်။
ကျင့်ကြံနေသည့်လူမှာ ကုအန်လက်ထဲမှ လွတ်သွားသော မျက်နှာတစ်ထောင်နတ်အရှင်မှလွဲ၍ အခြားမဟုတ်ပေ။ သူသည် အပြာရောင်၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ဆံပင်ရှည်များကို ပုခုံးပေါ်ကျထားခဲ့ကာ သူ့မျက်နှာက မိန်းမတစ်ယောက်လို နူးညံ့လှသည်။ ထိုအခိုက်တွင် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများလည်း တုန်ယီနေခဲ့၏။
“ကြယ်၆လုံးဂူ တိုက်ခိုက်ခံရပြီးတော့ နယ်မြေသခင်က အဲ့ဒီတိုက်ခိုက်မှုက ကြယ်ပင်လယ်အဖွဲ့အစည်းကလုပ်တာလို့ထင်ခဲ့တာ အဲ့တာကြောင့် ငါတို့အားလုံး ကူညီဖို့သွားခဲ့ကြတယ် ငါတို့အဲ့ဒီမှာ အဲ့ဒီကုန်းမြေတိုက်ကြီးက ဆရာသခင်ဓားအရှင်နဲ့တွေ့ခဲ့ရတယ် သူက ငါတို့ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာ … ကြယ်ခုနှစ်လုံးကြေးမုံတောင် သူ့ဓားချီကိုတောင့်မခံနိုင်ခဲ့ဘူး အခုကြယ်၇လုံး ကြေးမုံကလည်း သူ့လက်ထဲရောက်သွားပြီ…”
မျက်နှာတစ်ထောင်နတ်အရှင် တုန်ရီစွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နေပြီး ပြောလိုက်၏။
“သူက သန်မာလွန်းတယ်…ကောင်းကင်ဈာန်အမတတွေဆိုတာ သူ့ရှေ့မှာ ဖုန်မှုန့်တွေလိုပဲ ငါတောင် တစ်ခုခုမှားနေတာကို သတိထားမိသွားပြီးတော့ ငါ့အဓိကဝိညာဉ်နဲ့ ကိုယ်ပွားကို ကူးပြောင်းနိုင်ခဲ့လို့ မဟုတ်ရင် ငါသေနေလောက်ပြီ ဒါပေမယ့် ငါ့ကိုယ်ပွားကျဆုံးသွားရမှုကလည်း ငါ့ကိုအတော်လေး ထိခိုက်သွားစေခဲ့တယ် ငါပုံမှန်အတိုင်းပြန်ကောင်းဖို့ နှစ် ၁၀၀၀၀လောက် အချိန်ယူကုသရတော့မယ်…”
ဆရာသခင်ဓားအရှင်အကြောင်းတွေးမိသောအခါ သူ့ခန္ဓာကိုယ် မနေနိုင်မထိုင်နိုင် တုန်ရီလာခဲ့သည်။
ထို့နောက် သူခရမ်းရောင်၀တ်အမျိုးသမီးကိုကြည့်ကာ ပြောလိုက်၏။
“ဒုတိယဂူသခင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက ပြီးဆုံးသွားပြီ ကောင်းကင်ဈာန်အမတ၇ပါးလည်း သေသွားပြီ ကြယ်ခုနှစ်လံုးေကြးမံုကလည်း ဆရာသခင်ဓားအရှင်လက်ထဲရောက်နေပုံနဲ့ ငါတို့ ကြယ်ပင်လယ်အဖွဲ့အစည်းကို ဘယ်လိုမှခုခံနိုင်မှာမဟုတ်တော့ဘူး ငါတို့အစီအစဉ်တွေ ကြိုဆွဲထားဖို့ လိုတယ်”
ခရမ်းရောင်ဂါ၀န်၀တ်အမျိုးသမီးသည် ကြယ်၂လုံးဂူသခင်ဖြစ်ပြီး မျက်နှာတစ်ထောင်နတ်အရှင်စကားကိုကြားသောအခါ သူမ တိတ်ဆိတ်သွားခဲ့သည်။
လတ်တလောတွင် ကြယ်ပင်လယ်အဖွဲ့အစည်းက သူတို့ကို ဆက်တိုက်ဖိနှိပ်နေပြီး သူမ သူမတို့ဂိုဏ်းကျရှုံးရမှုကို တွေးထားမိသော်လည်း ယခုလောက်မြန်မြန်ကြီးဖြစ်သွားမည်ဟုတော့ တွေးမထားမိခဲ့ပေ။ အခုတော့ ကောင်းကင်ဈာန်အမတ ၇ပါးသည် တစ်ရက်တည်းတွင် ကျဆုံးခဲ့ရလေပြီ။
ကောင်းကင်ဈာန်အမတများသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အုတ်မြစ်များ ဖြစ်ကြပေသည်။
“အစီအစဉ်လား ငါတို့မှာဘာအစီအစဉ်ရှိနိုင်မှာလဲ နောက်ပြီး နတ်ကမ္ဘာခြားနယ်မြေ ဂိတ်တံခါးကလည်း ပွင့်ပြီးသွားပြီ ကပ်ဘေးဆင်းသက်လာတာနဲ့ ကမ္မစွမ်းအားနဲ့ ချည်နှောင်ထားနေသမျှ ကောင်းကင်ပြင်ပကိုထွက်ပြေးရင်တောင် အသုံး၀င်မှာမဟုတ်ဘူး” ဒုတိယဂူသခင်ပြောလိုက်ပြီး သူမမျက်လုံးများက တစ်ခုခုကိုတွေးနေဟန်ဖြင့် ချောက်ခြားစရာကောင်းနေခဲ့သည်။
မျက်နှာတစ်ထောင်နတ်အရှင် သူ့စွမ်းအားသုံး၍ ဒဏ်ရာများကိုဖိနှိပ်ထားလိုက်ကာ ပြောလိုက်၏။
“ငါဂရုမစိုက်ဘူး ငါကတော့ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကနေ ထွက်ကိုထွက်သွားရမှာပဲ ငါနှစ်ပေါင်းသောင်းနဲ့ချီကျင့်ကြံလာခဲ့တာ ငါ့အမတလမ်းစဉ်ကို အခုလိုအဆုံးသတ်ခံမှာမဟုတ်ဘူး အကယ်၍ အနာဂတ်မှာ ငါ့အကူအညီလိုအပ်လာခဲ့ရင် ငါ့ကိုလွတ်လွတ်လပ်လပ်ပြောပြလို့ရတယ် ဒါပေမယ့် ငါဆရာသခင်ဓားအရှင်နဲ့တော့ ထပ်မတိုက်ခိုက်ချင်တော့ဘူး”
သူထရပ်လိုက်ကာ ကြယ်၂လုံးဂူသခင်ကို ဂါရ၀ပြုလိုက်ပြီး ပျောက်ကွယ်သွားခဲ့လေသည်။
ခပ်မှောင်မှောင်ခန်းမကြီးထဲတွင် ခရမ်းရောင်ဂါ၀န်၀တ် အမျိုးသမီးနှင့် သူ့ပုခုံးပေါ်ရှိ တစ္ဆေလေးသာ ကျန်ရစ်ခဲ့တော့ဧ။။် ဖယောင်းတိုင်အလင်းကြောင့် သူတို့အရိပ်များက ကြမ်းပြင်ပေါ်ကျနေခဲ့ကြပြီး အရိပ်များမှာ ကြမ်းကြုတ်လှသော မိစ္ဆာကြီးများလိုပင် ပုံပေါ်နေခဲ့သည်။