အခန်း (၂၅၃-၂၅၄)
Vol. 20 Ch. 253-254
အပိုင်း(၂၅၃)
ရုတ်ချည်းပြောင်းလဲသွားသော ကမ္ဘာကြီး၊ ပြဿနာကြီးတစ်ခု
တောအုပ်ထဲတွင် ကုအန် သစ်ပင်တစ်ပင်ကိုမှီကာ ထိုင်နေခဲ့ရင်း လက်ထဲရှိ မှန်ကို ကစားနေခဲ့သည်။
အပူအပင်မဲ့ကမ္ဘာဦးအမတအရှိန်အဝါနှင့်ပင် ယှဉ်နိုင်စွမ်းရှိသော အရှိန်အဝါကိုထုတ်လွှတ်နုိင်သည့် ကြယ်ခုနှစ်လုံးကြေးမုံသည် ကုအန်လက်ထဲတွင် ဘယ်နေရာမှာမှ အထွတ်အထိပ်အမတရတနာတစ်ခုနှင့် တူမနေတော့ပေ။
ကောင်းကင်မှ နှင်းများက ကျဆင်းနေဆဲဖြစ်ပြီး နှင်းလွှာများသည် သစ်ရွက်များကြားထဲမှ ကုအန်ကိုယ်ပေါ်ကျလာသောအခါ အငွေ့အဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
ကောင်းကင်ဈာန်အမတ ၇ ပါး ကျဆုံးမှုကြောင့် ကောင်းကင်ကြီးသည် ၀မ်းနည်းပူဆွေးနေကာ နှင်းလွှာများကို အဆက်မပြတ်ရွာချနေခဲ့၏။
ကြယ်ခုနှစ်လုံးကြေးမုံကို ကိုင်ထားရင်း ကုအန်နတ်အာရုံသုံးကာ ကမ္ဘာဦးတာအိုအဆောင်ကို ခြေရာခံကြည့်နေခဲ့သည်။
သူ ကျိရှောင်ယု၏မျိုးရိုးနှင့် နတ်သိုင်းများအကြောင်းအတော်လေး စိတ်၀င်စားနေခဲ့၏။
ကမ္ဘာဦးတာအိုအဆောင်ထွက်ပြေးသွားခဲ့စဉ်က သူနတ်အာရုံဖြင့် နောက်မှ လိုက်ကြည့်ခဲ့သည်။ ကမ္ဘာဦးတာအိုအဆောင်သည် ကောင်းကင်နှင့်မြေပြင်စည်းမျဉ်းများကို ချိုးဖြတ်၍ သက်ရှိများအလှမ်းမမှီနိုင်သော နေရာတွင် ပုန်းအောင်းနေသော်လည်း ကုအန်ထိုအရာကို ခြေရာခံနိုင်နေဆဲပင်။
ကမ္ဘာဦးတာအိုအဆောင်သည် ဤကုန်းမြေတိုက်ကြီးမှ ထွက်မသွားဘဲ ကျိမိသားစုထံသို့သာ ပြန်သွားမှန်း သူသတိထားမိခဲ့သည်။ သို့သော် ထိုကျိမိသားစုမှာ ကျိရှောင်ယု၏ ကျိမိသားစုခွဲမဟုတ်ဘဲ မဟာကျင်းမင်းဆက်ရှိ ကျိမိသားစုခွဲတစ်ခုဆီသို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ကုအန် ကျိရှောင်ယု၏ ပြတ်သားလွန်းသောပုံစံကိုပြန်တွေးမိပြီး စိတ်ထဲအနည်းငယ်၀မ်းနည်းသလို ခံစားလိုက်ရသည်။
ကျိရှောင်ယု ထိုကဲ့သို့ တိုက်ရိုက်ကြီးထွက်ခွာသွားလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ ထိုဆန်းကြယ်သောအရိပ်ကတော့ သူမ၏အရင်ဘ၀ကပုံရိပ် ဖြစ်နိုင်ပေသည်။ ကျိရှောင်ယုကလည်း ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်နှင့် ဆင်တူသော ကျင့်စဉ်မျိုးကို ကျင့်ကြံနေပုံ ပေါ်၏။
ကျိရှောင်ယု ယခုဘ၀တွင် ကျရှုံးသွားခဲ့ရမှုကိုတော့ နှမြောစရာကောင်းသည်ဟု ကုအန် ခံစားမိခဲ့သည်။
“တတိယသခင်မလေး နောက်ဘ၀မှာတော့ အခုလိုမိသားစုရဲ့ အကျပ်ကိုင်ခြင်းမခံရဘဲ ပိုရှည်လျားတဲ့သက်တမ်းကို ရရှိဖို့ မျှော်လင့်ပါတယ်” ကုအန် တွေးလိုက်လေသည်။
ကမ္ဘာဦးတာအိုအဆောင်က ကျိမိသားစုတွင်သာ ရှိနေသေးသည်ကိုတွေ့လိုက်ရသောအခါ ကုအန် ကျိမိသားစုနှင့် ကျိရှောင်ယုကြားဆက်ဆံရေးကို ပဟေဠိဖြစ်သွားခဲ့ရသည်။ အကယ်၍ သူတို့ဆက်ဆံရေးကသာ တစ်ဘ၀စာသာဖြစ်ခဲ့လျှင် အဘယ်ကြောင့် ကမ္ဘာဦးတာအိုအဆောင်က အခြားနေရာများကိုမရွေးဘဲ ကျိမိသားစုကိုသာ ထပ်ရွေးခဲ့ရသနည်း။
ထိုအကြောင်း ကျိမိသားစုဂိုဏ်းခွဲမှ ဝိညဉ် ကျိကျန်းကိုမေး၍တော့ ရကောင်းရနိုင်ပေသည်။
သို့သော် တွေးကြည့်ပြီးသည့်နောက် ကုအန် ၀င်မပါဖို့သာ ဆုံးဖြတ်လိုက်သည်။
ဤအရာသည် ကျိမိသားစုနှင့် ကျိရှောင်ယု၏ ကံကြမ္မာသာဖြစ်၏။ သူသည်အဘယ်ကြောင့် ထိုကြားထဲ ၀င်ပါရမည်နည်း။
ကုအန် သူ့ဘေးရှိလူတိုင်းကို ထိုကဲ့သို့သာ ဆက်ဆံခြင်းဖြစ်ပြီး သူသည် မည်သူ့အတိတ်ကိုမှစိတ်မ၀င်စားဘဲ သူတို့၏လက်ရှိ ဆက်ဆံရေးကိုသာ တန်ဖိုးထားသူဖြစ်ပေသည်။
ဤတိုက်ပွဲပြီးသည့်နောက် အနာဂတ်တွင် သူကျိရှောင်ယုနှင့် ပြန်ဆုံရမည့်အချိန်ကို မျှော်လင့်နေခဲ့မိ၏။
ထိုအချိန်ရောက်လျှင် ကျိရှောင်ယုသည် အခြားလူတစ်ယောက် ဖြစ်သွားမည်လော သို့မဟုတ် တတိယသခင်မလေးသာ ဖြစ်နေဦးမည်လော။
ကြယ်ခုနှစ်လုံးကြေးမုံတွင် ကုအန်ရုပ်သွင်က ထင်ဟပ်နေခဲ့သည်။ သူ့မျက်လုံးများက အချိန်သမုဒ္ဒရာကိုဖြတ်၍ ကံကြမ္မာ၏တစ်ဖက်ကမ်းကို ရောက်ရှိနေပုံ ပေါ်နေခဲ့၏။
ထို့နောက် ကုအန် ကြယ်ခုနှစ်လုံးကြေးမုံကိုသာ အာရုံစိုက်လိုက်လေသည်။ ဤအရာသည် အထွတ်အထိပ်အမတရတနာအစစ်ဖြစ်ပြီး ကမ္ဘာခြားနတ်မြို့တော်ထက်ပင် ပိုစွမ်းအားကြီးသေးသည်။
သူ့လင်းရှီနှင့် တိုက်ခိုက်ခံရသည့်နောက်တွင်ပင် ထိုကြေးမုံပေါ်၌ အက်ကြောင်းတစ်ကြောင်းမှ ပေါ်မလာခဲ့ပေ။ ကုအန် မသိစိတ်က ထိုကြေးမုံသည် ပို၍ပင်သန်မာလာနိုင်သေးသည်ဟုပင် ပြောနေသေးသည်။
ထိုစဉ် ကုအန် သူ့စိတ်နှင့် ကြယ်ခုနှစ်လုံးကြေးမုံ အမတစိတ်ဝိညာဉ်ကို ဆက်သွယ်လိုက်၏။ ချက်ချင်းပင် ကြယ်ခုနှစ်လုံးကြေးမုံသည် ပုံစံပြောင်းသွားခဲ့ကာ ထောင့်စွန်းများရှိ နတ်သားရဲပုံများ ပန်းပွင့်သဏ္ဍာန်ထွင်းထုထားမှုများက ပျောက်ကွယ်သွားခဲ့ပြီး မှန်ပြင်၏အရောင်မှာလည်း မှိန်ပြသွားခဲ့သည်။
တစ်ချက်ကြည့်ရုံနှင့်ပင် ထိုမှန်က ရှေးကျသော သာမန်မှန်တစ်ချပ်မှန်းသိနိုင်ပြီး ဘယ်နေရာမှ အထွတ်အထိပ်အမတရတနာနှင့် တူမနေတော့ပေ။
ကုအန် မျက်နှာပေါ်တွင် ကျေနပ်သွားသောအပြုံးတစ်ခုပေါ်လာခဲ့ပြီး မှန်ကို ရင်ဘတ်ထဲ ထည့်သိမ်းလိုက်လေသည်။
ထို့နောက် သူမတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။ ကောင်းကင်မှ နှင်းများကျဆင်းနေသော်လည်း သူ့အမြင်တွင်ကောင်းကင်ကြီးမှာတော့ အရင်ထက်ပင် ပိုတောက်ပနေသလိုပင်။
“အိမ်ပြန်ဖို့ အချိန်ကျပြီ”
…..
နွေခေါင်ခေါင်တွင် နှင်းများက ၇ရက်တိုင်တိုင်ကျဆင်းနေခဲ့ပြီး ထိုအဖြစ်အပျက်ပြီးဆုံးသွားချိန်မှာပင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသတင်းက ပျံ့နှံ့မလာသေးသော်လည်း အဓိပတိဂိုဏ်းကတော့ သတိအနေအထားနှင့် ရှိနေခဲ့ကြသည်။ မင်းဆက်သုံးခုရှိ အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးက ထိုကိစ္စကို စုံစမ်းဖို့ လူများလွှတ်ထားကြသလို ပင်လယ်ရပ်ခြားမှ ကျင့်ကြံသူများကလည်း ကုန်းမြေတိုက်ကြီးပေါ် တဖွဲဖွဲေရာက်လာကြကာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသို့ ဦးတည်၍ သွားနေခဲ့ကြ၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ အဓိပတိဂိုဏ်းပေါ်မှ ဘယ်သူမှဖြတ်ပျံမသွားရဲကြတော့ပေ။
မုန်တိုင်းကြီးတစ်ခုမှာ အစပျိုးနေခဲ့ချေပြီ။
ကုအန် အဓိပတိဂိုဏ်းသို့ ပြန်ရောက်လာပြီးသည့်နောက် ဘာမှမဖြစ်သလိုသာ နေခဲ့ပြီး တစ်ခါတစ်ရံ ကျိရှောင်ယုပြန်လည်မွေးဖွားပြီလားဆိုတာ သိဖို့ ကမ္ဘာဦးတာအိုအဆောင်ကို နတ်အာရုံသုံး၍ ကြည့်ရှုတတ်သည်။
ဘ၀ကြီးက ပျင်းစရာကောင်းနေသော်လည်း ကုအန်ကတော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမရှိတော့၍ ပို၍သက်တောင့်သက်သာ ရှိသလို ခံစားနေခဲ့ရ၏။
မှန်ပေသည်။ ထိုဂိုဏ်းမှာ သွားလေပြီ။
ကုအန် နတ်အာရုံဖြင့် သမုဒ္ဒရာကို စစ်ဆေးကြည့်တတ်ပြီး ကြယ်ပင်လယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှသူများကို နေရာတိုင်းတွင် လိုက်ဖမ်းနေကြသည်ကို တွေ့နေခဲ့ရသည်။ ကြယ်ပင်လယ်အဖွဲ့အစည်းတင်မကဘဲ အခြားအင်အားစုများကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ နယ်မြေများနှင့် ချီကံကြမ္မာကိုဝါးမြိုရန် ကြိုးစားနေခဲ့ကြပြီး တောရိုင်းသဘာ၀ကို ပြသနေခဲ့ကြသည်။
တစ်နေ့တွင် ကုအန်ဆီသို့ လူတစ်ယောက်အလည်ရောက်ရှိလာခဲ့၏။
ထိုလူမှာ အဓိပတိဂိုဏ်းတွင် ဧည့်အကြီးအကဲလုပ်နေသော လက်ကိုးချောင်းနတ်အရှင်မှလွဲ၍ အခြားသူ မဟုတ်ပေ။ ထိုလူသည် မြေလျှောက်အမတအဆင့်သာဖြစ်သော်လည်း သူ့သက်တမ်းအကန့်အသတ်က ၈၀၀၀၀၀ ဖြစ်ကာ လက်ရှိသက်တမ်းကလည်း ၁၈၀၀၀၀ ရှိသူ ဖြစ်ပေသည်။ ထိုလူသည် ပိုမြင့်သောအဆင့်တစ်ခုမှ ပြုတ်ကျလာသူဟုပင် ကုအန် သံသယရှိ၏။
လက်ကိုးချောင်းနတ်အရှင် အဓိပတိဂိုဏ်းသို့ ၀င်ခဲ့စဉ်က ကုအန်ကကူညီပေးခဲ့ပြီး သူတို့ မိတ်ဆွေဆက်ဆံရေးက ထိုစဉ်ကတည်းကစတင်ခဲ့ခြင်းဖြစ်သည်။ ချူကျင့်ဖုန်းကလည်း သူ့နောက်သို့လိုက်၍ လေ့ကျင့်နေဆဲဖြစ်၏။
သစ်ပင်အောက်တွင် ကုအန်နှင့် လက်ကိုးချောင်းနတ်အရှင် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး အန်းရှင်းက သူတို့ကို လက်ဖက်ရည်ငှဲ့ပေးနေခဲ့သည်။
လက်ကိုးချောင်းနတ်အရှင် အန်းရှင်းကို ခေါင်းညိတ်ကာ ပြုံးပြလိုက်ပြီး ကုအန်၏တတိယတောင်ကြားကို အုပ်ချုပ်ပုံကို ချီးကျူးနေခဲ့၏။
ကုအန်နှင့် တွေ့ပြီးကတည်းက သူ့နှလုံးသားက အေးချမ်းလာခဲ့ရသည်။
ပင်လယ်ရပ်ခြားဒေသတွင်ဆိုလျှင် သူဘယ်သွားသွား လျှို့ဝှက်ကြံစည်မှုများနှင့် အာဏာပြိုင်မှုများကိုသာ တွေ့မြင်နေရသော်လည်း ကုအန်၏ တတိယတောင်ကြားတွင်တော့ အေးချမ်းငြိမ်သက်မှုတစ်ခုကို သူခံစားခဲ့ရသည်။ ထိုအရာက တောင်ကြားသခင်ကုအန်နှင့်လည်း ဆက်စပ်နေ၏။ သူကုအန်အကြောင်း ချူကျင့်ဖုန်းဆီမှလည်း ကြားခဲ့ရပြီး ချူကျင့်ဖုန်းစကားများကလည်း သူဧ။် ကုအန်အပေါ် အမြင်နှင့် အတူတူသာ ဖြစ်သည်။
“သူက ငါ့ကျင့်ကြံခြင်း မြေလျှောက်အမတအဆင့် ၂ဆိုတာ လုံး၀မသိတာသေချာတယ် သူ့သက်တမ်းတိုတိုလေးနဲ့ မြေလျှောက်အမတဆိုတဲ့ စကားလုံးကိုတောင် မကြားဖူးလောက်ဘူး”
လက်ကိုးချောင်းနတ်အရှင် လက်ဖက်ရည်ခွက်ကိုကိုင်ထားရင်း ကုအန်ကိုပြုံး၍ ကြည့်နေခဲ့သည်။
ကုအန်လည်း လက်ဖက်ရည်ခွက်ကိုမြှောက်ကာ သူ့ကိုပြုံး၍ ပြန်ကြည့်နေခဲ့၏။
“တကယ်လို့ ဒီအဖိုးကြီးသာ ငါက အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉ ဆိုတာသိရင် ဒီလောက်စိတ်အေးနေနိုင်ပါ့မလားမသိဘူး” ကုအန်တွေးနေရင်း ထိုအရာက ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။
ထိုစဉ် လက်ကိုးချောင်းနတ်အရှင် ရုတ်တရက် ပြောလိုက်၏။
“အခုနောက်ပိုင်း ကမ္ဘာကြီးက မငြိမ်မသက်ဖြစ်နေတယ် မင်းဂရုစိုက်ဖို့လိုတယ်နော် မလိုအပ်ဘဲတောင်ကြားကမထွက်တာ အကောင်းဆုံးပဲ”
ထိုစကားကြောင့် ကုအန်မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။
“စီနီယာ ကိစ္စကြီးတစ်ခုခုများ ဖြစ်သွားလို့လား”
လက်ကိုးချောင်းနတ်အရှင် တခဏတွန့်ဆုတ်သွားကာ ပြောလိုက်၏။
“အရိုးသားဆုံးပြောရရင် ဒီကုန်းမြေတိုက်ကြီးပေါ်က မြင့်မြတ်ကုန်းမြေဆိုတဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက ပြိုကွဲတော့မယ် အဲ့တာက သမုဒ္ဒရာရော ဒီကုန်းမြေတိုက်ရောတဲ့ မျှချေကို ပျက်ဆီးသွားစေလိမ့်မယ် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေရဲ့ ဖိအားမရှိရင် ဒီကုန်းမြေတိုက်ကြီးကို ကျူးကျော်ချင်တဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူတွေ ပိုများလာကြလိမ့်မယ်”
ကုအန် အံ့အားသင့်ဟန်ဖြင့်မေးလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့တာက မြင့်မြတ်ကုန်းမြေလေ”
ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေပြိုကွဲသွားပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း ကုအန်တွေးထားပြီးသား ဖြစ်၏။
သို့သော် အရာရာတိုင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုးရှိပေသည်။ အကယ်၍ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေသာ မပျက်ဆီးသွားပါက နောက်ထပ်မည်ကဲ့သို့သော ကပ်ဘေးများ ဖြစ်လာနိုင်မည်ဟု မည်သူက သိမည်နည်း။
သူ့ကြောင့်သာမဟုတ်လျှင် ဤကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိအားလုံးပင် မိစ္ဆာကပ်ဘေးအတွင်း သေဆုံးပြီးပြီ ဖြစ်သည်။
“အဲ့တာက တကယ်ကိုအံ့ဩစရာကောင်းတယ် အဲ့တာကြီးက နှစ်ပေါင်းသိန်းချီရပ်တည်လာတဲ့ အဖွဲ့အစည်းကြီးဟာကို ဘယ်သူလုပ်ခဲ့လဲဆိုတာ ငါမသိဘူး…” လက်ကိုးချောင်းနတ်အရှင် သက်ပြင်းချလိုက်မိ၏။
ကုအန်မေးလိုက်သည်။
“ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေမှတော့ စီနီယာဘာလို့ အဓိပတိဂိုဏ်းမှာပဲ မနေတာလဲ သမုဒ္ဒရာကပိုအန္တရာယ်များတယ်မဟုတ်လား”
ကုအန် လက်ကိုးချောင်းနတ်အရှင်ကို ဂိုဏ်းထဲတွင်သာနေဖို့ မျှော်လင့်နေခြင်းဖြစ်ပြီး သူသာရှိနေလျှင် ခြိမ်းခြောက်မှုသေးသေးလေးများကိုတော့ ကုအန် ၀င်ပါစရာလိုတော့မည်မဟုတ်ပေ။
အမှန်အတိုင်းပြောရလျှင် သတ်ဖြတ်ခြင်းက သူ့အတွက်သိပ်အသုံးမ၀င်ဘဲ ဆေးပင်များရိတ်သိမ်းခြင်းကသာ သူ့သက်တမ်းကို ပိုထောက်ပံ့ပေးခြင်း ဖြစ်သည်။
လက်ကိုးချောင်းနတ်အရှင် ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ငါလည်းခဏတော့နေဖို့ စီစဉ်ထားပါတယ် ဘာလို့လဲဆိုတော့ ငါ့စိတ်ထဲမှာ မသင်္ကာစရာတစ်ခုရှိနေလို့”
“ဘာမသင်္ကာစရာလဲ”
“ဟားဟား ဒါကိုတော့ ငါမင်းကိုပြောမပြနိုင်ဘူး မဟုတ်ရင် မင်းလည်းကမ္မစွမ်းအားအချည်အနှောင်ထဲ ပါသွားလိမ့်မယ်”
“တကယ်ကြီးလား အဲ့တာဆိုရင်တော့ ကျေးဇူးပြုပြီး ကျွန်တော့်ကိုမပြောပါနဲ့ ကျွန်တော်စီနီယာ့ရဲ့အဆင့်ကိုသေချာမသိပေမယ့် စီနီယာ့စကားနဲ့တင် ကျွန်တော်၀င်မပါနိုင်လောက်တဲ့ တစ်ခုခုမှန်း သိသာနေတယ်”
“ဟားဟားဟား!”
ကုအန်စကားကိုကြားသောအခါ လက်ကိုးချောင်းနတ်အရှင် အူလှိုက်သည်းလိုက် ရယ်မောလေတော့သည်။
သူ့ဘ၀တွင် လူပေါင်းများစွာတွေ့ခဲ့ဖူးသော်လည်း ကုအန်လို ပွင့်လင်းကာ အေးချမ်းသူကတော့ အနည်းငယ်သာ ရှိ၏။
သူ့ကျင့်ကြံခြင်းအစစ်ကို ထုတ်မပြထားသော်လည်း သူလက်ရှိပြထားသော ကျင့်ကြံခြင်းကပင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် အများစုက အလုအယက်သူ့ကိုဖားယားနေကြမည့် ကျင့်ကြံခြင်းအဆင့်မျိုး ြဖစ်ပေသည်။ ကုအန်ကတော့ မတူပေ။ သူတို့ မိတ်ဆွေဆက်ဆံရေးက လူကြီးလူကောင်းဆန်လှပြီး မည်သည့် အကျိုးအမြတ် ပါ၀င်ပတ်သက်မှုမှ မရှိလေရာ သူ့ကိုအတော်လေးသက်တောင့်သက်သာ ဖြစ်နေစေခဲ့၏။
ကုအန် စကားဝိုင်းတွင် လက်ကိုးချောင်းနတ်အရှင်ပြောသည်များကိုသာ နားထောင်နေခဲ့ခြင်း မဟုတ်ပေ။ သူကလည်း တောင်ကြားရှိ ရယ်မောစရာကိစ္စလေးများကို ပြန်ပြောပြပေးခဲ့သေးသည်။
ထိပ်ဆုံးတွင် အချိန်အဝောာ်ကြာအောင်နေခဲ့ပြီးသည့်သူတစ်ယောက်အတွက် သာမန်သေမျိုးများ၏ ဘ၀များအကြောင်းနားထောင်ရသည်မှာလည်း အတော်လေးကောင်းမွန်သည့်အရာသာ ဖြစ်၏။
ထို့နောက်တွင်တော့ ကုအန် လက်ကိုးချောင်းနတ်အရှင်အား တရုတ်ကျား ကစားဖို့ ဖိတ်ခေါ်လိုက်လေသည်။ လက်ကိုးချောင်းနတ်အရှင်လည်း စည်းမျဉ်းများကို ကုအန် တစ်ကြိမ်တည်းရှင်းပြပေးရုံဖြင့် နားလည်သွားခဲ့၏။
အစကတော့ လက်ကိုးချောင်းနတ်အရှင် ရှုပ်ယှက်ခပ်နေအောင်သာ ရွှေ့နေသော်လည်း အကွက် ၄၀ ကျော်လာချိန်တွင်တော့ သူ့ကိုယ်ကိုင်နည်းစနစ်တစ်ခုကိုစတင်တည်ဆောက်လာနိုင်ခဲ့သည်။ မျက်ကန်းနည်းဖြင့် ကာကွယ်ရုံသာ တတ်နိုင်ရာမှ နည်းစနစ်များတည်ဆောက်လာနိုင်ပြီး သူလျင်မြန်စွာ တိုးတက်လာခဲ့၏။
ကုအန်လည်း စတင်စိတ်၀င်စားလာပြီး အလေးအနက်ထား၍ ကစားလာခဲ့သည်။
နောက်ဆုံးတွင်တော့ ကုအန် အနိုင်ရခဲ့၏။
ရှုံးနိမ့်သွားသော လက်ကိုးချောင်းနတ်အရှင်ကလည်း ဒေါသထွက်မသွားခဲ့ပေ။ ထိုအစား ကျားခုံကိုကြည့်၍သာ ကုအန်၏ ကစားနည်းများကို စိတ်၀င်စားနေခဲ့သည်။
“စိတ်၀င်စားစရာပဲ ထပ်ကစားရအောင်” လက်ကိုးချောင်နတ်အရှင် ပြန်မော့ကြည့်ကာ ပြောလိုက်၏။
ထိုအခါ ကုအန်လည်း အနားမှဖြတ်သွားသော ရှောင်ချွမ်ကို လှမ်းခေါ်လိုက်ပြီး ရှောင်ချွမ်သည် သူ့ထက်ပင်ပိုတော်ကြောင်းပြောလိုက်သောအခါ ရှောင်ချွမ့် မေးစေ့များအပေါ်ကိုမော့သွားခဲ့လေသည်။
လက်ကိုးချောင်းနတ်အရှင်ကလည်း သူ့ပြိုင်ဘက်ကိုစိတ်၀င်စားခြင်းမဟုတ်ဘဲ ကစားနည်းကိုသာ စိတ်၀င်စားနေသူ ဖြစ်၏။
ထို့ကြောင့် သူတို့နှစ်ယောက် စတင်ကစားခဲ့ကြပြီး ကစားပွဲကို အခြားတပည့်များပါ လာရောက်ကြည့်ရှုခဲ့ကြသည်။
ယန်ကျင်းလည်း ကုအန်ဘေးတွင်ရပ်ကာ ပွဲကိုကြည့်ရှုနေခဲ့သည်။ သူကတော့ တရုတ်ကျားထက် တရုတ်စစ်တုရင်ကိုသာ ကိုစိတ်၀င်စားသူဖြစ်၏။ ထိုကစားနည်းက ပို၍တိုက်ရိုက်ဆန်ကာ ပြင်းထန်သည်ဟု သူခံစားရသောကြောင့် ဖြစ်သည်။
သူအခုလို လာကြည့်နေရသည့်အကြောင်းမှာတော့ လက်ကိုးချောင်းနတ်အရှင်၏ နက်ရှိုင်းလှသော အရှိန်အဝါကြောင့်ဖြစ်ပြီး ထိုလူက အစွမ်းထက်သည်ဟု ထင်မိသောကြောင့် ဖြစ်၏။
သူတို့ ညနေစောင်းချိန်ထိကစားခဲ့ကြပြီး နောက်ဆုံးတွင်တော့ ရှောင်ချွမ် ပင်ပန်းပါသွားခဲ့သည်။
ထို့နောက် လက်ကိုးချောင်းနတ်အရှင် ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လိုက်ပြီး ကုအန်ကြည့်ကာ ပြောလိုက်၏။
“ကောင်းပြီ ငါဂိုဏ်းရဲ့ ပင်မမြို့တော်ကိုသွားစရာရှိသေးတယ် နောက်မှပဲ နောက်တစ်ပွဲဆော့ဖို့ ပြန်လာဦးမယ် ဒီ တရုတ်ကျား ကစားနည်းမှာ တာအိုရဲ့စစ်မှန်တဲ့ အဓိပ္ပာယ်တွေပါနေတယ်လို့ ခံစားရတယ် ကောင်းမွန်တဲ့ ကစားနည်းပဲ!”
ထိုစဉ် သူ့အကြည့်က အလိုလိုယန်ကျင်းဆီရောက်ရှိသွားခဲ့လေသည်။
“အို့”
လက်ကိုးချောင်းနတ်အရှင်၏ မျက်လုံးများ ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
ယန်ကျင်းသည် သူ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသော်လည်း ယန်ကျင်းအပြင်ခန္ဓာက ထူးခြားမှန်း လက်ကိုးချောင်းနတ်အရှင် ခံစားမိနေခဲ့သည်။
ကုအန် အမြန်ပြောလိုက်၏။
“စီနီယာ ချူကျင့်ဖုန်းကိုလည်းခေါ်သွားပြီးပြီပဲ ကျွန်တော့်တပည့်ကို ခေါ်သွားဖို့တော့မစဉ်းစားနဲ့နော် သူက ကျွန်တော်နဲ့ပဲတစ်သက်လုံးနေမှာ”
ဘေးနားမှတပည့်များလည်း ယန်ကျင်းကို ရှုပ်ထွေးနေသော အမူအရာများဖြင့် ကြည့်လိုက်မိကြသည်။
ယန်ကျင်းသည် အမှန်တကယ်ပင် ပါရမီရှင်တစ်ယောက်ပေလော။
ယန်ကျင်းလည်း နောက်ကသံယောင်လိုက်လိုက်သည်။
“ဟုတ်တယ် ကျွန်ဝောာ်က ဒီတစ်သက်မှာ ကျွန်တော့်ဆရာကိုပဲ ဆရာအဖြစ်အသိအမှတ်ပြုမှာ”
သူ့ဘေးရှ်ိ အန်းရှင်း ယန်ကျင်းကို အားကျဟန်ဖြင့်ကြည့်လိုက်ပြီး သူ့ဆရာအကြောင်းပြန်တွေးမိသွားခဲ့၏။
အကယ်၍သူမတွင်သာ သာမန်မဟုတ်သော ပါရမီမျိုးရှိနေပါက သူမလည်း သူမဆရာနှင့် အခုလိုအတူတူနေနိုင်ခဲ့မည်လော။
သို့သော် သူမစီနီယာအန်းဟောင်အကြောင်းတွေးမိသောအခါ ထိုအတွေးကို စွန့်လွှတ်လိုက်မိသည်။ သာမန်မဟုတ်သော ပါရမီရှင်အန်းဟောင်ပင် သူ့ဆရာနှင့် အတူတူမနေခဲ့ရပေ။
လက်ကိုးချောင်းနတ်အရှင် ယန်ကျင်းကိုသေချာကြည့်လိုက်ပြီး ကုအန်ဘက်လှည့်ကာ ပြောလိုက်သည်။
“မင်းတပည့်က တကယ်ပဲ သာမန်မဟုတ်ဘူး သူ့ကိုတောင်ပေါ်မှာနေခိုင်းတာပိုကောင်းတယ် တောင်အောက်ကိုမဆင်းခိုင်းနဲ့ မဟုတ်ရင် မင်းအတွက် ပြဿနာတွေဖြစ်လာစေလိမ့်မယ်”
ပြောပြီးသည့်နောက် လက်ကိုးချောင်းနတ်အရှင် လေပေါ်သို့ခုန်တက်ကာ မိုးကုတ်စက်ဝိုင်းဆီ ကြိုးကြာဖြူတစ်ကောင်နှယ် ပျံသန်းထွက်ခွာသွားခဲ့၏။
သူ့စကားလုံးများက ဘေးနားရှ်ိတပည့်များကို ယန်ကျင်းအပေါ် ပိုစိတ်၀င်စားသွားစေခဲ့သည်။ သို့သော် ယန်ကျင်းကတော့ ဘာမှမထူးခြားဘဲ ခပ်အေးအေးပင်။
ငါ့ဆရာကို ပြဿနာဖြစ်စေမှာလား!
ငါ့ဆရာကို ရန်လာစတာကမှ တကယ့်ပြဿနာဖြစ်စေမှာလေ!
အပိုင်း(၂၅၄)
ဆရာသခင်ဓားအရှင်၏ လွှမ်းမိုးမှု
ဆေးတောင်ကြားထဲတွင် လက်ကိုးချောင်းနတ်အရှင်၏ ရောက်ရှိလာမှုမှာ အပိုင်းလေးတစ်ပိုင်းသက်သက်သာဖြစ်ပြီး တောင်ကြားရှိလူများ၏ နေ့စဉ်ဘ၀ကို သက်ရောက်မှုမရှိခဲ့ပေ။ သို့သော် ယန်ကျင်း၏ တပည့်များကြား ရာထူးကတော့ပိုမြင့်လာခဲ့ပြီး တပည့်များက ယန်ကျင်းကို ပိုလေးလေးစားစားဆက်ဆံလာခဲ့ကြသည်။
ယန်ကျင်းသည် ကုအန်၏တပည့်ဖြစ်လာခြင်းမှာ ကုအန်က ယန်ကျင်းကိုသဘောကျသောကြောင့်သာဖြစ်နိုင်သော်လည်း လက်ကိုးချောင်းနတ်အရှင်ကပါ သူ့ကိုသဘောကျနေခြင်းကတော့ ယန်ကျင်းသည် စစ်မှန်သောပါရမီရှင်တစ်ယောက်ဟု ညွှန်ပြနေခဲ့၏။ သူ့ပါရမီကို သာမန်မျက်လုံးများဖြင့် မမြင်နိုင်ရုံသာ ဖြစ်သည်။
နောက်တစ်နေ့မနက်စောစောတွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ ထျန်းယ တောင်ကြားသို့ သွားခဲ့၏။ နောက်လတွင် သူ့ဆေးတောင်ကြားများမှ ဆေးပင်များအားလုံးကို ရိတ်သိမ်းရမည့်လဖြစ်သောကြောင့် ထိုလကိုသူအတော်လေး မျှော်လင့်နေခဲ့မိသည်။
အချိန်များလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နွေရာသီကုန်ချိန်သို့ပင် ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် သတင်းတစ်စက အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးကို မွှေနောက်သွားခဲ့ပြီး အဓိပတိဂိုဏ်းကိုလည်း မုန်တိုင်းထန်သွားစေခဲ့သည်။
ကုအန် ဆန်းကြယ်တောင်ကြားသို့ပြန်လာချိန်တွင် တောင်ကြားမှတပည့်များ ထိုသတင်းအကြောင်းဆွေးနွေးနေကြသည်ကို ကြားခဲ့ရ၏။
ဤမနက်တွင် ကျင့်ကြံသူတစ်ယောက်ဆန်းကြယ်တောင်ကြားအထက်မှ ဖြတ်ပျံသွားခဲ့ပြီး ကမ္ဘာကြီးကိုတုန်လှုပ်သွားစေခဲ့သော အဖြစ်အပျက်ကြီးတစ်ခုကို ထုတ်ပြန်သွားခဲ့ခြင်းကြောင့် သူတို့လည်းသိသွားကြခြင်း ဖြစ်သည်။
သတင်းမှာ မိစ္ဆာကပ်ဘေးက ကြယ်ခုနှစ်လံုးစိတ်၀ိညာဥ်နယ်ေမြဧ။် မြင့်မြတ်ကုန်းမြေမှအစပြုခဲ့ပြီး ဆရာသခင်ဓားအရှင်က မြင့်မြတ်ကုန်းမြေသို့၀င်၍ မိစ္ဆာများကိုရှင်းလင်းကာ မြင့်မြတ်ကုန်းမြေကို ပြန်လည်တည်ဆောက်ခဲ့သည်ဟူသော သတင်းပင်။
ထိုအဖြစ်အပျက်တွင် ပါ၀င်နေသော အချက်အလက်များမှာ အလွန်ကြီးမားလွန်းလှသည်။ ထို့ကြောင့် အမတကျင့်ကြံခြင်းကမ္ဘာရှိ အောက်ခြေအလွှာရှိ အစေခံတပည့်များပင် ထိုအကြောင်းဆွေးနွေးနေခဲ့ကြ၏။
ကုအန်ပြန်လာသည်ကိုတွေ့သောအခါ လုကျိကျားချက်ချင်း ကုအန်နားကပ်လာပြီး ထိုသတင်းအကြောင်းပြောပြလိုက်လေသည်။
“ဒီမိစ္ဆာကပ်ဘေးရဲ့ နောက်ကွယ်မှာ မြင့်မြတ်ကုန်းမြေရှိနေလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိဖူးဘူး သူတို့ အရင်ကပ်ဘေးတွေတုန်းက၀င်မပါတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး…” လုကျိကျား ဒေါသတကြီးပြောလိုက်၏။
ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ လုပ်ရပ်က အရင်ကသူကြုံဖူးခဲ့သော အဓိပတိဂိုဏ်းမှဖြစ်ရပ်ကို ပြန်သတိရသွားစေခဲ့သည်။
ဤကမ္ဘာပေါ်တွင် အစစ်အမှန်သန့်စင်သော လမ်းမှန်ဂိုဏ်းဆိုတာ တကယ်မရှိခြင်းပေလော။
ကုအန် သေချာနားထောင်နေပြီး လုကျိကျားက ဆရာသခင်ဓားအရှင်ကို ဤကမ္ဘာမှာပြိုက်ဘက်ကင်းသလို ချီးကျူးနေသောအခါ သူလည်းသံယောင်လိုက် ပြောဆိုလိုက်ပြီး သူ့ပုံစံမှာ ဆရာသခင်ဓားအရှင် ကိုးကွယ်သူတစ်ယောက်လိုပင်။
အချိန်အတန်ကြာစကားပြောပြီးသောအခါ ကုအန် အပြင်စည်းမြို့သို့ထွက်လာခဲ့၏။
လမ်းတစ်လျှောက်လုံးတွင် ကုအန် တပည့်အများအပြားကို တွေ့ခဲ့ရသည်။
လွန်ခဲ့သောနှစ်၁၀၀က အချိန်ကို ပြန်စဉ်းစားပါက ဆေးတောင်ကြားမှအပြင်စည်းမြို့သို့သွားရာလမ်းတွင် တပည့်တစ်ယောက်ကိုတွေ့ဖို့ဆိုသည်မှာ အလွန်ခဲယဉ်းလှပြီး အခုတော့ တပည့်အများအပြားကိုပင် တွေ့နေလေရာ အဓိပတိဂိုဏ်း၏ ကြီးထွားလာမှုကို ခန့်မှန်းတွက်ဆနိုင်ပေသည်။
အပြင်စည်းမြို့သို့ရောက်သောအခါ မြို့ထဲတွင် အတော်လေးစည်ကားသိုက်မြိုက်နေခဲ့၏။ ဆူညံသံများက ကုအန်နားထဲတိုး၀င်လာခဲ့ပြီး မြို့ထဲရှိတပည့်တိုင်းက ဆရာသခင်ဓားအရှင်နာမည်ကိုရေရွတ်၍ စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့ကြသည်။
ကုအန် သူ့ခြေလှမ်းများကို ပိုစည်ကားနေသော ကောင်းကင်ပြုပြင်စင်မြင့်ဆီ ဦးတည်လိုက်၏။ ထိုနေရာတွင် ကောင်းကင်ပြုပြင်စင်မြင့်အစွန်များတွင် ဥပဒေရေးရာခန်းမမှ တပည့်များက စောင့်နေကြပြီး စင်မြင့်ပေါ်ရှိလူတိုင်းကို မောင်းထုတ်ထားကာ တိရှီပင် မောင်းထုတ်ခံထားရသည့်ထဲ ပါနေသေးသည်။
ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ပတ်ပတ်လည်ဝိုင်းထားသော လူတစ်စုကိုမြင်လိုက်ရပြီး ထိုလူစုထဲတွင် ကျိဟန်ထျန်း ကုကျုံး တို့ပါပြီး အစောင့် ကျိုးယိကျင်းကတော့ သူ့ကိုနောက်ဆုတ်ခိုင်းထား၍ ကျေနပ်ပုံမပေါ်ပေ။
ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေတွင် အာရုံခံမိခဲ့သော အရှိန်အဝါများကို သတိထားလိုက်မိသည်။
ထိုသူများသည် ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေတွင် ကယ်တင်ခဲ့သောပါရမီရှင်များဖြစ်ကြပြီး အခုတော့ သူတို့ဘေးတွင် အချုပ်အနှောင်မဲ့အမတများ ရှ်ိနေကာ ပုဆိန်ရှေ့တွင် ဒူးထောက်၍ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်၏ပြောင်းလဲမှုများကို ရှင်းပြနေခဲ့၏။
သူတို့၏ရိုသေလေးစားနေမှုမှာ ထင်ရှားလွန်းလှသည်။
ကြယ်ခုနှစ်စိတ်ဝိညာဉ်နယ်မြေသည် အတော်လေး နက်ရှိုင်းလွန်းလှပြီး အထက်ပိုင်းရှိပုဂ္ဂိုလ်များကို ရှင်းလင်းလိုက်ရုံဖြင့် ချက်ချင်းပြိုကွဲသွားမည့်နေရာတော့ မဟုတ်ပေ။ ကျန်ရှိသည့်လူများက ဂိုဏ်းကိုပြန်လည်တည်ဆောက်ပြီး သက်ရှိများအတွက် အကျိုးဆောင်ပေးပါက ကုအန်အတွက်လည်း ပိုကောင်းသည့်အရာသာ ဖြစ်ပေသည်။
ထိုစဉ် ကုအန်အကြည့်က အလိုလိုတိရှီဆီရောက်သွားခဲ့၏။
မိစ္ဆာဧကရာဇ်၏သားသည် ယခုအခါ အဓိပတိဂိုဏ်းနှင့် လုံး၀ပေါင်းစပ်လိုက်ပြီဖြစ်ပြီး ဂိုဏ်း၏အထက်လူကြီးများထဲမှ တစ်ယောက်ပင်ဖြစ်နေပြီဖြစ်သည်။
ကုအန်အကြည့်ကိုသတိထားမိသောအခါ တိရှီလည်း ပြန်ကြည့်လိုက်ပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ကုအန်လည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး အရင်ကအချိန်များကို ပြန်တွေးမိသွားသည်။ အခုတော့ အချိန်ကြာလာသည်နှင့်အမျှ သူတို့ပိုဝေးကွာသွားခဲ့ရသည်။
သူထိုကိစ္စအတွက် ၀မ်းလည်းမနည်းသလို ဒေါသလည်းမထွက်မိပေ။ အချို့လူများသည် အချိန်ကြာလာသည်နှင့်အမျှဝေးကွာသွားတတ်ပြီး ထိုအရာက တစ်ယောက်နှင့်တစ်ယောက်အထင်သေးလို့လည်းမဟုတ်ဘဲ ဒီတိုင်း အချိန်အကြာကြီး ပြောေနစရာအကြောင်းအရာမရှိကြ၍ အဆက်အသွယ်ပြတ်တောက်သွားကြခြင်း ဖြစ်၏။
ကုအန် သူ့ဆီကိုချဉ်းကပ်မသွားသလို ထွက်လည်းမသွားခဲ့ပေ။
တိရှီအပြင် သူ့တွင် အပြင်စည်းမြို့ထဲ၌ မိတ်ဆွေများစွာ ရှိပေသည်။ အများစုမှာ သူ့သောက်ဖော်သောက်ဖက်များဖြစ်ကြပြီး သောက်စားပျော်ပါးကာ နေ့လည်ခင်းတစ်ခုကို အတူတကွပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း၍ ရကြသူများ ဖြစ်၏။
ကုအန် သူတို့ဆီမှလည်း ဆရာသခင်ဓားအရှင်အကြောင်း ချီးကျူးမှုကို ကြားချင်နေခဲ့သည်။
အဓိပတိဂိုဏ်းထဲသာမဟုတ်ဘဲ ထိုသတင်းက အမတကျင့်ကြံခြင်းကမ္ဘာထဲရှိ ဂိုဏ်းတိုင်းတွင် ပျံ့နှံ့နေခြင်းဖြစ်၏။
ဆရာသခင်ဓားအရှင်က မြင့်မြတ်ကုန်းမြေထဲသို့ တစ်ယောက်တည်း၀င်သွားပြီး ထိုထဲရှိ အမတများကိုသတ်ဖြတ်လိုက်သည့် အဖြစ်အပျက်မှာ အတော်လေးစိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
ဤတိုက်ပွဲပြီးသည့်နောက် ဘယ်သူမှ ဆရာသခင်ဓားအရှင်၏ ခွန်အားကို မေးခွန်းမထုတ်ရဲကြတော့ပေ။ သူ့ခွန်အား၏လွှမ်းမိုးမှုသတင်းက ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ အပြစ်များအကြောင်း သတင်းကိုပင် လွှမ်းမိုးသွားခဲ့သည်။
ကျင့်ကြံသူအများစုက ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ အပြစ်များအကြောင်း ကြားမိသောအခါ အကြိမ်အနည်းငယ် ကျိန်ဆဲရုံသာဖြစ်ခဲ့ကြပြီး အများကြီးခံစားမနေခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် အများစုမှာ ထိုကဲ့သို့သောအလုပ်မျိုးတွင် ပါ၀င်ဖူးခဲ့ကြပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏လုပ်ရပ်က သူတို့ထက် ပိုမိုကြီးမားနေရုံသာ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ဆရာသခင်ဓားအရှင်၏ ခွန်အားကတော့ မတူပေ။ သူလှုပ်ရှားလိုက်သည့်အချိန်တိုင်း ကမ္ဘာကြီးကိုတုန်လှုပ်သွားစေ စမြဲသာဖြစ်၏။ လူတိုင်းက ဆရာသခင်ဓားအရှင်ကို သူတို့ပိုတွင်လိုက်မိပြီဟုထင်မိတိုင်း ဆရာသခင်ဓားအရှင်၏ ကမ္ဘာတုန်မတတ်လှုပ်ရှားမှုကြီးများကို လုပ်ဆောင်သွားတတ်သည်။
နောက်ရက်များတွင် ရီလန် ကျန်းချင် ရှန်းကျန် ကုယူ ကျိုးလင် ဝူကျဲနှင့် အခြားသူများ ကုအန်အား ထိုအကြောင်းပြောရန် ရောက်ရှ်ိလာခဲ့ကြပြီး လူတိုင်းက အတော်လေးစိတ်လှုပ်ရှားနေခဲ့ကြသည်။ ရှန်းကျန်ဆိုလျှင် သူမစိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ဘဲ ဆရာသခင်ဓားအရှင်အကြောင်းစာအုပ်တစ်အုပ်ပင်ရေးမည်လုပ်နေ၍ ကုအန်က သူမဆရာသခင်ဓားအရှင်ကို အပြစ်ပြုလိမ့်မိမည်ဟုပြောကာ မနည်းတားလိုက်ရသည်။
မတူညီသောလူပေါင်းများစွာက ဆရာသခင်ဓားအရှင်ကိုချီးကျူးနေကြသော်လည်း ကုအန် ထိုချီးကျူးသံများကို ဘယ်တော့မှရိုးသွားသည်ဟု မခံစားခဲ့ရပေ။
စိတ်လှုပ်ရှားမှု ပထမလှိုင်းပြီးဆုံးသွားသောအခါ အမတကျင့်ကြံခြင်းကမ္ဘာကြီးသည် ဆရာသခင်ဓားအရှင်၏ စရိုက်လက္ခဏာအကြောင်း ဆွေးနွေးကြပြန်သည်။ သူသည် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ အထက်ပုဂ္ဂိုလ်များကိုသာ သတ်ဖြတ်ခဲ့ပြီး သူတို့ကိုအခွင့်အရေးတစ်ခု ထပ်ပေးခဲ့လေရာ ထိုအရာက အမတတစ်ပါး၏ စရိုက်လက္ခဏာမျိုးကို ပြသနေခဲ့၏။
စွမ်းအားကြီးကာ အဆင်အခြင်မဲ့ခြင်းသည် မိစ္ဆာတစ်ကောင်၏ အပြုအမူသာ ဖြစ်ပေသည်။
စွမ်းအားကြီးကာ စိတ်သဘောထားကောင်းမွန်ခြင်းကမှ အမတတစ်ပါး၏ အမူအကျင့်ဖြစ်၏။
အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးက ဆရာသခင်ဓားအရှင်ကို ကိုးကွယ်လာခဲ့ကြပြီး ဆရာသခင်ဓားအရှင်ကို အတုခိုးသူများပင် ပေါ်ပေါက်လာခဲ့ကြသည်။ အချို့က သူ့နာမည်ကိုအတုခိုးပြီး အချို့ကတော့ သူ့ပုံစံကိုအတုခိုးခဲ့ကြ၏။
မည်သို့ပင် ဆိုစေကာမူ သေချာတာတစ်ခုကတော့ ဆရာသခင်ဓားအရှင်သည် သူ့လုပ်ရပ်များဖြင့် အမတကျင့်ကြံခြင်းကမ္ဘာကိုလွှမ်းမိုးနေခဲ့ချေပြီ။
တစ်ရက်တွင် ကုအန် မြောက်ပင်လယ်တောင်တန်းဒေသရှိ တောင်နတ်ဘုရားကျောင်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
ဘုရားကျောင်းထဲရှိ သူတော်စင်ရွှမ်မြောင်ဘေးတွင် အခြားကျင့်ကြံသူ ၃ယောက်ရှိနေပြီး ကြည့်ရသည်မှာ လမ်းကြုံ၀င်နားကြသည့်ပုံပင်။
သူတို့လေးယောက်လည်း ဆရာသခင်ဓားအရှင်အကြောင်းဆွေးနွေးပြောဆိုနေခဲ့ကြဧ်။်။ သူတော်စင်ရွှမ်မြောင်သည် ဘုရားကျောင်းထဲတွင်သာ အနေများပြီး လူများနှင့်အဆက်အဆံနည်းလှသောကြောင့် ယခုလို ဆရာသခင်ဓားအရှင်အကြောင်းကိုကြားသောအခါ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။
ထိုအရာသည် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေဖြစ်ကာ ဘယ်သူမှ မစော်ကားရဲကြသလို သူ့သုံးပါးတစ်ဆူတောင်မှဘိုးဘေးများပင် မထိပါးရဲခဲ့သောနေရာဖြစ်ပြီး အခုတော့ ထိုနေရာသည် ဆရာသခင်ဓားအရှင်ကြောင့်ပျက်ဆီးတော့မလို ဖြစ်သွားခဲ့၏။
ထိုအကြောင်းကို ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှ ကျင့်ကြံသူများကိုယ်တိုင်အတည်ပြုပေးခဲ့ပြီး အသေးစိတ်အချက်အလက်များကိုပင် ထုတ်ပြန်ပေးခဲ့သောကြောင့် ဆရာသခင်ဓားအရှင်၏ ခွန်အားကို ထင်ထင်ရှားရှားသိမြင်နေခဲ့ရသည်။
ပြောကြသည်မှာ ဆရာသခင်ဓားအရှင်သည် မည်သည့်ဂါထာ နတ်သိုင်းကိုမှ အသုံးမပြုခဲ့ဘဲ ဓားတစ်ချက်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုဓားချက်ကြောင့် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှ အမတ၇ပါး သေဆုံးခဲ့ရကာ ကြယ်ခုနှစ်လုံးကြေးမုံပင် ထိုဓားချက်ကို တောင့်မခံနိုင်ခဲ့ဘူးဟု ပြောကြသည်။
သူတော်စင်ရွှမ်မြောင် ပုံပြင်တစ်ပုဒ်ကိုနားထောင်နေရသလို ခံစားနေခဲ့ရသည်။
အဘယ်ကြောင့် ဆရာသခင်ဓားအရှင်သည် တောင်နတ်ဘုရားထက်ပင်သန်မာသည်ဟု သူခံစားနေခဲ့ရပါသနည်း။
မဖြစ်နိုင်ပေ။ သူတို့နှစ်ယောက်လုံးသည် သက်ရှိများအားလုံးအထက်မှ တည်ရှိမှုများဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် သိနေတာပင် ဖြစ်နေနိုင်သေးသည်။
သူတော်စင်ရွှမ်မြောင်စိတ်ထဲ စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ကျင့်ကြံသူသုံးယောက် ထွက်သွားမည့်ပုံမပေါ်သေးသောကြောင့် ကုအန် မြောက်ပင်လယ်ဆီသို့သာ ထွက်ခွာလာခဲ့သည်။
သူ ရေကန်ဘေးတွင်ရပ်နေပြီး ကျယ်ပြန့်လှသော ရေပြင်ကြီးကိုကြည့်ကာ သူ့နတ်အာရုံက ရေအောက်ဆီရောက်ရှိနေခဲ့၏။
ထိုရေအောက်ကြမ်းပြင်တွင် သူယနေ့ထိမထိကြည့်ရသေးသော အမတဘုရင်သရဖူကို မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။
အရင်က ထိုအရာသည် အန္တရာယ်ရှ်ိပုံပေါ်သောကြောင့် သူမြှုပ်နှံထားခြဲခြင်းဖြစ်၏။ သို့သော်လည်း ကမ္ဘာခြားနတ်မြို့တော်နှင့် ကြယ်ခုနှစ်လုံးကြေးမုံကို ရင်ဆိုင်ပြီးသောအခါ ထိုအရာကိုသူနားလည်လာနိုင်ပြီဟု ခံစားလာခဲ့ရသည်။
ကုအန်လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ရေမျက်နှာပြင်က နှစ်ခြမ်းကွဲသွားခဲ့၏။
အမတဘုရင်သရဖူနှင့် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်ကိုဆင့်ခေါ်နိုင်သော ပုလွေတိုက သူ့လက်ထဲချက်ချင်းပျံသန်းရောက်ရှ်ိလာခဲ့သည်။
ကုအန် ပုလွေကို သိုလှောင်အိတ်ထဲထည့်လိုက်ပြီး သရဖူကိုသာ လက်နှစ်ဖက်နှင့် ကိုင်ထားလိုက်၏။
နေရောင်အောက်တွင် ရွှေနက်ရောင်သရဖူမှာ တလက်လက်တောက်ပနေခဲ့ပြီး သရဖူပေါ်ရှိ မြောင်းများကြောင့် သူရဖူမှာ နိမိတ်မကောင်းပုံ ပေါ်နေခဲ့သည်။
ကုအန်ချက်ချင်း သရဖူထဲ နတ်အာရုံပို့လွှတ်လိုက်၏။
ဝုန်းး!
အားကောင်းသောအရှိန်အဝါတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကုအန်၀တ်ရုံ လေတွင်လွင့်သွားကာ ကန်ထဲတွင်လည်း လှိုင်းများထသွားခဲ့သည်။
မျှော်လင့်ထားသလိုပါပဲလား!
သရဖူထဲရှိ စည်းများမှ ကြယ်ခုနှစ်လုံးကြေးမုံထဲရှ်ိ စည်းများနှင့် တူညီလှသော်လည်း မပြီးပြည့်စုံပေ။ စည်းအများအပြားမှာ ပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး ထိုအရာက ထိခိုက်ထားသော အထွတ်အထိပ်အမတရတနာဖြစ်မှန်း ညွှန်ပြနေခဲ့သည်။ သူ့ထိခိုက်မှုမှာ ကမ္ဘာခြားနတ်မြို့တော်ထက်ပင်အခြေအနေဆိုးရွားပြီး အမတစိတ်ဝိညာဉ်ကို ပြန်လည်မွေးဖွားပေးမည့် ၀င်္ကပါပင် မရှိတော့ပေ။
စည်းများကိုချိုးဖျက်နေရင်း ကုအန် အမတဘုရင်သရဖူအကြောင်းကိုလည်း သင်ယူလေ့လာနေခဲ့သည်။
ကြီးမားလှသောစွမ်းအားများ ပါ၀င်ရုံသာမက အမတဘုရင်သရဖူသည် သူ့ကုသနှုန်းကိုအရှိန်မြှင့်ဖို့ ချီသွေးကိုလည်း စုပ်ယူနိုင်သေးသည်။ မကောင်းဆိုးဝါးဧကရာဇ်မှာ ထိုအရာ၏ စုပ်ယူဝါးမြိုခြင်းကိုခံလိုက်ရပြီး ဝိညာဉ်သာကျန်ရစ်ခဲ့ခြင်း ဖြစ်၏။
မကောင်းဆိုးဝါးဧကရာဇ်က မဟာယနအဆင့်သာဖြစ်သောကြောင့် သရဖူ၏ဝါးမြိုခြင်းကို တောင့်မခံနိုင်ခဲ့ခြင်းဖြစ်ပြီး ကုအန်လို အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးအတွက်တော့ ထိုအရာက ပြဿနာမဟုတ်ပေ။
ကုအန် သူရဖူကိုပြန်လည်သန့်စင်နေပြီး သူ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်လာအောင် လုပ်နေခဲ့သည်။
ထိုလုပ်ငန်းစဉ်သည် ရှုပ်ထွေးလှသော်လည်း ကမ္ဘာခြားနတ်မြို့တော်နှင့် ကြယ်ခုနှစ်လုံးကြေးမုံကို ရင်ဆိုင်ခဲ့ဖူးသော ကုအန်အတွက်တော့ ခက်ခဲမနေခဲ့ပေ။
တစ်နာရီခန့်ကြာသောအခါ ကုအန် အမတဘုရင်သရဖူ၏ သခင်ဖြစ်လာခဲ့သည်။
ကုအန် သူ့ခေါင်းပေါ်ရှိ စည်းနှောင်ထားသောကြိုးကိုဖြုတ်လိုက်ပြီး အမတဘုရင်သရဖူကိုဆောင်း၍ ဆံပင်များကို သရဖူအောက်တွင် ထုံးဖွဲ့ထားလိုက်၏။
ထို့နောက် အတွေးတစ်ချက်နှင့်အတူ သူ့ခေါင်းပေါ်ရှိ ဧကရာဇ်သရဖူက တာအိုပညာရှင်သရဖူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ကုအန် ကြယ်ခုနှစ်လုံးကြေးမုံကိုထုတ်လိုက်ပြီး သူ့ဆံပင်ကို သလိုက်၏။
သူမှန်ထဲတွင် ကြည့်လေလေ သူ့ကိုယ်သူပို၍ကျေနပ်လာလေလေပင်။
မျှော်လင့်ထားသလိုပင် အ၀တ်အစားက လူတစ်ယောက်ကိုပြောင်းလဲသွားစေနိုင်ပြီး အဆင်တန်ဆာများက ဗုဒ္ဓ၏ပုံသဏ္ဍာန်ကိုပင် ပိုကြည်ညိုဖွယ်ကောင်းသွားစေနိုင်သည်။
“အနာဂတ်မှာ အတော်လေးကောင်းတဲ့၀တ်စုံတွေနဲ့တွဲ၀တ်လုိက်ရင် ငါ့ဩဇာတိက္ကမက ပိုတိုးလာလိမ့်မယ်” ကုအန် တွေးလိုက်မိ၏။
နောက်ဆုံးတွင်သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်သာ ဖြစ်ပေသည်။ သူ့အတွက် ကြည့်ကောင်းနေခြင်းက ပြဿနာမဖြစ်နိုင်ပေ။ သူသည် သိုသိုသိပ်သိပ်ကျင့်ကြံဖို့သာ ရည်ရွယ်ထားသော်လည်း အရမ်းကြီးထိန်းချုပ်နေစရာတော့ လိုမနေပေ။
အကယ်၍ အနာဂတ်တွင်တစ်ယောက်ယောက်က သူ့ကြည့်ကောင်းသောအသွင်အပြင်ကြောင့် ဘာအကြောင်းပြချက်မှမရှ်ိဘဲ ပြဿနာလာရှာလျှင်တော့ ကုအန် သူတို့ကို အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉ နှင့်သာ တွေ့ပေးလိုက်မည် ဖြစ်သည်။
သူရေကန်ပတ်ပတ်လည်သို့ လျှောက်သွားကြည့်နေခဲ့ပြီး မြောက်ပင်လယ်ကန်ကြီးဧ။် ရှုခင်းများကို ညနေအချိန်အထိ ခံစားနေခဲ့သည်။
ညနေစောင်းချိန်တွင် မိုးကုတ်စက်ဝိုင်းမှ ကျင့်ကြံသူတစ်ယောက်ပျံသန်းလာခဲ့ပြီး ကုအန်ဘေးသို့ရောက်လာကာ မေးလိုက်၏။
“တာအိုမိတ်ဆွေ မိတ်ဆွေက ဘယ်ဂိုဏ်းကလဲဆိုတာသိခွင့်ရှိမလား”
ကုအန်တစ်ဖက်လူကို သက်တမ်စစ်ဆေးခြင်းသုံး၍ ကြည့်လိုက်သည်။
[ဂူကုဟုန်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၈) : ၃၇၃/၅၀၀/၉၅၀]
အတော်သာမန်ဆန်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ!
“ကျွန်တော်က ရှေးဟောင်းကောင်းကင်ဂိုဏ်းကပါ တာမိုမိတ်ဆွေကဘာလိုအပ်လို့ပါလဲ” ကုအန် ပြန်ပြောလိုက်သည်။
ဂူကုဟုန်သည် မီးခိုးရောင်၀တ်စုံကို၀တ်ဆင်ထားကာ ဦးထုပ်တစ်လုံးဆောင်းထားပြီး သေတ္တာရှည်ကြီးတစ်လုံးကို သယ်ဆောင်ထားရာ သူ့ပုံစံက ခရီးသွားရခြင်းကိုကြိုက်နှစ်သက်သူတစ်ယောက်နှင့် တူနေ၏။ သူရေကန်ကိုကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်ကြားတာတော့ အခုနောက်ပိုင်း မြောက်ပင်လယ်ကန်ကြီးမှာ အထွတ်အထိပ်ရတနာတစ်ခုခုပေါ်လာတော့မလို ထူးခြားတဲ့အဖြစ်အပျက်တွေ ပေါ်လာနေတယ်တဲ့ မိတ်ဆွေများအဲ့ဒီအကြောင်းတစ်ခုခုသိမလားလို့ပါ”
ကုအန် ပြန်ပြောရန်ပြင်လိုက်စဉ်တွင် ဂူကုဟုန်ရုတ်တရက်သူ့လက်ကိုမြှောက်လိုက်ပြီး သူ့ညာလက်တွင် လက်သည်းတစ်ခုပေါ်ပေါက်လာကာ ကုအန် နှလုံးကို ချိန်ရွယ်လိုက်လေသည်။