အခန်း (၂၅၅-၂၅၆)
Vol. 20 Ch. 255-256
အပိုင်း(၂၅၅)
တစ်ယောက်တည်း
[ဂူကုဟုန်သည် သင့်အပေါ် ရန်ပြုလိုစိတ်ဖြစ်ပေါ်နေပါသည် သူ့ကိုသက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်ရှုချင်ပါသလား]
ဂူကုဟုန် သူ့ကိုရန်ပြုရန်လုပ်နေသည်ကို မြင်လိုက်သောအခါ ကုအန် ရယ်သာ ရယ်ချင်မိတော့သည်။
ထိုကောင်သည် အတော်လေး ရိုင်းစိုင်းလှပြီး သတ်ဖြတ်ချင်စိတ်ပေါ်လာသည်နှင့် ချက်ချင်းသတ်ဖြတ်တတ်ပုံက ထိုအရာနှင့်သူအတော်လေးကျွမ်း၀င်နေသည်ကို ညွှန်ပြနေခဲ့သည်။
ကံဆိုးစွာဖြင့်ဤတစ်ကြိမ်တော့ သူလူရွေးမှားသွားခဲ့ချေပြီ။
ဝုန်းး!
ဂူကုဟုန်၏ လက်သည်း ကုအန်ရင်ဘတ်ကိုထိသွားသည်နှင့် အားလှိုင်းတစ်ခုပေါက်ကွဲထွက်ပေါ်လာပြီး ကုအန် ခြေထောက်အောက်ရှ်ိ ကျောက်ခဲများဖုန်များပင် မြောက်တက်ကုန်ကြကာ ဂူကုဟုန်ကတော့ တိုက်ရိုက်ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။
ကုအန် လက်ထုတ်ကာ သူ့ဖိနပ်မှာဖုန်များကို ခါလိုက်ပြီး ဟူကုဟုန်၏ပြာများကို နင်းဖြတ်၍ ရှေ့သို့သာ ဆက်သွားခဲ့လိုက်၏။
ရိတ်သိမ်းခဲ့ရသည့် သက်တမ်းကတော့ အလွန်နည်းပါးလှသောကြောင့် သူဂရုစိုက်မနေတော့ပေ။
မြောက်ပင်လယ်တွင် နေ၀င်သွားခဲ့ပြီး ကန်ရေပြင်အဆုံးတွင် ငါးကြီးတစ်ကောင်က ရေပြင်ထက်မှ ခုန်ထွက်လာလေရာ လေထဲရှိ လခြမ်းကွေးတစ်စင်းနှင့်ပင် တူနေခဲ့သည်။
နေ၀င်ကာ လထွက်လာခဲ့ချေပြီ။
နှစ်ရက်ကြာပြီးနောက် ကုအန် တောင်နတ်ဘုရားအသွင်ဖြင့် တောင်နတ်ဘုရားကျောင်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
ပုံရိပ်သေးသေးလေးက တံစက်မြိတ်မှ မြေပြင်ပေါ်ခုန်ချလာခဲ့ပြီး သူတော်စင်ရွှမ်မြောင်လည်း လှုပ်ရှားသံများကြားလိုက်ရ၍ မျက်လုံးဖွင့်ကြည့်လိုက်ပြီး တောင်နတ်ဘုရားကိုမြင်သောအခါ ချက်ချင်းထ၍ ဦးညွတ်ကာ အရိုအသေပေးလိုက်၏။
“ဆေးပင်တွေစိုက်ရတာ ဘယ်လိုနေလဲ ငါ့ဆေးတာအိုအတွက် ဆေးပင်တွေလိုနေတယ်” ကုအန် ခြံ၀န်းဂိတ်တံခါးဆီသို့ သွားနေရင်း မေးလိုက်သည်။
သူတော်စင်ရွှမ်မြောင်သူ့ဘေးတွင် တောင်တစ်လုံးကဲ့သို့ရပ်ကာ လိုက်ပါလာသော်လည်း သူ့ပုံစံကတော့ အတော်လေး ရိုကျိုးနေခဲ့၏။
“မဆိုးပါဘူး ဒါပေမယ့် တောင်နတ်ဘုရားကဘယ်လောက်ပမာဏလိုသလဲဆိုတာ ကျွန်တော်သိချင်ပါတယ်” သူတော်စင်ရွှမ်မြောင် ပြန်ပြောလိုက်သည်။
ထို့နောက်သူတို့နှစ်ယောက် ဘုရားကျောင်းထဲမှထွက်ကာ ဆေးပင်များ သွားခူးခဲ့ကြ၏။
ထိုအချိန်အတွင်း သူတော်စင်ရွှမ်မြောင် လတ်တလောဖြစ်ပွားခဲ့သော အဖြစ်အပျက်များအကြောင်း ပြန်ပြောပြခဲ့ပြီး ထိုထဲတွင် ဘုရားကျောင်းနားမှ ဖြတ်သွားသူများအကြောင်းပင် ပါသေးသည်။
သူတကယ်လည်း ဘာကိုမှမညာခဲ့ပေ။ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးအနေနှင့် သူဘုရားကျောင်းထဲရှိ အဖြစ်အပျက်များအားလုံးကို မြင်နေရပြီး သူတော်စင်ရွှမ်မြောင်ဘာကိုမှ ဖုံးကွယ်မထားမှန်း သူသိပေသည်။
ကုအန်ထိုကိစ္စများအကြောင်း စိတ်မ၀င်စားသော်လည်း သူတော်စင်ရွှမ်မြောင်၏ အပြုအမူကြောင့် စိတ်တော့ကျေနပ်သွားခဲ့၏။
ဤနေရာကို နှစ်ပေါင်းများစွာကာကွယ်ခဲ့ရသော်လည်း သူတော်စင်ရွှမ်မြောင်၏အပြုအမူများမှာ အခုထိပြောင်းလဲမသွားသေးသောကြောင့် ကုအန် သူ့ကိုဆုတစ်ခုခုပေးရန် မရှိမဖြစ်လိုအပ်နေပြီဟု ခံစားလိုက်ရသည်။
သူတော်စင်ရွှမ်မြောင် တောင်နတ်ဘုရားနှင့် ဆရာသခင်ဓားအရှင်အကြောင်းဆွေးနွေးလိုသော်လည်း ဘယ်ကစရမလဲဆိုတာ မသိသောကြောင့် နှုတ်ဆိတ်၍သာ နေလိုက်၏။
“ဒီနှစ်တွေထဲ မင်းအများကြီးကြိုးစားခဲ့တာပဲ ငါအရမ်းကျေနပ်မိတယ် မင်းဓားသိုင်းတစ်ခုသင်ချင်လား” ကုအန် ကျောက်တုံးပေါ်တွင်ရပ်ရင်း သူတော်စင်ရွှမ်မြောင်ကိုပြုံး၍ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ သူတော်စင်ရွှမ်မြောင် တခဏကြောင်အသွားခဲ့ပြီး ထို့နောက်တွင်တော့ အလိုလိုပြန်ဖြေလိုက်၏။
“ဒါပေါ့ ကျွန်တော်သင်ချင်ပါတယ်”
ကုအန် လက်မြှောက်လိုက်ကာ လက်ညှိုးဖြင့် သူတော်စင်ရွှမ်မြောင်ကို ချိန်ရွယ်လိုက်လေသည်။ချက်ချင်းပင် သူတော်စင်ရွှမ်မြောင် ငေးကြောင်သွားခဲ့၏။
အချိန်ဘယ်လောက်ကုန်သွားသလဲ သူမသိခဲ့ပေ။
သူတော်စင်ရွှမ်မြောင်ဖြည်းဖြည်းချင်းနိုးထလာခဲ့ပြီး သူ့မျက်လုံးများပွင့်လာသောအခါ တောင်နတ်ဘုရားကို မတွေ့ရတော့ပေ။
“ကြယ်လွှမ်းခြုံအနန္တဓားသိုင်း….”
သူတော်စင်ရွှမ်မြောင် တုန်လှုပ်သွားခဲ့မိသည်။ ထိုမျှ နက်နဲသောဓားသိုင်းမျိုး ဤကမ္ဘာကြီးထဲတွင် ရှိနေပါသလော။
ထို့အပြင်….
ဘာကြောင့်ဤဓားသိုင်းက သူတို့လီမိသားစုဓားသိုင်းနှင့် ဆင်တူနေရပါသနည်း။
သို့သော် သူသည် ငယ်စဉ်ကတည်းက သုံးပါးတစ်ဆူတောင်တွင် ကျင့်ကြံလာခဲ့ရသူဖြစ်သည်။ ထိုက်ကန်တော်၀င်မင်းဆက်နှင့် သူသွေးချင်းဆက်နေပါသော်လည်း ထိုသွေးမျိုးဆက်ထဲတွင်တော့ မပါ၀င်ခဲ့ပေ။
“တောင်နတ်ဘုရားလည်း ဓားတာအိုကို သိတာပဲ တောင်နတ်ဘုရားနဲ့ ဆရာသခင်ဓားအရှင် ဓားပညာချင်းယှဉ်ရင် ဘယ်လိုနေမလဲ သိချင်မိတယ်”
သူတော်စင်ရွှမ်မြောင်မတွေးဘဲ မနေနိုင်ခဲ့ပေ။ သူဆရာသခင်ဓားအရှင်၏ ပြောင်မြောက်လှသော လုပ်ရပ်များကို သိရှိပြီးသည့်နောက် ဆရာသခင်ဓားအရှင်၏ ကျင့်ကြံခြင်းကို အလိုလိုတွေးမိနေခဲ့သည်။
သူတော်စင်ရွှမ်မြောင် သူ့စိတ်ကသောင်းကနင်းဖြစ်နေမှုကို ဖိနှိပ်ထားလိုက်သော်လည်း နောက်အတွေးတစ်ခုက ၀င်လာခဲ့ပြီး ထိုအတွေးကတော့ ယုံဖို့အတော်ခက်ခဲလောက်မည့် အတွေးမျိုးဖြစ်သည်။
ဆရာသခင်ဓားအရှင်နှင့် တောင်နတ်ဘုရားသည် တစ်ယောက်တည်းပေလော။
ပင်လယ်ရပ်ခြားကျင့်ကြံသူများ မကျူးကျော်ခင်က ဤကုန်းမြေတိုက်ကြီးပေါ်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေထက် ကျော်လွန်သော ကြီးမြတ်သည့် ကျင့်ကြံသူ၂ယောက် ဘယ်တုန်းက ရှ်ိခဲ့ဖူးပါသနည်း။
….
ဆရာသခင်ဓားအရှင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကို ပြန်လည်တည်ဆောက်လိုက်သည့် သတင်းက အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
နောက်ရက်များတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေနှင့် အဓိပတိဂိုဏ်းက မဟာမိတ်အဖြစ်ကြေငြာလိုက်ပြီး ကုန်းမြေတိုက်ကြီးကို အတူတူကာကွယ်ကြမည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် အဓိပတိဂိုဏ်း၏လွှမ်းမိုးမှုက ပိုမိုကြီးမားလာခဲ့ပြီး ဂိုဏ်းထဲသို့ကျင့်ကြံသူများပိုမို၀င်ရောက်လာခဲ့ကြသည်။
တောတောင်ထဲတွင်
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ သွားနေရင်း သူတို့အားဖြတ်သွားသော လူငယ်တစ်အုပ်ကိုကြည့်ကာ အတိတ်ကိုပြန်လွမ်းဆွတ်သွားခဲ့မိသည်။
ဤအဖွဲ့ကို လူကြီးနှစ်ယောက်က ဦးဆောင်လာခဲ့ပြီး တစ်ယောက်က ရွာလူကြီးဖြစ်ကာ တစ်ယောက်က ဆရာတစ်ယောက်ဖြစ်ပြီး အဓိပတိဂိုဏ်းသို့ အမတလမ်းစဉ်ကို ရှာဖွေရန် သွားနေကြခြင်းဖြစ်သည်။
ထိုသို့သောမြင်ကွင်းမျိုးက ရှားပါးလှပြီး အထူးသဖြင့် ထျန်းယတောင်ကြားနှင့် ဆန်းကြယ်တောင်ကြားကြားလို နေရာမျိုးတွင် ဖြစ်သည်။
ကုအန်အနာဂတ်ကိုမျှော်တွေးလိုက်မိပြီး သာမန်အတိုင်းမေးလိုက်၏။
“အခုခေတ်ကာလရဲ့ အဓိပတိဂိုဏ်းကို မင်းဘယ်လိုထင်လဲ”
သွေးအကျဉ်းထောင်မဟာသူတော်စင် တခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပါတယ် ဂိုဏ်းကတိုးတက်နေပုံပေါ်တယ် နောက်ပြီး လမ်းမှန်ဂိုဏ်းဖြစ်ဖို့ အရည်အသွေးလည်းပြည့်မှီတယ် ဆေးတောင်ကြားပဲဖြစ်ဖြစ် အပြင်စည်းမြို့ပဲဖြစ်ဖြစ် ပတ်၀န်းကျင်လေထုက ကောင်းမွန်တယ်”
လက်ရှိအဓိပတိဂိုဏ်း၏ တိုးတက်ပြောင်းလဲမှုများအားလုံးမှာ သူ့ကျောပေါ်မှလူကြောင့်ဖြစ်မှန်း သူသိ၏။
အကယ်၍ အဓိပတိဂိုဏ်းကသာ ထိုလူ့ကို စိတ်မကျေနပ်အောင်လုပ်လိုက်မိပါက ယနေ့အောင်မြင်မှုများသည် ချက်ချင်း ပုံရိပ်ယောင်အဖြစ်ပြောင်းလဲသွားစေနိုင်ပေသည်။
ဂိုဏ်းတွင်အချိန်အတန်ကြာနေလာပြီးသည့်နောက် သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ဂိုဏ်းအပေါ်ခံစားချက်အချို့ရှိနေပြီဖြစ်သည်။ ဆေးတောင်ကြားထဲတွင် မကောင်းသောသူအနည်းငယ်ရှိသော်လည်း အများစုကတော့ မဆိုးလှပေ။
သူလာခဲ့သော အဆင့်နိမ့်နယ်မြေနှင့်ယှဉ်ပါက အဓိပတိဂိုဏ်းသည် ပိုမိုဖော်ရွေသောနေရာ ဖြစ်၏။ လုံလောက်အောင်မသန်မာတာကလွဲလျှင် ဤနေရာသည် သူ့စိတ်ကူးထဲက အမတများနေသောနေရာသာ ဖြစ်ပေသည်။
အဓိပတိဂိုဏ်း၏ လတ်တလောတိုးတက်မှုများကိုလည်း သူခံစားမိနေခဲ့ပြီး ဂိုဏ်းသည် နှစ်တစ်ထောင်အတွင်း တိုင်းတာမရအောင်တိုးတက်လာမည်ဟု သူယုံကြည်သည်။
“လမ်းမှန်ဂိုဏ်းဖြစ်ဖို့ အရည်အသွေးမှီနေရင်ပဲ လုံလောက်နေပါပြီ” ကုအန် ခပ်ဟဟရယ်မောလိုက်ကာ ပြောလိုက်၏။
ဤသို့ဖြင့် လူတစ်ယောက်နှင့် နွားသိုးတစ်ကောင်သည် တောတောင်များကိုဖြတ်၍ တောအုပ်ထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။
တစ်နာရီခန့်ကြာသောအခါ
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ထျန်းယတောင်ကြားဆီသို့ ပျင်းရိစွာဝင်ရောက်လာခဲ့၏။
သူတောင်ကြားထဲတွင်အခြားသူများရောက်နေသည်ကိုလည်း အာရုံခံလိုက်မိသည်။
လီရွှမ်တောက် ရောက်ရှိနေခဲ့ချေပြီ!
ကုအန်မလောဘဲ ပျင်းရိစွာပင် တောင်ကြားထဲ၀င်လာခဲ့သည်။
လီရွှမ်တောက်သည် ခြံ၀န်းထဲတွင် လက်ဖက်ရည်သောက်နေခြင်းဖြစ်ပြီး သူ့နောက်တွင်ကောင်လေးတစ်ယောက်က ဓားသိုင်းလေ့ကျင့်နေခဲ့၏။ ထိုကောင်လေးသည် အသက် ၇နှစ် ၈နှစ်အရွယ်သာ ရှိသေးသော်လည်း သူ့ဓားကွက်များက အချိုးကျကာ သွက်လက်နေခဲ့သည်။
အနားတွင် လျူဟွမ်လည်းရှိနေပြီး သူ့မျက်လုံးများက ကောင်လေးဆီရောက်နေကာ ကောင်လေးဓားကြောင့်ထိခိုက်သွားမှာကို စိုးရိမ်နေခဲ့၏။
လီရွှမ်တောက် အဝေးမှကုအန်ကိုမြင်လိုက်သောအခါ သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်။
“ဒီကလေးက အတော်လေး ကြွားတတ်လာတာပဲ ဒါပေမယ့် ဘ၀ကိုဘယ်လိုပျော်ပျော်နေရမလဲဆိုတာတော့ သိတဲ့ကလေးပဲ” လီရွှမ်တောက် ရယ်ချင်နေဟန်ဖြင့် ပြောလိုက်၏။
ကုအန်သည် ထည်ဝါလှသော အိမ်မွေးသားရဲတစ်ကောင်ကိုစီးနင်းကာ တန်ဖိုးကြီးကာ အထူးကောင်းမွန်သော အပြာရောင်၀တ်စုံတစ်စုံကို၀တ်ဆင်ထားပြီး ခေါင်းတွင်လည်း ရွှေနက်ရောင်သရဖူတစ်ခုကို ဆောင်းထားသေးရာ သူ့ပုံစံက သေမျိုးကမ္ဘာက အမတအရှင်တစ်ပါးနှင့်ပင် တူနေသေးသည်။
တောင်ထိပ်တွင် တရားထိုင်နေသော လုရှန်လည်း ကုအန်ကိုတွေ့သွားပြီး အံ့အားသင့်ကာ ငေးကြောင်သွားခဲ့သည်။
အကြောင်းပြချက်အချို့ကြောင့် ကုအန်ကိုယ်မှ မလွယ်ကူဟန်ရသော အရှိန်အဝါတစ်ခုထွက်ပေါ်နေပြီး ထိုအရှိန်အဝါကဘာလဲဆိုတာ သူရှင်းမပြတတ်ပေ။
လီရွှမ်တောက်အကြည့်ကို တွေ့သောအခါ ကုအန် နွားသိုးကိုတစ်ချက်ပုတ်လိုက်ပြီး နွားသိုးလည်း ခြေလှမ်းများကို အရှိန်တင်လိုက်၏။
မကြာခင်တွင် သွေးအကျဉ်းထောင်မဟာသူတော်စင် ခြံ၀န်းထဲသို့ ရောက်ရှိသွားခဲ့သည်။ ကုအန် သူ့အပေါ်မှဆင်းလိုက်ပြီး ခြံ၀န်းထဲအမြန်လျှောက်သွားခဲ့လိုက်၏။
“ဦးလေး မတွေ့တာကြာပြီနော်” ကုအန် လက်သီးဆုပ်၍ အရိုအသေပေးလိုက်ကာ ပြောလိုက်သည်။
သူ့အကျင့်အတိုင်း ကောင်လေးကိုလည်း သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။
[လီလင်းထျန်(ချီကျင့်ကြံခြင်းအဆင့် ၄): ၈/၁၁၀/၈၉၉၉]
ဟမ်!
သက်တမ်းအကန့်အသတ် ၈၉၉၉!
ဒါကတစ်ခုခုတော့ တစ်ခုခုပဲ!
ကုအန်စိတ်၀င်စားသွားသော်လည်း သူ့မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။
“တကယ်ပဲ အတော်ကြာခဲ့ပြီ ငါဒီကိုရောက်နေတာ ၂ရက်ရှိပြီလေ ငါမပြန်ခင် မင်းကိုတွေ့ဖို့ စောင့်နေခဲ့တာ” လီရွှမ်တောက် ရယ်မောကာ ပြောလိုက်သည်။
အခုတလော သူ့စိတ်အခြေအနေ အတော်လေးတက်ကြွနေခြင်းဖြစ်၏။ မင်းဆက်သုံးခုသည် အရင်အတိုင်းဆက်သွားနေသေးသော်လည်း ထိုက်ကန်မင်းဆက်၏ လွှမ်းမိုးလာမှုကို လူတိုင်းသတိပြုမိကြပေသည်။
နောက်လာမည့်နှစ်များတွင် အရင်က ဘယ်သူမှမလုပ်နိုင်ခဲ့သော မင်းဆက်များကိုစုစည်းမည့်အလုပ်ကို လီရွှမ်တောက်က အောင်မြင်ပေတော့မည်။
လီရွှမ်တောက်၏ ကျင့်ကြံခြင်းကလည်း အလွန်လျင်မြတ်စွာတိုးတက်လာခဲ့ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ကိုတောင် နီးကပ်လာခဲ့သည်။ ထိုလူသည် လုပိုင်ထျန်းကို ရာစုနှစ်တစ်ခုအတွင်း အမှီလိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
သူတို့နှစ်ယောက်စတင်စကားပြောဆိုခဲ့ကြပြီး ကုအန်က သူ့ဆေးတောင်ကြားအကြောင်းနှင့် ကိစ္စအသေးလေးများကို ပြောပြခဲ့ပြီး လီရွှမ်တောက်လည်း သေသေချာချာနားထောင်ပေးနေခဲ့သည်။
လီယနှင့် ကုအန်၏ဆက်ဆံရေးမပါဘဲနှင့်ပင် လီရွှမ်တောက် ကုအန်၏ ဤနှစ်များအတွင်း ထျန်းယတောင်ကြားကို စီမံမှုကို အတော်လေး ကျေနပ်နေခဲ့ခြင်းဖြစ်သည်။
တခဏကြာစကားပြောပြီးသောအခါ လီရွှမ်တောက်
ကုအန်၏အရင်နှင့်မတူဘဲ ပြောင်းလဲသွားသော အသွင်အပြင်ကို စတင်စနောက်ခဲ့သည်။
“ဘ၀ကအဆင်ပြေနေရင် လူတစ်ယောက်က အဲ့ဒီဘ၀ကိုကောင်းကောင်းကြီး ခံစားသင့်တာပေါ့ ကမ္ဘာ့ရေးရာကိစ္စကြီးတွေမှာပါ၀င်နိုင်တဲ့ ဦးလေးတို့ အစ်ကိုလီတို့လိုမဟုတ်တဲ့ ကျွန်တော်က ကျွန်တော့်ကမ္ဘာငယ်လေးထဲမှာတော့ ကောင်းကောင်းနေနိုင်သင့်တယ်မလား” ကုအန် ရယ်မောကာ သူ့ခေါင်းပေါ်ရှိ အမတဘုရင်သရဖူကို ထိလိုက်ရင်း ပြောလိုက်၏။
လီရွှမ်တောက်လည်း ရယ်မောလိုက်ကာ
“ကြည့်ရတာ မင်းသရဖူက ရတနာတွေလိုအပ်နေပုံပဲ
ငါ့အကူအညီလိုသေးလား ဒါမှမဟုတ် ငါပိုကောင်းတဲ့ သရဖူတစ်ခုပို့ပေးလိုက်ရမလား”
ပိုကောင်းတဲ့တစ်ခုလား!
ခင်ဗျားတတ်နိုင်ပါ့မလားလို့ သံသယဖြစ်မိတယ်!
ကုအန် ခေါင်းခါ၍ငြင်းဆန်လိုက်ရာ လီရွှမ်တောက်လည်း အတင်းတိုက်တွန်းမနေတော့ပေ။ သူလီလင်းထျန်းကို လက်ယမ်း၍ခေါ်လိုက်ကာ ထိုကောင်လေး အမြန်ပြေးလာပြီး ကုအန်ကို စိတ်၀င်တစားကြည့်ရှုနေခဲ့၏။
သူ့မျက်နှာသေးသေးလေးကိုကြည့်ကာ ကုအန် ၁၅နှစ်သား လီယမျက်နှာကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ ထိုကောင်လေးနှင့် လီယ၏ မျက်လုံး မျက်ခုံးများသည် ဆင်တူနေပုံပင်။
“ဒါကမင်းအစ်ကိုလီယနဲ့ အကောင်းဆုံးဆက်ဆံရေးရှိတဲ့ စီနီယာအစ်ကိုကုပဲ” လီရွှမ်တောက် လီလင်းထျန်ကို မိတ်ဆက်ပေးလိုက်သည်။
လီလင်းထျန် ကုအန်ကို အမြန်အရိုအသေပေးလိုက်ပြီးသူ့ပုံစံမှာ ရင့်ကျက်ကာ နှစ်သက်ဖွယ် အပြုအမူများ ရှိနေခဲ့၏။
ကုအန် ထိုကောင်လေးအတွက် တွေ့ဆုံခြင်းလက်ဆောင်ဘာပေးရမလဲဆိုတာ တွေးနေစဉ်တွင် လီလင်းထျန် မေးလိုက်သည်။
“စီနီယာအစ်ကိုကု ကျွန်တော်ကြားတာတော့ အနောက်အရပ်သို့ခရီးသွားခြင်းကို အစ်ကိုရေးတာဆို အစ်ကို စွန်းဝူခုံးနဲ့တွေ့ဖူးလား”
ကုအန် ကြက်သေသေသွားခဲ့ပြီး အဝေးကို ကြည့်နေဟန်ရသော လျူဟွမ်ကိုတစ်ချက်ကြည့်လိုက်၏။
လီရွှမ်တောက်ကတော့ ထိုအရာကိုတစ်ချိန်လုံး သိထားနေဟန်ဖြင့် ပြုံးသာပြုံးနေခဲ့သည်။
ထိုအရာက ကုအန် သူ့ကိုလီရွှမ်တောက် နတ်ဘုရားတို့၏ရာထူးများအကြောင်း မေးစဉ်ကအချိန်ကို ပြန်အမှတ်ရသွားစေခဲ့သည်။
ကုအန် ရုတ်တရက်တွေးလိုက်မိ၏။ လီရွှမ်တောက်သည် အရင်ကတည်းက ထိုအကြောင်းကိုသိထားပြီး တမင်သက်သက်သူ့ကိုစမ်းသပ်ဖို့ မေးမြန်းခဲ့ခြင်းပေလော။
သို့သော် ထိုအရာကကိစ္စတော့ မရှ်ိတော့ပေ။
“တွေ့ဖူတယ် အစ်ကို့အိပ်မက်ထဲမှာလေ အပြင်မှာတော့ အစ်ကိုက ယန်ကျင်းလို့ခေါ်တဲ့ တပည့်တစ်ယောက်ကိုလက်ခံထားတယ်” ကုအန် လီလင်းထျန်ခေါင်းကိုပုတ်ကာ ပြုံး၍ ပြောလိုက်သည်။
“စစ်မှန်သောသခင်အားလန် ယန်ကျင်းလား သူကစွမ်းအားကြီးလား ကျွန်တော်သူနဲ့ လက်ရည်စမ်းလို့ရမလား” လီလင်းထျန် စိတ်လှုပ်ရှားသွားပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။
ကုအန် ရယ်မောလိုက်သည်။
“ဒါပေါ့ ဒါပေမယ့် မင်းအရင်ဆုံးကြီးပြင်းလာဖို့လိုသေးတယ်”
လီလင်းထျန် နာခံစွာခေါင်းညိတ်ပြလိုက်ပြီး လူကြီးလေးတစ်ယောက်လို ပြောလိုက်သည်။
“စီနီယာအစ်ကိုကု အစ်ကို့တပည့်ကို သေချာလေ့ကျင့်ပေးထားဖို့တော့လိုတယ်နော် ကျွန်တော့်ဦးလေးပြောတာတော့ ကျွန်တော်က ကမ္ဘာပေါ်မှာအကောင်းဆုံး လက်ဆောင်ကိုရရှိထားတဲ့သူတဲ့ အစ်ကို့တပည့်က ကျွန်တော့်ပြိုင်ဘက်ဖြစ်မနေမှာ ကြောက်မိတယ်”
လီရွှမ်တောက်သူ့ကို ခပ်တင်းတင်းကြည့်လိုက်ကာ
“မင်းအဖေက မင်းကိုအမြဲတမ်း တော်ရုံပဲပြောဆိုဖို့ သင်ထားတယ်လေ!”
လီလင်းထျန် ပြန်ပြောလိုက်သည်။
“ဦးလေးလည်းပြောတယ်လေ နောက်ပြီး အမေကလည်း ဒီကမ္ဘာပေါ်က အရာအားလုံးကကျွန်တော့်အတွက် ဖန်တီးပေးထားတာလို့ပြောတာပဲ အဲ့တာကြောင့် ကျွန်နော်ကယုံကြည်မှုရှိနေနိုင်တယ်”
လီရွှမ်တောက်မျက်နှာပြောင်းလဲသွားပြီး သူမကျေမနပ်ဖြစ်နေတာ သိသာလွန်းလှသည်။
ကုအန်ထိုအရာကိုရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး ပြောလိုက်၏။
“ဟုတ်ပါပြီ စီနီယာအစ်ကိုကုက သူ့ကိုသေချာ လေ့ကျင့်ပေးထားလိုက်မယ် မင်းလည်းကြိုးစားလေ့ကျင့်ပြီး အစ်ကို့တပည့်နဲ့လက်ရည်မစမ်းရသေးသရွေ့ အခြားသူတွေနဲ့ လက်ရည်သွားမစမ်းရဘူးနော် အစ်ကို့ကို အဲ့တာကတိပေးနိုင်မလား”
အပိုင်း(၂၅၆)
ယန်ကျင်းအစစ် ဝူခုံးအတု
ကုအန်စကားကိုကြားသောအခါ လီလင်းထျန် ဘာမှသိပ်စဉ်းစားမနေဘဲ ချက်ချင်းသဘောတူလိုက်သည်။
လီရွှမ်တောက်ကတော့ မပျော်မရွှင်ဖြစ်သွားပြီး လီလင်းထျန်ကို ဆူငေါက်လိုက်ရာ ရလဒ်အနေဖြင့် ထိုကလေးဒေါသထွက်သွားပြီး လီရွှမ်တောက်ကို ပြန်ပြောခဲ့၏။
ထိုအရာ၏ ရလဒ်ကတော့ အရိုက်ခံရခြင်းသာ ဖြစ်သည်။ လီလင်းထျန် လီရွှမ်တောက်၏ ဆွဲမခြင်းကိုခံလိုက်ရပြီး တင်ပါးကိုအရိုက်ခံရလေတော့သည်။
ထိုမြင်ကွင်းက ကုအန်အား သူ့အရင်ဘ၀က မှတ်ညဏ်များကိုပင် ပြန်သတိရသွားစေခဲ့သည်။
လီရွှမ်တောက်တွင်လည်း ထိုကဲ့သို့ဘက်ခြမ်းမျိုးရှိနေမည်ဟု ကုအန် ထင်မထားခဲ့မိပေ။ လီယလည်း ကလေးဘ၀က ဤနည်းလမ်းဖြင့် သင်ကြားခံခဲ့ရသလောဟု ကုအန် သိချင်သွားမိသည်။
သို့သော်လည်း လီလင်းထျန်၏မိခင်က သာမန်မဟုတ်မှန်း ကုအန်ခံစားမိနေပြီး လီရွှမ်တောက်စကားများအရ သူလည်းထိုအမျိုးသမီးကို လွှတ်ပေးထားရဟန်ရသည်။
ကုအန် လီလင်းထျန်၏ ကမ္မအဖြစ်အပျက်များကို ချောင်းကြည့်လ်ုက်၏။
မကြာခင်တွင် ကုအန် အချက်အလက်အချို့ရရှိခဲ့လိုက်သည်။
လီလင်းထျန်၏မိခင်သည် ပင်လယ်ရပ်ခြားမှလာခြင်းဖြစ်ကာ မျိုးရိုးနာမည် ယန် ဟူသော မိသားစုကြီးတစ်ခုမှဖြစ်သည်။ သူမအတွက် လီရွှမ်တောက်သည် လက်ရှိဧကရီကိုနန်းချကာ သူမကိုနန်းတင်ပေးခဲ့သည်။ ထို့အပြင် လီလင်းထျန်ကိုလည်း အိမ်ရှေ့စံအဖြစ်ပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့၏။
လီလင်းထျန်၏အတိတ်ကိုကြည့်ပြီးသောအခါ ကုအန် သက်ပြငး်သာချလိုက်မိသည်။
သန်မာသော မိခင် နောက်ခံရှိနေခြင်းက ထိုကလေးကို အဆင်အခြင်မဲ့ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လီလင်းထျန်၏ဘ၀ကံကြမ္မာကလည်း သာမန်တော့မဟုတ်ပေ။ သူသည်ပင်လယ်ရပ်ခြားဒေသတွင် မွေးဖွားလာခြင်းဖြစ်ပြီး သူမွေးဖွားလာစဉ်က မိသားစုထဲရှိ ဂိုဏ်းစောင့်များကိုပါ ဆွဲဆောင်သွားနိုင်ခဲ့သော မိုးကြိုးမုန်တိုင်များတိုက်ခတ်ခဲ့ဖူး၏။
သူမွေးဖွားပြီးသည့်နောက် လီရွှမ်တောက်က ဧကရီယန်ကို တရား၀င်လက်ထပ်ခဲ့ပြီး ယန်မိသားစုက လီလင်းထျန်ကိုကာကွယ်ရန် အစောင့်များပင် ထည့်ပေးလိုက်သေးသည်။
လတ်တလောတွင်ပင် အနီးတစ်ဝိုက်၌ ပုန်းအောင်းနေသော မဟာယနအဆင့် ၂ ယောက်ရှိနေခဲ့သည်။
အရင်ကတော့ မဟာယနအဆင့်များသည် ရှားပါးလှသော်လည်း အခုတော့ မင်းဆက်သုံးခုတွင်သူတို့ကိုတွေ့မြင်ရန် မခက်လှတော့ပေ။
ယန်မိသားစုသည် ဤကုန်းမြေတိုက်ကြီး၏ အလားအလာကိုမြင်ပြီး မင်းဆက်သုံးခုကိုစုစည်းနိုင်တော့မည်ဖြစ်သော လီရွှမ်တောက်အပေါ်တွင် လောင်းကြေးထပ်ခဲ့ခြင်းဖြစ်၏။
လီလင်းထျန်သည် အမှန်တကယ်ပင် သာမန်မဟုတ်ခဲ့ပေ။ လီရွှမ်တောက်က သူ့ကိုဘယ်လောက်ရိုက်ရိုက် ငိုမသွားခဲ့ပေ။ ထိုအစား ခေါင်းမာစွာသာ လီရွှမ်တောက်ကို ကြည့်ရှုနေခဲ့သည်။
ထိုကောင်လေးသည် ရိုးရှင်းစွာပင် မိစ္ဆာဘုရင်လေးတစ်ယောက်ဖြစ်မှန်း သေချာနေပြီး အနာဂတ်တွင်သူ့ကြောင့် လီရွှမ်တောက်နှင့်လီယတို့ နာကျင်ထိခိုက်ရမှာ သေချာပေသည်။
“ဦးလေး လုံလောက်ပါပြီ ဒီကလေးကို အနာဂတ်မှာဖြည်းဖြည်းချင်းသင်ပေးလို့ရပါတယ် အခုတော့သူလည်းဘာမှမှားတာလုပ်မထားဘူးလေ ဒါက သူ့စကားပြောဆိုတတ်တဲ့ပုံစံကြောင့်ပါပဲ ကျွန်တော်လည်းစော်ကားခံရတယ်လို့မခံစားရပါဘူး” ကုအန် ပြောလိုက်ပြီး လီရွှမ်တောက်ကို ဖျောင်းဖြလိုက်၏။
ထိုစကားကိုကြားသောအခါ လီရွှမ်တောက်ရှက်သွားခဲ့သည်။ သူကုအန်ကိုကြည့်ကာ ပြောလိုက်၏။
“ဒီကောင်လေးက သန်မာပေမယ့် အမြင်ကျဉ်းတယ် သူ့ကိုမင်းတပည့်နဲ့ မယှဉ်ပြိုင်ခိုင်းတာ ပိုကောင်းပါတယ်”
လီလင်းထျန်သူ့အဖေခြေထောက်နားမှကုန်းထလာပြီး ကုအန်ဘေးရောက်သွားကာ ကုအန်လက်မောင်းကိုကိုင်ထားပြီး လီရွှမ်တောက်ကို လျှာထုတ်ပြနေခဲ့သည်။
ကုအန်လည်း လီလင်းထျန်ခွန်အားကို အာရုံခံမိ၏။ ဤကောင်လေးသည် ၈နှစ်သာရှ်ိသေးသော်လည်း ကျောက်တုံးတစ်တုံးကိုအလွယ်တကူ ချေမွပစ်နိုင်ပေသည်။
“အဆင်ပြေပါတယ် ကျွန်တော့်တပည့်ကလည်းအရမ်းသန်မာတယ်” ကုအန်ပြုံးကာ ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ လီရွှမ်တောက်ခေါင်းသာယမ်းလိုက်ကာ ထပ်မပြောတော့ပေ။
သူ့အမြင်တွင် ဤကမ္ဘာပေါ်၌ အန်းဟောင်သာ သူ့အငယ်ဆုံးသားနှင့်ယှဉ်၍ ရပေသည်။ လုရှန်ပင် သူ့လောက် ပါရမီမကောင်းပေ။
ထို့နောက်တွင်တော့ လီရွှမ်တောက်အကြောင်းအရာပြောင်းလိုက်ပြီး ဆရာသခင်ဓားအရှင်အကြောင်း ပြောလိုက်၏။
ထိုအကြောင်းအရာအကြောင်းပြောသောအခါ ကုအန် စိတ်လှုပ်ရှားသွားပြီး စိတ်ပါလက်ပါပြောဆိုလေတော့သည်။
လီရွှမ်တောက်လည်း ကုအန်က ဆရာသခင်ဓားအရှင်ကို လေးစားအားကျသူဟု တွေးလိုက်၏။ သူ့လို ထိုက်ကန်ဧကရာဇ်ပင် ဆရာသခင်ဓားအရှင်အကြောင်းကြားခဲ့စဉ်က သွေးများဆူပွက်လာသလိုခံစားခဲ့ရလေရာ သူ့ထက်နိမ့်သောသူများက မည်သို့ခံစားကြရမည်နည်း။
တစ်နာရီခန့်ပြောပြီးသောအခါ လီရွှမ်တောက် လီလင်းထျန်ကိုခေါ်၍ ထွက်ခွာသွားခဲ့သည်။
ထွက်မသွားခင်တွင် လီလင်းထျန် ကုအန်ကိုလက်ယမ်းပြလိုက်ကာ ပြောလိုက်သည်။
“စီနီယာအစ်ကိုကု ယန်ကျင်းကိုဒီကိစ္စမမေ့စေနဲ့နော် ကျွန်တော်ကြီးလာရင် သူနဲ့ယှဉ်ပြိုင်ဖို့လာခဲ့မယ်”
ကုအန်လည်း ပြုံး၍သာခေါင်းညိတ်ပြလိုက်ပြီး လီလင်းထျန်ရှုံးနိမ့်မည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
သက်တမ်းအကန့်အသတ်အရာတွင်လည်း ယန်ကျင်းက ပိုမိုမြင့်မားသူ ဖြစ်၏။ အသက်အရာတွင်လည်း ယန်ကျင်းက ပိုကြီးပြန်သည်။ ဆရာအရာတွင်လည်း လီလင်းထျန်က အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးကို ရှာဖွေနိုင်ပါမည်လော။
လီရွှမ်တောက်က သူ့ကိုသေချာဆက်ဆံပေးလျှင်တောင် ထိုကောင်လေးကို လမ်းမှားမသွားအောင် ပြုပြင်ပေးနိုင်ရုံသာ ဖြစ်လိမ့်မည်။
ဆေးရွက်များသိမ်းဆည်းပြီးသည့်နောက် ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ တောင်ကြားမှ ထွက်ခွာလာခဲ့၏။
ထျန်းယတောင်ကြမှ မိုင်၁၀၀အဝေးသို့ရောက်သောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်မေးလိုက်သည်။
“ဆရာ အဲ့ဒီကောင်လေးရဲ့ ချီသွေးကမရိုးရှင်းဘူး”
တစ်ချက်ကြည့်ရုံနှင့် ထိုကောင်လေး၏ချီကံကြမ္မာက သာမန်မဟုတ်မှန်း သူခံစားမိ၏။
“ဟုတ်တယ် မရိုးရှင်းဘူး ဒါပေမယ့် သူကကျင်းအာနဲ့ယှဉ်နိုင်မယ်လို့မင်းထင်လား” ကုအန်သာမန်အတိုင်းမေးလိုက်သည်။
“ဘယ်ယှဉ်နိုင်ပါ့မလဲ အဲ့ဒီကောင်လေးထက်ပိုမွန်းစတားဆန်တဲ့ ပါရမီရှင်က မရှ်ိတော့ဘူး”
ယန်ကျင်းအကြောင်းပြောသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်သက်ပြင်းသာ ချလိုက်မိသည်။
သူယန်ကျင်း၏ တက်လှမ်းလာမှုကိုမြင်သောအခါ ကုအန်ကိုသာ ပို၍လေးစားလာမိ၏။
ယန်ကျင်းကိုတွေ့ရှိခဲ့သူမှာ ကုအန်ဖြစ်ပေသည်။ မဟုတ်လျှင် ယန်ကျင်းသည် အခြားတပည့်များလို တောင်ကြားတွင်သာ သာမန်ဘ၀ဖြင့် နေသွားရမည်ဖြစ်၏။
“မင်းကိုငါပေးထားတဲ့ကျင့်စဉ်ကိုကြိုးကြိုးစားစားကျင့်ကြံ နောက်နှစ်၁၀၀၀နေရင် ဒီကမ္ဘာကြီးက ပြောင်းလဲသွားလိမ့်မယ် အဲ့ဒီအခါ မဟာယနအဆင့်က စွမ်းအားကြီးနေဦးမယ်ဆိုပေမယ့် သူ့အဆင့်အတန်းက အခုထက်အများကြီးပိုပြီး အဆင့်နိမ့်သွားလိမ့်မယ်”
“သခင်စိတ်ချပါ ကျွန်တော်သခင့်ကိုစိတ်မပျက်စေရပါဘူး”
“ငါ့ကို စိတ်မပျက်စေဖို့မဟုတ်ဘူး မင်းအတွက်မင်းကျင့်ကြံရမှာ”
“ဟီးဟီး ကျွန်တော်က တစ်ဘ၀လုံးသခင့်နောက်လိုက်ဖို့ စီစဉ်ထားတာ”
“မင်း နွားသိုးခေါင်း မင်းကတစ်သက်လုံးငါ့ကို မှီခိုနေဖို့စီစဉ်ထားတာလား”
“သခင်က ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
……
ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ ပြိုကွဲသွားမှုက သမုဒ္ဒရာတွင်လည်း အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့သည်။ ကုအန် အမတရှာဖွေကျွန်းသို့ရောက်သောအခါ လူတိုင်းက ထိုအကြောင်းဆွေးနွေးနေခဲ့ကြသည်။
သူ သူတော်စင်ထင်ဟိုင်၏ သီးသန့်တွေ့ဆုံပွဲသို့ တက်ရာတွင် လူတိုင်းက ဆရာသခင်ဓားအရှင်၏ခွန်အားအကြောင်း အံ့အားသင့်နေခဲ့ကြ၏။
ထိုတိုက်ပွဲပြီးသည့်နောက် ဆရာသခင်ဓားအရှင်၏အမည်က သမုဒ္ဒရာတွင်လည်း ကျော်ကြားသွားခဲ့ပြီး ထိုဂုဏ်သတင်းက ကုန်းမြေတိုက်ကြီးပေါ်မှာထက်ပင် ကြီးမားသေးသည်။
ကြယ်ပင်လယ်အဖွဲ့အစည်းအပါအ၀င် ဘယ်အင်အားစုမှ ဆရာသခင်ဓားအရှင်နေထိုင်သော ကုန်းမြေတိုက်ကြီးကို မထိပါးရဲတော့ဘဲ တစ်ဖက်တွင်တော့ ကျင့်ကြံသူများ ထိုကုန်းမြေတိုက်ကြီးသို့ အခွင့်အလမ်းရှာဖွေရန် အပြေးအလွှားချီတက်ကုန်ကြ၏။
ဤသို့ဖြင့် ကုန်းမြေတိုက်ကြီးက ငြိမ်းချမ်းနေခဲ့သည်။
ကုအန်ဘ၀ကလည်း ပိုမိုတည်ငြိမ်လာခဲ့၏။ သူဆေးပင်များ စိုက်ပျိုးခြင်းကိုသာ အာရုံစိုက်ထားပြီး သူ့အပြင်ကမ္ဘာဂူ ရိတ်သိမ်းရမည့်အချိန်ကို စောင့်စားနေခဲ့သည်။
စောင့်နေချိန်အတွင်း သူဂူကိုပိုမိုတိုးချဲ့ကာ ဆေးပင်များလည်း ထပ်စိုက်ထားသေးသည်။
ယခုအခါ အပြင်ကမ္ဘာဂူကို သူ့စိတ်ကြိုက်ပြောင်းရွှေ့နိုင်ပြီဖြစ်ရာ ဆေးပင်စိုက်ရတာ ပိုလုံခြုံသည်ဟု ခံစားလာခဲ့ရသည်။
ထျန်းချင်းနှင့် ထျန်းပိုင်တို့ကလည်း ထျန်းယောင်အာနှင့်အတူ ကိစ္စများစွာတွင်ကူညီပေးခဲ့ပြီး နျန်းချူဂူနှင့် အပြင်ကမ္ဘာဂူတွင်ဘာပြဿနာမှမရှ်ိခဲ့ပေ။
မျက်စိတ်တစ်မှိတ်အတွင်း အချိန်များက ကုန်လွန်သွားခဲ့သည်။
ဆယ်နှစ် ကုန်ဆုံးသွားခဲ့ပြန်၏။
ဤနှစ်တွင် ရှောင်ချွမ် သူ့ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို စည်းဖျက်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ့သက်တမ်းအကန့်အသတ်ကလည်း ၂၈၆နှစ်သို့တိုးလာခဲ့ပြီး ထိုအရာက ရီလန်နှင့်ယှဉ်လျှင်အဝောာ်လေးနည်းပါးပေသည်။ ဤသည်မှာ သူ၏ ကျင့်ကြံခြင်းအပေါ်သဘောထားကြောင့်ဖြစ်ပြီး သူကရီလန်လောက်မကြိုးစားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရှောင်ချွမ် နောက်ထပ် နှစ် ၁၀၀ကျော်ဆက်လက်နေထိုင်၍ ရသွားခဲ့ချေပြီ။
စည်းဖျက်ပြီးသည့်နောက် ရှောင်ချွမ်ကုအန်ကို လာရောက်နှုတ်ဆက်ခဲ့၏။ သူ သူ့မွေးရပ်မြေသို့ပြန်ကာ သာမန်ဘ၀ကိုခံစားဖို့ စီစဉ်ထားခြင်းဖြစ်ပြီး ဖြစ်နိူင်လျှင်တော့ သူကလေးများပါ ရှိလာချင်သေးသည်။
ကုအန် သူ့ကိုလိုက်မပို့ပေးခဲ့သော်လည်း နတ်အာရုံဖြင့် တစ်လမ်းလုံးတွင့် စောင့်ရှောက်ပေးခဲ့၏။
လ၀က်ခန့်ကြာသောအခါ ရှောင်ချွမ် သူ့မွေးရပ်မြေရောက်သွားမှ ကုအန် သူ့အာရုံကို အခြားကိုပို့လိုက်နိုင်ခဲ့သည်။
နွေခေါင်ခေါင်တွင် တတိယတောင်ကြားက ဧည့်သည်များကို ကြိုဆိုခဲ့ရ၏။
ကုအန်သူတို့ကို ကိုယ်တိုင်သွားနှုတ်ဆက်ခဲ့ပြီး တောင်ကြားအ၀င်၀မှ ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၀င်လာသည်ကို တွေ့ခဲ့ရသည်။
[ယန်နီ(နတ်အသွင်ပြောင်းခြငအဆင့် ၅): ၃၁၈/၁၂၀၀/၁၃၆၀]
[လီလင်းထျန်(အခြေခံတည်ဆောက်ခြင်းအဆင့်၉): ၁၈/၃၅၀/၈၉၉၉]
ကုအန်အကြည့်က ယန်နီ့ဆီရောက်သွားခဲ့သည်။ သူမသည် လီယအမေ၏ညီမဖြစ်ပြီး တခဏဂိုဏ်းပြဿနာဖြစ်ခဲ့စဉ်က သူမလည်းပါ၀င်ပတ်သက်ခဲ့ပြီး ကုအန်ကိုတခဏကြာ ကာကွယ်ပေးပြီးသည့်နောက် ထွက်ခွာသွားခဲ့သူဖြစ်သည်။
ဤနှစ်များအတွင်း ကုအန်သူမကို တစ်ခါတစ်ရံ နတ်အာရုံသုံး၍ ကြည့်ရှုတတ်ပြီး သူမသည် ကမ္ဘာအနှံ့လျှောက်သွားကာ ကျင့်ကြံနေပြီး တစ်ခါတရံ ဒုက္ခများကြုံတွေ့ခဲ့ရပါသော်လည်း တစ်ဘ၀လုံးနှင့်ယှဉ်ပါက ကောင်းကောင်းရှင်သန်နိုင်ခဲ့သည်ဟု ပြော၍ရပေသည်။
ယန်နီသည် အနီရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ခါးတွင်ရတနာဓားတစ်လက်ကို ချိတ်ဆွဲထားခဲ့သည်။ သူမမျက်နှာလေးက အရင်လို နူးညံ့သိမ်မွေ့နေဆဲသာ။ သူမအဝေးမှ ကုအန်ကိုကြည့်နေရင်း ငေးကြောင်နေခဲ့၏။
အရင်က သူမကာကွယ်ပေးခဲ့ရသောကောင်လေးသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေကာ သူ့အသွင်အပြင်မှာလည်း လုံး၀ ပြောင်းလဲသွားခဲ့သည်။
ယန်နီ့လိုပင် လီလင်းထျန်လည်း ပတ်ပတ်လည်လျှောက်ကြည့်ကာ တစ်ခုခုကိုရှာဖွေနေခဲ့၏။
၁၈နှစ်အရွယ်လီလင်းထျန်သည် ရွှေရောင်ကွပ် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ခေါင်းတွင် ရွှေနဂါးပုလဲသရဖူတစ်ခုကို ဆောင်းထားခဲ့ကာ သူ့ပုံစံက အတော်လေး ကျက်သရေရှိလှသည်။ အရိုးသားဆုံးဆိုရလျှင် သူသည် လီယထက်ပင် ပို၍ ချောမောခန့်ညားသေးသည်။
ထိုလူနှစ်ယောက်ရောက်ရှ်ိလာမှုက အခြားတပည့်များ၏အာရုံကို ဆွဲဆောင်သွားသော်လည်း ကုအန်ကိုယ်တိုင်ထွက်ကြိုသည်ကိုတွေ့သောအခါ ဘယ်သူမှ အနားကပ်မလာကြတော့ပေ။
“ယန်နီ မတွေ့တာကြာပြီနော်” ကုအန် သူတို့နားချဉ်းကပ်သွား၍ ပြုံးကာ ပြောလိုက်သည်။
ယန်နီ ကုအန်ကိုကြည့်ကာ ပြောလိုက်၏။
“နှစ်တွေကြာခဲ့ပြီကောင်လေး နင့်အရှိန်အဝါကလည်း အကြီးအကျယ်ပြောင်းလဲသွားပြီပဲ နင်နောက်ဆုံးတော့ ကျင့်ကြံသူတစ်ယောက်နဲ့ တူလာပြီ”
ကုအန်ပြုံးကာ ပြောလိုက်သည်။
“သိပ်တော့မဆိုးပါဘူး”
သူလီလင်းထျန်ကိုကြည့်ကာ တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်၏။
“မင်းက…”
လီလင်းထျန်ကုအန်ကိုကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။
“စီနီယာအစ်ကိုကု ကျွန်တော်ပါ လီလင်းထျန်လေ ကျွန်တော် အရင်ကချိန်းဆိုထားတာကို ဖြည့်ဆည်းဖို့လာခဲ့တာ”
ပြောပြီးသည့်နောက် သူ့အကြည့်က ဟိုဟိုဒီဒီကြည့်ကာ ယန်ကျင်းကို ရှာနေခဲ့သည်။
ကုအန် ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး ယန်နီနှင့် လီလင်းထျန်ကို ထိုင်ဖို့ပြောလိုက်သော်လည်း လီလင်းထျန်က အရင်ယှဉ်ပြိုင်ဖို့သာ စိတ်အားထက်သန်နေခဲ့၏။
ကုအန်လည်း ရွေးစရာမရှိတော့ဘဲ ယန်ကျင်းကို ခေါ်လိုက်ကာ သူတို့နှစ်ယောက် လက်ရည်စမ်းဖို့ တိတ်ဆိတ်သော နေရာလွတ်တစ်ခုဆီခေါ်သွားလိုက်လေသည်။
လီလင်းထျန်လည်း ကုအန်က ရှုံးနိမ့်ရင်မျက်နှာပျက်မှာကြောက်နေသည်ဟု ထင်ပြီး မငြင်းဆန်ခဲ့ပေ။
လမ်းတစ်လျှောက်လုံးတွင် လီလင်းထျန် ယန်ကျင်းကို စိတ်အားထက်သန်စွာ ကြည့်ရှုနေပြီး ယန်ကျင်းပင် နေရခက်လာခဲ့သည်။
၁၀နှစ်ကြာပြီးနောက် ယန်ကျင်းကျင့်ကြံခြင်းက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၈ သို့ရောက်နေပြီဖြစ်ပြီး သူ့အပေါ်ယံကျင့်ကြံခြင်းကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်၏။
ကုအန် ရှေ့မှဦးဆောင်သွားနေရင်း ယန်နီနှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေခဲ့သည်။
သူမ ကုအန်ကိုပြန်တွေ့သောအခါ ပြောစရာအများကြီးရှိနေခဲ့၏။
တကယ်တော့ သူမက လီလင်းထျန်နှင့် အတူတူလာခဲ့ခြင်းမဟုတ်ပေ။ လီရွှမ်တောက်က သူမကို အဓိပတိဂိုဏ်းဆီပို့ဖို့ စီစဉ်ထားသည်ကိုကြားသောအခါ လီလင်းထျန်က အတင်းလိုက်လာခဲ့ခြင်း ဖြစ်သည်။
“ဧကရီယန်မှာလည်း မျိုးရိုးနာမည် ယန် ရှ်ိတယ် ငါသိချင်မိတာက…” ကုအန် ရုတ်တရက်မေးလိုက်သည်။
ယန်နီသူ့ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။
“မမေးပါနဲ့ ငါတို့က ဧကရီယန်ရဲ့မိသားစုနဲ့ ယှဉ်လို့မရဘူး”
သူတို့နှစ်ယောက်သည် မျိုးရိုးနာမည်တစ်ခုတည်းရှိသော်လည်း ဆက်စပ်မနေသည်မှာ ရှင်းလင်းလှသည်။
လီယအမေ အမျိုးသမီးယန်ကလည်း တစ်ချိန်က လီရွှမ်တောက်အချစ်ဆုံးသူဖြစ်ခဲ့ဖူးသည်။ သူသည် သူမကို ကောင်းကင်စံအိမ်ဓားပင် ပေးထားခဲ့ဖူး၏။
အခုလည်း လီလင်းထျန်အမေက ယန် မျိုးရိုးနာမည်ရှိနေပြန်ပေပြီ။ ထိုအရာ ကကုအန်ကို အတွေးနက်သွားစေခဲ့သည်။
လီရွှမ်တောက်သည် ဧကရီယန်ကို သူ့နောက်ခံထက် သူမနောက်ဆုံးနာမည်စာလံုးကြောင့် ဆွဲဆောင်ခြင်းခံခဲ့ရခြင်း ပေလော။
“စကားမစပ် အဲ့ဒီကောင်လေးလီလင်းထျန်က ထိန်းချုပ်နိုင်စွမ်းမရှိဘူး တကယ်လို့ သူနင့်တပည့်ကိုထိခိုက်အောင်လုပ်မိရင် ဘွေမယူပါနဲ့ ငါလည်းသေချာဂရုစိုက်ကြည့်နေပြီး တစ်ခုခုဖြစ်တော့မယ်ဆိုရင် ကြား၀င်ပေးမယ်” ယန်နီ သတိပေးလိုက်သည်။
ကုအန်ပြုံးကာပြောလိုက်၏။
“အဆင်ပြေပါတယ် သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့်တွေပဲလေ လက်ရည်စမ်းရင်း ထိခိုက်တာကသာမန်ပါပဲ”
အကယ်၍ လီလင်းထျန်သေလုမျောပါး ရိုက်ခံလိုက်ရရင်တော့ သူလည်း ၀င်ပါရမည်သာ။
သူတို့နောက်တွင် လီလင်းထျန် ယန်ကျင်းကိုကြည့်နေရင်း နောက်ဆုံးတော့ စကားစပြောလိုက်၏။
“မင်းက ယန်ကျင်းလို့ခေါ်တယ်လား ဘာလို့အဲ့ဒီနာမည်လဲ”
ယန်ကျင်းပြန်ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါငယ်ငယ်တုန်းက နတ်ဘုရားတို့၏ရာထူးများနဲ့ အနောက်အရပ်သို့ခရီးသွားခြင်းကိုဖတ်ရတာ ကြိုက်လို့”
“တိုက်ဆိုင်လိုက်တာ ငါလည်းအဲ့တာကိုကြိုက်တယ် ဒါပေမယ့်ငါက စွန်းဝူခုံးကိုပိုကြိုက်တာ ဒါဆို ဒီနေ့ပြိုင်ပွဲက ယန်ကျင်းနဲ့ စွန်းဝူခုံးတိုက်ပွဲလား ဒါပေမယ့် မင်းကယန်ကျင်းအစစ်ဟုတ်ရဲ့လားဆိုတာတော့ ငါမသိဘူး” လီလင်းထျန် ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်သည်။
ယန်ကျင်းသူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ငါလည်း စွန်းဝူခုံးကိုကြိုက်ပါတယ် ငါက ယန်ကျင်းအစစ်လား မင်းကစွန်းဝူခုံးအတုလားဆိုတာတော့ မကြာခင်သိရတော့မှာပါ”