← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 20 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 20 Ch. 259-260

အပိုင်း(၂၅၉)

ကိန်းရှင်များ

ညဉ့်အချိန်ရောက်ရှိလာခဲ့ပြီး တတိယတောင်ကြားမှ မီးရှူးမီးပန်းများဖောက်နေကာ မြင်ကွင်းမှာ အတော်လေး လှပလှသည်။

အိမ်နေရာများတွင်လည်း စားပွဲဝိုင်းများဖြင့် ပြည့်နေပြီး တပည့် ၁၀၀၀ကျော်က သောက်စားနေခဲ့ကြသည်။

ကုအန် လက်ကိုးချောင်းနတ်အရှင်၏အကြည့်ကို လျစ်လျူရှုထားလိုက်ပြီး ယုယင်ယင်ဆီမှ လုလင်ကျွမ်းအကြောင်းစပ်စုနေခဲ့၏။

တကယ်တော့ သူ လုလင်ကျွမ်းကိုအမြဲလိုလို ကြည့်ရှုနေခဲ့ပြီးသား ဖြစ်သည်။ လုလင်ကျွမ်း၏ တက်လှမ်းခြင်းဂိုဏ်းသည် တည်ထောင်ပြီးဖြစ်ကာ ကျွန်းတစ်ကျွန်းကိုသိမ်းပိုက်ရန် အဓိပတိဂိုဏ်းမှအင်အားစုများနှင့်ပင် ပေါင်းစည်းထားခဲ့သည်။ လတ်တလောတွင်သူတို့သည် စိတ်ဝိညာဉ်မိုင်းတွင်းကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့ကြ၏။ အနှစ်ချုပ်ရလျှင် ကိစ္စအားလုံးမှာ အဆင်ပြေနေသည်ဟု ပြော၍ရပေသည်။

ယုယင်ယင်ကလည်း လုလင်ကျွမ်းနှင့် အမြဲအဆက်အသွယ်ရှိသူဖြစ်သည်။ အမတကျင့်ကြံခြင်းကမ္ဘာတွင် စာများကို မှော်ဂါထာများသုံးခြင်း ဓမ္မရတနာများသုံးခြင်းနှင့် အိမ်မွေးသားရဲများကိုသုံးခြင်းတို့ဖြင့် ပို့ဆောင်ကြ၏။ ယုယင်ယင်သည် ကြယ်ပင်လယ်အဖွဲ့အစည်းမှလာသူဖြစ်လေရာ သူမတွင် သမုဒ္ဒရာနှင့်အဆက်အသွယ်လုပ်ဖို့ နည်းလမ်းများစွာ ရှိပေသည်။

တခဏကြာစကားပြောပြီးသောအခါ ကုအန် ဆန်းကြယ်တောင်ကြားမှတပည့်များဆီ ထွက်ခွာသွားခဲ့၏။

ညဉ့်သန်းခေါင်မတိုင်ခင် တပည့်များအားလုံး အိမ်ပြန်သွားကြပြီး ကုအန်လည်း ထျန်းယောင်အာတို့နှင့် နွေဦးပွဲတောင်ဆင်နွှဲရန် နျန်းချူဂူသို့ ထွက်လာခဲ့သည်။

အခြားသူများနှင့် မတူသည်မှာ ထျန်းယောင်အာတို့တွင် မိသားစုမရှိကြပေ။ သူတို့သည် တစ်ဘ၀လုံးကုအန်နောက်သို့ လိုက်လာကြသူများဖြစ်လေရာ နွေဦးပွဲတော်တိုင်း သူ သူတို့ကို ဘယ်တော့မှ မေ့မထားခဲ့ပေ။

စားစရာများကိုစားသောက်နေစဉ် ကုအန် ထျန်းယောင်အာ၏ ကျင့်ကြံခြင်းအကြောင်း မေးမြန်းနေခဲ့၏။

ထျန်းယောင်အာ၏ ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၆ သို့ရောက်နေပြီ ဖြစ်သည်။ ထိုအလျင်က လုံး၀ နှေးမနေပေ။ သူမ၏ပင်ကိုပါရမီကကောင်းသည့်အပြင် ဆေးပင်များ ဆေးများ၏အကူအညီဖြင့် သူမ၏ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့၏။

သူမ၏ကျင့်ကြံခြင်းအဆင့်ထက် ကုအန်စိတ်၀င်စားသည်မှာ သူမ၏ မူလတာအ်ိုစွမ်းအင်နှင့် အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းသိုင်းတို့တွင် အောင်မြင်မှုကို ကုအန်ပို၍ စိတ်၀င်စားပေသည်။

ကျင့်ကြံခြင်းအဆင့်သည် သစ်ပင်တစ်ပင်၏ပင်စည်ဖြစ်သော်လည်း နတ်သိုင်းများကတော့ သစ်ပင်၏အကိုင်းခက်များနှင့် အရွက်များဖြစ်ကြပြီး နှစ်ခုလုံးက မရှိမဖြစ် အရေးပါပေသည်။

ထျန်းယောင်အာသူမ၏ ကျင့်ကြံခြင်းအောင်မြင်မှုများနှင့် ပတ်သက်ပြီး အတော်လေးဂုဏ်ယူနေပုံရပြီး မေးကိုမော့ကာ ဂုဏ်ယူနေခဲ့သည်။

ကုအန် သူမဘ၀င်မြင့်သွားမည်စိုးသောကြောင့် အန်းဟောင်နှင့် ယန်ကျင်းတို့၏ အောင်မြင်မှုများအကြောင်းပြောပြခဲ့ပြီး နာမည်ကိုတော့ ပြောမပြခဲ့ဘဲ သူ့တပည့်နှစ်ယောက်ဟူ၍သာ ပြောပြခဲ့၏။

သူပြောနေသည်ကိုနားထောင်ရင်း ထျန်းယောင်အာ ခေါင်းတဖြည်းဖြည်းပြန်နိမ့်လာခဲ့သည်။

ထျန်းချင်းနှင့်ထျန်းပိုင်တို့လည်း နားထောင်နေရင်း ပုံပြင်တစ်ပုဒ်ကိုနားထောင်သလိုဖြစ်လာကာ တစ်ခါတရံ အံ့အားသင့်သွားသည့်အသံများပင် ထွက်လာသောကြောင့် ထျန်းယောင်အာခံစားချက် ပိုဆိုးလာခဲ့ရသည်။

ကုအန်ပြောပြီးသောအခါ ထျန်းယောင်အာ နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“သူတို့က ဘာများကောင်းလို့လဲ ကျွန်မကအနှေးနဲ့အမြန်သူတို့ကို ကျော်တက်သွားမှာပဲ”

ကုအန်ရယ်မောကာ ပြောလိုက်၏။

“မင်းကိုလည်း ငါ့တပည့်လို့သတ်မှတ်လို့ရပါတယ် ဘာလို့ငါ့ကို မင်းဆရာအဖြစ်အသိအမှတ်မပြုတာလဲ”

“မရဘူး! လုံး၀မရဘူး!” ထျန်းယောင်အာ မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများပြူး၍ အံကိုကြိတ်ရင်းပြောလိုက်ကာ သူမပုံစံက သူမ၏ချစ်စရာကောင်းသောပုံစံနှင့်ကွဲပြားနေပြီး မိစ္ဆာပင်ဆန်နေခဲ့သည်။

ကုအန် အကူအညီမဲ့စွာ ပြောလိုက်၏။

“ဘာလို့အရမ်းဒေါသထွက်နေတာလဲ မရရင်လည်းမရဘူးပေါ့ ငါလည်းမင်းကိုဘာပဲဖြစ်ဖြစ် လက်ခံပေးဖို့ ဆန္ဒမရှိပါဘူး”

ထျန်းယောင်အာ ပြန်ထိုင်လိုက်ပြီး မျက်နှာလှည့်ထားလိုက်သည်။

ထိုစဉ် ထျန်းချင်းတခစ်ခစ်ရယ်မောလိုက်ကာ ပြောလိုက်၏။

“ကောင်မလေးက တပည့်တစ်ယောက်ဖြစ်ချင်တာမဟုတ်ဘူးလေ သူကသခင်မဖြစ်ချင်နေတာ!”

ထိုစကားကိုကြားသောအခါ ထျန်းယောင်အာ၏မျက်နှာနီရဲသွားခဲ့သည်။ သူမဒေါသတော့ထွက်မသွားဘဲ ထျန်းချင်းကို အင်္ကျီလက်အိုးအောက်မှ လက်မထောင်ပြလိုက်သည်ကို ကုအန် သတိထားမိလိုက်၏။

ထျန်းပိုင်လည်း စကားဝိုင်းထဲ၀င်လာခဲ့ပြီး ထျန်းယောင်အာကို စနောက်လိုက်လေသည်။ ထျန်းယောင်အာ ရှင်းပြဖို့ကြိုးစားနေသော်လည်း သူမရှင်းပြလေလေ အခြေအနေက ပိုဆိုးလာလေလေပင်။

ကုအန် သူမတို့၏ စင်ပေါ်တွင်သရုပ်ဆောင်နေပုံကိုကြည့်ကာ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

အနာဂတ်မှာ ငါသူတို့ကို သရုပ်ဆောင်စွမ်းရည်တိုးတက်လာအောင် ကူညီပေးရမယ့်ပုံပဲ သူတို့ဟာက သိသာလွန်းနေတယ် တာ၀န်တွေရှိရင် သူတို့ကိုပဲ ကိုင်တွယ်ခိုင်းလို့ မဖြစ်သေးဘူး!

ထိုညတွင် ထျန်းယောင်အာတို့ အတင်းပူဆာနေသောကြောင့် ကုအန် နျန်းချူဂူတွင်သာ တစ်ညလုံးနေဖို့ ဆုံးဖြတ်ခဲ့၏။

သစ်ပင်တစ်ပင်အောက်တွင် ကုအန်ပင်စည်ကိုမှီ၍ ထိုင်နေရင်း လက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ထားခဲ့သည်။

ထျန်းယောင်အာလည်း အနောက်အရပ်သို့ခရီးသွားခြင်းကို ဖတ်နေခဲ့သော်လည်း သူမစိတ်ကတော့ ကုအန်ဆီသာရောက်ရှိနေခဲ့၏။

သူမကုအန်မျက်နှာပေါ်ရှိ မျက်နှာဖုံးကိုချွတ်ကြည့်ချင်နေသော်လည်း ကုအန် စိတ်ဆိုးမှာကို ကြောက်နေခဲ့သည်။

သူမတို့ ဆက်ဆံရေးက အရမ်းနီးကပ်သော်လည်း အရာအားလုံးကိုဆုံးရှုံးသွားရမှာကို သူမကြောက်နေခဲ့၏။ သူမတို့ သရုပ်ဆောင်ချိန်ကပင် သူကုအန်၏လေသံကို သတိထားနေပြီး ကုအန်စိတ်မကျေမနပ်ဖြစ်သွားမှာကို ကြောက်နေခဲ့မိသည်။

“မင်းငါ့မျက်နှာဖုံးကို ချွတ်ချင်လို့လား”

ကုအန် ရုတ်တရက်မေးလိုက်၏။ ထျန်းယောင်အာချက်ချင်း ‌ငြင်းဆန်ရန်‌ပြင်လိုက်သော်လည်း ကုအန် လေသံကိုသတိထားမိပြီး ခေါင်းသာညိတ်ပြလိုက်သည်။

ထိုသည်ကိုမြင်သောအခါ ကုအန် သူ့မျက်နှာဖုံးကိုချွတ်ကာ ထျန်းယောင်အာ မျက်နှာပေါ်တပ်ပေးလိုက်၏။

ထျန်းယောင်အာ အမြန်သူမမျက်နှာပေါ်ရှိ မျက်နှာဖုံးကိုချွတ်လိုက်ပြီး သူမကိုကုအန်စနောက်နေသည်ဟုပဲထင်နေကာ သူမချွတ်လိုက်လျှင် ကုအန်မျက်နှာ၌ နောက်ထပ်မျက်နှာဖုံးတစ်ခုရောက်နေမည်ဟု ထင်နေခဲ့သည်။

သို့သော် ကုအန်၏ ချောမောခန့်ညားသောမျက်နှာကိုမြင်သောအခါ သူမ ငေးကြောင်သွားခဲ့သည်။

ကုအန်က အမြဲတမ်းမျက်နှာဖုံးတပ်ထားသောကြောင့် သူမအဆိုးဆုံးအခြေအနေထိစိတ်ကူးထားခဲ့ပြီး ကုအန်မျက်နှာသည် ရုပ်ဆိုးကာ ကြောက်စရာကောင်းနေမည်ဟုပင် ‌တွေးထားခဲ့၏။

အခုလို ကြည့်ကောင်းနေလိမ့်မည်ဟုတော့ သူမတွေးမထားခဲ့မိပေ။

ကုအန် မျက်နှာဖုံးကိုချွတ်ပြလိုက်သည့် အကြောင်းအရင်းမှာ နှစ်ပေါင်းများစွာ သူနှင့်သာ ဆက်ဆံလာပြီးသည့်နောက် ထျန်းယောင်အာသည် အပြင်လောကရှိ အကျိုးအကြောင်းတရားများနှင့် လုံး၀ ကင်းကွာနေပြီ ဖြစ်၏။ အကယ်၍ သူမ သူ့မျက်နှာကိုသိသွားလျှင်ပင် ကိစ္စရှိလာမည် မဟုတ်ပေ။

ဒါပေါ့ အရေးအကြီးဆုံးအကြောင်းပြချက်ကတော့ သူက လုံလောက်အောင်သန်မာနေပြီဖြစ်ခြင်းကြောင့် ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ပြိုင်ဘက်ကင်းဟု မပြောလိုသော်လည်း ဤကုန်းမြေတိုက်တွင်တော့ အကြောင်းအကျိုးများအားလုံးကို သူရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။

“မင်းငါ့မျက်နှာကိုအမြဲမြင်ချင်နေတယ်ဆိုတာ ငါသိပါတယ် ဒီညတော့ ငါမင်းကိုပျော်ခွင့်ပေးလိုက်မယ် အခုညကစပြီးတော့ မင်းပိုပြီးတော့ ကြိုးစားကျင့်ကြံရမယ်နော် အတွေးလွန်နေတာတွေရပ်လိုက်တော့ ငါမင်းကိုလက်ခံလိုက်ပြီးကတည်းက ဘယ်တော့မှစွန့်ပစ်တော့မှာမဟုတ်ဘူး မင်းကငါနဲ့အချိန်အကြာဆုံးအတူတူရှိနေရဖို့ ကံပါလာပြီးသားသူပဲလေ အရှည်ကိုကြည့်ပါ တစ်နေ့မှာငါက မင်းကိုခေါ်ပြီး ကမ္ဘာကြီးကိုကြည့်ရှုခိုင်းမယ် အနောက်အရပ်သို့ခရီးသွားခြင်းထဲက စွန်းဝူခုံးကိုတောင်ဒုက္ခပေးနိုင်တဲ့ အရှင်လောင်ဇီလက်အောက်က အစိမ်းရောင်နွားရိုင်းဝိညာဉ်လိုပေါ့ အနာဂတ်မှာ မင်းတစ်ယောက်တည်းလည်း ရပ်တည်နိုင်ဖို့ ငါမျှော်လင့်ပါတယ် မင်းရဲ့ခွန်အားက ငါ့ရဲ့ဂုဏ်သိက္ခာပါပဲ”

ကုအန် လေးလေးနက်နက်ပြောလိုက်၏။ ထိုစကားများက သူ့နှလုံးသားထဲမှလာခြင်းဖြစ်သည်။

အန်းဟောင်ဖြစ်စေ ယန်ကျင်းဖြစ်စေ သူတို့က တစ်နေ့တွင် သူ့ကိုဖြည်းဖြည်းချင်းစွန့်ခွာသွားကြမည်ဖြစ်သည်။

ရီလန့်တွင်‌လည်း သူမ၏ကိုယ်ပိုင်ကျင့်ကြံရေးခရီးလမ်းရှ်ိ၏။ ထျန်းယောင်အာကတော့ သက်တမ်းအကန့်အသတ် ၁၈၀၀၀ နှင့်သူ့ကိုအချိန်အကြာဆုံး အဖော်ပြုပေးနိုင်မည့်လူဖြစ်သည်။

ထိုစကားကြောင့်ထျန်းယောင်အာအတော်လေး ခံစားသွားခဲ့ရပြီး ခေါင်းကိုတွင်တွင်ညိတ်ကာ ပြောလိုက်၏။

“သခင်စိတ်မပူပါနဲ့ ကျွန်မသခင့်ကိုစိတ်မပျက်စေရပါဘူး ကျွန်မ ထျန်းချင်းနဲ့ထျန်းပိုင်တို့ကိုလည်း ကောင်းကောင်းလေ့ကျင့်ပေးမယ် ကျွန်မက သခင့်ရဲ့ဂုဏ်သိက္ခာဆို သူတို့က ကျွန်မဂုဏ်သိက္ခာပေါ့ သူတို့က ဒီကမ္ဘာပေါ်မှာကျွမ်းကျင်သူတွေဖြစ်လာကြရင် သခင့်အတွက်လည်း ပိုဂုဏ်ရှိစေတာပေါ့”

ကုအန်ရယ်မောကာပြောလိုက်သည်။

“ကြည်ညိုဖွယ်အဓိပတိအမတထဲကလိုလား အနာဂတ်မှာသူတို့က အခြားသူတွေကိုအပြစ်ပြုမိရင် မင်းက၀င်ပါရမယ် မင်းက၀င်ပါရရင်ငါလည်း၀င်ပါရပြီပေါ့”

ထျန်းယောင်အာလည်းတခစ်ခစ်ရယ်လိုက်ကာပြောလိုက်၏။

“ဟုတ်တာပေါ့ အသေးလေးတွေကိုအရင်ဆုံးရိုက်ရမယ် ပြီးမှကြီးတာတွေကိုရိုက်ရမှာ သခင်က ပိုကြီးတဲ့တစ်ယောက်”

“အဓိပ္ပာယ်မရှိတာ မင်းသခင်က အမြဲငယ်ရွယ်နုပျိုနေမှာကွ”

“သခင်က နုပျိုပုံတော့ပေါက်ပါတယ်”

ထို့နောက် သူတို့နှစ်ယောက်အနာဂတ်အကြောင်း စတင်ပြောဆိုခဲ့ကြသည်။

…..

နောက်တစ်နေ့မနက်တွင် ကုအန် တတိယတောင်ကြားသို့ ရောက်ရှ်ိလာခဲ့၏။

သူတည်နေရာကူးပြောင်းခြင်းအစီအရင်မှထွက်လာသည်နှင့် လက်ကိုးချောင်းနတ်အရှင်နှင့်တွေ့ကာ သူ့ကိုဆွဲခေါ်သွားဖို့ကြိုးစားလိုက်ပြီး ကုအန်လည်း အမြန်ရုန်းလိုက်ရသည်။ ထို့နောက် ‌သူမေးလိုက်၏။

“စီနီယာ ဘာလုပ်ချင်လို့လဲ”

လက်ကိုးချောင်းနတ်အရှင်သူ့လက်များကိုရုတ်လိုက်ကာ ချောင်းဟန့်၍ ပြောလိုက်သည်။

“ငါမင်းနဲ့ကစားပွဲတစ်ပွဲလောက် ဆော့ချင်လို့ပါ မဟုတ်ဘူး သုံးပွဲအနိုင်ကွာ”

သူနည်းနည်းကြမ်းတမ်းမိသွားသော်လည်း ကုအန်တုန့်ပြန်မှုက အကဲပိုသည်ဟု သူခံစားလိုက်ရ၏။

အကယ်၍သူသာ တကယ်အန္တရာယ်ပြုလိုလျှင် ကုအန်က အဘယ်သို့‌လွတ်မြောက်နိုင်မည်နည်း။

သူမသိသည်မှာ ကုအန်က မတော်တဆသူ့ကို သတ်လိုက်မိမှာကို စိုးရိမ်နေကြောင်းပင်။

မူလတာအိုစွမ်းအင်ကိုရင်ဆိုင်ရာတွင် ဂူကုဟုန်ဖြစ်ဖြစ် လက်ကိုးချောင်းနတ်အရှင်ဖြစ်ဖြစ် ခြားနားချက်မရှိခဲ့ပေ။

“ကောင်းပြီလေ ကစားကြတာပေါ့!”

ကုအန် ရုပ်တည်ဖြင့်ပြောလိုက်သည်။ လက်ကိုးချောင်းနတ်အရှင်လည်း စိတ်မရှိခဲ့ဘဲ ဦးဆောင်၍ ထွက်သွားခဲ့၏။

ဒီနေ့ ကျုပ်ခင်ဗျားကို လုံး၀အနိုင်ယူပစ်မယ်!

ကုအန် တစ်ယောက်တည်းတွေးနေလိုက်သည်။

အ‌မွှေးတိုင်တစ်၀က်ထွန်းစွာအချိန်ကြာသောအခါ

ကုအန် ထရပ်ကာ ‌အကြောဆန့်လိုက်၏။ အခြားတပည့်များကတော့ လက်ကိုးချောင်းနတ်အရှင်၏မျက်နှာ သုန်မှုန်နေသည်ကို သတိထားမိပြီး သစ်ပင်အောက်မှ ထွက်သွားခဲ့ကြသည်။

လက်ကိုးချောင်းနတ်အရှင်ကျားခုံကိုကြည့်နေရင်း သူ့အကြည့်များ ဗလာကျင်းနေခဲ့သည်။

ဤအရှိတရားကို သူလက်မခံနိုင်ခဲ့ပေ။

အဝေးမှလီလင်းထျန် ယန်ကျင်းဘေးတွင်နေရင်း စိတ်၀င်တစာ‌ေးမးလိုက်၏။

“အဲ့ဒီတာအိုပညာရှင်က ဘယ်သူလဲ သူကသာမန်မဟုတ်ပုံပဲ”

ယန်ကျင်း‌ပြန်ဖြေလိုက်သည်။

“သူကအဓိပတိဂိုဏ်းက အကြီးအကဲလေ သူ့နောက်ခံက သေးလားကြီးလား မင်းဘယ်လိုထင်လို့လဲ”

ပြောပြီးသည့်နောက် သူလှည့်ထွက်သွားပြီး တံမြက်စည်းဆက်လှဲနေခဲ့၏။

လီလင်းထျန်ကတော့ အဓိပတိဂိုဏ်းက အကြီးအကဲတစ်ယောက်က စွမ်းအားကြီးသင့်တယ်မလားဟု စဉ်းစားနေခဲ့သည်။

ထိုသို့သောသူမျိုးနှင့် သူလက်ရည်စမ်းဖို့အခွင့်အရေးရှာသင့်ပေသည်။

လီလင်းထျန် သူ့ယုံကြည်မှုကို ပြန်လည်‌တည်ဆောက်ရန် အရေးတကြီးလိုအပ်နေခဲ့သည်။ တောင်ကြားရှ်ိ အခြားတပည့်များ၏ကျင့်ကြံခြင်းကလည်း အားနည်းလွန်းလှသည်။ ကုအန်ကိုစိန်ခေါ်ဖို့ကလည်း သူယန်ကျင်းကို မကျော်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ့အာရုံက လက်ကိုးချောင်းနတ်အရှင်ဆီရောက်ရှိသွားခဲ့၏။

ဤအဖိုးကြီးသည် သေမျိုးများနှင့်ပင် ကျားကစားလေရာ သူနှင့်လည်း လက်ရည်စမ်းလောက်ပေသည်။

ဟမ်း ငါသူ့ကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်အထိ ကျင့်ကြံခြင်းကိူဖိနှိပ်ထားဖို့ ပြောရမယ်!

သူအဆင့်ကျော်၍ပင် တိုက်ခိုက်ချင်နေခဲ့၏။

ယန်ကျင်းကိူရှုံးနိမ့်၍ ဒေါသထွက်ခဲ့သော်လည်း သူ့ကိုယ်သူ ပါရမီနည်းသည်လို့တော့ သူမထင်သေးပေ။

သူပြိုင်ဘက်ရွေးမှားသွားခြင်းသာ ဖြစ်သည်။

သူနှစ်ကြိမ်မြောက် အရွေးမှားလိမ့်မည်လို့တော့ သူမယုံပေ။

အကယ်၍ထိုလူသည် စီနီယာကုကိုပင် တရုတ်ကျားကစားနည်း၌ မနိုင်လျှင် တိုက်ခိုက်ရေး၌လည်း ကောင်းမည့်ပုံတော့ မပေါ်ပေ။

တွေးနေရင်း လီလင်းထျန်မျက်နှာပေါ် ရူးသွပ်နေသော အပြုံးတစ်ခုပေါ်လာခဲ့၏။

သစ်ပင်အောက်တွင် လက်ကိုးချောင်းနတ်အရှင် ကုအန်ကိုမော့ကြည့်ကာ အသံနက်နက်ဖြင့် မေးလိုက်သည်။

“မဖြစ်နိုင်တာ ငါမင်းကိုလံုး၀ မရှုံးသင့်ဘူး မင်းကတကယ်ပဲဘယ်သူလဲ”

သူသည် မြေလျှောက်အမတတစ်ပါးဖြစ်‌၏။ အဘယ်ကြောင့် ထိုကဲ့သို့ ဆော့တိုင်းရှုံးနေရသနည်း။

ကုအန်လည်း ပြုံးကာပြောလိုက်သည်။

“ကျွန်တော်က အမတတစ်ပါးလေ စီနီယာဘာပြောချင်လဲ”

“အမတတစ်ပါးလား”

“အတိအကျပဲ ကျွန်တော့်ကို စစ်တုရင်အမတလို့ခေါ်လို့ရတယ်”

ပြောပြီးသည်နှင့် ကုအန် လှည့်ပြေးလေတော့သည်။

သူ့နောက်ကျောကိုကြည့်နေရင်း လက်ကိုးချောင်းနတ်အရှင် ပြုံးလိုက်မိ၏။

ဘယ်လိုပဲကြည့်ကြည့် ကုအန်က ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်နှင့် ဘယ်လိုမှတူမနေပေ။ သူ့ကျင့်ကြံခြင်းက မြေလျှောက်အမတသာ ဖြစ်သော်လည်း သူ့အမြင်ကတော့ ထိုအဆင့်ကို ကျော်လွန်ပေသည်။

သူမနေနိုင်ဘဲ ကျားခုံကို ပြန်ကြည့်လိုက်မိ၏။

သူသည် ဤတရုတ်ကျားကစားနည်းကို အမှန်တကယ် နားမလည်ခြင်းဖြစ်နိုင်ပါသလော။

မရေတွက်နိုင်သော ဖြစ်နိုင်ချေများကို တွက်ချက်ထားတာတောင် သူအဘယ်ကြောင့် ရှုံးနိမ့်သွားရသနည်း။

တရုတ်ကျားကစားနည်းသည် ကိန်းရှင်များကို တွက်ချက်ရသော ကစားနည်းသာ ဖြစ်ပေသည်။

လက်ကိုးချောင်းနတ်အရှင် မျက်မှောင်ကြုံ့ကာ အတွေးနွံနစ်သွားခဲ့၏။

….

နွေဦးကုန်ဆုံးကာ နွေရာသီသို့ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီး၏ အပူရှိန်က ထိုးတက်လာခဲ့သည်။

ထိုနေ့တွင် ကုအန် ယန်ကျင်းနှင့် လီလင်းထျန်တို့ကိုခေါ်ကာ ထျန်းယတောင်ကြားသို့ သွားခဲ့သည်။ သူသွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းပြီး ဖြည်းဖြည်းချင်းရှေ့ဆက်နေခဲ့၏။

လီလင်းထျန်ကတော့ သူ့နောက်မှလိုက်ရင်း မကျေမနပ်ဖြစ်နေခဲ့သည်။

သူတို့သည် ပျံသန်းနိုင်တာသေချာသော်လည်း လမ်းလျှောက်၍သာ သွားနေခဲ့၏။ စီနီယာကုသည် သူ့ကို တမင်တကာအပြစ်ပေးနေခြင်းပေလော။

သို့သော် ယန်ကျင်းကခပ်အေးအေးသာဖြစ်နေသည်ကို တွေ့သောအခါ သူလည်း သည်းခံထားလိုက်ရသည်။ ဤအပိုင်း၌လည်း သူယန်ကျင်းကို မရှုံးနိမ့်နိုင်ပေ။

ဂျိန်းးး ဂျလိန်းး

အဝေးမှ မိုးခြိမ်းသံများထွက်ပေါ်လာခဲ့ပြီး လီလင်းထျန်လှည့်ကြည့်လိုက်ရာ ကောင်းကင်ပေါ် မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာသည်ကို တွေ့လိုက်ရ၏။

ယန်ကျင်းလည်း တစ်ခုခုကိုအာရုံခံလိုက်မိပြီး လှည့်ကြည့်လိုက်ကာ သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

လီလင်းထျန်ရှေ့ကို လျှောက်လာပြီး ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

ယန်ကျင်းသူ့ကိုလျစ်လျူရှုထားလိုက်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်နောက်မှသာ လိုက်သွားခဲ့သည်။

လီလင်းထျန်း နာကျင်သွားခဲ့ရ၏။ ယန်ကျင်း မလှုပ်မယှက်ပုံစံက သူ့ကိုအမြဲဒေါသထွက်စေခဲ့သည်။ ယန်ကျင်းမျက်လုံးထဲ၌ သူသည် စကားပြောရန်မတန်သည့်လူမှန်း သူသိ၏။

ဟုတ်ပေသည်။ သူယန်ကျင်းနေရာ၌ဆိုလျှင်လည်း သူ့ထက်သိသိသာသာအားနည်းသောသူကို စကားပြောမည် မဟုတ်ပေ။

ယန်ကျင်း ကုအန်ဆီတက်သွားလိုက်ပြီး မေးလိုက်သည်။

“ဆရာ ကျွန်တော်မလွယ်ကူတဲ့ခံစားချက်ရနေတယ် ကိစ္စကြီးတစ်ခုခုဖြစ်တော့မလိုပဲ”

ကုအန်ပြန်ပြောလိုက်၏။

“ကပ်ဘေးကြီးတစ်ခု အစပျိုးနေတာဖြစ်နိုင်တယ်”

ယန်ကျင်း စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။

“ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက လက်မလျှော့သေးတာ ဖြစ်နိုင်လောက်လား”

ကုအန်မဖြေဘဲ ညွှန်ကြားလိုက်၏။

“သေချာအာရုံခံကြည့် မင်းဘာကိုခံစားနိုင်လဲ ဆရာသိချင်တယ်”

အပိုင်း(၂၆၀)

အမတဘုရင်၏သွေးအဆီအနှစ်

သူ့ဆရာ၏ ညွှန်ကြားချက်ကိုကြားသောအခါ ယန်ကျင်း စိတ်အေးအေးထားလိုက်ပြီး ပတ်၀န်းကျင်ကို ဂရုစိုက်၍ အာရုံခံလိုက်၏။ သူ့ခြေလှမ်းများကတော့ ရပ်တန့်မသွားဘဲ သွေးအကျဉ်းထောင်မဟာသူတော်စင်နောက်မှ လိုက်နေဆဲပင်။

လီလင်းထျန်လည်းသူ့နောက်မှလိုက်လာရင်း ကြိတ်၍ စိတ်၀င်စားနေခဲ့သည်။ သူမကြာခဏဆိုသလို မိုးကြိုးတိမ်တိုက်များကို လှည့်ကြည့်နေသော်လည်း ဘာမှမခံစားမိသောကြောင့် သူစိတ်တိုလာခဲ့သည်။

သူသည် ယန်ကျင်းလောက် အမြင်မရှ်ိတာဖြစ်နိုင်ပါသလော။

မိုးကြိုးတိမ်တိုက်များ ကောင်းကင်တွင်ဖြတ်ပြေးနေသည့်အလျင်က အလွန်မြန်လှသည်။ ကုအန်တို့ ထျန်းယတောင်ကြားကိုမရောက်ခင်မှာပင် မိုးကြိုးတိမ်တိုက်များက သူတို့ခေါင်းပေါ်မှ ကျော်သွားပြီး မိုးများ သည်းကြီးမည်းကြီးရွာချတော့မည်ဟန်ပေါ်လာခဲ့၏။

ယန်ကျင်းမော့ကြည့်ကာ ကုအန်ကိုပြောလိုက်သည်။

“ဆရာ ကျွန်ဝောာ်အပျက်အစီးတွေကိုအာရုံခံမိတယ် ကောင်းကင်နဲ့မြေပြင်အောက်ကအရာအားလုံး သုတ်သင်ခံရလိမ့်မယ်”

ထိုစကားလုံးများက လီလင်းထျန်အမူအရာကိုထူးဆန်း‌သွားစေခဲ့သည်။

ထိုအရာသည် အမှန်တကယ် နက်နဲနေခြင်းပေလော။

သူရုတ်တရက် ကုအန်က လျို့ဝှက်နက်နဲကာ ခန့်မှန်းမရသူဟု ခံစားလိုက်ရသည်။ ကုအန်တွင် ကြီးမားသောလျှို့ဝှက်ချက်ကြီးများ ရှိနေနိုင်ပါသလော။

ဧကရာဇ်နှင့် အိမ်ရှေ့စံက တစ်ခုခုကိုသိထား၍ ကုအန်ကို သဘောကျနေခြင်းရော ဖြစ်နိုင်ပါသလော ။

လီလင်းထျန်း တွေးဆနေခဲ့သည်။

ကုအန်ဘာမှပြန်မပြောဘဲ နွားသိုး၏ကျောကိုပုတ်လိုက်ကာ အရှိန်တင်ဖို့ အချက်ပပြလိုက်၏။

“ထျန်းယတောင်ကြားကို ဘယ်သူအရင်ရောက်မလဲ ကြည့်ရအောင်”

ကုအန် စကားဆုံးသည်နှင့် နွားသိုးအရှိန်တင်လိုက်ကာ ‌သူ့နောက်တွင် လေစီးကြောင်းကြီးပင်ဖြစ်ပေါ်သွားခဲ့ပြီး ထည်ဝါစွာ ပြေးလေတော့သည်။

ယန်ကျင်းနှင့် လီလင်းထျန်တို့လည်း သူ့ကိုမှီအောင် အမြန်ပြေးလိုက်လာခဲ့ကြ၏။

ပြိုင်ဆိုင်ရမည်ဟု ဆိုသောကြောင့် လီလင်းထျန်စိတ်လှုပ်ရှားသွားသော်လည်း သေချာကြည့်သောအခါ သူကအနှေးဆုံး ဖြစ်နေခဲ့ရသည်။

ယန်ကျင်းကို ထားလိုက်ပါဦး ဒီနွားသိုးက ကျောပေါ်မှာလူတစ်ယောက်ရှိနေတာကို ဘာလို့အဲ့လောက်မြန်နေတာလဲဟ!

…..

ထျန်းယတောင်ကြားသို့ရောက်သောအခါ ကုအန် နွားသိုးပေါ်မှဆင်းလိုက်ပြီး ယန်ကျင်းကို တောင်ကြားရှိ အိမ်လေးများစီ သွားရန်ညွှန်ကြားလိုက်၏။

လီလင်းထျန် ယန်ကျင်းနောက်မှလိုက်မသွားဘဲ သူ့အကြည့်က သွေးအကျဉ်းထောင်မဟာသူတော်စင်ဆီသို့ရောက်နေကာ သွေးနီရောင်ပင်တောက်နေခဲ့သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်ခေါင်းမော့ကာ သူ့ကိုအထင်‌ေသးဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ့ဒေါသထွက်သွားစေမည့်စကားတစ်ခွန်း နွားသိုးပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

“အမှိုက်!”

လီလင်းထျန်ထွက်သွားသော နွားသိုးကျောကိုကြည့်ကာ ပြန်ဆဲချင်သော်လည်း စကားလုံးများက သူ့လည်ချောင်းတွင်သာ တစ်နေခဲ့၏။

သူသူ့ဘ၀ကို စတင်သံသယရှိလာခဲ့သည်။

သူသည် အမှန်တကယ်ပင် အမှိုက်တစ်စပေလော။

သူသည် နန်းတော်နှင့် တောင်ကြားရှိ လူပေါင်းများစွာထက် ပိူသန်မာတာသေချာသော်လည်း ဤကမ္ဘာကြီးနှင့်ယှဉ်ပါက နန်းတော်က ဘာဟုတ်သေးသနည်း။

သူကုအန်စကားကို သတိရသွားခဲ့သည်။

“အပြင်မှာ မင်းထက်သန်မာတဲ့လူတစ်ယောက်အမြဲတန်းရှိတယ်!”

ထိုစကားကိုတွေးလေလေ လီလင်းထျန်ပိုနားလည်လာလေလေဖြစ်ပြီး ထိုနေရာတွင်သာ ကြောင်အ၍ ရပ်နေခဲ့မိသည်။

ဤတစ်ကြိမ်တွင် ကုအန် ယန်ကျင်းကိုခေါ်လာခဲ့ခြင်းမှာ လီရွှမ်တောက်ကသူ့ကိုတွေ့ချင်ခြင်းကြောင့် ဖြစ်၏။

လီရွှမ်တောက် တစ်ခုခုမကောင်းကြံမှာကိုတော့ သူမကြောက်ပေ။ လီရွှမ်တောက်နှင့် နှစ်ပေါင်းများစွာသိလာပြီးသည့်နောက် သူလီရွှမ်တောက်၏စရိုက်ကို လေးစားပေသည်။

လီရွှမ်တောက် ယန်ကိင်းကိုတွေ့သောအခါ သူ့ပါရမီကြောင့်အံ့အားသင့်သွားပြီး ပိုမိုနှစ်သက်လာခဲ့မိ၏။

သူအလွန်စိတ်အားထက်သန်နေပြီး မေးခွန်းများဆက်တိုက်မေးနေခဲ့ကာ သူ့ယန်ကျင်းကိုဆက်ဆံပုံက အရင်ကကုအန်ကိုဆက်ဆံပုံထက်ပင် သာလွန်နေမှန်း ကုအန်တွေ့လိုက်ရသည်။

လီလင်းထျန် ခြံ၀န်းထဲ၀င်လာပြီး ဤမြင်ကွင်းကိုမြင်လိုက်သောအခါ သူ့ခံစားချက်ပိုဆိုးသွားခဲ့ရ၏။

တစ်နာရီခန့်စကားပြောပြီးသောအခါ လီရွှမ်တောက် ယန်ကျင်းကိုလက်ဆောင်ပေးဖို့ဆုံးဖြတ်လိုက်ပြီး ဘာလိုချင်လဲ မေးလိုက်သည်။

ယန်ကျင်းက ကုအန်ကိုပြန်ကြည့်လိုက်ရာ ထိုအပြုအမူကြောင့် လီရွှမ်တောက်စိတ်၀င်စားသွားခဲ့၏။

ယန်ကျင်းသူ့ကိုထိုမျှလေးစားနေစေရန် ကုအန် ဘာလုပ်ခဲ့ပါသနည်း။

ကုအန်နောက်တွင် ပိုသန်မာသည့်တစ်ယောက်ယောက်ရှိနေပြီး ကုအန်က ကြားခံတစ်ခုဟုသာ သူအမြဲယုံကြည်ထားခြင်း ဖြစ်သည်။

ကုအန် သူ့အစွမ်းကိုဖုံးကွယ်ထားသည်ဟု သူသံသယရှိမိပါသော်လည်း ထိုကလေးကို ၁၅နှစ်သားကတည်းက သူသိလာသည်ဖြစ်လေရာ ဟန်ဆောင်ထားစရာတော့ မရှိလှပေ။

လီရွှမ်တောက် သရုပ်မှန်ကိုသိသောကြောင့် ယန်ကျင်းပြောလိုက်သည်။

“ကျွန်တော်ကိုင်ဆောင်နိုင်မယ့် လက်နက်တစ်ခုလိုချင်ပါတယ် လေးပေမယ့် အရမ်းမကြီးတာမျိုးပေါ့”

လီရွှမ်တောက်ရယ်‌ေမာလိုက်သည်။

“မင်းတကယ်ပြောနေတာလား ယန်ကျင်း”

ယန်ကျင်း ပထမဆုံးအကြိမ် ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

လီရွှမ်တောက်ချက်ချင်းသဘောတူလိုက်ပြီး သူလိုချင်တဲ့လက်နက်ကို ၃နှစ်အတွင်း ရစေရမည်ဟု ကတိပေးလိုက်လေသည်။

နောက်ဆုံးထိ လီရွှမ်တောက် ယန်ကျင်းကိုသူ့အောက်တွင် ခန့်အပ်ရန် စကားတစ်ခွန်းမှမဆိုခဲ့ပေ။

အစက ယန်ကျင်းကို စစ်တပ်တွင်ခန့်အပ်ချင်နေသည်ဟု ထင်ခဲ့မိသောကုအန်လည်း သူအတွေးလွန်နေကြောင်း သိလိုက်ရသည်။

ကုအန် ထွက်သွားရန်ပြင်လိုက်သောအခါ လီရွှမ်တောက် လီလင်းထျန်အား သူ့နောက်ဆက်လိုက်ဖို့ ညွှန်ကြားလိုက်၏။

ကုအန်လည်း မငြင်းခဲ့ပေ။ တတိယတောင်ကြားတွင် လူပေါင်းများစွာရှိလေရာ တစ်ယောက်လောက်တိုးလာ၍ ဘာမှဖြစ်သွားမည် မဟုတ်ပေ။ ထို့အပြင် လီရွှမ်တောက်ကလည်း သူ့အား လီလင်းထျန်ကို အထူးတလည် ဘာမှသင်ကြားပေးဖို့ မျှော်လင့်ထားပုံ မရပေ။

…….

ကြိုးကြာငှက်များကကောင်းကင်တွင် အတန်းလိုက်ပျံသန်းနေကြပြီး ပင်လယ်လေနုအေးများက အမတရှာဖွေကျွန်းကို ဖြတ်သန်း တိုက်ခတ်နေခဲ့သည်။

ကုအန် ယန်ကျင်းနှင့်အတူလမ်းပေါ်တွင်ရှိနေပြီး ဟူရှောင်ကျင်းက ကုအန်ဘေးမှ လမ်းပြပေးနေခဲ့သည်။

ယနေ့တွင် ကုအန် ပထမဆုံးအကြိမ်အနေနှင့် ယန်ကျင်းကို အမတရှာဖွေကျွန်းသို့ခေါ်လာခဲ့ခြင်းဖြစ်ပြီး ယန်ကျင်းလည်း မြင်မြင်သမျှကို အံ့အားတကြီး ကြည့်ရှုနေခဲ့မိသည်။

ဤကျွန်းသည် အဓိပတိဂိုဏ်းနှင့် မည်မျှဝေးမလဲဟု သူသိချင်နေခဲ့၏။

ကုအန် ဟူရှောင်ကျင်းအား ယန်ကျင်းကို အမတရှာဖွေကျွန်းအကြောင်းရှင်းပြခိုင်းလိုက်ပြီး ဟူ‌ရှောင်ကျင်းလည်း စိတ်အားထက်သန်စွာ ရှင်းပြလိုက်ရာ ယန်ကျင်း သူ့အပေါ်အမြင်ကောင်းရှိသွားခဲ့သည်။

ယန်ကျင်း အမတရှာဖွေကျွန်းအကြောင်းပိုသိလာလေလေ ပိုပြီး အံ့အားသင့်‌လာလေလေပင်။

အဓိပတိဂိုဏ်းနှင့်ယှဉ်ပါက အမတရှာဖွေကျွန်းက တကယ့်အမတများ၏နေရာနှင့်တူပြီး အမတများက ဥဒဟိုဝင်ထွက်သွားလာနေခဲ့ကြသည်။

ဟူရှောင်ကျင်း ကျွန်းအကြောင်းမိတ်ဆက်ပေးနေရင်း ကုအန်ကိုလည်း အဆင့်မြင့်ဆေးပင်များ၀ယ်ရန် လမ်းညွှန်ပေးနေခဲ့သည်။

၂နာရီခန့်ကြာသောအခါ ကုအန်သူတို့ကို သူတော်စင်ထန်ဟိုင်၏စံအိမ်သို့ ခေါ်လာခဲ့၏။

ဤနှစ်များအတွင်း ဟူရှောင်ကျင်းက ကုအန်၏လူဖြစ်လာခဲ့သည်။ ထို့ကြောင့် ကုအန်မရှိလျှင်တောင် သူတော်စင်ထန်ဟိုင်က သူ့ကိုကောင်းကောင်းဆက်ဆံသောကြောင့် ဟူရှောင်ကျင်း စံအိမ်ကိုကောင်းကောင်းမှတ်မိနေခဲ့သည်။

ယနေ့တွင် အမတလမ်းစဉ်အဆင့်ကျင့်ကြံသူများစွာ စံအိမ်ထဲရှိနေပြီး အချုပ်အနှောင်မဲ့အမတ ၁၀ ပါးကျော်နှင့် နိဗာနအဆင့် ၄၀ကျော်ရှ်ိနေခဲ့၏။

ထိုကျင့်ကြံသူများအားလုံးသည် သူတော်စင်ထန်ဟိုင်၏ မိတ်ဆွေများ ဖြစ်ကြပြီး ကုအန်နှင့်လည်း ရင်းနှီးပေသည်။ ကုအန်သည် အချုပ်အနှောင်မဲ့အမတတစ်ပါးဖြစ်ရုံသာမက သူ့ကြွယ်၀မှုကြောင့်လည်း နာမည်ကျော်သူဖြစ်သည်။ ဆေးပင်များအကြောင်းပြောလျှင် မုန့်လန်ဟူသော နာမည်က မပါမဖြစ်ပင်။ လူတိုင်းက သူ့နောက်တွင် အင်အားစုကြီးတစ်ခုရှိသည်ဟု ထင်နေကြပြီး အင်အားစုတစ်ခုမရှ်ိလျှင်လည်း ဘယ်သူက ထိုမျှများပြားသော ဆေးပင်များ လိုအပ်နေမည်နည်း။

ကြီးမြတ်သည့်ကျင့်ကြံသူများသည် ကုအန်၏တပည့်ကိုလည်း ၀မ်းပန်းတသာပင် နှုတ်ဆက်ကြပြီး တွေ့ဆုံခြင်းလက်ဆောင်များ ပေးခဲ့ကြ၏။

ကုအန်လည်း ယန်ကျင်းကို ထိုလက်ဆောင်များအားလုံး လက်ခံခိုင်းလိုက်သည်။ သူလည်း ထိုက‌ျင့်ကြံသူများ၏တပည့်များပါလာပါက လက်ဆောင်များ ပေးတတ်ပြီး ဤသည်က လောက၀တ်တစ်ခုသာ ဖြစ်၏။

မကြာခင်တွင် သူတို့သုံးယောက် သူတို့၏ကိုယ်ပိုင်စားပွဲများတွင် ထိုင်လိုက်ကြသည်။

ဟူရှောင်ကျင်းခပ်တိုးတိုးပြောလိုက်၏။

“ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးက ကပ်ဘေးတစ်ခုကိုယူဆောင်လာပြီ ပြောကြတာတော့ မကောင်းဆိုးဝါးမိစ္ဆာကြီးတစ်ကောင် အဲ့အောက်မှာပုန်းနေတယ်တဲ့ မရေတွက်နိုင်တဲ့ကျင့်ကြံသူတွေ သမုဒ္ဒရာအောက်ခြေမှာ ပျောက်ဆုံးသွားခဲ့ကြတယ် သူ့သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူး”

ကုအန်မေးလိုက်သည်။

“ဂိုဏ်းကြီးတွေက ဘာမှမလုပ်ကြဘူးလား”

ထိုအက်ကွဲကြောင်းတွင် မိစ္ဆာကျင့်ကြံသူများနှင့် ကျင့်ကြံသူများ ထိပ်တိုက်တွေ့နေသည့်မြင်ကွင်းကို ကုအန်မြင်ထားပြီး ဖြစ်သည်။

သမုဒ္ဒရာက ကမ္ဘာကြီးကိုဖုံးလွှမ်းကာ အမတခေတ်တစ်ခေတ်ကို အောက်ခြေတွင် နှစ်မြုပ်ပစ်တတ်သောကြောင့် ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးဟု လူသိများသော ပင်လယ်ချိုးဖျက်အက်ကြောင်းကြီးကို လူပေါင်းများစွာက အခွင့်အလမ်းတစ်ခု ရှုမြင်ကြသည်။ ထို့ကြောင့်လည်း ထိပ်တိုက်တွေ့မှုများ ရှိနေခြင်း ဖြစ်သည်။

“လုပ်တာပေါ့ ကြယ်ပင်လယ်အဖွဲ့အစည်းနဲ့ အခြားဂိုဏ်းကြီးတွေက လှုပ်ရှားကြတယ် ဒါပေမယ့် မအောင်မြင်ကြဘူး လူတွေပဲ ပိုသေလာကြတယ်…”

ဟူရှောင်ကျင်း ဆက်ပြောလိုက်သည်။

ယန်ကျင်းလည်းဘေးတွင်ထိုင်၍ သေချာနားထောင်နေခဲ့၏။

တခဏကြာပြောပြီးသောအခါ ယန်ကျင်း သူရင်းနှီးသော နာမည်တစ်ခုကိုကြားလိုက်ရသည်။

အန်းဟောင်!

ကမ္ဘာဦးမီးတောက်ခန္ဓာကို အောင်မြင်ပြီးသွားသည့်နောက် အန်းဟောင်၏ ဂုဏ်သတင်းက ထိုးတက်လာခဲ့ပြီး လူတိုင်းက သူ့အံ့ဖွယ်ပါရမီကြောင့် အံ့အားသင့်နေခဲ့၏။

အန်းဟောင်သည် ကြယ်ပင်လယ်အဖွဲ့အစည်းတွင် ကျင့်ကြံရန်ထွက်သွားမှန်းသိသော်လည်း သူ့နာမည်က ပင်လယ်ပြင်တွင်ပါ ကျော်ကြားနေမည်လို့တော့ ယန်ကျင်း ထင်မထားခဲ့ပေ။

အစေခံတပည့်တစ်ယောက်အနေနှင့် ယန်ကျင်း အန်းဟောင်အကြောင်းအနည်းငယ်သာသိပြီး သူသည် အဓိပတိဂိုဏ်သမိုင်းတစ်လျှောက် ပါရမီအကောင်းဆုံးလူဆိုတာနဲ့ ဂိုဏ်းချုပ်၏တပည့်ဆိုတာကိုသာ သိရှိပေသည်။

ယန်ကျင်းအတွက်တော့ အန်းဟောင်ကအမြဲ ဒဏ္ဍာရီလာပုံရိပ်တစ်ခုသာ ဖြစ်၏။

အန်းဟောင်၏ ပုံသဏ္ဍာန်က ဘယ်လိုရှိမလဲဆိုတာ သူသိချင်နေခဲ့မိသည်။

သူ့ဆရာကရော အန်းဟောင်ကိုသိနေမလားဆိုတာ ယန်ကျင်းစိတ်၀င်စားသွားမိ၏။

အန်းဟောင်သည် အလွန်စွမ်းအားကြီးကာ အဓိပတိဂိုဏ်းက မွေးထုတ်ပေးနိုင်သူမျိုး မဟုတ်ပေ။

သူအဓိပတိဂိုဏ်းအကြောင်းရှာဖွေကြည့်ခဲ့ပြီး ဆရာသခင်ဓားအရှင်ရောက်မလာခင်က ဂိုဏ်းတွင် ဆန်းကြယ်နှလုံးသားအဆင့်ပင် မရှ်ိခဲ့ပေ။

အန်းဟောင်က ဆရာသခင်ဓားအရှင်၏တပည့်ဟူသော ကောလာဟလများပင်ရှိနေခဲ့သော်လည်း ကမ္ဘာပေါ်တွင် ဆရာသခင်ဓားအရှင်တပည့်ဟူသော သူများအများကြီးရှိနေသောကြောင့် ထိုအရာက ကောလာဟလသာ ဖြစ်နိုင်ပေသည်။

အကယ်၍ အန်းဟောင်က သူအခုထိမသိရသေးသည့် သူ့စီနီယာအစ်ကိုဆိုလျှင်တော့ အန်းဟောင်သည် သူကြားဖူးသမျှထဲ ပါရမီအကောင်းဆုံးသူဖြစ်သောကြောင့် သူ့အတွက်မလွယ်လှပေ။

သူ့ဆရာကလည်း သူ့စီနီယာအစ်ကိုကို အလွန်နှစ်သက်ကို နှစ်သက်ပေလိမ့်မည်သာ။

ယန်ကျင်း ကုအန်ကိုကြည့်ကာ တိတ်တဆိတ်‌တွေးနေခဲ့သည်။

သူသည်ယခုအခါ ပြောင်းလဲနေပြီဖြစ်သော်လည်း သူ့စိတ်အတွင်းသားထဲတွင်တော့ ရှုပ်ထွေးမှုများက ကျန်ရှိနေသေးသည်။ သူသည် ပါရမီရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သော်လည်း သူ့့ကို သူ့ဆရာက ကောင်းကင်ကိုဆန့်ကျင်၍ ထိုပါရမီရရှိလာအောင် ထွင်းထုပေးထားခြင်းဖြစ်သောကြောင့် ထိုအရာများ ရုတ်တရက်ပျောက်သွားမှာကို သူကြောက်ရွံ့နေခဲ့မိသည်။

သူ့စိတ်က ထျန်းယောင်အာနှင့် ဆင်တူ၏။

ယန်ကျင်းအကြည့်ကို သတိထားမိသော်လည်း ကုအန်မတုန့်ပြန်ခဲ့ပေ။

တခဏအကြာတွင် သူတော်စင်ထန်ဟိုင်ပေါ်လာခဲ့ပြီး လူတိုင်းကိုနှုတ်ဆက်ကာ စုဝေးလိုက်ရခြင်းရည်ရွယ်ချက်အကြောင်း ရှင်းပြခဲ့သည်။

ထိုအရာမှာ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်း ကြောင့်သာ ဖြစ်၏။

ထိုစကားငါးလုံးကိုကြားသောအခါ လူတိုင်း ဆွေးနွေးသံများထွက်လာကြတော့သည်။

သူတော်စင်ထန်ဟိုင်အခန်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ကာ အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်၏။

“ကျုပ်ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအောက်မှာ လျှို့ဝှက်နေရာတစ်ခုရှိပြီး အဲ့ဒီနေရာက အန္တရာယ်များပေမယ့် အမတဘုရင်တစ်ပါးရဲ့ ဂူရှိနေတယ်ဆိုတဲ့သတင်းကို ရခဲ့ပါတယ် ပင်လယ်နက်စိတ်ဝိညာဉ်ဂူက တစ်ယောက်ယောက်က အဲ့ဒီဂူကနေ အမတဘုရင်ရဲ့ သွေးအဆီအနှစ်ကို ရရှိခဲ့တယ် အဲ့ဒီသွေးအဆီအနှစ်က သူတို့ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်ပြီး နတ်သိုင်းတွေကို နားလည်သဘောပေါက်နိုင်စေခဲ့တယ်”

ကျင့်ကြံသူများ မလှုပ်ရှားဘဲ မနေနိုင်ကြတော့ပေ။

ဘယ်သူမှ အမတဘုရင်၏ကျင့်ကြံခြင်းအဆင့် အစစ်အကြောင်းမသိကြသော်လည်း အမတဘုရင်ဆိုသည်မှာ ခေတ်တစ်ခေတ်၏ ထိပ်ဆုံးကိုရောက်ရှိသူသာ ရနိုင်သော ဘွဲ့ထူးဖြစ်သည်။

ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ကျင့်ကြံခြင်းမြင့်လေလေ အခွင့်အလမ်းများ ပိုမိုလိုအပ်လေလေပင်။ အချုပ်အနှောင်မဲ့ အမတအဆင့်သည် သန်မာပုံပေါ်သော်လည်း အထက်အဆင့်များနှင့်ယှဉ်ပါက အားနည်းလွန်းလှသည်။ ထို့အပြင် သူတို့သည် အဆင့်ငယ်လေးတစ်ဆင့်တက်ဖို့ပင် အခွင့်အလမ်းများ ကံကြမ္မာများ လိုအပ်၏။

“ကျုပ် အဲ့ဒီနေရာကို ရှာဖွေစူးစမ်းဖို့သွားချင်ပါတယ် နောက်ပြီး ကျုပ်နဲ့လိုက်ချင်တဲ့သူတွေက‌ စာရင်းပေးသွင်းလို့ရပါတယ် ကျုပ်တို့ ဒီနေရာကနေလမ်းခွဲတဲ့အခါမှာ အချက်အလက်တွေအားလုံးကို မျှဝေပေးပါ့မယ် ဒီကိစ္စက အရမ်းအန္တရာယ်များလို့ လုံခြုံရေးကိုတော့ အာမမခံနိုင်ပါဘူး သေချာစဉ်းစားကြပါမိတ်ဆွေတို့ ကျုပ်တို့ မိတ်ဆွေဆက်ဆံရေးကြောင့် အားနာနေစရာလည်း မလိုပါဘူး” သူတော်စင်ရွှမ်မြောင် လေးလေးနက်နက်ပြောလိုက်သည်။

ဤနှစ်များအတွင်း သူတော်စင်ထန်ဟိုင်သည် လေလံပွဲများ ကျင်းပပေးရုံသာမက ထိုကဲ့သို့သော စွန့်စားခရီးမျိုးလည်း ထွက်တတ်၏။ အကြိမ်တိုင်းအောင်မြင်ခြင်းမဟုတ်သော်လည်း ထိုခရီးများတွင် သူနှင့်ပတ်သက်သည့်မကောင်းသတင်းမရှိသောကြောင့် သူသည်ယုံကြည်ရသူဟု သတ်မှတ်၍ ရပေသည်။

ကျင့်ကြံသူများအချင်းချင်း ဆွေးနွေးကုန်ကြ၏။

နောက်ဆုံးတွင်တော့ ကုအန် စာရင်းမပေးခဲ့ပေ။ သူ့အပြင် အခြားသုံးယောက်လည်းစာရင်းမပေးခဲ့ဘဲ သူတို့တွင် သက်တမ်းများစွာကျန်သေးသောကြောင့် စွန့်စားရန်မလိုသေးဘူးဟု ထင်သောကြောင့် ဖြစ်ကြသည်။

တွေ့‌ဆုံပွဲပြီးသောအခါ ကုအန် ယန်ကျင်းကိုခေါ်ကာ ပြန်လာခဲ့၏။

တတိယတောင်ကြားသို့ ရောက်လာချိန်ထိ ယန်ကျင်းဤအရာကို အိပ်မက်တစ်ခုဟု ခံစားနေရဆဲပင်။

ဤခရီးက သူ့အသိအမြင်ကိုကျော်လွန်‌ေနခဲ့သည်။ အမတကမ္ဘာကြီးသည် ကျယ်ပြန့်လှပြီး အဓိပတိဂိုဏ်းဆိုသည်မှာ သမုဒ္ဒရာထဲက ရေစက်တစ်စက်သာ ဖြစ်ပေသည်။

ကုအန် တောင်ကြားကိုလှည့်ပတ်၍ ဆေးပင်များ ခူးနေခဲ့၏။

ကပ်ဘေးမရောက်ခင် သူ့သက်တမ်း သန်း၁၀၀ပြည့်မလားဟု ကုအန်သိချင်နေခဲ့သည်။

သူ့လက်ရှိအမြင်အရ ပင်လယ်ချိုးဖျက်အက်ကြောင်းကြီးသည် ကြောက်မက်ဖွယ်အင်အားစုများစွာရှိနေသော မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံးကို လှုပ်ခါနိုင်မည်လို့တော့ သူမထင်မိပေ။

All Chapters