အခန်း (၂၆၁-၂၆၂)
Vol. 20 Ch. 261-262
အပိုင်း(၂၆၁)
ပြန်လည်မွေးဖွားခြင်း
ကုအန် အမတရှာဖွေကျွန်းပေါ်တွင် ကြားခဲ့ရသည့်အရာများမှာ အင်အားစုကြီးများ၏ အကျဉ်းချုပ်သတင်းများသာ ဖြစ်သည်။ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးသည် ကြမ်းတမ်းပုံပေါ်သော်လည်း ထိုနေရာတွင် မရေတွက်နိုင်သော အခွင့်အလမ်းများရှိနေသောကြောင့် ထိုနေရာကို မိစ္ဆာများရော ကျင့်ကြံသူများပါ လောဘတကြီးရှာဖွေနေခဲ့ကြသည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူ့ကိုလာမနွယ်သရွေ့ ကုအန် ၀င်ပါဖို့ပျင်းရိနေခဲ့၏။
သူနှင့်ရင်းနှီးသောသူများ ထိုနေရာသို့သွားလျှင်ပင် ကုအန် ၀င်တားမည်မဟုတ်ပေ။ လူတိုင်းသည် သူ့ရွေးချယ်မှုနှင့်သူဖြစ်ပြီး ကုန်းမြေတိုက်ကြီးပေါ်ရှိ အရင်ကပ်ဘေးများတွင်ပင် သူနှင့်ပတ်သက်သူများ ပါ၀င်နေခဲ့သေးသည်။
အခွင့်အလမ်းများသည် အမြဲတမ်းဆိုသလို အခက်အခဲများ စွန့်စားမှုများဖြင့် ယှဉ်တွဲ၍ ပါလာတတ်၏။
သမုဒ္ဒရာတွင်လှိုင်းထန်နေချိန် အသက် ၁၅၅နှစ်အရွယ်ကုအန်ကတော့ လယ်သမားဘ၀လေးကို အေးအေးဆေးဆေးခံစားနေဆဲသာ။
တစ်ခါတစ်ရံတွင် သူပင်လယ်အက်ကွဲကြောင်းနှင့် ကောင်းကင်ပြင်ပကို နတ်အာရုံသုံး၍ ကြည့်ရှုတတ်သည်။
ပင်လယ်ချိုးဖျက်အက်ကွဲကြောင်း၏ လွှမ်းမိုးမှုက သေးငယ်ပုံတော့ မရပေ။ ကောင်းကင်ပြင်ပမှ ကောင်းကင်ဈာန်အမတများ ကောင်းကင်ထဲပြန်၀င်လာသည်ကိုပင် ကုအန် တွေ့နေခဲ့ရသည်။
သမုဒ္ဒရာတွင်လည်း ပဋိပက္ခများက တိုးမြင့်လာခဲ့၏။ တစ်ယောက်ယောက်က အက်ကွဲကြောင်းထဲမှ ရတနာတစ်ခုခုရလာသည်နှင့် သွေးချောင်းစီးတိုက်ပွဲများက စတင်လာစမြဲသာ။
ထို့အပြင် ကုအန်ဤကပ်ဘေးနှင့်ပတ်သက်သည့် ကိန်းရှင်ဖြစ်နေသော အထူးအခြေအနေတစ်ခုကိုလည်း သတိပြုမိနေပြီး ထိုအရာကြောင့် ကပ်ဘေးအပေါ်သူပိုပြီး စိုးရိမ်လာခဲ့သည်။
အချိန်သည် ဆောင်းဦးနှောင်းပိုင်းသို့ ရောက်ရှိလာခဲ့၏။
ကုအန် ရီလန်နှင့်စကားပြောနေခဲ့သည်။ သူတို့နှစ်ယောက်သည် ခြံစည်းရိုးရှေ့တွင်ရပ်ကာ သစ်ရွက်ခြောက်များကို လှဲကျင်းနေသော တပည့်များကိုကြည့်၍ စကားပြောနေခဲ့ကြသည်။
“ကမ္ဘာကြီးကိုပေါင်းစည်းတာက ကောင်းတဲ့အရာတစ်ခုပါပဲ မင်းဆက်မြောက်ပိုင်းကို လိုက်မလိုက်ကတော့ ညီမလေးသဘောပါပဲ” ကုအန် ပြောလိုက်၏။
ထိုက်ကန်မင်းဆက်သည် ကမ္ဘာကြီးကိုစုစည်းတော့မှာ ဖြစ်ပြီး လီရွှမ်တောက်က မဟာကျင်းမင်းဆက်နှင့်ဆွေးနွေးရန် မြောက်ပိုင်းသို့အဓိပတိဂိုဏ်းမှလူများကို ပို့ပေးဖို့ ဖိတ်ခေါ်ခဲ့သည်။ သူ့ရည်ရွယ်ချက်မှာ ပထမအချက်အနေနှင့် အဓိပတိဂိုဏ်းက သူတို့မင်းဆက်ကို ထောက်ခံကြောင်းပြချင်တာဖြစ်ပြီး နောက်အချက်က မြောက်ပိုင်းရှိ ယခင်မိစ္ဆာနယ်မြေဟောင်းတွင် အဓိပတိဂိုဏ်းနှင့်အတူတူ ဂိုဏ်းခွဲတစ်ခုတည်ထောင်လိုခြင်း ဖြစ်၏။
ထျန်းပန်ပြိုင်ပွဲမတိုင်ခင်က အဓိပတိဂိုဏ်း၏ မြောက်ပိုင်းတွင် အခြေချမည့်အစီအစဉ်သည် အမြဲနှောင့်နှေးနေပြီး အမြဲဆိုသလို တစ်ယောက်ယောက်၏ လျှို့ဝှက်နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် အဓိပတိဂိုဏ်းက တပည့်အချို့ပင် ဆုံးရှုံးခဲ့ရ၏။ အခုတော့ ဘယ်ဂိုဏ်းကမှ အဓိပတိဂိုဏ်းကို မဆန့်ကျင်ရဲတော့ဘဲ ဂိုဏ်းကမြောက်ပိုင်းတွင် ဂိုဏ်းခွဲတစ်ခုထောင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ရီလန်လည်း ထိုဂိုဏ်းခွဲအကြောင်းပြောနေခြင်းဖြစ်၏။ အကယ်၍သူသာ ဂိုဏ်းခွဲကိုလိုက်သွားပါက သူ့ရာထူးနှင့်အာဏာက တိုးတက်သွားမည်ဖြစ်သောကြောင့် သူမစိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
အကယ်၍ ထိုနေရာသို့မသွားပါက သူ့လက်ရှိအနေအထားဖြင့် အတွင်းစည်းဂိုဏ်းအကြီးအကဲသာဖြစ်လာနိုင်ပြီး သူမရရှိမည့် အာဏာက သေးငယ်နေမည်ဖြစ်သည်။
ရီလန် တွန့်ဆုတ်နေခဲ့၏။
“ညီမလေးတကယ်သွားချင်ပါတယ် ဒါပေမယ့် သွားရင်အနာဂတ်မှာအစ်ကိုကြီးနဲ့ ခဏခဏမတွေ့ရတော့မှာကြောက်နေမိတယ်”
ကုအန်ရယ်မောကာ ပြောလိုက်သည်။
“ဒါကအခုမှ အစပိုင်းပဲရှ်ိသေးတယ်လေ အဲ့ဒီဂိုဏ်းမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆောက်ပြီးသွားရင် ညီမလေးလာချင်တဲ့အချိန်လာတွေ့လို့ရပြီပေါ့”
ရီလန်သည် ကုအန်ကို ကြိုက်နှစ်သက်သော်လည်း သူမတစ်ဘ၀လုံးက ကုအန် အကြောင်းချည်းပဲတော့မဟုတ်ပေ။ ကုအန် သူမရှိလျှင်လည်း ရီလန်တစ်ယောက်တည်း ကောင်းကောင်းရှင်သန်နေနိုင်ဖို့ မျှော်လင့်နေခဲ့သည်။
စိတ်ကူးယဉ်ဆန်လှသောအချစ်ဆိုသည်မှာ ဘ၀၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ အထူးသဖြင့် အမတကျင့်ကြံခြင်းလမ်းစဉ်ကိုလျှောက်လှမ်းပြီးပါက အချစ်၏ အလေးချိန်မှာပို၍ပင်လျော့ကျသွားခဲ့သည်။
အချစ်ဟုခေါ်သောအရာကိုယ်တိုင်ကိုက လိုအင်ဆန္ဒများဖြင့် စတင်ခဲ့ခြင်းဖြစ်၏။ အမတကျင့်ကြံခြင်းနှင့် တရားထိုင်ခြင်းဆိုသည်မှာလည်း ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများကို ထိန်းချုပ်ပေးနိုင်သည့်အရာဖြစ်ပြီး စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လိုအင်များကတော့ ပိုမိုကြီးမားလာခဲ့သည်။
ကုအန်စကားများကိုကြားသောအခါ ရီလန်လည်း အကျိုးအကြောင်းသင့်သည်ဟု ခံစားလိုက်ရပြီး ခေါင်းညိတ်ကာ စနောက်လိုက်သည်။
“တကယ်လို့ ညီမလေးထွက်သွားရင် စီနီယာအစ်ကိုကြီးက ပိုအေးအေးချမ်းချမ်းနေနိုင်သွားမှာမဟုတ်လား”
ကုအန်လည်း ပြန်စနောက်လိုက်၏။
“ဘာတွေပြောနေတာလဲ ညီမလေးရဲ့ အစ်ကိုကြီးကညီမလေးရှိရှိမရှ်ိရှိ အေးအေးချမ်းချမ်းနေနိုင်ပါတယ်”
ရီလန် ကုအန်ကို ဖပ်ဖွဖွမရိုက်ဘဲ မနေနိုင်ခဲ့ပေ။
ကုအန် သူမအား ဂိုဏ်းခွဲသို့ရောက်လျှင်လည်း ကျင့်ကြံခြင်းကိုမလစ်ဟင်းဖို့ သတိပေးလိုက်သည်။
ထို့နောက်သူတို့နှစ်ယောက်သည် အရင်အကြောင်းများကို စားမြုံ့ပြန်ကာ ပြောဆိုနေခဲ့ကြ၏။
ညနေစောင်းမှသာ ရီလန် ထွက်သွားခဲ့သည်။
ကုအန်စားပွဲတွင်ထိုင်ကာ စာအုပ်ကိုလှန်ရန်ပြင်လိုက်စဉ်တွင် တစ်ခုခုကိုအာရုံခံလိုက်မိပြီး သူ့အာရုံက မဟာကျင်းမင်းဆက်ဆီ ရောက်ရှိသွားခဲ့၏။
ပုန်းအောင်းနေတာကြာပြီဖြစ်သော ကမ္ဘာဦးတာအိုအဆောင် စတင်လှုပ်ရှားလေပြီ!
ထိုအရာသည် ကျိမိသားစုခွဲတစ်ခုရှိ အမျိုးသမီးတစ်ယောက်၀မ်းဗိုက်ထဲ၀င်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ဤအရာကို ပြန်လည်မွေးဖွားခြင်းဟု သတ်မှတ်နိုင်ပါသလော။
အပူအပင်မဲ့ ကမ္ဘာဦးအမတအဆင့်သို့ရောက်ပြီးသည့်နောက် ကုအန် ယင်ယန်စည်းမျဉ်းများကို ထောက်လှမ်းနေနိုင်ပြီဖြစ်သော်လည်း ပြန်လည်မွေးဖွားခြင်းက ဘယ်နေရာမှာလဲဆိုတာကိုတော့ မမြင်နိုင်ခဲ့ပေ။ သေဆုံးပြီးသော ဝိညာဉ်များသည် သေဆုံးပြီး ၇ရက်အကြာတွင် ကောင်းကင်သို့တက်သွားကြပြီး အမြင့်တစ်နေရာသို့ရောက်လျှင် အလိုလိုပျောက်ကွယ်သွားခဲ့ကြသည်။ ၇ရက်အတွင်း ပျောက်ကွယ်မသွားသော ဝိညာဉ်များကတော့ ကောင်းကင်နှင့်မြေပြင်စည်းမျဉ်းများ၏ ရှင်းလင်းခြင်းကို ခံကြရသည်။ ထိုဝိညာဉ်များသည် ရှင်သန်ရန် သက်ရှိစိတ်ဝိညာဉ်များ၏ စွမ်းအားအဆီအနှစ်ကိုစုပ်ယူကြရပြီး သူတို့တစ္ဆေစွမ်းအင်များကို မြှင့်တင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုသန်မာလာကြ၏။
ကျိရှောင်ယုသေဆုံးပြီးသည့်နောက် သူမဝိညာဉ်က အခြားတစ္ဆေများလို သက်ရှိစိတ်ဝိညာဉ်များနောက်မလိုက်ဘဲ ကမ္ဘာဦးတာအိုအဆောင်နှင့်သာ ပေါင်းစပ်သွားခဲ့သည်။
ကုအန်၏အကြည့်အောက်တွင် ကမ္ဘာဦးတာအိုအဆောင်က ထိုအမျိုးသမီး၏အရှိန်အဝါနှင့် လုံး၀ ပေါင်းစပ်သွားခဲ့ပြီး လေထုထဲတွင်ပျောက်ကွယ်သွားသလိုကို ပျောက်ကွယ်သွားခဲ့၏။
ကျိရှောင်ယု အရင်ဘ၀ကမှတ်ညဏ်များ ကျန်နေဦးမလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြပေ။
ကျိရှောင်ယု ငယ်ငယ်ကတည်းက အခြားကလေးများနှင့်မတူဘဲ ရင့်ကျက်နေသည်ကို ကုအန် သတိရလိုက်မိသည်။ ကြည့်ရသည်မှာ သူမသည် အရင်ဘ၀မှတ်ညဏ်များကို ပြန်ရရှိပုံပေါ်ပြီး ထိုအရာကို ကောင်းကောင်းဖုံးကွယ်ထားပုံပင်။
တခဏကြာကြည့်ရှုပြီးသည့်နောက် ကုအန် သူ့အကြည့်ကို ရုတ်လိုက်သည်။
လရောင်က အနည်းငယ်အေးစက်နေပြီး လေနုအေးများက ပြတင်းပေါက်မှတစ်ဆင့် ကုအန်ဆီ တိုက်ခတ်နေခဲ့၏။
ထိုလေနုအေးများက နောက်ထပ် ၁၀ နှစ်ကြာအထိ ဆက်လက်တိုက်ခတ်နေခဲ့သည်။
အချိန် ၁၀ နှစ်ကုန်ဆုံးသွားခဲ့ပြီး ကမ္ဘာကြီးက အကြီးအကျယ်ပြောင်းလဲသွားကာ မင်းဆက်သုံးခု နယ်မြေများက ပေါင်းစည်းသွားခဲ့၏။ နယ်မြေတစ်ခုလုံးတွင် ထိုက်ကန်မင်းဆက်သာ ကျန်ရှ်ိခဲ့ပြီး ပြည်သူများအတွက်တော့ ကောင်းကင်တစ်ခုတည်းအောက်တွင် အေးချမ်းစွာ နေထိုင်နိုင်ခဲ့ကြသည်။
ထိုက်ကန်မင်းဆက်က မင်းဆက်တိုးတက်ရေးပေါ်တွင်သာ အာရုံစိုက်ထားခဲ့ပြီး ပင်လယ်ပြင်နှင့် မိုင်းတွင်းသယံဇာတများကို ရှာဖွေနေခဲ့ကြ၏။ သယံဇာတအရင်းအမြစ်များ တိုးမြှင့်လာသည်နှင့် ထိုက်ကန်မင်းဆက်၏ စက်မှုလုပ်ငန်းများကလည်း တိုးတက်လာခဲ့သည်။
ထိုတိုးတက်မှုမှာ အမတကျင့်ကြံခြင်းကမ္ဘာကြီးပေါ်တွင်လည်း အတူတူသာဖြစ်ပြီး ဆယ်နှစ်အတွင်း ဂိုဏ်းသစ်ေပါင်းများစွာ ပေါ်ပေါက်လာခဲ့ကြ၏။ ဥပမာအားဖြင့် ကျူဟွားဂိုဏ်းလို ဂိုဏ်းမျိုးဖြစ်ပြီး ထိုဂိုဏ်းက လျင်မြန်စွာတိုးတက်လာခဲ့ကာ ထိုက်ကန်မင်းဆက်၏ ထိပ်တန်းကိုးဂိုဏ်းထဲ ပါ၀င်လာခဲ့သည်။ ထိပ်တန်းကိုးဂိုဏ်းတွင် အဓိပတိဂိုဏ်းက ထိပ်ဆုံးဖြစ်ပြီး ခန်းထျန်ဂိုဏ်းက ဒုတိယလိုက်၏။
အဓိပတိဂိုဏ်း၏ဂိုဏ်းခွဲကိုလည်း တည်ထောင်ပြီးပြီဖြစ်ပြီး သတင်းပေါင်းများစွာက အဓိပတိဂိုဏ်းထဲရောက်ရှိနေခဲ့ရာ ဂိုဏ်းသားများကိုယ်တိုင် ဂိုဏ်း၏တိုးတက်လာမှုကို မြင်နေခဲ့ရသည်။
ဂိုဏ်း၏ဆေးတောင်ကြားများအပေါ် ဆက်ဆံမှုကလည်း ပိုကောင်းလာခဲ့ပြီး ဂိုဏ်းရှိအစေခံတပည့်များ ဆေးတောင်ကြားထဲတွင် နေရသည့်အချိန်က ပိုမိုတိုတောင်းလာခဲ့သည်။ အကြောင်းမှာ ဂိုဏ်းသည် အစေခံတပည့်များအပေါ်အရင်းအမြစ်များ ပိုတိုးပေးခဲ့သောကြောင့် အစေခံတပည့်များ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ကုန်ကြ၍ ဖြစ်၏။
တစ်နေ့တွင်
ကုအန် ဆန်းကြယ်တောင်ကြားမှ တတိယတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။ သူတစ်ချက်လှည့်ကြည့်လိုက်ရာ အိမ်တစ်လုံးရှေ့တွင် တရုတ်ကျားကစားနေသော လူအုပ်ကြီးကို တွေ့လိုက်ရ၏။
ဘယ်အချိန်က စခဲ့မှန်းမသိသော်လည်း ယခုအခါ တရုတ်ကျားကစားနည်းက အဓိပတိဂိုဏ်းထဲတွင် ကျော်ကြားလာခဲ့ပြီး တရုတ်ကျားဆရာများက တရုတ်ကျားကစားရန် တတိယတောင်ကြားသို့ ဥဒဟိုရောက်လာနေခဲ့ကြသည်။ ထိုအရာမှာ လက်ကိုးချောင်းနတ်အရှင်ကြောင့်ဖြစ်မှန်း ကုအန်သိ၏။ သူသည် တရုတ်ကျားကစားနည်း၏ အဓိက ပံ့ပိုးသူဖြစ်သည်။ ထို့အပြင် သူက မဟာယနအဆင့်ဖြစ်သောကြောင့် အကြီးအကဲခန်းမကလည်း သူ့ကို အလိုလိုက်ထားခဲ့ကြသည်။
လွန်ခဲ့သောလက လုပိုင်ထျန်းကသူ့ကို တရုတ်ကျားပြိုင်ပွဲကျင်းပရန်ပင် မေးမြန်းခဲ့ပြီး ကုအန်ကတော့ ငြင်းဆန်ခဲ့၏။
လတ်တလောတွင် တရုတ်ကျားကစားနည်းက အဓိပတိဂိုဏ်းထဲတွင်သာ ကျော်ကြားခြင်းဖြစ်သောကြောင့် ပြိုင်ပွဲမလုပ်သင့်သေးဘူးဟု သူငြင်းဆိုခဲ့ခြင်းဖြစ်သည်။
တကယ်တော့ အဓိကအကြောင်းအရင်းမှာ လက်ကိုးချောင်းနတ်အရှင်က ထိုပြိုင်ပွဲကို တတိယတောင်ကြားတွင် ကျင်းပမည်ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်၏။ သူက အဘယ်သို့ ထိုအရာကို သဘောတူနိုင်မည်နည်း။
ဤအရာက သူ့ဆေးပင်စိုက်ပျိုးခြင်းကို ထိခုိက်စေပေလိမ့်မည်။
ကုအန်တခဏကြည့်ရှုပြီးသည့်နောက် သူ့အိမ်ဆီသို့သာ ဦးတည်သွားခဲ့၏။
ယခုအခါ လက်ကိုးချောင်းနတ်အရှင်ကလည်း ကုအန်ကို တစ်ခါတရံမှသာ ကစားဖို့လာခေါ်တော့ပြီး သူ့တရုတ်ကျားစွမ်းရည်ကိုသာ တိုးမြှင့်နေခဲ့သည်။
လက်ကိုးချောင်းနတ်အရှင်နှင့် ကစားနေသည့်သူမှာ ဂိုဏ်းမှ တစ်သားတည်းဖြစ်ခြင်းအဆင့်အကြီးအကဲတစ်ယောက်ဖြစ်၏။ ထိုအသက်ကြီးကြီး ကျင့်ကြံသူကြီးများသည် တရုတ်ကျားကစားခြင်းကို အမှန်တကယ်ပင် စွဲလန်းနေခဲ့ကြသည်။
ထိုစဉ် ကုအန်တစ်ခုခုကိုအာရုံခံလိုက်မိပြီး စိတ်၀င်စားသွားကာ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုခေါ်၍ အပြင်စည်းမြို့ဆီ သွားခဲ့၏။
“သခင် ဘာလို့ရုတ်တရက်ကြီးအပြင်စည်းမြို့ကို သွားချင်လာရတာလဲ” သွေးအကျဉ်းထောင်မဟာသူတော်စင် မေးလိုက်သည်။
“လုလင်ကျွမ်းပြန်လာပြီ သူကကောင်းကင်ပြုပြင်စင်မြင့်ဆီ လူတစ်ချို့ခေါ်လာတယ် သူက ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စမ်းချင်နေတာ သေချာတယ်”
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ချက်ချင်း စိတ်၀င်စားသွားခဲ့၏။
လုလင်ကျွမး်သည် တက်လှမ်းခြင်းဂိုဏ်းကိုထောင်ထားမှန်း သူသိပြီး လုလင်ကျွမ်းခေါ်လာသူများမှာလည်း တက်လှမ်းသူများသာ ဖြစ်ကြပေလိမ့်မည်။
တက်လှမ်းသူများအနေဖြင့် သူတို့သည် တစ်ယောက်အကြောင်းတစ်ယောက် သိချင်ကြပေသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်၏အလျင်မှာ အတော်လေးမြန်ပြီး မကြာခင်တွင် ကောင်းကင်ပြုပြင်စင်မြင့်ရှေ့သို့ ရောက်ရှိသွားခဲ့၏။
အရင်နှင့်ယှဉ်ပါက ကောင်းကင်ပြုပြင်စင်မြင့်သည် ပိုမိူစည်ကားနေခဲ့ပြီး ချီကျင့်ကြံခြင်းမှစ၍ အချုပ်အနှောင်မဲ့အမတအဆင့်ထိ လူပေါင်းများစွာကို စင်ပေါ်တွင် တွေ့နိုင်ပေသည်။
ဟုတ်ပေသည်။ စင်ပေါ်တွင် အချုပ်အနှောင်မဲ့အမတများပင်ရှ်ိနေပြီး တစ်ယောက်တည်းလည်းမဟုတ်ပေ။
သူတို့အားလုံးသည် ပင်လယ်ရပ်ခြားမှဖြစ်ကြ၏။ သူတို့သည် အရင်ဆုံး သူတို့၏ဆရာသခင်ဓားအရှင်အပေါ်လေးစားမှုကို ဖော်ပြကာ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကိုလေ့လာရန် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်များက ကုအန် တိတ်တိတ်ကလေး လမ်းမှန်ဂိုဏ်းဟူသော စာလုံးတွင်ပါ၀င်သောဓားဆန္ဒကို တိုးမြှင့်ခဲ့၏။
ကုအန် နွားသိုးပေါ်မှဆင်းကာ ကောင်းကင်ပြုပြင်စင်မြင့်ပေါ် တက်သွားခဲ့သည်။ သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ လိုက်တက်မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဆရာသခင်ဓားအရှင်ကို စော်ကားမိမည်စိုးသောကြောင့် စင်မြင့်ပေါ်သို့ အိမ်မွေးသားရဲများ စီးတော်သားရဲများကိုတက်ရောက်ခွင့် မပြုသောကြောင့် ဖြစ်သည်။
ထိုအခိုက်တွင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်အနားသို့ လူများဝိုင်းလာခဲ့ကြ၏။ အကြောင်းမှာ ပင်လယ်ရပ်ခြားမှ အချုပ်အနှောင်မဲ့အမတတစ်ပါးက ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စိန်ခေါ်မည်ဟူသော သတင်းပြန့်လာခြင်းကြောင့် ဖြစ်သည်။
ဤနှစ်များအတွင်း အချုပ်အနှောင်မဲ့အမတဆိုသည်မှာ အဓိပတိဂိုဏ်းတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ထိုစကားလံုးသည် အဆင့်တစ်ခုကို ကိုယ်စားပြုနေမှန်း လူတိုင်းသိနေပြီး ထိုအဆင့်မှာ လက်ရှိအချိန်ထိ သူတို့သိသမျှထဲ အမြင့်ဆူံအဆင့်လည်း ဖြစ်၏။
အဘယ်ကြောင့် လက်ရှိအချိန်ထိ ဟုဆိုရသနည်း။
အဘယ်ကြောင့်ဆိုသော် လက်ရှိအမတကျင့်ကြံခြင်းကမ္ဘာကြီးသည် အလွန်လျင်မြန်စွာတိုးတက်နေပြီဖြစ်သောကြောင့် နောက်ဆယ်နှစ်အတွင်း နောက်ပိုမြင့်သော အဆင့်တစ်ခု ပေါ်လာလိမ့်မလားဟု ဘယ်သူမှမသိနိုင်ကြပေ။
ဒါပေါ့ အခုထိ မဟာယနအဆင့်ကလည်း လေးစားစရာတည်ရှိမှုတစ်ခုအဖြစ်တော့ ကျန်ရှိနေသေးသည်။
ကျိုးယိကျင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင် လက်ထဲ၌ နတ်ဘုရားတို့၏ရာထူးများစာအုပ်ကို ကိုင်ရင်း ရပ်နေခဲ့သော်လည်း သူ့အာရုံကတော့ စာအုပ်ထဲ ရှိမနေခဲ့ပေ။
ဤပင်လယ်ရပ်ခြားကျင့်ကြံသူသည် လုလင်ကျွမ်းခေါ်လာသူဖြစ်ပြီး ပင်လယ်ပြင်၌ သူမတင်ခဲ့သော ဆရာ ဖြစ်သည်။
ကုအန် လူအုပ်ထဲရော၀င်ခဲ့ပြီး ထိုလူ့ကိုသက်တမ်းစစ်ဆေးခြင်း သုံး၍ကြည့်လိုက်၏။
[အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်(အချုပ်အနှောင်မဲ့ အမတအဆင့်၈): ၁၈၉၀၇/၂၄၀၀၀/၁၅၀၀၀၀]
သက်တမ်းအကန့်အသတ် ၁၅၀၀၀၀ ဆိုသည်မှာ သူမသည် မြေလျှောက်အမတအဆင့်သို့ရောက်နိုင်မှန်း ညွှန်ပြနေခဲ့သည်။
အမတရှာဖွေကျွန်းလိုနေရာမျိုးမှာပင် မြေလျှောက်အမတများမှာ တွေ့မြင်ရန်ရှားပါးသော တည်ရှိမှုများသာ ဖြစ်ကြ၏။
အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်သည် ခရမ်းရောင်၀တ်စုံကို၀တ်ဆင်ထားကာ သူ့မဆံပင်ရှည်များကို ရတနာများမြှုပ်နှံထားသော ရွှေသရဖူအောက်တွင် စုထုံးထားပြီး သူမတံတောင်စစ်တွင် အစိမ်းရောင် တံတောင်ပတ်တန်ဆာတစ်ခုကို ပတ်ထားခဲ့သည်။ သူမဆီမှ အားကောင်းလှသော ဖိအားတစ်ခုထွက်ပေါ်နေခဲ့ပြီး ထိုဖိအားမှာ အံ့အားသင့်စရာပင်။
အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုသေချာအနီးကပ် စစ်ဆေးကြည့်လိုက်၏။
သူဤကုန်းမြေတိုက်ကြီးကို ဆရာသခင်ဓားအရှင်ကြောင့်ရောက်လာခဲ့ခြင်းဖြစ်သည်။
ဤအရာမှာ သူမ လုလင်ကျွမ်းကိုတပည့်ခန့်လိုက်သည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်းဖြစ်၏။
ပင်လယ်ရပ်ခြားမှကျင့်ကြံသူများသည် ကြယ်ခုနှစ်လုံးိစတ်ဝိညာဉ်နယ်မြေ ဖျက်ဆီးခံလိုက်ရသည်ဟူသော အချက်ကို ကောင်းကောင်းကြီး နားလည်ကြပေသည်။ ဆရာသခင်ဓားအရှင်သည် သံသယကင်းစွာရင် သူမအခုထိ ကြားဖူးသမျှထဲ စွမ်းအားအကြီးဆုံးသူ ဖြစ်၏။ ထိုသို့သောသူမျိုးကို သူမအဘယ်သို့စိတ်မ၀င်စားဘဲ နေနိုင်မည်နည်း။
ကျိုးယိကျင်း သူမတွန့်ဆုတ်နေမှုကိုတွေ့သောအခါ စိတ်မရှည်လက်မရှည်ပြောလိုက်သည်။
“အမြန်လုပ်လေ စောင့်နေတဲ့သူတွေရှိသေးတယ် အချိန်ကုန်သွားရင် မြင့်မြတ်ကုန်းမြေရဲ့အရှင်သခင်အတွက်တောင် ခြွင်းချက်မရှိဘူးနော်”
အချုပ်အနှောင်မဲ့အမတဖြစ်ဖြစ် ဘယ်အမတဖြစ်ဖြစ် အဓိပတိဂိုဏ်းထဲတွင်တော့ လူတိုင်းက စည်းမျဉ်းများကို လိုက်နာရပေမည်။
အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင် ဒေါသထွက်မသွားခဲ့ပေ။ ထိုအစား သူမ၏ ဖြူဖွေးနေသော လက်ကလေးကိုသာမြှောက်၍ ပုဆိန်လက်ကိုင်ကို ဆုပ်ကိုင်လိုက်လေသည်။
ပုဆိန်၏လေးလံမှုသည် ပုဆိန်မှလာခြင်းမဟုတ်ဘဲ အထဲရှ်ိ လင်းရှီများမှလာခြင်းဖြစ်မှန်း သူမသတိထားလိုက်မိ၏။
နှစ်ကြိမ်ကြိုးစားပြီးနောက်တွင်တော့ သူမလက်လျှော့ကာ လှည့်သာ ထွက်လာခဲ့သည်။
ထိုအရာက ကြည့်ရှုနေသူများကို စိတ်ပျက်သွားစေခဲ့၏။ သူတို့ အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင် အောင်မြင်သွားဖို့ မမျှော်လင့်ထားကြသော်လည်း အမတတစ်ပါးအရှက်ကွဲသည့် မြင်ကွင်းမျိုးကို မြင်လိုကြခြင်း ဖြစ်သည်။
လုလင်ကျွမ်း အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်နှင့် စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားရန်ပြင်လိုက်စဉ်တွင် ရုတ်တရက် လူအုပ်ထဲရှိ ကုအန်ကို တွေ့သွားခဲ့၏။
“ကုအန် နင်ဘာလို့ဒီရောက်နေတာလဲ” လုလင်ကျွမ်း ကုအန်ကို လက်ပြလိုက်ပြီး အသံကူးပြောင်း၍ မေးလိုက်လေသည်။
အပိုင်း(၂၆၂)
အံ့ဖွယ်ကောင်းကင်နှင့်ပင်ဘယ်လှိုင်းများ၊ ကြောက်မက်ဖွယ် ရတနာခန္ဓာ
လုလင်ကျွမ်းက လက်ပြနေသောအခါ ကုအန် သူ့ဆီထွက်လာဖို့သာ တတ်နိုင်တော့သည်။ ထို့နောက်တွင်တော့ သူ အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်ကို ဦးညွတ်၍ အရိုအသေပေးလိုက်၏။ အချုပ်အနှောင်မဲ့အမတတစ်ပါးကို အခြေခံအားဖြင့် ထိုမျှတော့ လေးစားမှုပြပေးရပေလိမ့်မည်။
မြင့်မြတ်မိခင်လည်းအသာအယာခေါင်းညိတ်ပြခဲ့သည်။
ထို့နောက် လုလင်ကျွမ်း ကုအန်ကို စင်အောက်သို့ဆွဲခေါ်သွားခဲ့ပြီး သူမခါးကြားမှ သိုလှောင်အိတ်တစ်လုံးထုတ်ကာ ကုအန်လက်ထဲ ထည့်ပေးလိုက်၏။
“ငါဆေးတောင်ကြားကိုပြန်လာနိုင်မှာမဟုတ်ဘူး ဒါကငါနင့်အတွက် ပင်လယ်ရပ်ခြားကယူလာတဲ့တစ်ခုခုပဲ” လုလင်ကျွမ်း ပြောလိုက်သည်။
ကုအန် ခေါင်းညိတ်ပြလိုက်ပြီး သူမဘာဆက်လုပ်မလဲဆိုတာ မမေးခဲ့ပေ။ သူ့အကူအညီတစ်ခုခုလိုပါက တတိယတောင်ကြားသို့လာဖို့သာ မှာခဲ့လိုက်သည်။
လုလင်ကျွမ်းလည်းပြုံးလိုက်ပြီးနောက်တွင်တော့ အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်နှင့်အတူထွက်ခွာသွားခဲ့၏။
ထွက်ခွာသွားသော လုလင်ကျွမ်းပုံရိပ်ကိုကြည့်နေရင်း သူမသည် တတိယတောင်ကြားနှင့် တဖြည်းဖြည်းဝေးကွာသွားသည်ဟု ကုအန် ခံစားနေခဲ့ရသည်။
နောက်ဆုံးတွင် သူမသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေပြီဖြစ်ကာ ဆေးတောင်ကြားတွင် အချိန်အကြာကြီးနေဖို့ မဖြစ်နိုင်တော့ပေ။
သွေးအကျဉ်းထောင်မဟာသူတော်စင် လမ်းလျောက်နေရင်း ကြိတ်၍ အံ့အားသင့်နေခဲ့၏။
သူ့သခင်ကို အချုပ်အနှောင်မဲ့အမတတစ်ပါးအဖြစ်သာ သူယူဆထားခြင်းဖြစ်သော်လည်း အခုတော့ အချုပ်အနှောင်မဲ့အမတတစ်ပါးကပင် သူ့သခင်၏ ပုဆိန်ကို မမနိုင်ခဲ့ပေ။
သူဘာမေးခွန်းမှတော့ ထပ်မေးမနေတော့ပေ။ သူသခင်ပိုသန်မာနေခြင်းက သူ့အတွက်ပိုကောင်းသောအရာသာဖြစ်ပြီး ထိုအရာက ကျိန်စာမဟုတ်ဘဲ ကောင်းချီးသာဖြစ်၏။
ကုအန် လှည့်ထွက်သွားခဲ့ပြီး အပြင်စည်းမြို့ထဲတွင် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်သည် ဤနေရာသို့ ဆရာသခင်ဓားအရှင်ကြောင့်ရောက်လာခြင်းဖြစ်ပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မကြည့်ခြင်းမှာလည်း ဆရာသခင်ဓားအရှင်နှင့် ဆက်သွယ်ချင်၍ ဖြစ်ကြောင်း သူသိပေသည်။
သို့သော် သူအနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်နှင့် တွေ့ဆုံလိုစိတ် မရှ်ိခဲ့ပေ။
ထိုအရာမှာ ပင်လယ်ချိူဖျက်အက်ကွဲကြောင်းကြီးနှင့် ပတ်သက်နေမှန်းလည်း အလွယ်တကူ ခန့်မှန်းနိုင်ဧ။။်
ဆယ်နှစ်ကြာပြီးနောက် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီး၏ ကပ်ဘေးကပိုမိုဆိုးဝါးလာခဲ့သည်။ ဆန်းကြယ်သောမိစ္ဆာများအပြင် ကမ္ဘာခြားနတ်အာဃာတတစ္ဆေဟုခေါ်သော အကောင်များလည်း ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးထဲမှ ထွက်ပေါ်လာခဲ့၏။
အာဃာတတစ္ဆေများသည် မသေမျိုးများဖြစ်ကြပြီး သတ်ဖြတ်၍မရဘဲ ချိတ်ပိတ်ပစ်၍သာ ရပေသည်။ ထိုကောင်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဂိုဏ်းများပင် ရှ်ိလာနေပြီ ဖြစ်သည်။
ကြောက်စရာအကောင်းဆုံးဖြစ်ရပ်မှာ ကြယ်ပင်လယ်အဖွဲ့အစည်းမှ မြေလျှောက်အမတအဆင့်တစ်ယောက်သည် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲသို့ ၀င်သွားကာ ကမ္ဘာခြားနတ်အာဃာတတစ္ဆေအဖြစ်ပြောင်းလဲသွားပြီး ပြန်ထွက်လာခဲ့ခြင်း ဖြစ်၏။ ထိုကောင်သည် ပင်လယ်ပြင်သို့ပြန်ရောက်လာသောအခါ အထိန်းအကွပ်မဲ့စွာ လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့ပြီး ကြယ်ပင်လယ်အဖွဲ့အစည်းက သူတို့အထွတ်အထိပ်အမတရတနာကိုသုံးပြီးပင် ဖိနှိပ်ခဲ့ရသည်။
အက်ကွဲကြောင်းနှင့်ပတ်သက်သည့် သတင်းပေါင်းများစွာလည်း ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာခြားနတ်မြို့တော်ကို လိုချင်သူများကြောင့် လီယလည်း ဖိအားဖြစ်လာခဲ့ရ၏။ သို့သော် ကံကောင်းသည်မှာ ကြယ်ပင်လယ်အဖွဲ့အစည်းကို လီယကို ကာကွယ်ပေးဖို့ လုံလောက်အောင်သန်မာနေခဲ့သည်။ သို့သော်လည်း လီယ သူ့လွတ်လပ်ခွင့်ကိုတော့ ဆုံးရှုံးလိုက်ရပြီး ကြယ်ပင်လယ်အဖွဲ့အစည်းမှ ထွက်ခွာ၍ မရတော့ပေ။
ပင်လယ်ပြင်တွင် သွေးချောင်းစီးနေချိန်တွင် ကုအန်တို့ ကုန်းမြေတိုက်ကြီးကတော့ အေးချမ်းနေခဲ့ပြီး အရာအားလုံးက ဟန်ချက်ညီစွာရှိနေခဲ့သည်။ အနည်းဆုံးတော့ အဓိပတိဂိုဏ်းက ငြိမ်းချမ်းနေခဲ့၏။
ကုအန် သူ့မိတ်ဆွေများနှင့် အပြင်စည်းဂိုဏ်းထဲတွင် သောက်ကြစားကြရင်း စိတ်၀င်စားစရာဖြစ်ရပ်များ ဂိုဏ်းထဲရှ်ိ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများအကြောင်း ပြောဆိုနေခဲ့သည်။
အဓိပတိဂိုဏ်းသည် ယခုအခါ အလွန်ပွင့်လင်းနေပြီဖြစ်ကာ အရင်လို တင်းမာသောလေထုရှိမနေတော့ဘဲ အဆင့်နိမ့်ကျင့်ကြံသူများကပင် ကြီးမြတ်သည့်ကျင့်ကြံသူများအကြောင်း ပြောဆို၍ ရနေပြီဖြစ်သည်။
မြင့်မြတ်မိသားစုကြီးများကလည်း ဂိုဏ်းထဲမှ ထုတ်ပယ်ခံရမည်စိုးသောကြောင့် သူတို့ဂုဏ်သိက္ခာကို တန်ဖိုးထားလာကြသည်။
ဆရာသခင်ဓားအရှင်၏တည်ရှိမှုကြောင့် အဓိပတိဂိုဏ်းသည် လမ်းမှန်လမ်းစဉ်မှမသွေဖယ်ရဲတော့ပေ။
ဒါပေါ့ ဤအရာက ဂိုဏ်းထဲတွင်သာမှန်ခြင်းဖြစ်သည်။ တစ်ယောက်ယောက်က ဂိုဏ်း၏တော်၀င်မိသားစုတစ်ခုခုကိုစော်ကားမိပါက ဂိုဏ်းထဲတွင်စည်းမျဉ်းများကြောင့် ဘာမှဖြစ်မည်မဟုတ်သော်လည်း ဂိုဏ်းအပြင်တွင်တော့ ဘာမဆိုဖြစ်သွားနိုင်၏။
ညဉ့်အချိန်မရောက်ခင်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းကာ တတိယတောင်ကြားသို့ ပြန်ရောက်လာခဲ့လေသည်။
…..
အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင် ရောက်ရှိလာမှုက အဓိပတိဂိုဏ်းကို တုန်လှုပ်မသွားစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်း၏အုတ်မြစ်က တိုးတက်လာနေပြီဖြစ်သောကြောင့်ဖြစ်သည်။ မြင့်မြတ်မိခင်က ဂိုဏ်းကို၀င်မည်ဆိုလျှင်တော့ အနည်းငယ် လှုပ်ခတ်သွားနိုင်၏။
နောက်နွေရာသီသို့ ရောက်ရှ်ိလာခဲ့ပြန်သည်။
ကုအန် ဆန်းကြယ်သန့်စင်ပင်အောက်တွင် လဲလျောင်းနေရင်း သူ့စနစ်ကို ကြည့်ရှုနေခဲ့၏။
သူ့သက်တမ်းသည် ၂၅သန်းကျော်သွားပြီဖြစ်သည်။ ဤအရာသည် သက်တမ်း သန်း၁၀၀နှင့် ဝေးကွာနေပြီဖြစ်သော်လည်း ထိုပမာဏက သူ့ကိုလုံခြုံသည်ဟု ခံစားသွားရစေခဲ့၏။
အနီးတွင်တော့ စိတ်ဝိညာဉ်ကြွက်ဖြူနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်တို့ ဆော့ကစားနေခဲ့ကြသည်။ စိတ်ဝိညာဉ်ကြွက်ဖြူသည် စကားမပြောနိုင်သေးသော်လည်း သူ့သက်တမ်းအကန့်အသတ်က ဆက်လက် တိုးတက်နေဆဲဖြစ်ကာ သူ့တုန့်ပြန်နိုင်စွမ်းနှင့် အလျင်ကို အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှ်ိသေးသော သွေးအကျဉ်းထောင်မဟာသူတော်စင်က လုံး၀ လိုက်မမှီခဲ့ပေ။
ဝုန်းး!
အဝေးမှ နားကွဲလုမတတ်အသံကြီးတစ်သံထွက်ပေါ်လာပြီး ဆေးတောင်ကြားထဲရှိလူတိုင်း သတိအနေအထားဖြစ်သွားကြ၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် စိတ်ဝိညာဉ်ကြွက်ဖြူလည်း မိုးကုတ်စက်ဝိုင်းသို့ လှမ်းကြည့်လိုက်ပြီး တောင့်တင်းသွားခဲ့ကြသည်။
လက်ကိုးချောင်းနတ်အရှင်လည်း တရုတ်ကျားကစားနေရင်း အဝေးသို့တစ်ချက်ကြည့်လိုက်ကာ သူ့နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးသည့်နောက် သူ့အမူအရာလည်း ပျက်သွားခဲ့ရသည်။
ကုအန်ကတော့ တည်ငြိမ်နေဆဲသာ။ သူစနစ်ကိုဖွင့်ကြည့်နေရသည့် အကြောင်းအရင်းမှာလည်း ကိစ္စကြီးတစ်ခုဖြစ်တော့မှာကို ခံစားမိနေခဲ့သောကြောင့် ဖြစ်၏။
အသံကျယ်ကြီးထွက်ပေါ်မလာခင်တွင် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအောက်ခြေမှ အားကောင်းသောစွမ်းအားကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး အက်ကွဲကြောင်းတစ်ဖက်တစ်ချက်တွင် ကြီးမားလွန်းသော လှိုင်းလုံးကြီးများ ထိုးတက်လာခဲ့သည်။ လှိုင်းလုံးကြီးက ဆက်လက်၍ကြီးမားလာခဲ့ပြီး ကျန်း၃၀၀အမြင့်ထိ ရောက်ရှိသွားခဲ့ကာ ကုန်းမြေတိုက်ကြီးကို လွှမ်းမိုးတော့မလို ဆက်လက်ကြီးမားလာခဲ့၏။
ကျင့်ကြံသူအမြောက်အများ ထိုလှိုင်းလုံးကြီးဆီ အပြေးရောက်လာနေခဲ့ပြီး ကပ်ဘေးကိုတားဆီးဖို့ ကြိုးစားနေခဲ့သည်။
ကုအန် ထိတ်လန့်ဖွယ် စွမ်းအင်များ ပင်လယ်နက်ထဲမှ တိုးထွက်လာသည်ကိုလည်း ခံစားမိနေပြီး ထိုအရာများက ကမ္ဘာခြားနတ်အာဃာတတစ္ဆေများဖြစ်ရမည်ဟု ခန့်မှန်းလိုက်မိ၏။
ကမ္ဘာခြားနတ်အာဃာတတစ္ဆေများသည် ကမ္ဘာခြားနတ်မြို့တော်မှ နတ်ဝိညာဉ်မိစ္တာများနှင့် မတူဘဲ ထိုကောင်များတွင် စိတ်ဝိညာဉ်အသိညဏ်ပါ ပါရှ်ိကြသည်။ သူတို့သည် သူတို့၏အရင်ကမှတ်ညဏ်များကိုပင် ပြန်ရယူနိုင်ကြသေး၏။ သို့သော် သူတို့စရိုက်ကတော့ လုံး၀ ပြောင်းလဲသွားခဲ့ကာ သူတို့နှင့်တွေ့သမျှသက်ရှိများကို သတ်ဖြတ်ပစ်ကြသည်။ ထို့ကြောင့် ပင်လယ်ပြင်ရှ်ိ အမတကျင့်ကြံခြင်းလောကတွင် မုန်တိုင်းထန်နေခဲ့၏။
အာဃာတတစ္ဆေများ၏ ကြောက်စရာကောင်းသောအပိုင်းမှာ သူတို့၏ ခွန်အားမဟုတ်ကြပေ။ သူတို့၏ စိတ်ဝိညာဉ်အသိညဏ်နှင့် မှတ်ညဏ်များဖြစ်ကြပြီး ထိုအရာများနှင့် သက်ရှိများကိုရန်ပြုလိုသည်မှာ အတော်လေး ကြောက်စရာကောင်းလှသည်။
စိတ်ဝိညာဉ်အသိညဏ်ရှိနေခြင်းဆိုသည်မှာ ထိုတစ္ဆေများသည် သူတို့ကိုယ်ပိုင်စည်းမျဉ်းများကို ချမှတ်ပြီး အမတကျင့်ကြံခြင်းကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု ဆိုလိုနေခြင်း ဖြစ်၏။
ကုအန်ထရပ်လိုက်ပြီး တောင်ကြားတစ်ခုလုံးထိတ်လန့်နေကြသောကြောင့် သူလည်း အရမ်းတည်ငြိမ်မနေသင့်ဘူးဟု တွေးလိုက်သည်။
ကမ္ဘာခြားနတ်အာဃာတတစ္ဆေများကို သတ်ဖြတ်ခြင်းမှ သက်တမ်းရရှိနိုင်မလားဆိုတာလည်း သူသိချင်နေခဲ့၏။
တကယ်လို့ ရရှ်ိနိုင်လျှင်တော့ သူစောစောစီးစီး ၀င်ပါသင့်ပါရပေလိမ့်မည်။
ထိုစဉ် ယန်ကျင်း ကုအန်ဆီပြေးလာခဲ့ပြီး သူ့ဘေးတွင်ရပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“ဆရာ ကျွန်တော့်ကိုမိစ္ဆာတွေ တစ္ဆေတွေဝိုင်းတိုက်ခိုက်ကြတဲ့ ပုံရိပ်ယောင်တစ်ခု မြင်ခဲ့ရတယ်”
သူ့မျက်လုံးထဲ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့၏။ ထိုအရာသည် ပုံရိပ်ယောင်သက်သက်သာမဟုတ်ဘဲ သေဘေးနှင့်အမှန်တကယ်ကြုံတွေ့ခဲ့ရသလို သူခံစားနေခဲ့ရသည်။
ဤသည်မှာ မမြင်ရသောနေရာတစ်ခုမှ ကြောက်စရာတစ်ခုခုက သူ့ဆီချဉ်းကပ်လာသလိုပင်။
ကုအန် ယန်ကျင်းကို ကြည့်လိုက်ပြီး ရုတ်တရက် သူ့ကမ္မအကျိုးအကြောင်းတရားများသည် ဝေဝါးသွားမှန်း သတိထားမိသွားခဲ့၏။ သူတို့ ကမ္မဆက်သွယ်မှုကိုဖြတ်၍ သူယန်ကျင်း၏အတိတ်ကို ကြည့်ရှုမရတော့ပေ။
“စိတ်မပူပါနဲ့ ဆရာ့ဘေးမှာပဲနေ ဘာများဖြစ်လာနိုင်မှာလဲ မင်းကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထား” ကုအန် သူ့ကိုနှစ်သိမ့်လိုက်သည်။
တကယ်တော့ ထိုကိစ္စနောက်ကွယ်က အကြောင်းတရားကိုသူလည်း သေချာမသိပေ။
သူသည် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးဖြစ်သော်လည်း သက်တမ်း ၁၅၀ကျော်သာ နေထိုင်ခဲ့ပြီးသူဖြစ်သောကြောင့် ကမ္ဘာကြီး၏ ကိစ္စအများကြီးကို မသိရှိပေ။
သူသည်ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းများကိုဖြတ်၍ မြင်နိုင်သော်လည်း ဖန်ဆင်းရှင်အဆင့်သို့တော့ မရောက်သေးပေ။
ထိုမြင်ကွင်းက ယန်ကျင်း၏ ခန္ဓာနှင့်ပတ်သက်နေမည်လို့တော့ ကုအန် မှန်းဆမိသည်။ အမတရှာဖွေတာအိုပညာရှင်ပြောစကားအရ ယန်ကျင်းတွင် ရှေးဟောင်းရတနာခန္ဓာတစ်မျိုးရှိသည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။
ကုအန်၏နှစ်သိမ့်စကားကိုကြားလိုက်ရသောအခါ ယန်ကျင်း ချက်ချင်းစိတ်အေးသွားခဲ့၏။
မှန်ပေသည်။ သူ့ဆရာသာ အနားမှာရှိနေလျှင် ဘာကိစ္စဖြစ်လာနိုင်မည်နည်း။
ထို့နောက် ကုအန်တပည့်များစုဝေးနေသောနေရာသို့သွားကာ အဖြစ်အပျက်များကို ဆွေးနွေးပြီး သူ့ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဟူသော ပုံရိပ်ကိုထိန်းထားရန် ပြင်လိုက်လေသည်။
……
မွန်းတည့်ချိန်တွင်
အမတရှာဖွေကျွန်း၌
ခြံ၀န်းတစ်ခုထဲတွင် အမတရှာဖွေတာအိုပညာရှင် ကုအန်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်ရှုနေခဲ့၏။
သူကုအန်အတွက် ဝိုင်ငှဲ့ပေးလိုက်ပြီး မေးလိုက်သည်။
“တာအိုမိတ်ဆွေမုန့်က ဘယ်လိုလုပ်ကျွန်တော်ဒီမှာရှိတာ သိသွားတာလဲ
သူအမတရှာဖွေကျွန်းပေါ်ပြန်ရောက်တာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း သူ့စံအိမ်ထဲတွင်သာနေခဲ့ပြီး အပြင်တစ်ခါမှ မထွက်ခဲ့ဖူးပေ။
ကုအန်ပြန်ပြောလိုက်သည်။
“ကျွန်တော်က မိတ်ဆွေပြန်လာကတည်းက သိပါတယ် အဲ့ဒီတုန်းက လူအဝောာ်များများလည်း သတိထားမိခဲ့ကြပါတယ် ကျွန်တော်အခုလာတာက ကျွန်တော့်တပည့် ပြဿနာတစ်ခုနဲ့ ကြုံတွေ့နေရလိုပါ”
ယန်ကျင်းအကြောင်းကြားသောအခါ အမတရှာေဖွတာအိုပညာရှင် စိတ်၀င်စားသွားပြီး မေးခွန်းများမေးမြန်းလိုက်၏။
ကုအန်လည်း မခြွင်းမချန်အကုန်ပြောပြလိုက်သည်။
နားထောင်ပြီးသောအခါ တာအိုပညာရှင်၏အမူအရာ ရှုပ်ထွေးသွားခဲ့၏။ သူသက်ပြင်းချကာ ပြောလိုက်သည်။
“ရှေးဟောင်းရတနာခန္ဓာတွေမှာ ကိုယ့်ကိုကိုယ်ကာကွယ်တတ်တဲ့ မသိစိတ်ရှိကြတယ် သူ့ခန္ဓာကလည်း ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်ကို အလိုလိုအာရုံခံမိပုံပဲ ကြည့်ရတာ အဲ့ဒီမှာ နောက်ထပ်ရတနာခန္ဓာတစ်ခုရှိနေပုံပဲ ကျွန်တော်ကြားဖူးတာတော့ ရှေးဟောင်းရတနာခန္ဓာတွေက အချင်းချင်းပြိုင်ဆိုင်လိုမှု ပြင်းထန်ကြတယ်တဲ့ အထူးသဖြင့် မွေးရာပါရှေးဟောင်းရတနာခန္ဓာတွေက တစ်ခုရဲ့ တည်ရှိမှုကို တစ်ခုက အာရုံခံမိပြီး တစ်ခုကိုတစ်ခု ဝါးမြိုဖို့ကြိုးစားကြတယ်”
“တကယ်လို့ ရှေးဟောင်းရတနာခန္ဓာက ပင်လယ်အက်ကွဲကြောင်းကလာတာဆိုရင်တော့ အဲ့ဒီမှာ ရှေးခတ်ကသန်မာတဲ့ ကျင့်ကြံသူတစ်ယောက်ကနေပြောင်းလဲသွားတဲ့ ကမ္ဘာခြားနတ်အာဃာတတစ္ဆေမျိုးရှိနေတာဖြစ်နိုင်တယ် ဒီလိုဆိုရင်တော့ ဒါက ပြဿနာကြီးပဲ”
သူသည် ကပ်ဘေးမှရှောင်ရှားရန် အမတရှာဖွေကျွန်းကို ပြန်လာခဲ့ခြင်း ဖြစ်၏။
ထိုအခိုက်တွင် ကုအန် ယန်ကျင်းကို အမတရှာဖွေကျွန်းသို့ခေါ်လာမည်ကိုကြောက်ပြီး ကျွန်းပေါ်မှပင် ထွက်ပြေးဖို့ စဉ်းစားလိုက်မိသည်။
သူယန်ကျင်းကို အားကျမိသော်လည်း ယန်ကျင်းအတွက်တော့ အသေခံမည် မဟုတ်ပေ။
ယန်ကျင်းသည် သူ့တပည့်လည်းမဟုတ်ပေ။
သူတပည့်ဆိုလျှင်တောင် သူစွန့်ပယ်ပစ်လိုက်မှာ ဖြစ်သည်။
အမတရှာဖွေတာအိုပညာရှင် ကုအန်ကိုကြည့်ကာ ယန်ကျင်းကို လက်လျှော့လိုက်ဖို့ ဖျောင်းဖြချင်နေခဲ့၏။ သို့သော် သူ့စကားက အရာရောက်မည်တော့ မဟုတ်ပေ။ ကုအန်သည် သူ့ဟာသူ ကိစ္စများကို ချိန်ဆလိမ့်မည်ဖြစ်ပြီး တစ်ခုခုသွားပြောပါက မပျော်မရွှင်သာ ဖြစ်သွားပေလိမ့်မည်။
ကုအန်လည်း တွေးတောနေခဲ့သည်။
မနေ့က ပေါ်ပေါက်လာသော ဆူနာမီလှိုင်းလုံးကြီးက ဆက်လက်ကြီးမားလာခဲ့၏။ ကျင့်ကြံသူများ တားဆီးရန် ကြိုးစားနေကြသော်လည်း မအောင်မြင်ခဲ့ပေ။ လှိုင်းလုံးများထဲရှိ အားကောင်းေသာ စိတ်ဝိညာဉ်စွမ်းအားအချို့က တိုက်ခိုက်လာသမျှ စိတ်ဝိညာဉ်စွမ်းအားတိုင်းကို ချေဖျက်ပစ်နေခဲ့သည်။
တစ်ရက်ကြာပြီးသည့်နောက် ထိုလှိုင်းလုံးကြီးများက ကျန်း ၁၀၀၀ ပင်ကျော်လာခဲ့၏။
ကျန်းတစ်ထောင်မြင့်သော လှိုင်းလုံးကြီးသည် အလွန်ကြောက်စရာကောင်းလှပြီး လမ်းတစ်လျှောက်ရှိ ကျွန်းများအားလုံးကို ဝါးမြိုသွားခဲ့သည်။
လတ်တလောတွင် ကြယ်ပင်လယ်အဖွဲ့အစည်းမှ မြေလျှောက်အမတများက တားဆီးရန်ကြိုးစားနေကြသော်လည်း မအောင်မြင်ခဲ့ပေ။
အမတရှာဖွေတာအိုပညာရှင် ကုအန်အတွေးနက်နေသည်ကို ကြည့်ပြီး မနှောင့်ယှက်ဘဲ ဝိုင်ခွက်ကိုသာ ကစားနေခဲ့၏။
တခဏအကြာတွင် ကုအန် တာအိုပညာရှင်ကို ကျေးဇူးတင်လိုက်ပြီး ထွက်သွားဖို့ ထရပ်လိုက်လေသည်။
အမတရှာဖွေတာအိုပညာရှင် ကုအန်ကို ဆက်နေဖို့ မတားခဲ့ပေ။ ကုအန်ရောက်ရှိလာမှုက သူ့အတွက် သတင်းအချက်အလက်များ ပိုရလာစေသည်ဟုလည်း ယုံကြည်နေခဲ့၏။
ပြီးပြည့်စုံသွားသော ရှေးဟောင်းရတနာခန္ဓာတစ်ခု ပေါ်ထွက်လာပြီဟူသော အတွေးက သူ့ကိုစိုးရိမ်ပူပန်သွားစေခဲ့သည်။
မဖြစ်သေးပေ။ သူဤကပ်ဘေးမှ လွတ်မြောက်အောင်ကြိုးစားရပေမည်!