← Chapters

အဆုံးအဖြတ်တိုက်ပွဲထဲက ထင်မှတ်မထားသော အလှည့်အပြောင်း

Vol. 26 Ch. 267

အဆုံးအဖြတ်တိုက်ပွဲထဲက ထင်မှတ်မထားသော အလှည့်အပြောင်း

Vol. 26 Ch. 267

၀မ်လင်းဂိုဏ်းထဲတွင် လူတိုင်း ကျင်းတောက် ညှိနှိုင်းပြီး ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ကျင်းတောက် ပြန်ရောက်လာသောအခါ လူတိုင်း သူ့နားဝိုင်းလိုက်ကြပြီး မေးလိုက်ကြ၏။

“ဘယ်လိုဖြစ်သွားလဲ အဇူရာတိမ်ဂိုဏ်းက သဘောတူခဲ့လား ငါတို့အခုဘာလုပ်ရမလဲ တကယ်လို့ စစ်ပွဲဖြစ်လာရင် ငါတို့ဘာတွေပြင်ဆင်ထားသင့်လဲ”

ပွက်လောရိုက်နေသော လူအုပ်ကြီးကို ကျိုးရွှမ်ရှန်း လက်မြှောက်ပြ၍ ငြိမ်ခိုင်းလိုက်ပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက ဘာပြောလဲ”

ကျင်းတောက် ပြုံးလိုက်၏။

“မျှော်လင့်ထားသလိုပါပဲ ချင်းယွင်ကျိက ကုန်းမြေတိုက်ကြီးနှစ်ခုပေါ်က ဘီလီယံနဲ့ချီတဲ့သက်ရှိတွေကို ပစ်မထားနိုင်ဘူး သူက တစ်ယောက်ချင်းတိုက်ခိုက်ဖို့ သဘောတူခဲ့တယ်”

“ကောင်းတယ်”

၀မ်လင်းဂိုဏ်း ခန်းမထဲကလူများ အောင်ပွဲမခံဘဲ မနေနိုင်ခဲ့ကြပေ။

လူတိုင်း၏ အမူအရာများကိုမြင်သောအခါ ကျိုးရွှမ်ရှန်းစိတ်ထဲ ခံစားချက်များ ရောပြွန်းသွားခဲ့လေသည်။

ကမ္ဘာပေါ်ရှိ အကြီးမြတ်ဆုံးဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ၀မ်လင်းဂိုဏ်းက တကယ်ကြီး အဇူရာတိမ်ဂိုဏ်းကို ကြောက်နေရခြင်းပေလော။

သူ့နှလုံးသားထဲက ဒေါသကို ဖိနှိပ်ထားရင်း သူမေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းမှာ အခြားအခြေအနေတွေရှိသေးလား”

“ရှိပါတယ်” ကျင်းတောက် ဆက်ပြောလိုက်သည်။

“ချင်းယွင်ကျိကိုယ်တိုင်တိုက်ခိုက်မှာမဟုတ်ဘူး သူ့အစား တာအိုပေါင်းစည်းခြင်းအဆင့် ၁ယောက် နတ်ဝိညာဉ်အဆင့် ၆ယောက်နဲ့ ဝိညာဉ်အခြေတည်အဆင့် ၃ယောက်က တိုက်ခိုက်ကြမှာ

အားလုံးပေါင်း ၁၀ပွဲတိုက်ခိုက်ရလိမ့်မယ် တစ်ပွဲကို ၅ဘီလီယံကြေး”

တစ်ချိန်တည်းမှာပင် သူကျိုးရွှမ်ရှန်းကို အဇူရာတိမ်ဂိုဏ်းဘက်က ကျန်းချမ်ချိုးး၏အထွတ်အထိပ်စိတ်ဝိညာဉ်ရတနာကိုလည်း ဝောာင်းလိုက်ကြောင်း လျှို့ဝှက်အသံကူးပြောင်းကာ ပြောလိုက်၏။

ထိုကိစ္စကလူအများရှေ့တွင် ပြော၍ရသောအရာ မဟုတ်ပေ။

ကျိုးရွှမ်ရှန်း မျက်မှောင်ကြုံ့သွားခဲ့သည်။

ကျန်းချမ်ချိုးသည် ၀မ်လင်းဂိုဏ်း၏အခြေအနေကို ဖြေရှင်းဖို့ အကြံဉာဏ်ကောင်းပေးခဲ့သူဖြစ်၏။ သူ့ကိုသာ အဇူရာတိမ်ဂိုဏ်းဆီ ရောင်းစားလိုက်လျှင် ဂိုဏ်းသားများက ဂိုဏ်းကို မေးခွန်းထုတ်ကြပေတော့မည်။

ကျိုးရွှမ်ရှန်း မျက်မှောင်ကြုံ့နေသော်လည်း ဘာမှတော့ မပြောခဲ့ပေ။

အခြေအနေအားလုံးသည် သူမျှော်မှန်းထားသည့်ဘောင်အတွင်းတွင်သာ ရှိနေသေးမှန်း သူသိနေ၍ဖြစ်သည်။

လက်ရှိအခြေအနေတွင် အဇူရာတိမ်ဂိုဏ်းဆီပေးလျော်ရမည့် လျော်ကြေးပမာဏသည် သူတို့ပေးဆောင်နိုင်သည့် ပမာဏတို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

ပြဿနာမှာ ကျန်းချမ်ချိုးသာဖြစ်၏။

ကြည့်ရသည်မှာ သူသည် ကျန်းချမ်ချိုးကို သူ့ရတနာဆုံးရှုံးရမည့်အတွက် လျော်ကြေးများ ပေးဆောင်ရတော့မည့်ပုံပင်။ သို့မဟုတ် သူကျန်းချမ်ချိုးကို ဒီတိုင်း ဖျောက်ထားလိုက်သင့်ပါသလော။

လူတိုင်းပျော်ရွှင်နေကြချိန်တွင် ကျိုးရွှမ်ရှန်းကတော့ အတွေးနက်နေခဲ့၏။

ဂိုဏ်းနှစ်ဂိုဏ်းကြား ညှိနှိုင်းမှုက အဆင်ပြေပြေပြီးဆုံးသွားခဲ့ပြီး စစ်ပွဲကို ရှောင်ရှားနိုင်ခဲ့ချေပြီ။ လက်ရှိအခြေအနေက ကောင်းမွန်လွန်းလှသည်။

“ဒီလိုဆိုမှတော့ ၀င်ပြိုင်မယ့်သူတွေကို ရွေးလိုက်ကြတာပေါ့”

ကျိုးရွှမ်ရှန်း အေးအေးဆေးဆေးပြောလိုက်၏။

“ကျင်းတောက် အဇူရာတိမ်ဂိုဏ်းကို ငါတို့ဘက်ကနေ ၀င်ပြိုင်မယ့်သူတွေကို ပို့လိုက်မယ်လို့ အကြောင်းပြန်လိုက် ကျိုးကျွင်းချန် ၀င်ပြိုင်မယ့်သူတွေကိုမင်းရွေးလိုက် ငါ့အောက်ခြေစည်းက ၂၀ဘီလီယံ ထက်ပိုမပေးဖို့ပဲ”

“စိတ်ချပါဂိုဏ်းချုပ် ကျွန်တော်လိုအပ်ရင် သူတို့အသက်ကိုပါလောင်းကြေးတင်နိုင်ဖို့ စီစဉ်ထားလိုက်ပါ့မယ် ကျွန်တော်တို့အနည်းဆုံး ၆ပွဲတော့ နိုင်ကိုနိုင်ရမယ်” ကျိုးကျွင်းချန် လေးလေးနက်နက်ပြောလိုက်သည်။

ဤကိစ္စသည် သူတို့၀မ်လင်းဂိုဏ်း၏လျော်ကြေးကိစ္စနှင့်ပတ်သက်နေသောကြောင့် ပေါ့ပေါ့တန်တန်သဘောထား၍ မဖြစ်ပေ။

“ကောင်းတယ် သွားစီစဉ်တော့” ထို့နောက် ကျိုးရွှမ်ရှန်း ကျန်းချမ်ချိုးကို ကြည့်လိုက်၏။

“အဖြေကောင်းတစ်ခုထုတ်ပေးနိုင်တဲ့သူကို ထိုက်ထိုက်တန်တန်ဆုချီးမြင့်မယ်လို့ ငါပြောခဲ့တယ် ငါနဲ့လိုက်ခဲ့”

ကျန်းချမ်ချိုးအပျော်လွန်သွားကာ ကျိုးရွှမ်ရှန်းနောက်သို့ လိုက်သွားခဲ့လေသည်။

မကြာခင်တွင် ၀မ်လင်းဂိုဏ်းသည် တိုက်ခိုက်မည့် ပြိုင်ပွဲ၀င်များကို ရွေးချယ်ကာ အဇူရာတိမ်ဂိုဏ်းဆီ ချီတက်သွားခဲ့၏။

ပြိုင်ပွဲရလဒ်များကတော့ အားလုံးထင်ထားသည့်အတိုင်းပင်။

အဇူရာတိမ်ဂိုဏ်းက တမင်အရှုံးခံချင်နေပြီး ၀မ်လင်းဂိုဏ်းက အနိုင်ရရေးအတွက် အသက်ကိုစွန့်ပြီးပင် တိုက်ခိုက်ချင်နေလေရာ ရလဒ်က ပြောနေစရာပင် မလိုတော့ပေ။

စန်းစုန့်သည် သူနှင့်ကျင့်ကြံခြင်းကွာဟချက်ကြီးမားလွန်းသော တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။

အခြေအနေကို သိရှိ‌ေနပြီး တစ်ဖက်လူကလည်း အသက်ကိုစွန့်ပြီးပင်တိုက်ခိုက်နေလေရာ တိုက်ကွက်အနည်းငယ်တိုက်ခိုက်ပြီးနောက် သူအရှုံးပေးလိုက်ရ၏။

ပိလင်းကျိသည် ၀င်္ကပါပညာတွင် ကျွမ်းကျင်သော်လည်း တိုက်ပွဲထဲတွင် ဘယ်ပြိုင်ဘက်က သူ့ကို၀င်္ကပါဆောက်ဖို့ အချိန်ပေးပါမည်နည်း။

သူမလည်း ခြွင်းချက်မရှိ ရှုံးနိမ့်ခဲ့ရသည်။

တန်ချန်ကျိနှင့်ဟော်လင်းကျိတို့ကတော့ တိုက်ပင်မတိုက်ခိုက်ဘဲ တမင်သက်သက် အရှုံးပေးခဲ့ကြ၏။

ပိုင်ယွင်ကျိ အတွက်မူ သူမစိတ်ဝိညာဉ်စွမ်းအားက အားကောင်းသော်လည်း လုံလောက်အောင်သန်မာသော နည်းစနစ်မရှိလျှင် သူမတကယ့်စွမ်းအားကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

လက်နက်သန့်စင်သူတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံရရန်အတွက်သာ ၀င်ပြိုင်သော ချင်းရှုကလည်း မရှုမလှရှုံးနိမ့်ခဲ့ရ၏။

ထိုပွဲများက အဇူရာတိမ်ဂိုဏ်း တမင်သက်သက်အရှုံးခံခဲ့သော ပွဲများဖြစ်သောကြောင့် သူတို့ခြွင်းချက်မရှိ ရှူံးနိမ့်ခဲ့ကြရသည်။

အဇူရာတိမ်ဂိုဏ်းအနိုင်ယူဖို့ ဆုံးဖြတ်ထားသောပွဲမှာ လင်းယွင်ကျိ၏ပွဲသာ ဖြစ်၏။

လင်းယွင်ကျိသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။ စိတ်ဝိညာဉ်ထိန်းချုပ်၀တ်ရုံနှင့်အမြဲစိမ်းဓားကလည်း ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ရတနာများဖြစ်သောကြောင့် သူသည် ပြိုင်ဘက်ကို တိုက်ရိုက်ပင် ချေမွပစ်နိုင်ခဲ့၏။

ကျန်းယန်ကလည်း သူ့စွမ်းဆောင်ရည်ကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာကတည်းက ပြသထားပြီးသားသူ ဖြစ်ပေသည်။ သူသည် ၀မ်လင်းဂိုဏ်းက ဝိညာဉ်အခြေတည်အဆင့်ကို သက်တောင့်သက်သာပင် အနိုင်ယူပြခဲ့၏။

ထိုနှစ်ပွဲက အဇူရာတိမ်ဂိုဏ်းအနိုင်ယူဖို့ဆုံးဖြတ်ထားသောပွဲများဖြစ်ကြသည်။

သို့သော် ဟွာလင်းကျိ အလှည့်သို့ရောက်သောအခါ မတော်တဆမှုတစ်ခု ဖြစ်ပွားသွားခဲ့၏။

အစီအစဉ်အရဆိုလျှင် ဟွာလင်းကျိသည် အရှုံးပေးရမှာဖြစ်သည်။

သူဘယ်လိုစိတ်ရူး၀င်သွားခဲ့သလဲ ဘယ်သူမှ မသိခဲ့ပေ။ သူသည် တိုက်ပွဲထဲတွင် အားကုန်သုံး၍ တိုက်ခိုက်ခဲ့၏။ သူ့လက်ထဲက စုတ်တံဖြင့် အဆောင်များကိုတစ်ခုပြီးတစ်ခု ရေးဆွဲကာ တိုက်ခိုက်နေခဲ့သည်။

ကျန်းယန် မျက်မှောင်ကြုံ့ကာ သူ့ဘေးက လင်းယွင်ကျိကို ကြည့်လိုက်၏။

“ဆရာဦးလေး ၅ ဘာဖြစ်သွားတာလဲ”

လင်းယွင်ကျိနှင့်အခြားသူများလည်း မျက်မှောင်ကြုံ့နေခဲ့ကြသည်။ အဆောင်တာအိုတွင် ကြီးမားသောတိုက်ခိုက်ရေးစွမ်းအားရှိသော်လည်း ဟွာလင်းကျိ၏တိုက်ခိုက်ရေးအတွေ့အကြုံမှာ သုည သာဖြစ်၏။

ယခင်နှစ်များအတွင်းသူသည်မိစ္ဆာများကိုသာဖိနှိပ်နေခဲ့ရလေရာ တိုက်ခိုက်ဖို့အခွင့်အရေး ဘယ်မှာရနိုင်ပါမည်နည်း။

၀မ်လင်းဂိုဏ်းဘက်ကတော့ နတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တစ်ယောက်ကို စေလွှတ်ခဲ့ခြင်းဖြစ်ပြီး အတွေ့အကြုံရင့်သော ထိုလူက အားကုန်သုံးကာ အသက်ကိုရင်း၍ တိုက်ခိုက်နေခဲ့သည်။

ထိုအခြေအနေအောက်တွင် ဟွာလင်းကျိအတွက်ဘာကောင်းကျိုးမှ မရှိနိုင်ပေ။

အစီအစဉ်အရဆိုလျှင် သူသည် အရှုံးပေးကာ ထွက်လာရမည် ဖြစ်သည်။

သို့သော် ဟော်လင်းကျိက သူ့လက်ထဲက စုတ်တံဖြင့်အဆောင်များတစ်ခုပြီးတစ်ခုရေးဆွဲကာ ခက်ခက်ခဲခဲခုခံတိုက်ခိုက်နေပြီး အရှုံးပေးဖို့ ငြင်းဆန်နေခဲ့၏။

ကျိုးကျွင်းချန်မျက်မှောင်ကြုံ့ကာ စန်းစုန့်ကိုမေးလိုက်သည်။

“မင်းတို့လူက ငါတို့လူ့ရဲ့ပြိုင်ဘက်မဟုတ်တာရှင်းနေတာပဲကို ဆက်တိုက်ခိုက်နေစရာ လိုသေးလို့လား”

သူ၀မ်လင်းဂိုဏ်းက ကျင့်ကြံသူ ‌ဟွာလင်းကျိကိုမတော်တဆသတ်မိလိုက်မှာကို စိတ်ပူနေခြင်းဖြစ်၏။ ထိုသို့ဖြစ်သွားလျှင် အဇူရာတိမ်ဂိုဏ်းကလည်း ငြိမ်ခံနေတော့မည် မဟုတ်ပေ။

သူတို့ညှိနှိုင်းထားသမျှအားလုံး ပျက်ပြယ်သွာနိုင်ပေသည်။

လင်းယွင်ကျိသက်ပြင်းချကာ ကျန်းယန်ကိုပြောလိုက်၏။

“ငါတို့ ညီလေး ၅အစားအရှုံးပေးလိုက်သင့်လား”

ကျန်းယန် ခေါင်းခါပြလိုက်သည်။

“ဆရာဦးလေး ၅ ဘာလို့ရူးသွပ်နေလဲ ကျွန်တော်မသိပေမယ့် သူ့အစားအရှုံးပေးလိုက်ဖို့တော့ မသင့်တော်ဘူး တာအိုမိတ်ဆွေအိုကြီး ဆရာဦးလေး ၅ အန္တရာယ်ရှိတာနဲ့ ကယ်ဖို့ အသင့်ပြင်ထားပါ ဝမ်လင်းဂိုဏ်းရဲ့ သဘောထားကိုမစိုးရိမ်နဲ့”

စန်းစုန့်လည်း အချိန်မရွေးကယ်တင်နိုင်ရန် အသင့်ပြင်ထားလိုက်၏။

တိုက်ပွဲကွင်းပြင်ထဲတွင် ၀မ်လင်းဂိုဏ်းမှ နတ်ဝိညာဉ်အဆင့် ဟွာလင်းကျိကို လှောင်ပြောင်လိုက်လေသည်။

“မင်းကအဆောင်တာအိုကို အဆောင်ရေးဖို့လောက်‌ပဲတတ်တာ တိုက်ပွဲထဲမှာ ဘယ်လိုသုံးရမလဲဆိုတာကိုတောင် သိတာမဟုတ်ဘူး မင်းကငါ့ပြိုင်ဘက်မဟုတ်ဘူး အခု အရှုံးပေးလိုက်တော့”

စုတ်ပြတ်နေသော ဟွာလင်းကျိ အဆောင်တစ်ခုရေးဆွဲကာ လေအလွှာတစ်ခုဖန်တီးလိုက်ပြီး ရန်သူ၏တိုက်ကွက်ကို ကာထားလိုက်၏။

ထို့နောက် သူပြုံးလိုက်သည်။

စုတ်တံကိုတစ်ချက်ဆွဲလိုက်ပြီးနောက် သူခပ်ရှရှ အော်ပြောလိုက်၏။

“စုစည်း”

အရုပ်နဂါးကိုအသက်သွင်း ဟူသော သက်ရောက်မှုက ရုပ်လုံးပေါ်လာလေသည်။

သူအစကတည်းက ရေးဆွဲထားခဲ့သော အဆောင်များက ရုတ်ချည်းဆိုသလို သူ့နောက်ဆုံး စုတ်ချက်ကိုတုံ့ပြန်ကာ စတင်စုဝေးလာခဲ့ကြ၏။

မရေတွက်နိုင်သော အဆောင်များက တဖြည်းဖြည်း စု‌‌ေ၀းလာကာ ပန်းချီစာလိပ်တစ်ခုဖြစ်လာခဲ့သည်။

တိုက်ပွဲကွင်းပြင်ထဲတွင် ရပ်နေသော ၀မ်လင်းဂိုဏ်းကျင့်ကြံသူကိုလည်း အဆောင်များက ဆွဲခေါ်နေခဲ့၏။

ထိုလူ့အမူအရာချက်ချင်းပြောင်းလဲသွားကာ ပန်းချီဆီပါမသွားဖို့ အားကုန်သုံး၍ ရုန်းကန်လိုက်ရသည်။

သို့သော် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ပန်းချီကားကဖုံးလွှမ်းသွားချိန်တွင်တော့ သူပန်းချီထဲရောက်ရှိသွားခဲ့ပြီး ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ပေ။

သူထိုပန်းချီထဲသို့ ဆွဲခေါ်ခံလိုက်ရသည်ကိုသာ အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရ၏။

သူ့နှလုံးသားထဲ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာခဲ့သည်။ သူသာ ထိုပန်းချီကားထဲ ရောက်ရှိသွားခဲ့လျှင် အထဲတွင် သူ့ကိုဘယ်လိုအရာများက စောင့်ကြိုနေပါမည်နည်း။

“ပေါက်ကွဲ”

အနည်းဆုံးတော့ သရေရလဒ်ရရှိသွားစေရန် သူကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်ဖို့ ဆုံးဖြတ်လိုက်၏။

“ဝုန်းးး”

နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခု ကွင်းပြင်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက စင်မြင့်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး နောက်ဆုံးတွင် ဟွာလင်းကျိ၏ပန်းချီကားလည်း ဖျက်ဆီးခံလိုက်ရ၏။

နောက်ဆုံးတွင် ဟွာလင်းကျိသည် ၀မ်လင်းဂိုဏ်းကျင့်ကြံသူကို သူ့ပန်းချီကားထဲ ဆွဲမခေါ်နိုင်ခဲ့ပေ။ သို့သော်လည်း သူ့အကာအကွယ်ရတနာက ထိုပေါက်ကွဲမှုကို ကောင်းကောင်းကြီး တောင့်ခံနိုင်ခဲ့သည်။

ထို့ကြောင့် ဤတိုက်ပွဲတွင် သူအနိုင်ရခဲ့၏။

အသည်းအသန်ကြိုးစားခဲ့ရသော်လည်း နိုင်ပွဲတစ်ခုရယူပေးနိုင်ခဲ့သောကြောင့် ဟွာလင်းကျိ ကျန်းယန်ကို ဂုဏ်ယူစွာကြည့်လိုက်ကာ ပြောလိုက်သည်။

“ကောင်စုတ်လေး ငါအိုနေပြီလား မအိုသေးဘူးလား”

All Chapters