ဂိုဏ်းကြီး ၉ဂိုဏ်းမှ ကြီးမားလွန်းသောလျော်ကြေးပမာဏ
Vol. 26 Ch. 268
ဟွာလင်းကျိ၏ ရုတ်တရက်ရူးသွပ်သွားမှုက သူနှင့်သက်ဆိုင်နေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
ထိုအဖိုးကြီးများသည် အဇူရာတိမ်ဂိုဏ်းထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပြီး အပြင်လောကအကြောင်း ဘာမှမသိမှန်း သူကောင်းကောင်းကြီး သိ၏။ သူတို့၏ တိုက်ခိုက်လိုစိတ်များက ပျောက်ဆုံးနေတာ ကြာခဲ့ချေပြီ။
ထို့ကြောင့်လည်း သူထိုအဖိုးကြီးများကို အနည်းငယ်ဆွပေးခဲ့ခြင်း ဖြစ်သည်။
ထိုမီးပွားလေးအနည်းငယ်ကြောင့်ပင် ဟွာလင်းကျိသည် မီးတောက်သွားခဲ့၏။
ကျန်းယန် ဟွာလင်းကျိကိုကြည့်ကာ စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။
“ဆရာဦးလေး ၅ ဆရာဦးလေးက မအိုသေးပါဘူး လုံး၀ မအိုသေးဘူး ဆရာဦးလေးက ကျွန်တော့်ထက် နှစ်ရာဂဏန်းလောက်ပဲ ကြီးတာပါ ဆရာဦးလေး ၅ဘီလီယံ ရှာနိုင်ခဲ့ပြီ အမြန်ဆင်းလာခဲ့တော့ ကျွန်တော်တို့ပြန်ရောက်မှ အောင်ပွဲခံကြမယ်”
“ဟမ့်” ဟွာလင်းကျိ နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ စင်မြင့်ပေါ်မှ ဆင်းသက်လာခဲ့၏။
၀မ်လင်းဂိုဏ်းဘက်ခြမ်းတွင် ကျိုးကျွင်းချန်နှင့်အခြားသူများ အလွန်အမင်း မျက်နှာပျက်နေခဲ့ကြသည်။
ထိုအဖြစ်အပျက်က သူတို့မျှော်မှန်းထားတာထက် ကျော်လွန်နေခဲ့၏။
အထူးသဖြင့် ကျိုးကျွင်းချန်ပင်။ ဟွာလင်းကျိ၏ တိုက်ပွဲအတွေ့အကြုံက အတော်လေးအားနည်းမှန်း သူရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်။
သို့သော် သူ့နည်းလမ်းများကတော့ ရိုးရှင်းမနေခဲ့ပေ။
နောက်ဆုံးတိုက်ကွက်က ၀မ်လင်းဂိုဏ်း နတ်ဝိညာဉ်အဆင့်ကို လုံး၀ ဖိနှိပ်ပစ်နိုင်ခဲ့ပြီး ထိုတိုက်ကွက်ကြောင့် သူ့အသက်နှင့်အတူ ၅ဘီလီယံကိုလည်း ဆုံးရှုံးခဲ့ရ၏။
လက်ရှိတွင် ၀မ်လင်းဂိုဏ်းပေးလျော်ရမည့် လျော်ကြေးပမာဏက ၁၅ဘီလီယံ သို့ရောက်ရှိနေခဲ့ချေပြီ။
သို့သော် စိတ်အေးစရာမှာ ပွဲအရေအတွက်ကလည်းဘာမှကျန်မနေတော့ပေ။ စစ်ထူမင်ယွဲ့ တစ်ပွဲသာ ကျန်တော့ပြီး ထိုတိုက်ပွဲတွင်တော့ ဘာမတော်တဆမှ ဖြစ်မလာနိုင်လောက်တော့ပေ။
ထို့နောက်တွင်တော့ ထုံးစံအတိုင်းပင် သူစိတ်ပူနေသည့် အရာက တည့်တည့်ကြီးကို ဖြစ်လာခဲ့၏။
ထိုအဖြစ်အပျက်ကို ကျန်းယန်လည်း မျှော်လင့်မထားခဲ့မိပေ။
သူအစကထင်ထားခဲ့သည်မှာ တိုက်ပွဲအတွေ့အကြုံနည်းသော စစ်ထူမင်ယွဲ့ကို အသေခံတိုက်မည့် ၀မ်လင်းဂိုဏ်း ဝိညာဉ်အခြေတည်အဆင့်က အလွယ်တကူ လွှမ်းမိုးသွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်မထားဘဲ တိုက်ပွဲက ပိုပြီးမြန်မြန်ပင် ပြီးသွားခဲ့၏။
တိုက်ပွဲကွင်းပြင်ထဲတွင် သူ့ပြိုင်ဘက်ကို မျက်နှာချင်းဆိုင်နေသော စစ်ထူမင်ယွဲ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရုတ်တရက် နှင်းမြူများဖြင့် ရစ်သိုင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ မရေတွက်နိုင်သော အရိပ်များ ထွက်ပေါ်လာခဲ့၏။
ထိုအရိပ်များက ၀မ်လင်းဂိုဏ်းကျင့်ကြံသူဆီ ပြေး၀င်သွားခဲ့လေသည်။ မရေတွက်နိုင်သော ပုံရိပ်များအလယ်တွင် ၀မ်လင်းဂိုဏ်းကျင့်ကြံသူ ဘယ်လိုမှ မခုခံနိုင်ဘဲ ချက်ချင်း အေးခဲသွားခဲ့ရ၏။
“စီနီယာအစ်ကိုကြီး ညီမလေး နိုင်သွားပြီ” စစ်ထူမင်ယွဲ့ စင်မြင့်ပေါ်မှ ပျော်ရွှင်စွာ ခုန်ဆင်းလာခဲ့သည်။
ကျန်းယန်ကတော့ ခံစားချက်များရောပြွန်းနေခဲ့၏။
ငါနင့်ကိုနိုင်စေချင်တော့ နင်ကမနိုင်ဘူး ငါနင့်ကိုရှုံးစေချင်တော့ နင်ကနိုင်သွားတယ်!
ဤနိုင်ပွဲကြောင့် ၀မ်လင်းဂိုဏ်းပေးလျော်ရမည့် လျော်ကြေးက ၂၀ဘီလီယံ ဖြစ်လာခဲ့သည်။
၀မ်လင်းဂိုဏ်းက ထိုပမာဏကို ပေးလျော်နိုင်ပါမည်လော။
အကယ်၍ သူတို့ မပေးနိုင်ခဲ့လျှင် နောက်ထပ်ပဋိပက္ခတစ်ခုဖြစ်လာနိုင်ပါမည်လော။
လက်ရှိတွင် အဇူရာတိမ်ဂိုဏ်းအကြောက်ဆုံးက အားကုန်ထုတ်၍ တိုက်ခိုက်ရမည့် စစ်ပွဲမျိုးသာ ဖြစ်၏။
ကျန်းယန် လေးနက်သောအမူအရာဖြင့် ၀မ်လင်းဂိုဏ်းက ကျိုးကျွင်းချန်ကိုကြည့်ကာ ပြောလိုက်သည်။
“သဘောတူညီချက်အရ ၀မ်လင်းဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံး ၂၀ဘီလီယံ ပေးရမယ် အဲ့ဒီ ၂၀ဘီလီယံမှာ ၁၀ဘီလီယံကုိ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ပေးရမယ် ကျန်တဲ့ ၁၀ဘီလီယံကိုတော့ စိတ်ဝိညာဉ်ဆေးပင်တွေ တွင်းထွက်တွေ ရတနာတွေနဲ့ ပေးဆောင်နိုင်တယ်”
သူတမင်သက်သက် စစ်ပွဲကြီးမဖြစ်ပွားစေရန် ၀မ်လင်းဂိုဏ်းကို ထွက်ပေါက်ပေးထားခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးတွင် ဆေးပင်တွေ တွင်းထွက်တွေ ရတနာတွေနှင့်ဆိုလျှင် လျော်ကြေးပမာဏက ပေးဆောင်နိုင်သော အနေအထားသို့ ရောက်ရှိသွားနိုင်ပေသည်။
ကျိုးကျွင်းချန်၏ အမူအရာမည်းမှောင်နေခဲ့၏။ ပြိုင်ပွဲက အခုလိုပြီးဆုံးသွားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
နောက်ဆုံးရလဒ်က ၂၀ဘီလီယံသို့ပင် ရောက်ရှိနေခဲ့ပြီး ထိုပမာဏက ကျိုးရွှမ်ရှန်း၏ အောက်ခြေစည်းသို့ပင် ရောက်ရှိနေခဲ့ချေပြီ။
အစကတော့ တန်ချန်ကျိနှင့်ဟော်လင်းကျိတို့ မတိုက်ခိုက်ခဲ့ကြသောကြောင့် အဇူရာတိမ်ဂိုဏ်းက သတ္တိမရှိဘူးဟုပင် သူယူဆခဲ့သည်။ သူတို့သည် ၀မ်လင်းဂိုဏ်းကို တမင်သက်သက် အလျှော့ပေးနေခဲ့ကြပုံပင်။
သူတို့ အဘယ်ကြောင့် ထိုသို့လုပ်ရပါသနည်း။
နောက်ဆုံးတွင်တော့ သူအကြောင်းပြချက်ကို နားလည်သွားခဲ့ချေပြီ။
ထိုခွေးကောင်များက သူတို့၀မ်လင်းဂိုဏ်းဆီက ၂၀ဘီလီယံထိ နှိုက်ယူဖို့ စီစဉ်ထားခဲ့ကြပြီးသား ဖြစ်၏။
သူ့နှလုံးသားထဲ သွေးများယိုစီးကျနေခဲ့သည်။
ဘယ်ကောင်က အဇူရာတိမ်ဂိုဏ်းက ရင်ဆိုင်ရလွယ်ကူတယ်လို့ ပြောတာလဲကွ!
“စိတ်ချပါ ၀မ်လင်းဂိုဏ်းက လောင်းကြေးနဲ့ အရှုံးကိုလက်ခံပါတယ်” ကျိုးကျွင်းချန် အေးစက်စက်ပြောလိုက်၏။
“မကြာခင် ငါတို့ကတိအတိုင်း အဇူရာတိမ်ဂိုဏ်းဆီ လျော်ကြေးတွေ ပို့ပေးလိုက်ပါ့မယ် ဒါပေမယ့် ဒီကိစ္စပြီးသွားရင် ဘယ်လိုနည်းနဲ့မှ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြား ဘာရန်ငြှိုးမှကျန်မနေဖို့ ငါမျှော်လင့်ပါတယ်”
ကျန်းယန် ခေါင်းညိတ်ပြလိုက်ကာ သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် အခုချိန်တွင် အဇူရာတိမ်ဂိုဏ်းလိုအပ်နေသည်က ဖွံ့ဖြိုးတိုးတက်ရန် အချိန်သာဖြစ်၏။ အချိန်ရသွားခဲ့လျှင် ကျန်ကိစ္စများကို နောက်မှဆက်ရှင်းလို့ ရပေသည်။
ထို့နောက်တွင်တော့ ၀မ်လင်းဂိုဏ်းမှလူများ ပြန်သွားခဲ့ကြ၏။
ကျန်းယန် ဤကိစ္စကိုကောင်းကောင်းဖြေရှင်းလိုက်နိုင်တာကိုမြင်မှ ချင်းယွင်ကျိ သက်ပြင်းချလိုက်မိသည်။
ဤကာလအတွင်း သူ့နှလုံးက ပေါက်ကွဲလုမတတ်ခုန်နေခဲ့ရခြင်း ဖြစ်၏။
ခြေတစ်လှမ်းမှားရုံနှင့်ပင် အဇူရာတိမ်ဂိုဏ်းကပျက်ဆီးသွားနိုင်သောကြောင့် သူ့လက်ထဲတွင် အဇူရာတိမ်ဂိုဏ်းပျက်ဆီးသွားမှာကို သူကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
အခုတော့ သူတို့သည် လျော်ကြေးများကို စောင့်နေရုံသာ လိုတော့၏။
ဂိုဏ်းကြီး ၈ဂိုဏ်းက လျော်ကြေးကို ပေးဖို့သဘောတူထားသော်လည်း ဘာမှမလှုပ်ရှားသေးပေ။
၀မ်လင်းဂိုဏ်းက အဇူရာတိမ်ဂိုဏ်း၏တကယ့်အင်အားကို စမ်းသပ်နိုင်မည့်အချိန်ကို စောင့်ဆိုင်နေခဲ့ကြခြင်း ဖြစ်သည်။
အချို့ဂိုဏ်းများက ၀မ်လင်းဂိုဏ်းနှင့်အဇူရာတိမ်ဂိုဏ်း စစ်ဖြစ်ခဲ့လျှင် စစ်ပွဲအတွင်းအကျိုးအမြတ်များကို ရိတ်သိမ်းရန်ပင် စောင့်နေခဲ့ကြ၏။
၀မ်လင်းဂိုဏ်းက ၂၀ဘီလီယံသာ ပေးလျော်ရတော့မည်ဟု ကြားသိသွားသောအခါတွင်တော့ ဂိုဏ်းကြီးများ စိတ်ပျက်သွားခဲ့ကြသည်။
ထိုပမာဏကို ၀မ်လင်းဂိုဏ်းတတ်နိုင်မှန်း သူတို့ကောင်းကောင်းကြီးသိ၏။
၀မ်လင်းဂိုဏ်းသည် မျှော်လင့်ချက်သေးသေးလေးရှိနေသမျှ စစ်ပွဲကိုလုံး၀ ဆင်နွှဲမည် မဟုတ်ပေ။
သူတို့မျှော်လင့်နေသောစစ်ပွဲက ဘယ်တော့မှ ဖြစ်လာတော့မည် မဟုတ်ပေ။
ထိုသတင်းကို အတည်ပြုပြီးသောအခါ ဂိုဏ်းကြီးများက လျော်ကြေးပေးဆောင်ဖို့ ကိုယ်စားလှယ်ကိုယ်စီလွှတ်ခဲ့လိုက်ကြသည်။
ဂိုဏ်းကြီး ၉ဂိုဏ်းမှ လျော်ကြေးပေးဖို့ရောက်ရှိလာသော တာအိုပေါင်းစည်းခြင်းအဆင့်များ အဇူရာတိမ်ကုန်းမြေတိုက်ကြီး နယ်စပ်သို့ရောက်ရှိလာပြီး ၀င်ခွင့်တောင်းသောအခါ နှစ်ပေါင်းများစွာ တည်ငြိမ်လာခဲ့သော ချင်းယွင်ကျိ၏ နှလုံးသားပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့၏။
“သူတို့ ရောက်ပြီ” ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ပြောလိုက်သည်။
ကျန်းယန်၏နှလုံးသားလည်း ကြမ်းတမ်းစွာတုန်ခါလာခဲ့၏။ ဤအချိန်က နောက်ဆုံးအခိုက်အတန့်ပင်။
သူတို့လျော်ကြေးရမရက ဤအခိုက်အတန့်ပေါ်တွင် မူတည်နေပေသည်။
အခြားအဇူရာတိမ်ဂိုဏ်းသားများလည်း စိတ်လှုပ်ရှားနေခဲ့ကြ၏။
ဂိုဏ်းကြီးကိုးဂိုဏ်းဆီမှ ရရှိမည့် လျော်ကြေးပမာဏက အလွန်များပြားမှန်း သူတို့လည်း သိကြပေသည်။ ထိုအရာက သူတို့အဇူရာတိမ်ဂိုဏ်းတိုးတက်မည့် အဓိက သော့ချက်သာ ဖြစ်၏။
ကျန်းယန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ပြီး အခြားသူများကို ပြောလိုက်သည်။
“သတိမပေါ့နဲ့ ဒါကနောက်ဆုံးအဆင့်ပဲ ဆရာ သူတို့ကို၀င်ခွင့်ပြုလိုက်ပါ”
လူတိုင်း သူတို့ခံစားချက်များကို ထိန်းညှိလိုက်ကြပြီး ချင်းယွင်ကျိလည်း နတ်အာရုံကိုသုံးကာ ထိုကိုယ်စားလှယ်များကို ၀င်ခွင့်ပြုလိုက်၏။
ဂိုဏ်းကြီး ၉ဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့် ၉ ယောက် ရှုပ်ထွေးသောခံစားချက်များဖြင့် ၀င်ရောက်လာခဲ့ကြသည်။
သူတို့အဇူရာတိမ်ဂိုဏ်းဆီ အကြိမ်ပေါင်းများစွာ အလည်ရောက်ဖူးသော်လည်း ဤတစ်ကြိမ်ကတော့ မတူပေ။
အရင်ကတော့ သူတို့သည် မောက်မောက်မာမာဖြင့် ရင်ကိုကော့ကာ အဇူရာတိမ်ဂိုဏ်းထဲ ၀င်လာခဲ့ကြခြင်း ဖြစ်၏။
အခုတော့ သူတို့ခေါင်းများကိုငုံ့ထားရကာ သူတို့နှလုံးသားကလည်း လေးလံနေခဲ့ရချေပြီ။
ဤအခိုက်အတန့်သည် သူတို့ဂိုဏ်းကြီးများ အနိုင်ကျင့်ခံရမှုအဖြစ် သမိုင်းစာမျက်နှာတွင် ခတ်နှိပ်ခံရတော့မည်ဖြစ်မှန်း သူတို့ ရှင်းရှင်းလင်းလင်း သိနေခဲ့ကြသည်။
တာအိုပေါင်းစည်းခြင်းအဆင့် ၉ ယောက် အဇူရာတိမ်ဂိုဏ်းဆီ ရောက်သောအခါ သူတို့ကို လင်းယွင်ကျိ ကိုယ်တိုင် လာကြိုခဲ့ပြီး လေးလေးနက်နက်ပြောလိုပ်၏။
“ကြိုဆိုပါတယ် ဂုဏ်သရေရှိ စီနီယာတို့ ကျွန်တော်တို့ဘက်က အဇူရာတိမ်ခန်းမထဲမှာ စောင့်နေပါပြီ ကျေးဇူးပြုပြီး”
“ကျေးဇူးပြုပြီး”
သူတို့ကိုးယောက် လင်းယွင်ကျိနောက်မှလိုက်ကာ အဇူရာတိမ်ခန်းမထဲ ပါသွားခဲ့ကြသည်။
သူတို့အဇူရာတိမ်ဂိုဏ်းထဲတွင် နေချင်စိတ်နည်းနည်းလေးမှ မရှိကြပေ။ ထို့ကြောင့် တတ်တိုင်သမျှ မြန်မြန် စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီး ထွက်ခွာခွင့်ရဖို့သာ မျှော်လင့်နေခဲ့ကြ၏။
သို့သော် ကျန်းယန်က ကိစ္စများကို ရိုးရိုးရှင်းရှင်းပြီးဆုံးခွင့်ပေးမည် မဟုတ်ပေ။
“စီနီယာတို့ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းအနည်းငယ်တုန်းက ပဋိပက္ခတွေကြောင့် ကျွန်တော်တို့ နာကျင်စရာသင်ခန်းစာတွေ ရခဲ့ကြရပါတယ်” ကျန်းယန် သူတို့ကိုကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“ဘယ်ဘက်ကပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ စိတ်ကူးလို့မရအောင် ဆုံးရှုံးခဲ့ကြရတယ်
ကံကောင်းစွာနဲ့ ကျွန်တော်တို့ နောက်ဆုံးတော့ ငြိမ်းချမ်းရေးရခဲ့ပြီ
အခုကစပြီး ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြမယ်ဆိုရင်ရော စီနီယာတို့ ဘယ်လိုထင်ပါသလဲ”