← Chapters

မျှော်လင့်ချက်

Vol. 26 Ch. 271

မျှော်လင့်ချက်

Vol. 26 Ch. 271

ကျန်းယန် လူတိုင်းကိုအောင်ပွဲခံခွင့်ပေးခဲ့ပြီး မတားခဲ့ပေ။

အတန်ကြာသောအခါမှ လူအုပ်ကြီး ဖြည်းဖြည်းချင်း ပြန်ငြိမ်သွားခဲ့၏။

သူလူတိုင်းကိုတစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“အခု ငါတို့မှာငွေလည်းရှိနေပြီဆိုတော့ ငါတို့လုပ်ရမယ့် နောက်တစ်ဆင့်က ငါတို့ခွန်အားတွေကို မြှင့်တင်ဖို့ပဲ

မနက်ဖြန်ကစပြီး မင်းတို့အတွက် ပုံမှန်သင်ခန်းစာတွေ ပြန်ရှိတော့မယ်

သင်ခန်းစာတစ်ခုချင်းစီရဲ့ အသေးစိတ်အချိန်ဇယားကိုတော့ နောက်မှကြေငြာမယ်

အဲ့ဒီအချိန်ကျရင်တော့ မင်းတို့ ကိုယ်ကြိုက်တဲ့သင်ခန်းစာကို သင်ယူခွင့်ရလိမ့်မယ်

ဂိုဏ်းက ဘယ်သူ့အပေါ်မှာမှ လက်လျှော့မှာမဟုတ်ဘူး ဒါပေမယ့် ငါတစ်ခုတော့ ပြောထားမယ် ဆရာတစ်ယောက်တည်းအောက်မှာ သင်ရတာဆိုရင်တောင် လူတိုင်းရဲ့ ပါရမီက မတူညီဘူးအဲ့ဒီလိုပဲလူတိုင်းရဲ့ အားထုတ်မှုကလည်း ကွဲပြားတယ် အဲ့တာကြောင့် လူတိုင်းရဲ့ အောင်မြင်မှုရလဒ်တွေက ကွဲပြားနေလိမ့်မယ်

ဆိုတော့ မင်းတို့ထဲက ဂိုဏ်းဖော်တစ်ယောက်ယောက် ရလဒ်ကောင်းတွေရခဲ့ရင် အောင်မြင်ခဲ့ရင် အားမငယ်ကြနဲ့ မနာလိုလည်း မဖြစ်ကြနဲ့ အဲ့ဒီအစား မင်းတို့က သူ့ကိုဂုဏ်ပြုပေးကြရမယ် ချီးမြှောက်ပေးရမယ်

ဘာလို့လဲဆိုတော့ ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ ခွန်အားပိုကြီးလာလေလေ ယူရမယ့်တာ၀န်တွေက ပိုကြီးလာလို့ပဲ သူတို့ရဲ့ အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်

ငါတို့ ကျိန်းသေပေါက် မှတ်ထားရမယ် ငါတို့အားလုံးက အဇူရာတိမ်ဂိုဏ်းသားတွေ ငါတို့ရာထူးတွေက ကွဲပြားနိုင်တယ် ငါတို့ အဆင့်တွေကကွဲပြားနိုင်တယ်ဆိုပေမယ့် ငါတို့က တစ်စုတစ်ဝေးတည်းပဲ

အခု ငါမင်းတို့အတွက် မနက်ဖြန်သင်ရမယ့် သင်ခန်းစာကို ကြေငြာပေးမယ် ‌ဆရာဦးလေး ဟော်လင်းကျိက လက်နက်သန့်စင်သင်ခန်းစာကို သင်ကြားပို့ချပေးလိမ့်မယ်

အားလုံးသွားပြီး ပြင်ဆင်လို့ရပြီ ကျန်းချန်းရှန် ၀မ်ပေ့လဲ့ လျန့်ယိနဲ့သူ့‌လက်ထောက်တွေက နေခဲ့ ငါမင်းတို့နဲ့ ဆွေးနွေးစရာရှိတယ်

တန်းဖြုတ်!”

လူအုပ်ကြီးလက်ခုပ်တီးလိုက်ကြပြီးနောက် တဖြည်းဖြည်းချင်းကွဲသွားခဲ့လေသည်။

နောက်ဆုံးတွင် အဖွဲ့ခေါင်းဆောင်များသာ ကျန်ရစ်ခဲ့၏။

ကျန်းယန် သူတို့ကိုဗီလာဆီခေါ်မသွားခဲ့ပေ။ ထိုအစား ထိုနေရာတွင်သာ ထိုင်ခိုင်းလိုက်ပြီး သူလည်း၀င်ထိုင်လိုက်သည်။

သူတို့ကိုကြည့်ပြီးနောက် သူပြုံး၍ မေးလိုက်၏။

“မင်းတို့အဖွဲ့တွေကို ဦးဆောင်ရတာ စိတ်ပင်ပန်းစရာကောင်းလား”

သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

၀မ်ပေ့လဲ့အရင်ဆုံးပြုံး၍ ပြောလိုက်လေသည်။

“စီနီယာအစ်ကိုကြီး အရိုးသားဆုံးပြောရရင် ဖိအားက နည်းနည်းတော့များတယ် ကျွန်တော်တို့ကိုယ်တိုင် သူတို့အများကြီးကို ခန့်အပ်ခဲ့ပြီး ကျင့်ကြံခြင်းမှာအောင်မြင်မှုရအောင်လည်း ဦးဆောင်သင်ပြရတာလေ အဲ့တာက ခပ်သေးသေးတာ၀န်တော့ မဟုတ်ဘူး”

ကျန်းချန်းရှန်လည်း ခေါင်းညိတ်ပြလိုက်၏။

“ပြီးတော့ လူတွေအများကြီးဆိုတော့ အမြင်တွေအများကြီးလည်းရှိတယ် ကျွန်တော်တို့က သူတို့အားလုံးအဆင်ပြေအောင် ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်ပေးရတာ နေ့တိုင်းနေ့တိုင်း အတွေးတွေအရမ်းများရတယ်”

လျန့်ယိလည်း သူ့အမြင်ကို ၀င်ပြောလုိက်သည်။

ကျန်းယန် အသာအယာခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

“အဲ့တာကြောင့် မင်းတို့က ဒီလိုအုပ်ချုပ်ရေးကိစ္စတွေကို မင်းတို့တစ်ယောက်တည်း မလုပ်သင့်တာပဲ

တစ်ယောက်တည်းသာ အကုန်လိုက်လုပ်နေရရင် မင်းတို့ ကျင့်ကြံဖို့တောင်အချိန်ရှိတော့မှာမဟုတ်ဘူး

မင်းတို့က မင်းတို့ရဲ့အဓိကအရေးအကြီးဆုံးအရာပေါ်မှာပဲ အာရုံစိုက်ရမယ်

အဓိကအရေးအကြီးဆုံးအရာတွေက ဘာတွေလဲ

အရင်းအမြစ်ခွဲဝေပေးရေး ဂိုဏ်းသားတွေရဲ့ ဂိုဏ်းအပေါ်ထားတဲ့စိတ်နေစိတ်ထား တိုးတက်ရေး ပြီးတော့ စည်းကမ်းလိုက်နာရေး အဲ့တာတွေက အဓိကအရာတွေပဲ

စည်းကမ်းကိုတော့ လုံး၀လျှော့ပေးလို့မရဘူး

စည်းကမ်းမရှိတဲ့ အဖွဲ့တစ်ဖွဲ့က စုစည်းမထားတဲ့သဲမှုန်တွေလိုပဲ ဘာစွမ်းအားမှမရှိဘူး”

ကျန်းချန်းရှန် အမြန်စာအုပ်တစ်အုပ်ထုတ်ကာ ရေးမှတ်လေတော့သည်။

ထိုအရာကိုမြင်သောအခါမှ အခြားသူများလည်း သတိရသွားပြီး အမြန်ရေးမှတ်ခဲ့ကြ၏။

သူတို့အပြုအမူများကို မြင်သောအခါ ကျန်းယန် ကြက်သေသေသွားခဲ့သည်။

သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ထိုကိစ္စကို ဂရုမစိုက်ဖို့သာ ဆုံးဖြတ်လိုက်၏။

သူတို့သည် သူ့စကားများကို လမ်းညွှန်ချက်များအဖြစ် ယူချင်ဆိုသည်လျှင်လည်း ရှိပါစေတော့။

“မင်းတို့အခြားဂိုဏ်းတွေက ဂိုဏ်းသားတွေကိုလည်း မြင်ဖူးပြီးပါပြီ သူတို့က သူတို့ဂိုဏ်းရဲ့ လျော့ရဲနေတဲ့ စည်းမျဉ်းတွေအပေါ်ပဲ မှီခိုကြတယ် အဲ့တော့ တကယ့်တိုက်ပွဲဖြစ်တဲ့အခါ တစ်ယောက်ချင်းစီပဲ တိုက်ခိုက်ကြပြီး သူတို့တိုက်ခိုက်ရေးစွမ်းအားက ကျသွားကြတယ်” ကျန်းယန် ဆက်ပြောလိုက်သည်။

“အဲ့ဒီလိုဂိုဏ်းမျိုးက စွမ်းအားကြီးကျင့်ကြံသူနည်းနည်းလောက်နဲ့ ကြုံတွေ့လိုက်ရတာနဲ့ ပျက်ဆီးသွားနိုင်တယ်

ဒါပေမယ့် ငါတို့အဖွဲ့တွေကတော့ အတူတကွပေါင်းစည်းပြီး တိုက်ခိုက်ကြရမယ် အဲ့တာက ဘာကိုဆိုလိုလဲဆိုတာ မင်းသိလား

ဒါဇင်နဲ့ချီတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေက ရွှေအမြုတေအဆင့်တစ်ယောက်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တယ်

ဒါဇင်နဲ့ချီတဲ့ ရွှေအမြုတေအဆင့်တွေကတော့ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို ချက်ချင်းသတ်ပစ်နိုင်တယ်

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ပေါင်းစည်းထားတဲ့ နဂါးပျံတပ်ရဲ့ စွမ်းအားကို မင်းတို့ မြင်ခဲ့ကြတယ် မဟုတ်လား

ဒါပေါ့ နဂါးပျံတပ်ရဲ့ စည်းကမ်းတွေက အကြမ်းဖျင်းဆန်တယ် သူတို့မှော်ရတနာတွေကလည်း ခေတ်နောက်ကျနေပြီ ပြီးတော့ သူတို့အုတ်မြစ်ကလည်း အားနည်းတယ်

ဒါပေမယ့် ငါတို့က….

ငါတို့က ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းပဲ လက်ရှိ ကမ္ဘာပေါ်မှာ အသန်မာဆုံး ဂိုဏ်းတွေထဲက တစ်ဂိုဏ်းပဲ

ငါတို့က နဂါးပျံတပ်အောက်နိမ့်ကျစရာလား

အဲ့တာကြောင့် အခုကစပြီး မင်းတို့က ငါတို့ရဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေကိုသုံးပြီး အဆင့်မြင့်ကျင့်ကြံသူတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ကိစ္စအပေါ် အာရုံစိုက်ထားရမယ် အဲ့တာက မင်းတို့ရဲ့တစ်ခုတည်းသော တာ၀န်ပဲ”

ကျန်းယန် တခဏရပ်တန့်လိုက်ပြီး သူတို့စုတ်တံများရပ်သွားသောအခါမှ ဆက်ပြောလိုက်၏။

“သူတို့ရဲ့ စိတ်နေစိတ်ထားတွေ တိုးတက်ဖို့ကိစ္စကိုတော့ အဲ့တာရဲ့အရေးကြီးပုံကို မင်းတို့နားလည်မယ်လို့ ငါယုံတယ်

အဲ့တာက ပစ်ပယ်ထားလို့မရတဲ့ကိစ္စတစ်ရပ်ပဲ

အရိုးသားဆုံးပြောရရင် ဂိုဏ်းသားအတော်များများက ဂိုဏ်းထဲ၀င်ရတာ လွယ်လွန်းခဲ့လို့ သူတို့အဇူရာတိမ်ဂိုဏ်းထဲ ၀င်ခွင့်ရတာ ဘယ်လောက်ကံကောင်းသလဲ မသိကြသေးဘူး

ငါတို့က အဲ့ဒီကိစ္စကို သူတို့ကိုသတိပေးရမယ်

တစ်ချိန်တည်းမှာပဲ ငါတို့က သမိုင်းသင်ခန်းစာကိုယူပြီး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကလို ကိစ္စမျိုး ဘယ်တော့မှထပ်ဖြစ်ခွင့်ပေးလို့ မဖြစ်ဘူး

ပြောမှပဲ ငါမင်းတို့ကို နန်းကုန်းချီယုနဲ့ ကျန်းချမ်ချိုးအကြောင်း ပြောပြရဦးမယ်

သူတို့က အစကတော့ အဇူရာတိမ်ဂိုဏ်းသားတွေပဲ နောက်တော့ဂိုဏ်းကို သစ္စာဖောက်ပြီး ထွက်ပြေးသွားခဲ့ကြတယ် …

အခုတော့ သူတို့ကံကြမ္မာက အတော်လေးဆိုးရွားနေပြီ သူတို့နက်နက်ရှိုင်းရှိုင်းနောင်တရနေမယ်လို့ ငါယုံတယ်

အဲ့တာကြောင့် မင်းတို့က သူတို့သတင်းကိုဂိုဏ်းသားတွေကြားထဲ ဖြန့်ပြီး ဂိုဏ်းသားတွေကို သတိပေးရမယ်

ငါသူတို့ကို တစ်နေ့မှာ သူတို့ရွေးချယ်မှုနဲ့ပတ်သက်ပြီး နောင်တရရမယ့် အဖြစ်မျိုး မကြုံတွေ့စေချင်ဘူး”

“စီနီယာအစ်ကိုကြီး စိတ်ချပါ ကျွန်တော်တို့ အကောင်အထည်ဖော်လိုက်ပါ့မယ်” ၀မ်ပေ့လဲ့ ချက်ချင်းပြန်ပြောလိုက်၏။

ကျန်းချန်းရှန်နှင့်လျန့်ယိတို့လည်း ခေါင်းညိတ်ပြလိုက်ကြသည်။

ကျန်းယန်သူတို့ကိုတစ်ချက်ကြည့်ကာ အဓိကအကြံဉာဏ်များအကြောင်း ဆက်ပြောလိုက်၏။

“နောက်ဆုံးတော့ ငါတို့ ဘဏ္ဍာ‌ခွဲဝေးရေးအပိုင်းကိုရောက်ပြီ

ငါမင်းတို့တစ်ဖွဲ့ဆီကို ဆေးလုံးတွေနဲ့အတူ စိတ်ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ ထောက်ပံ့မယ်

အဲ့တာက မင်းတို့လက်ရှိကျင့်ကြံရေးအတွက် လိုအပ်တဲ့ပမာဏပဲ

ဘဏ္ဍာရေးနဲ့ပတ်သက်ရင်တော့ ဒီနေရာမှာ ငါမင်းတို့ဂျူနီယာညီမလေး လျန့်ယိကို ချီးကျူးချင်တယ်”

လျန်းယိသည် ဂိုဏ်းအကူအညီမပါဘဲ မြောက်ပိုင်းမှ စိတ်ဝိညာဉ်ကျောက်တုံး သန်း၁၀၀ကျော်ရှာလာနိုင်ခဲ့သူ ဖြစ်၏။ ထိုအောင်မြင်မှုက တကယ့် အံ့မခန်းပင်။

၀မ်ပေ့လဲ့နှင့်ကျန်းချန်းရှန်တို့ လျန့်ယိကိုတစ်ချက်ကြည့်လိုက်ကြပြီး သူတို့မျက်လုံးထဲ ပြိုင်ဆိုင်လိုစိတ် အလင်းတစ်ချက်ဖြတ်ပြေးသွားခဲ့၏။

ကျန်းယန် သူတို့ပြိုင်ဆိုင်လိုစိတ်ကို သတိထားမိသော်လည်း ၀င်မစွက်ဖက်ခဲ့ပေ။

သန့်ရှင်းသော ပြိုင်ဆိုင်လိုစိတ်ဆိုသည်မှာ ကောင်းသောအရာသာ ဖြစ်သည်။

“နောက်တုံးအနေနဲ့ ငါတို့မှော်ရတနာတွေအကြောင်း ပြောရမယ်”

ကျန်းယန် သူ့ဘားရတ်ရိုင်ဖယ်ကိုထုတ်ကာ လေးလေးနက်နက်ပြောလိုက်၏။

“မကြာခင် ဂိုဏ်းကမင်းတို့ကို မှော်လက်နက်တစ်မျိုးတပ်ဆင်ပေးတော့မှာ အဲ့ဒီလက်နက်က ငါ့လက်ထဲက လက်နက်ပဲ ငါက အဲ့တာကို သေနတ် လို့နာမည်ပေးထားတယ်

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ ငါဒီလက်နက်ကိုမှီခိုပြီး ဂိုဏ်းပေါင်းများစွာက ပါရမီရှင်ပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့တယ်

ဒီရတနာမင်းတို့လက်ထဲရောက်လာရင် မင်းတို့လည်း ဒီဟာကိုဘယ်လိုသုံးရမလဲဆိုတာ သင်ကြားရမယ်

ငါသတိပေးချင်တာကတော့ လက်ရှိမှာ ဒီလက်နက်က ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ အခြားဂိုဏ်းတွေက အလွယ်တကူ အတုလုပ်လာနိုင်တယ်

အဲ့တာ‌ကြောင့် လူတိုင်းက ဒီလက်နက်ကို ဂရုတစိုက်ကိုင်တွယ်ရမယ်

လက်နက်ထိခိုက်လာခဲ့ရင် ဂိုဏ်းကိုပြန်အပ်ရမယ် လက်နက်ပျောက်သွားရင်တော့ လက်နက်ပိုင်ရှင်က အဲ့ဒီကိစ္စကိုတာ၀န်ယူရလိမ့်မယ် မင်းတို့ဒီကိစ္စဘယ်လောက်လေးနက်သလဲဆိုတာ နားလည်မယ်လို့ ငါယုံတယ်

ဒီတစ်ခေါက် အကျိုးကြီးကြီးမားမားဆောင်ခဲ့တဲ့ ဂျူနီယာညီမလေး လျန့်ယိကိုတော့ ဒီပထမဆုံးသေနတ်ကို ဆုလဒ်အဖြစ် ပေးအပ်လိုက်မယ်

ဒီသေနတ်ကဒါဇင်နဲ့ချီတဲ့အသက်တွေကို နှုတ်ခဲ့ပြီးပြီ အဲ့ဒီအသက်တွေအကုန်လုံးက ကမ္ဘာပေါ်က ထိပ်တန်းပါရမီရှင်တွေရဲ့ အသက်တွေချည်းပဲ”

ပြောပြီးသည့်နောက် ကျန်းယန် ဘားရတ်ရိုင်ဖယ်ကို လျန့်ယိထံ ပေးအပ်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး” လျန့်ယိလည်း စိတ်လှုပ်ရှားစွာ လက်ခံလိုက်၏။

ကျန်းချန်းရှန်နှင့်၀မ်ပေ့လဲ့တို့က‌တော့ လျန့်ယိလက်ထဲက သေနတ်ကို အားကျနေသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ထိုလက်နက်က စီနီယာအစ်ကိုကြီးကိုယ်တိုင် အသုံးပြုခဲ့သော လက်နက်ဖြစ်၏။

ပြီးတော့ ပါရမီရှင်ပေါင်းများစွာကိုလည်း သတ်ဖြတ်ထားသေးသည်။

မည်မျှ အဓိပ္ပာယ်ရှိလိုက်ပါသနည်း။

All Chapters