← Chapters

ယန်သေနတ်

Vol. 26 Ch. 272

ယန်သေနတ်

Vol. 26 Ch. 272

ကျန်းယန် ဘားရတ်ရိုင်ဖယ်အသုံးပြုပုံများကို သင်ပြပေးပြီးသည့်နောက်တွင် သူပြောလိုက်သည်။

“မင်းတို့မှာ အချိန်ရှိရင် ငါပြောတဲ့ အချက်ကြီးသုံးချက်အကြောင်း သေချာစဉ်းစားကြ ကောင်းပြီ အားလုံးလည်းဆွေးနွေးပြီးပြီဆိုတော့ မနက်ဖြန် သင်ခန်းစာအတွက် သွားပြင်ဆင်လို့ရပြီ”

ပြောပြီးသည့်နောက် သူထရပ်ကာ ထွက်သွားခဲ့၏။

သို့သော်လည်း ၀မ်ပေ့လဲ့တို့ကတော့ ထွက်မသွားခဲ့ပေ။ ထိုအစား လျန့်ယိလက်ထဲက ဘားရတ်ရိုင်ဖယ်ကိုသာ လောဘမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြသည်။

လျန့်ယိသူတို့ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး

“နင်တို့ကို တစ်ချက်ကြည့်ခွင့်ပေးမယ် ဒါပေမယ့် ထိခိုက်အောင်လုပ်လို့မရဘူးနော် ဒါက စီနီယာအစ်ကိုကြီးဆီက ဆုလဒ်”

“စိတ်မပူပါနဲ့ ငါထိခိုက်အောင်လုပ်ချင်ရင်တောင် မလုပ်နိုင်ပါဘူး” ၀မ်ပေ့လဲ့စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ဘားရတ်ရိုင်ဖယ်ကို ယူလိုက်လေသည်။

ထို့နောက် သူတို့ဘားရတ်ရိုင်ဖယ်ကို အသည်းအသန်ကြည့်ရှုခဲ့ကြ၏။

နောက်ဆုံးတွင်မှ လျန့်ယိလက်ထဲ ပြန်ရောက်သွားခဲ့သည်။

ကျန်းချန်းရှန် လေးလေးနက်နက်ပြောလိုက်၏။

“ဒီလက်နက်ကို စီနီယာအစ်ကိုကြီး ကိုယ်တိုင်တီထွင်ထားပြီး ဒီလက်နက်နဲ့ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တာ အဲ့တော့ ဒါကို ရိုးရိုးရှင်းရှင်းကြီး သေနတ်လို့ခေါ်တာ မသင့်တော်ဘူး

အခုကစပြီး ငါဒါကို ကျန်းယန်သေနတ်လို့ခေါ်ဖို့ အကြံပြုချင်တယ်”

၀မ်ပေ့လဲ့လည်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ကျန်းချန်ရှန်း အကြံပြုချက်က မှန်သည်ဟု ခံစားလိုက်ရသည်။

လျန့်ယိအနည်းငယ်မျက်မှောင်ကြုံ့သွားကာ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီးနာမည်ကို တိုက်ရိုက်သုံးတာက သိပ်သင့်တော်ပုံ မရဘူး ငါကတော့ အဲ့တာကို ကျန်းသေနတ်လို့ ခေါ်သင့်တယ်လို့ထင်တယ် ဒါမှမဟုတ်လည်း ယန်သေနတ်ပေါ့ ယန်သေနတ်ကတော့ ပိုကောင်းပုံပဲ”

ကျန်းချန်းရှန် မျက်လုံးများ တောက်ပသွားခဲ့သည်။

“ငါအမြင်လျှမ်းသွားတာပဲ တကယ်တော့ယန်သေနတ်က ပိုကောင်းတယ်”

“ဟုတ်တယ် အခုကစပြီး ဒါကိုယန်သေနတ်လို့ခေါ်မယ်” ၀မ်ပေ့လဲ့လည်း ၀င်ထောက်ခံလိုက်ဧ။။်

ထို့နောက်တွင်တော့ သူတို့သုံးယောက်လုံး ကျန်းယန်ပေးခဲ့သောတာ၀န်များကို အကောင်အထည်ဖော်ဖို့ သူတို့အသင်းများဆီ ပြန်သွားခဲ့ကြလေသည်။

စန်းစုန့်တိုက်ပွဲကွင်းပြင်ထဲက ကလေးများကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေခဲ့ဧ။။် သူသည် နတ်အာရုံဖြင့် ထိုနေရာကိုတစ်ချိန်ကုန်ကြည့်နေခဲ့ခြင်းဖြစ်ပြီး သူတို့ပြောသမျှစကားလုံးတိုင်းကို ကြားခဲ့ရသည်။ စကားလုံးတစ်လုံးချင်းစီတိုင်းကို သူနားလည်ပါသော်လည်း ထိုစကားလုံးများ ပေါင်းလိုက်သောအခါ သူနားမလည်တော့ပေ။

ဂိုဏ်းသားများ စိတ်နေစိတ်ထား တည်ဆောက်ခြင်း!

စည်းမျဉ်းစီမံခန့်ခွဲမှု!

ထိုအရာကြီးများကို သူနားမလည်ခဲ့ပေ။

အဇူရာတိမ်ဂိုဏ်းသည် ဂိုဏ်းကြီး၉ဂိုဏ်းနှင့် ငြိမ်းချမ်းရေးရပြီးသည့်နောက်တွင် စန်းစုန့် စိတ်ညစ်မနေတော့ဘဲ စိတ်အေးသွားခဲ့ရသည်။ ထို့ကြောင့် သူသည် ပျင်းသည့်အခါတိုင်းတွင် ထိုကလေးများကို နတ်အာရုံသုံးပြီး ကြည့်ရှုနေတတ်၏။

သို့သော်လည်း အချိန်အတန်ကြာအောင် ခိုးကြည့်ပြီးသည့်အခါတွင်ပင် ထိုကလေးများ အဘယ်ကြောင့်ဒီလောက်စိတ်ဓာတ်တက်ကြွနေလဲဆိုတာ သူနားမလည်နိုင်ခဲ့ပေ။

“တာအိုမိတ်ဆွေအိုကြီး” ကျန်းယန် အတွေးလွန်းနေသော စန်းစုန့်နားသို့ ရောက်ရှိလာခဲ့သည်။

“ခင်ဗျားက တာအိုပေါင်းစည်းခြင်းအလယ်အဆင့်ပဲရှိသေးတာမဟုတ်လား ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နဲ့ အဝောာ်ဝေးနေသေးတယ်လေ

အဲ့တာကို ကျင့်ကြံရမယ့်အစား ဒီနေရာမှာ ဘာတွေလာစဉ်းစားနေတာလဲ

မေ့သွားပြီလား သုံးနှစ်အတွင်း ခင်ဗျားကပ်ဘေးဖြတ်ကျော်ရမှာနော်”

တကယ်တော့ စန်းစုန့်သည် အချိန်အတော်ကြာအောင် ကျင့်ကြံလာပြီးသူဖြစ်သောကြောင့် သူ့အတွက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မရောက်တောင် တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်ရောက်ဖို့က မခက်သင့်တော့ပေ။

မိစ္ဆာများကြောင့် ရရှိခဲ့သည့် အကြောက်တရားကြောင့်သာသူသည်မတိုးတက်နိုင်ဖြစ်နေခဲ့ရခြင်း ဖြစ်၏။

ကျန်းယန် လုပ်ဖို့လိုသည်က သူ့ကိုဖိအားပေးကာ ထိုမိစ္ဆာများအပေါ် ထားရှိသည့် အကြောက်တရားမှ လွတ်မြောက်အောင် လုပ်ရန်သာ ဖြစ်သည်။

စန်းစုန့်သတိပြန်၀င်သွားပြီး ဒေါသတကြီး ပြောလိုက်၏။

“အနည်းဆုံး‌ေတာ့ ငါကတာအိုပေါင်းစည်းခြင်းအဆင့်ရောက်နေပါပြီ မင်းဆို ဝိညာဉ်အခြေတည်အဆင့်ပဲ ရှိသေးတာ မင်းကိုယ်မင်း စိုးရိမ်သင့်တယ်”

“သုံးနှစ်” ကျန်းယန် ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်က အမြဲစကားတည်တယ် ခင်ဗျားသုံးနှစ်အတွင်း မချိုးဖြတ်နိုင်ရင် မိစ္ဆာတွေကိုခေါ်ပြီး သင်ခန်းစာ ပေးရမှာပဲ”

စန်းစုန့်နှလုံးသားထဲ အကြောက်တရားတစ်ခုထိုးတက်လာကာ အမြန်ပြောလိုက်၏။

“မလုပ်ပါနဲ့ ငါကျင့်ကြံမှာပါကွ”

သူတကယ်ကို အကူအညီမဲ့နေခဲ့ရသည်။ ရှို့ယိဘုရားကျောင်းတွင်ဆိုလျှင် သူ့ကိုဘယ်သူက ထိန်းချုပ်နိုင်ပါမည်နည်း။

သို့သော် အဇူရာတိမ်ဂိုဏ်းတွင်တော့ သူသည် ဂျူနီယာလေးတစ်ယောက်၏ တွန်းအားပေးခြင်းကို ခံနေခဲ့ရသည်။

ကျန်းယန် ထွက်ခွာသွားသော စန်းစုန့်ကိုကြည့်ကာ ပြုံး၍ ခေါင်းခါလိုက်ပြီး စစ်နည်းဗျူဟာများသင်ကြားရန် တားမြစ်နယ်မြေဆီ ထွက်ခွာလာခဲ့၏။

ကျန်းယန်က တကယ်ကြီး သူ့စစ်နည်းဗျူဟာများကို သင်ကြားချင်နေမှန်း တွေ့သောအခါ ဂူဒူအာကလည်း သူ့ကိုစတင်သင်ကြားပေးခဲ့သည်။

သူသည် စစ်သည်‌ေနရာချပံုနှင့်တပ်ဖြန့်ပံုများကို စတင်သင်ကြားပေးခဲ့၏။

တခဏသင်ကြားပေးပြီးနောက် ဂူဒူအာမေးလိုက်သည်။

“အခြေအနေတွေ တည်ငြိမ်သွားပြီလား”

“တည်ငြိမ်သွားပါပြီ” ကျန်းယန် ဖြေလိုက်၏။

“အခုတော့ ဂိုဏ်းကြီးတွေနဲ့ ယာယီငြိမ်းချမ်းရေးယူထားတယ် လက်ရှိအခြေအနေအရ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်လာဖို့ နှစ် ၂၀လောက်အချိန်ရလိမ့်မယ်”

ဂူဒူအာ ခေါင်းညိတ်ပြလိုက်သည်။

“မင်းငါတို့ကို ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆီ ခေါ်သွားဖို့ ရှိသေးတယ်နော်”

“အင်း” ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော့်ကတိကို မမေ့ပါဘူး ကျွန်တော် စီနီယာတို့ကို နှစ် ၂၀အတွင်း ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆီခေါ်သွားမယ်လို့ ကတိပေးခဲ့တာ ကျွန်တော် ကတိတည်မှာပါ”

တခဏရပ်ပြီးနောက် သူအသာအယာပြုံးလိုက်ကာ

“တကယ်တော့ ကျွန်တော်ကိုယ်တိုင်ကလည်း ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို သွားချင်စိတ် ရှိနေသေးတယ်

သတ်မှတ်ချက်အရ အသက် ၅၀အောက်တွေပဲ တိုက်ပွဲကွင်းပြင်ထဲကို ၀င်ခွင့်ရတာလေ နောက်နှစ် ၂၀ဆိုရင်တောင် ကျွန်တော်က အသက်မီနေတုန်းပဲ

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က အဲ့လောက်ရိုးရှင်းမနေဘူးလို့ ကျွန်တော်ခံစားရတယ်

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမက အကြောင်းမရှိဘဲ ဒီနေရာမှာ ပေါ်လာမှာမဟုတ်ဘူး

စီနီယာတို့ကလည်း အဲ့တာရဲ့နောက်ကိုလိုက်ရင်း ဒီနေရာကို ရောက်လာခဲ့တာ ဒါကြီးက တိုက်ဆိုင်လွန်းတယ်လို့ ထင်ရတယ်”

သို့သော် သူလည်း သေချာတော့ မသိပေ။ သံသယရှိနေရုံသာ ဖြစ်၏။

ခန်းမထဲတွင် ဘိုးဘေးများချန်ရစ်ထားခဲ့သော သတင်းစကားများရှိနေပါသော်လည်း ထိုသတင်းစကားများက ဘာကိုဆိုလိုနေသလဲ ဘယ်သူမှ သေချာမသိကြပေ။

မိစ္ဆာ လေးကောင် ကျန်းယန်စကားကိုကြားသောအခါ ကုဟွမ်ပြောလိုက်သည်။

“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမက မိစ္ဆာအရှင်ရဲ့ဟာများလား”

“မဟုတ်ဘူး” ကျန်းယန်ရော ဂူဒူအာပါတစ်ပြိုင်တည်း ဖြေလိူက်ကြ၏။

ဂူဒူအာကျန်းယန်ကိုတစ်ချက်ကြည့်ကာ ရှင်းပြလိုက်သည်။

“အခုအချိန်ထိ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲကို အဆင့်မြင့်ကျင့်ကြံသူဘယ်သူမှ မ၀င်နိုင်သေးဘူး

ဘယ်သူမှလည်း မကြိုးစားဖူးသလို ကြိုးစားဖူးတဲ့သူတိုင်းကလည်း သေကုန်ပြီ

မိစ္ဆာအရှင်က အဲ့ဒီလိုကိစ္စမျိုးိကို စွန့်စားမှာမဟုတ်ဘူး

နောက်ပြဿနာတစ်ခုက ခန်းမထဲကို၀င်ဖို့ အမတ မိစ္ဆာ တစ္ဆေနဲ့ မွန်းစတားမျိုးနွယ်ဆိုတဲ့မျိုးနွယ်စုလေးခုထဲက သုံးခု ကို လိုတာ တကယ်လို့ မိစ္ဆာအရှင်က အဲ့ဒီအရာကို ထိန်းချုပ်ထားတယ်ဆိုရင်တောင် သူအဲ့ဒီနေရာကို အခြားမျိုးနွယ်စု သုံးခုဆီမျှပေးရမှာပဲ

ဒီလိုဆိုရင် သူကဘာလို့ အလုပ်ရှုပ်ခံပြီး အဲ့တာကြီးကို သူ့လက်ထဲထားတော့မှာလဲ”

ကျန်းယန်လည်း သူနှင့်အမြင်တူပေသည်။

သူမိစ္ဆာအရှင်ကိုမသိသော်လည်း ထိုပုဂ္ဂိုလ်ဆိုလျှင်တောင် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ ၀င်နိုင်လိမ့်မည်ဟု သူမထင်ပေ။

ဒီလိုဆိုလျှင် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမက ထိုပုဂ္ဂိုလ်ကြီးလေးဦးနှင့် ဆက်စပ်နေတာသာဖြစ်နိုင်၏။

ဂူဒူ့အာ အမူအရာလေးနက်သွားပြီး ကျန်းယန်ကိုပြောလိုက်သည်။

“ငါတို့ကြားမှာ ရန်ငြိုးတွေရှိနေတယ်ဆိုတာကို ငါမငြင်းပါဘူး

အဲ့ဒီရန်ငြှိုးတွေက နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာကိုလည်း လတ်တလောတော့ ငါဂရုမစိုက်ဘူး

မင်းသတိပေးပြီးတဲ့နောက် ငါတို့က မိစ္ဆာအရှင်ပေးအပ်လိုက်တဲ့ တာ၀န်ကိုအရင်ကျေပွန်အေ င်ထမ်းဆောင်သင့်ကြောင်း သတိရသွားတယ်

ငါတို့သေသွားမယ်ဆိုရင်တောင် ငါတို့အဲ့ဒီတာ၀န်ကို ပြီးမြောက်အောင်ထမ်းဆောင်သွားမယ်”

ထိုစကားလုံးများက ကျန်းယန်ကိုသာပြောခြင်းမဟုတ်ဘဲ ချင်းယွင်ကျိကိုပါ ပြောလိုက်ခြင်း ဖြစ်သည်။

“အဲ့တာကြောင့် နှစ် ၂၀အတွင်း ငါတို့ကိုအချိန်ပေးနိုင်ဖို့ မျှော်လင်ပါတယ်” ဂူဒူအာ ဆက်ပြောလိုက်၏။

“ငါတို့ အဆင့်နဲ့ဆိုရင် ငါတို့မှာအစွမ်းအစအချို့တော့ ရှိပါတယ် ဒီနှစ် ၂၀ကို မင်းတို့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျော်ဖြတ်နိုငိဖို့ ငါတို့ဘက်ကလည်း အကောင်းဆုံး ကြိုးစားပေးသွားမယ်

မင်းတို့က ဖွံ့ဖြိုးတိုးတက်ဖို့ နှစ် ၂၀လိုတယ်

ငါတို့ကလည်း ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ ၀င်ဖို့ နှစ် ၂၀လိုတယ်

ဖြစ်နိုင်မယ်ဆိုရင် ငါတို့ညီအစ်ကိုတွေကိုလည်း တတ်နိုင်သလောက် ငါတို့နဲ့ ပူးပေါင်းနိုင်ဖို့ စည်းရုံးချင်တယ် မင်းဘယ်လိုထင်လဲ”

All Chapters