အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်းတွင်းပြဿနာများ
Vol. 26 Ch. 273
“ဒီကိစ္စကို နောက်မှဆွေးနွေးကြတာပေါ့” ကျန်းယန် မိစ္ဆာများကို တိကျသောအဖြေ မပေးခဲ့ပေ။
အခုပြောနေသောစကားများကို သူ့ဆရာလည်း ကြားမှန်း သူသိပေသည်။
သို့သော်လည်း သူ့ဆရာက မတုန့်ပြန်သောကြောင့် သူ့တွင်လည်းစိတ်ပူစရာတစ်ခုခုရှိနေပုံပင်။
အခြေအနေအတိအကျကို သူမသိသော်လည်း သူဘာကိုမှ လက်လွတ်စပယ် သဘောတူလိုက်၍ မဖြစ်ပေ။
ဂူဒူအာ ထိုကိစ္စကို ဆက်မပြောတော့ပေ။ သူက ထိုကိစ္စကို ဒီတိုင်းသာပြောခဲ့ပုံ ရသည်။
တခဏကြာစကားပြောပြီးနောက် ကျန်းယန် တားမြစ်နယ်မြေမှ ထွက်ခွာလာခဲ့၏။
သူအပြင်သို့ရောက်သည်နှင့် ချက်ချင်း မေးလိုက်သည်။
“ဆရာ ခုနက မိစ္ဆာတွေပြောတဲ့ကိစ္စကို ဆရာဘယ်လိုထင်လဲ”
ချင်းယွင်ကျိအသံ ကျန်းယန်နားထဲပေါ်လာခဲ့သည်။
“ငါလက်ရှိ ၀င်္ကပါကိုအားဖြည့်ဖို့ အထွတ်အထိပ်စိတ်ဝိညာဉ်ကျောက်တုံးကို သုံးနေတယ် ငါတို့သူတို့ကိုတွေ့ခွင့်ပေးမယ်ဆိုရင်တောင် ငါ၀င်္ကပါကို အားဖြည့်ပြီးမယ့်အချိန်ထိ စောင့်ရမယ် ကောင်စုတ်လေး ၀မ်လင်းဂိုဏ်းက အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးလိုက်တာက ဘာကိုဆိုလိုတာလို့ ထင်လဲ
အဲ့ဒီကျောက်တုံးတွေက ဘယ်ဂိုဏ်းအတွက်မဆို အရေးကြီးတဲ့ အုတ်မြစ်တွေပဲကွ
သူတို့က အဲ့ဒီလောက်အရေးကြီးတဲ့ကျောက်တုံးတွေကို ဒီတိုင်းပေးပစ်လိုက်ကြတာ
အဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုကတော့ ထူးဆန်းနေတယ်”
ကျန်းယန် အတန်ကြာတွေးတောနေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဆရာ ကျွန်တော်တို့၀မ်လင်းဂိုဏ်းရဲ့ ရည်ရွယ်ချက်ကိုမသိပေမယ့် လက်ရှိအခြေအနေအရ သုံးသပ်ကြည့်လို့တော့ ရတယ်
ကျွန်တော်တို့ဂိုဏ်းမှာ လတ်တလောပြဿနာတွေရှိတယ်လို့ ဆရာထင်လား”
“လက်ရှိပြဿနာက မိစ္ဆာတွေပဲ” ချင်းယွင်ကျိ ပြန်ပြောလိုက်၏။
အဖြေက မခက်ပေ။
ကျန်းယန်ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“မိစ္ဆာတွေရဲ့ တည်ရှိမှုက လက်ရှိအဇူရာတိမ်ဂိုဏ်းအတွက် ပြဿနာပဲ
ဒါပေမယ့် ကျွန်တော်တို့မှာ နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ် အဲ့တာက ကျွန်တော်တို့မှာ ပညာရှင်နည်းနေတာပဲ
ကျွန်တော်တို့ အုတ်မြစ်က အားနည်းလွန်းတယ်
ကျွန်ဝောာ်တို့ လက်ရှိအုတ်မြစ်က အမတရတနာနည်းနည်းနဲ့ စိတ်ဝိညာဉ်လက်နက်တွေပဲရှိတာ
ဒါပေမယ့် အဲ့ဒီအုတ်မြစ်တွေဆိုတာက မှန်ထဲကပန်း ရေထဲကလပဲ အဲ့တာတွေက တကယ့်အင်အားတွေမဟုတ်ဘူး
ဥပမာပြောရရင် အမတရတနာတွေက စွမ်းအားအချို့တော့ရှိပေမယ့် အဲ့တာတွေက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နဲ့ မယှဉ်နိုင်ဘူး
ကျွန်တော်တို့တပည့်တွေဆိုတာကလည်း တိုးတက်ဖို့ အချိန်လိုတယ်
ဝိညာဉ်အခြေတည်အဆင့် နတ်ဝိညာဉ်အဆင့်….အချိန်တွေအများကြီး လိုတယ်
အချုပ်ပြောရရင် ကျွန်တော်တို့ဂိုဏ်းမှာ အရင်းအမြစ်တွေကြွယ်၀နေပေမယ့် မျှတဲ့ပညာရှင်တွေရဲ့ ပေါင်းစပ်မှုရှိမနေဘူး တာအိုပေါင်းစည်းခြင်းအဆင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် သက်တမ်းကုန်တော့မယ့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျွန်တော်တို့ လိုနေတာက အဲ့ဒီလိုကျင့်ကြံသူတွေ သူတို့ကမှ ရှေးဟောင်းဂိုဏ်းကြီးတွေရဲ့ တကယ့်အုတ်မြစ် တကယ့်ခြိမ်းခြောက်မှုပဲ
အဇူရာတိမ်ဂိုဏ်းကတော့ မိစ္ဆာတွေမရှိတော့တာနဲ့ စဉ့်တီတုံးပေါ်က ငါးဖြစ်သွားမှာပဲ
အဲ့တာကြောင့် ကျွန်တော်တို့နဲ့မိစ္ဆာတွေကြားမှာ နက်ရှိုင်းတဲ့ မှီခိုမှုရှိနေတယ်
အဲ့တာကြောင့် ကျွန်တော်သံသယရှိတာက ၀မ်လင်းဂိုဏ်းက အဲ့ဒီကျောက်တုံးတွေကို ကျွန်တော်တို့ကြားက ဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့ တမင်ပေးခဲ့ပုံပဲ
စဉ်းစားကြည့် ကျွန်တော်တို့က ကျောက်တုံးတွေရတာနဲ့ ၀င်္ကပါကိုအားဖြည့်မှာပဲ အဲ့ဒီအခါ ၀င်္ကပါသန်မာလာရင် ကျွန်တော်တို့အနေနဲ့ မိစ္ဆာတွေနဲ့ ရင်ဆိုင်ရတာ ပိုလွယ်လာမယ်
အဲ့လိုဖြစ်လာရင် ကျွန်တော်တို့နဲ့ မိစ္ဆာတွေကြား ပဋိပက္ခတွေဖြစ်ဖို့ ပိုလွယ်ကူလာလိမ့်မယ်
နောက်ပြီး ဂိုဏ်းကြီးတွေနဲ့ငြိမ်းချမ်းရေးယူထားချိန်လည်းဖြစ်တနတော့ ကျွန်တော်တို့ကြား ပဋိပက္ခက ပိုကြီးလာဖို့သာ ရှ်ိတယ်
တကယ်လို့ ကျွန်တော်တို့ကသာ လုံလောက်အောင်တုံးအရင် အခု ၀င်္ကပါကိုလည်း အားဖြည့်ပြီးသွားပြီ မိစ္ဆာတွေကိုမလိုတော့ဘူးလို့တောင် တွေးသွားနိုင်တယ်
အဲ့ဒီအချိန်ရောက်သွားရင် သူတို့က ကျွန်တော်တို့ကိုတိုက်ခိုက်ကြလိမ့်မယ်
အတွင်းပိုင်းမှာ မိစ္ဆာတွေနဲ့အတွင်းရေးပြဿနာဖြစ်တာနဲ့ ကျိန်းသေပေါက် စစ်ပွဲတစ်ပွဲကို ရင်ဆိုင်ရမှာပဲ အဲ့ဒီအချိန်ကျရင် မိစ္ဆာတွေက အရင်ရန်ငြှိုးဟောင်းတွေကြောင့် ကျွန်တော်တို့အားလုံးကို အမြစ်ပြတ်ရှင်းပစ်ကြလိမ့်မယ်
အပြင်ပိုင်းမှာလည်း မိစ္ဆာတွေရဲ့ ထောက်ပံ့မှုမရှိတော့ရင် ဂိုဏ်းကြီးကိုးဂိုဏ်းက ကျွန်တော်တို့ကိုရှင်းပစ်ဖို့ စစ်ပွဲကြီးတစ်ခုဆင်နွှဲမှာပဲ”
ကျန်းယန် တခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါက ကျွန်တော်သုံးသပ်ကြည့်ရသလောက် သူတို့ရည်ရွယ်ချက်ပဲ အဲ့တာကြောင့် ၀မ်လင်းဂိုဏ်း အထွတ်အထိပ်စိတ်ဝိညာဉ်ကျောက်တုံးတွေပေးလိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့အချင်းချင်း အတွင်းရေးပဋိပက္ခတွေ ဖြစ်လာအောင် ပေးလိုက်တာ ဖြစ်နိုင်တယ်”
ချင်းယွင်ကျိ တိတ်ဆိတ်သွားခဲ့ပြီး အတန်ကြာသည်အထိ ဘာမှပြန်မပြောခဲ့ပေ။
တကယ်တော့ သူ၀င်္ကပါအတွင်းတစ်နေရာတွင်ရပ်နေရင်း အတွေးနွံနစ်နေခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်တွင် သူသည်ကျန်းယန်ပြောသလိုအတွေးမျိုး ၀င်နေ၍ ဖြစ်သည်။
ယခုလို ဂိုဏ်းကြီး ၉ဂိုဏ်းနှင့် ငြိမ်းချမ်းရေးရထားချိန်သည် မိစ္ဆာများနှင့်ရင်ဆိုင်ဖို့ အကောင်းဆုံးအချိန် မဟုတ်ပါလော။
သို့သော် ကျန်းယန်၏သုံးသပ်ချက်ကို ကြားပြီးနောက် သူကလဲ့စားချေမယ့်အစား မိစ္ဆာများနှင့်ဆက်ဆံရေးကို ပိုတည်ငြိမ်လာအောင်သာ ကြိုးစားရပေတော့မည်။
အတန်ကြာသောအခါမှ ချင်းယွင်ကျိ ပြန်ပြောလိုက်၏။
“စိတ်မပူပါနဲ့ အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး”
ကျန်းယန် ရယ်မောလိုက်သည်။
“ကျွန်တော်ဆရာ့ကို စိတ်မပူပါဘူး ဆရာက မိစ္ဆာတွေကိုမုန်းပေမယ့် အမုန်းတရားကြောင့် စုံလုံးကန်းသွားမယ့်သူမျိုးမဟုတ်ဘူး အဲ့တာကြောင့်လည်း အဇူရာတိမ်ဂိုဏ်းက ဒီနေ့အထိ အသက်ရှင်နေနိုင်ခဲ့တာ
အခြားဆရာဦးလေးတွေကလည်း ဆရာ့ကိုလေးစားကြတယ် အဲ့တာကြောင့် သူတို့ကလည်းဆရာ့စကားကို ပယ်ရှားမှာမဟုတ်ဘူး
တစ်ခုတည်းသော ပြဿနာက စန်းစုန့်ပဲ
အဲ့ဒီအဖိုးကြီးက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက မိစ္ဆာတွေကိုကြောက်နေတာ ၀င်္ကပါအားကောင်းလာတာကိုသာ သိသွားရင် ခုန်ထွက်လာပြီး မိစ္ဆာတွေကို ရှင်းပစ်ဖို့လိုက်ဆော်ဩမှာပဲ
ဆရာသူ့ကိုအတင်းဖိနှိပ်ထားလို့ ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့မကျေနပ်ချက်က ကြီးမားလာလိမ့်မယ်”
ချင်းယွင်ကျိ မျက်မှောင်ကြုံ့လိုက်သည်။ ထိုအခြေအနေက ဖြစ်လာနိုင်သည်ဟု သူလည်းခံစားလိုက်ရ၏။
“မင်းမှာဒီကိစ္စကို ဖြေရှင်းဖို့နည်းလမ်းရှိလား ဒါမှမဟုတ် ငါသူ့ကိုတံခါးပိတ်ကျင့်ကြံခိုင်းလိုက်ရမလား” ချင်းယွင်ကျိ ပြောလိုက်သည်။
“ငါသူ့ကို နှစ်၂၀လောက် တံခါးပိတ်ကျင့်ကြံခိုင်းလိုက်မယ်”
တစ်နေရာတွင် စန်းစုန့် ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့ရ၏။ သူ့မသိစိတ်က ကြောက်စရာတစ်ခုခုတော့ ဖြစ်နေပြီဟု သူ့ကိုအသိပေးနေခဲ့သည်။
“သူ့ကို နှစ် ၂၀ချုပ်ထားဖို့ မလိုပါဘူး တာအိုမိတ်ဆွေအိုကြီးနဲ့ ရင်ဆိုင်ဖို့က လွယ်ပါတယ် သူ့ကိုနားချိန်သာမပေးနဲ့ မိစ္ဆာတွေကိုသုံးပြီး သူ့ကိုကျင့်ကြံခြင်းမှာ ဖိအားပေးလို့ရသေးတယ် တစ်ဖက်မှာလည်း ဂိုဏ်းရဲ့ကိစ္စအချို့ကို က်ိုင်တွယ်ခုိင်းပြီး ဖိထားလို့ရတယ် ကမ္ဘာေပါ်မှာ တကယ့်ငြိမ်းချမ်းေရးဆိုတဲ့အရာ မရှိဘူးဆိုတာ ကျွန်တော်စန်းစုန့်ကို သိစေချင်တယ် တစ်ချိန်တည်းမှာပဲ အခြားဂိုဏ်းေတွေပးတဲ့ ဖိအားကိုသုံးပြီး ဂိုဏ်းသားတွေကို တွန်းအားပေးချင်တယ်
နှစ်၂၀အတွင်း ဂိုဏ်းသးတစ်ယောက်ချင်းစီတုိင်းကိူ ကြိုးစားကျင့်ကြံေစချင်တယ် ဒါမှလည်း သူတို့စိတ်ထဲ ဘာမှမတွေးမှာ ဒီနှစ် ၂၀အတွင်း က်ျွန်ေတာ်တို့ အုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ထားရမယ် မဟုတ်ရင် နှစ် ၂၀ပြီးတဲ့အခါ နောက်ထပ် ကပ်ေဘးကြီး တစ်ခုကို ရင်ဆိုင်ရလိမ့်မယ်”ကျန်းယန်ပြောလိုက်၏။
“လုပ်ဖို့လိုတာကို သွားလုပ်တော့” ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်သည်။
“ဒီကိစ္စတွေက မင်းတာ၀န်ပဲ
စိတ်မပူပါနဲ့ ငါမိစ္ဆာတွေကိုမုန်းပေမယ့် အမုန်းတရားကြောင့် အသိစိတ်လွတ်သွားမှာမဟုတ်ဘူး
ဘာကြောင့်လဲဆိုဝောာ့ သူတို့တည်ရှိမှုကို ငါ့ကိုကျင့်ကြံရာမှာ ကူညီပေးနေလို့ပဲ”
ကျန်းယန် ပျော်ရွှင်စွာရယ်မောလိုက်၏။ သူသည် သူ့ဆရာကို စိတ်ပူနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် ထိုအဖိုးကြီးသည် မိစ္ဆာများနှင့် နှစ်ရာချီသော ရန်ငြှိုးရှိနေသူ မဟုတ်ပါလော။
“လ၀က်အတွင်း ငါ၀င်္ကပါကို အဆင့်မြှင့်လိုက်မယ်” ချင်းယွင်ကျိ ပြောလိုက်သည်။
“မိစ္ဆာတွေကို သွားအကြောင်းကြားလိုက် လ၀က်ကြာရင် အခြားမိစ္ဆာတွေနဲ့ ၀င်္ကပါထဲမှာ တွေခွင့်ရမယ်လို့”
“ကောင်းပါပြီ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
“ကျွန်တော်လည်း ဒီလ၀က်အတွင်း အဇူရာတိမ်ဂိုဏ်းအတွက် အနာဂတ်အစီအစဉ်တွေ ရေးဆွဲထားလိုက်ပါ့မယ်
ကျွန်တော်စဉ်းစားပြီးသွားရင် ဂိုဏ်းလုံးကျွတ်အစည်းအဝေးတစ်ခု ခေါ်ရမယ်”
သူသည် ငါးနှစ်စာအစီအစဉ်ရေးဆွဲဖို့ စီစဉ်နေခြင်း ဖြစ်သည်။ ငါးနှစ်အတွင်း အဇူရာတိမ်ဂိုဏ်းသည် များစွာ တိုးတက်လာစေရမည်။