← Chapters

အဇူရာတိမ်ဂိုဏ်း၏ ပထမဆုံးအကြိမ် ဂိုဏ်းလုံးကျွတ်အစည်းအဝေး

Vol. 26 Ch. 274

အဇူရာတိမ်ဂိုဏ်း၏ ပထမဆုံးအကြိမ် ဂိုဏ်းလုံးကျွတ်အစည်းအဝေး

Vol. 26 Ch. 274

လ၀က်ကုန်ဆုံးသွားပြီးနောက် တန်ချန်ကျိထံမှ သတင်းကောင်းတစ်စစတင်ထွက်ပေါ်လာခဲ့သည်။

စိတ်လှုပ်ရှားနေသော အမူအရာဖြင့် တန်ချန်ကျိ တံခါးပိတ်ဆေးဖော်စပ်နေရာမှ သူသန့်စင်ထားသော ဆေးလုံးများနှင့် အတူ ထွက်လာခဲ့၏။

လူတိုင်းက တန်ချန်ကျိ၏ တံခါးပိတ်ဆေးဖော်စပ်ခြင်းက အလွန်အရေးကြီးသောကြောင့် သတိထား၍ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ ဤတစ်ကြိမ်သူဖော်စပ်သောဆေးများက ဂိုဏ်း၏ အုတ်မြစ်ကို အများကြီးတိုးတက်သွားစေမည့် ဆေးများသာ ဖြစ်၏။

အခု တန်ချန်ကျိ ထွက်ပေါ်လာပြီးဖြစ်သောကြောင့် လင်းယွင်ကျိတို့ အလျင်အမြန်ပင် သူ့ဆီရောက်ရှိလာခဲ့သည်။

အခြေအနေကိုသိသွားသောအခါ ကျန်းယန်လည်း ရောက်ရှိလာခဲ့၏။

“ဆရာဦးလေး ၃ အခြေအနေဘယ်လိုရှိလဲ” ကျန်းယန် အလောတကြီးမေးလိုက်သည်။

“အရမ်းကောင်းတယ် အကျိုးသက်ရောက်မှုက အရမ်းကောင်းလွန်းတယ်” တန်ချန်ကျိ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ဒီတစ်ခေါက် မင်းယူလာတဲ့ဆေးပင်တွေက တကယ်ကို သာမန်မဟုတ်ဘူး အဲ့ဒီဆေးတွေနဲ့ဆိုရင် လူတိုင်း နှစ်၀က်အတွင်း အဆင့်ချိုးဖြတ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်

ဒါပေမယ့် ကံဆိုးစွာနဲ့ ငါ ၁၂လုံးပဲ သန့်စင်လို့ ရခဲ့တယ်”

ထိုပမာဏက ကျန်းယန်ယူလာခဲ့သော ဆေးပင်များနှင့်ယှဉ်ပါက အလွန်နည်းသည်ဟု သူခံစားနေခဲ့ရသည်။

တန်ချန်ကျိ ကြည်လင်‌နေသော သလင်းကျောက်ပုလင်း ၁၂လုံးကို ထုတ်ပြလိုက်၏။ ထိုပုလင်းများထဲတွင် ခရမ်းရောင်ချီများ ရစ်သိုင်းနေသည့် ဆေးလုံးများရှိနေခဲ့သည်။

စန်းစုန့်လည်း စိတ်လှုပ်ရှားလာခဲ့၏။ သူသည်လည်း တာအိုပေါင်းစည်းခြင်းအလယ်အဆင့်တွင်ပိတ်မိနေတာ ကြာပြီ မဟုတ်ပါလော။

တန်ချန်ကျိ ပုလင်း ၁၂လုံးကို ကျန်းယန်ဆီပေးလိုက်သည်။

“မင်းပဲ ကိုင်တွယ်လိုက်”

နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းကိစ္စတိုင်းကို ကျန်းယန်သာ ကိုင်တွယ်နေခြင်းဖြစ်ပြီး သူသည် တကယ့်ဂိုဏ်းချုပ်တစ်ယောက်လိုပင် ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သောအရေးကြီးသည့် အရင်းအမြစ်မျိုးကို သူသာ ကိုင်တွယ်သင့်၏။

ကျန်းယန် မငြင်းခဲ့ပေ။ သူဆေးပုလင်းများကို တစ်ယောက်တစ်ပုလင်းဆီ ခွဲပေးလိုက်သည်။

အကြီးအကဲများလည်း ဆေးပုလင်းရသည်နှင့် အဆင့်ချိုးဖြတ်ရန်တံခါးပိတ်ကျင့်ကြံခြင်း၀င်ဖို့ ပြင်လိုက်ကြ၏။

ကျန်းယန် အမြန်ပြောလိုက်လေသည်။

“ဆရာဦးလေးတို့ ကျေးဇူးပြုပြီး မလောကြပါနဲ့ဦး

ဆရာက ၀င်္ကပါကိုပြုပြင်နေတာ ရက်အနည်းငယ်အတွင်း ပြီးတော့မှာ ဆရာပြုပြင်ပြီးသွားရင် ကျွန်တော်ဂိုဏ်းလုံးကျွတ်အစည်းအဝေးတစ်ခု ခေါ်စရာ ရှ်လို့ပါ

အဲ့ဒီအစည်းအဝေးမှာ အဇူရာတိမ်ဂိုဏ်း သွားရမယ့်လမ်းကြောင်းကို ချမှတ်မှာ ဆရာဦးလေးတို့တစ်ယောက်မှ ပျက်လို့မရဘူး

ပြီးတော့ ဆရာဦးလေးတို့လည်း ဟောပြောရဦးမှာ အဲ့တာကြောင့် အကြာကြီးတံခါးပိတ်ကျင့်ကြံခြင်း၀င်လို့ မရသေးဘူး”

လူတိုင်း ရပ်လိုက်ကြကာ ကျန်းယန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။

ဒီကလေး ဘာတွေစီစဉ်နေပြန်ပြီလဲ!

ငါးရက်ကြာပြီးနောက် ချင်းယွင်ကျိ ပေါ်လာခဲ့လေသည်။

ထိုအရာက အဇူရာမဟာတိမ်၀င်္ကပါကို ပြုပြင်ပြီးပြီဟု ဆိုလိုနေခဲ့၏။ သို့သော် အပြင်ကကြည့်လျှင်တော့ ဘာပြောင်းလဲမှုကိုမှ မြင်ရမည် မဟုတ်ပေ။

ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ပြောလိုက်၏။

“မင်းအစည်းအဝေးတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်မလား အခုမိစ္ဆာတွေလည်း ၀င်္ကပါထဲ၀င်လို့ရပြီ”

ကျန်းယန် ၀မ်းသာသွားကာ မေးလိုက်သည်။

“ဆရာ လက်ရှိ ၀င်္ကပါအခြေအနေက ဘယ်လိုရှိလဲ”

“အရိုးသားဆုံးပြောရရင် သူ့အထွတ်အထိပ်အခြေအနေကိုရောက်ဖို့တော့ အဝေးကြီးလိုနေသေးတယ်” ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။

“မင်းနားလည်ထားရမှာက ဒါက အဇူရာကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ မဟာ၀င်္ကပါကြီးလေ

အမတရတနာ ၇ခုကို အမြုတေအဖြစ်အသုံးပြုထားတဲ့ ဒီ၀င်္ကပါကြီးက ဘယ်လောက်စွမ်းအားကြီးလဲ မင်းသိသင့်တယ်

သူ့အထွတ်အထိပ်အခြေအနေတုန်းက သူက အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးပေါ်က မိစ္ဆာတွေကိုသန့်စင်ပြီးတော့ နောက်ဆုံးမှာ သူတို့ကို ဒီနေရာမှာချိတ်ပိတ်ထားနိုင်ခဲ့တာ သူ့စွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲ

နှစ်တစ်ထောင်ကြာပြီးတဲ့နောက်တော့ ၀င်္ကပါစွမ်းအားက သိသိသာသာ ကျဆင်းသွားခဲ့ရင် မဟုတ်ရင် ငါတို့ဂိုဏ်းက အဲ့ဒီလောက်အခြေအနေဆိုးသွားမှာ မဟုတ်ဘူး

အခုတော့ အထွတ်အထိပ်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀နဲ့ ၀င်္ကပါနဲ့ စွမ်းအား ၅၀ရာခိုင်နှုန်းထိ ပြန်အသက်သွင်းထားနိုင်ခဲ့တယ်”

ကျန်းယန် ချင်းယွင်ကျိကို တုန်လှုပ်စွာ ကြည့်လိုက်၏။ စွမ်းအား ၅၀ရာခိုင်နှုန်းတည်းဖြင့် ၀င်္ကပါက မိစ္ဆာ ၁၇ကောင်ကို ဖိနှိပ်ထားနိုင်ပါမည်လော။

“ဒါ‌ဆို ၀င်္ကပါရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်အောင် ကျွန်တော်တို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်သုံးရမှာလဲ” ကျန်းယန် မေးလိုက်သည်။

ချင်းယွင်ကျိ တခဏတွေးတောပြီးနောက် ပြန်ပြောလိုက်၏။

“အကြမ်းဖျင်းတော့ ငါတို့နောက်ထပ် အထွတ်အထိပ်အဆင့်ကျောက်တုံး ၁၀၀လိုလိမ့်မယ်

နောက်ပြီး သူ့ကိုပြန်ပြုပြင်ဖို့ အရည်အသွေးအရမ်းကောင်းတဲ့ ကောင်းကင်ရတနာတွေလည်း လိုဦးမှာ

ဒီ၀င်္ကပါက ဂိုဏ်းအထွတ်အထိပ်အချိန်ရောက်နေတုန်းက ဆောက်ခဲ့တဲ့၀င်္ကပါပဲ အဲ့တာကြောင့် ဒါကိုအခုအချိန် ပြန်ပြုပြင်ဖို့က အတော်ခက်မှာ”

“ကျွန်တော်တို့ တစ်ဆင့်ချင်းသွားကြတာပေါ့” ကျန်းယန်ပြုံး၍ ပြောလိုက်သည်။

“ဆရာ ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ ကျွန်တော်ဒီအစည်းအဝေးမှာ ဂူဒူအာကို တက်ခိုင်းဖို့ စီစဉ်ထားတယ်

အဲ့တာကြောင့်လူတိုင်းရဲ့ လုံခြုံရေးက ဆရာ့အပေါ် မူတည်တယ်”

ချင်းယွင်ကျိ ဆွံ့အသွားခဲ့၏။

“တကယ်ကြီး သူ့ကိုတက်ခိုင်းဖို့လိုလို့လား” ချင်းယွင်ကျိ မေးလိုက်သည်။

“လိုတယ်” ကျန်းယန် လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်၏။

“ကျွန်တော်သေချာလေ့လာပြီးသွားပြီ မိစ္ဆာတွေကြားထဲမှာ သူကလွှမ်းမိုးမှုအရှိဆုံးပဲ မိစ္ဆာတွေရဲ့ အပြုအမူတွေကို သူဉီးဆောင်နေတာလို့တောင် ပြောလို့ရတယ်

ကျွန်တော်က သူ့ကိုအကြောင်းပြချက် ၂ခုကြောင့် ဒီအစည်းအဝေးကို တက်ခိုင်းမှာ

ပထမတစ်ခုက ကျွန်တော်တို့အနာဂတ်မှာဘာလုပ်ချင်တာလဲဆိုတာ သူ့ကိုသိစေချင်လို့ပဲ

ဒုတိယတစ်ခုကတော့ သူ့ကိုသိမ်းသွင်းဖို့ပဲ

ကျွန်တော်တို့ ၀င်္ကပါထဲကမိစ္ဆာတွေကိုထိန်းချုပ်နိုင်ဖို့ သူ့အကူအညီလိုတယ်

၀င်္ကပါက အားကောင်းလာပြီဆိုပေမယ့် ၀င်္ကပါထဲကမိစ္ဆာပြဿနာရှာရင် ဆရာနဲ့ဆရာဦးလေးတို့ စိတ်အေးအေးချမ်းချမ်းနဲ့နေရမှာ မဟုတ်ဘူး

အဲ့တာကြောင့် ကျွန်တော်သူ့ကိုဒီအစည်းအဝေးတက်စေချင်တာ”

ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။

“ကောင်းပါပြီ ငါ့တာ၀န်သာထားလိုက်ပါ”

သူခေါင်းကိုက်သလိုခံစားနေခဲ့ရသည်။

“ဆရာ ဒါက ဆရာဦးလေး ၃သန့်စင်ထားတဲ့ဆေးလုံးတွေ ဆရာအဆင့်ချိုးဖြတ်ဖို့ ကူညီနိုင်မလားဆိုတာ တစ်ချက်ကြည့်ကြည့်” ကျန်းယန်ပြောလိုက်ကာ ဆေးလုံးတစ်လုံး လွှဲပြောင်းပေးလိုက်၏။

“ကျွန်တော်လူတိုင်းကို အစည်းအဝေးအကြောင်း အကြောင်းကြားလိုက်ဦးမယ်”

ပြောပြီးသည့်နောက် သူကျန်းကျစ်ချိုးကို အကြောင်းကြားရန် အဇူရာတိမ်မြို့ဆီထွက်ခွာလာခဲ့လေသည်။

ထို့နောက် သူအဖွဲ့သုံးဖွဲ့‌ေခါင်း‌‌ေဆာင်များကိုလည်း အဇူရာတိမ်ခန်းမထဲတွင် အစည်းအဝေးတက်ဖို့ အကြောင်းကြားလိုက်၏။

နောက်ဆုံးမှ သူဂူဒူအာကိုအကြောင်းကြားရန် တားမြစ်နယ်မြေဆီ ရောက်ရှိလာခဲ့သည်။

“စီနီယာ ကျွန်တော်တို့ဂိုဏ်းမှာ အရမ်းအရေးကြီးတဲ့ အစည်းအဝေးတစ်ခု ကျင်းပဖို့စီစဉ်နေပါတယ် စီနီယာတက်ရောက်ပေးဖို့ မျှော်လင့်ပါတယ်”

ဂူဒူအာ မျက်မှောင်ကြုံ့သွားခဲ့၏။

“ငါလည်းတက်ရမှာလား”

“ဒီအစည်းအဝေးကအရမ်းအရေးကြီးပါတယ် အစည်းအဝေးမှာ အဇူရာတိမ်ဂိုဏ်းရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်း ဆွေး‌နွေးမှာပါ ကျွန်တော့်ဆရာက စီနီယာ့ရဲ့အရှိန်အဝါကို ကန့်သတ်ထားမှာပါ အဲ့တာကြောင့် စီနီယာတစ်မျိုးတစ်မည်တော့ ခံစားရနိုင်ပါတယ် စီနီယာနားလည်ပေးဖို့ မျှော်လင့်ပါတယ်အဆင့်နိမ့်တပည့်တွေလည်း တက်ကြမှာဆိုတော့ သူတို့က စီနီယာ့ရဲ့ အရှိန်အဝါကိုခံနိုင်ကြမှာမဟုတ်ဘူးလေ” ကျန်းယန် လေးလေးစားစား ပြောလိုက်၏။

ဂူဒူအာ အကူအညီမဲ့သလိုခံစားလိုက်ရသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“အရမ်းကောင်းတယ် ငါတက်မယ်”

အဇူရာတိမ်ခန်းမထဲတွင် လူတိုင်းထိုင်နေခဲ့ကြပြီး အားလုံးက ပဟေဠိဖြစ်နေသလို ခံစားနေခဲ့ကြရ၏။

ကျန်းယန်သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခဲ့သောကြောင့် ကိစ္စကြီးတစ်ခုခုကတော့ ရှိနေပုံပင်။

စန်းစုန့်လည်း အတော်လေးစိတ်၀င်စားနေခဲ့သည်။ သူအစကတော့ စိတ်အေးနေခဲ့ခြင်း ဖြစ်၏။

သို့သော် ကျန်းယန်က ဂူဒူအာနှင့်အတူအစည်းအဝေးခန်းမထဲ ၀င်လာချိန်တွင်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားကာ ကြက်သီးမွှေးညှင်းများ ထလာခဲ့လေသည်။

မိစ္ဆာတစ်ကောင်က အစည်းအဝေးတက်လာတာ…

သူရုတ်ချည်း ထပြေးချင်သွားခဲ့၏။

ထို့အပြင် အဇူရာတိမ်ခန်းမထဲတွင် အဆင့်နိမ့်တပည့်များလည်း ရှိနေသေးသည်။ ထိုလူများသည် တစ်ခုခုမှားယွင်းသွားမှာ မကြောက်ကြဘူးပေလော။

All Chapters