← Chapters

ပထမဆုံး ငါးနှစ်စာအစီအစဉ်

Vol. 26 Ch. 275

ပထမဆုံး ငါးနှစ်စာအစီအစဉ်

Vol. 26 Ch. 275

ဂူဒူအာခန်းမထဲ၀င်လာသည်နှင့် ချင်းယွင်ကျိ သတိအပြည့်ဖြစ်သွားခဲ့၏။

သူ့တာအိုနယ်‌ပယ်ပေါ်ထွက်လာကာ နယ်ပယ်က ဂူဒူအာကို လွှမ်းခြုံထားခဲ့သည်။

ဂူဒူအာ၏အရှိန်အဝါကိုလည်း သူဖိနှိပ်ထားခဲ့၏။

ချင်းယွင်ကျိ၏ ဖိအားရောက်ရှိလာသည်နှင့် ဂူဒူအာ မသက်မသာခံစားလိုက်ရလေသည်။

ခွန်အားချည်းသက်သက်ယှဉ်ရလျှင် သူချင်းယွင်ကျိကို လုံး၀မကြောက်ပေ။

သို့သော်လည်း သူ့နာမည်းအရင်းပါ ဖိနှိပ်ခံထားရသောကြောင့်သာ သူမသက်မသာခံစားနေရခြင်း ဖြစ်၏။

ကျန်းယန် လေးနက်သောအမူအရာဖြင့် ဂူဒူအာကို မေးလိုက်သည်။

“စီနီယာ ထိုင်လို့အဆင်ပြေလား”

ဂူဒူအာသည် ဖိအားအောက်ရောက်နေမှန်း သူသိ၏။ ထို့ကြောင့် ထိုင်လို့ရမရ မေးနေခြင်း ဖြစ်သည်။

“ရပ်နေလို့လည်း အဆင်ပြေပါတယ်” ဂူဒူအာ သာမန်အတိုင်း ပြန်ပြောလိုက်၏။

အကယ်၍ သူသာထိုင်လိုက်လျှင် ဖိအားကြောင့် ကုလားထိုင်ကျိုးကြေသွားပေလိမ့်မည်။

“စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ” ကျန်းယန် တောင်းပန်လိုက်ပြီးသည့်နောက် အခြားသူများကို က်ြည့်လိူက်လေသည်။ ထို့နောက် သူလေးနက်သောအမူအရာဖြင့် ပြောလိုက်၏။

“ဒီစီနီယာကိုမသိတဲ့သူအချို့ရှိနေကြဦးမယ် ထင်တယ် ကျွန်တော်မိတ်ဆက်ပေးပါရစေ

သူကမိစ္ဆာတစ်ကောင်ပါ

သူ့ကို ဂူဒူအာလို့ခေါ်နိုင်ပါတယ်

အရင်ကတော့ သူ့ကို၀င်္ကပါထဲမှာ သန့်စင်ထားခဲ့တာ ဒါပေမယ့်အကြောင်းပြချက်အချို့ကြောင့် လွှတ်ပေးခဲ့ရတယ်”

စန်းစုန့်လိုသိပြီးသားသူများကတော့ ဘာအမူအရာမှပြောင်းလဲမသွားကြပေ။

သို့သော် မိစ္ဆာဆိုတာ အခုမှကြားဖူးသော ကျန်းချန်းရှန်လိုလူများကတော့ ဂူဒူအာကို စိတ်၀င်တစား ကြည့်ရှုနေခဲ့ကြ၏။

ဆိုတော့ သူကမိစ္ဆာတစ်ကောင်ကိုး…

ဘာမှ ထူးဆန်းပုံလည်း မပေါက်ပါလား!

ကျန်းကျစ်ချိုးကတော့ တုန်လှုပ်သွားကာ ချက်ချင်း ချင်းယွင်ကျိနှင့်အခြားသူများကို ကြည့်လိုက်မိလေသည်။

လူတိုင်း တည်ငြိမ်နေတာကိုတွေ့မှသာ သူလည်းစိတ်အေးသွားခဲ့၏။

“ကောင်းပြီ မိတ်ဆက်ပေးလို့လည်း ပြီးပြီဆိုတော့ အစည်းအဝေး တရား၀င်စတင်ပါပြီ”

ကျန်းယန်လည်း ဝင်မထိုင်ခဲ့ပေ။ သူခန်းမအလယ်တွင် ရပ်နေရင်း လူတိုင်းကိုကြည့်ကာ အစည်းအဝေးကို ကျင်းပခဲ့သည်။

“မကြာသေးခင်က ကျွန်တော်တို့တွေ ဂိုဏ်းကြီး ၉ဂိုဏ်းနဲ့တိုက်ခိုက်ခဲ့ရတယ်

အဆုံးသတ်မှာ ကျွန်တော်တို့အနိုင်ရရှိခဲ့ပြီး လျော်ကြေးလည်း ကြီးကြီးမားမားရရှိခဲ့တယ်

ဒါပေမယ့် အဲ့ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့ တကယ်ငြိမ်းချမ်းရေးရသွားပြီလို့ ထင်ကြလား ကျွန်တော်တော့ မထင်ပါဘူး

ဘာလို့လဲဆိုတော့ အဲ့ဒီစစ်ပွဲကို ကျွန်တော်တို့ကိုယ်ပိုင်အင်အားနဲ့ အနိုင်ရခဲ့တာ မဟုတ်လို့ပါ ဒီကမိစ္ဆာစီနီယ‌ာ‌ေတွရဲ့ ကျေးဇူးနဲ့ တောင်တစ်သိန်းတောင်တန်းက မွန်းစတားမျိုးနွယ်စုရဲ့ အကူအညီကြောင့်သာ ကျွန်တော်တို့ အနိုင်ရခဲ့ကြတာပါ အဲ့ဒီလိုအခြေအနေကြောင့်သာ ဂိုဏ်းကြီး ၉ဂိုဏ်းက ရွေးချယ်စရာမရှိတော့ဘဲ နောက်ဆုတ်သွားခဲ့ကြတာ

ဒါပေမယ့် ကျွန်တော်တို့နဲ့ မွန်းစတားမျိုးနွယ်စုကြားက မဟာမိတ်က နှစ်၂ဝစာ မဟာမိတ်ပဲဆိုတာကို ကျွန်ဝောာ်တို့ လုံး၀ မေ့ပစ်လို့မရပါဘူး

နှစ် ၂၀ကြာတဲ့အခါ ဟူတလီက တောင်တစ်သိန်းတောင်တန်းဆီပြန်ရမှာဖြစ်ပြီး မွန်းစတားမျိုးနွယ်စုကလည်း အပြင်ကိစ္စတွေကြား လုံး၀ ၀င်ပါတော့မှာ မဟုတ်ပါဘူး

အဲ့ဒီလိုပဲ မိစ္ဆာစီနီယာတွေမှာလည်း နှစ်ာ၂၀အတွင်း ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို လိုက်ပို့ရမယ်ဆိုတဲ့ တောင်းဆိုချက်ရှိနေပါတယ်

ဒါကြောင့်ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းမှာ နှစ်၂၀ပဲ အချိန်ရှိပါတယ်

နှစ် ၂၀အတွင်း အဇူရာတိမ်ဂိုဏ်းက လုံလောက်တဲ့အင်အားတစ်ခုရှ်ိလာတဲ့အထိ တိုးတက်ဖွံ့ဖြိုးလာရပါမယ် မဟုတ်ရင်တော့ ကျွန်တော်တို့ ရှင်းလင်းသုတ်သင်ခံရပါလိမ့်မယ်

အဲ့ဒီအချိန်ကျရင်တော့ ဂိုဏ်းသားတစ်ယောက်မှ လွတ်မှာမဟုတ်ပါဘူး”

ထိုစကားအရောက်တွင် ကျန်းယန် စန်းစုန့်ကိုကြည့်ကာ ပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားက ရှို့ယိဘုရားကျောင်းကဆိုပေမယ့် ခင်ဗျားလည်းလွတ်မှာမဟုတ်ဘူး

ရှို့ယိဘုရားကျောင်းက ခင်ဗျားကိုလွှတ်ပေးရင်တောင် အခြားဂိုဏ်းတွေက ခင်ဗျားကိုလွှတ်ပေးမှာ မဟုတ်ဘူး

အဲ့တာကြောင့် ဆုတ်ခွာဖို့တွေးတောင်မတွေးနဲ့”

စန်းစုန့်နှဖူးပေါ်မှ ချွေးအေးများ ကျလာခဲ့လေသည်။ သူကျန်းယန်နှင့် ဂူဒူအာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။

“ငါကလည်း ထွက်ပြေးဖို့ စဉ်းစားမနေပါဘူး…”

ကျန်းယန် ဆက်ပြောလိုက်သည်။

“နှစ် ၂၀ဆိုတဲ့အချိန်က ကြာလည်းမကြာသလို မြန်လည်းမြန်မနေဘူး

ကျွန်တော်သေချာစဉ်းစားပြီးတဲ့နောက်မှာ နှစ် ၂၀ကို ၅နှစ်စာဆီခွဲပြီး လေးပိုင်းပိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်

အခုကျွန်တော်တို့ ဆွေးနွေးကြမှာက ပထမ ၅နှစ်စာ အစီအစဉ်ပဲ

ငါးနှစ်အတွင်း ကျွန်တော်တို့အောင်မြင်အောင်လုပ်ရမယ့် ရည်မှန်းချက်တွေ ကျိန်းသေပေါက် ရှိရမယ်

အချို့ပန်းတိုင်တွေကတော့ ဂိုဏ်းတစ်ခုလုံးအတွက်ဖြစ်ပြီး အချို့ကတော့ တစ်‌‌ယောက်ချင်းစီ အတွက်ပဲ

လူတိုင်းရဲ့ တစ်ကိုယ်ရည်စာ ပန်းတိုင်တွေနဲ့ စလိုက်ကြတာပေါ့

ဆရာ ဆရာက အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီး ဂိူဏ်းရဲ့အသန်မာဆုံးပုဂ္ဂိုလ်ပါ ဆရာ ကျွန်တော်တစ်ခုမေးချင်ပါတယ် ဆရာနောက်ငါးနှစ်အတ္ငင်း နောက်တစ်ကြိမ်ထပ်ပြီး ကပ်ဘေးဖြတ်ကျော်နိုင်လောက်လား”

လူတိုင်းအကြည့်များက ချင်းယွင်ကျိဆီ ရောက်ရှိသွားခဲ့၏။

ချင်းယွင်ကျိ ဆွံ့အသွားခဲ့သည်။

ဘယ်လိုဆရာမျိုးက သူ့တပည့်ကဖိအားပေးတာကို ပြန်ခံနေရပါသနည်း။

သူဖြည်းဖြည်းချင်းပြောလိုက်သည်။

“ငါကြိုးစားမယ်…”

သူ့စိတ်ထဲတွင်တော့ လေးလံနေခဲ့၏။ ကပ်ဘေးတစ်ကြိမ်ဖြတ်ကျော်ပြီးလျှင် နောက်တစ်ကြိမ်ဖြတ်ကျော်ရန် ဆယ်စုနှစ်များနှင့်ချီ၍ တံခါးပိတ်ကျင့်ကြံရခြင်းဖြစ်ပြီး အချို့ဆို ရာစုနှစ် ထောင်စုနှစ်များထိ ကျင့်ကြံရတတ်၏။

သို့သော် သူကတော့ ငါးနှစ်အတွင်းဖြတ်ကျော်ဖို့ ဖိအားပေးခံနေခဲ့ရချေပြီ။

ကျန်းယန်ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ဆရာ့ရဲ့ ငါးနှစ်အတွင်းပန်းတိုင်က နောက်တစ်ကြိမ် ကပ်ဘေးဖြတ်ကျော်ဖို့ပဲ”

ကျန်းယန် အကြည့်က စန်းစုန့်ဆီရောက်ရှိသွားခဲ့၏။ သူလေးလေးနက်နက်ပြောလိုက်လေသည်။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားရဲ့ ပန်းတိုင်ကလည်း ငါးနှစ်အတွင်း ကပ်ဘေးဖြတ်ကျော်ဖို့ပဲ ခင်ဗျားကို ဆေးဝါးတွေ လျှို့ဝှက်ကျင့်စဉ်တွေအားလုံးပေးထားတာ အမတရတနာကိုတောင် လေ့လာခွင့်ပေးထားသေးတယ် ဘာ‌ဆင်ခြေမှပေးမနေနဲ့တော့ ငါးနှစ်အတွင်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ကို ရောက်ရမယ်

စန်းစုန့်ကို လမ်းညွှန်ပေးဖို့ ဒီမှာစီနီယာဂူဒူအာကိုလည်း ဖိတ်ခေါ်ထားတယ်”

ဂူဒူအာခေါင်းညိတ်ပြလိုက်သောကြောင့် စန်းစုန့်အနည်းငယ်ပဟေဠိဖြစ်သွားခဲ့၏။ အဘယ်ကြောင့် သူက ထိုကျင့်ကြံသူ၏လမ်းပြမှု လိုပါမည်နည်း။

ဂူဒူအာ့အကြည့် သူ့ဆီရောက်လာချိန်တွင်တော့ စန်းစုန့်လန့်ဖြန့်သွားခဲ့လေသည်။

“ငါသူ့လမ်းညွှန်မှုမလိုဘူး ငါးနှစ်အတွင်း ကပ်ဘေးဖြတ်ကျော်မယ်လို့ ငါအာမခံတယ် ကျရှုံးခဲ့ရင် ငါ့ခေါင်းကိုဖြတ်ယူသွားလိုက်”

ကျန်းယန် စန်းစုန့်ကိုပြောမနေတော့ပေ။ အခြားစီနီယာများဘက်လှည့်ကာ ပြောလိုက်၏။

“ဆရာဦးလေး ၃ သန့်စင်ပေးတဲ့ဆေးတွေနဲ့ဆိုရင် ဆရာဦးလေးတို့လည်း တာအိုပေါင်းစည်းခြင်းအဆင့်အထိ အခက်အခဲမရှ်ိ ချိုးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်‌ေတာ်ယံုတယ်

ဆရာဦးလေးတို့ရဲ့ ပန်းတိုင်က ငါးနှစ်အတွင်း တာအိုပေါင်းစည်းခြင်းအဆင့်မှာ အခြေခိုင်အောင် လုပ်ဖို့ပဲ

လိုတာရှိရင်လည်း ဘဏ္ဍာတိုက်ထဲမှာ သွားသာယူ

ဆရာဦးလေးတို့ပန်းတိုင်က ငါးနှစ်အတွင်း စစ်မှန်တဲ့တိုက်ခိုက်ရေးစွမ်းအားရှိတဲ့ တာအိုပေါင်းစည်းခြင်းအဆင့်တွေ ဖြစ်လာဖို့ပဲ”

“ပြဿနာမရှိပါဘူး” သူတို့ခြောက်ယောက် တစ်ညီတညွတ်တည်း ပြောလိုက်ကြ၏။

“ဂျူနီယာညီမလေး နင်က ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်ရောက်နေပြီဆိုတော့ ငါးနှစ်အတွင်းရွှေအမြုတေအလယ်အဆင့်ကိုရောက်အောင်လုပ် ချင်းရှုရဲ့ ငါးနှစ်အတွင်းပန်းတိုင်က ရွှေအမြုတေအဆင့်ကို ချိုးဖြတ်နိုင်ဖို့ပဲ ဒါပေါ့ မင်းတာ၀န်က အဆင့ချိုးဖြတ်ရုံသက်သက်တော့ မဟုတ်ဘူး အခြားတာ၀န်တွေရှိနေသေးတယ် ဆိုတော့ အဆင့်ချိုးဖြတ်တယ်ဆိုတာ မင်းအတွက် စိန်ခေါ်မှုတစ်ခုဆိုလည်း ဟုတ်တယ်

ငါ့အတွက်ကတော့ အရိုးသားဆုံးပြောရရင် ငါ့မှာငါးနှစ်အတွင်း အဆင့်ချိုးဖြတ်ဖို့ ယုံကြည်ချက်မရှိဘူး

ဆိုတော့ ငါကဒီအချိန်ကိုသုံးပြီး ဂိုဏ်းကိစ္စတွေကို စီမံခန့်ခွဲမယ်”

အဆုံးသတ်တွင် ကျန်းယန်အသံက အကူအညီမဲ့နေပုံပင်။

စန်းစုန့်စိတ်၀င်တစားမေးလိုက်၏။

“မင်းက အတော်လေးပါရမီကောင်းပါတယ် ဘာလို့အဆင့်တက်တာ အရမ်းနှေးနေတာလဲ မင်းအခြေတည်ဝိညာဉ်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေလို့လား”

ထိုအခိုက်တွင် သူနတ်အာရုံဖြင့် ကျန်းယန်အခြေတည်ဝိညာဉ်ကို စစ်ဆေးကြည့်ဖို့ ကြိုးစားလိုက်သည်။

သို့သော် ချင်းယွင်ကျိ၏တားဆီးခြင်းကို ခံလိုက်ရ၏။

ချင်းယွင်ကျိ ခပ်တင်းတင်းပြောလိုက်သည်။

“ကျန်းယန် ဝိညာဉ်ချိတ်ပိတ်အလံကို ထုတ်လိုက်”

ကျန်းယန်အလျင်အမြန်ပင် ဝိညာဉ်ချိတ်ပိတ်အလံကို ထုတ်လိုက်၏။

ထို့နောက် ချင်းယွင်ကျိ နတ်အာရုံကိုသုံးကာ အလံထဲက ဝိညာဉ်ကိုလေးလေးနက်နက်ပြောလိုက်လေသည်။

“အဇူရာတိမ်ဂိုဏ်းရဲ့ ၃၆ဆက်မြောက် ဂိုဏ်းချုပ်အနေနဲ့ မင်းကို ကျန်းယန်ကိုသခင်အဖြစ်အသိအမှတ်ပြုဖို့ ငါအမိန့်ပေးတယ် သူ့အသိစိတ်ပင်လယ်နဲ့အခြေတည်ဝိညာဉ်ကို အခြားသူတွေ ကြည့်မရအောင် ကာကွယ်ပေးထား”

အကယ်၍ ဝိညာဉ်ချိတ်ပိတ်အလံကသာ သူ့စကားကိုနားမထောင်လျှင် သူအားသုံးတော့မည် ဖြစ်သည်။

All Chapters