← Chapters

ဒုစရိုက် ဧကရာဇ်

Vol. 19 Ch. 274

ဒုစရိုက် ဧကရာဇ်

Vol. 19 Ch. 274

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၌ တရားဥပဒေမရှိ၊ ကျောင်းဟူ၍ မရှိဘဲ သွေးထွက်သံယိုနှင့် အကြမ်းဖက်မှုများသာ ရှိသော မြို့တစ်မြို့ရှိသည်။

လမ်းမထက်၌ လမ်းလျှောက်နေသူများ သို့မဟုတ် လမ်းဘေး၌ စားသောက်နေသူများသည် အမြဲဆိုသလို မတူညီသော မျိုးနွယ်များမှ ကြမ်းကြုတ် ရက်စက်သူများ ဖြစ်ကြသည်။

သူတို့အားလုံးနီးပါးသည် ခိုလှုံရာ တစ်ခု ရှာဖွေနေကြသည့် အကြောက်အလန့်မဲ့သော ဓားပြများနှင့် လူသတ်သမားများ ဖြစ်ကြသည်။

ဤမြို့အား ဒုစရိုက်မြို့တော်ဟု လူသိများသည်။ အမှုအခင်းများက ဤမြို့တွင် နိစ္စဒူဝ ကိစ္စလို ဖြစ်နေသည်။

လူတစ်ယောက်သာ မြို့ထဲဝင်လာပါက ထိုသူသည် သိုင်းပညာရှင်များ၏ အလောင်းများကို ချက်ချင်း မြင်တွေ့ရပေလိမ့်မည်။

ဆရာသခင်အဆင့်များ၏ အလောင်းများကို သစ်ပင်များပေါ်၌ ချိတ်ဆွဲထားသည်။ ဒဏ္ဍာရီ တစ်ပိုင်းအဆင့်များ၏ အလောင်းများကို နံရံတွေပေါ်၌ ချိတ်ဆွဲလို့ထားသည်။

ဒဏ္ဍာရီအဆင့်များ၏ အလောင်းများတောင်မှ လမ်းဘေး ဓာတ်တိုင်များပေါ်၌ ချိတ်ဆွဲ၍ထားကြသည်။ အလောင်းတစ်လောင်းချင်းစီသည် သူတို့ အသက်ရှင်စဉ်အခါက အလွန် အင်အားကြီးသူများ ဖြစ်ကြသော်လည်း သူတို့သည် ဆာလောင်နေသော ဝံပုလွေများ၏ ကိုက်ဖြဲခြင်းကို ခံခဲ့ရသည့်ဟန်ဖြင့် အလွန် ဆိုးရွားသော နည်းလမ်းများဖြင့် သေသွားခဲ့ကြသည်။

သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက အမှိုက်သရိုက်ကဲ့သို့ နေရာအနှံ့ ပြန့်ကျဲနေသည်။ လမ်းမများသည်လည်း သွေးများနှင့် စွန်းထင်းနေ၏။

မြင့်မားသော အဆောက်အဦးများ အားလုံး ပျက်ဆီးနေသည်။ မြို့တော်သည် သားသတ်ရုံအလား သွေးစီးကြောင်းများကြောင့် ခရမ်းရင့်ရောင် ပြောင်းနေသည်။

မြို့တော်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွေးဆာနေသည့် ချီဓာတ်များဖြင့် ပြည့်နေသည်။

ယနေ့တွင် ဒုစရိုက်မြို့တော်သည် အလွန် တိတ်ဆိတ်လို့နေသည်။ ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများထံမှ မည်သည့်အသံမှ မကြားရ။ ကစဉ့်ကလျား ဖြစ်နေသော လမ်းမထက်၌ မည်သည့် သက်ရှိ ဝိညာဉ်များမှ ရှိမနေပါ။

တစ္ဆေမြို့တော်လေလား ထင်မှတ်မှားလောက်သည်။ ဒုစရိုက်မြို့တော် အလယ်၌ ပျက်စီးနေသော မိုးထိဘုရင်နန်းဆောင်ဟု ခေါင်ဆိုကြသော မိုးမျှော်တိုက် တစ်လုံး ရှိနေသည်။

ရှေးဒုစရိုက်ဘုရင်အား ဤအဆောက်အဦး၏ ထိပ်ဆုံးအလွှာ၌ ဂူသွင်းထားသည်။ ထိုအဆောက်အဦးထဲရှိ လျှို့ဝှက်သိုင်းကျမ်းအား ရယူနိုင်သည့် မည်သူမဆို ဒုစရိုက် ဧကရာဇ်အသစ် ဖြစ်လာပြီး မိုးထိဘုရင်နန်းဆောင်၏ ထိပ်ဆုံးအလွှာသို့ ရောက်အောင် တက်နိုင်သည်နှင့် ဒုစရိုက်မြို့တော်၏ ပိုင်ရှင်အသစ်လည်း ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။

ဒုစရိုက်မြို့တော်ထဲတွင် နေ့ခင်းအချိန်အခါသို့ ရောက်နေပြီဖြစ်သည်။ လူများစွာက မိုးထိဘုရင် နန်းဆောင်၏ အပြင်ဘက်၌ ရပ်နေကြသည်။

သူတို့သည် ခြင်္သေ့များကဲ့သို့ သန်မာပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။

သူတို့အားလုံးသည် ဆရာသခင်အဆင့်နှင့် ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။ ရှေ့မှ လူကြီးသုံးယောက်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည်။

"မွန်းတည့်ချိန်တောင် ရောက်တော့မယ်။ အဲ့ကောင်လေးက ထိပ်ဆုံးအလွှာကို ရောက်နေတာ လဝက်လောက် ရှိနေပြီ။ သူ လုပ်နိုင်သွားပြီလား"

လူမည်း အဘိုးအိုတစ်ယောက်က သေစေနိုင်လောက်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ရေရွတ်လာသည်။ သူသည် ဒုစရိုက်မြို့တော်၏ ကာကွယ်စောင့်ရှောက်သူ သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။အခြား ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။

"နှစ်ရာနဲ့ချီ ကြာခဲ့ပြီ။ ဒုစရိုက် ဧကရာဇ် ကွယ်လွန်သွားပြီးကတည်းက ငါတို့ ဘိုးဘေးတွေက ဒီနေရာကို နှစ်ပေါင်း ရာနဲ့ချီပြီး ကာကွယ်ပေးခဲ့ကြတယ်။ ဒါပေမယ့် ဒီကောင်လေးက နန်းဆောင်ရဲ့ ထိပ်ဆုံးအလွှာကို ရောက်တဲ့ ပထမဆုံးသူပဲ"

"သူ လုပ်နိုင်မှာပါ။ ငါတို့ရဲ့ ဒုစရိုက်မြို့တော်ကြီးက တိတ်ဆိတ်နေခဲ့တာ နှစ်ရာနဲ့ချီနေခဲ့ပြီ။ ကမ္ဘာပေါ်က လူတွေက ငါတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုကို မေ့လျော့နေကြပြီ။ ဒုစရိုက် ဧကရာဇ် ပြန်ပေါ်လာတာနဲ့ ဒုစရိုက်မြို့တော်ကြီးက သေချာပေါက် ကမ္ဘာကို ကိုင်လှုပ်နိုင်လိမ့်မယ်"

ကာကွယ်စောင့်ရှောက်သူ သုံးယောက်လုံး တဖြည်းဖြည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ နန်းဆောင်၏ ဟိုးထိပ်ဆုံးကအား မျှော်လင့်တကြီးနှင့် ဝိုင်းကြည့်နေကြသည်။

ဘေးပတ်လည်မှ သိုင်းပညာရှင်များသည်လည်း စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ဒုစရိုက် ဧကရာဇ်အသစ် မွေးဖွားလာခြင်းအတွက် သူတို့သည် သူတို့၏ ရန်ကြွေးဟောင်းများကို မေ့လျော့နေကြသည်။

ဝုန်း!

ထိုအချိန်တွင် သူတို့သည် ကမ္ဘာတုန်လှုပ်မတတ် ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ အားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာပင် နန်းဆောင်တစ်ခုလုံး တုန်ယင်လာသည်။

"ဟော ဟိုမှာ"

ကာကွယ်စောင့်ရှောက်သူ သုံးယောက်လုံး တက်ကြွလာကြသည်။ တစ်ခဏမျှကြာသော် သူတို့ နောက်ထပ် ပေါက်ကွဲသံနှစ်ခုကို ထပ်ကြားလိုက်ရသည်။

သူတို့၏ စိုးထိတ်နေသော မျက်လုံးများအောက်မှာပင် သူတို့သည် မိုးထိဘုရင်နန်းဆောင်၏ ထိပ်ဆုံးအလွှာ ဝန်းကျင်၌ အက်ရာများစွာ ပေါ်လာသည်ကို သူတို့ မြင်လိုက်ရသည်။

ထို့နောက် သူတို့ ဘုန်းခနဲ အသံကျယ်တစ်ခုကို ကြားလိုက်ရပြီး နန်းဆောင်တစ်ခုလုံး တစ်စစီဖြစ်ကာ ပြိုကျပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရသည်။

"ဘုရင့်နန်းဆောင် သုံးကြိမ် လှုပ်ခါသွားပြီးတဲ့နောက် ဒုစရိုက် ဧကရာဇ်အသစ်က ဆင်းသက်လာလိမ့်မယ်"

ဤမြင်ကွင်းကို ကြည့်ပြီး ကာကွယ်စောင့်ရှောက်သူ သုံးယောက် တက်ကြွ ပျော်ရွှင်လာကြသည်။ ဒုန်းခနဲ အသံနှင့်အတူ ကာကွယ်စောင့်ရှောက်သူ သုံးယောက်သည် ချက်ချင်း ဒူးထောက်ပြီး နတ်ဘုရားကို ကြိုဆိုလိုက်ကြသည်။

ဆိုဆုံးမရခက်သော အခြား ထိပ်သီး ရက်စက်ကြမ်းကြုတ်သော သူများသည်လည်း လျင်မြန်စွာ ဒူးထောက်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းပညာရှင် အယောက် တစ်ထောင်ကျော်သည် ပျက်စီးသွားသော မိုးထိဘုရင်နန်းဆောင်၏ အရှေ့၌ ဒူးထောက်နေကြသည်။

သူတို့အားလုံးသည် တစ်ကမ္ဘာလုံး၌ နာမည်ကြီးသော ရက်စက် ကြမ်းကြုတ်သည့် သူများပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူတို့သည် အရေးမပါသော ပုရွက်ဆိတ်များကဲ့သို့ ဒူးထောက်လျက် ရှိနေကြသည်။

ထိုစဉ် အနက်ရောင် အရိပ်တစ်ခုက ဥက္ကာပျံကဲ့သို့ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ ထို့နောက် မြေကြီး၌ ဖုန်ထထောင်းထောင်းထသွားသည်။

ထိုသူ ဝင်တိုက်လိုက်မိသည့် နေရာမှ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထွက်ပေါ်လာသည်။ ထိုသူသည် ဖိုသီဖတ်သီနှင့် လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ဖြစ်သည်။

သူ၏ ကြွက်သားများသည် သံမဏိနှင့် ပြုလုပ်ထားပုံပေါ်သည်။ သူ၏ ချီဓာတ်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းလှသည့်အတွက် လက်တစ်ဘက်ကို သာမန်ကာလျှံကာ လှုပ်လိုက်ရုံဖြင့် လူတိုင်းကို သတ်နိုင်ပုံပေါက်သည်။

သူ့နဖူးအလယ်တည့်တည့်၌ ရွှေအိုရောင် အဝိုင်းလေးတစ်ခု ရှိနေပြီး ဧကရာဇ်၏ အမှတ်တံဆိပ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။

"သူ့ချီဓာတ်အရဆို သူက … ဒဏ္ဍာရီလာ အဆင့်တစ်ယောက်ပဲ"

"အိုး ဝိုး …. သူ ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရလိုက်ပြီးတာနဲ့ သူ ဒဏ္ဍာရီလာအဆင့်ကို အဆင့်တက်သွားတာပဲ"

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် သုံးယောက်လုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့သုံးယောက်လုံး ထိုဖိုသီဖတ်သီနှင့် လူလတ်ပိုင်းအရွယ် လူကြီး၏ ခြေဖဝါးရှေ့၌ ဒူးထောက်လိုက်ကြသည်။

"ဂါရဝပြုပါတယ် ဒုစရိုက် ဧကရာဇ် … ကျွန်တော်တို့က ခင်ဗျားရဲ့ ကျေးကျွန်ပါ"

သူတို့၏ နှုတ်ဆက်သံများက တိမ်ပေါ်အထိ ပဲ့တင်ထပ်လုနီးပါး ဖြစ်နေသည်။ ကာကွယ်စောင့်ရှောက်သူ၏ အနောက်မှ အယောက် တစ်ထောင်ကျော်သော သိုင်းပညာရှင် တပ်မကြီးသည်လည်း လေးဘက်ထောက်နေကြသည်။

"ဒုစရိုက် ဧကရာဇ်ကို ဂါရဝပြုပါတယ်"

အယောက် တစ်ထောင်ကျော်သော အသံများက ဒုစရိုက်မြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။ ဤမြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။

သိုင်းပညာရှင်များစွာ ဒူးထောက်၍ ဝပ်တွားနေကြသည်ကို မြင်သော်လည်း ထိုဖိုသီဖတ်သီနှင့် လူကြီးသည် ပျော်ရွှင်ပုံမပေါ်ပေ၊ ထိုအစား သူသည် ခပ်ဝေးဝေးသို့ အတိတ်သို့ အလွန် လွမ်းဆွတ်နေသည့် အကြည့်များဖြင့် ကြည့်နေသည်။

"သခင်ကြီး … ကျုပ် လုပ်နိုင်ခဲ့ပြီ"

"ဒီလူတွေအားလုံးက သခင်ကြီး ပေးခဲ့တဲ့ လက်ဆောင်တွေပါ"

"မိုရို သွေးစွန်းဆုဒြာက ကျွန်တော့်ကို မိုးထိဘုရင်နန်းဆောင်ရဲ့ ထိပ်ဆုံးအလွှာကို ရောက်အောင် ကူညီပေးခဲ့တယ်။ မိုရို စိတ်ဆန္ဒက ကျွန်တော့်ကို ဒုစရိုက်ရဲ့ လျှို့ဝှက်သိုင်းပညာ တက်မြောက်အောင် အပတ်တကုပ် ကူညီပေးခဲ့တယ်"

"ကျွန်တော် မိုရိုသွေးစွန်းတစ္ဆေက သခင်ကြီး မျှော်လင့်ထားတဲ့အတိုင်း လုပ်နိုင်ခဲ့ပါတယ်"

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဒုစရိုက် ဧကရာဇ်သည် သူ့ကိုယ်တွင်းမှ ချီဓာတ်များ တစ်ဟုန်ထိုး တိုးပွားလာသည်ကို ခံစားမိသည်။ ထိုအချိန်တွင် သူ့မျက်လုံးများက လေးစားချစ်ခင်စိတ်များဖြင့် တောက်ပနေသည်။ ထို့နောက် သူက ကျေးကျွန် သုံးယောက်ကို ကြည့်၍ မေးလိုက်သည်။

"ကျုပ် ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရခဲ့တုန်းက ခင်ဗျားတို့ကို အာရုံစိုက်ထားဖို့ ပြောထားတဲ့ ကိစ္စကကော ဘယ်လို အခြေအနေရှိလဲ"

သူ့စကားကြောင့် ဒုစရိုက်၏ ကျေးကျွန်သုံးယောက်က တုန်ယင်သွားပြီး ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

"သခင်ကြီး နောက်ဆုံးရထားတဲ့ သတင်းအရ ယဲ့ဖန်က ယန်ကျင့်မြို့ကနေ ကျန်းရှီမြို့ကို လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပြန်ရောက်ပါပြီ"

ဒုစရိုက်၏ ကျေးကျွန်သုံးယောက်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရသည်။

*ဟမ်*

ဒုစရိုက် ဧကရာဇ်က မေးလိုက်သည်။

"ဘာကျန်သေးလို့လဲ … ပြောစမ်း"

ခပ်ပြတ်ပြတ် မေးခွန်းက ကျေးကျွန်သုံးယောက်ကို ချက်ချင်း တုန်ယင်သွားစေသည်။ ရှေ့ဆုံးမှ လူမည်း ကျေးကျွန်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

"နောက်ဆုံးရထားတဲ့ သတင်းအရ မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ မဟူရာ ဧကရာဇ်က သေမင်းကျေးကျွန် ခုနစ်ယောက်နဲ့ ဂိုဏ်းခွဲအားလုံးက ထိပ်တန်း သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်ပြီးသွားပါပြီ။ သူတို့က ကျန်းရှီမြို့ကို ခရီးထွက်ခွာသွားပါပြီ"

"ယဲ့ဖန်က မဟူရာ ဧကရာဇ်ရဲ့ သားကို သတ်ခဲ့ပြီးတော့ အရှေ့အာရှက မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲအားလုံးကို ဖျက်ဆီးခဲ့ပါတယ်။ မဟူရာ ဧကရာဇ်က ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းဖို့ ပြင်ဆင်နေပါတယ်"

…

သူ့စကားကြောင့် ဒုစရိုက် ဧကရာဇ်၏ မျက်လုံးက ချက်ချင်း သွေးဆာနေသည့် အမူအရာသို့ ပြောင်းလဲသွားသည်။

"ကောင်းတယ် မဟူရာ ဧကရာဇ်အတွက် ဒီလောက်နဲ့ တော်သင့်ပြီ"

"မင်းက ငါ့သခင်ကြီးကို ခြိမ်းခြောက်တယ်တဲ့လား။ မင်းတော့ သေချင်နေတာပဲ"

သူ၏ တင်းမာသော စကားအဆုံးတွင် ဒုစရိုက် ဧကရာဇ်က ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ဆက်ပြောလိုက်သည်။

"ဒုစရိုက်ရဲ့ ကျေးကျွန်တွေ ငါ့အမိန့်ကို နာခံစမ်း"

သူ့စကားကြောင့် သိုင်းပညာရှင် အယောက်တစ်ထောင်ကျော်က ချက်ချင်း တုန်လှုပ်သွားပြီး ပြန်လည် ဖြေကြားလိုက်သည်။

"ကျွန်တော်မျိုးတို့ ရှိပါတယ် သခင်ကြီး"

"ငါနဲ့အတူ ဟွာရှနိုင်ငံကို လိုက်ခဲ့ကြ။ မဟူရာ ဧကရာဇ်နဲ့ ဦးခေါင်းနဲ့အတူ ဒုစရိုက်ရဲ့ အင်အားကို မြှင့်တင်ကြမယ်"

ဒုစရိုက်၏ ကျေးကျွန်များက စတင်၍ ကြွေးကြော်လိုက်ကြပြီးနောက် ဒုစရိုက်မြို့တော်တစ်ခုလုံး လှုပ်ခါသွားရသည်။

All Chapters