ဝံပုလွေဘုရင် ပြန်လည်ပေါ်ထွက်လာခြင်း
Vol. 19 Ch. 275
ဆိုက်ဘေးရီးယားဒေသသည် အာရှမြောက်ပိုင်းရှိ အလွန် ကျယ်ပြောသော ကုန်းမြေဒေသဖြစ်သည်။ ထိုဒေသသည် အနောက်ဘက်ဒေသရှိ ယူရယ်တောင်တန်းမှ စတင်လာပြီး အရှေ့ဘက် ဒေသရှိ ချူကော့စကီး ပင်နီဆူလာ ကျွန်းဆွယ်၌ အဆုံးသတ်သည်။ ထိုဒေသသည် မြောက်ဘက်ရှိ အာတိတ်ဒေသနှင့် နယ်နိမိတ်ထိစပ်နေ၏။
ဆိုက်ဘေးရီးယားအား ငြိမ်သက်အေးချမ်းသော ဒေသဟူ၍ သာမန်လူများကြား၌ ကျော်ကြားသည်။ သို့သော် သိုင်းပညာရှင်များ၏ လောကတွင်တော့ ထိုနေရာသည် အန္တရာယ်ရှိသော သေမင်းနယ်မြေပင်။
သိုင်းပညာရှင်များ၏ လောကတွင် ဆိုက်ဘေးရီးယားမှ အလွန် ထူးချွန်စွာ ရက်စက်ပြီး နာမည်ကြီးသော အင်အားစု သုံးခု ရှိသည်။
ပထမတစ်ခုကတော့ … တစ္ဆေလူသား လေ့ကျင့်ရေးစခန်း။
တစ္ဆေလူသား လေ့ကျင့်ရေးစခန်းသည် တစ္ဆေလူသားများ မွေးဖွားရာနေရာ ဖြစ်သည်။ တစ္ဆေလူသား
တစ်သုတ်ချင်းစီတိုင်းတွင် ကြမ်းကြုတ်သော သိုင်းပညာရှင် အယောက်တစ်ထောင်ကျော် ပါဝင်သည်။
သို့သော် ထိုလူများသည် သေသည်အထိ တိုက်ခိုက်ရန် ဖိအားပေးခံရသည်။ တစ်ယောက်သာလျင် အသက်ရှင်နိုင်၏။
တစ်သုတ်ချင်းစီ၌ အဆုံးထိ အသက်ရှင်ကျန်ရစ်သော တစ္ဆေလူသားသည် အလွန် သန်မာပြီး အရက်စက်ဆုံး သူဖြစ်သည်။
ဒုတိယတစ်ခုကတော့ သေမင်း ပြိုင်ကွင်း။
ကမ္ဘာတစ်ဝှမ်းမှ များစွာသော ရက်စက်သည့် သူများက သေမင်းနယ်မြေသို့ အသေအကျေတိုက်ပွဲများ ဆင်နွှဲရန် ခရီးထွက်လိုကြသည်။
ကြမ်းကြုတ်သော တိုက်ပွဲများကြားမှ သူတို့ ရင့်ကျက်ပြီး တိုက်ပွဲအတွင်း၌ပင် သေဆုံးကြရသည်။ သေမင်းပြိုင်ကွင်းမှ တိုက်ခိုက်ရေးသမားတိုင်း ရာနှင့်ချီသော တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့နှင့် အဆင့်တူသည့် မည်သူကိုမဆို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
တတိယမြောက်တစ်ခုကတော့ သားသတ်သမား အသင်းပင်ဖြစ်သည်။
သားသတ်သမား အသင်းဝင်တစ်ယောက်ချင်းစီတိုင်းသည် အစစ်အမှန် သွေးစွန်း သားသတ်သမား ဖြစ်မလာခင် အနည်းဆုံး လူဆယ်ယောက်မှ အယောက်တစ်ရာအထိ သတ်ကိုသတ်ရမည် ဖြစ်သည်။
ဆိုက်ဘေးရီးယားရှိ ထိပ်တန်း အင်အားစုသုံးခု၏ အဖွဲ့ဝင်များသည် သွေးစွန်းရသည်ကို နှစ်သက်ပြီး တိုက်ပွဲကို ခုံမင်သည့် အရူးများဖြစ်သည်ဟု ဆို၍ ရသည်။
သူတို့သည် ပိုက်ဆံကိုလည်း မကြိုက်သလို အာဏာကိုလည်း လိုချင်စိတ် မရှိပါ။ သူတို့သည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းအတွက် မွေးဖွာလာခြင်းသာ ဖြစ်သည်။
သို့သော် ယခုအခါတွင် ထို ရက်စက်သော ထိပ်တန်းအင်အားစု သုံးခုသည် ဆိုက်ဘေးရီးယားရှိ မြင့်မြတ်သော နယ်မြေထဲမှ မက်စက်သော တောင်ကြားဖြစ်သည့် ဝံပုလွေနတ်ဘုရား တောင်ကြားသို့ ရောက်ရှိနေကြသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဆိုက်ဘေးရီးယားရှိ ထိုအင်အားစု သုံးခုကို ဝံပုလွေ နတ်ဘုရားက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ဝံပုလွေ နတ်ဘုရားနောက် လိုက်၍ ဥရောပ၊ အာရှနှင့် အမေရိကန်တို့ကို ရှင်းလင်း သုတ်သင်ပစ်ခဲ့သည်။
သို့သော် ဝံပုလွေနတ်ဘုရား သေဆုံးသွားပြီးနောက် ထိုထိပ်တန်းအင်အားစု သုံးခုသည် သဲမှုန်ကဲ့သို့ ယိုယွင်းကာ ကွဲထွက်သွားကြသည်။
ရုတ်တရက် တစ္ဆေလူသားများကို ဦးဆောင်လာသော နှုတ်ခမ်းမွှေး ကောက်ကောက်နှင့် လူတစ်ယောက်သည် စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် မျက်နှာ နီမြန်းလာပြီး ဝံပုလွေ နတ်ဘုရား တောင်ကြားမှ နက်ရှိုင်းသော လှိုဏ်ဂူကို လှမ်းကြည့်ရင်း မေးလာသည်။
"အဲ့ဒါ စတင်တော့မှာလား"
ထိုလိုဏ်ဂူသည် ဆာလောင်နေသော ဝံပုလွေ၏ သွေးဆောနေသော ပါးစပ်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကြမ်းကြုတ်သော လူဖြူ သားသတ်သမားတစ်ယောက်က အလွန် တက်ကြွပြီး လောဘကြီးဟန်ဖြင့် ရယ်မောကာ ပြန်ဖြေလာသည်။
"မကြာခင်ပေါ့ကွာ … အခုမှ စရုံပဲ ရှိသေးတယ်"
ထိုကြမ်းကြုတ်သော လူဖြူ သားသတ်သမားသည် သေမင်း တိုက်ခိုက်ရေးသမားဟု လူသိများပြီး လူအိုကြီးတစ်ယောက် ဖြစ်သည်။
ဖြူစွတ်နေသော ဆံပင်နှင့် နီကြင့်ကြင့် အသားအရေ ရှိသော သူသည် စိတ်လှုပ်ရှားမှုကြောင့် ခိုက်ခိုက်တုန်နေပြီး မျက်ရည်ဝဲနေသော မျက်နှာနှင့် ရေရွတ်လိုက်သည်။
"နှစ်ပေါင်း ရာနဲ့ချီခဲ့ပြီ။ နောက်ဆုံးတော့ ဝံပုလွေ နတ်ဘုရားက သူ့ရဲ့ အမွေဆက်ခံသူကို ရှာတွေ့ခဲ့ပြီပဲ။ ဝံပုလွေ နတ်ဘုရား တောင်ကြားကတော့ တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရယူနိုင်တော့မှာပဲ"
သိုင်းပညာရှင် သုံးယောက်သာမက သူတို့နောက်မှ တစ္ဆေလူသားများ၊ သားသတ်သမားများနှင့် အသေခံ တိုက်ခိုက်ရေးသမားများအားလုံး စိတ်လှုပ်ရှားမှုကြောင့် ခိုက်ခိုက်တုန်နေကြသည်။
ဝံပုလွေနတ်ဘုရား အသစ်သည် ဆိုက်ဘေးရီးယား၏ အကြီးကျယ်ဆုံး အောင်မြင်မှု ဖြစ်လာပေလိမ့်မည်။
….
ထိုအဖွဲ့များ ဆက်၍ အော်ဟစ်၍ ဩဘာပေးနေကြစဉ်တွင် ဝံပုလွေ နတ်ဘုရား တောင်ကြားတစ်ခုလုံး နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ထို့နောက် များစွာသော ရေခီစွမ်းအင်များက လှိုဏ်ဂူထဲမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပန်းပင်များ၊ မြက်ပင်များနှင့် သစ်ပင်များအားလုံး ပိုမို မြင့်မား တောင့်ခိုင်စွာ ရှင်သန်လာပြီး သူတို့၏ ပင်စည်နှင့် အကိုင်းအခက်များက သွေးများ ဖြန်းပက်ခံလိုက်ရသလို နီမြန်းလာသည်။
ထိုစဉ် သိုင်းပညာရှင်အဖွဲ့များကြား၌ တဖျောက်ဖျောက် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အဆင့်တက်ခြင်း။
အဆင့်တက်ခြင်း။
အဆင့်တက်ခြင်း။
သိုင်းပညာရှင်တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ တိုက်ပွဲဝင်ခွန်အားများ မိုးထိမတတ် တိုးပွားလာသည်ကို ခံစားမိသည်။
ဆရာသခင်အဆင့်များက ဒဏ္ဍာရီတစ်ပိုင်းအဆင့်သို့ အဆင့်တက်သွားကြသည်။
ဒဏ္ဍာရီတစ်ပိုင်းအဆင့်များက ဒဏ္ဍာရီအဆင့်သို့ အဆင့်တက်သွားကြသည်။
သို့ပေမဲ့ ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က နံပါတ်တစ် သွေးစွန်း သားသတ်သမား ဒါးလ်ပင် ဖြစ်သည်။
ဒါးလ်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ထိုအချိန်တွင် ရေခီစွမ်းအင်များစွာကို ရရှိလိုက်သဖြင့် သူ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ဖိနှိပ်ချုပ်ကိုင်နိုင်သော ဟန်ဖြင့် တစ်ဟုန်ထိုး မြင့်တက်လာပြီး သူသည် ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်သွားသည်။
ဘေးပတ်လည်ရှိ လူတိုင်း လုံးဝ နားဝေတိမ်တောင်ဖြစ်သွားကြသည်။ နံပါတ်တစ် သွေးစွန်း သားသတ်သမားက ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်သွားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။
"ဟားဟား … ဒဏ္ဍာရီလာအဆင့်ကွ။ နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်လာပြီပဲ"
ဒါးလ်က အလွန် ပျော်ရွှင်နေသော အပြုံးဖြင့် ပြောလာသည်။ သူ၏ တင်းမာသော မျက်လုံးများ၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော လောဘများ ပါဝင်နေသည်။ ထို့နောက် သူက ထပ်ပြောလာသည်။
"ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက်သိုင်းကျမ်းက ငါ့အပိုင်ပဲ။ ငါက ဝံပုလွေ နတ်ဘုရား တောင်ကြားရဲ့ အင်အားအကြီးဆုံး သူပဲ"
*ဘာ*
သူ့စကားကြောင့် ကျန်လူများအားလုံး မျက်နှာပျက်သွားကြသည်။ ထို့နောက် သူတို့ ကြည့်နေစဉ်မှာပင် ဒါးလ်က လှိုဏ်ဂူထံသို့ လျှပ်စီးထက်မြန်သော အလျင်ဖြင့် ပြေးဝင်သွားသည်ကို ထိတ်လန့်တကြား တွေ့လိုက်ရသည်။
"သေစမ်း ဒါးလ်က ဝံပုလွေ နတ်ဘုရားရဲ့ ကျမ်းသစ္စာကို ချိုးဖောက်နေတာပဲ။ ဝံပုလွေဘုရင် ဒုက္ခရောက်ပြီ"
တစ္ဆေလူသားများ၏ ခေါင်းဆောင်က ချက်ချင်း ဒေါပွလာကာ နံပါတ်တစ် သွေးစွန်း သားသတ်သမားအား တားဆီးလိုက်သည်။ သို့သော် နံပါတ်တစ် သွေးစွန်းသားသတ်သမားက သူ့အား အဝေးသို့ ရိုက်ပုတ်လိုက်သည်။
ထို့အတူ ဘေးပတ်လည်မှ များစွာသော တစ္ဆေလူသားများ၊ သွေးစွန်းသားသတ်သမားများနှင့် အသေခံ တိုက်ခိုက်ရေးသမားများ နောက်သို့ လွင့်ထွက်သွားကြသည်။
ထို့နောက် ဒါးလ်က လိုဏ်ဂူထံသို့ အသံထက် မြန်သောနှုန်းဖြင့် လျင်မြန်စွာ ပြေးဝင်သွားသည်။
"ခွေးမသား"
ဤအဖြစ်ကြောင့် အခြားသူများအားလုံး ထိတ်လန့်ကာ ဒေါသူပုန်ထသွားကြသည်။ ဒါးလ်က ယခုလို အချိန်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ကြောင်း သူတို့ ယခုမှ သိရှိသွားကြသည်။ သေဆုံးသွားသော ဝံပုလွေ နတ်ဘုရားထံမှ အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းအား ဝံပုလွေဘုရင်အသစ် မရရှိခင် သူ ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိရန် စောင့်နေခဲ့ခြင်းပင်။
အကယ်၍ သူ့၌ အခွင့်အရေးသာ ရလာပါက သူသည် ဝံပုလွေဘုရင်အသစ်အား သတ်ပြီး သေဆုံးသွားသော ဝံပုလွေ နတ်ဘုရားထံမှ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းအား ရယူမည်ဖြစ်သည်။
အခြားသူများ ဒါးလ်၏ အကြံကို ရိပ်မိသွားပြီနောက် သူတို့၏ မျက်နှာများက အလွန်ပြာနှမ်းသွားကြသည်။
"ဟားဟား အဲ့ဒါ ငါ့အပိုင်ပဲ။ ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက်သိုင်းကျမ်းကို သားသတ်သမား ဒါးလ်ဆိုတဲ့ ငါပဲ ပိုင်တယ်"
ဒါးလ်က ပျော်ရွှင်စွာ ပြောဆိုလိုက်ပြီး လိုဏ်ဂူထဲသို့ လှစ်ခနဲ ဝင်ရောက်သွားသည်။
ဘုန်း!
တစ်ခဏကြာသော် သူသည် ကြောက်လန့်တကြား နောက်ပြန်ဆုတ်လာရသည်။ သူ လိုဏ်ဂူအဝသို့ ခြေချလိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ရင်ဘတ်အား အားနှင့် ကန်ကျောက်လိုက်သည်။
ထို့နောက် သူသည် ဆယ်မီတာခန့် လွင့်ထွက်သွားပြီးမှ ရုတ်တရက် ရပ်တန့်လိုက်ရသည်။
"သေစမ်း … အဲ့ဒါ ဘယ်သူလဲကွ"
သားသတ်မား ဒါးလ်က တင်းမာနေသော မျက်နှာထားဖြင့် မေးလိုက်သည်။ အခြားသူများအားလုံး လုံးဝ တွေဝေသွားကြသည်။
ထိုစဉ် သူတို့ ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။ ထို့နောက် လိုက်ဂူထဲမှ လူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူ့ပုံစံသည် အလွန် ရက်စက်ပုံရသည်။
"မင်းကိုး"
သားသတ်သမား ဒါးလ်က လှောင်ရယ်၍ ဆက်ပြောလိုက်သည်။
"ဟီးဟီး … ကောင်စုတ်လေး၊ မင်း ငါ့ကို ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက် သိုင်းကျမ်း ပေးမယ်ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ်၊ မဟုတ်ရင်တော့ …"
သားသတ်သမား ဒါးလ် စကားမဆုံးခင်မှာပင် ထိုလူငယ်သည် မြားတစ်စင်းကဲ့သို့ ရှေ့သို့ လှစ်ခနဲ ပြေးထွက်လာသည်။
ဒုန်း!
သူသည် သားသတ်သမား ဒါးလ်၏ရင်ဘတ်အား ဖိနှိပ်ထားနိုင်သော ဟန်ပန်ဖြင့် ထိုးနှက်လိုက်သည်။
ဂျွတ်!
သားသတ်သမား ဒါးလ်၏ ရင်ညွန့်ရိုး ကျိုးသွားကာ နောက်သို့ လွင့်ထွက်သွားရသည်။ ထို့နောက် ထိုလူငယ်လေးသည် ရက်စက်သော သေမင်းနတ်ဘုရားတစ်ပါး အသွင်သို့ ပြောင်းလဲသွားသည်။
ထို့နောက်တွင်မူ သူသည် ဒါးလ်နောက်သို့ လိုက်ကာ ဆက်တိုက် ထိုးနှက်လေသည်။
ဘုန်း! ဘုန်း! ဘုန်း!
ကြောက်မက်ဖွယ်ကောင်းသော အရိုးကျိုးသံများကို ကြားပြီး အခြားသူများ ကြက်သီးတဖြန်းဖြန်း ထသွားရသည်။
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်က ဤမျှ အကာအကွယ် မဲ့လောက်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပါ။
ထိုသူက လုံးဝကို ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဒါးလ်တောင်မှ မှင်တက်သွားရသည်။ သူ့ပြိုင်ဘက်ကြောင့် သူ လုံးဝ သေးနုပ်သွားသလို သူ ခံစားမိသည်။
ပြိုင်ဘက်သည် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကောင်ကြီးလိုပင် သို့သော် သူသည် တစ်ချက်ကလေးမှ ပြန်လည် မတိုက်ခိုက်နိုင်ချေ။
"ခွင့်လွှတ်ပေးပါ ဝံပုလွေဘုရင် ခင်ဗျား။ ခင်ဗျား နိုင်ပါတယ်၊ ကျုပ် ခင်ဗျားရဲ့ လက်အောက်ငယ်သား ဖြစ်ချင်ပါတယ်။ ခင်ဗျားကို အရိုသေဆုံး ကျေးကျွန် ဖြစ်လာစေရပါမယ်"
ဒါးလ်သည် သေမတတ် ကြောက်လန့်ပြီး သံကုန်ဟစ်၍ ပြောဆိုလိုက်သည်။ သို့သော် သူ့စကားကြောင့် လူငယ်လေးက အနည်းငယ် သွေးဆာနေသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ကတိသစ္စာ ဖောက်ဖျက်တဲ့သူကို ဘယ်တော့မှ မယုံရဘူးလို့ ငါ့သခင်ကြီးက ငါ့ကို ပြောဖူးတယ်"
"ဒါကြောင့် သေလိုက်တော့"
*ဘာ*
သားသတ်သမား ဒါးလ် မှင်တက်သွားပြီးနောက် သေမတတ် ကြောက်ရွံ့သွားသည်။ ထို့နောက် သူ့ပြိုင်ဘက်က သူ့အား အားနှင့် ထိုးနှက်လိုက်သည်။
ဒုန်း!
ဒဏ္ဍာရီလာ အဆင့်ရောက်နေသော သူ၏ ခန္ဓာကိုယ်က လုံးဝ ပေါက်ကွဲထွက်သွားသည်။
*သူ သေသွားပြီ*
ဒဏ္ဍာရီလာအဆင့်သို့ ယခုလေးတင် အဆင့်တက်သွားသည့်သူက မည်သည့် တန်ပြန်တိုက်စစ်မှ မပြုလိုက်ရဘဲ ပေါက်ကွဲထွက်သွားရသည်။
ဤမြင်ကွင်းကြောင့် အခြားသူများ ထိတ်လန့်သွားကြသည်။ တစ်ခဏကြာသော် တစ္ဆေလူသားများ၊ သွေးစွန်းသားသတ်သမားများနှင့် အသေခံ တိုက်ခိုက်ရေးသမားများ အားလုံး အလွန် ရူးသွပ်ပျော်ရွှင်သွားသော မျက်နှာဖြင့် ဒူးထောက်ချကာ ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
"ဝံပုလွေဘုရင်ကို ဂါရဝပြုပါတယ် "
ထိုအသံများက ကမ္ဘာတုန်မတတ် ပဲ့တင်ထပ်သွားရသည်။
ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်အသစ် မွေးဖွားလာချေပြီ။