ဟွာရှနိုင်ငံ၏ ယဲ့ဖန်
Vol. 19 Ch. 276
အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် အနောက်ဘက်ဒေသရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းတော်ကြီးရှိ ထိုင်ခုံ၌ ထိုင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးကို ထုတ်လွှတ်နေသည်။
ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးရှိ အမြင့်ဆုံးခုံ၌ ထိုင်နေသော သူသည် အလွန် မြင့်မြတ်သော အလင်းနတ်ဘုရားနှင့် ဆင်တူလှသည်။
သူ၏အရေပြားမှ ကောင်းကင်ဘုံ ဧကရာဇ်ကဲ့သို့ အနည်းငယ် တောက်ပသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။ ထို့အတွက်ကြောင့် အခြားသူများ သူ့ကို မျက်လုံးချင်း ဆုံ၍ မကြည့်ရဲ့ကြပေ။
ဘုရားကျောင်းထဲ၌ သိုင်းပညာရှင် လူတန်းကြီးက ထူထပ် သိပ်သည်းစွာ ရပ်နေကြသည်။ ဘုရားကျောင်းတော်၏ ရှေ့ဆုံး၌ ဒဏ္ဍာရီလာ အဆင့် နှစ်ယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက် ရှိနေသည်။
ဒုန်းခနဲ မြည်သံနှင့်အတူ ဘုရားကျောင်းထဲရှိ သိုင်းပညာရှင်အားလုံးက အလွန် ရိုသေကြည်ညိုသော မျက်နှာများဖြင့် ဒူးထောက်လိုက်ကြသည်။
"ပုလ္လင်ကို ဆက်ခံနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ဘုန်းတော်ကြီး"
ဘုရားကျောင်းတော် တစ်ခုလုံးသို့ ထိုအသံများက ပဲ့တင်ထပ်သွားသည်။ ထိုဘုရားကျောင်းသည် အလင်းတော် ဘုရားကျောင်း၏ ဌာနချုပ်ဖြစ်ပြီး အနောက်ဘက်ဒေသရှိ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်း အင်အားစုလေးခုထဲမှ တစ်ခု ဖြစ်သည်။
ထိုလူငယ်လေးသည် အလင်းတော် ဘုန်းတော်ကြီး အသစ်ဖြစ်သည်။ ထိုစဉ် ကြောက်လန့်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုက အလင်းတော် ဘုရားကျောင်း၏ အပေါ်မှ ထွက်ပေါ်လာပြီး အလင်းတော် ဘုန်းတော်ကြီးထံသို့ လှစ်ခနဲ ပြေးဝင်လာသည်။
အံ့မခန်းဖွယ်ရာ မြင်ကွင်းကြောင့် ဘုရားကျောင်းထဲမှ သိုင်းပညာရှင်များ ချက်ချင်း မျက်နှာပျက်သွားကြသည်။
အလင်းတန်းသည် အလွန် လျင်မြန်လှသဖြင့် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များတောင် မြင်ရန် ခဲယဉ်းလှသည်။
မျက်စိ တစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်းသည် အလင်းတော် ဘုန်းတော်ကြီးနှင့် ဆယ်စင်တီမီတာခန့်သာ ကွာဝေးတော့သည်။
အလင်းတော် ဘုန်းတော်ကြီးသာလျင် တည်ငြိမ်လျက် ရှိနေပြီး လက်ကို အသာဝေ့ယမ်းလိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ ဘုရားကျောင်းတစ်ခုလုံး ယိုယွင်းသွားပြီး အလင်းတန်းက ဘုန်းတော်ကြီး၏ လက်အရှေ့ သုံးစင်မီတာအကွာ၌ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် အလင်းတော် ဘုန်းတော်ကြီးက လက်ဆန့်ထုတ်၍ အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။ သို့သော် သူ့မျက်နှာသည် မယုံနိုင်စရာ တစ်ခုခုကို သတိထားလိုက်မိဟန်ဖြင့် ချက်ချင်း ပျက်ယွင်းသွားသည်။
*ဟင်*
ဤမြင်ကွင်းကြောင့် ဘုရားကျောင်းထဲရှိ အခြား သိုင်းပညာရှင်များအားလုံး အံ့ဩကာ ထိတ်လန့်သွားကြသည်။
သူတို့အားလုံး အလင်းတော် ဘုန်းတော်ကြီးအသစ်၏ ကြောက်ရွံ့စိတ်ကို ကောင်းကောင်းသိပါသည်။ သူသည် အလင်းတော် ဘုရားကျောင်းတစ်ခုလုံး၌ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သည်။
ငလျင်လှုပ်ခြင်း သို့မဟုတ် မြေပြိုခြင်းတို့ မျက်စိရှေ့၌ တွေ့မြင်ရလျင်တောင် တည်ငြိမ်နေမြဲ ဖြစ်သည်။ ဘယ်လိုအရာကများ သူ့ကို မှင်တက်သွားအောင် လုပ်လိုက်နိုင်တာပါလိမ့်။
ဒဏ္ဍာရီလာ အဆင့်တစ်ယောက်က တရိုတသေနှင့် ကိုယ့်ကို ရို့၍ မေးလိုက်သည်။
"ဘုန်းတော်ကြီး ဘာများ ဖြစ်လို့ပါလဲ"
ဘုရားကျောင်းထဲရှိ လူတိုင်းကလည်း ဘုန်းတော်ကြီးအား ဝိုင်းကြည့်နေကြသည်။ ထို့နောက် အလင်းတော်ဘုန်းတော်ကြီးသည် စိတ်လှုပ်ရှားနေဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။
တစ်ခဏကြာပြီးနောက် သူသည် မျက်လုံး ပြန်ဖွင့်လိုက်ပြီး သူ့မျက်လုံးတွင်း၌ အတောမသတ်နိုင်သော ရူးသွပ်မှုနှင့် လောဘတို့ ပါဝင်နေသည်။
"အလင်း နတ်ဘုရားရဲ့ လမ်းညွန်ချက်အရ ငါတို့ ဘုရားကျောင်းရဲ့ ရှေးဟောင်း အလင်း အင်မော်တယ်နဂါးရဲ့ စိတ်ဝိညာဉ်က ပြန်လည်ပေါ်ထွက်လာပြီ"
*ဘာ*
သူ့စကားကြောင့် ဘုရားကျောင်းထဲရှိ သိုင်းပညာရှင်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
*အလင်းအင်မော်တယ် နတ်ဘုရားရဲ့ စိတ်ဝိညာဉ်*
*ဒါ ဒဏ္ဍာရီလာ တည်ရှိမှုပဲ*
*အလင်းတော် ဘုရားကျောင်းရဲ့ ပထမဆုံး ဘုန်းတော်ကြီးက အလင်းအင်မော်တယ် နဂါးရဲ့ စိတ်ဝိညာဉ်နဲ့ ကမ္ဘာကြီးကို အုပ်စိုးခဲ့တယ်လို့ ဆိုကြတယ်*
အလင်းအင်မော်တယ် နဂါး၏ စိတ်ဝိညာဉ်ကို ရယူနိုင်တဲ့သူက ကမ္ဘာကြီးကို အုပ်စိုးနိုင်သည်။
ဤသည်မှာ နှစ်တစ်ထောင်ခန့် အလင်းတော် ဘုန်းတော်ကြီးကျောင်းများ အနှံ့ ပျံ့နှံ့ခဲ့သော ဟောကိန်းတစ်ခု ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ဘုရားကျောင်းထဲမှ သိုင်းပညာရှင်များက အလွန် ရူးသွပ်မတတ် ဖြစ်နေသော မျက်နှာထားများဖြင့် ပြန်မေးလာကြသည်။
"ဘုန်းတော်ကြီး …. အလင်းအင်မော်တယ် နဂါးရဲ့ စိတ်ဝိညာဉ်က ဘယ်နေရာမှာ ရှိနေတာပါလဲ"
"ဟွာရှနိုင်ငံမှာ"
….
ဤသည်ကား အစသာ ရှိချေသေးသည်။
အနောက်ဘက် နတ်ဘုရားမ ဒေသ၌ အလွန် လှပသော ရွှေအိုရောင် ဆံနွယ်နှင့် အမျိုးသမီးတစ်ဦးက ဘုရင်မများ၏ ပုလ္လင်ပေါ်၌ ထိုင်နေပြီး သူမ၏ မျက်နှာက ခမ်းနားထည်ဝါလှသည်။
သူမသည် အနောက်နိုင်ငံ၌ မယ်တော်မာရီကဲ့သို့ စင်ကြယ်လှသည်။ ပုလ္လင်အောက်ခြေ၌ များစွာသော အိုမင်းနေသည့် အပျိုတော်များက နောက်ကျိနေသော ပန်းပုရုပ်များကဲ့သို့ ရပ်နေကြသည်။
သို့သော် သူတို့၏ အလွန် ဖိနှိပ်နိုင်သော ချီဓာတ်များက အဆောက်အဦးတစ်ခုလုံးအား ဖုံးလွှမ်းလို့နေသည်။
ထိုစဉ် ပုလ္လင်ပေါ်မှ အလွန် ရွှန်းလက်သော မိန်းမပျိုက ရုတ်တရက် သူမ၏ နဖူးအလယ်တည့်တည့်မှ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။
ဤဖြစ်စဉ်က နန်းတော်ထဲမှ အိုမင်းနေသော အပျိုတော်ကြီးများ သေမတတ် ထိတ်လန့်သွားကြသည်။ သူတို့သည် နှစ်တစ်ရာခန့် အိပ်ပျော်နေဟန်ဖြင့် ရုတ်ခနဲ ထိတ်လန့်တကြား မျက်လုံးဖွင့်လာကြသည်။
အချိန်အတော်ကြာပြီးနောက် ထိုအဖြူရောင် အလင်းတန်းက ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် အိုမင်းနေသော အပျိုတော်ကြီးများက ဒူးတစ်ဘက်ထောက်၍ ပြိုင်တူ မေးလာကြသည်။
"အရှင်မ ကောင်းကင်နတ်ဘုရားက ဘာတွေများ လမ်းညွှန်ပေးလိုက်ပါသလဲ"
နှစ်ရာနဲ့ချီ ကြာပြီးနောက် ကောင်းကင် နတ်ဘုရား အမိန့်ချသည်က ဒါ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူတို့စကားကြောင့် ပုလ္လင်ပေါ်မှ မိန်းမပျိုက အနည်းငယ် နီမြန်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်းကန်နတ်ဘုရားက ကောင်းကင်နဂါးရဲ့ စိတ်ဝိညာဉ် တည်ရှိမှုကို အာရုံခံမိသွားပြီ … သူက ဘယ်လိုနည်းနဲ့မဆို ကောင်းကင်နဂါးရဲ့ ဝိညာဉ်ကို ပြန်သိမ်းယူလာခဲ့ဖို့ ပြောသွားတယ်"
*ဘာ*
*ကောင်းကင်နဂါးရဲ့ စိတ်ဝိညာဉ်*
သူမစကားကြောင့် အိုမင်းနေသော အပျိုတော်ကြီးများ၏ မျက်နှာက ချက်ချင်း ဝင်းပလာသည်။
*အဲ့ဒါက အရမ်းကို ရှေးကျတဲ့ ဒဏ္ဍာရီလာ ပုံရိပ်တစ်ခုလေ … တကယ်ပဲ သူ … ပေါ်လာတာလား*
အိုမင်းနေသော အပျိုတော်ကြီးများ၏ မျက်နှာက ထိတ်လန့်နေဟန်များ အထင်းသားပေါ်လွင်နေ၏။ ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုမင်းနေသည့် အပျိုတော်ကြီးတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အရှင်မ … ကောင်းကင်နဂါးရဲ့ စိတ်ဝိညာဉ်က ဘယ်မှာရှိနေတာပါလဲ"
"ဟွာရှနိုင်ငံက ယဲ့ဖန်ရဲ့ လက်ထဲမှာ"
….
ထိုင်းနိုင်ငံ ဝူနတ်ဘုရား ဘုရားကျောင်းထဲရှိ နန်းတော်ထဲမှ ဖြူဖွေးသော အသားအရေနှင့် မိန်းမပျိုလေးတစ်ယောက် ထွက်လာပြီး သူမနောက်မှ အကြီးအကဲများစွာ လိုက်ပါလာသည်။
ဝူနတ်ဘုရား ဘုရားကျောင်း အပြင်ဘက်ရှိ အပူပိုင်းမိုးသစ်တောထဲတွင် ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်လာသည်။
ဟာရီကိန်း မုန်တိုင်း ဆက်တိုက် တိုက်ခတ်လာပြီး သစ်ပင်များ တစ်ပင်ပြီးတစ်ပင် အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။
ထူးဆန်းသော အင်အားတစ်ခုက အပူပိုင်းမိုးသစ်တောထဲ၌ စုရုံးလာသည်။ ဤမြင်ကွင်းကို မြင်ပြီး အကြီးအကဲများသည် မယုံနိုင်စရာကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
"ဝူနတ်ဘုရားက အမိန့်ချမှတ်လိုက်တာပဲ။ ဒီမုန်တိုင်းက ထိုင်းနိုင်ငံ ကြီးပွားတိုးတက်လာမယ့် ခေတ်ကို ရောက်လာပြီဆိုတဲ့ သင်္ကတေပဲ"
အိုမင်းနေသော ဝူ အကြီးအကဲများအားလုံး ဝူမျိုးနွယ် တိုးတက်လာမှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသကဲ့သို့ မျက်ရည်ဝဲလာကြသည်။
ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မိန်းမပျိုက မျက်လုံးကို မှိတ်၍ ထိုထူးဆန်းသော အင်အားနှင့် ဆက်သွယ်နေသည်။
တစ်ခဏမျှ ကြာသော် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားသည်။ ထိုအခါမှသာ မိန်းမပျိုလေးက မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။
"နတ်သမီး ဝူနတ်ဘုရားရဲ့ ဘာတွေ လမ်းညွှန်လိုက်ပါသလဲ"
ဘေးပတ်လည်မှ ဝူအကြီးအကဲများအားလုံး ထိုမိန်းမပျိုအား စိတ်လှုပ်ရှားစွာ ဝိုင်းကြည့်နေကြသည်။
သူတို့အသံများကို ကြားပြီးနောက် မိန်းမပျိုလေးက အနည်းငယ်တင်းမာနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဝူနဂါးရဲ့ စိတ်ဝိညာဉ်က ပြန်ပေါ်လာပြီ။ ဝူမျိုးနွယ်တို့ ထွန်းတောက်မယ့်နေ့ကို ရောက်လာတော့မယ်"
…
သူမစကားကို ကြားပြီး ဝူအကြီးအကဲအားလုံးက လေးဘက်ထောက် ဝပ်တွား၍ ကြွေးကြော် လိုက်ကြသည်။
"အလွန် တောက်ပသော ဝူနတ်ဘုရားခင်ဗျား၊ ကံကြမ္မာ နတ်သမီးထံ သင် ပေးတဲ့ အမိန့်အတွက် ကျွန်တော်မျိုးတို့ ကျေးဇူးတင်ရှိပါတယ်"
"ကျုပ်တို့ ဝူအကြီးအကဲများက ကျုပ်တို့ရဲ့ နတ်သမီးအပေါ် သစ္စာရှိပါမယ်လို့ ကတိပေးအပ်ပါတယ်။ ပြီးတော့ ကျုပ်တို့ အသက်နဲ့ရင်းပြီး ဝူနဂါးရဲ့ စိတ်ဝိညာဉ်ကို အရယူပါ့မယ်"
ကမ္ဘာတုန်လောက်သင့် အသံများက အပူပိုင်းမိုးသစ်တော တစ်ခုလုံးသို့ ပဲ့တင်ထပ်၍ ရိုက်ခတ်သွားသည်။ သူတို့စကားကြောင့် မှော်နက် နတ်ဘုရားမက မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ အရှေ့မြောက်အရပ်ဒေသသို့ ကြည့်ကာ ပြောလိုက်သည်။
"ဟွာရှနိုင်ငံက ယဲ့ဖန်တဲ့လား။ ဟဟ …ငါ့ကို စောင့်နေလိုက်ဦး"
"ငါက မင်းရဲ့ နိမ့်ကျတဲ့ အသက်ကို နုတ်ယူပြီး ဝူနဂါးရဲ့ စိတ်ဝိညာဉ်ကို အရယူပြမယ်"
သူမ၏ စကားလုံးများက မနှစ်မြို့ဖွယ်ကောင်းပြီး ကြောက်လန့်ဖွယ်ကောင်းလှ၏။
…..
မြင့်မြတ်သော နယ်မြေသုံးခုက နတ်ဘုရားများ၏ အမိန့်ကို ရရှိချိန်တွင် ကျန်းရှီမြို့ရှိ ဓားကျိုးတစ်လက်ထဲမှ နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်က အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားသည်။
သူ့နှာခေါင်းသူ ပွတ်၍ အလွန် စိတ်ရှုပ်နေသော နဂါးမျက်နှာနှင့် သူ ရေရွတ်လိုက်သည်။
"အာ … ငါ ဘာလို့ ယောက်ယက်ခတ်သလို ခံစားနေရတာလဲ"
ခေါင်းကို မော့၍ ကမ္မဋ္ဌာန်းထိုင်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းကို ခါ၍ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါလေ … ငါ စိတ်ထင်တာပဲနေမှာပါ"
ထို့နောက် နတ်ဆိုးနဂါးသည် ဓားကျိုးထဲတွင် နောက်ပြန်လန်ကျသွားပြီးနောက် ချက်ချင်း အိပ်မောကျသွားသည်။