ဒီတစ္ဆေက ငါ့အပိုင်ပဲ
Vol. 18 Ch. 277
ကျန်းရှီမြို့တွင် နေဝင်ဆည်းဆာအလင်းက လမ်းမများထက် ထွန်းလင်းလျက် ရှိသည်။ ပျားပန်းခပ်နေသော လူအုပ်များကြားတွင် အနက်ရောင် ဝတ်စုံနှင့် လူသုံးယောက်က အနည်းငယ် အေးစိမ့်သော ချီဓာတ်ကို ထုတ်လွှင့်ရင်း အေးအေးလူလူ လမ်းလျှောက်နေသည်။
သူတို့ဘေးမှ ဖြတ်သွားသူတိုင်း ကြောက်စိတ်ကြောင့် တုန်ယင်သွားရသည်။
သာမန်လူများသည် ထိုလူသုံးယောက်အား ရေခဲ ပန်းပုရုပ် သုံးရုပ်ဟု ထင်မြင်ပြီး အလွန် ကြောက်လန့်နေကြသည်။
ညီညာသော ခြေလှမ်းများနှင့်အတူ သူတို့သုံးယောက်သည် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း တိုးလာသည်။
ထိုစဉ် သူတို့သည် တစ်စုံတစ်ယောက်ကို ရှာဖွေနေဟန်ဖြင့် လမ်းသွားလမ်းလာများအား လိုက်ကြည့်နေသည်။
"အဇူရာ၊ မဟူရာ ဧကရာဇ် ကျန်းရှီမြို့ကို ရောက်လာပြီဆိုတာ သေချာလား"
အဖွဲ့ကို ဦးဆောင်လာသော လူဖြူ အဘိုးအိုက အနောက်မှ လူမည်း လူငယ်လေးကို မေးလိုက်သည်။ သူ့မျက်နှာသည် အလွန် အိုမင်း ရွတ်တလို့နေပြီး နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာခဲ့ရပုံပေါ်သည်။ ထို့အပြင် သူသည် အနည်းငယ် မရဏဆန်၍ ဆိုးရွားသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။
သူ့စကားကြောင့် လူမည်း လူငယ်လေးက လေးစားစွာဖြင့် ကိုယ်ကိုကိုင်း၍ ပြန်ဖြေလိုက်သည်။
"ဥက္ကဋ္ဌ ကျွန်တော်တို့ ရထားတဲ့ နောက်ဆုံသတင်းအရ မဟူရာ ကြက်ခြေခတ်အဖွဲ့က ဟွာရှ ကုန်းတွင်းပိုင်းထဲသို့ ဝင်ရောက်ပြီး လူစုခွဲထားကြပါတယ်"
"မဟူရာ ဧကရာဇ်နဲ့ သူ့ရဲ့ ကျေးကျွန် ခုနစ်ယောက်က အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်ကို ရန်မစချင်တဲ့အတွက် သူတို့က သာမန် ခရီးသွားတွေအဖြစ် ရုပ်ဖျက်ပြီး ကျန်းရှီမြို့ထဲကို အသီးသီး ခိုးဝင်လာတာပါ"
ထိုစဉ် လူမည်း လူငယ်လေးက ဘေးပတ်လည်မှ လူများကို အေးစက်စက် အကြည့်များဖြင့် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"မဟူရာ ဧကရာဇ်က ဒီလူတွေထဲမှာ ပုန်းခိုနေလိမ့်မယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်"
သူ့စကားကြောင့် လူဖြူ အဘိုးအိုကြီး၏ မျက်နှာက ခက်ထန်လာသည်။
"သောက်မဟူရာ ဧကရာဇ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက မင်း မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားကို သုံးပြီး ငါ့သမီး လင်ဒါကို သတ်ခဲ့တယ်။ ဒီတစ်ခါတော့ ငါ မင်းကို ပြာချပစ်မယ်လို့ ငါ ကျိန်ရဲတယ်ကွာ"
အကယ်၍ အနောက်တိုင်း သိုင်းပညာရှင်များသာ ဒီနေရာမှ ရှိနေပါက ထိုလူဖြူအဘိုးအိုသည် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ပြိုင်ဘက် ဖြစ်ပြီး အနောက်နိုင်ငံရှိ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခု ဖြစ်သည့် မြေအောက်ကမ္ဘာ လုပ်ကြံရေး အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဖြစ်သူ မြေအောက်သခင် ဖြစ်သည်ကို ချက်ချင်း သတိပြုမိပေလိမ့်မည်။
သူ့နောက်မှ လူမည်း လူငယ်လေးနှင့် လူဖြူ မိန်းမပျိုလေးတို့သည် မြေအောက်ကမ္ဘာမှ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သား နှစ်ယောက်ဖြစ်သည့် အရှင် အဇူရာနှင့် အရှင် ရက်ရှတို့ ဖြစ်သည်။
သူတို့သုံးယောက်လုံးသည် မြေကြီးအား ခြေတစ်ဘက် ဆောင့်လိုက်ရုံဖြင့် ငလျင်လှုပ်အောင် လုပ်နိုင်သည့် အနောက်နိုင်ငံမှ အင်အားစုများ ဖြစ်သည်။
ဒဏ္ဍာရီလာအဆင့် တစ်ယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်။
"ငါတို့ မဟူရာ ဧကရာဇ်ကို ရှာပြီး ငါ့သမီး သေဆုံးမှုအတွက် လက်စားချေရမယ်"
မြေအောက်သခင်က အလွန် နာကျည်းမုန်းတီးနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ သုံးယောက်သား မဟူရာ ဧကရာဇ်အား ခြေရာခံနိုင်ရန် အကောင်းဆုံး ကြိုးပမ်းပြီး ရှေ့သို့ ဆက်၍ လမ်းလျှောက်နေကြသည်။
လူသူနည်းပါးသော လမ်းကြားလေး တစ်ခုနားမှ သူတို့ ဖြတ်သွားစဉ်တွင် မြေအောက်သခင်က ချက်ချင်း ရပ်တန့်သွားသည်။
"နေကြဦး"
*ဟမ်*
အဇူရာနှင့် ရက်ရှတို့ မှင်တက်သွားကြသည်။ ထို့နောက် မြေအောက်သခင်၏ မျက်နှာထားက တင်းမာလာသည်ကို သူတို့ သတိပြုလိုက်မိသည်။ ထို့ပြင် မြေအောက်သခင်က ပြောလာသည်။
"ငါ တစ်ခုခုကို အနံ့ရတယ်။ အဲ့ဒါက … ခွေးမသား မဟူရာ ဧကရာဇ်ရဲ့ ချီဓာတ်ပဲ"
မြေအောက်သခင် ချက်ချင်း တက်ကြွလာကာ ဘေးသို့ လှည့်၍ လမ်းကြားလေးထဲသို့ မြန်နိုင်မျှ မြန်မြန် ပြေးဝင်သွားသည်။ သူ့နောက်မှ ကျန်နှစ်ယောက်ကလည်း လိုက်ပါလာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် မှောင်မိုက်နေသော လမ်းကြားလေး၏ အဆုံးသို့ ရောက်ရှိလာသည်။ ထို့နောက် အရှေ့တိုင်းသား မျက်နှာပေါက်နှင့် အဘိုးအိုတစ်ယောက် မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချ၍ ရေကို ဖြည်းဖြည်းချင်း သောက်နေသည်ကို တွေ့လိုက်ရသည်။
မြေအောက်သခင်နှင့် ကျန်နှစ်ယောက်ကို မြင်ပြီး ထိုအဘိုးအိုက မနှစ်မြို့ဖွယ် ကောင်းသော အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
"မြေအောက်သခင် မတွေ့ရတာ ကြာပြီနော်"
…
ထိုအဘိုးကို မြင်မြင်ချင်းမှာပင် မြေအောက်သခင်သည် ပွက်ပွက်ဆူလာသော သွေးများက သူ့ဦးခေါင်းထဲသို့ ဆောင့်တက်လာသလို ခံစားရပြီး နာကျည်းစွာ ကြုံးဝါးလိုက်သည်။
"ခွေးမသား မဟူရာ ဧကရာဇ် … နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီပေါ့ကွာ"
တစ်ခဏမျှ ကြာသော် မြေအောက်သခင်နှင့် သူ့နောက်လိုက်နှစ်ယောက်က သူတို့၏ အနက်ရောင် အဝတ်အစားများကို ချက်ချင်း ဆွဲဖြဲလိုက်ကြသည်။
သူတို့သုံးယောက်သည် မဟူရာ ဧကရာဇ်အား ဖိနှိပ်ချုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားများကဲ့သို့ စိုက်ကြည့်နေကြသည်။
သူတို့၏ အပြုအမူကို ကြည့်ပြီး အရှေ့တိုင်းသား အဘိုးအိုက အနည်းငယ် အံ့ဩသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အာ … မြေအောက်သခင် ခင်ဗျားက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း အတော်လေး တိုးတက်လာတာပဲ။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးဘူး"
*ဘာ*
မြေအောက်သခင်နှင့် သူ့နောက်လိုက်နှစ်ယောက်တို့သည် မဟူရာ ဧကရာဇ်က သည်လောက် မောက်မာလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ကြပါ။
"ကောင်းတယ်၊ ခွေးမသား … ဒီနေ့ မင်းရဲ့ သွေးကို သုံးပြီး ငါ့သမီးရဲ့ အရှက်သိက္ခာအတွက် လက်စားချေမယ်ကွ"
ထို့နောက် သူက မဟူရာ ဧကရာဇ်ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားသည်။ သူ့နောက်မှ အဇူရာနှင့် ရှက်ရှတို့ကလည်း အင်အားပြင်းသော တိုက်ကွက်များ ထုတ်ဖော်လိုက်ကြသည်။
ဝုန်း!
ပြင်းထန်သော တိုက်ကွက်များကြောင့် လမ်းကြားလေး၏ နံရံအားလုံး တစ်စတစ်စနှင့် ပြိုလဲပျက်စီးလာသည်။
သူတို့၏ စုပေါင်းတိုက်ကွက်သည် အလွန် အင်အားပြင်းလှသဖြင့် ဒဏ္ဍာရီလာ အလယ်အလတ်အဆင့် ရှိသော တိုင်းပညာရှင်တစ်ယောက်ကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်သည်။
သို့သော် ဤမြင်ကွင်းကို ကြည့်ပြီး မဟူရာ ဧကရာဇ်က အနည်းငယ် အထင်သေးသော အကြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ သုံးနိုင်တာ ဒါအကုန်ပဲလား"
"ဒီလိုဆိုလည်း မင်းတို့ သေလို့ရပြီ"
ထိုသို့ပြောပြီး သူက ရုတ်တရက် အိုမင်းရွတ်တွနေသော သူ့လက်ဝါးတစ်ဘက်ကို ဝေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် လမ်းကြားလေးထဲ၌ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ထို့ပြင် တစ္ဆေချီမျှင်စုများက အရပ်မျက်နှာ အနှံ့မှ တိုးထွက်လာသည်။
တစ္ဆေချီဓာတ်ထဲတွင် ကလေးငယ်ကဲ့သို့ မိစ္ဆာ စိတ်ဝိညာဉ်များက ပါးစပ်ကို ကျယ်ကျယ်ဟကာ သူတို့၏ ချွန်ထက်နေသော အစွယ်များကို လှစ်ဟာပြ၍ ရှေ့သို့ တိုးဝင်လာသည်။
ဤမြင်ကွင်းကြောင့် မြေအောက်သခင် ကြောက်လန့်ကာ မျက်နှာပျက်သွားသည်။
"မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ် … မင်း … မင်း ဒါကို လုပ်နိုင်ခဲ့တာပဲ"
မြေအောက်သခင်သည် မယုံနိုင်စရာကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရဟန်ဖြင့် အလွန် ပျာယာခတ်သွားသော အကြည့်များဖြင့် ရေရွတ်လိုက်သည်။
မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်။ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာခန့်က တိုက်ပွဲဝင် သိုင်းကွက်တစ်ခုသည် အနောက်ကမ္ဘာ၌ သွေးမိုးရွာစေခဲ့သည်။
မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ် ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို ထိုနေရာမှ သက်ရှိအရာများအားလုံး အသတ်ခံရသည်။
သို့သော် ဤမျှ ကြောက်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင် သိုင်းကွက်အား မဟူရာ ဧကရာဇ် ကျွမ်းကျင်စွာ တတ်မြောက်သွားလိမ့်မည်ဟု မြေအောက်သခင် ထင်မှတ်မထားခဲ့မိပါ။
အံ့ဩစရာကောင်းလှသည်။
"ဟီးဟီး …"
ထိုစဉ် မဟူရာ ဧကရာဇ်က မကောင်းဆိုးဝါး အပြုံးမျိုးနှင့် ပြောလသည်။
"ငါက မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်ကို ကျွမ်းကျင်ဖို့အတွက် ဆယ်စုနှစ်နှစ်ခုစာ တံခါးပိတ်ပြီး ကျင့်ကြံခဲ့တာကွ။ ငါ့သား အသတ်ခံလိုက်ရတာတောင်မှ ငါ ထွက်လာခဲ့တာ မဟုတ်ဘူး"
"မင်းက ငါ့မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ် သတ်ဖြတ်တာကို ခံရမယ့် ပထမဆုံး ဒဏ္ဍာရီလာအဆင့်ပဲကွ။ မင်း ဂုဏ်ယူသင့်တယ်"
ထိုသို့ပြောပြီး မဟူရာ ဧကရာဇ်က သူ၏ ရွတ်တွနေသော လက်များကို တင်းနေအောင် ဆုပ်၍ ထပ်ပြောလိုက်သည်။
"ဒဏ္ဍာရီလာအဆင့်တွေရဲ့ သွေးကို သုံးပြီး တစ္ဆေကလေးငယ်ရဲ့ အင်အားတွေကို တိုးမြှင့်လိုက်ကြ၊ သူတို့ကို သွားသတ်လိုက်စမ်း"
…
သူ့စကားအဆုံးတွင် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များစွာက ပါးစပ်ကို ကျယ်ကျယ်ဟကာ သူတို့၏ အစွယ်များကို လှစ်ဟာပြ၍ တိုးဝင်လာကြသည်။
ဒုန်း! ဒုန်း! ဒုန်း!
မြေအောက်သခင်နှင့် နောက်လိုက်နှစ်ယောက်တို့ ဒေါသထွက်လာကြသည်။ သူတို့သည် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များကို ခုခံ၍ တိုက်ခိုက်ကြသည်။
သို့သော် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်တိုင်းက မြေအောက်သခင်၏ တိုက်ခိုက်မှုတွင် ပျက်စီးသွားသည်နှင့် ချက်ချင်း အကောင်းတိုင်း ပြန်ဖြစ်လာကြသည်။
ထို့နောက် သူတို့ ရှေ့သို့ တစ်ဖန်ပြန်၍ တက်လာကြသည်။ ထို့ပြင် သူတို့သည် ပို၍ပို၍ အင်အားကောင်းလာသည်။
အနောက်တိုင်းသား သုံးယောက်လုံး လျင်မြန်စွာ ပျာယာခတ်လာကြသည်။ ဂျွတ်ခနဲ အသံတစ်ခုနှင့်တစ်ခု လူမည်း အဇူရာတစ်ယောက် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေ ကလေးငယ်တစ်ကောင်က သူ့လက်မောင်းတစ်ဘက်ကို ကိုက်လိုက်သည်ကို ခံလိုက်ရသဖြင့် သွေးများ ပန်းထွက်လာသည်။
သို့သော် ယခုမှ စတင်ခါစသာ ရှိသေးသည်။ တစ်ခဏမျှကြာသော် နောက်ထပ်မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်အဖွဲ့က ရှေ့သို့ ပြေးတက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က အဇူရာအား လေပေါ် မြောက်တက်လာအောင် ချီ၍ သူ၏ သွေးသံတရဲရဲနှင့် အသားများကို ကိုက်ဖြဲလေတော့သည်။
လူမည်း အဇူရာ ငယ်သံပါအောင် အော်ဟစ်မိသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ ဆိုးရွားသော အရိုးစုက မြေကြီးပေါ် ပြန်ပြုတ်ကျလာသည်။
"အဇူရာ"
မြေအောက်သခင်နှင့် ရက်ရှတို့ အလွန်ကြောက်လန့်လာကြသည်။ သူတို့ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန် ကြံစည်လိုက်ကြသည်။
သို့သော် နောက်ကျသွားချေပြီ။ ထိုအချိန်တွင် အနက်ရောင်ချီဓာတ်က လူနှစ်ယောက်ထံသို့ တိုးဝင်လာပြီး မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များ တစ်ရာနီးပါးခန့် ထွက်ပေါ်လာသည်။
ဂျွတ်! ဂျွတ်!
မြေအောက်သခင်နှင့် ရက်ရှတို့ တိုက်ကွက်များအားလုံးကို တစ်ပြိုင်တည်း မခုခံနိုင်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ရှသည် စူးရှသော အော်သံနှင့်အတူ လေထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။
စက္ကန့်ပိုင်းမျှ အကြာတွင် သူမ အရိုးများသည် မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
မြေအောက်ကမ္ဘာ လုပ်ကြံရေးအဖွဲ့၏ အဓိက စောင့်ရှောက်သူနှစ်ဦး တစ်စစီ ဖြစ်သွားလေပြီ။ မြေအောက်သခင်သည်လည်း အပြင်းအထန် ဒဏ်ရာရနေကာ မှုန်ကုပ်ကုပ်မျက်နှာဖြင့် သွေးများ ပေကျံလို့နေသည်။
"အကယ်၍ ငါသာ မဟူရာ ဧကရာဇ်ကို မသတ်နိုင်ဘဲ ငါ့သမီး သေဆုံးမှုအတွက် လက်စားမချေနိုင်ဘူးဆိုရင် ငါ ဘယ်တော့မှ ငြိမ်းချမ်းစွာ အနားယူနိုင်မှာ မဟုတ်ဘူး"
"ငါ မြေအောက်သခင်က ဘယ်တော့မှ မျက်လုံး မှိတ်မှာ မဟုတ်ဘူးကွ"
ထိုစဉ် မြေအောက်သခင်၏ မျက်နှာ၌ မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သူ့စိတ်ထဲတွင် သူ့သမီး၏ ချိုမြိန်သော အပြုံးများနှင့် ပြည့်နှက်နေသည်။
သူသည် တစ်ချိန်တစ်ခါက သူမ ကြီးပြင်းလာသည်ကို ကြည့်ရှုနေခဲ့သည့် သာမန်လူတစ်ယောက် ဖြစ်သည်။
သူမကို သူ ကျောင်းပို့၍ သူမအား ပန်းချီကို မည်သို့ဆွဲရမည်ကို သင်ပေးခဲ့သည်။ သူမသည် ဖြူစင်၊ လှပပြီး ကြင်နာတတ်သည်။
သူမ သူ့ကို ခေါ်သည့် 'ပါးပါး' ဟူသော စကားလုံးလေးကို သူ မမေ့နိုင်ပါ။ သူမ၏ ချိုမြိန်သော အပြုံးများကို သူ မမေ့နိုင်ပါ။
သူမသည် သူ့ဘဝတစ်ခုလုံးပင် ဖြစ်သည်။ တစ်နေ့တွင် သူ့သမီး၏ ဆံပင်များက ဖြူဖွေးလာပြီး သူမ ခန္ဓာကိုယ်က ညတွင်းချင်း အိုမင်းလာသည်။
နောက်ပိုင်းမှသာ ထိုအရာသည် မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသား၏ သက်ရောက်မှု ဖြစ်သည်ကို သူ သိခဲ့ရသည်။
အဆုံးတွင် သူသည် မဟူရာ ဧကရာဇ်က သူ့သမီး၏ ဗိုက်ကို ဖောက်၍ သွေးစွန်းနေသော မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားကို ထုတ်ယူသွားသည်ကို ကြည့်နေခဲ့ရသည်။
သူမ သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ သူ ရူးသွပ်သွားခဲ့သည်။
သူ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် မဖြစ်လာခင်တွင် သူ အခက်အခဲများစွာကို ကြုံတွေ့ခံစားခဲ့ရသည်။ သူ မြေအောက်ကမ္ဘာ လုပ်ကြံရေး အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး ဘာကိုမှ မကြောက်သော်လည်း သူ့သမီး၏ သေဆုံးမှုအတွက် လက်စားမချေနိုင်ခင် သေဆုံးရမည်ကို သူ ကြောက်ရွံ့ခဲ့သည်။
သို့သော်လည်း အဆုံးတွင် သူ မအောင်မြင်ခဲ့ပေ။ သူ ဆိုးဆိုးရွားရွား ကျဆုံးခဲ့သည်။
ဒုန်းခနဲ အသံနှင့်အတူ မြေအောက်သခင်သည် မြေကြီးပေါ် ဒူးထောက်လိုက်ပြီး မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များ သူ့ကို လွတ်လပ်စွာ ကိုက်ဖြဲနိုင်ရန် ခွင့်ပြုလိုက်သည်။
သူ့အတွေးတွေထဲတွင် သူ့သမီး၏ ပုံရိပ်များနှင့် ပြည့်နှက်နေသည်။ ချက်ချင်းဆိုသလိုပင် သူ မျက်ရည်အရွှဲသားနှင့် ရေရွတ်လိုက်သည်။
"လင်ဒါ … မင်းဖေဖေက အသုံးမကျဘူး … ဖေဖေ မင်းကို မကယ်နိုင်ခဲ့ဘူး … ဖေဖေ ရန်သူကို သတ်ပြီး မင်းရဲ့ သေဆုံးမှုအတွက် လက်စားမချေနိုင်ခဲ့ဘူး"
သေဆုံးနေသော နှလုံးသားထက် ဘယ်အရာကမှ ကြေကွဲ ဝမ်းနည်းဖွယ်မကောင်းပါ။
မြေအောက်သခင်က သေခြင်းတရားကို ငြိမ်သက်စွာ စောင့်မျှော်နေလိုက်သည်။ သို့သော် တစ်ခဏမျှ ကြာပြီးနောက် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။
သူ၏ နာကျင်မှုများလည်း ပျောက်ကွယ်သွားသည်။
*ဟင်*
သူ ဇဝေဇဝါနှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ယောက် သူ့ရှေ ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
မကောင်းဆိုးဝါးဆန်၍ အေးစက်သော အကြည့်နှင့်အတူ ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက မေးလာသည်။
"ငကြောင် … ခင်ဗျား အခုလေးတင် လက်လျှော့ အရှုံးပေးလိုက်တာလား"
ထို့ပြင် ထိုလူငယ်လေး၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။
"ဒီကမ္ဘာပေါ်က တစ္ဆေနဲ့ နတ်ဘုရားအားလုံးကို သတ်ဖြတ်နိုင်တယ်"
"ဒီတစ္ဆေက ငါ့အပိုင်ပဲ"