အခန်း (၄၁၁-၄၁၂)
Vol. 32 Ch. 411-412
ကျွမ်းကျင်စားဖိုမှူးစနစ် စာစဉ်(၃၂) အပိုင်း(၄၁၁ မှ ၄၂၀)
၄၁၁ မှ ၄၁၅
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၁)
ကျိုကျာက ဖောက်သည်များအတွက် ယူလာသည့် ပန်းကန်သည် ယွမ်ကျိုး စားသောက်ဆိုင်တွင် အရိုးရှင်းဆုံးသော ပန်းကန်ပြား တစ်ချပ်သာဖြစ်သည်
မည့်သည့်အလှဒီဇိုင်းမှမရှိသည့် အဖြူရောင်ရိုးရိုး ပန်းကန်ပြား တစ်ချပ်သာဖြစ်သည်။
လင်းဟုန်က ပန်းကန်အလယ်က စိမ်းစိုနေသော သစ်ရွက်ကို စူးစမ်းစွာ ကြည့်ရင်း
“ဒီဟာက ကြာရွက်လား”
ဘေးမှာ ရပ်နေသည့် ကျိုကျာက ချက်ချင်း ခေါင်းညိတ်ပြီး
“ဟုတ်ပါတယ်၊ ဖားပုံစံကိတ်မုန့်တွေကို ပတ်ဖို့ သုံးထားတာပါ”
ထိုစကားသံကို ကြားလိုက်ရသည့် ကောင်းရွှုက်က မနေနိုင်သလို အသံတိုးတိုးဖြင့် “ဘာဖြစ်လို့
ကြာရွက်ကို သုံးရတာလဲ” ဟု မေးလိုက်သည်။
“သူဌေးယွမ်က ဖားဆိုရင် ကြာရွက်ပေါ်မှာပဲ နေရမယ်လို့ ပြောထားတာပါ အဲ့ဒါကြောင့် ကြာရွက်သုံးတာပါ”
ကျိုကျာက အတော်လေး ဂုဏ်ယူနေသည့်ဟန်ဖြင့် ဖြေလိုက်သည်။
သူမအတော်လေး ဂုဏ်ယူရသည့်အကြောင်းရင်းကတော့ သေချာပေါက် ယွမ်ကျိုး၏ တီထွင်ဖန်တီးနိုင်စွမ်းကြောင့်ပင်ဖြစ်သည်။
ထို့စဥ် ကျိုကျာက နေရာကို မပြောပြရသေးကြောင်း သတိရသွားပြီး
“ဒီကြာရွက်က စန်ကျားရွာက ယူလာတာပါ” ဟု ထပ်ပြောလိုက်သည်။
လင်းဟုန်ကစပ်စုစွာဖြင့်
“ဒီရာသီက ကြာရွက်တွေ ခြောက်သွားလောက်မယ့် အချိန် မဟုတ်ဘူးလား”
“သိပ်မကြာသေးခင်တုန်းက ဒီရက်တွေမှာ မခြောက်သေးတဲ့ ကြာကန်တစ်ကန် ရှိတယ်လို့ ကြားထားတယ်”
ဘေးမှာရှိနေသည့်ဝူဟိုင်းက ဝင်ပြောလိုက်သည်။
လင်းဟုန်က ခေါင်းညိတ်ရင်း “အိုကေ၊ နားလည်ပြီ”
ကောင်းရွှုက်မှာ စားပွဲပေါ်ကို မှောက်နေပြီး စိတ်မဝင်စားသလို မလှုပ်မရှား နေနေသည်။ လင်းဟုန်၏ အမြင်အရတော့ သေသွားသည့် ခွေးတစ်ကောင်လိုပင် ဖြစ်နေသည်။
ကြာရွက်အကြောင်း ဆွေးနွေးပြီးသွားသည့်နောက် အဓိကဟင်းပွဲဖြစ်သည့် ဖားကိတ်မုန့်ကို စားရမည့် အလှည့်ရောက်လာပြီဖြစ်သည်။
ဖားကိတ်မုန့် ဆိုသော်လည်း လက်ဖဝါးအရွယ် ကိတ်ဝိုင်းတစ်ခုသာ ဖြစ်ပြီး ဖားပုံစံမဖော်၊ ဖားလို အလှဆင်ထားတာလည်း မရှိပေ။
ကြာရွက်ကို ထည့်မတွက်လျှင် သာမန်ကိတ်မုန့်အတိုင်းပင်ဖြစ်သည်။
မကြာခင်မှာပင် လင်းဟုန်က နာမည်၏ အဓိပ္ပါယ်ကို နားလည်သွားသည်။
“ဟားဟား… တကယ်ပဲ ဖားကိတ်မုန့်ပဲ”
လင်းဟုန်က ရယ်မောကာ ဂုဏ်ယူသလို ပြောလိုက်သည်။
ကောင်းရွှုက်က စိတ်မရှည်စွာဖြင့်
“မင်း မုန့်စားနေတာ မဟုတ်လား၊ ဘာလို့ ထရယ်နေတာလဲ”
“မင်း နားမလည်ပါဘူး” လင်းဟုန်က မစိတ်ဆိုးဘဲ တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။
ဖားကိတ်မုန့်မှာ အမှန်ပင် ဖားပုံစံ မဟုတ်ပဲ ပုံမှန် ဖုတ်ထားသည့် ကိတ်မုန့်ဝိုင်းတစ်ခုဖြစ်ပြီး ကိတ်အနားဘက်တွင် ရွှေညိုရောင် လိုင်းသပ်ကာ အဖြူရောင် မုန့်သားနုနုမှာ ကြည့်ရုံနှင့်ပင် ကြွပ်ရွနေသကဲ့သို့ အရသာရှိမည့်ပုံ ပေါ်လွင်နေသည်။
မုန့်ဖုတ်ရနံ့ကပါ လွှမ်းမိုးထားသဖြင့် လူကို ဆွဲဆောင်နေသည်မှာ မတားမဆီးနိုင်အောင်ပင် ရှိနေသည်။
ဖားကိတ်မုန့်သည် လက်ချောင်းခန့် အထူ ရှိပြီး ယွမ်ကျိုးက ဘေးဖက်ကို ဓားဖြင့် ခွဲထားသဖြင့် ဖားတစ်ကောင် ပါးစပ်ဖွင့်ထားဟန် မြင်ရသည်။
ယခုလိုပုံစံကြောင့်ပင် “ဖားကိတ်မုန့်” ဟု အမည်ပေးထားခြင်း ဖြစ်ပေသည်။
အဖြူနုနု မုန့်သားအတွင်းတွင် အစိမ်းရောင် ဟင်းသီးဟင်းရွက်နှင့် အနီရောင်ဆော့စ်ဖြင့် ဆမ်းထားသော အမဲသားပြားများကို ထည့်ထားသည်။ အဖြူရောင်မုန့်၊ အနီရောင်ဆော့စ်ကပ် အမဲသား၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် မုန့်အပေါ်ယံက မီးကင်ထားသလို အနည်းငယ်နက်နေသည့် အလွှာတို့ ပေါင်းစပ်ထားသည်ပုံက လင်းဟုန်ကို သည်းမခံနိုင်စေပဲ ချက်ချင်း မုန့်တစ်ခုကို ယူပြီး ကိုက်လိုက်မိသည်။
“ခ် ကာ” အသံနဲ့အတူ လင်းဟုန်က မုန့်ကို အကြီးကြီး ကိုက်ဖြတ်လိုက်သည်။
မုန့်အပြင်အလွှာမှာ ကြွပ်ရွပြီး မီးကင်နံ့ အနည်းငယ် ပါလာ၍ အတွင်းပိုင်းမှာတော့ အံ့အားသင့်စရာကောင်းအောင် နူးညံ့လှသည်။ အလွှာတစ်ထောင်မန်ထိုမုန့်ကဲ့သို့ သန့်ရှင်းသည့် ဂျုံရနံ့ကို မခံစားမိသေးခင် အနီရောင်ဆော့စ်၏ အစပ်နံ့ပြင်းပြင်းက လည်ချောင်းထိ တိုက်ရိုက် ထိုးဝင်လာသည်။
“ဟစ်စ်ချိူး…” လင်းဟုန်က
ချက်ချင်း ဟပ်ချိုးချေလိုက်မိသည်။
ထိုအခါ “ခ် ကာ” အသံထွက်လာပြီး မုန့်အတွင်းရှိ ဟင်းသီးဟင်းရွက်၏ ကြွပ်ရွသည့် အရသာ ပေါ်လာသည်။ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်အရသာက အနီရောင်ဆော့စ်၏ ပူစပ်ပူလောင်ကို သက်သာစေပြီး အမဲသားကို ပိုပြီး မွှေးကြိုင် စပ်မွှေး အရသာရှိစေသည်။
သေချာစွာ ဝါးစားပြီးနောက် လင်းဟုန်က ဖားမုန့်တစ်ခုလုံး၏ အဓိကအချက်က အမဲသားဖြစ်ကြောင်းသဘောပေါက် သွားသည်။
မုန့်၏ ဂျုံရနံ့ကို အခြေခံထားပြီး အနီရောင်ဆော့စ်၏ ပူစပ်မှုက ထင်ရှားကာ ဟင်းသီးဟင်းရွက်ကလည်း အထူး ချိုမြိန်မှု အရသာ အနည်းငယ်ကို ထိန်းသိမ်းထားသည်။
“ဒီအမဲသားက အရမ်းကို အရသာရှိတာပဲ၊ စတိတ်လုပ်ရင်လည်း သေချာပေါက် ကောင်းမှာ”
လင်းဟုန်က မနေနိုင်ဘဲ ပြောလိုက်သည်။
တကယ်ကို အရသာရှိသည်။ လင်းဟုန်က အမဲသားကို ကိုက်လိုက်ချိန်တွင် ထူးခြားစွာ နူးညံ့နေသည်ကို ခံစားရသည်။
အမဲသားပြားများသည် ပါးလွှားသော်လည်း အတွင်းရှိ အသားအနှစ်များက လျှာပေါ်မှာ တဖြည်းဖြည်း စိမ့်ထွက်လာပြီး အနည်းငယ်သာ ဝါးလိုက်ရကာ အစားအစာအားလုံးနှင့်အတူ လည်ချောင်းထဲ ချောချောမွေ့မွေ့ လျှောဆင်းသွားသည်။
အကယ်၍ ယွမ်ကျိုးသာ လင်းဟုန်၏ အတွေးကို သိသွားမည်ဆိုလျှင် သေချာပေါက် သဘောတူမည် ဖြစ်သည်။
အကြောင်းမှာ ဖားမုန့်အတွင်းရှိ အမဲသားပြားမှာ သုံးခုသာ ဖြစ်သော်လည်း ထိုအမဲသားများ၏ နောက်ခံအရင်းအမြစ်မှာ သာမန်မဟုတ်သောကြောင့် ဖြစ်သည်။
“ဒီအမဲသားက နွားရဲ့ ဒင်္ဂါးအဆစ်အသား လို့ ခေါ်တာလား”
ယွမ်ကျိုးက အသားရေစိမ်နေစဉ် ဇဝေဇဝါ မေးလိုက်သည်။
စနစ်က ချက်ချင်း ပြသလာသည်။
“ဒီအသားက အာဂျင်တီးနား နွားရဲ့ ရှေ့ခြေထောက် အဆစ်က ယူထားတဲ့ အရွတ်အသား ဖြစ်ပါတယ်”
“အသားပြားရဲ့ ပုံစံက ရှေးခေတ် ဒင်္ဂါးပြားနဲ့ ဆင်တူလို့ ဒီနာမည်ကို ရလာတာပါ”
“ပြီးတော့ ရှေ့ခြေတွေက လှုပ်ရှားမှု နည်းပြီး ကိုယ်အလေးချိန်ကိုလည်း အများကြီး မခံရတဲ့အတွက် ဒီအပိုင်းက ပေါင်အသားထက် ပိုကောင်းပါတယ်။ နူးညံ့ပြီး အရသာရှိသလို ဝါးလို့လည်း ကောင်းပါတယ်”
“ရပ်ပါ၊ ရပ်ပါ၊ တော်ပါတော့”
ယွမ်ကျိုးက နဖူးအုပ်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
မျှော်လင့်ထားသလိုပင် စနစ်က တကယ် ရပ်သွားသည်။ သို့သော် ယွမ်ကျိုးက မရပ်နိုင်ဘဲ ထေ့ငေါ့လိုက်သည်။
“မင်းကတော့ နေ့တိုင်း ဗဟုသုတ တွေထုတ်ပြနေတဲ့အချိန်မှာ ငါကတော့ လူတွေရှေ့မှာ တိတ်တိတ်လေး နေနေရတာ”
အမဲသားအကြောင်း ဖော်ပြချက်ကို ကြည့်ရင်း ယွမ်ကျိုးက မပြောဘဲ မနေနိုင်တော့ချေ။
စနစ်က ထပ်မံ ပြသလာသည်။
“ပစ္စည်းအကြောင်း သိလာတာက ချက်ပြုတ်ကျွမ်းကျင်မှုကို တိုးတက်စေပါတယ်”
ယွမ်ကျိုးက ခဏ ရပ်ပြီး တည်ငြိမ်စွာဖြင့်
“အခုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကောင်းပြီ၊ မင်းက ဆက်ပြီး မင်းပုံစံအတိုင်းနေ၊ ငါကတော့ တိတ်တိတ်ပဲ ကြည့်နေမယ်”
စနစ်က ထပ်မံ ပြသလာသည်။
“နွားတွေရဲ့ အကျိုးအတွက် စနစ်က ကျယ်ဝန်းတဲ့ မြက်ခင်းပြင်မှာ လွတ်လပ်စွာ လှုပ်ရှား ကျက်စားစေပါတယ်”
“စိုက်ပျိုးရေးခြံမှာ နွားအရေအတွက် မများပါဘူး။ ဒါကြောင့် နွားတစ်ကောင်စီတိုင်းဟာ အနည်းဆုံး အချင်း မီတာ တစ်ထောင်ကျော်ရှိတဲ့ မြက်ခင်းနှစ်ကွက်ကို ပိုင်ဆိုင်ထားလို့ နေ့တိုင်း ကျဉ်းမြောင်းတဲ့ နွားခြံထဲမှာ နေစရာမလိုပါဘူး”
“ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းတဲ့ နွားတွေက ရောဂါကူးစက်နိုင်ခြေ နည်းပြီး ပိုပျော်ရွှင်ကြပါတယ်။ တကယ်တော့ စနစ်က ကျန်းမာပြီး ပျော်ရွှင်တဲ့ နွားတွေကို မွေးမြူနေတာပါ”
“ဟုတ်ပါတယ်၊ အရမ်းကောင်းတယ်။
ဒါပေမယ့် နားထောင်ရတာ မြေဩဇာ ကြော်ငြာနဲ့ တူနေပြီနော်”
ယွမ်ကျိုးက တဲ့တိုး ပြောလိုက်သည်။
စနစ်က မနားဘဲ ဆက်ပြသလာသည်။
“ဒီနွားက သန့်စင်တဲ့ အဖြူရောင် နွားမျိုးနွယ်ဖြစ်ပြီး အညစ်အကြေး မရှိတဲ့ ဒေသမှာ နေထိုင်ပါတယ်။ အကောင်းဆုံး အမဲသားရဖို့အတွက် စနစ်က သန့်ရှင်းစင်ကြယ်တဲ့ အပျိုစင်နွားမျိုးကိုသာ ရွေးချယ် မွေးမြူပါတယ်”
“မြက်မစားစေဘဲ၊ ပြောင်း၊ ဂျုံကို ရောစပ်ထားတဲ့ ခြောက်သွေ့အစာကိုသာ စားစေပါတယ်”
ယွမ်ကျိုးက ဝင်ပြောလိုက်သည်။
“အစားအသောက်တောင် တကယ်ကို ရွေးချယ်လွန်းတာပဲ”
ထို့နောက် စနစ်က အပျိုစင်နွား၏ နေထိုင်ပုံ၊ လှုပ်ရှားပုံ အမျိုးမျိုးကို ဆက်လက် မိတ်ဆက်လာသည်။ ယွမ်ကျိုးက ထိုအချက်အလက်အားလုံးကို သေချာစွာ ဖတ်ရှုနေခဲ့သည်။
ဟင်းသီးဟင်းရွက်တွေကို နှစ်ရွက်ပဲ သုံးစွဲပြီး ကျန်တာတွေကို ပြန်စုထားသည်ဟုစနစ်၏ အခြားမိတ်ဆက်ချက်တွေကို ယွမ်ကျိုးက မအံ့သြတော့ပေ။
နောက်ဆုံးမှာတော့ ဖရဲသီးတောင် အလယ်ပိုင်းအသားကိုပဲ သုံးနေတဲ့ စနစ် ဖြစ်သည် မဟုတ်ပါလား။
ယခုတစ်ခါ အနီရောင်ဆော့စ်ကိုလည်း ယွမ်ကျိုးကိုယ်တိုင် ပြင်ဆင်ထားခြင်း ဖြစ်သည်။အဘယ့်ကြောင့်ဆို သူ့၏ နေ့လည်စာအဖြစ် အနီရောင်ဆော့စ်ခေါက်ဆွဲ စားချင်၍ ဖြစ်ပြီး စနစ်အကူအညီ မယူဘဲ ကိုယ်တိုင် လုပ်ထားခြင်း ဖြစ်သည်။
လင်းဟုန်က အရသာကို ခွဲခြားသိနိုင်တဲ့ လျှာကောင်းရှိသူ ဖြစ်သဖြင့် ယခုလို ပျော်ပျော်ပါးပါး စားနေရင်းတောင် စကားမပြောဘဲ မနေနိုင်သူဖြစ်သည်။
သူ့အသံက ပြတ်သားလှပြီး ဆိုင်ထဲရှိ လူတိုင်း နားထောင်နိုင်လောက်အောင် ထင်ရှားသည်။
“ယွမ်၊ စတိတ်ကို ဘယ်တော့ ရောင်းမလဲ၊ ဒီအမဲသားနဲ့ စတိတ်လုပ်ရင် အရမ်းကို ကိုက်ညီမှာပဲနော်”
လင်းဟုန်က ဖားကိတ်မုန့်ရဲ့ အရသာကို ခံစားရင်း ပြောနေသည်။
ယွမ်ကျိုးက ခဏလောက် စဉ်းစားပြီးမှ
“ယာယီတော့ အဲ့ဒီလို အစီအစဉ် မရှိသေးပါဘူး”
“သနားစရာပဲ၊ တကယ်ကို သနားစရာပဲ”
လင်းဟုန်က မုန့်ကို စားနေရင်းတောင် မေ့မနေဘဲ ပြောနေဆဲ ဖြစ်သည်။
ဘေးမှာ နားထောင်နေတဲ့ ကောရှင်းက မနေနိုင်တော့ဘဲ
“မင်းက အရမ်း အပို လုပ်နေတာ မဟုတ်ဘူးလား၊ တကယ်ပဲ အဲ့လောက် အရသာရှိတာလား” လင်းဟုန်က ခေါင်းတငြိမ့်ငြိမ့် ဖြင့် “ဒါပေါ့ကွ”
လင်းဟုန်၏ တုံပြန့်ချက်ကို မစောင့်နိုင်တော့ပဲ ကောင်းရွှုက်က မုန့်ပိုယူရန် လက်လှမ်းလိုက်သည်။
“ဟေ့ အဲဒါငါ့ဟာကွ”
အပိုင်း(၄၁၁)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၂)
“ဘာတွေ ပြောနေတာလဲ၊ ဒါကအသိအသာကြီး ငါ့ဟာပဲကို”
ကောင်းရွှုက်က မျက်နှာပေါ်တွင် စိတ်ရှုပ်သည့် အရိပ်အယောင် ပြ နေသော်လည်း လက်က မုန့်ကို ပါးစပ်ထဲ ထည့်နေခြင်းကို တစ်ချက်မှ မရပ်တန့်လိုက်ပေ။
လင်းဟုန်က ချက်ချင်းပင် ကောင်းရွှုက်၏ လက်မောင်းကို ဖမ်းကိုင်လိုက်ရင်း
“ဒါအားလုံးက ငါ့ဟာလို့ သဘောတူပြီးသားလေ”
“အဲ့ဒီ သဘောတူညီချက် ပယ်လိုက်ပြီ၊ မုန့်တစ်ခုလေးပဲ မဟုတ်လား၊ နောက်တစ်ခု သွားဝယ်လိုက်ပေါ့”
ကောင်းရွှုက်က ပြောလိုက်သည်။ သူ့ကို တားလေလေ ပိုစားချင်လေလေ ဖြစ်တာက ကောင်းရွှုက်၏ အကျင့်ပင် ဖြစ်သည်။
သူက ဖားကိတ်မုန့်ကို လုံးဝ လက်မလွှတ်ချင်သည့် အနေအထား ဖြစ်နေသည်။
“ငါက ပိုက်ဆံပေးထားတာပါ”
လင်းဟုန်က ထပ်ပြီးပြောစရာစကားမရှိတော့ပေ။ နောက်တစ်ခု ထပ်ဝယ်လို့ရလျှင် ပြဿနာမရှိပါ။
“ငါ ပြန်ပေးမယ်၊ ဆယ်ဆ ပေးမယ်ကွာ”
ကောင်းရွှုက်က တစ်ခုခုကို ပတ်သက်မိသွားပြီဆိုလျှင် ဉာဏ်လည်း ထက်မြက်လာကြောင်း ပြသလိုက်သည်။
ပြောပြီးချင်းမှာပဲ ညာဘက်လက်ထဲက ဖားကိတ်မုန့်ကိုဘယ်ဘက်လက်ဆီ ပြောင်းကာ တစ်ကိုက် ထပ်ကိုက်လိုက်သည်။ လှုပ်ရှားပုံက တိမ်လို လွင့်သွားပြီး ရေ စီးဆင်းသွားသလို သဘာဝကျကျ ဖြစ်နေသည်။
“မင်းက လူယုတ်မာပဲ၊ အရှက်မရှိဘူး”
လင်းဟုန်က ကိုက်ထားပြီးသား ဖားကိတ်မုန့်ကို ကြည့်ရင်း ဆူလိုက်သည်။
ကောင်းရွှုက်ကတော့ လင်းဟုန်၏ စကားကို နားမထောင်နိုင်တော့ပါ။
ပါးစပ်ထဲရှိ အံ့သြဖွယ်အရသာက သူ့ကို အားလုံး မေ့သွားစေသည်။
ထိုအချိန်မှပဲ လင်းဟုန်က မုန့်တစ်ခု စားရင်းတောင် အရသာကြောင့် အံ့ဩနေခဲ့သည့် အကြောင်းရင်းကို နားလည်သွားသည်။
“ရှလူး ရှလူး” အသံထွက်လာအောင် ကောင်းရွှုကက ဖားမုန့်ကို ပျော်ပျော်ပါးပါး မြန်မြန်ဆန်ဆန် စားနေသည်။
“ဟမ့်” လင်းဟုန်က မနေနိုင်တော့ပေ။
“ဟို ဟို” ကောင်းရွှုက်က သွားတွေပြပြီး လင်းဟုန်ကို ဂုဏ်ယူဟန် ပြုံးပြလိုက်သည်။
လင်းဟုန်၏ စိတ်တိုလွယ်သည့် အကျင့်အရ ထိုချိန်မှာပဲ ခုန်ထသွားပြီး ထိုးချင်နေပြီ ဖြစ်သည်။
သို့သော် ကောင်းရွှုက်က မုန့်ကို မကြာခင် စားပြီးတော့မည်ကို မြင်လိုက်သဖြင့် မျက်လုံးလှည့်ကာ တိတ်တိတ်လေး ပြန်ထိုင်လိုက်သည်။
သေချာသည်မှာ သူ တစ်ခုခု လုပ်ဖို့ စီစဉ်နေခြင်း ဖြစ်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ပုံမှန်လာနေသူများအားလုံးအနေနှင့် သိထားရမည့် စည်းမျဉ်းတစ်ခု ရှိသည်။
အစားအစာ မည်မျှအရသာရှိပါစေ နောက်ဆုံးတော့ တစ်ခါသာစားရမည့် အရာဖြစ်၍ ဖြည်းဖြည်းစားရမည် ဖြစ်သည်။
သို့သော် ကောင်းရွှုက်ကတော့ လူသစ်ဖြစ်သဖြင့် ဤအချက်ကို မသိပါ။
အရသာက အရမ်းကောင်းနေသည့်အတွက် သူက မဖြစ်မနေ မြန်မြန်သာစားလိုက်သည်။
လက်ဖဝါးအရွယ် ဖားကိတ်မုန့်တစ်ခုကို မိနစ်အနည်းငယ်အတွင်းမှာပဲ
ကောင်းရွှုက်က အပြီးစားပစ်လိုက်သည်။
“ ကွက်တိပြည့်စုံတယ်၊ သူဌေး၊ နောက်တစ်ခု ထပ်ပေးပါဦး”
ကောင်းရွှုက်က ကြာရွက်ကို ချပြီး ပါးစပ်ကို သုတ်ကာ အသံကျယ်ကျယ် ပြောလိုက်သည်။
ဘေးမှာရှိနေသည့် လင်းဟုန်ကတော့ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားပြီး ကောင်းရွှုက်ကို ကလစ်ကကျစ် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
“စိတ်မကောင်းပါဘူးဆရာ ၊ ဖောက်သည်တစ်ယောက်ကို တစ်ကြိမ်မှာ ဟင်းတစ်မျိုးပဲ ပေးနိုင်ပါတယ်”
ကျိုးကျာ က ရှင်းလင်းစွာ ပြောလိုက်သည်။
"အခု အစားအစာကို ပျော်”ရွှင်” စားနေတဲ့ ဖောက်သည်ကို ဒီလိုပြုမူတာ မင်းတို့က သွေးအေးလွန်းတာ မဟုတ်ဘူးလား
မင်းတို့စျေးရောင်း နည်းဗျုဟာကြီးက အထင်ကြီးစရာပဲနော်”
ကောင်းရွှုက်က မကျေမနပ် ထစ်ငေါ့လိုက်သည်။
“မဟုတ်ပါဘူးရှင် ဒီစည်းကမ်းကိုထုတ်ထားတာ တော်တော်ကြာပါပြီ”
ကျိုကျာ ကရယ်မောပြီး ပြောသည်။
“စိတ်ဝင်စားစရာပဲ… အိုကေ၊ ဂရုမစိူက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါလည်းသိပ်မကြိုက်ပါဘူးလေ”
ကောင်းရွှုက်က အမူအရာမပြောင်းဘဲ ပြောသော်လည်း တခြားသူများ၏ ဖားကိတ်မုန့်ကိုသိသိသာသာစိုက်ကြည့်မနေလျှင် ပိုယုံကြည်နိုင်စရာ ကောင်းပေလိမ့်မည်။
"ဒါဆို ငါ ဒီဆိုင်၀ယ့်လိုက်မယ်"
ကောင်းရွှုက်က စားသောက်ဆိုင်၀ယ်မည့်ပုံမပေါက်ဘဲ လမ်းပေါ်က ပေါက်စီ၀ယ်နေသည့်ဟန်မျိုး ပြောနေတာ ဖြစ်သည်။
ကျိုကျာက ပြုံးလျက်
"စိတ်မရှိပါနဲ့ ဆရာ ကျမတို့ဆိုင် ကို ရောင်းဖို့ မတွေးထားပါဘူး"
"မင်းသူဌေးကို ခေါ်လိုက်"
ကောင်းရွှုက်က လက်ယမ်းလိုက်ပြီး ကျိုကျာ၏ ငြင်းဆိုမှု့ကို စိတ်ထဲမထားပေ။
"ဘာဖြစ်လို့လဲ "ယွမ်ကျိုးကကြားပြီး ရောက်လာသည်။
"ခင်ဗျာ ဆိုင် ဘလောက်တန်လဲ ကျတော် ၀ယ်မယ်"
ကောင်းရွှုက်က ယွမ်ကျိုးကိုကြည့်ပြီး တဲ့တိုးပြောလိုက်သည်။
"ကျတော် မရောင်းပါဘူး"ယွမ်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။
"ဘလောက်တန်သလဲပဲ ပြောစမ်းပါ ဒီနေရာက ဆိုင်တဆိုင်လောက်တော့ တတ်နိုင်ပါတယ်"
ကောင်းရွှုက်က အလွန်ရက်ရောသည့် လေသံဖြင့်ပြောလိုက်သည်။
"ခင်ဗျာက လင်းဟုန်ရဲ့ မိတ်ဆွေလား"
ယွမ်ကျိုးကမဖြေပဲ မေးခွန်းသာပြန်မေးလိုက်သည်။
"ဟုတ်တယ်"ကောင်းရွှုက်က ခေါင်းငြိမ့်သည်။
အဖြေကို အတည်ပြုပြီးသည်နှင့် ယွမ်ကျိုးက စိတ်ထဲတွင် ကျိတ်ပြုံးမိပြီး အပြင်ဘက်တွင်အလေးအနက်ဟန်ဖြင့်
"ခင်ဗျာ က သူ့မိတ်ဆွေဆိုမှတော့
မီလီယမ်၁၀၀နဲ့ပေးနိုင်ပါတယ်"
ယွမ်ကျိုးက ယဉ်ကျေးစွာဖြင့်ပြောလိုက်သည်။
"ဘာ ခင်ဗျာ ပြောဈေးက တကယ်ကြီးလား"
ကောင်းရွှုက်မှာ ယွမ်ကျိုး၏ ပေါက်ဈေ:ကို ဤမျှလောက် မထင်ခဲ့မိပေ။
သူ၏အတွေးမှာ သူက လင်းဟုန်၏ အသိဖြစ်၍ ယွမ်ကျိုး
က လျှော့ဈေးဖြင့် ပေးမည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ယခုလို ယွမ်ကျိုးက ဈေးမြင့်မြင့်ခေါ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
"အော် ပြီးတော့ ဒေါ်လာနဲ့ပေးရမှာနော်"
ယွမ်ကျိုးက ဆက်ပြောလိုက်သည်။
"ဟွပ် ဟွပ်" ကောင်းရွှုက်ကမထိန်းနိုင်ပဲ ချောင်းဆိုးသွားသည်။
ကောင်းရွှုက်၏မျက်နှာက ဒေါသကြောင့် နီလာပြီး
"ခင်ဗျာ က ပွင်ပွင့်လင်းလင်း ဓါးပြတိုက်နေတာပဲ ခင်ဗျာ ဆိုင်သေးလေးက ယွမ်၁သန်းလောက်ပဲရှိမှာ ဒီဈေးကိုပေးရတဲ့ အဓိကအကြောင်းက
ခင်ဗျာ လက်ရာ ကောင်းလို့ပဲ"
စကားအခွန်းစီတိုင်းက သူ့၏ စေတနာကို မသိတတ်၍ ယွမ်ကျိုးကို အပြစ်တင်မှု့များဖြင့်ပြည့်နေသည်။
"ခင်ဗျာ မတတ်နိုင်ရင် အဲ့အကြောင်းထပ်မတွေးမိစေနဲ့ တခြားလူတွေခုံရဖို့စောင့်နေသေးတယ် "
ကောင်းရွှုက်၏ ဆွံအနေသည့်ပုံစံကိုကြည့်ရင်း
ယွမ်ကျိုးက လေးနက်စွာ ပြောလိုက်သည်။
ယွမ်ကျိုး၏စိတ်ထဲတွင်တော့ ကျိတ်ရယ်နေမိခြင်းကို မထိန်းနိုင်ပေ။
ပြောရမည်ဆိုလျှင် ဟိုးအရင်က လင်းဟုန်လည်း ယခုလို ပြောခဲ့ဖူးသည်။
"ဟားဟား မင်း တတ်နိုင်ရင်တောင် အဲဒီ့ ဖောက်သည်တွေ သဘောတူလား အရင်မေးလိုက်ဦး"
လင်းဟုန်က မရယ်ပဲမနေနိုင် တော့စွာဖြင့် ပြောလိုက်သည်။
"အရူး"
ဘေးနားက ဖောက်သည်တယောက်က
ထိုစကားဝိုင်းကို ကြားသော် လှောင်ပြောင်လိုက်သည်။
"ဟုတ်ပါ့ သူကို "လျှော့ဈေးမရှိတဲ့ လင်း "က ခေါ်လာတာပဲဖြစ်ရမယ်"
တခြားသူများကလည်း အသံတိုးတိုးဖြင့် ပြောနေကြသည်။
"ကျစ် အာ့ဆို "လျှော့ဈေးမရှိတဲ့ လင်း"က ပိုကောင်းတာပေါ့၊အနည်းဆုံး သူက ပုံမှန်လောက်ပဲ"
ထိုနှစ်ယောက်ကို နှိုင်းယှဉ်နေသည့် ဖောက်သည် တစ်ယောက်မှ မှတ်ချက်ပေးလိုက်သည်။
လင်းဟုန်၏ စူးရှသော အာရုံကြောင့်
သူကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုဖောက်သည်ကို ကြည့်ရင်း ပြုံးရယ်မိ သွားမိသည်။
လက်ရှိ ပတ်၀န်းကျင်တွင် ပုံမှန်ဖြစ်ခြင်း
သည်လည်း ပျမ်းမျှအဆင့်တစ်ခု ဖြစ်သည်။
"တော်စမ်း အရူးလုပ်နေတာ ရပ်တော့၊မြန်မြန်စားပြီး သွားမယ်"
လင်းဟုန်က ကောင်းရွှုက်ကို ချက်ချင်း ဆွဲခေါ်သွားသည်။
ကောင်းရွှုက်က မကျေမနပ်ဖြင့်
"ငါ ဗိုက်မပြည့်သေးဘူး"
"အခုတော့ မင်းဘာလို့ ခွေးသေလို မနေတော့တာလဲကွ"
လင်းဟုန်က ထေ့ငေါ့လိုက်သည်။
"ငါအခု ဆာလွန်းလို့ လှုပ်ဖို့တောင် အားမရှိဘူးကွ"
ကောင်းရွှုက်က ဒေါသတကြီး ပြောလိုက်သည်။
လင်းဟုန်က ယွမ်ကျိုးကို ညွှန်ပြရင်း
"ငါလည်း မကူညီနိုင်ဘူး ဒီလို ပါရမီရှင်တွေက ထူးဆန်းတဲ့ စည်းကမ်းတွေ ရှိတတ်တယ်ကွ"
"ဒီလူက တော်လို့ အောက်ခြေလွတ်နေရုံပါ၊
ဒါပေမဲ့ စောတာနဲ့ နောက်ကျတာပဲ ကွာတာပါ သူမကြာခင် ကျဆုံးသွား တော့မှာပါကွာ"
ကောင်းရွှုက်က အခိုင်အမာ ဆိုလိုက်သည်။
"ဟင့်အင်း မဖြစ်နိုင်ဘူး တကယ်ကို သူ့လက်ရာ ဖန်တီးမှု့က အမိုက်စားတွေ"
လင်းဟုန်အနေဖြင့် ဒီစကားကိုပြောရင်း
အံ့တောင် ကြိတ်မိသွားသည်။
"ဒီအကြောင်းကို တော်တော့၊ငါ့အသိက နေရာတခု အကြံပေးထား သေးတယ်၊ အတူသွားမယ်လေ"
ကောင်းရွှုက်က ရုတ်တရက် သူ့အသိ၏ အကြံပေးချက်ကို သတိရသွားပြီး ပြောလိူက်သည်။
"အင်း ဒါက မင်းကို ပြန်လျော်ပေးတာ လို့ သဘောထားလိုက်ပါ"
လင်းဟုန်က မတတ်သာစွာ ပြောလိုက်သည်။
လင်းဟုန်နှင့် ကောင်းရွှုက်မှာ ငယ်သူငယ်ချင်းများဖြစ်၍ အနီးကပ်ဆုံးသောသူများ ဖြစ်ကြသည်။ဒါပေမယ့် ကောင်းရွှုက်မှ အတူသွားစားဖို့ ဖိတ်တိုင်း လင်းဟုန်က အချိန်တိုင်း ပေါ်မလာခဲ့ပေ။
ထို့ကြောင့် လင်းဟုန်က တောင်းပန်သည့်အနေဖြင့် ကောင်းရွှုက် ကို ခေါ်လာပြီး နံနက်စာကျွေးနေခြင်း ဖြစ်သည်။
ကောင်းရွှုက်က လင်းဟုန်နှင့် ကွာခြားသည်။
သူကတကယ်ကိုပင်
"အသုံးအဖြုံးကြီးတဲ့ သူဌေးသား"ဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်သူဖြစ်သည်
သူ့အဆိုအရ သူ့မိဘများမှာ ကံကောင်းခြင်း ရှိကြသည်။ အကယ်၍ သူသာ ငွေထပ်ရှာပါက ထိုအရာများကို မည်သူက ဖြုန်းတီးပေးမည်နည်း။
ထိုကြောင့်ပင် သူ့ပန်းတိုင်က တဘ၀လုံး
သုံးဖြုန့်းနေရန်ပင်။
"ဟေ့ မင်း ကောင်မလေးတွေနဲ့ ဒိတ်ပေမဲ့ အပြင်ထွက်စားဖို့ မခေါ်ဖူးဘူးဆို"
ကောင်းရွှုက်က သရော်လိုက်သည်။
"နေ့လည်စာ စားဖို့ ငါပြန်သွားရဦးမှာနော်"
လင်းဟုန်က ကောင်းရွှုက်၏ စနောက်မှု့ကို စိတ်ထဲမထားပဲ ပြောလိုက်သည်။
"ကျစ် တော်စမ်းပါ "
သူ့စားခဲ့သည့် မွှေးကြိုင် စူးရှ နူးညံသည့် အမဲသားကို သတိရသွားသည်နှင့် ကောင်းရွှုက်က တံတွေးမြိုချမိသွားသည်။
"မင်းက ဘယ်သွားမှာလဲကွ"လင်းဟုန်က ကားမောင်းနေရင်း မေးလိုက်သည်။
ကောင်းရွှုက်က စိတ်လှုပ်တရှားဖြင့်
"တိုက်ခိုက်ရေး ကလပ်တခုကို သွားမှာ "
လင်းဟုန်က
"တကယ်လား မင်းက ၀ယ်ပြီးရင်း၀ယ်ဖို့ ပဲ သိတဲ့ကောင်မလား အဲ့မှာ လေ့ကျင့်ဖို့ မင်းတွေးနေတာ တကယ်လားကွ"
“ငါမှာ အစီအစဉ်ရှိတယ်။”
ဒီအကြောင်းအရာကို ရောက်လာချိန်မှာ ကောင်းရွှုက်က အတော်လေး တည်ငြိမ်စွာ ပြောခဲ့သည်။
“မင်း ပြောင်းလဲသွားပြီလား” လင်းဟုန်က မျက်ခုံးကြုံပ်လိုက်သည်။
“မဟုတ်ပါဘူး။ ငါ အဲဒီကို သွားကြည့်တာ နှစ်ကြိမ်ရှိပြီ။ တိုက်ခိုက်ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် ပခုံးကို လက်နဲ့ ပုတ်ပေးကြတဲ့အခိုက်အတန့်က ကောင်းတယ်လို့ ခံစားရတယ်။” ကောင်းရွှုက်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ဟမ်” လင်းဟုန်က သူ့စကားကို နားမလည်သလို ပြသလိုက်သည်။။
ယောက်ျားများသည် မွေးရာပါအတိုင်း ကားတွေ၊ သေနတ်တွေ၊ ပြင်းထန်တဲ့ လက်ဝှေ့နဲ့ နပန်းတိုက်ပွဲတွေကို ကြိုက်တတ်ကြတာပဲဖြစ်သည်
။
ထိုအရာများက အားအင်ရှိခြင်း၏ အလှတရားကို ကိုယ်စားပြုလို့ပဲဖြစ်သည်။ သို့သော် ပခုံးကို လက်နဲ့ ပုတ်ပေးရတဲ့ ခံစားချက်ကတော့ ဘယ်လိုမျိုးဖြစ်မလဲ။
အပိုင်း(၄၁၂)
ပြီးပါပြီ။