← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 32 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 32 Ch. 413-414

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၃)

လင်းဟုန်က ကားမောင်းနေရင်း အဆုံးစွန် စိတ်ရှည်ထားနေရသော်လည်း ယွမ်ကျိုးကထိုသို့တကယ်မတွေးချေ။

သူ့စိတ်ကို ဖမ်စားထားသူမှာ ကျန်းချန်းရှီ ဖြစ်သည်။

မဟုတ်လျှင် ကျန်းချန်းရှီက သူကိုင်တွယ်ရခက်သော‌သူ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။

အချိန်ကြာကြာ မမြင်ခဲ့ရသည့် ကျန်းချန်းရှီသည် မနက်စာစားပြီး နောက် ချက်ချင်း ထွက်မသွားသေးပေ။သူမက ရှပ်အဖြူကို ကြယ်သီးနှစ်လုံး ဖြုတ်ထားကာ မီးခိုးရောက် ဂျာကတ်အတို၊ အနက်ရောင် ပန့်ဘောင်းဘီတို့ ၀တ်ဆင်ထားသည်။

ခြုံကြည့်လျှင် သူမကလန်းဆန်းပြီး ရင့်ကျက်ဟန် ပေါ်နေသည်။

စားပွဲဘေးတွင် မှီရပ်နေပုံက ဆွဲဆောင်မှု့ ရှိသော်လည်း ယွမ်ကျိုးမှာမူ အလှအပ ခံစားနိုင်ရန် ကံမကောင်းနေပေ။

"သူဌေးယွမ် ရှင့်ကတိဖျက်တတ်တာ ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူးနော်"

ကျန်းချန်ရှီ၏ အသံက နူးညံပြီး ပြေပြစ်နေသည်။ သူ့မမျက်၀န်းတွေထဲမှာ စနောက်ကျီစယ်သည့် အကြည့်သာ မပါလျှင် ပိုကောင်းပေမည်။

"မဟုတ်ပါဘူး မင်းကို ပထမဆုံး လာဖိတ်တုန်းက စဉ်းစားဦးမယ်ဆို"

ယွမ်ကျိုးက ကိုယ်မတ်မတ်ထိုင်ပြီး ‌တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒုတိယအကြိမ်မှာ မင်းက အလုပ်ခရီး တစ်ခုကို သွားနေတာလေ"

"ဒီနေ့ တတိယအကြိမ်မြောက်မှာ

" ယွမ်ကျိုးက ကျန်းချန်ရှီကို စိုက်ကြည့်ပြီး

" မင်းပြန်ရောက်လာပြီလေ"

“အသေးအဖွဲ့တွေ စဉ်းစားမ‌နေပါနဲ့ ရှင်က ကျွန်မကို တစ်နပ်လောက် ကျွေးရမယ်ဆိုတာ အမှန်ပဲ မဟုတ်လား”

ကျန်းချန်းရှီက လက်ဖြူဖြူကို လှုပ်ယမ်းကာ မေးသည်။

ယွမ်ကျိုးက ခေါင်းညိတ်ပြရင်း “ဟုတ်တယ်

ဒီနေ့ လုပ်‌‌ ပေးရမလား”

“အဲဒါကတော့… မဟုတ်သေးပါဘူး”

ကျန်းချန်းရှီက အသက်ပြင်းပြင်းတစ်ချက် ရှုပြီး ထပ်မံ စနောက်လိုက်သည်။

“ဒါဆိုရင် ဆိုင်ပိတ်တော့မလို့ပါ” ယွမ်ကျိုးက နာရီကို လက်ညှိုးညွှန်ပြလိုက်သည်။

“ရှင်တစ်ယောက်တည်း နေရလို့ ပျင်းမနေရအောင် စကားနည်းနည်း လာပြော

တာပါ”

ကျန်းချန်းရှီက ပခုံး လှုပ်ပြကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဟား ဟား ဟား” အခြေအနေကို ကြည့်နေသော ဝူဟိုင်က မဖုံးကွယ်ဘဲ ရယ်မောလိုက်သည်။

ကျန်းချန်းရှီက ယွမ်ကျိုးကို အနည်းငယ် စနောက်နေခြင်းမှာ သူမအတွက် စိတ်ဝင်စားဖွယ် ဖြစ်သောကြောင့် ဖြစ်သည်။

ယွမ်ကျိုးကဲ့သို့ နှေးကွေးတည်ငြိမ်သူကို ရှာဖွေရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။

“ကျန်းကျာဝေဆီက ကြားတာ မင်း မကြာသေးခင်က မင်ရောင် ငါးရှဥ့်ပြုတ်စားခဲ့တယ်လို့”

ယွမ်ကျိုးက စိတ်ထဲမထားဟန်ဖြင့် အေးဆေးစွာပြောလိုက်သည်။

“ခဏနော် မင်ရောင် ငါးရှဥ့်ဆိုတာ ဘာလဲ” ကျန်းချန်းရှီက စိတ်ဝင်စားစွာ မေးလိုက်သည်။

“မင်ပြာနဲ့ ရောပြီး ပြုတ်ထားတဲ့ ငါးရှဥ့်”

ယွမ်ကျိုးက သေချာရှင်းပြသည်။

“ဝူဟိုင်၊ရှင်က အနက်ရောင်ဟင်းပွဲ တွေ ထပ်လုပ်ပြန်ပြီလား” ကျန်းချန်းရှီက သိနေ၍ မအံ့သြဘဲ အားမလိုအားမရ ပြောလိုက်သည်။

“မဟုတ်ပါဘူး။ အဲ့ဒီငါးရှဥ့်ပန်းကန်ကလေ မှောင်မဲနေတဲ့ ကောင်းကင်ပြင်ကြီး မှာ အပြာရောင်အလင်းလေးတွေက တလက်လက် တောက်နေသလိုလေး အသားလေးတွေကလည်း မရေတွက်နိုင်တဲ့ ကြယ်တွေလို ပြန့်ကျဲနေတာ ကြယ်တွေ စုံတဲ့ညလို့ပေါ့"

ဝူဟိုင်က ဂုဏ်ယူဟန်ဖြင့် နှုတ်ခမ်းမွှေးလေးကို သပ်ရင်း‌‌ ပြောနေသည်။

သူ၏ လက်ရာကို အလွန်သဘောကျနေသည်မှာ ထင်ရှားသည်။

“စားလို့ ရရဲ့လား” ယွမ်ကျိုးက တိုတိုပြတ်ပြတ် မေးလိုက်သည်။

“ဟားဟားဟား” မိမိပါးစပ်ကို လက်နဲ့ဖုံးကာ အသံကျယ်ကျယ် ရယ်နေသူမှာ ကျန်းချန်းရှီ ဖြစ်သည်။

ယွမ်ကျိုးက သူ့အနေဖြင့် ရယ်ခြင်းမရှိကြောင်း အာမခံနိုင်သည်။ အနည်းဆုံး မျက်နှာပေါ်မှာတော့ မပြထားခဲ့ပါ။

ထို့အစား မျက်နှာကို တင်းတင်းထားပြီး “ပစ္စည်းတွေကို အလဟသ မဖြုန်းနဲ့”

တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါက အနုပညာပဲ”

ဝူဟိုင်က အလျော့မပေးဘဲ ပြန်လည်ပြောဆိုလိုက်သည်။

“ဟုတ်တယ်၊ ဒါပေမယ့် စားလို့

မရဘူး" ယွမ်ကျိုးက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းနိုင်သွားပြီ၊ ငါ သွားတော့မယ်” ဝူဟိုင်၏ မျက်နှာပေါ်မှာ “သာမန်လူတွေ အနုပညာကို နားမလည်ကြဘူး” ဆိုသည့် အမူအရာနဲ့ လှည့်ထွက်သွားသည်။

“ဟိုင်လေးရေ၊ နောက်မှ တွေ့မယ်နော်” ကျန်းချန်းရှီက လက်လှမ်းကာ နှုတ်ဆက်လိုက်သည်။

“ငါ ဆိုင်ပိတ်ပြီး မုန်လာဥ သွား ဝယ်‌‌ တော့မယ်” ယွမ်ကျိုးက ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျွေးရမှာကို မမေ့နဲ့နော်”

ယွမ်ကျိုး၏ တည်ကြည်သော အမူအရာကို မြင်ပြီး ကျန်းချန်းရှီက သူ့ရဲ့ အကျင့်ကို သိရှိသဖြင့် သဘောတူစွာ ပြောလိုက်သည်။

ယွမ်ကျိုးက ခေါင်းညိတ်ရင်း“အမြဲတမ်း ကြိုဆိုပါတယ်”

“သူဌေးယွမ်၊ အဲဒီအမူအရာနဲ့ ရှင်က တော်တော် ချစ်ဖို့ကောင်းတယ်နော်”

ယွမ်ကျိူး၏ ခပ်တည်တည်ပုံစံကိုမြင်တိုင်း ကျန်းချန်းရှီက သူ့ကို မရပ်မနား စနောက်လေ့ရှိသည်။

“အဲဒါကို ချောမောတယ် လို့ခေါ်တာပါ”

ယွမ်ကျိုးက မျက်မှောင်ကြုပ်ကာ ပြန်ပြင်ပြောလိုက်သည်။

“ဟားဟား၊ ဟုတ်ပါပြီ၊ ချောမောပါတယ်” ကျန်းချန်းရှီက ပါးစပ်ကို ဖုံးကာ ရယ်ရင်း ထွက်သွားသည်။

လူတိုင်း ထွက်သွားပြီးနောက် ယွမ်ကျိုးက အသက်ရှူထုတ်လိုက်သည်။

“ကံကောင်းလို့ အချက်အလက်တွေကို တိတိကျကျ ပြောပြီး ကောင်းကောင်း ဖြေရှင်းနိုင်လို့ ကတိမတည်သူ ဆိုတဲ့ နာမည်ဆိုးကနေ လွတ်မြောက်ခဲ့တာ”

ယွမ်ကျိုးက နဖူးကို သုတ်ကာ ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်သည်။

အချိန်က မနက် ၉ နာရီခွဲသာ ရှိသေးသည်။

ထိုအချိန်တွင် မြေယာစီမံခန့်ခွဲရေး ဌာနသို့ လူအချို့ ရောက်ရှိလာသည်။

သူတို့ထဲမှ တစ်ဦးမှာ အနက်ရောင်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အပေါ်အိတ်ထဲတွင် စီလ်ခ်လက်ကိုင်ပဝါ တစ်ထည် ထည့်ထားသဖြင့် ဖက်ရှင်ကျသလို မြင်ရသည်။

ဆံပင်ကိုလည်း သေသေချာချာ စည်းထားပြီး သူက လွန်ခဲ့သည့် တစ်လကျော်က ယွမ်ကျိုးကြောင့် အရှက်ရခဲ့ဖူးသော မစ္စတာချန် ဖြစ်သည်။

သို့သော် ယနေ့တွင် မစ္စတာချန်က အောင်မြင်မှုအပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေသည်။

သူက ပြုံးကာ “နျူလီ၊ အရာအားလုံး ပြင်ဆင်ပြီးပြီလား” မေးလိုက်သည်။

“မစ္စတာချန်၊ စာရွက်စာတမ်းအားလုံး ပြည့်စုံအောင် ပြင်ဆင်ပြီးပါပြီ”

နျူလီက စာရွက်အချို့ကို ကိုင်ထားပြီး ယခင်ကလိုပင် တိကျသေချာစွာ ပြောသည်။

“မန်နေဂျာချန်၊ Masterwork Nonsuch ရဲ့ လုပ်ငန်းအောင်မြင်မှုတွေက ဆက်တိုက် မြင့်တက်နေပြီး ဆိုင်ခွဲတွေထဲမှာပါ အပေါ်ဆုံးဆယ်ခုထဲ ဝင်နေပါတယ်

ဘာကြောင့် ဒီလိုလုပ်ရတာလဲ”

ဘေးမှာရှိသည့် လူတစ်ဦးက စိတ်ရှုပ်ထွေးစွာ မေးလာသည်။

“အဲဒါကြောင့်ပဲ ဒီမြေကွက်ကို လိုအပ်တာ‌ ပေါ့” မစ္စတာချန်က သေချာစွာဖြင့် ပြောလိုက်သည်။

“လက်ထောက်တန်၊ သူတို့ရဲ့ နေ့စဉ် ဝင်ငွေကို ကြည့်ပါဦး” ဟု နျူလီက စာရွက်တစ်စုံကို ပေးလိုက်သည်။

“ကောင်းပါပြီ”

လက်ထောက်တန်က စာရွက်ကို ဖွင့်ကာ လျင်မြန်စွာ ကြည့်ရှုသည်။

“ဒီသုံးရက်အတွင်း အရောင်းအဝယ်က တော်တော် မြင့်နေတာပဲ”

လက်ထောက်တန်က ပြောသည်။လက်ထောက်တန်က မန်နေဂျာရှီ၏ လက်ထောက်ဖြစ်သည့်အလျောက် သူသည် သဘာ၀ကျကျပင် ယုံကြည်နိုင်လောက်သည့် အရည်အချင်းအပြည့်ရှိသည်။

အနည်းဆုံး သူက စာရွက်စာတမ်းတွေကို အမြန်ဆုံး ဖတ်နိုင်သည်။

“ဟုတ်ပါတယ်၊ ဒီသုံးရက်အတွင်း အဲဒီဆိုင်လေးက ဖွင့်တောင် မဖွင့်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ရက်တွေမှာတော့ ပုံမှန်ထက်တောင် ဝင်ငွေ ပိုမြင့်ခဲ့ပါတယ်”

နျူလီက ခေါင်းညိတ်ကာ အတည်ပြုသည်။

“ကောင်းပြီ၊ ဒါဆို ဝင်ကြရအောင် မန်နေဂျာချန်”

လက်ထောက်တန်က ယုံကြည်မှုအပြည့်နဲ့ ပြောကာ မြေယာစီမံခန့်ခွဲရေးလဌာနအတွင်းသို့ ဝင်သွားသည်။

“အင်း”

မန်နေဂျာချန်က ခေါင်းညိတ်ကာ လူအများနဲ့အတူ မြန်မြန်ဆန်ဆန် ဝင်သွားသည်။

“မင်္ဂလာပါ၊ ဒါရိုက်တာချုပ် ကျန်းနဲ့ ကြိုတင်ချိန်းထားပါတယ်”

မစ္စတာချန်က ပြောလိုက်သည်။

“ကောင်းပါပြီ၊ ခဏစောင့်ပေးပါနော်”

အမျိုးသမီး ဧည့်ခံဝန်ထမ်းက ခေါင်းညိတ်ကာ ပြောပြီး အချိန်ဇယားကို သွားရောက် အတည်ပြုပြီးနောက် သူတို့ကို အတွင်းသို့ ခေါ်ဆောင်သွားသည်။

“ဇီယာ” အသံတစ်ခု ထွက်ပေါ်လာပြီး သစ်သားတံခါး ဖွင့်သွားသည်။ ထို့နောက် ဧည့်ခံဝန်ထမ်းက ပြန်လည် ထွက်ခွာသွားသည်။

တံခါးဖွင့်သွားသည်နှင့် ရုံးစားပွဲနောက်တွင် ထိုင်နေသော အသက်အလတ်ပိုင်း အမျိုးသားက မတ်တပ်ထရပ်ကာ ပြုံးလျက် ပြောသည်။

“ဟားဟား၊ မစ္စတာချန်၊ ဒီကို ဘာအကြောင်းနဲ့ ရောက်လာတာလဲ”

ဌာနချုပ်မှူးကျန်းက ပြောလိုက်သည်။

အမှန်အားဖြင့် သူက ဒုဌာနချုပ်မှူးသာ ဖြစ်ပြီး အာဏာအပြည့်အဝ မရှိသော်လည်း တာအိုရှီလမ်းဒေသကို တာဝန်ယူထားသူ ဖြစ်သည်။

ဆိုရိုးစကားအရ အကြီးဆုံးကို ရှာခြင်းထက် မှန်ကန်သူကို ရှာတာက ပိုကောင်းသည်။ ထို့ကြောင့် မစ္စတာချန်က တိုက်ရိုက် ဒီကို ရောက်လာခြင်း ဖြစ်သည်။

လူအချို့က ရုံးအတွင်းသို့ တစ်ယောက်ချင်းစီ ဝင်ရောက်လာသည်။

“ခင်ဗျားကူညီပေးစရာလေး တစ်ခုရှိလို့ပါ”

မန်နေဂျာချန်က စိတ်အားထက်သန်မှု့ရှိသော်လည်း နှိမ့်ချသည့် သဘောထားမရှိချေ။

အဘယ့်ကြောင့်ဆိုသော် သူ့ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးက တော်တော်လေး မြင့်မားနေခြင်းကြောင့် ဖြစ်သည်။

“မင်း ဒီကို လာတာက တစ်နေရာရာကို စိတ်ဝင်စားထားတာ သေချာပါတယ်” ဌာနချုပ်မှူးကျန်းက ပြောလာသည်။

သူက ဆံပင်ထူပြီး ခန္ဓာကိုယ် သေးသွယ်သော်လည်း စိတ်ဓာတ်ပြင်းပြသော

သက်လယ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

“မှန်ပါတယ်၊ ဌာနချုပ်မှူးကျန်းက ကျွန်တော့်ကို နားအလည်ဆုံးပါပဲ အခု ပြောလိုက်ပါမယ်”

မန်နေဂျာချန်က ပြောပြီး သူ့နောက်တွင် ရပ်နေသော နျူလီကို စာရွက်စာတမ်းများ ပေးရန် လက်ဟန်ပြကာ ညွှန်ကြားလိုက်သည်။

ထို့အပြင် ဘေးတစ်ဖက်တွင် ရပ်နေသောလက်‌ထောက်တန်ကိုလည်းအထောက်အထားစာရွက်များ ပေးရန် လက်ဟန်ပြလိုက်သည်။

“ဟုတ်သားပဲ၊ ပြည့်ပြည့်စု့စုံ ပြင်ဆင်လာတာပါလား”

ဌာနချုပ်မှူးကျန်းက ပြုံးလျက် စာရွက်များကို လက်ခံယူရင်း ပြောလိုက်သည်။

“ဒီကို လာတွေ့မယ်ဆိုရင် သေချာ ပြင်ဆင်ပြီးမှ လာရတာပဲ မဟုတ်လား။ မဟုတ်ရင် အပြင်ထွက်ခိုင်းမှာ ကြောက်ရတယ်‌‌ လေ”

မန်နေဂျာချန်က လွယ်လင့်တကူ ပြန်ဖြေသည်။

အမှန်အားဖြင့် သူတို့နှစ်ဦးက အရင်ကတည်းက သိကျွမ်းပြီး ဆက်သွယ်ဖူးသူများ ဖြစ်သည်။ မစ္စတာချန်က ဌာနချုပ်မှူးကျန်း၏ စည်းကမ်းများကိုလည်း ကောင်းကောင်း သိရှိထားသည်။

သူက လာဘ်ပေးလာဘ်ယူ မလက်ခံဘဲ ဒေသအတွက် အကျိုးရှိပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်သော အမှုများကိုသာ ခွင့်ပြုပေးသူ ဖြစ်သည်။

ယခင်တစ်ခေါက်တွင် လက်ဆောင် ယူဆောင်လာသူ တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်ကို မန်နေဂျာချန်က မျက်စိနဲ့တောင် မြင်တွေ့ခဲ့ဖူးသည်။

ဌာနချုပ်မှူးကျန်းကို ဖြောင့်မတ်သူဟု မဆိုနိုင်သော်လည်း ယခုအချိန်တွင် ဒုဌာနချုပ်မှူး အဖြစ် တာဝန်ထမ်းဆောင်နေပြီး အသက်လည်း ၄၅ နှစ် မပြည့်သေးသဖြင့် မျှော်လင့်ချက်ရှိသေးသူ ဖြစ်သည်။

“ထောင်ရှီလမ်း နံပါတ် ၁၄ လား။ ဒီမြေကွက်ကို ယူချင်တာလား”

ဌာနချုပ်မှူးကျန်းက စာရွက်များကို လှန်ကြည့်ရင်း အတည်ပြုရန် မေးလိုက်သည်။

အပိုင်း(၄၁၃)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၄)

“ဟုတ်ကဲ့ ဒီနေရာက မြို့ဟောင်းအတွင်း ဖွံ့ဖြိုးတိုးတက်‌ ရေးဇုန်မှာ ရှိတာပါ

အခုတော့ CBD လို ကုမ္ပဏီ အဆောက်အအုံတွေပဲ ရှိ‌တော့တာပါ ကျွန်တော်တို့က အကြီးစား စားသောက်ကုန် လုပ်ငန်းတစ်ခု ဒီနေရာမှာ တည်ဆောက်ဖို့ စီစဉ်ထားပါတယ်"

မန်နေဂျာချုပ်ချန်က ယုံကြည်မှု့ အပြည့်ဖြင့်

ပြောလိုက်သည်။

“အကြံကောင်းပဲ အလုပ်အကိုင်ကို ဖန်တီးပေးမယ့်အပြင် လူတွေကိုလည်း ဆွဲဆောင်နိုင်မှာပဲ”

ဒါရိုက်တာချုပ်ကျန်းက ထောက်ခံပြောသည်။

“အမှန်ပါပဲ အခုလက်ရှိမှာတော့အစားအသောက်လမ်းလေး တစ်လမ်းပဲ ရှိပြီးတော့အဲဒီ စားသောက်ဆိုင်တစ်ဆိုင်ချင်းစီကလည်း လူတွေကို ဆွဲဆောင်မှု သိပ်မရှိသေးပါဘူး

ဒါပေမယ့် ကျွန်တော်တို့သာ ရခဲ့ရင်၊ အဲဒီ‌ နေရာက ထိပ်တန်းဖြစ်မှာပဲ”

မန်နေဂျာချုပ်ချန်က ယွမ်ကျိုးစားသောက်ဆိုင်နေရာကို ထောက်ပြပြီး ပြောလိုက်သည်။

“ဒီနေရာမှာစတိုးဆိုင်၈ ခုရှိ‌ေသးတယ် အရွယ်အစားကတော့ သေးပေမဲ့ အဆင်ပြေပါတယ်”

ဒါရိုက်တာချုပ်ကျန်းက မန်နေဂျာချုပ်ချန်၏ ပြင်ဆင် ထားသော စာရင်းဇယားများကို ဂရုတစိုက်ကြည့်ပြီးပြောလိုက်သည်။

“ကျွန်တော့်ကုမ္ပဏီက ဆိုင်လေးဆိုင်ကို အရင်ထဲက ၀ယ်လိုက်ပါပြီ ဆရာ"

မန်နေဂျာချုပ်ချန်က ပြုံးပြီး သူ့၏ Masterwork Nonsuch စားသောက်ဆိုင်ကိုပြရင်း ပြောလိုက်သည်။

“နားလည်ပါတယ်ဒါဆိုရင် အကျယ်အဝန်း ကလုံလောက်ပါပြီလေ"

ဒါရိုက်တာချုပ်ကျန်းက ခေါင်းငြိမ့်ရင်း သဘောတူတော့မည်ဟန်ပေါ်နေသည်။

“ဟုတ်ပါတယ် ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်တောင်းဆိုချက်ကို အတည်ပြုဖို့ ခွင့်ပြု‌ ပေးပါ ဆရာကျန်း"

သူ့၏ ရည်ရွယ်ချက်တွေက ဖြစ်မြောက်တော့မည်ကိုမြင်သော မန်နေဂျာချုပ်ချန်က တည်ငြိမ်စွာ ထိုင်ပြီး အေးဆေးစွာဆက်ပြောလိုက်သည်။

“ကျွန်တော်အတွက် ပြဿနာမရှိပါဘူး

ဒါပေမယ့် အဲဒီနေရာမှာ အိမ်ရာတွေ ရှိမရှိ စစ်ဆေးရဦးမယ်”

ဒါရိုက်တာချုပ်ကျန်းက စိုးရိမ်မှု ပြသလျက် ပြောလာသည်။

"မစိုးရိမ်ပါနဲ့ ဒါက စီးပွားဖြစ်မြေတွေပါ"

မျက်လုံးများကသေချာမှု့ အပြည့်ဖြင့် မန်နေဂျာချုပ်ချန်က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"ကျနော်သိပါတယ် ထောင်ရှီလမ်းနံပါတ် ၁၄ကို နည်းနည်း ရင်းနှီးနေသလား လို့ပါ"

ဒါရိုက်တာချုပ်ကျန်းက ခေါင်းငြိမ့်ရင်း အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။

သူကကွန်ပျူတာပေါ်ရှိ ထောင်ရှီလမ်း3D မြေပုံပါ၀င်သော စာရွက်စာတမ်းများကိုကြည့်ပြီး မန်နေဂျာချုပ်ချန် တောင်းဆိုထားသော စတိုးဆိုင်များကို တစ်ခုချင်းဆီ သေချာစွာ စစ်ဆေးကြည့်နေသည်။

"အံဩစရာက ပိတ်ထားတဲ့ ဆိုင်တောင်ရှိတယ်ဆိုတော့ ဒီနေရာကလူသွားလူလာ သိပ်မများဘူးပေါ့"

ဒါရိုက်တာချုပ်ကျန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ဟုတ်ပါတယ် ဒါကြောင့် ကျွန်တော်တို့ ဒီမှာ

စားသောက်ဆိုင် ထောင်ချင်တာပါ"

မန်နေဂျာချုပ်ချန်က ယုံကြည်မှု့ရှိရှိဖြင့်

ပြောလိုက်သည် ။

"ဟားဟား ကောင်းပါပြီ နားလည်ပါတယ်"

ဒါရိုက်တာချုပ်ကျန်းက ခေါင်းငြိမ့်ရင်း တယ်လီဖုန်းကိုကိုင်ကာ ဖုန်းခေါ်ရန်ပြင်လိုက်သည်။

အခွန်ဌာနများက အခွန်အကြောင်းကို တခြားသူများထက် သိနေမှာ ဖြစ်‌ သောကြောင့် သူတို့ထံမှ ဆိုင်များ၏ အသေးစိတ် အချက်အလက်ကို မေးမြန်းရန် လိုသောကြောင့်ဖြစ်သည်။

ယခုအချိန်တွင် စစ်ဆေးမှု့မပြည့်စုံပဲ ခွင့်ပြုချက်ပေးလိုက်ပါက နောက်ပိုင်း ပြဿာနာများပေါ်ပေါက်လာခဲ့လျှင် သူ့အတွက် ဒုက္ခများနိုင်လေသည်။

ဆန့်ကျင်ဘက်တွင် ဒါရိုက်တာချုပ်ကျန်းဖုန်း‌

ခေါ်နေသည်ကိုမြင်သော မန်နေဂျာချုပ်ချန်က စိတ်သက်သာရာ ရသွားသည်။

"နောက်ဆုံးတော့ ရသွားပြီ"

မန်‌နေဂျာချုပ်ချန်က အသံနိမ့်နိမ့်ဖြင့် ရေရွတ်လိုက်သည်။

ဒါရိုက်တာချုပ်ကျန်းသည် ခေတ်နောက်ပြန်ဆွဲပြီး တင်းကျပ်သော လူစားမျိုးဖြစ်၍ ခွင့်ပြုချက်ကို တိုက်ရိုက်မရသေး သော်လည်း အရာရာကို သေချာစွာ စစ်ဆေးပြီး နောက်တွင် ယွမ်ကျိုး‌စား‌သောက်ဆိုင် ပျောက်ကွယ်သွားခြင်းကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်တော့ပေ။

မန်နေဂျာချုပ်ချန်က ယွမ်ကျိုးကို အရင်ကတည်းက စုံစမ်းပြီးသား ဖြစ်သည်။ သူ့နောက်ခံ အင်အားမကြီးသလို ဒီကိစ္စကို သက်ရောက်နိုင်မည့် နောက်ခံအင်အားလူများလည်း မရှိကြောင်း သိထားသည်။

ဖုန်းချိတ်ဆက်သွားသောအခါ

“ဌာနချုပ်မှူး လင်းရေ၊ မကြာသေးခင်က ဘယ်လိုနေလဲ”

ဒါရိုက်တာချုပ်ကျန်းက ဖုန်းထဲမှ နှုတ်ဆက်ပြောဆိုလိုက်သည်။

“ဒါရိုက်တာချုပ်ကျန်းရေ၊ အချက်အလက် တွေမေးချင်လို့ပဲ ဖုန်းခေါ်တာ မဟုတ်လား”

ဌာနချုပ်မှူး လင်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ ‌ထောင်ရှီလမ်းနယ်မြေဘက် အခြေအနေ ဘယ်လိုရှိလဲ”

ဒါရိုက်တာချုပ်ကျန်းက တိုက်ရိုက် မေးမြန်းလိုက်သည်။

“မင်းတို့ ဌာနထဲမှာ အမေရိကန် CIA လို အဖွဲ့တစ်ခု ဖွဲ့ထားရင် ကောင်းမယ်၊ ဒါဆို မင်း သိချင်သမျှ အကုန် သိနိုင်လိမ့်မယ်”

ဌာနချုပ်မှူးလင်းက ပြုံးပြုံးရယ်ရယ်ဖြင့် အရွှန်းဖောက်ပြောလိုက်သည်။

ထို့နောက်သူသည် ဖုန်းကို လက်ဖြင့် ဖုံးကာ ထောင်ရှီလမ်း စာရွက်စာတမ်းများ ယူလာရန် အကူအညီကို လက်ဟန်ဖြင့် အချက်ပြလိုက်သည်။

“အဲ့ဒီအကြံက တကယ်ကောင်းတယ်၊ မင်းကိုယ်တိုင် လျှောက်ကြည့်ပါလား၊ အောင်မြင်ရင် ငါ့အတွက်စပိုင် လုပ်ဖို့ မလိုတော့ဘူး”

ဒါရိုက်တာချုပ် ကျန်းကလည်း အရွှန်းဖောက်ပြောလိုက်သည်။

“အဲ့ဒါ မင်းရဲ့ ကိုယ်ပိုင်ကိစ္စပဲ၊ မင်းကိုယ်တိုင် လုပ်တာ ပိုကောင်းမယ်”

ဌာနချုပ်မှူး လင်းက ဖုန်းကို ကိုင်ထားရင်း ပြန်လည် အရွှန်းဖောက်လိုက်သည်။

ဒါရိုက်တာချုပ်ကျန်းက ရယ်မောကာ

“ငါ့မှာ အဲ့ဒီအင်အား မရှိဘူး၊ ဒါကြောင့် မင်းက ငါ့ရဲစပိုင် အဖြစ် ဆက်လုပ်ပေးရမယ်”

“သိပါပြီ၊ သိပါပြီ၊ မင်းက အလုပ်တွေကို ငါ့ဆီ အမြဲ တွန်းပို့နေတဲ့ လူကြီးပဲ”

ဌာနချုပ်မှူး လင်းက မကျေမနပ်သံဖြင့် ပြောသော်လည်း လက်ထဲက စာရွက်စာတမ်းများကို စစ်ဆေးနေခြင်းကို မရပ်တန့်ခဲ့လိုက်ပေ။

သူတို့၏ စကားပြောပုံကို ကြည့်ရင် ဌာနချုပ်မှူး လင်းနှင့် ဒါရိုက်တာချုပ် ကျန်းတို့က အလွန် ရင်းနှီးကြောင်း သိသာစေသည်။

အမှန်တကယ်တော့ သူတို့သည် တက္ကသိုလ်တုန်းက အတန်းဖော်များ ဖြစ်ခဲ့ကြသဖြင့် ယခုလို အရွှန်းဖောက် ပြောဆိုနိုင်ကြခြင်း ဖြစ်သည်။

“‌ထောင်ရှီလမ်း နံပါတ် ၁၀ ကနေ ၁၄ အထိ နေရာတွေကို ပြောပြပါဦး”

ဒါရိုက်တာချုပ် ကျန်းက လောလောဆယ် တိုက်တွန်းမေးမြန်းလိုက်သည်။

“စစ်နေပါတယ်၊ နေပါဦး၊ မင်း ပြောတဲ့ နေရာက ဘယ်နံပါတ်လဲ”

ဌာနချုပ်မှူး လင်းက စစ်ဆေးရင်း ရင်းနှီးသလို ခံစားရသဖြင့် မေးမြန်းလိုက်သည်။

“‌ထောင်ရှီလမ်း နံပါတ် ၁၀ ကနေ ၁၄ အထိ”

ဒါရိုက်တာချုပ် ကျန်းက မစဉ်းစားဘဲ ထပ်ပြောလိုက်သည်။

“နံပါတ် ၁၄ လား၊ မဟုတ်ဘူး၊ မင်း အဲ့ဒီနေရာကို မရွှေ့နိုင်ဘူး”

ဌာနချုပ်မှူး လင်းက ချက်ချင်း စိတ်လှုပ်ရှားသွားလိုက်သည်။

“ဘာလဲ၊ အဲ့ဒီနေရာက မင်းရဲ့သားပိုင်တာလား”

ဒါရိုက်တာချုပ် ကျန်းက အံ့သြစွာ မေးမြန်းလိုက်သည်။

“သားထက်တောင် ပိုရင်းနှီးတယ်၊ အဲ့ဒီနေရာကို လုံးဝမထိဖို့ မစဉ်းစားနဲ့”

ဌာနချုပ်မှူးလင်းက တင်းမာစွာ ပြောလိုက်သည်။

“အဲ့လိုဆိုရင် အတွင်းရေး ဇာတ်လမ်းတွေ တကယ်ရှိတာလား”

ဒါရိုက်တာချုပ်ကျန်းက မျက်ခုံးလှုပ်လာသည်။

ဌာနချုပ်မှူးလင်းက တင်းမာစွာဖြင့်

“အဲ့ဒီမြေကို ဝယ်ချင်တဲ့ လူရှိလို့ မင်းမေးနေတာလား၊ တခြားနေရာတွေကို ယူချင်ရင် ယူနိုင်ပေမယ့် အဲ့ဒီနေရာကိုတော့ မဖြစ်နိုင်ဘူး”

“မင်း ခွင့်ပြုပေးရင်တောင် ငါ အကောင်းဆုံး ကြိုးစားပြီး တားမယ်”

ဌာနချုပ်မှူးလင်းက စဉ်းစားပြီး ထပ်ပြောလိုက်သည်။

“ငါမေးနေတာ အဲ့ဒါပဲ၊ မင်းဆုံးဖြတ်ချက် ပြောတာပဲ လုပ်ပြီး အချက်အလက် မပြောရင် အကျိုးမရှိဘူး”

ဒါရိုက်တာချုပ် ကျန်းက အားမရသံဖြင့် ပြောလိုက်သည်။

“မန်နေဂျာချုပ် ချန်ရေ၊ ကြည့်ပါဦး”

နျူလီက ဒါရိုက်တာချုပ် ကျန်း၏ မျက်နှာပြောင်းလဲမှုကို လက်ဟန်ဖြင့် အရေးပေါ် အချက်ပြလိုက်သည်။

“ပြဿနာ မရှိပါဘူး”

မန်နေဂျာချုပ် ချန်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

နျူလီက နောက်ဆုတ်သွားပြီး စိတ်ထဲတွင် ဝမ်းသာနေလိုက်သည်။

“တောင်းပန်ပါတယ် သူဌေးယွမ်ရေ၊ မင်းက ပူးပေါင်းမလုပ်ချင်တဲ့သူ ဖြစ်‌ေနတာပဲ၊ ငါတို့ကို အပြစ်မတင်ပါနဲ့”

ယွမ်ကျိုး၏ဆိုင် ဝယ်ယူခံရချိန် အံ့အားသင့်နေမည့် မျက်နှာကို စိတ်ထဲတွင် တွေးကာ နျူလီက စိတ်ထဲတွင် ပြောနေလိုက်သည်။

“တခြားကို မပြောနဲ့ ‌ထောင်ရှီလမ်း နံပါတ် ၁၃ နဲ့ ၁၄ ဆိုင်တွေ ပေးဆောင်တဲ့ အခွန်ပမာဏက မြို့တော်တစ်ခုလုံးရဲထိပ်ဆုံး သုံးခုထဲ ဝင်တယ်၊ ဒါတွေဖျက်ဖို့ ငါတို့ခွင့်ပြုချက်‌ ပေးလို့ ရမယ်ထင်လို့လား”

ဌာနချုပ်မှူးလင်းက အရေးကြီးသော အချက်ကို ထုတ်ပြောလိုက်သည်။

“တကယ်လား”

ဒါရိုက်တာချုပ် ကျန်းက အံ့အားသင့်စွာ မယုံနိုင်သေးပေ။

မြို့တော်ရှိ ဆိုင်များသည် ကုမ္ပဏီများတွင် မပါဝင်သော်လည်း ထိပ်ဆုံး သုံးခု၏ အခွန်ပမာဏမှာ အလွန် ကြီးမားလှသည်။

ထိုအပြင် ဆိုင်နှစ်ဆိုင်သာ ဖြစ်နေခြင်းက ပိုမို အံ့သြစရာ ဖြစ်နေသည်။

“ငါအမှန်ပဲ ပြောနေတာ”

ဌာနချုပ်မှူး လင်းက အတည်ပြု ပြောလိုက်သည်။

“အဲ့ဒီနေရာက စတုရန်းမီတာ တစ်ရာတောင် မရှိဘူး၊ ဘာလုပ်ငန်းလဲ၊ လောင်းကစားလား”

ဒါရိုက်တာချုပ် ကျန်းက စာရွက်များကို ကြည့်ပြီး ခန့်မှန်းပြောလိုက်သည်။

“ဟွန်း၊ မင်းက ယွမ်လေး ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို မသိလို့ပဲ၊ ဆိုင်ဖွင့်ချိန် မနည်းဘူးဆိုရင် အခွန်အများဆုံး ပေးနိုင်ပြီး ထိပ်ဆုံးတစ်နေရာကို လွယ်လွယ်ကူကူ ရယူနိုင်တယ်” ဌာနချုပ်မှူး လင်းက ယွမ်ကျိုး၏ ဆိုင် ဖွင့်ချိန်ကို ပြောရင်း သွားကြိတ်လိုက်သည်။

တစ်ခါတစ်ရံ သူသည် လက်ထောက်ဌာနချုပ်မှူးလီနှင့်အတူ ထိုနေရာသို့ သွားစားလေ့ ရှိသည်။

သို့သော် အချိန်တိုင်း သွားစားနိုင်မည် မဟုတ်ကြောင်းလည်း သူက သိထားလိုက်သည်။

“ အဲ့ဒါလည်း စားသောက်ဆိုင်ပဲလား၊ အရမ်းအရသာရှိတဲ့ အစားအစာတွေ ပေးတဲ့ အမျိုးအစားလား”

ဒါရိုက်တာချုပ် ကျန်းက ခဏတာ တိတ်ဆိတ်စွာ စဉ်းစားပြီး မေးမြန်းလိုက်သည်။

“ဟုတ်တယ်”

ဌာနချုပ်မှူး လင်းက ခေါင်းညိတ်အတည်ပြုလိုက်သည်။

“လစဉ် အခွန် ဘယ်လောက်ပေးနိုင်လဲ ပြောစမ်းပါ၊ အဲ့ဒါနဲ့ပဲငါ ချက်ချင်း ငြင်းလိုက်မယ်”

ဒါရိုက်တာချုပ် ကျန်းက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

ထိုအရာကို မန်နေဂျာချုပ်ချန်နှင့် သူ့လူများက ဖုန်းပြောနေချိန် နားမထောင်သင့်သဖြင့် မကြားလိုက်ကြပေ။

“မင်းသိသလိုပဲ လုပ်ငန်းလည်ပတ်မှု များလာရင်အခွန်လည်း ပိုများလာတယ်”

ဌာနချုပ်မှူး လင်းက သဘောကျသလို ပြောလိုက်သည်။

“ဟစ်စ်… နားလည်ပြီ”

ဒါရိုက်တာချုပ် ကျန်းက ခေါင်းညိတ်လိုက်သည်။

“ပ” အသံထွက်ကာ ဖုန်းချသွားလိုက်သည်နှင့် မန်နေဂျာချုပ် ချန်တို့သည် ယုံကြည်မှုအပြည့်ဖြင့် ကြည့်လာကြလိုက်သည်။

“တောင်းပန်ပါတယ်၊ ဒီမြေကို မင်းတို့ကို မပေးနိုင်ပါဘူး”

ဒါရိုက်တာချုပ် ကျန်းက တိုက်ရိုက် ငြင်းဆိုလိုက်သည်။

“အကြောင်းရင်းကို သိချင်ပါတယ်၊ ကျွန်တော်တို့က ‌ထောင်ရှီလမ်းကို အကျိုးရှိစေမယ့် လုပ်ငန်းတွေ ယူလာနိုင်ပါတယ်”

မန်နေဂျာချုပ် ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီနေရာကို ကြည့်ပါ၊ ဖူချင်လမ်းက မင်းတို့လိုအပ်ချက်နဲ့ ကိုက်ညီပြီး ပိုစည်ကားတယ်” ဒါရိုက်တာချုပ် ကျန်းက စာရွက်တစ်စောင် ထုတ်ပြလိုက်သည်။

“ကျွန်တော်တို့ စီးပွားရေးအစီအစဉ်အရ ‌ထောင်ရှီလမ်းကိုပဲ လိုအပ်ပါတယ်”

မန်နေဂျာချုပ် ချန်က ခေါင်းခါလိုက်သည်။

“တကယ်ကို မပေးနိုင်ပါဘူး၊ငါ့မှာ အာဏာလည်း မရှိဘူး”

ဒါရိုက်တာချုပ် ကျန်းက စာရွက်များကို ပြန်သိမ်းလိုက်သည်။

“အကြောင်းရင်းကို တိတိကျကျ ပြောပေးနိုင်မလား”

မန်နေဂျာချုပ် ချန်က ခဏတိတ်ပြီး မေးလိုက်သည်။

“‌ထောင်ရှီလမ်း နံပါတ် ၁၃ နဲ့ ၁၄ ဆိုင်တွေက လစဉ် အခွန် အရမ်းမြင့်တယ်၊ အရမ်းတန်ဖိုးရှိတဲ့ ဆိုင်တွေ ဖြစ်‌‌ေနတယ်”

ဒါရိုက်တာချုပ်ကျန်းက တိုက်ရိုက် ပြောလိုက်သည်။

“ဒါဆို အကြောင်းရင်းက အဲ့ဒါပဲလား၊ အဲ့ဒီအဆင့်‌ လောက်ကို ကျွန်တော်တို့လည်း လုပ်နိုင်ပါတယ်” မန်နေဂျာချုပ် ချန်က ထိုင်ခုံနောက်ကို အနည်းငယ် မှီကာ ပြောလိုက်သည်။

“သူတို့ လစဉ်ပေးတဲ့ အခွန်က၁၀သန်း ရှိတယ်၊ မင်းတို့ လုပ်နိုင်မလား”

ဒါရိုက်တာချုပ် ကျန်းက တည်ငြိမ်စွာ မေးလိုက်သည်။

အပိုင်း(၄၁၄)

ပြီးပါပြီ။

All Chapters